← Chapters

“သူတို့ရည်ရွယ်ချက်က ရိုးရှင်းတယ်၊ ငါ့ကို အသက်ရှင်လျက် ဖမ်းဖို့ပဲ”

Vol. 5 Ch. 62

“သူတို့ရည်ရွယ်ချက်က ရိုးရှင်းတယ်၊ ငါ့ကို အသက်ရှင်လျက် ဖမ်းဖို့ပဲ”

Vol. 5 Ch. 62

“ဘယ်သူလဲ?! ထွက်လာခဲ့!?”

ဤသည်မှာ သူ့၏ ဆဋ္ဌမအာရုံ သို့မဟုတ် စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ လေ့ကျင့်ခြင်းကနေ ဖြစ်ပေါ်လာသည့် စိတ်စွမ်းအားလည်း ဖြစ်နိုင်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့နောက်တွင် တစ်ခုခုရှိနေကြောင်းကို ခံစားသိရှိလိုက်သည်။

ရုတ်တရက် လှည့်ကြည့်ကာ ပစ္စတိုကို ခါးမှ ဆွဲထုတ်ပြီး ရှေ့ကို ချိန်ရွှယ်လိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် သူ့ရှေ့တွင် ရေခဲ၊ နှင်းများနှင့် သစ်တောများကလွဲ၍ ဘာမှ ထူးထူးခြားခြား မရှိပေ။

အေးစက်သော တောင်လေကသာ သူ့ဆီသို့ တိုးဝင်လာသည်။

အရာရှိတစ်ယောက်အနေဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် တောင်များနှင့် သစ်တောများကြားရှိ မြေပြင်ကိုပင် အနီးကပ်ကြည့်ရှုခဲ့သည်။

ဤနေရာ၌ နှင်းများသည် ဒူးအထက်နီးပါးရှိပြီး သူ့နောက်မှ ဖြတ်သွားလျှင် သေချာပေါက် အမှတ်အသားတစ်ခုတော့ ချန်ထားလိမ့်မည် ဖြစ်သည်။

လေတိုက်ပြီး နှင်းကျနေသည်မှလွှဲပြီး ခြေရာများမရှိကြောင်း အတည်ပြုပြီးနောက် သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

သို့သော် သူရင်ဆိုင်နေသည့်အရာက သွေးမိုးခံယူထားသည့် သာမန် နှင်းဝံပုလွေတစ်ကောင်မျှသာ မဟုတ်ကြောင်းကို သူနည်းနည်းလေးမှ မသိရှိခဲ့ပေ။

လုချန်း,က ကောင်းကင်တွင် လျှောက်လှမ်းနိုင်သည့် စွမ်းအားနှင့် ခိုးဝင်တိုက်ခိုက်နိုင်သည့် စွမ်းအားနှစ်ခုကို ပိုင်ဆိုင်ထားသူဟုသာ ထင်ထားခဲ့သည်။

ကိုယ်ဖျောက်ထားသော်လည်း လုချန်းအလွန်သတိထားဆဲဖြစ်သည်။ ထို့ကြောင့် သူသည် ကောင်းကင်ပေါ်တက်လှမ်းခြင်းစွမ်းရည်ကို အသုံးပြုပြီး လေထဲတွင် ပျံဝဲနေခဲ့သည်။

ဤသို့ဖြင့် နှင်းပေါ်တွင် သူ့၏ ခြေရာများ မထင်ကျန်ခဲ့ခြင်းဖြစ်သည်။

“ဟမ့်၊ ရုံးခန်းထဲမှာထိုင်ပြီး လက်ဖက်ရည်သောက်နည်းကိုပဲ သိတဲ့ကောင်တွေက လူ့အသက်တွေကို အလေးအနက်မထားဘူး!”

“ဒီနှင်းဝံပုလွေက မရိုးရှင်းဘူးဆိုတာ သူတို့သိပေမဲ့ မြို့သခင်ကို ဖားယားဖို့လုပ်နေတာ လူတိုင်း သိတယ်၊ ဒီနှင်းဝံပုလွေရဲ့ အရွယ်အစားက ကြီးမားရုံတင်သာမကဘူး ပျံသန်းနိုင်စွမ်းလည်း ရှိတာကို သူတို့သိပေမဲ့ လျစ်လျူရှူထားတယ်”

ထိုအချိန်တွင် လုချန်း ရှေ့မှလူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့ထိတ်လန့်သော အရိပ်အယောင်များ ထွက်ပေါ်လာသည်။

“အား၊ အခု ဒီကမ္ဘာက ဘယ်လိုမျိုးလဲ၊ ဝံပုလွေတွေတောင် ပျံသန်းနိုင်ကြတာလား၊ ငါ့လခွမ်း”

“ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါကို အရှင်လတ်လတ် ဖမ်းဖို့ ငါတို့ကို စေလွှတ်တယ်တဲ့လား၊ ဒါက လူသား လုပ်တဲ့အရာလား”

“ငါတို့ညီအကိုတွေရဲ့အသက်က အရေးမကြီးဘူးလား၊ ငိုးမ#$၊ ငါပြန်လာရင် တခြားလူကို ရာထူးလွှဲပေးဖို့ နည်းလမ်းရှာမယ်၊ ဒီမိုက်မဲတဲ့အလုပ်ကို လုပ်ချင်တဲ့သူ လုပ်နိုင်တယ်!”

ဘယ်သူမှမရှိတာကို အခွင့်ကောင်းယူပြီး သူ့ရင်ထဲမှ ကြာရှည်စွာ မျိုသိပ်ထားခဲ့သော မကျေနပ်ချက်များကို ထုတ်ဖော်ညည်းညူနေသည်။

ဤစစ်ဆင်ရေး၏ဗိုလ်မှူးအနေဖြင့် သူ့ကို ဗိုလ်ကြီး ဖြစ်သော်လည်း၊ သူသည် အမြောက်စာမျှသာဖြစ်သည်။

အထက်အရာရှိများအတွက် သူက ပိုကြီးသည့် အမြောက်စာသာဖြစ်ကြောင်းကို သူကောင်းကောင်းသိသည်။

ဧရာမဝံပုလွေကြီးသည် အမှန်တကယ် ပျံသန်းနိုင်ပြီး ရဟတ်ယာဉ်များကို ဖျက်ဆီးပစ်နိုင်သည်ကို သိသော်လည်း ထိုသားရဲကို သတ်ရန် ခွင့်မပြုဘဲ အသက်ရှင်လျက်သာ ဖမ်းဆီးခိုင်းခဲ့သည်။

ဒါက သူတို့ကို နှင်းတောင်မှာ သေဖို့စေလွှတ်လိုက်တာနဲ့ အတူတူဘဲမဟုတ်လား ။!

အမှောင်ထဲတွင် ပုန်းနေသော လုချန်း သည် သက်လတ်ပိုင်းအရွယ် အမျိုးသား၏ မကျေမနပ် စကားအားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

လုချန်း မျက်ခုံးပင့်လိုက်သည်။ ဒီအချိန်တွင် ကမ္ဘာကြီးကို မြန်မြန်နားလည်ချင်လျှင် နှင်းဖုံးနေသော တောင်များပေါ်တွင်သာ နေ,နေရုံမျှဖြင့် အသုံးမဝင်ဘူးဆိုတာ သူသိသည်။

ထို့ကြောင့် သူသည် လူသားများထံမှ အချက်အလက်များ ပိုမိုရယူရမည်ဖြစ်သည်။

သူ့အလုပ်ရှင်ကိုပြောသည့် ထိုလူ၏ မကျေနပ်ချက်များကိုကြားပြီး လုချန်း,က အနည်းငယ် ပြုံးလိုက်သည်။

နှင်းထူထပ်သောတောင်များထဲသို့ အတင်းဝင်ရောက်ပြီး အသက်အန္တရာယ်ကို စွန့်စားရသူများထဲတွင် ဤလူက သင့်လျော်သည့် ပစ်မှတ်ဖြစ်သည်။

ယခင်ရရှိထားသော စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်သည် တောရိုင်းတိရစ္ဆာန်များသာမက လူသားများနှင့်ပါ စာချုပ်ချုပ်ရန် အသုံးပြုဖြစ်သည်။

နောက်ဆုံးတွင်၊ လူသားများသည်လည်း သက်ရှိသတ္တဝါများဖြစ်ကြသည်၊ ဝိညာဉ်ပါရှိသော အဆင့်မြင့်သတ္တဝါများသာဖြစ်သောကြောင့် သူတို့နှင့် စာချုပ်ချုပ်နိုင်သည်။

“ခွမ်ပျော အဖွဲ့အစည်း ကေား မိသားစုက ကလဲ့စားချေချင်နေတာပဲမလား အဲဒါ သူတို့ကို လုပ်ခွင့်ပေးလိုက်ပါလား၊ အထက်အရာရှိတွေက ဘာဖြစ်လို့ သူတို့ကို ရပ်တန့်ဖို့ ကြိုးစားနေကြတာလဲ”

“သောက်အဓိပ္ပါယ်ကို မရှိဘူး”

ဘေးကင်းပြီဟု ထင်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့အသင်းဖော်တွေကို ရှာဖို့ ကြိုးစားရင်း ဒေါသများ ထွက်နေခဲ့သည်။

သေခြင်း၊ ရှင်းခြင်း အကျပ်အတည်းမှ လွတ်မြောက်ပြီးနောက် သူသည် ကြီးမားသည့် စိတ်ပိုင်းဆိုင်ရာ ဖိအားများအောက်တွင် ရှိနေခဲ့သည်။

ဤသို့ မကျေနပ်ချက်များဖြင့် သူ့ရင်ထဲမှ ဖိအားများကို တွန်းထုတ်နေပုံရသည်။

သို့သော်လည်း၊ နောက်တစက္ကန့်တွင် ဝိညာဉ်စာချုပ်တစ်ခု သူ့စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။

ထိုအရာက လုချန်း အခုလေးတင် အသက်သွင်းလိုက်သည့် ဝိညာဉ်စာချုပ် ဖြစ်သည်။

နိုးထခြင်းစတုတ္ထအဆင့်မှ လုချန်း,၏ အစွမ်းထက်သော ဖိအားနှင့် ရင်ဆိုင်ရသောအခါ ထိုလူသည် လုံးဝခုခံနိုင်ခြင်းမရှိပေ။

နောက်ဆုံးတွင်၊ နှစ်ဘက်အကြား အင်အားကွာဟချက်က ကြီးမားလွန်းသဖြင့် လုချန်း သည် စာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးရန် ဖိအားပေးခဲ့သည်။

“ဘာဖြစ်နေတာလဲ?! ဘာဖြစ်တာလဲ?!”

လူလတ်ပိုင်းအရွယ် အမျိုးသားက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။

သူ့မျက်လုံးများ ပြူးကျယ်သွားပြီး မည်သည့်အရာ ဖြစ်ပျက်နေမှန်းမသိပေ။

နောက်အခိုက်အတန့်တွင် နှင်းဝံပုလွေ၏ ထင်ရှားသောပုံသဏ္ဍာန်က သူ့စိတ်ထဲတွင် တဖြည်းဖြည်းခြင်း ပေါ်လာခဲ့သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဧရာမနှင်းဝံပုလွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် သူ၏ ကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။

အအေးဓာတ်က ကျောရိုးကနေ တက်လာပြီး ဦးခေါင်းထိပ်ကို တည့်တည့်တိုးဝင်သွားသည်။

ထိုအချိန်တွင် သူ့ခြေထောက်များ အားနည်းသွားသလိုခံစားလိုက်ရသည်။ ထိုအရိပ်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိသည်။ ဒီအရိပ်က တောင်ပေါ်မှ သူတို့၏ ပန်းတိုင်ပင်ဖြစ်သည်။

“အခုချိန်ကစပြီး မင်းက ငါ့ရဲ့ကျွန်ပဲ၊ မင်းငါ့အမိန့်ကို မနာခံဝံ့ရင် မင်းကို အတွေးတစ်ချက်နဲ့ ပျောက်ကွယ်သွားအောင် လုပ်လို့ရတယ်”

“ဒါပေမယ့် မင်းရဲ့အလုပ်ကို နာခံမှုရှိရှိလုပ်ရင် မင်းကို အနာဂတ်မှာ ချမ်းသာပေးပြီး အစွမ်းထက်စေရမယ်လို့ ငါကတိပေးတယ်”

လုချန်း ပြောပြီးသည်နှင့် အတွေးတစ်ချက်ဖြင့် ထိုလူ၏ ဝိညာဉ်သည် ရုတ်တရက် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရသည်။

ထောင်ပေါင်းများစွာသော အပ်များက သူ့ဦးနှောက်ကို ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ နာကျင်မှုကို ခံစားရသည်။

သူသည် စစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့သော အရာရှိတစ်ဦးဖြစ်သော်လည်း ထိုသို့သော ဝိညာဉ်နှိပ်စက်ခြင်း၏ နာကျင်မှုကို မခံစားနိုင်ခဲ့ပေ။

အရေးကြီးဆုံးအချက်မှာ စိတ်ဝိညာဉ်စာချုပ်ချုပ်ဆိုပြီးဖြစ်၍ လုချန်း,ကို ခုခံရန် နည်းလမ်းမရှိပေ။

ကံကောင်းထောက်မစွာဖြင့်၊ နာကျင်မှုက တခဏမျှသာဖြစ်သည်။

သို့သော်ငြားလည်း လူလတ်ပိုင်းအရွယ်က ငရဲတံခါးဝကို ရောက်နေသကဲ့သို့ ခံစားရပြီး သူ့မျက်နှာက အလွန်ဖျော့တော့နေသည်။

ဤအခိုက်အတန့်တွင် သူသည် လုချန်း ၏ စွမ်းအားကို လုံးဝနားလည်ခဲ့ပြီး သူ၏အထက်အရာရှိကိုလည်း အလွန်အမင်းမုန်းတီးသွားသည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လုချန်း,ကို မခုခံဝံ့ဘဲ သူ့၏လက်အောက်ခံမှုကို ချက်ချင်းဖော်ပြလိုက်သည်။ 

“သခင် နတ်ဆိုးဘုရင်၊ ငါ ကျန်းဟောင် အခုကစပြီး မင်းရဲ့ကျွန်ပါ”

“တီး...တီး”

“ဗိုလ်ကြီး... အဆင်ပြေရဲ့လား...”

ထိုအချိန်တွင် ကျန်းဟောင် သည် သူ၏အသင်းဖော်များထံမှ ဆက်သွယ်ပြောဆိုသံကို ကြားလိုက်ရသည်။

သို့သော် နှင်းထူထပ်သောတောင်ပေါ်တွင် ဖုန်းလိုင်းက အလွန်ဆိုးရွားပြီး အသံက ပြတ်တောက်သွားသည်။

“သခင် နတ်ဆိုးဘုရင်၊ အခု ဘာလုပ်ရမလဲ”

ကျန်းဟောင် ဒေါသမထွက်ဝံ့ဘဲ လုချန်း ၏ ညွှန်ကြားချက်ကိုသာ တောင်းခံလိုက်သည်။

လုချန်း ကို သူ့စိတ်ဖြင့် တိုက်ရိုက်ဆက်သွယ်နိုင်သည်။

ဤအရာက ထူးဆန်းလွန်းပြီး သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်သည်။

သူ မစွန့်စားဝံ့ပေ၊ သူ၏ နှလုံးသားထဲမှ နာကျင်မှုက ငရဲတံခါးဝမှ အသက်ရှူနေရသကဲ့သို့ ဖြစ်သည်။

“ပုံမှန်အတိုင်း ပြန်ဖြေလိုက်!” 

လုချန်း က အသံနက်ကြီးဖြင့် ပြောလိုက်သည်။

ကျန်းဟောင် ခေါင်းညိတ်လိုက်ပြီး သူ့၏ အရေးပေါ်ဆက်သွယ်ခြင်းစက်ကို ထုတ်လိုက်ပြီး ”ငါ အဆင်ပြေတယ်၊ ဒါပေမဲ့ ရှောင်လျူ ကို မတွေ့သေးဘူး”

ထို့နောက် လုချန်း,သည် ကျန်းဟောင် တွင် ရှိသည့်ပစ္စည်းများကို တောင်းလိုက်သည်။

အရေးပေါ်ဆက်သွယ်သည့်စက်အပြင် သူ့တွင် စမတ်ဖုန်းတစ်လုံးလည်း တွေ့ခဲ့သည်။

“ဟုတ်သားပဲ၊ ဒီကမ္ဘာမှာ ဒရုန်းတွေ ရှိပြီးသားပဲလေ စမတ်ဖုန်းရှိတာက မထူးဆန်းဘူး”

ထို့နောက် လုချန်း,က ကျန်းဟောင်,ကို ဤကမ္ဘာ့၏သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကို ရှင်းပြသည့် ဗီဒီယိုအချို့ကို ပြသရန် ပြောလိုက်သည်။

အရင်ဦးဆုံး၊ လုချန်း သည် ဤကမ္ဘာကြီး မည်မျှအထိ ဖွံ့ဖြိုးတိုးတက်နေသည်ကို နားလည်ရန် လိုအပ်သည်။

ဤဗီဒီယိုကနေ လုချန်း,သည် ဒီကမ္ဘာကြီးကို ရွှီယွမ်ဟွမ်း,ဟု ခေါ်ကြောင်း သိလိုက်ရသည်။

သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုသည် သူ့၏ယခင်ဘဝက အပြာရောင်ဂြိုလ် (ကမ္ဘာမြေ) နှင့် အလွန်ဆင်တူပါသည်။

သူနေသည့် နှင်းတောင်ကို ဒါဂုန် နှင်းတောင်ဟုခေါ်ပြီး ဤလူတွေအားလုံးက အနီးနားရှိ စီချွမ်မြို့,မှ လာကြကြခြင်းဖြစ်သည်။

“သူတို့ရည်ရွယ်ချက်က ရိုးရှင်းတယ်၊ ငါ့ကို အသက်ရှင်လျက် ဖမ်းဖို့ပဲ”

“ဟမ့်၊ မင်းတို့ ငါ့ကို အရှင်လတ်လတ် ဖမ်းချင်ရင်တော့ မင်းတို့မှာ လုပ်နိုင်စွမ်း ရှိမရှိအပေါ်မှာ မူတည်တယ်”

……

“အစ်ကို ဘယ်မှာလဲ..!”

တစ်ဖက်တွင် ယိုချင်းယန် သည် ထိုနေရာတွင် တိတ်တဆိတ် မနေချင်သောကြောင့် သူမ စတင် ဆိုးသွမ်းတော့သည်။

ရဟတ်ယာဉ်ပေါ်တွင် မှန်ပြောင်းဖြင့် စောင့်ကြည့်နေသော အဖွဲ့သားများကလည်း သူမကို သတိပြုမိခဲ့သည်။

ဒါက သူတို့ကို အလွန်စိတ်လှုပ်ရှားစေသည်။

“ဗိုလ်ကြီး၊ ငါတို့ပစ်မှတ်ကိုတွေ့ပြီ!”

“ဒီနှင်းဝံပုလွေက ဆင်ထက် ပိုကြီးတယ်၊ ငါတို့ရဲ့ မေ့ဆေးသေနတ်က အလုပ်ဖြစ်နိုင်တယ်”

ထိုအချိန်တွင်၊ ကျန်းဟောင်,၏ အရေးပေါ်ဆက်သွယ်ခြင်းစက်တွင် အဖွဲ့သားများ၏ စိတ်လှုပ်ရှားနေသည့် အသံများ ထွက်ပေါ်လာသည်။

“ဟမ်၊ ပစ်မှတ်ကို ရှာတွေ့တာလား အဲဒါက ရှောင်ပိုင် ဖြစ်နိုင်လား?”

လုချန်း,သည် ကိုယ်ဖျောက်စွမ်းရည် အသုံးပြုခဲ့ပြီး သူတို့ မမြင်နိုင်တော့သည့်အတွက် သူတို့ ရှာဖွေတွေ့ရှိသော ပစ်မှတ်က ရှောင်ပိုင် ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

All Chapters