← Chapters

ဝူဗာလင်နှင့် ‘ကျောက်ပစ်ဧရာမမျောက်ကြီး’

Vol. 5 Ch. 64

ဝူဗာလင်နှင့် ‘ကျောက်ပစ်ဧရာမမျောက်ကြီး’

Vol. 5 Ch. 64

“နတ်ဘုရားတွေက ငါ့ကိုလာနောက်နေတာလား”

“ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?!”

“မဖြစ်နိုင်ဘူး၊ လောင်ချာက ဒီဝံပုလွေကို နည်းနည်းလေးမှတောင် မထိခိုက်ဘူးလား!”

လေယာဉ်ပေါ်ရှိ လူများက ဖြစ်ပျက်ခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရပြီး အံ့ဩမှင်သက်သွားကြသည်။

သူတို့၏ ခံယူချက်အရ လောင်ချာများသည် အကွာအ‌ဝေးတစ်ခုအတွင်း ပြင်းထန်စွာ ထိခိုက်နိုင်စွမ်းရှိသည့် လက်နက်များအဖြစ် မှတ်ယူထားသည်။

လောင်ချာနှင့်ပစ်ခတ်မှုတွင် ရှိနေသော သားရဲများကိုမဆိုနှင့် အသားစားဒိုင်နိုဆော များကိုပင် အသားအပိုင်းအစများအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်။

သို့ပေမယ့် မထင်မှတ်ပဲ၊ လောင်ချာ,က ထိုဝံပုလွေကို မထိခိုက်စေခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ စီချွမ်မြို့၊ "အစည်းအဝေးခန်း" တစ်ခုတွင်။

စီချွမ်မြို့,၏ မြို့သခင်နှင့် တခြားအဆင့်မြင့်အရာရှိများသည် နှင်းတောင်ကြားမှပို့လိုက်သည့်ဗီဒီယိုကို စစ်ဆေးနေကြသည်။

အတွင်းရှိ အရာရှိများအားလုံးသည် ဤဗီဒီယိုကိုကြည့်ပြီး နောက်အခိုက်တန့်တွင် အလွန်တုန်လှုပ်သွားကြသည်။

သူတို့သည် ဘဝ အတက်အကျများစွာကို ဖြတ်သန်းခဲ့ပြီး အလွန်ရင့်ကျင့်သူများ ဖြစ်ကြသော်လည်း၊ ဤအခိုက်အတန့်တွင် သူတို့၏ မျက်လုံးများက အလွန် ပြူးကျယ်သွားကြသည်။

ယခင်က လုချန်းတို့၏ လုပ်ဆောင်ချက်များက ရုတ်ချည်းဖြစ်ပြီး လေယာဉ်ပေါ်ရှိ ကင်မရာများကတောင် ဖမ်းမမိနိုင်သည့်အတွက် အသုံးဝင်သည့် အချက်အလက်များကို မရရှိခဲ့ပေ။

သို့ပေမယ့် ဒီတစ်ကြိမ်တွင်၊ ယိုချင်းယန် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအပြင် ရွာအိုဟူး က ရဟတ်ယာဉ်အား ပစ်ချခဲ့သည့်အဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

ရုပ်ရှင်များတွင်သာ ရှိသည့် မြင်ကွင်းသည် တစ်နေ့တွင် လက်တွေ့ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။

နှင်းဖုံးနေသော တောင်တန်းများတွင် နေထိုင်သည့် ဧရာမဝံပုလွေသည် ဗျကရား‌ အဖြစ်သို့ ပြောင်းလဲနိုင်ရုံသာမက ရိုင်ဖယ်များဖြင့် ပစ်ခတ်ခြင်းကိုလည်း ရှောင်ရှားနိုင်ခဲ့ပြီး၊ လောင်ချာဖြင့် ပစ်ခတ်လိုက်သည်ကိုပင် တာဆီးနိုင်ခဲ့သေးသည်။

ထို့အပြင်၊ ကျောက်တုံးများဖြင့် ပစ်ပေါက်ပြီး ရဟတ်ယာဉ်များကို တိုက်ခိုက်နိုင်သည့် ဧရာမမျောက်ဝံကြီး။

ဤမြင်ကွင်းများသည် လက်ရှိ,ရှိနေသည့်လူတိုင်း၏ ဦးနှောက်ကို ထိခိုက်စေခဲ့သည်မှာ သေချာသည်။

အကယ်၍ သွေးမိုးကြောင့်သာမဟုတ်ပါက၊ အလားတူအခြေအနေများက ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်သည်။

ယခုဗီဒီယိုသည် အထူးပြုပြင်ချက်များသုံးပြီး ပေါင်းစပ်ဖန်တီးထားသည့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တစ်ခုဖြစ်သည် ဟုပင် လူတိုင်းက သံသယရှိခဲ့ကြသည်။

……………

“နောက်ဆုတ်၊ မြန်မြန်ပြန်ဆုတ်ကြ၊ ငါ ဒီနှင်းတောင်ကြားမှာ တစ်မိနစ်တောင် မနေချင်တော့ဘူး!”

နောက်ဆုံးကျန်ရှိသည့် လေယာဉ်ပေါ်တွင် ထိုလူများက အခြေအနေများကို သတင်းပို့ဖို့တောင် မေ့သွားကြပြီး ဒီကနေ အသက်ရှင်လျက် ထွက်ပြေးဖို့သာလျှင် စဉ်းစားခဲ့ကြသည်။

ပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဆိုရင်တောင် သူတို့သည် နှင်းဖုံးနေသော တောင်တန်းများထဲမှ အမြန်ဆုံး ထွက်ခွာချင်နေကြသည်။

“ရှောင်ပိုင်၊ မင်း တော်တယ်၊ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်”

ဤအခိုက်အတန့်တွင်၊ လုချန်း သည် သူ၏ ကောင်းကင်တက်လှမ်းခြင်းစွမ်းရည်ကို အသုံးပြုခဲ့ပြီး အောက်ဘက်မှ မြင်ကွင်းကို မြင်တွေ့ခဲ့ရသည်။

ရှောင်ပိုင်,သည် ကောင်းကင်ထက်မှ လောင်ချာဖြင့်တိုက်ခိုက်ခံရခြင်းကို အမှန်တကယ် တာဆီးနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ လုချန်း အံ့အားသင့်ခဲ့ရပြီး စိတ်သက်သာရာ,ရသွားခဲ့သည်။

“ငါ့ညီမလေး ကြီးပြင်းလာခဲ့ပြီ”

နေရာတိုင်းတွင် နို့တောင်းရန် သူ့နောက်လိုက်ခဲ့သည့် ကလေး,က နောက်ဆုံးတွင် ကြီးပြင်းလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း၊ နောက်ဆုံးကျန်ရှိသည့် ရဟတ်ယာဉ်က နှင်းတောင်ကြားမှ ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်သည်။

လုချန်း ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းတစ်ချက် လက်သွားပြီး သူတို့နောက်သို့ လိုက်ရန် လေထဲသို့ ချက်ချင်း ရောက်သွားခဲ့ပြီး ကျူးကျော်သူ မည်သူ့ကိုမျှ လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။

ထို့နောက် လုချန်း,သည် ပါးစပ်ကိုဖွင့်ကာ သူ့၏ ရေခဲစွမ်းရည်ကို အသုံးပြုလိုက်သည်။

အပြာရောင် အလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ရဟတ်ယာဉ်ကို ဖုံးလွှမ်းသွားခဲ့သည်။ ရဟတ်ယာဉ်သည် မည်သည့်နေရာမှ မည်ကဲ့သို့ တိုက်ခိုက်မှုမျိုး ထွက်ပေါ်လာမည်ကို ကြိုတင်အသိပေးခဲ့ခြင်း မရှိခဲ့ပေ။

လုချန်း,၏ အေးစက်လှသော ရေခဲစွမ်းအားကို ထိမှန်ပြီးနောက် ရဟတ်ယာဉ်တစ်ခုလုံးသည် ချက်ချင်းပင် လှုပ်ရှားမှုမရှိတော့ဘဲ ထိုနေရာမှာပင် အေးခဲသွားခဲ့သည်။

ရဟတ်ယာဉ်၏ပန်ကာများ ရပ်တန့်သွားပြီး အင်ဂျင်က ရုန်းကန်နိုင်ခြင်း မရှိတော့ပေ။

ထို့နောက် ရဟတ်ယာဉ်သည် ရေခဲအလွှာဖြင့် ဖုံးလွှမ်းခံရကာ အောက်ဘက် နှင်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

လုချန်း,၏ တိုက်ခိုက်မှု ရှူထောင့်အားလုံးက ကြိုတင်စီစဉ်ထားခဲ့ပြီး လေယာဉ်ပေါ်ရှိ တိုက်ရိုက်ထုတ်လွင့်သည့် ကင်မရာများသည် အသုံးဝင်သော အချက်အလက်များကို မှတ်တမ်းတင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“အိုး!၊ ငါ့အစ်ကိုက ဘယ်လိုလုပ်ပီး ရုတ်တရက်ပေါ်လာရတာလဲ”

“ဟားဟား! သခင်က အရမ်းတော်တာပဲ!!”

အောက်ဘက်မှာတော့၊ ယိုချင်းယန်,နှင့် ရွှာအိုဟူး တို့နှစ်ယောက်စလုံး သတိမထားမိလိုက်ဘဲ လုချန်း,က ကောင်းကင်ထက်တွင် ရုတ်တရက် ပေါ်လာခဲ့သည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူသည် ရေခဲစွမ်းရည်ကို တိုက်ရိုက်အသုံးပြုခဲ့ပြီး ရဟတ်ယာဉ်အား ရေခဲအဖြစ်သို့ ပြောင်းလဲပေးလိုက်သည်။

ဤအခိုက်အတန့်တွင်၊ ယိုချင်းယန်,သည် သူမ,အစ်ကို၏ ခွန်အားက သူ့ထက် အဆပေါင်းများစွာ အားကောင်းနေကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

“အရင်ဘဝက မမျှော်လင့်ဘဲ သေဆုံးခဲ့တဲ့ နှင်းဝံပုလွေဘုရင်က ဒီဘဝမှာ တောက်ပလာလိမ့်မယ်!”

ယိုချင်းယန်,သည် လေထဲတွင် လွင့်မျောနေသော ငွေဖြူ နှင်းဝံပုလွေကြီးကို ကြည့်ရင်း သူမ,၏ မျက်လုံးထဲတွင် ရွှင်လန်းမှုများဖြင့် ပြည့်နှက်နေသည်။

ယိုချင်းယန်,သည် သူမ၏ ယခင်ခန့်မှန်းချက်များကို ‌နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။

ယိုချင်းယန်,၏ အမြင်တွင်၊ ၎င်းသည် လိပ်ပြာအကျိုးသက်ရောက်မှုများကို ဆက်တိုက်ဖြစ်ပေါ်စေသည့် သူမ၏ပြန်လည်မွေးဖွားလာခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့် ဒီဘဝတွင် သူမ,၏ အစ်ကိုသည် အရင်ဘဝကထက် ပိုမြင့်သည့်အဆင့်ကို ရောက်ရှိသင့်သည်။

“ဝူးး~!”

“ရှောင်ပိုင်...!”

လုချန်း,သည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ဆင်းသက်ကာ ယိုချင်းယန်,၏ နံဘေးသို့ ရောက်ရှိလာပြီး သူမကို ဂရုတစိုက် စစ်ဆေးခဲ့သည်။

ညီမဖြစ်သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာရထားခြင်းမရှိကြောင်း အတည်ပြုပြီးနောက် သက်ပြင်းတစ်ချက်ချကာ သူ့ မျက်နှာပေါ်တွင် နူးညံ့သည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်တွင် သူတို့သည် လူသားများထံမှ အကျပ်အတည်းကို အောင်မြင်စွာ လွတ်မြောက်နိုင်ခဲ့သည်။

ထို့နောက် လုချန်း သည် အသက်ရှင်ကျန်ရစ်သော ကျန်းဟောင်,ကို လူသားမြို့သို့ အောင်မြင်စွာ ပြန်သွားရန်အတွက် ကူညီရန် ပြင်ဆင်ခဲ့သည်။

သို့မှသာ လူသားမျိုးနွယ်၏ နောက်လာမည့် အစီအစဉ်များအကြောင်းကို ပိုမိုသိမြင်နိုင်မည် ဖြစ်သည်။

နှင်းထူထပ်သောတောင်တန်းတွင် ရဟတ်ယာဉ်ခြောက်စီးဆုံးရှုံးပြီးနောက် ဤလူသားများက အလွယ်တကူလက်မလျှော့နိုင်ကြောင်း လုချန်း နားလည်သည်။

လုချန်း,၏ လျှို့ဝှက်ကူညီမှုအောက်တွင် ကျန်းဟောင်,သည် ဒဏ်ရာရရှိသူနှစ်ဦးကို အောင်မြင်စွာကယ်တင်နိုင်ခဲ့ပြီး တောင်ခြေသို့ခေါ်ဆောင်သွားခဲ့သည်။

ထို့နောက်တွင်၊ သူတို့ကို လာခေါ်ရန်အတွက် စီချွမ်မြို့,မှ လေယာဉ်တစ်စီးကို ဆက်သွယ်လိုက်သည်။

……………

“သခင်! ဒီခရီးမှာ ငါမသေလို့ အထက်လူကြီးတွေက ငါ့ကို ဂုဏ်ပြုပြီး ရာထူးတိုးပေးခဲ့တယ်”

ကျန်းဟောင် ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ လုချန်း,ထံ စိတ်ဝိညာဉ် ဆက်သွယ်မှုမှတဆင့် သတင်းအသစ် ပေးပို့ခဲ့သည်။

ဤတစ်ကြိမ် ဒါဂုန် နှင်းတောင်ခရီးက အဆုံးအရှုံးများခဲ့သည်။

စီချွမ်မြို့၏ ထိပ်တန်းခေါင်းဆောင်များတောင် လောလောဆယ်တွင် ဆုံးဖြတ်ချက်မချနိုင်ခဲ့သည့်အတွက် တိကျသော အစီအစဥ် မရှိသေးပေ။

ကျန်းဟောင်,၏ စီရင်ချက်အရ၊ စီချွမ်မြို့၏ လက်ရှိမြို့တော်ဝန်သည် နှင်းတောင်တွင်ဖြစ်ပွားခဲ့သည့်အခြေအနေများကို တော်ဝင်မြို့တော်သို့တင်ပြရန် ဆုံးဖြတ်ခဲ့ပြီး၊ အထက်မှညွှန်ကြားချက်များကို စောင့်ဆိုင်းနေမည် ဖြစ်သည်။

လူသားများက ယိုချင်းယန်,ကို ဝူဗာလင် ဟု နာမည်ပြောင်ပေးထားခြင်းကို ကျန်းဟောင်,မှတဆင့် လုချန်း သိခဲ့ရသည်။

အကြောင်းမှာ ဗီဒီယိုထဲတွင် ယိုချင်းယန် ၏ တစ်ကိုယ်လုံးက ချက်ချင်းဆိုသလို စိန်အဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်သည့် လောင်ချာကျည်ကတောင် သူမ၏ ခန္ဓာကိုယ်ကို မထိခိုက်နိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမကို ဝူဗာလင် အဖြစ်ဖော်ပြရန် အလွန်သင့်လျော်ပါသည်။

မီးမျောက်ဘုရင် ပင်လျှင် ယခုတစ်ကြိမ်တွင် နာမည်ပြောင်ရပြီး ‘ကျောက်ပစ်ဧရာမမျောက်ကြီး’ဟုခေါ်ဆိုနေကြပြီဖြစ်သည်။

ရွှာအိုဟူး သည် ရဟတ်ယာဉ်ကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခဲ့ပြီး လူများစွာကို သေဆုံးစေခဲ့သည်။

သို့သော်၊ လုချန်း,တွင် ဤကဲ့သို့ နာမည်ပြောင်များ မရှိခဲ့ပေ။ 

လုချန်း,သည် သူ့၏ ကိုယ်ပျောက်စွမ်းရည်ကို အသုံးပြုထားသောကြောင့်ဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့သည်။

ထို့အပြင်၊ တိုက်ခိုက်မှုရှုထောင့်တစ်ခုစီက အလွန်ရှုပ်ထွေးပြီး ကင်မရာများက သူ၏ရုပ်သွင်ကို လုံးဝမဖမ်းယူနိုင်ခဲ့ပေ။

All Chapters