“သခင်မလေးက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီမောင်နှမက မရိုးရှင်းဘူး!”
Vol. 5 Ch. 63
“ငါ့စကားကို နားထောင်၊ သူအားလုံးကို မလှုပ်ရှားခိုင်းနဲ့ !”
လုချန်း,သည် ပြင်းထန်သောလေသံဖြင့် ကျန်းဟောင်,အား အလျင်အမြန် အမိန့်ပေးလိုက်သည်။
ဒါကိုကြားပြီး ကျန်းဟောင်,၏ နှလုံးသားက တင်းကြပ်သွားခဲ့သည်။ သူ့နှလုံးသားထဲမှ နာကျင်မှုများကို ပြန်သတိရပြီး သူ အလွန်တုန်လှုပ်သွားသည်။
ကျန်းဟောင်,က အလျှင်အမြန် ပြန်ဆက်သွယ်လိုက်ပြီး “အရင်စောင့်ကြည့်၊ ဘာမှမလှုပ်ရှားနဲ့အုံး !”
“လူတိုင်း၊ ငါ့စကားကို နားထောင်ပါ၊ ဒီနှင်းတောင်ကြီးက အလွန်အန္တာရယ်များတယ်၊ ငါတို့ ညီအစ်ကိုတွေရဲ့ ဘဝတွေကလည်း အသက်တွေပဲ၊ ငါတို့အသက်တွေ ကို အချည်းနှီး မဖြစ်စေနဲ့!”
“ဟုတ်ကဲ့ ဗိုလ်ကြီး!”
အဆိုပါအမိန့်ကို လက်ခံရရှိပြီးနောက် အခြားရဟတ်ယာဉ်လေးစင်းပေါ်ရှိ လူများက သံသယမဝင်ဘဲ လျင်မြန်စွာတုံ့ပြန်ခဲ့ကြပြီး အသင့်အနေအထားတွင် ဆက်လက်ထားရှိခဲ့ကြသည်။
ယခု ရဟတ်ယာဉ် ခြောက်စင်း အနက်မှ နှစ်စင်းသည် အကြောင်းပြချက် ရှင်းရှင်းလင်းလင်းမရှိဘဲ ပျက်ကျခဲ့သည်။
အသက်ရှင်ကျန်ရစ်သူများမှာ ကပ္ပတိန်နှင့် ရှောင်လျူတို့သာဖြစ်သော်လည်း ရှောင်လျူ,ကို ဆက်သွယ်၍မရသေးပေ။
ထိုသည်က တခြားအဖွဲ့သားများကို စိတ်မတည်မငြိမ်ဖြစ်စေခဲ့သည်။
ကျန်းဟောင် ပြောသလိုပင်၊ သူတို့အားလုံးကို အထက်လူကြီးများက နှင်းတောင်ကြားဆီ လွှတ်လိုက်သည့် အမြောက်စာများဖြစ်ပြီး တခြားသူများ၏ အနာဂတ်အတွက် သူတို့ရဲ့ကိုယ်ပိုင်ဘဝကို ဘယ်သူကမှ မလဲလှယ်ချင်ကြပေ။
ရေခဲနှင့် ဆီးနှင်းများဖုံးလွှမ်းနေသော နှင်းတောင်တန်းများကို ကြည့်လိုက်ပြီး အားလုံးက ကြောက်ရွံ့သွားသလို ခံစားလိုက်ရသည်။
သို့သော်၊ ဤအဖွဲ့၀င်များသည် သူတို့၏ ဆက်သွယ်ပြောဆိုမှုများနှင့် ဆက်သွယ်ရေးအကြောင်းအရာအားလုံးကို လုချန်းမှ စောင့်ကြည့်နေကြောင်း မသိရှိခဲ့ကြပေ။
အဓိကအချက်က သူတို့ကို စောင့်ကြည့်နေသည့် ဧရာမနှင်းဝံပုလွေက ဤခရီးအတွက် သူတို့၏ ပစ်မှတ်ဖြစ်သည်ကိုပင်။
“လူတိုင်း နားထောင်၊ ဖမ်းဖို့ အစီအစဉ်ကို ချက်ချင်းစပြီး ဧရာမဝံပုလွေကို အရှင်ဖမ်းယူပါ!"
သို့ပေမယ့် ထိုချိန်တွင် နောက်ထပ်အမိန့်တစ်ခု ထွက်ပေါ်လာသည်။
ဤအမိန့်က ငြင်းခွင့်မရှိသောလေသံ ထွက်ပေါ်နေပြီး အထက်မှ ရာထူးကြီးသူ၏ အမိန့်ဖြစ်သည်မှာ ထင်ရှားသည်။
အမိန့်ကို လက်ခံရရှိပြီးနောက်တွင် ရဟတ်ယာဉ်လေးစင်းပေါ်ရှိ လူများသည် သူတို့၏ ပျံသန်းမှု အမြင့်ပေကို စတင်လျှော့ချရန်မှတပါး အခြားရွေးချယ်စရာမရှိတော့ပေ။
“ဒီကောင်တွေ၊ ငါ့လေယာဉ်ပျက်ကျတုန်းက အပြေရဲ့လား ဆိုတာတောင်မမေးခဲ့ကြဘူး”
“အခု ပစ်မှတ်ကို မြင်တော့ ကိုယ့်အောင်မြင်မှုအတွက် အဝေးကနေ အမိန့်ပေးတတ်တယ်ပေါ့ !”
ကျန်းဟောင်,သည် ယခုအချိန်တွင် အလွန်ဒေါသထွက်နေသည်။ သူက ဟန်ဆောင်တာမဟုတ်ဘဲ နောက်ကွယ်မှလူကို နာကြည်းမှုများနှင့် ပြည့်နှက်နေသည်မှာ အမှန်ပင်ဖြစ်သည်။
သို့ပေမယ့် သူနည်းနည်းကြောက်နေဆဲဖြစ်ပြီး၊ လုချန်း ကို အမြန်ရှင်းပြလိုက်သည်။
“ငါပြောတာ နားထောင်ပါ သခင်၊ ဒါက ငါနဲ့ မဆိုင်ဘူး!”
“အမိန့်ပေးတဲ့သူက ငါ့အထက်က တစ်ယောက်ပဲ၊ သူတို့ရဲ့ ရာထူးက ငါ့ထက် အများကြီး မြင့်တယ် ငါ ဘာမှ လုပ်လို့မရဘူး”
“တိတ်စမ်း!”
လုချန်း က သူ့ရှင်းပြချက်ကို နားထောင်ရန် စိတ်မ၀င်စားပေ။
ရှောင်ပိုင်,၏ တည်နေရာကို အာရုံခံပြီး အမြန်ပြေးသွားခဲ့သည်။
ယခု သူသည် ကောင်းကင်ပေါ်ရှိ ထိုရဟတ်ယာဉ်များကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း သူ့ညီမကတော့ ထိုအရာကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် မသေချာပေ။
“ဒိုင်း! ဒိုင်း!”
ယိုချင်းယန်,သည် သူမ၏ နားထဲတွင် ကျည်ဆန်သံများ ကြားလိုက်ရပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
သူမ၏တည်နေရာကို ရှာဖွေတွေ့ရှိပြီး ထိုလူသားများက သူမဆီသို့ ရောက်ရှိလာခြင်းဖြစ်သည်။
“ဟမ့်၊ ငါကို တွန်းအားပေးလို့ရတဲ့သူလို့ မင်းတို့ တကယ်ထင်နေတာလား”
ယိုချင်းယန် ၏ မျက်လုံးထဲတွင် အေးစက်သည့် အလင်းရောင်တစ်ချက် လင်းလက်သွားပြီး၊ ဗျကရား စွမ်းရည်ကိုအသုံးပြုလိုက်ပြီးနောက် သူမ၏ တစ်ကိုယ်လုံး ချက်ချင်း ရွှေရောင်ပြောင်းသွားသည်။
ထိုအခိုက်အတန့်တွင် သူမသည် ရွှေဖြင့်ပြုလုပ်ထားသော ရုပ်ထုတစ်ခုကဲ့သို့ ဖြစ်နေသည်။
ကြီးမားသောကိုယ်ထည်သည် နှင်းထဲတွင် အလွန်တောက်ပနေပြီး ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
“ပစ်ခတ်ဖို့ အဆင်သင့်ပြင်!”
ရဟတ်ယာဉ် လေးစင်းစလုံးတွင် စနိုက်ပါ ရိုင်ဖယ် ကိုင်ဆောင်ထားသူများ ရှိသည်။
ထိုအချိန်တွင် သူတို့၏ ပျံသန်းမှု အမြင့်ပေ မီတာ နှစ်ရာအောက်သို့ လျှော့ချလိုက်သည်။
အဆုံးတွင်၊ မေ့ဆေးသေနတ်၏ ပတ်ခတ်မှုအကွာအဝေးသည် အလွန်တိုတောင်းသည့်အတွက် ဧရာမဝံပုလွေကို အသက်ရှင်လျက် ဖမ်းဆီးရန်အတွက် သူတို့၏ အမြင့်ပေကို လျှော့ချရုံသာ တတ်နိုင်သည်။
အောက်တွင်ရှိသည့် ယိုချင်းယန် ကို ကြည့်ပြီး အဖွဲ့သားများ အနည်းငယ် ကြောက်လန့်သွားကြသည်။
သို့ပေမယ့် အထက်မှ အမိန့်များ ဆက်တိုက်လာနေသောကြောင့် သူတို့ပြောသည့်အတိုင်း လုပ်ရုံသာတတ်နိုင်ပြီး အခြား ရွေးချယ်စရာ မရှိပေ။
နောက်အခိုက်အတန့်တွင် မေ့ဆေးကျည်ဆန်လေးတောင့်သည် အလွန်လျင်မြန်သောအရှိန်ဖြင့် ယိုချင်းယန်ဆီသို့ ရောက်ရှိလာသည်။
၎င်းက သာမန်သေနတ်တစ်လက်မျှသာဖြစ်ကြောင်း မြင်လိုက်ရသဖြင့် ယိုချင်းယန်,၏ မျက်လုံးထဲတွင် အထင်အမြင်သေးမှုများထွက်ပေါ်လာသည်။
ရွှီယွမ်ဟွမ် ကမ္ဘာမှလူတစ်ယောက်အနေဖြင့် သူမသည် ဤလက်နက်များ၏စွမ်းအားကို နက်ရှိုင်းစွာသိထားသည်။
ဤလက်နက်က သာမာန်လူသားများ သို့မဟုတ် သားရဲများအပေါ် အသုံးပြုရန် အဆင်ပြေသော်လည်း ဗျကရား စွမ်းရည်ကို နိုးထခဲ့သော သူမနှင့် ရင်ဆိုင်ရသောအခါတွင် ၎င်းတို့က သူမ၏ ခံစစ်ကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။
“ဒိုင်း..ဒိုင်း.. ဒိုင်း..ဒိုင်း !”
လေးကြိမ်ဆက်တိုက် ပစ်ခတ်သံများထွက်ပေါ်လာသည်။ စနိုက်ပါရိုင်ဖယ်များဖြင့် ပစ်ခတ်လိုက်သော ကျည်ဆံများအားလုံးသည် ယိုချင်းယန် ၏သားမွေးများကို ထိမှန်ပြီး ပြန်ကန်ထွက်သွားခဲ့သည်။
သူမကိုယ်တိုင်လည်း လုံးဝမထိခိုက်ခဲ့ပေ။
“ဘယ်လိုဖြစ်နိုင်မှာလဲ?! မေ့ဆေးကျည်ဆန်တွေက လုံးဝအသုံးမဝင်ဘူး!”
ထိုမြင်ကွင်းကို မြင်လိုက်ရသော ရဟတ်ယာဉ်ပေါ်မှ လူများက ထိတ်လန့်သွားပြီး သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်သွားကြသည်။
“ဂါးးး~!”
တောထဲတွင် နောက်ထပ် ဟိန်းသံတစ်ခု ထွက်ပေါ်လာသည်။
ရွာအိုဟူး သည် ယိုချင်းယန်,ဆီသို့ လျင်မြန်စွာ ပြေးသွားပြီး ရဟတ်ယာဉ်က သူမကို ထိခိုက်အောင်လုပ်လိုက်သောကြောင့် သူ၏ လက်ထဲက ကြိတ်ဆုံအရွယ် ကျောက်တုံးကြီးကို ဒေါသတကြီး ပစ်တင်လိုက်သည်။
တစ်ချိန်တည်းမှာပင်၊ အဖွဲ့သားများ၏ ထိတ်လန့်သောအကြည့်အောက်တွင် ယိုချင်းယန်,သည် အမှန်တကယ်ပင် ခုန်တက်ခဲ့ပြီး မီတာတစ်ရာကျော် အမြင့်သို့ ရောက်လာခဲ့သည်။
ရဟတ်ယာဉ်မှူးများထဲမှ တစ်ဦးက လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ရဟတ်ယာဉ်ကို အမြင့်ပေအမြင့်သို့ တက်ရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအချိန်တွင် ရဟတ်ယာဉ်အောက်ခြေမှ ကျယ်လောင်သော ဆူညံသံတစ်ခုထွက်ပေါ်လာပြီး မီးပွားများ နေရာအနှံ့သို့ လွင့်စင်သွားခဲ့သည်။
အခန်းတွင်းရှိ အချက်ပေးသံက ချက်ချင်းမြည်လာပြီး ဒက်ရှ်ဘုတ်များ ရုတ်ချည်း ဖရိုဖရဲ ဖြစ်သွားသည်။
ရဟတ်ယာဉ်ပျံတက်ချိန်မှာပင် ယိုချင်းယန် ၏ ရွှေခြေသည်းများကတိုးဝင်လာပြီး လေယာဉ်၏ကိုယ်ထည်ကို တိုက်ရိုက်ထိမှန်သွားကြောင်း တွေ့ရှိခဲ့သည်။
ရဟတ်ယာဉ်အတွင်းရှိ လူနှစ်ဦး ချက်ချင်း သေဆုံးသွားပြီး ရဟတ်ယာဉ်၏ ဆီတိုင်ကီသည်လည်း ပေါက်ပြဲသွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း ရဟတ်ယာဉ်အတွင်း၌ အနက်ရောင်မီးခိုးငွေ့များ ထွက်လာပြီး မီးတောက်များ တောက်လောင်ကာ ပေါက်ကွဲသွားခဲ့သည်။
တောထဲတွင် ဟိန်းသံတစ်ခုထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ နောက်ထပ် ရဟတ်ယာဉ်တစ်စင်းကလည်း ပေါက်ကွဲသွားခဲ့သည်။
“ဆုတ်! မြန်မြန်ပြန်ဆုတ်!”
တခဏလေးအတွင်း လေယာဉ်နှစ်စင်း ပျက်ကျခဲ့သည်။
နောက်ဆုံးကျန်သည့် လေယာဉ်နှစ်စင်းပေါ်မှ လူများ ကြောက်လန့်သွားကြသည်။
ခြောက်စင်းထဲက လေယာဉ်နှစ်စင်းသာ ကျန်တော့ပြီး လူတိုင်းက အမိန့်ကို ဂရုမစိုက်ကြတော့ပေ။
ယခု သူတို့လိုချင်သည်က ဤသေမင်း၏ လက်မှ လွတ်မြောက်ရန်သာသည်။
သူတို့အတွက်၊ ဤနှင်းထူထပ်သောတောင်သည် အိပ်မက်ဆိုးတစ်ခုသာဖြစ်သည်။
သို့သော်လည်း သူတို့ သတိမထားမိသည့် အခိုက်အတန့်တွင် ရေခဲစွမ်းအားသည် ကောင်းကင်ကို ဖြတ်၍ ရဟတ်ယာဉ်ကို ဖုံးလွှမ်းသွားသည်။
နောက်ထပ် လေယာဉ်တစ်စင်း ပျက်ကျသွားပြီး အထဲမှ လူများသည် အချက်ပြရန် အချိန်မရလိုက်ဘဲ ရေခဲရုပ်ထုအဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကြသည်။
တိုက်ခိုက်ခဲ့သူမှာ သဘာဝအတိုင်း၊ အမှောင်ထဲတွင် ပုန်းနေသော လုချန်း ဖြစ်သည်။
တိုက်ခိုက်မှု အောင်မြင်ပြီးနောက် လုချန်း သည် ချက်ချင်းပင် အပြင်သို့ထွက်လာခဲ့သည်။
ယခုအချိန်တွင် နှင်းတောင်ကြား၏ ကောင်းကင်ယံတွင် လေယာဉ်တစ်စင်းသာ ကျန်ရှိတော့သည်။
လေယာဉ်မှုးသည် ရဟတ်ယာဉ်၏ အမြင့်ပေကို အရူးအမူး မြှင့်တင်ပြီး ဘေးဥပဒ်မှ လွတ်ကင်းခဲ့သည်။
ဤအဖြစ်အပျက်ပြီးနောက်၊ သူတို့သည် လုချန်း,တို့အား အရှင်လတ်လတ်ဖမ်းဆီးရန်အတွက် ဂရုမစိုက်တော့ဘဲ၊ အချို့သောလူများက ဒုံးပျံလောင်ချာများကို ပင် တိုက်ရိုက်ထုတ်ယူခဲ့ကြသည်။
ဤလက်နက်သည် တိုက်ခိုက်မှုအကွာအဝေးနှင့် စွမ်းအားကြီးမားပြီး အမြင့် မီတာထောင်ပေါင်းများစွာ အကွာအကွာအဝေးမှ မြေပြင်ကို ထိမှန်နိုင်သည်။
“နတ်ဆိုးကောင်၊ ငါ့တို့ညီကိုတွေရဲ့ အသက်တွေအတွက် ပြန်ပေးစပ်ရမယ်!”
“ဘုန်း!”
ယိုချင်းယန် ကို ချိန်ရွယ်ပြီး လောင်ချာနှင့် ပစ်ခတ်လိုက်သည်။
“ဟမ့်! ရွှေဒိုင်း!”
ပြင်းထန်စွာ ပစ်ခတ်နိုင်သော လက်နက်ဖြစ်သည့် ဒုံးပျံလောင်ချာကိုကြည့်ပြီး ယိုချင်းယန်,၏ မျက်လုံးများ ပိုလေးနက်လာသည်။
နောက်အခိုက်အတန့်တွင်၊ သူမ၏ရှေ့၌ ရွှေရောင်ဒိုင်းတစ်ခု ထွက်ပေါ်လာပြီး ဒိုင်းက လေထဲတွင် လွင့်မျောနေသကဲ့သို့ပင်။
လောင်ချာကျည်က မျက်စိတစ်မှိတ်အတွင်း ရွှေရောင်ဒိုင်းကာကို ထိမှန်သွားသည်။
“ဘုန်း!”
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရွှေဒိုင်းသည်လည်း ကွယ်ပျောက်သွားခဲ့သည်။
သို့ပေမယ့် တိုက်ခိုက်မှုကို အောင်မြင်စွာ တားဆီးနိုင်ခဲ့သည်။
အောက်မှ ယိုချင်းယန် သည် မထိခိုက်ဘဲ အကောင်းတိုင်း ရှိနေဆဲဖြစ်သည်။
“ဝိုး...မိုက်လိုက်တာ၊ ဒါက ဘယ်လိုစွမ်းရည်လဲ?”
“သခင်မလေးက မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီမောင်နှမက မရိုးရှင်းဘူး!”
ယိုချင်းယန်,၏ အနားမှ မီးမျောက်ဝံဘုရင်သည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး အလွန်အံ့အားသင့်သွားခဲ့သည်။