← Chapters

ဝက်ဝံညိုကြီး ဒါဘီယန်

Vol. 6 Ch. 82

ဝက်ဝံညိုကြီး ဒါဘီယန်

Vol. 6 Ch. 82

ချီလင် တောင်တန်းတွင် လုချန်း,သည် ကျန်းဟောင် ညွှန်ပြသည့် လမ်းညွှန်ချက်နောက်ကို လိုက်၍ ကျိုးအိင် နှင့် တလမ်းလုံး ခြေလျင်လျှောက်ခဲ့သည်။

ဤရှေးဟောင်းဆန်းကြယ်သော ချီလင် တောင်တန်းတွင် လုချန်း,ကို အလွန်စွဲဆောင်နိုင်သည့်အရာမှာ ဤနေရာရှိ အရင်းအမြစ်များသည် ဒါဂုန် နှင်းတောင်တန်းထက် များစွာသာလွန်နေခြင်းဖြစ်သည်။

လုချန်း,သည် ကျန်းဟောင်,၏ မိုဘိုင်းလ်ဖုန်းမှတဆင့် ရန် နိုင်ငံ၏ အချက်အလက်များစွာကို မကြာသေးမီက သိရှိခဲ့သည်။

ရန် နိုင်ငံ၏ မြောက်-တောင် ပိုင်းခြားထားသော တောင်တန်းအဖြစ် ချီလင် တောင်တန်းကို ဒါဂုန် နှင်းတောင်က လုံးဝမယှဉ်နိုင်ဟု ဆိုရမည်ဖြစ်သည်။

ခြားနားသောပတ်ဝန်းကျင်ကြောင့် ချီလင် တောင်တန်းတွင်နေထိုင်သော သားရဲများ၏အင်အားသည် ဒါဂုန် နှင်းတောင်တွင်နေသော သားရဲများထက် များစွာအားကောင်းသည်။

နိုးထခြင်းအဆင့်သို့ ရောက်ရှိနေသော သားရဲ အရေအတွက်က သိသိသာသာ ပိုများသည်။

ဤတောင်တန်းတွင် ခဏလောက် လမ်းလျှောက်ပြီးနောက် လုချန်း နှင့် ကျိုးအိင် တို့သည် ဒုတိယအဆင့် ကျော်ကြားသော ဝိညာဉ်ဆေးနှစ်မျိုးကို ရိတ်သိမ်းနိုင်ခဲ့ကြသည်။

ထို့အပြင်၊ ချီလင် တောင်တန်းသည် မိုင် ၂၀,၀၀၀ ရှည်လျားသည်။ ဤမျှကြီးမားသောဧရိယာတွင် အရင်းအမြစ်များစွာရှိခြင်းသည် သာမာန်ဖြစ်သည်။

လုချန်း,၏ ခွန်အားသည် ယခုအခါ နိုးထခြင်း အဆင့် (၆)သို့ ရောက်ရှိနေပြီဖြစ်သည်။

လုချန်း,သည် သူ့၏ အချက်အလက်ဘောင်ကို စစ်ဆေးပြီးနောက် သတ္တမအဆင့်သို့ ဖြတ်ကျော်ရန် စုစုပေါင်း အမှတ် ၁၂၀,၀၀၀ လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။

ဤအတောအတွင်း သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အလောင်းများနှင့် ဝိညာဉ်ဆေးများကို ဝါးမြိုခဲ့ပြီး သူ၏ ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၃၆,၈၀၀ အထိ တိုးလာခဲ့သည်။

နောက်တစ်ဆင့်သို့တက်လှမ်းရန်၊ ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၈၀,၀၀၀ ကျော် လိုအပ်သည်။

ယခင်ကဆိုလျှင်၊ ဤသည်မှာ နက္ခတ်ဗေဒင်ကိန်းဂဏန်းတစ်ခု ဖြစ်လာမည်မှာ သေချာပါသည်။

သို့သော် လုချန်း,သည် ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာချိန် ပိုရှည်လျားလာသည်နှင့်အမျှ ဆင့်ကဲပြောင်းလဲအမှတ်များကို စုဆောင်းခြင်းက ယခင်ကဲ့သို့ခက်ခဲမည်မဟုတ်ကြောင်း ယခုအချိန်တွင် နားလည်လာသည်။

နောက်ဆုံးတွင်၊ ဝိညာဉ်ဆေးများကို စားသုံးခြင်းဖြင့် နိုးထခြင်းအဆင့်သို့ရောက်ရှိသွားသော ဤသန်မာသောသားရဲများသည်လည်း ဆင့်ကဲပြောင်းလဲခြင်းအမှတ်အများအပြားကို ပေးစွမ်းနိုင်သည်။

“နိုးထခြင်းနယ်ပယ်ရဲ့ အထက်မှာ ဘယ်နယ်ပယ်ရှိလဲလို့ တွေးမိတယ်”

“ငါ နိုးထခြင်း အဆင့် (၆) အဆင့်မှာ ရှိသေးပေမယ့်၊ ငါ့မှာ ဒီလောက် အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေပြီ၊ အကြောင်းပြချက်တစ်ခုက စနစ်ရဲ့ ကောင်းချီးလို့လဲ ဆိုနိုင်တယ်”

“ဒါပေမယ့် ဒါက ကမ္ဘာကြီး အလွန်ထူးဆန်းတဲ့ အရှိန်နဲ့ ပြောင်းလဲနေတယ် ဆိုတာကိုလည်း သွယ်ဝိုက်ပြီး ပြသနေတယ်...”

“ဒီနှုန်းအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်၊ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေ ကြီးထွားပြီး ကြီးထွားလာနေတယ်ဆိုရင်၊ လူသားအမြောက်တွေက သူ့ရဲ့ မူလအဟန့်အတား စွမ်းအားတွေ ဆုံးရှုံးဖို့က မကြာခင်မှာပဲ ဖြစ်လာလိမ့်မယ်”

“တစ်လမပြည့်ခင်မှာပဲ မူလထိန်းသိမ်းထားခဲ့တဲ့ ဟန်ချက် ပျက်ပြားသွားနိုင်တယ်...”

ချီလင် တောင်တန်းတွင် လမ်းလျှောက်ရင်း လုချန်း,သည် အားကောင်းပြီး ရက်စက်သော သားရဲများကို တွေ့လိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ သားရဲများက ပို၍ပို၍ အားကောင်းလာသည်။

“တစ်နေ့မှာ လူတွေက အစာကွင်းဆက်ထိပ်ဆုံးကနေ ပြုတ်ကျပြီး ပလ္လင်ပေါ်ကနေ ဆင်းကြရလိမ့်မယ်”

သို့ပေမယ့် ကံကောင်းထောက်မစွာဖြင့်၊ သူသည် ဤဘဝတွင် နှင်းဝံပုလွေတစ်ကောင်ဖြစ်သည်။

ထို့အပြင် သူ့တွင် ရွှေလက်ချောင်းလည်းရှိသည်။ ယခု သူ၏ ခွန်အားသည် ထူးထူးခြားခြားဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

သို့သော် လုချန်း,သည် အနည်းငယ် စိတ်ဆင်းရဲသွားပြန်သည်။

ချီလင် တောင်တန်းက အလွန်ကျယ်ပြန့်သည်။

ရှောင်ပိုင်,သည် တောနက်ထဲသို့ ထွက်ပြေးပြီးနောက် လူသားများက သူမကို ခြေရာခံရာတွင် ကျရှုံးခဲ့သည်။

ကျန်းဟောင်,သည် စစ်တပ်ထံမှ သတင်းများကို စောင့်ကြည့်နေသော်လည်း ယခုအချိန်အထိ ဆက်သွယ်မှု မရှိသေးပေ။

လုချန်း အလွန်စိတ်ဓာတ်ကျသွားသည်။ ယေဘုယျ ဦးတည်ချက်ဖြင့်သာ ရှာဖွေနိုင်ခဲ့သည်။

“ဒါပေမယ့် အခု ငါ့ညီမလေးက အရှေ့ဘက်မှာလား အနောက်ဘက်မှာလား မသိဘူး”

အရှေ့ဘက်သို့သွားလျှင် ရန် နိုင်ငံ, ကျန်းနန် ခရိုင်သို့ ရောက်နိုင်သည်။

ကျယ်ပြောလှသော အလယ်ပိုင်းမြေပြန့်ဒေသ၊ သို့မဟုတ် ပိုဝေးသော အရှေ့မြောက်ဒေသ၊ အရှေ့တောင် ကျွန်းဆွယ်ဒေသ စသည်တို့ကိုပင် သွားနိုင်သည်။

စူးစမ်းလေ့လာရန် နေရာများစွာရှိသည်။

အနောက်မြောက်ဖက်တွင် ကျယ်ပြန့်သောကုန်းပြင်မြင့်များနှင့် ကန္တာရနေရာများရှိသည်။

အရှေ့ဖက်နှင့် အနောက်ဖက် နှစ်ဖက်စလုံးတွင် အလွန်ကျယ်ပြောသော ကမ္ဘာတစ်ခု ရှိသည်ဟု ဆိုနိုင်သည်။

သို့သော် ယခုကဲ့သို့ ပန်းတိုင်မဲ့စွာ ဆက်လက်ရှာဖွေခြင်းသည် ကောက်ရိုးပုံတွင် အပ်တစ်ချောင်းကို ရှာဖွေနေသကဲ့သို့ပင်။

“ငါ ရှောင်ပိုင် ကိုရှာချင်ရင် လူသားတွေပေးတဲ့ သဲလွန်စကိုပဲ အားကိုးလို့ရမယ်”

လုချန်း မတတ်နိုင်ဘဲ လေးလေးနက်နက် တုန်လှုပ်သွားသည်။

သတင်းအချက်အလက်အတွက် လူသားများကို အားကိုးခြင်းက အားသာချက်နှင့် အားနည်းချက် နှစ်မျိုးစလုံးရှိသည်။

“လူသားဘက်က သတင်းတွေမရှိရင် ရှောင်ပိုင်,ကိုငါရှာတွေ့မှာမဟုတ်ဘူး”

“ဒါပေမယ့် လူတွေက သတင်းရပြီးတာနဲ့ ရှောင်ပိုင်,က လူသားတွေရဲ့ အမြင်အာရုံ အတွင်းကို ရောက်သွားတယ်လို့ဆိုလိုတယ်”

“ငါ့ညီမ နောက်တစ်ခါ အန္တရာယ်ဖြစ်မယ့် အခြေအနေမှာရှိတယ်၊ အကွာအဝေးက ဝေးလွန်းရင် သူ့ကို အချိန်မီ ကယ်တင်နိုင်မှာ မဟုတ်ဘူး...”

“ဂါးး!”

လုချန်း တွေးနေစဉ်တွင် ရုတ်တရက် တောင်တန်း၏ အရှေ့ဘက်ခြမ်းမှ သားရဲကြီး၏ ဟိန်းဟောက်သံသည် တောင်တန်းများနှင့် သစ်တောများကြားတွင် ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာပင်၊ ကျိုးအိင်,သည် ဝိညာဉ်သဝဏ်လွှာကို အလျင်အမြန် ပေးပို့ခဲ့ပြီး အင်အားကြီးမားသော သားရဲတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်ဟုဆိုသည်။

လုချန်း,သည် လင်းယုန်ငှက်က ရက်စက်ကြမ်းကြုတ်သော သားရဲ၏ နယ်မြေထဲသို့ ပျံသန်းသွားသည်ကို တွေ့ရှိခဲ့ပြီး ၎င်းမှ ခြိမ်းခြောက်ခြင်းခံခဲ့ရခြင်းဖြစ်နိုင်သည်ဟု သိလိုက်သည်။

“သခင်၊ ဒီဝက်ဝံအညိုက တော်တော်သန်မာတယ်၊ ဒါပေမယ့် သူ့ရဲ့ကိုယ်ဟန်အနေအထားကတော့ သူဒဏ်ရာရနေတာဖြစ်နိုင်တယ်၊ သူ့ရဲ့အင်အားက တော်တော်အားနည်းနေတယ်”

“ဘာလို့ သတ်ပြီး ညစာအဖြစ် မစားရမှာလဲ!”

လုချန်း နောက်ကို တစ်ရက်အကြာ လိုက်ပြီးနောက် ကျိုးအိင်,သည် ယခင်ကထက် များစွာ ရဲရင့်လာခဲ့သည်။

အကြောင်းမှာ၊ သူနှင့် လုချန်း,သည် တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ရပြီး လုချန်း ကျရှုံးသည်ကို မမြင်ခဲ့ဖူးသောကြောင့်ဖြစ်သည်။

သူသည် လူသားတို့၏ ဒုံးကျည်များကို ရှောင်လွှဲနိုင်သည်၊ မမြင်နိုင်သော အန္တရာယ်များကို ခံစားသိရှိနိုင်သည်၊ ပျံသန်းနိုင်ပြီး သူ့ကိုယ်သူ ကုသနိုင်သည်။ သူသည် အလွန်သန်မာပြီး အလုံးစုံတတ်ကျွမ်းသော သခင်တစ်ဦး ဖြစ်သည်။

လုချန်း,အနားတွင် ကျိုးအိင်,သည် မည်သည့်အရာကိုမဆို လုပ်နိုင်မည်ဟု ယုံကြည်လာခဲ့သည်။

“ကောင်းပြီ!”

လုချန်း,သည် ကျိုးအိင်,၏ အဆိုပြုချက်ကို ချက်ချင်း လက်ခံခဲ့သည်။

သူသည် သူတော်စင်‌တစ်ဦး မဟုတ်ပေ၊ တောတွင်းဥပဒေသည် ဤလောက၌ မပြောင်းလဲနိုင်သော ဥပဒေဖြစ်သည်။

တောရိုင်းတိရိစ္ဆာန်များကို အမဲလိုက်ခြင်းတွင် အမှားမရှိပေ။ ဗိုက်ဆာရင် စားမယ်၊ ဤသည်က သက်ရှိများ၏ ဗီဇ,ပင်ဖြစ်သည်။

ထို့အပြင် ဤဝက်ဝံညိုသည် ဤကဲ့သို့သောအဆင့်အထိ ကျင့်ကြံနိုင်ခဲ့သောကြောင့် သားရဲများစွာကို စားသောက်ခဲ့မည်မှာသေချာသည်။

“ဂါးး!”

များမကြာမီပင် လင်းယုန်ငှက်သည် ကောင်းကင်တွင် လှည့်ပတ်နေပြီး မထွက်ခွာသေးသောကြောင့် သားရဲတစ်ကောင်၏ ကျယ်လောင်သော ဟိန်းဟောက်သံကို ထပ်မံကြားရသည်။

ဝက်ဝံညိုသည် ပို၍ဒေါသထွက်လာပြီး သူ၏ဟိန်းဟောက်သံက သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသည်။

ကျူးကျော်သူအားတွေ့သောကြောင့် ဒေါသအမျက်ထွက်နေပုံရသည်။

သိပ်မကြာခင်တွင် လုချန်း,သည် မြေကြီးကို တုန်လှုပ်သွားစေသည့် ခြေသံများကို ကြားလိုက်ရသည်။

ထို့နောက် အရပ်ရှစ်မီတာရှိသော အညိုရောင်ဝက်ဝံကြီးတစ်ကောင် သူ့ရှေ့တွင် ပေါ်လာသည်။

ဧရာမဝက်ဝံကြီးက လင်းယုန်ငှက်နောက်ကို လိုက်နေခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် အလွန်မြင့်မားသော ငွေဖြူ ဝံပုလွေကြီးသည် သူ့ရှေ့တွင် ရပ်နေသည်ကိုလည်း တွေ့လိုက်ရသည်။

ဧရာမဝက်ဝံကြီး မတ်တပ်ရပ်လိုက်သောအခါ အရပ်ရှစ်မီတာရှိသည်။

သို့ပေမယ့် လုချန်း,၏ အရပ်က ဆယ်မီတာထက် ပိုမြင့်ပြီး သူတို့၏ ခန္ဓာကိုယ် အရွယ်အစားက တူညီသောအဆင့်တွင် ရှိမနေပေ။

ဧရာမဝက်ဝံကြီးနှင့် လုချန်း တို့သည် လေထုအလယ်၌ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး၊ ထို့နောက်တွင် ဝက်ဝံကြီး၏ နှလုံးသားထဲတွင် နားမလည်နိုင်သော ကြောက်ရွံ့မှုတစ်ခု ပေါ်လာသည်။

ထို့နောက် လှည့်၍ပင်မကြည့်တော့ဘဲ တိုင်ကီလုံးကြီး လိမ့်သွားသကဲ့ ပြေးတော့သည်။

ဤအခိုက်အတန့်တွင် ဝက်ဝံကြီးသည် သူ့တွင် ခြေထောက်နည်းပါးပြီး မြန်မြန်မပြေးနိုင်သည့်အတွက် အလွန်စိတ်မကောင်းဖြစ်မိနေသည်။

“အခု မင်းဒီကိုတောင်ရောက်နေပြီ၊ ထွက်ပြေးချင်နေသေးတာလား”

လုချန်း,၏ခန္ဓာကိုယ်သည် ငွေဖြူရောင် လျှပ်စီးလက်သလို ဖြစ်သွားပြီး တိုင်ကီလုံးကဲ့သို့ ဝက်ဝံညိုကြီးကို ချက်ချင်း လိုက်ဖမ်းတော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ဆယ်မီတာကျော်မြင့်သော တံတိုင်းတစ်ခုသည် မြေပြင်မှ ရုတ်တရက် တက်လာပြီး လုချန်း,၏ လမ်းကို ပိတ်ဆို့သွားခဲ့သည်။

သို့သော် လုချန်း,၏ ပြင်းထန်သော ခွန်အားကို ရင်ဆိုင်ရသောအခါတွင် ဤတံတိုင်းကြီးက အသုံးမဝင်တော့ပေ၊ သူသည် ထူထပ်သော မြေတံတိုင်းကြီးကို ဖြိုခွင်းရန် ခြေသည်းတစ်ချောင်းသာ လိုအပ်သည်။

သို့သော်လည်း လုချန်း,သည် မြေတံတိုင်းကို ချိုးဖျက်လိုက်သောအခါတွင် ပြေးလွှားနေသော ဝက်ဝံကြီးသည် ရုတ်တရက် ပြန်လှည့်လာပြီး သူ့ဘက်သို့လှည့်၍ ဒူးထောက်လိုက်သည်ကို တွေ့လိုက်ရသည်။

သူ့လက်များက ကော့ညွှတ်နေပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

လုချန်း,သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားသည်။ ‘ဝက်ဝံညိုတွေ ဘယ်တုန်းက ဒီလောက် လူသားဆန်လာတာလဲ’

‘မင်းကိုယ်မင်း သေချာပြန်ကြည့်လိုက်အုံး၊ မင်းခန္ဓာကိုယ်ကြီးကိုမှ အားမနာကွာ’

သို့သော် ဝက်ဝံညိုသည် အလွန်ဉာဏ်ကောင်းပြီး မြေ စွမ်းရည်ကိုလည်း နိုးထခဲ့သောကြောင့် လုချန်း,သည် ညစာစားရန် သူ့ကိုမသတ်ခဲ့ပေ။

အကယ်၍ ဤဝက်ဝံညိုကို ဒါဂုန်နှင်းတောင်သို့ ပြန်ခေါ်သွားပါက သူသည် မြေအောက်ခံတပ်များကို တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေနိုင်သည်။

အနာဂတ်တွင်၊ ဝက်ဝံညိုသည် နှင်းဝံပုလွေမျိုးနွယ်အတွက် မြေအောက်ခံတပ်များကို ထပ်မံတည်ဆောက်ပေးနိုင်မည်ဖြစ်သည်။

လုချန်း,သည် ချက်ချင်းပင် စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်,ကို အသုံးပြုလိုက်သည်။

ဝက်ဝံညို၏ ဆန္ဒအရ လက်နက်ချခြင်းနှင့် လုချန်း,၏ ပြင်းထန်သော စိတ်စွမ်းအားကြောင့် ဝိညာဉ်စာချုပ်ကို အလွန်ချောမွေ့စွာ ချုပ်ဆိုနိုင်ခဲ့သည်။

“သခင် ငါမှားပါတယ်၊ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့!”

လုချန်း,က ခြိမ်းခြောက်ရန် ပါးစပ် မဖွင့်ရ‌သေးခင်တွင် ဝက်ဝံညိုသည် အမှန်တကယ် လက်အောက်ခံခဲ့သည်။

“ကောင်းပြီ၊ ငါ မင်းကို အခုမှ စပြီး ဒါဘီယန်,လို့ခေါ်မယ်...”

လုချန်း,သည် ဝက်ဝံကြီး၏ ကျောပေါ်ရှိ ဒဏ်ရာကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“မင်း နောက်ကျောဒဏ်ရာက ဘာဖြစ်တာလဲ”

လုချန်း,က သူ့နောက်ကျောမှ ဒဏ်ရာအကြောင်းပြောနေသည်ကို ဝက်ဝံအညို ကြားလိုက်သောအခါ အလွန်တုန်လှုပ်သွားပြီး သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှုအရိပ်အယောင်များများ ထွက်ပေါ်လာသည်။

“ရိုးရိုးသားသားပြောရရင် ၊ မကြာသေးခင်ကမှ ဧရာမဝံပုလွေကြီးတစ်ကောင်ကို ကျွန်တော်တွေ့ခဲ့တယ်၊ သခင် ထက်နည်းနည်းသေးပေမယ့် အစွမ်းထက်ခြင်းက အတူတူပဲ”

“အဲ့ဒီဝံပုလွေကြီးက သခင်,ထက်ဒေါသပိုကြီးတယ်!”

“သူကျွန်တော့်ကိုတွေ့တာနဲ့ စားချင်နေတာ”

“ဒီဒဏ်ရာက သူနဲ့ တိုက်ခိုက်ရင်းနဲ့ရတာ၊ ကံကောင်းတာက ကျွန်တော့်မှာ မာကျောတဲ့ အရေပြားတွေရှိနေတော့ နောက်ဆုံးမှာ လွှတ်မြောက်နိုင်ခဲ့တယ်”

ဒါဘီယန်,၏ စကားကို ကြားပြီးနောက် လုချန်း ချက်ချင်းပင် အံ့အားသင့်သွားခဲ့သည်။

ပေါ့ပေါ့ပါးပါး မေးလိုက်ရုံဖြင့် ရှောင်ပိုင် ၏အကြောင်းကို ကြားရမည်ဟု သူ မမျှော်လင့်ထားပေ။

“ပြော၊ မင်းကို ဒဏ်ရာရစေခဲ့တဲ့ နှင်းဝံပုလွေက ဘယ်ကိုပြေးသွားတာလဲ၊ အရှေ့ဖက်လား အနောက်ဖက်လား”

လုချန်း,၏ စကားကိုကြားပြီး ဝက်ဝံကြီးက ထိတ်လန့်သွားကာ မနေနိုင်ဘဲ သူ့ခြေသည်းများဖြင့် ခေါင်းကိုကုတ်လိုက်သည်။

သူသည် ဝက်ဝံတစ်ကောင်မျှသာဖြစ်ပြီး လမ်းညွှန်ချက်များကို သူမည်ကဲ့သို့ သိနိုင်မည်နည်း။

ဒါဘီယန်,၏အမူအရာကိုမြင်ပြီး လုချန်း ဆွံ့အသွားကာ သူမေးခွန်းကို အမြန်ပြောင်းလိုက်သည်။

“နေထွက်တာ ဘယ်အရပ်လဲဆိုတာ မင်းသိသင့်တယ်မလား”

စကားပြောနေစဉ်တွင် လုချန်း,သည် သူ့ခေါင်းထက်တွင် ရှိနေသည့် နေလုံးကို ညွှန်ပြသည်။

“အိုးး..သခင်၊ သူက နေထွက်ရာအရပ်ကို ပြေးသွားတယ်”

လုချန်း,၏ မျက်လုံးများက ရုတ်တရက် တောက်ပသွားသည်။ ယခု ရှောင်ပိုင်, အရှေ့ဖက်ကို ဦးတည်နေသည်မှာ သေချာသွားပြီဖြစ်သည်။

တည်နေရာအတိအကျကို မသိရသေးသော်လည်း ဤသည်က ယခင်ကထက် အများကြီး ပိုတိကျသည်။

ဦးတည်ချက်ကို ဆုံးဖြတ်ပြီးနောက်တွင် လုချန်း,သည် ကျိုးအိင် နှင့် ဒါဘီယန်,တို့ကို ခေါ်ကာ အရှေ့ဖက်သို့ ဦးတည်သွားခဲ့သည်။

တစ်ရက်အကြာ လမ်းလျှောက်ပြီးနောက် သူတို့ရှေ့တွင် တောင်တန်းကြီး နှစ်ခု ပေါ်လာသည်။

တောင်ထိပ်နှစ်ခုကြားတွင် မီတာတစ်ရာကျယ်သော ကွာဟချက်တစ်ခုရှိသည်။

ထိုအချိန်တွင် လုချန်း,သည် ဒါဘီယန် နှင့် ကျိုးအိင် နှစ်ယောက်လုံး အနည်းငယ် ချီတုံချတုံ ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။

“သခင် ငါတို့ ဘာလို့လမ်းလွှဲပြီးမသွားရတာလဲ..”

“ဘာဖြစ်လို့လဲ၊ ဒီလမ်းက တစ်ခုခုမှားနေလို့လား”

ဒါဘီယန်,က ရှေ့ကိုကြည့်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်၊ ဒီနေရာက အရမ်းအန္တရာယ်များတယ်၊ ဒီထဲကိုဝင်သွားတဲ့ သန်မာတဲ့ သားရဲတွေအားလုံး ပျောက်သွားကြတယ်”

လုချန်း,က အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ ရှေ့မှ ချိုင့်က သာမာန် အတိုင်းပင်။

ကျိုးအိင်,သည် ထိုအခိုက်အတန့်တွင် ကြောက်ရွံ့မှုအချို့နှင့် ဆက်သွယ်ခဲ့သည်။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော် အဲဒီချိုင့်ဝှမ်းမှာ ရှိခဲ့တယ်၊ အဲဒီမှာ ရေကန်ကြီးတစ်ခုရှိတယ်၊ အဲဒီရေကန်က ကောင်းကင်ပေါ်မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းကို ဆွဲချပြီး သူ့ကိုချက်ချင်း သုတ်သင်ပစ်လိုက်တယ်”

ကျိုးအိင်,၏ အဆိုအရ သူတို့သည် အမြင့် မီတာ ငါးရာ သို့မဟုတ် ခြောက်ရာခန့်တွင် ပျံသန်းနေခဲ့ကြောင်း သိရှိခဲ့သည်။

“ကျိုးအိင်၊ သွားပြီးတော့ လမ်းကို စူးစမ်းပါ”

ဒေသခံသားရဲနှစ်ကောင်က အလွန်ကြောက်လန့်နေသဖြင့် လုချန်း,သည် မည်သို့သော ရက်စက်ကြမ်းကြုတ်သည့် သားရဲဖြစ်သည်ကို သိချင်လာခဲ့သည်။

လုချန်း,၏အမိန့်ကိုကြားပြီးနောက် ကျိုးအိင် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။

သို့ပေမယ့် သူသည် အံကြိတ်ပြီး ရှေ့ကို ဆက်ပြီး ပျံသန်းလိုက်ဆဲပင်။

ရှေ့ဆက်ရမယ့်လမ်းက အန္တရာယ်များပေမယ့် အသက်ရှင် ရန်မျှော်လင့်ချက်ရှိနေခြင်းသည်က သေဆုံးခြင်းထက် သာနေဆဲပင်။

လုချန်း,၏ အမိန့်ကိုမလိုက်နာလျှင် သူကိုစောင့်နေသည့်အရာမှာ သေခြင်းတရားပင်....။

All Chapters