← Chapters

ခရုဇ်ဒုံးကျည် ဆယ်စင်း၏ ပေါက်ကွဲအား

Vol. 6 Ch. 81

ခရုဇ်ဒုံးကျည် ဆယ်စင်း၏ ပေါက်ကွဲအား

Vol. 6 Ch. 81

အကြီးတန်း တပ်မှူးများက အသံကျယ်ကျယ်ဖြင့် အမိန့်ပေးနေကြသည်။

လုချန်း,သည် ဤအရာအားလုံးကို လုံးဝသတိမထားမိဘဲ တောင်ပေါ်တွင် မီးကျားသစ်အလောင်းကို စားသောက်နေဆဲဖြစ်သည်။

“နိုးထခြင်း တတိယအဆင့်ရဲ့ ကျားသစ်တစ်ကောင်က ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၅,၀၀၀ အပြည့်ပေးနိုင်မယ်လို့ မထင်ထားခဲ့ဘူး!”

“အဲဒါက ဝိညာဉ်သစ်သီး တွေကို စားသုံးပြီး အမှတ်တွေ စုဆောင်းတာထက် ပိုမြန်တယ်!”

ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် ဆင့်ကဲပြောင်းလဲသွားသော ဤ သားရဲများက ဤမျှများပြားသော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များစွာ ပေးစွမ်းနိုင်မည်ဟု သူမထင်ထားခဲ့ပေ။

သို့ပေမယ့် ဤသည်က အဓိပ္ပါယ်ရှိသည်။ ဤရက်စက်ကြမ်းကြုတ်သောသားရဲများသည် နိုးထခြင်း တတိယအဆင့်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်စေရန်အတွက် အဖိုးတန်ဝိညာဉ်ဆေးပင်များနှင့် သစ်သီး အများအပြားကို စားသုံးရမည်ဖြစ်သည်။

နိုးထခြင်း တတိယအဆင့်ရှိ သားရဲများ ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များစွာကို စုဆောင်းထားသည်။ ထို့ကြောင့် ထိုသားရဲ၏ အသားကိုစားသုံးခြင်းဖြင့် ပိုများသော ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို ပေးစွမ်းနိုင်ကြောင်း နားလည်နိုင်သည်။

သူ့ဘေးနားက လင်းယုန်ငှက်သည်လည်း စားသောက်နေပေမယ့် သူ့အစာစားချင်စိတ်က လုချန်း,ထက် အလွန်နည်းပါးသည်။

အစာစားပြီးသောအခါတွငါ လင်းယုန်ငယ်သည် ကောင်းကင်သို့ပျံတက်ကာ ကင်းလှည့်ခြင်းနှင့် ကင်းထောက်ခြင်းတာဝန်ကို ယူသည်။

စားသောက်ပြီးနောက် လုချန်း,သည် သူ၏အကြောများကို ဆန့်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူဒီမှာ အကြာကြီးနေရန် အစီအစဉ်မရှိပေ။

နောက်ဆုံးတွင်၊ သူသည် သူ့ညီမကိုရှာရန် စီချွမ် မှ ချီလင် တောင်တန်းသို့ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ခဲ့သည်။

ဦးတည်ရာကို အကျဉ်းချုံးဆုံးဖြတ်ပြီးနောက် လုချန်း,သည် ချီလင် တောင်၏ အနက်ရှိုင်းဆုံးနေရာကို ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

ကျန်းဟောင် ပေးပို့သောအချက်အလက်များအရ၊ သူ့ညီမသည် ချီလင် တောင်၏ အနက်ရှိုင်းဆုံးနေရာကိုထွက်ပြေးသွားခြင်းဖြစ်နိုင်သည်။

“အမှတ်အသားက ငါ့ညီမရဲ့တည်နေရာကို မသတ်မှတ်နိုင်သေးပေမယ့် နောက်ဆုံးတော့ သူ့အသက်အန္တရာယ်မရှိဘူးဆိုငါသိရပြီ”

သို့သော် ဤအခိုက်အတန့်တွင်၊ လုချန်း ၏ အဆင့်မြှင့်တင်ထားသော ပင်ကိုယ်စွမ်းရည်သည် သူ့အား အထူးအန္တရာယ်တစ်ခု ခံစားစေခဲ့သည်။

ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်က သူ့နှလုံးသားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသကဲ့သို့တုန်လှုပ်မှုကို လုချန်း ခံစားလိုက်ရသည်။

ငွေဖြူ ဝံပုလွေ အမွှေးအမျှင်များက ချက်ချင်းပင် ထောင်မတ်သွားသည်။

နားမလည်နိုင်သော ဤမီးခိုးမြူများက လုချန်း,၏နှလုံးသားကို ဖုံးလွှမ်းသွားသည်။

မဆိုင်းမတွဘဲ၊ လုချန်း,သည် မတိုးပေါက်နိုင်ခြင်း စွမ်းရည်ကို တိုက်ရိုက်အသက်သွင်းလိုက်ပြီး သူ၏ခုခံအားကို အမြင့်ဆုံးမြှင့်တင်လိုက်သည်။

“ဝုန်း၊ ဘုန်းး!”

နောက်တစ်စက္ကန့်တွင် လေထုပေါက်ကွဲသံများကြားလိုက်ရသည်။

ခဏလေးအတွင်းမှာပင် ဒုံးကျည် ၁၀ စင်းက ညကောင်းကင်ယံကို ဖြတ်ပြီး လုချန်း ရှိရာနေရာသို့ ဝင်ရောက်လာသည်။

လေထုပေါက်ကွဲသံနှင့်အတူ လုချန်း ယခင်က မီးကျားသစ်၏ အသားအား စားခဲ့သောနေရာကို အတိအကျ ထိမှန်သွားသည်။

တောက်ပသော ဥက္ကာပျံများကဲ့သို့ ကမ္ဘာမြေကြီးကို ထိမှန်သည့် ဒုံးကျည် ၁၀ စင်း ချက်ခြင်းပင် ပေါက်ကွဲသွားသည်။

ချက်ချင်းပင် မြေငလျင်လှုပ်သကဲ့သို့ သစ်တောတစ်ခုလုံး တုန်ခါလာသည်။

တိတ်ဆိတ်သောညကို မီးတောက်များက ကောင်းကင်သို့တိုင် ထွန်းလင်းတောက်ပ‌စေခဲ့သည်။

ဒုံးကျည်မှ ထုတ်လွှတ်သော အားကောင်းသည့် လှိုင်းလုံးကြီးက ပြင်းထန်သောအရှိန်ဖြင့် နေရာအရပ်ရပ်သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

တောင်များနှင့် သစ်တောများအတွင်း မရေမတွက်နိုင်သော သစ်ပင်များ တခဏချင်း ပြိုကျပျက်ဆီးသွားသည်။

အားကောင်းသော အဖျက်စွမ်းအားသည် ထိုပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုပုံရသည်။

ကျယ်လောင်သော ပေါက်ကွဲသံသည် တောင်များနှင့် သစ်တောများအတွင်း ဆက်လက် ပဲ့တင်ထပ်နေပြီး ချီလင် တောင်တန်းအပြင်ဘက်ရှိ သတ္တဝါများပင်လျှင် ကြီးမားသော ဖိနှိပ်မှုကို ခံစားခဲ့ရသည်။

ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အခင်းဖြစ်ပွားရာ နေရာသို့ မီးခိုးများက ဆက်လက် ဖုံးလွှမ်းသွားခဲ့သည်။

လုချန်း,၏ မူလရှိနေခဲ့‌သောနေရာကို မီးခိုးများက လွှမ်းခြုံနေပြီး မီးတောက်များက တဟုန်းဟုန်းတောက်လောင် နေသည်။

မြေပြင်တွင် လျှိုများနှင့် ပြည့်နေပြီး ထိုဒုံးကျည်များကြောင့် တောင်ကုန်းများ ပြိုကျတော့မယ့်ပုံပေါ်သည်။

အမြင့်တွင် ပျံသန်းနေသော လင်းယုန်ငှက်ပင်လျှင် လှိုင်းလုံးကြီးဖြင့် လွင့်ထွက်သွားသည်။

ထိုအချိန်တွင်၊ ချီလင် တောင်တန်း၏ အစွန်အဖျားတစ်နေရာတွင် လူအများအပြားသည် ဗုံးကြဲခံခဲ့ရသည့်နေရာကို စောင့်ကြည့်ရန် နည်းပညာမြင့်မြင့်လီစကုပ်များကို အသုံးပြုနေကြသည်။

“ဟားဟား၊ ကောင်းတယ်၊ ပစ်မှတ်ကိုထိသွားတယ်!”

“အဲဒီလို ပေါက်ကွဲမှုအောက်မှာ၊ ဝူဗာလင် သေကို‌သေရလိမ့်မယ်”

“အဲ့ဒီ မျိုးပြောင်းသားရဲက ခရုဇ်ဒုံးကျည်အောက်ကနေ ဘယ်လိုလွတ်မြောက်နိုင်မှာလဲ၊ အခုဆို အပိုင်းပိုင်းဖြစ်သွားပြီလို့ ငါထင်တယ်!”

တောတောင်ထဲတွင် ပြည့်နှက်နေသော မီးခိုးများကို ကြည့်ရင်း အားလုံးက ရင်ခုန်နေကြသည်။

စစ်စခန်းအတွင်း၌ နေရာတိုင်းတွင် ရွှင်မြူးမှုများဖြင့် ပြည့်နှက်နေသည်။

ငွေဖြူ ဝံပုလွေကြီးသည် ယခုပင် သူတို့ကို ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကို ပေးခဲ့သည်။

ဒုံးကျည်များသည် ပစ်မှတ် ဧရိယာအား တိကျစွာ ကျရောက်သွားသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းက ပျော်ရွှင်မှုကို ထိန်းမနိုင်တော့ပေ။

သူတို့ထင်မြင်ယူဆချက်အရ ဝူဗာလင် သည် မည်မျှပင် အားကောင်းနေပါစေ ခရုဇ်ဒုံးကျည်များ၏ ပြင်းထန်သောပေါက်ကွဲမှုကို ဘယ်သောအခါမှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

“တောထဲကို အဖွဲ့ငယ်လေးတစ်ဖွဲ့ စေလွှတ်ပြီး၊ နေရာတိုင်းမှာ စေ့စေ့စပ်စပ် ရှာဖွေကြပါ”

“မီးခိုးတွေ ရှင်းသွားတဲ့အထိ စောင့်ပြီးမှ စစ်မြေပြင်ကို သွားပါ၊ မီးမပြန့်ပွားအောင် သတိထား”

“ချီလင် တောင်တန်းမှာ ဒီမီးကို ငါတို့မငြိမ်းသတ်နိုင်ဘူး၊ မီးငြိမ်းသတ်ဖို့ မီးသတ်ဌာနကို ဆက်သွယ်ပါ”

အမိန့်ထုတ်ပြန်လိုက်သည်နှင့်တပြိုင်နက် တိုက်လေယာဉ်အများအပြားသည် အခင်းဖြစ်ပွားရာနေရာမှ ဝူဗာလင်,ကို ရှာဖွေရန်အတွက် ချီလင် တောင်တန်းဆီသို့ အပြေးအလွှားသွားရန် ပြင်ဆင်နေကြပြီး တိုက်လေယာဉ်အများအပြား ထပ်မံထွက်ခွာရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်းက အပိုင်းပိုင်းဖြစ်သွားမည်ဟု ထင်ရသည့် ဧရာမဝံပုလွေကြီးသည် ယခုအခါ ပေါက်ကွဲမှု၏ မီတာသုံးထောင်အကွာတွင် ပြန်ပေါ်လာသည်။

လုချန်း,သည် အနည်းငယ် ကြောက်ရွံ့သွားပြီး ဒုံးကျည် ထိမှန်သည့်နေရာကို ကြည့်လိုက်သည်။

ဒုံးကျည် နီးကပ်လာသည်နှင့်တပြိုင်နက် လုချန်း သည် လွန်းပျံစွမ်းရည်ကို ချက်ချင်းအသုံးပြုလိုက်ပြီး မီတာသုံးထောင်အကွာအဝေးရှိ နေရာတစ်ခုကို ရောက်ရှိနိုင်ခဲ့သည်။

အဖျက်အဆီးအခံရဆုံးသော ပေါက်ကွဲမှု၏ဗဟိုချက်ကို အောင်မြင်စွာ ရှောင်ရှားနိုင်ခဲ့သည်။

လုချန်း,၏ လက်ရှိအင်အားသည် အလွန်အားကောင်းနေပြီဖြစ်သည်။

ခုခံမှု အမျိုးမျိုးကို အမြင့်ဆုံးထိ အသုံးပြုပါက၊ ထိုတိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည်ဖြစ်သည်။

သို့ပေမယ့် မည်သူက အကြောင်းပြချက်မရှိဘဲ ဒဏ်ရာရချင်မည်နည်း။

ထို့အပြင်၊ လုချန်း,သည် လူသားလက်နက်များတွင် ထိုဒုံးကျည်များရှိသည်ကို ကောင်းစွာသိသည်။

ဆက်တိုက် ဗုံးကျဲမှုတွေ ရှိလာနိုင်ပြီး လုချန်း,က သန်မာသည်ဆိုလျှင်တောင် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

“အဆင်ပြေရဲ့လား သခင်၊ အဆင်ပြေလား”

ထိုအချိန်တွင် ကျိုးအိင်,သည် စိတ်ဝိညာဉ် မက်ဆေ့ခ်ျကို အလျင်အမြန် ပေးပို့ခဲ့သည်။ သူ့အသံက အနည်းငယ် အားနည်းနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ပေါက်ကွဲမှုတွင် မသေဆုံးခဲ့ပေ။

ကျိုးအိင်,သည် ယခုအချိန်တွင် နိုးထခြင်း စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချီလင် တောင်တန်းတွင် သန်မာသော သားရဲအဖြစ် သတ်မှတ်ခံထားရသည်။

သို့သော် အမြင့် မီတာ ၂၀၀ အကွာတွင်ရှိနေခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လှိုင်းလုံးများက အကွာအဝေး အလွန်ရှည်လျားပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော အပိုင်းအစများစွာသည် လင်းယုန်ငှက်၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။

ဒုံးကျည်ဆယ်စင်းကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်သောအခါတွင် အလွန်ပြင်းထန်မည်မှာ ထင်ရှားသည်။

သိပ်ကြာခင်တွင် ကျိုးအိင်,သည် ဒဏ်ရာရနေသော သူ့၏ခန္ဓာကိုယ်ကို ဆွဲထုတ်ပြီး လက်ကျန်စွမ်းအင်ကို အားကိုးကာ လုချန်း အနားကို ရောက်လာခဲ့သည်။

လုချန်း,သည် ကျိုးအိင်,၏ ဒဏ်ရာများက ယခုအချိန်တွင် အလွန်ပြင်းထန်ကြောင်း သတိပြုမိသည်။

ပေါက်ကွဲမှုမဖြစ်မီတွင်၊ ကျိုးအိင်,သည် လုချန်းအား တိုက်ရိုက်သတင်းပေးပို့ခဲ့ပြီးနောက် လှိုင်းလုံးကြီးများက သူ့ကို ဖုံးလွှမ်းသွားခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြမ်းတမ်းသော အနက်ရောင် ငှက်မွေး အများအပြား ကျွတ်သွားခဲ့ပြီး ဒဏ်ရာများမှ သွေးများ အဆက်မပြတ် စီးကျနေသည်။

လုချန်း,သည် ကျိုးအိင်,၏ ခန္ဓာကိုယ်တွင် စိုက်နေသော အပိုင်းအစများကို ဖယ်ရှားရန် ရိုးရှင်းစွာ ကူညီပေးခဲ့သည်။ ထို့နောက် သူ့အပေါ်ကို ကုသခြင်း စွမ်းရည်အား အသုံးပြုပေးခဲ့သည်။

ယခင်က ကျိုးအိင်,နှင့် တိုက်ခိုက်ခဲ့ပေမဲ့ ယခုတော့ ကျိုးအိင်,က သူ့ညီလေးဖြစ်သည်။

လုချန်း,၏ ခြေများအောက်တွင် နွေးထွေးသော စွမ်းအားများ ထွက်ပေါ်လာပြီး လင်းယုန်ငှက်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပျောက်ကင်းသွားသည်။

သိပ်မကြာခင်တွင် ကျိုးအိင်,သည် သူ့၏ တက်ကြွတဲ့အသွင်အပြင်ကို ပြန်လည်ရရှိလာခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် လုချန်း,ကို ယခင်က ကြောက်ရွံ့ခြင်းနေမှ ယခုအခါ လေးစားမှုအဖြစ်ပြောင်းလဲသွားသည်။

…………….

“ဘာဖြစ်တာလဲ အလောင်းက ဘယ်မှာလဲ”

“အဲ့ဒီ ဝူဗာလင်,က ဆယ်မီတာထက် ပိုမြင့်တယ်၊ ဒုံးကျည်ကြောင့် ပေါက်ကွဲသွားရင်တောင် ခန္ဓာကိုယ် အစိတ်အပိုင်းတချို့ ကျန်နေသင့်တယ်၊ လုံးဝ အငွေ့ပျံသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး”

“မှန်တယ်၊ ငါတို့က နျူကလီးယားဗုံးကို မသုံးထားဘူး၊ ဒီလောက်ကြီးမားတဲ့ သားရဲတစ်ကောင်က တိုက်ရိုက် အငွေ့ပျံသွားတာ ထူးဆန်းတယ်”

“နောက်ထပ် သဲလွန်စတွေ ရှိမရှိ ရှာကြည့်ရအောင်၊ ဒီဝံပုလွေကြီးက ဒုံးကျည်နဲ့ ထိမှန်သွား‌တာကြောင့် အသက်ရှင်ကျန်ရစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

စစ်တပ်မှ စေလွှတ်ထားသော ရှာဖွေရေးအဖွဲ့များသည် အဆိုပါနေရာသို့ မရောက်ရှိမီ မီးခိုးများ ရှင်းသွားအောင် စောင့်ဆိုင်းခဲ့ကြသည်။

သို့ပေမယ့် မြင်ကွင်းက သူတို့ကို ပဟေဋိဖြစ်စေခဲ့သည်။ အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဝူဗာလင်,၏အလောင်းကို ရှာမတွေ့ခဲ့ပေ။

ကူကယ်ရာမဲ့စွာဖြင့်၊ ရှာဖွေရေးအဖွဲ့များစွာသည် အနီးတဝိုက်တွင် ဂရုတစိုက် ဆက်လက်ရှာဖွေနေရုံသာ တတ်နိုင်သည်။

လုချန်း,သည် အနီးအနားတွင် လူသားများ ရှိနေသည်ကို ခံစားသိရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူဆက်လက် တိုက်ခိုက်ပြီး သူ့ကိုယ်သူ ဖော်ထုတ်ရန် မရွေးချယ်ခဲ့ပေ။

ယင်းအစား လုချန်း,သည် တောထဲသို့ ပြန်ဝင်ကာ ရှောင်ပိုင်,၏ သဲလွန်စကို ဆက်လက်ရှာဖွေခဲ့သည်။

လူသားစစ်တပ်၏ အင်အားက ယခုအချိန်တွင် အလွန်အားကောင်းဆဲဖြစ်သည်။ ရန်နိုင်ငံစစ်တပ်နှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းက သူ့အတွက် အကျိုးမရှိပေ။

ဤအခိုက်အတန့်တွင်၊ ချီလင်တောင်တန်း၏ အရှေ့ဘက်ရှိ သစ်တောထဲတွင်၊ လုချန်း ထက် အနည်းငယ်သေးငယ်သော ငွေဝံပုလွေတစ်ကောင်သည် လျင်မြန်စွာ ပြေးလွှားနေသည်။

ဤသည်မှာ လူသားတို့ ရှာဖွေနေသည့် ဝူဗာလင် ဖြစ်သည်။

မိုးကြိုးယွမ် သစ်သီးကို စုယင်,က ခိုးယူသွားပြီး လူသားများ သူ့ကို နှိမ်နှင်းရန် တပ်ဖွဲ့ဝင်များနှင့် စွမ်းရည်နိုးထခဲ့သောလူများကို စေလွှတ်ပြီးကတည်းက ယိုချင်းယန်,သည် စစ်မြေပြင်မှ အမြန်ထွက်ပြေးနေခြင်းဖြစ်သည်။

ယခု အဆက်မပြတ် ပြေးလွှားပြီးနောက်၊ ယိုချင်းယန်,သည် စစ်မြေပြင်မှ မိုင်ရာနှင့်ချီအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူ့အစ်ကိုက ချီလင် တောင်တန်းဆီသို့ လိုက်လာခဲ့ပြီး ထိုနေရာတွင် လူများစွာကို သတ်ဖြတ်နေမှန်း သူမ မသိခဲ့ပေ။

မိုးကြိုးယွမ် သစ်သီး မရှိတော့သောကြောင့် ချီလင် တောင်တန်းသည် ယိုချင်းယန်,ကို ဆွဲဆောင်ရန် မည်သည့်အရာမှ ရှိမနေတော့ပေ။

သူမ၏ နောက်ထပ် ဦးတည်ရာက ကျန်းနန် ခရိုင် ဖြစ်သည်။

အကြောင်းပြချက်ကတော့ ရှင်းပါတယ် ထိုသည်က လက်စားချေရန်အတွက်ဖြစ်သည်။

ယိုချင်းယန် အချိန်အတော်ကြာစောင့်ခဲ့ရသော မိုးကြိုးယွမ် သစ်သီးက လုယက်ခံရပြီး သူမ ထိုသစ်သီးကို မစားသုံးနိုင်ခဲ့ပေ။

ထို့အပြင်၊ မဝေးလှသောအနာဂတ်တွင်၊ ကျန်းနန် ခရိုင်အနီးတွင်သိမ်းပိုက်ရန်အခွင့်အလမ်းများစွာရှိလာမည်ဖြစ်သည်၊ ထို့ကြောင့် ထိုနေရာသို့သွားရန်အချိန်ကောင်းဖြစ်သည်။

“စုယင်! နင့်ရဲ့ခန္ဓာကိုယ်မှာ ငါချန်ထားခဲ့တဲ့ အမှတ်အသားတစ်ခုရှိတယ်၊ အကွာအဝေးတစ်ခုအတွင်းမှာရှိနေသရွေ့ နင့်ကိုငါသိနိုင်တယ်!”

“စိတ်မပူပါနဲ့၊ နင်ငါ့ဆီက လုယက်သွားတဲ့ အသီးရဲ့ဈေးနဲ့တန်အောင် နင်ပြန်ပေးဆပ်ရမယ်!”

ယိုချင်းယန်,သည် ဒေါသများဖြင့် ပြည့်နှက်နေသော ရေခဲပြာမျက်လုံးများဖြင့် ရှေ့ကို ကြည့်လိုက်သည်။

သူမသည် စီချွမ် မှ ချီလင် တောင်တန်းဆီသို့ တလျှောက်လုံး ခရီးနှင်ခဲ့ရပြီး မိုးကြိုးယွမ်သစ်သီးကို စားသုံးကာ မိုးကြိုး စွမ်းရည်ကို နိုးထလာစေရန် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့သည်။

သို့ပေမယ့် သူမ မည်မျှပင်သတိထားနေပါစေ ပဆုံးတွင် ကိုယ်ပျောက်နိုင်သော စုယင်,၏ လုယက်ခြင်းကို ခံလိုက်ရဆဲပင်။

………….……

ချီလင် တောင်တန်းအပြင်ဘက်ရှိ စစ်စခန်းတစ်ခုတွင်။

ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုပြီးကတည်းက ချီလင် တောင်တန်းမှ သန်မာသော ဝူဗာလင်,ကို စစ်တပ်က လုံးဝသတ်ပစ်လိုက်ကြောင်း လူထုကို တိုက်ရိုက်ကြေညာခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် စစ်တပ်နယ်မြေအတွင်းရှိ အကြီးတန်းအရာရှိများက မျက်မှောင်ကြုတ်သွားကြသည်။

“မင်းငါ့ကိုလာနောက်နေတာလား၊ ဒီလိုဝံပုလွေကြီးတစ်ကောင်က၊ သူ့ခန္ဓာကိုယ်အပိုင်းအစတောင် မကျန်ခဲ့ဘူးလား!”

“ငါတို့က ခရုဇ်ဒုံးကျည်အနည်းငယ်ကိုပဲ ပစ်လွှတ်လိုက်တာ၊ အပိုင်းပိုင်း ဖြစ်သွားရင်တောင် အနည်းဆုံးတော့ သဲလွန်စတချို့ ကျန်နေသင့်တယ် မဟုတ်လား”

စစ်ဆေးရေး အဖွဲ့မှ ပြန်လည်ပေးပို့သည့် သတင်းကို ကြားသိရပြီးနောက် စစ်တပ် ထိပ်ပိုင်း အရာရှိများ အားလုံး ထိတ်လန့်သွားကြသည်။

ဝူဗာလင်,သည် ရေဖြင့်ပြုလုပ်ထားခြင်းမဟုတ်သောကြောင့် သဲလွန်စမရှိဘဲ ရုတ်တရက် ပျောက်ကွယ်သွားအောင် မည်သို့လုပ်ဆောင်နိုင်မည်နည်း။

“မပေါက်ကွဲခင်မှာ ဝူဗာလင် လွတ်မြောက်သွားတာ ဖြစ်နိုင်တယ်လို့ မင်းထင်လား”

“မဟုတ်ရင် ဒုံးကျည်ဆယ်စင်းက သူ့ကိုသဲလွန်စမကျန်ဘဲ ဘယ်လိုလုပ်ဆောင်နိုင်မှာလဲ”

“ဒါ...မဖြစ်နိုင်ဘူး...”

“ငါတို့ကို အင်တာဗျူးလုပ်နေတဲ့ သတင်းထောက်ကို သွားရပ်ရအောင်”

စစ်ဘက် ထိပ်တန်း အရာရှိများ၏ တုံ့ပြန်မှုအပြီးတွင် အင်တာဗျူးရပ်တန့်ရန် လူများကို ချက်ချင်းစေလွှတ်ခဲ့သည်။

သို့သော်လည်း တံခါးနားရှိ စစ်သားတစ်ယောက်၏ မျက်နှာတွင် အလွန်ရုပ်ဆိုးသော အမူအရာများ ရှိနေသည်။

“ဆရာ၊ အင်တာဗျူးပြီးလို့ သတင်းထောက်က ပြန်တင်ပြလိုက်ပြီ...”

All Chapters