“ဟက့်! (မင်းကလိထိုးပြီးရင် ငါ့အလှည့်!)”
Vol. 6 Ch. 79
ထိုအအခိုက်အတန့်တွင် ကျန်းချောင်ဘင်,က သူ့ဦးနှောက်နဲ့ တွေးခေါ်ရန် မလုံလောက်ဟု ခံစားခဲ့ရသည်။
လူသားအမြောက်တပ်ကြောင့် ကြောက်လန့်တကြားဖြစ်ခဲ့ရတဲ့ ဝူဗာလင် ဟာ ဘာကြောင့် ပြန်ရောက်လာသလဲဆိုတာကို သူနားမလည်နိုင်ခဲ့ပေ။
အရေးကြီးဆုံးအချက်မှာ ပြိုင်ဘက်သည် အချိန်တိုလေးအတွင်း မည်ကဲ့သို့ ကြီးထွားလာသနည်း။ သူ၏ ရောင်ဝါသည်လည်း သိသိသာသာ အားကောင်းလာသည်။
သူ့ရှေ့မှ ဝံပုလွေကြီးကို ကြည့်ရင်း ကျန်းချောင်ဘင်,၏ ရင်ထဲတွင် အေးတိအေးစက် ခံစားလိုက်ရပြီး အအေးဓာတ်က သူ့ခေါင်းထဲကို ပြေးဝင်သွားသည်။
ယခင်က ဝူဗာလင် ကပင် သူ့ကို ကြီးစွာသော ဖိအား ပေးနိုင်သည်။
ယခု ဝူဗာလင်,သည် အရွယ်အစား ကြီးထွားလာပြီး ပို၍ပင် အားကောင်းလာသဖြင့် ကျန်းချောင်ဘင်,သည် ယှဉ်တိုက်နိုင်ရန်ပင် လုံးဝ မသေချာတော့ပေ။
“ဘာလဲ...ဒါကဘာလဲ?! ဒါကြီးက လွန်လွန်းအားကြီးတယ်မဟုတ်လား”
အလွန်ကြီးမားသော လုချန်း ကိုတွေ့လိုက်ရသောကြောင့် စုယင်,က မထိန်းနိုင်ဘဲ ကျိန်ဆဲမိလိုက်သည်။
ထိုအချိန်တွင် စုယင်,၏ မျက်နှာသည် အလွန်ဖြူဖျော့နေပြီး ခြေလက်များ အားနည်းကာ မြေပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။
ဝူဗာလင်,သည် ယခင်က ဒေါသတကြီးဖြင့် သူမအား စိုက်ကြည့်ကာ အနောက်ကို တောက်လျှောက်လိုက်နေခဲ့သည်။
ကံကောင်းထောက်မစွာပင် အဖွဲ့ထဲတွင် အားကိုးရသော အကောင်တစ်ကောင် ရှိနေ၍ သူမ လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရလဒ်အနေနဲ့ ထွက်ပြေးသွားခဲ့သော ဝူဗာလင်,က ခွန်အား အလွန်တိုးလာပြီးနောက် ပြန်လည်ရောက်ရှိလာခဲ့သည်။
“သူငါ့ကို ပစ်မှတ်ထားနေတာ ဖြစ်နိုင်လား!”
စုယင်,ထိုအကြောင်းကို ပိုတွေးလေလေ၊ ဖြစ်နိုင်လေလေဟု သူမ ခံစားရသည်။ အဆုံးမှာတော့၊ သူမသိထားတဲ့အတိုင်း ဝံပုလွေများက အများအားဖြင့် အလွန်ရက်စက်သော သတ္တဝါများဖြစ်ကြသည်။
“ငါ သူ့ရဲ့ အစီအစဉ်ကို ဖျက်ဆီးခဲ့လို့ သူငါ့ကို အရမ်းနာကြည်းနေတာဖြစ်ရမယ်”
ဒါကိုတွေးမိတော့ စုယင်,က ထိတ်လန့်သွားပြီး တခြားလူနောက်တွင် ပုန်းချင်သည့် မသိစိတ်ကြောင့် နောက်ကိုဆုတ်မိသွားသည်။
“ဘာဖြစ်တာလဲ၊ ဒီအကောင်ကြီးက ဘယ်ကလာတာလဲ၊ လေထဲကနေ ပေါ်လာသလိုပဲ!”
သယ်ယူပို့ဆောင်ရေးလေယာဉ်၏ပေါက်ကွဲသံနှင့်အတူ အထူးစွမ်းရည်ရှိသော လူများစွာက အသိပြန်ဝင်လာကြသည်။
သို့ပေမယ့် ထိုအခိုက်အတန့်တွင် အားလုံးက အလွန်အံ့အားသင့်သွားကြသည်။
ကြီးမားသော အရွယ်အစားနှင့် ငွေဖြူ ဝံပုလွေကြီးက မည်သည့်နေရာမှ ရုတ်တရက် ထွက်ပေါ်လာသည်ကို လူတိုင်းသတိမထားမိပေ။
“မြန်မြန်! ဒီမှာ ရပ်မနေနဲ့၊ တစ်ခုခုဖြစ်ရင် တိုက်ပွဲဝင်ဖို့ အသင့်ပြင်ထား”
ကောင်းကင်ယံ၌ ရှုံ့မဲ့နေသောမျက်နှာဖြင့် တပ်မှူးတစ်ဦးသည် တိုက်ခိုက်ရေးအမိန့်ကို အမြန်ထုတ်ပြန်လိုက်သည်။
တိုက်လေယာဉ်များအားလုံး ချက်ချင်းပြန်စုစည်းလိုက်ကြသည်။
“ပစ်! အပိုင်းပိုင်းဖြစ်အောင် ဖောက်ခွဲပစ်လိုက်!”
အမိန့်ပေးသည်နှင့် နောက်တစ်စက္ကန့်တွင် ဝေဟင်မှ ဒုံးကျည်များ စတင်ပစ်ခတ်သည်။
လုချန်း,၏ ခန္ဓာကိုယ်သည် အလွန်ကြီးမားသောကြောင့် ဤစစ်လေယာဉ်မှူးများက ချိန်ရွယ်ရန်ပင် မလိုအပ်ပေ။
ယေဘူယျ ဦးတည်ချက်နဲ့ ပစ်လိုက်ရုံပါပဲ။
ချီိလင်တောင်တန်း၏ တိတ်ဆိတ်သောညသည် ဖျပ်ဖျပ်ဖျပ်လင်းလတ်ပြီး ပေါက်ကွဲနေသော အသံများကြောင့် တစ်ဖန် ပြန်အသက်ဝင်လာခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ လူသားများနဲ့ သားရဲကြားမှ တိုက်ပွဲက အရင်ကထက် ပိုကြောက်စရာကောင်းလှသည်။
မရေမတွက်နိုင်သော ဒုံးကျည်များက ဥက္ကာပျံများကဲ့သို့ ကောင်းကင်ကို ဖြတ်သွားကြသည်။
သို့သော် လူတိုင်းကို အံ့အားသင့်စေသည့်အရာမှာ တောင်ကုန်းကဲ့သို့ ကြီးမားသော ဧရာမဝံပုလွေကြီးက အလွန်လျင်မြန်နေခြင်းပင်။
သူ့၏ခန္ဓာကိုယ် ပျော့ပျောင်းမှုက လူတိုင်း စိတ်ကူးထားသည်ထက် ကျော်လွန်သည်။
တစ်ချိန်တည်းမှာပင် ဧရာမဝံပုလွေက ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။
ဤခြေလှမ်းအနည်းငယ်အတွင်းတွင် ဧရာမဝံပုလွေ၏ရုပ်သွင်က တစ္ဆေသရဲကဲ့သို့ လျှင်မြန်စွာ ရွေ့လျားသွားသည်။
လေယာဉ်မှ ပစ်လွှတ်သော ဒုံးကျည်များ အားလုံးကို အမှန်တကယ် ရှောင်တိမ်းနိုင်ခဲ့သည်။
ဤဝေဟင်ဒုံးပစ်လောင်ချာ၏ ပစ်ခတ်မှုနှုန်းမှာ အလွန်လျင်မြန်သော်လည်း လုချန်း ကို ထိမှန်နိုင်ခြင်းမရှိပေ။
“မဟုတ်သေးဘူး၊ ဒီ ဝူဗာလင်,က ဘာလို့ ကွဲပြားတဲ့ တိုက်ပွဲပုံစံ ရှိနေရတာလဲ”
“အရင်က ဒီကောင် လုံးဝ ရှောင်တိမ်းတာမဟုတ်ဘူး၊ သူရဲ့ရွှေရောင် ခန္ဓာကိုယ်နဲ့ပဲ ထိတ်တိုက်ရင်ဆိုင်တာ”
တိုက်ပွဲကိုကြည့်နေသော ကျန်းချောင်ဘင် သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောကြောင့် အလွန်အံ့သြသွားသည်။
သူယခင်က ဝူဗာလင်နှင့် တိုက်ခိုက်စဉ်တွင် ထိုဝံပုလွေကြီးက အလွန်ရဲရင့်ပြီး အခြားသားရဲများကဲ့သို့ မရှောင်တိမ်းသည်ကို သူတွေ့ရှိခဲ့သည်။
တိုက်လေယာဉ်များမှ အမြောက်ပစ်ခတ်မှုကို ရင်ဆိုင်ရသည့်အခါ၌ပင် ၎င်းအား ပိတ်ဆို့ရန် ရွှေဒိုင်းကိုသာ တိုက်ရိုက်အသုံးပြုခဲ့သည်။
သို့သော် ယခုအချိန်တွင် စစ်ပွဲက အရေးတကြီးဖြစ်နေပြီး ကျန်းချောင်ဘင် ကို တွေးတောရန် အချိန်မပေးနိုင်ခဲ့ပေ။
လျှပ်တစ်ပြက်အတွင်း၊ လုချန်း,သည် ဤခြေလှမ်းအနည်းငယ်ဖြင့် လူသားစွမ်းအားရှင်များကို နင်းမိခဲ့ပြီး သူတို့အားလုံး သေဆုံးခဲ့ကြသည်။
လုချန်း,၏ အစွမ်းထက်သော အင်အားကို ရင်ဆိုင်ရသောအခါတွင် ဤလူသားတပ်များက ခုခံရန်ပင် စွမ်းအား မရှိပေ။
အစွမ်းထက်သော စူပါပါဝါရှိသူဟု ဆိုသူများသည် သန်မာသော လုချန်း နှင့် ရင်ဆိုင်ရသောအခါတွင် ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။
ကျန်းချောင်ဘင်,သည် ထိုတိုက်ခိုက်မှုများကို အလျှင်အမြန် ရှောင်တိမ်းခဲ့ရပြီး ပြန်လာသော ဝူဗာလင်,သည် သူထွက်သွားသည့်အချိန်ကထက် သိသိသာသာ အားကောင်းနေသည်ဟု သူခံစားလိုက်ရသည်။
ထိုအားကောင်းသော ရောင်ဝါက သူ့ကို အလွန်ထိတ်လန့်စေခဲ့သည်။
ကျန်းချောင်ဘင် ရှောင်တိမ်းနေစဉ်မှာပင် အခြားသော စွမ်းရည်နိုးထခဲ့သည် လူများ၏ စကားများကို ရုတ်တရက်ကြားလိုက်ရသည်။
“အစ်ကို ကျန်း၊ အို.. သံချပ်ကာဘုရင်၊ မင်းက ငါတို့လူသားမျိုးနွယ်ရဲ့ သူရဲကောင်းပဲ၊ ဒီတစ်ခါ လူတိုင်းရဲ့ဘေးကင်းမှုက မင်းအပေါ်မှာပဲ မူတည်တယ်”
“ဟုတ်တယ်၊ မင်းအရင်က ဝူဗာလင်,ကို အနိုင်ယူနိုင်ခဲ့တယ်၊ ဒါကြောင့် ဒီတစ်ကြိမ် မှာလဲ သူ့ကို အနိုင်ယူနိုင်လိမ့်မယ်၊ ဒီသားရဲကို သင်ခန်းစာတစ်ခု ပေးလိုက်ပါ”
ထိုအချိန်တွင် စုယင်,က မီးလောင်ရာလေပင့်ပြီး၊ “အစ်ကို ကျန်း,ကို ငါယုံတယ်”
“အရင်က မင်း သူ့ကိုတစ်ယောက်ထဲထိန်းထားနိုင်တယ်၊ အခု မင်းမှာ ငါတို့ရဲ့ အကူအညီတွေ ရနေပြီ၊ ဒီ ဝူဗာလင်,က မင်းရဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ ငါ မယုံဘူး!”
မူလက လွတ်မြောက်လိုသော ကျန်းချောင်ဘင်,သည် ပညာများစွာနှင့် စုယင် ထံမှ အဆက်မပြတ် မြှောက်ပင့်ပြောဆိုသံကို ကြားလိုက်ရသည်။
သူ အလွန် စိတ်လှုပ်ရှားသွားပြီး နောက်ဆုတ်ရန် စိတ်ကူးကိုပင် စွန့်လွှတ်လိုက်သည်။
လုချန်း,က အလွန်အစွမ်းထက်သည်ဟု ခံစားမိသော်လည်း ကျန်းချောင်ဘင် သည် တိုက်ခိုက်ရန် ရွေးချယ်ခဲ့ဆဲပင်။
နောက်တစက္ကန့်တွင် ကျန်းချောင်ဘင်,၏ ထိန်းချုပ်မှုအောက်မှာ မရေမတွက်နိုင်သော သတ္တုများက အလွန်ချွန်ထက်သော ဓါးသွားများအဖြစ် ပြောင်းလဲသွားသည်။
ထက်မြက်သော ဓားများက လေထဲသို့ လျင်မြန်စွာ ပျံတက်သွားပြီး မြှားများကဲ့သို့ လုချန်း,ဆီသို့ ဝင်ရောက်သွားသည်။
လုချန်း,သည် ၎င်းကို မြင်ပြီး တိုက်ခိုက်မှုအားလုံးကို အလျှင်အမြန် ရှောင်တိမ်းလိုက်သည်။
သို့သော်လည်း ကျန်းချောင်ဘင်,၏ စွမ်းရည်ကို နားမလည်သော လုချန်း,သည် အဆိုပါ ချွန်ထက်သော ဓါးများက သူ့ဆီသို့အမှန်တကယ် ပြန်ရောက်လာမည်ဟု မမျှော်လင့်ထားပေ။
ကျန်းချောင်ဘင်,သည် ၎င်းကို သူ့စိတ်နဲ့ ထိန်းချုပ်ထားတာကြောင့် ဤချွန်ထက်တဲ့ ဓါးသွားများကို ထိန်းချုပ်နိုင်သည့် ဧရိယာက အလွန်ကြီးမားသည်။
လုချန်း,ရှောင်တိမ်းပြီးနောက် ဤဓါးသွားများက သူ့ဆီသို့ပြန်ရောက်လာခဲ့သည်။
လုချန်း,သည် ဤအခြေအနေကို လုံးဝမမျှော်လင့်ထားပေ၊ ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ချွန်ထက်သော ဓါးအချို့က သူ့ခန္ဓာကိုယ်ကို ထိမှန်သွားသည်။
ထိုအချိန်တွင် လုချန်း,၏ ခန္ဓာကိုယ်ပေါ်တွင် အသင့်အတင့်ရှိသော သွေးအစွန်းအထင်းများစွာ ထွက်ပေါ်လာသည်။
ဤမျှပင်၊ လုချန်း,၏ အလွန်သန်မာသော ခန္ဓာကိုယ်အောက်တွင် ဤပျံသန်းနေသောဓားများက အနည်းငယ်မျှပင် ရှေ့သို့မရွေ့နိုင်ပေ။
“ဟင်?! ဒါက ဘယ်လိုစွမ်းရည်လဲ၊ ဓားကို ပျံသန်းအောင်လုပ်နိုင်တာလား”
လုချန်း,သည် အနည်းငယ် မျက်မှောင်ကြုတ်ပြီး ကျန်းချောင်ဘင် ကို ပို၍ သတိထားလာခဲ့သည်။
“သံချပ်ကာဘုရင်,က မျှော်လင့်ထားထားတဲ့အတိုင်းပဲ၊ သူ တကယ်ကို အစွမ်းထက်လွန်းတယ်!”
“လူသားတွေက ဒီကမ္ဘာမှာ အသန်မာဆုံးဆိုတာ ဒီသားရဲကို မြင်အောင်ပြလိုက်!!”
ကျန်းချောင်ဘင်,သည် ဧရာမ ဝံပုလွေအား အမှန်တကယ် ဒဏ်ရာရရှိစေခဲ့သည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်ရှိ စွမ်းအားရှင်များက သူ့ကို ချီးမွမ်းစပြုလာကာ ကျန်းချောင်ဘင် ပင်လျှင် ယုံကြည်မှုအပြည့်ရှိသွားသည်။
တိုက်ပွဲကြီးတစ်ခုကို တွေ့ကြုံပြီးနောက်၊ သူ၏ သတ္တုအပေါ် ထိန်းချုပ်မှုမှာ အမှန်တကယ်ပင် များစွာ တိုးတက်ကောင်းမွန်လာခဲ့သည်။
သို့ပေမယ့် နောက်တစက္ကန့်တွင် သူ့မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားသည်။
ထိုအခိုက်တွင်၊ ဝံပုလွေကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကင်းသွားသည်ကို ကျန်းချောင်ဘင် မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကင်းသွားခဲ့သည်။
“ဒါကဘာလဲ၊ အင်မော်တယ်စွမ်းရည်လား!!”
“ဒီဝံပုလွေရဲ့ ကုသနိုင်စွမ်းက အရမ်းမြန်လွန်းတယ်!!”
တခြားသူများကလည်း ထိုတိုက်ပွဲကို အာရုံစိုက်နေကြပြီး၊ လုချန်း,၏ ဒဏ်ရာများက လျှန်မြန်စွာပျောက်ကင်းသွားခဲ့သည်ကို မြင်သောကြောင့် မအော်ဘဲ မနေနိုင်တော့ပေ။
ထို့နောက်တွင်၊ သူတို့သည် ကျန်းချောင်ဘင်,အား ချီးမွမ်းကြပြန်သည်။
“သံချပ်ကာဘုရင် ကျန်း၊ မင်း သူ့ကို တစ်ကြိမ် နာကျင်အောင် လုပ်နိုင်ရင် အကြိမ်တစ်ထောင် နာကျင်အောင် လုပ်နိုင်လိမ့်မယ်!!”
“ဒီဝံပုလွေကြီးရဲ့ ပြန်လည်ကုသနိုင်စွမ်းက အဆုံးမရှိဘူးလို့ ငါမထင်ဘူး၊ ဒဏ်ရာရအောင် ဆက်တိုက် လုပ်နိုင်သရွေ့ သူ့ရဲ့ ဒဏ်ရာတွေက ပျောက်ကင်းနိုင်တော့မှာမဟုတ်ဘူး!!”
အားလုံးက ကျန်းချောင်ဘင်,ကို ချီးကျူးကြသော်လည်း အကူအညီတော့ မပေးခဲ့ကြပေ။
အခြေအနေမကောင်းမှန်းသိ၍ ဖြည်းညှင်းစွာ ပြန်ဆုတ်သွားကြသော လူအနည်းစုပင် ရှိသေးသည်။
စုယင်,သည် တိုက်ပွဲအခြေအနေတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို သတိပြုမိသည်။ ရင်ဘတ်ကို အသာအယာပွတ်သပ်ကာ ကြောက်ရွံ့နေသလို ပြုမူလိုက်ပြီး-
“အစ်ကိုကျန်း၊ ဒီနှင်းဝံပုလွေက အရမ်းသန်မာတယ်၊ ငါအရမ်းကြောက်တယ်”
ကျန်းချောင်ဘင် လှည့်ကြည့်လိုက်ပြီး စုယင်,၏ ဖြူဖျော့သောမျက်နှာနှင့် သနားစရာကောင်းသောအမူအရာကိုမြင်လိုက်သောကြောင့် ချက်ချင်းပင် အသံနက်ကြီးဖြင့် ပြောလိုက်သည်။
“ဝေးဝေးမှာနေ၊ အနားကပ်မလာနဲ့၊ ငါဒီအကောင်ကို သင်ခန်းစာပေးလိုက်မယ်!”
ကျန်းချောင်ဘင်,၏လေသံမှာ စိုးရိမ်မှုအပြည့်ရှိသော်လည်း စုယင်,က ဂရုမစိုက်ပေ။
ကျန်းချောင်ဘင်,၏စကားများက သူမလိုချင်သည့်အတိုင်းသာဖြစ်ပြီး စုယင် မဆိုင်းမတွ နောက်ဆုတ်သွားခဲ့သည်။
“အားးဝူးး~!!”
လုချန်း,သည် ခေါင်းကိုမော့ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထိုအသံက တိတ်ဆိတ်သောညတွင် လူအများ၏ စိတ်နှလုံးကို အေးခဲသွားစေသည်။
ဒါက သူပထမဆုံးအကြိမ် ဒဏ်ရာရခြင်းပင်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ဘာမှမဟုတ်သော်လည်း လုချန်း,၏ ဒေါသက လုံး၀ လောင်ကျွမ်းသွားခဲ့သည်။
ဒေါသတကြီးဟိန်းသောက်ပြီးနောက်၊ ဧကရာဇ်ရဲ့ဒိုမိန်းကို တိုက်ရိုက်အသက်သွင်းလိုက်သည်။
ယခုအချိန်တွင် လုချန်း,မှ ထုတ်လွှတ်သော ဒိုမိန်းက အချင်းဝက် ဆယ်ကီလိုမီတာရှိသော ဧရိယာကို တိုက်ရိုက် လွှမ်းခြုံထားသည်။
ဤဒိုမိန်းကြောင့် လူတိုင်းသည် ကြီးမားသော ဖိနှိပ်မှုကို ခံစားခဲ့ရသည်။
မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့၏နှလုံးသားများကို ဖိနှိပ်ထား သကဲ့သို့ပင်။
ထိုအခိုက်အတန့်တွင် ပျံသန်းနေသောဓားများကို ထိန်းချုပ်ရာတွင် ကျန်းချောင်ဘင် ၏အရှိန်သည်ပင် နှေးကွေးသွားခဲ့သည်။
ထိုအချိန်တွင် ကောင်းကင်မှ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားပြန်သည်။ တိုက်လေယာဉ်များသည် မူလက လုချန်း,ကို တိုက်ခိုက်ရန် အခွင့်အရေးအား စောင့်ဆိုင်းနေကြသည်။
သို့သော် ထိုအခိုက်အတန့်တွင် သူတို့သည် အမှောင်ထုထဲမှ ခုန်ဆင်းလာသော လင်းယုန်ငှက်ကြီးတစ်ကောင်ကို ရုတ်တရက် တွေ့ရှိခဲ့သည်။
လင်းယုန်ငှက်၏ ခြေသည်းများ လှုပ်ယမ်းသွားပြီး လေယာဉ်ပျံကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။
တခဏချင်းမှာပင် ကောင်းကင်ထက်၌ ဖရိုဖရဲဖြစ်သွားပြီး ပျံသန်းနေသော လေယာဉ်များက မြေပြင်ကိုအာရုံစိုက်ရန် အချိန်မရှိတော့ပေ။
ကျန်းချောင်ဘင်,သည် ဦးရေပြားယားယံခြင်းကို ခံစားခဲ့ရသော်လည်း ယခုတော့ သူသည် ဖိအားများကို ခံနိုင်ရည်ရှိပြီး လုချန်း,ကို ထပ်မံတိုက်ခိုက်နိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ဓားပျံများကို ရင်ဆိုင်ရချိန်တွင် လုချန်း ရှောင်မတိမ်းခဲ့ပေ။
“ဒင်း ဒင်းဒင်း!”
ဤတစ်ကြိမ်တွင် ကျန်းချောင်ဘင်,၏ ပျံသန်းနေသော ဓားအားလုံးသည် ပစ်မှတ်ကို ထိမှန်သော်လည်း သံကိုရိုက်ခတ်မိသော အသံများသာထွက်ပေါ်လာသည်။
“အမှိုက်၊ အဆင့် ကွာဟချက်ကို ဘယ်လို လွယ်လွယ်နဲ့ ကျော်လွှားနိုင်မှာလဲ”
ကျန်းချောင်ဘင်,၏ ကြောက်လန့်နေသောမျက်နှာထားကို မြင်လိုက်ရသဖြင့် လုချန်း,က ရယ်မောလိုက်သည်။
ဤနေရာသို့မရောက်မိတွင်၊ သူသည် နိုးထခြင်း ဆဋ္ဌမအဆင့်ကို ရောက်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ထောင်ဂဏန်းမျှသာ လိုအပ်တော့သည်။
တစ်ချိန်လုံး ပြေးလွှားနေပေမယ့် လိုအပ်နေသော ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို စုဆောင်းနိုင်ခဲ့သည်။
အင်အားကြီးသော ဤနယ်ပယ်၏ ဖိနှိပ်မှုအောက်တွင်၊ နိုးထခြင်းတတိယအဆင့်ရှိ ကျန်းချောင်ဘင်,က သူ့၏ကြံ့ခိုင်မှုကို မည်ကဲ့သို့ ထိုးဖောက်နိုင်မည်နည်း။
အကြိမ်ပေါင်းများစွာ ထိုးစစ်ဆင်ပြီးနောက် ကျန်းချောင်ဘင်,သည် မောပန်းနွမ်းနယ်နေပြီး ဆက်လက်တိုက်ခိုက်ခြင်းမပြုနိုင်တော့ပေ။
“ဟက့်! (မင်းကလိထိုးပြီးရင် ငါ့အလှည့်!)”
လုချန်း,သည် သွေးဆာနေသော ပါးစပ်ကိုဖွင့်ကာ အေးစက်လှသော ရေခဲစွမ်းအားကို မှုတ်ထုတ်လိုက်ပြီး ကျန်းချောင်ဘင် ဆီသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
ကျန်းချောင်ဘင်,သည် ၎င်းကိုမြင်သောအခါ ထိတ်လန့်သွားပြီး သူ၏ချပ်ဝတ်တန်ဆာကို အသုံးပြု၍ လေထဲသို့ လျင်မြန်စွာ ပျံသန်းစေခဲ့သည်။
သို့သော်၊ သူသည် မြန်နှုန်းစွမ်းရည်ရှိသူ မဟုတ်ပေ၊ သူ၏အမြန်နှုန်းက ယခင် နင်းဖန်,၏ ထက်ဝက်မျှပင် မရှိပေ။
လုချန်း,၏ အေးစက်သော ရေခဲစွမ်းအား သည် အလွန်ကြီးမားသော ဧရိယာကို လွှမ်းခြုံနိုင်ပြီး ၎င်း၏ ဦးတည်ရာကို အလိုအလျောက် ချိန်ညှိနိုင်ကာ မကြာမီတွင် ကျန်းချောင်ဘင်,ကို လွှမ်းခြုံသွားခဲ့သည်။