“မဟုတ်ဘူး! မင်းမနေ့ကရှိခဲ့တဲ့ ဧရာမဝံပုလွေဘူး!!”
Vol. 6 Ch. 83
ကျိုးအိင်,သည် ရှေ့သို့ ပျံသန်းသွားစဉ် လုချန်း,သည်လည်း ကောင်းကင်တက်လှမ်းခြင်း စွမ်းရည်ကို အသုံးပြုခဲ့သည်။
ထို့နောက် သူသည် သူ၏ရုပ်သွင်ကိုဖုံးကွယ်ရန် ကိုယ်ပျောက်စွမ်းရည်ကိုအသုံးပြုကာ နောက်သို့ တိတ်တဆိတ် လိုက်သွားခဲ့သည်။
လုချန်း,သည် ရှေ့မှ ဧရိယာနှင့် ပိုမိုနီးကပ်လာသည်နှင့် ပတ်ဝန်းကျင်က ရုတ်တရက် တိတ်ဆိတ်သွားသည်ကို ခံစားလိုက်ရသည်။
မည်သည့် သားရဲကိုမှ မတွေ့ရပေ။
ဤမျှကျယ်ဝန်းသော ဧရိယာက အေးချမ်းလှသည်မှာ အမှန်ပင် ထူးဆန်းလှသည်။
သိပ်မကြာခင်တွင် လုချန်း နှင့် ကျိုးအိင် တို့သည် တောင်ထိပ်နှစ်ခုကြားမှ ကွာဟချက်ကို ကျော်ဖြတ်ပြီး အတွင်းသို့ ဝင်ရောက်သွားသည်။
လုချန်း,သည် သူ့ရှေ့တွင် ကျယ်ပြောသော ချိုင့်တစ်ခုရှိသည်ကို တွေ့ရှိခဲ့ပြီး အထင်ရှားဆုံးအရာမှာ ချိုင့်ဝှမ်းအလယ်ရှိ ရေကန်ဖြစ်သည်။
ရေကန်သည် အလွန်ကျယ်သော်လည်း ငြိမ်သက်အေးချမ်းလျှက်ရှိသည်။
ထိုအချိန်တွင် နေထွက်လာပြီး ရေကန်သည် နေရောင်ခြည်၏ ရောင်ပြန်ဟပ်မှုအောက်တွင် အလွန်တရာ လှပနေတော့သည်။
စိမ်းလန်းသောရေသည် ရေကန်ကို ကျောက်စိမ်းတုံးကြီးကဲ့သို့ အသွင်ဆောင်စေသည်။
သို့သော်လည်း ဝက်ဝံညိုကြီးနှင့် လင်းယုန်ငှက်တို့သည် ဤနေရာကို အလွန်ကြောက်နေကြသည်ဟု ယူဆကာ လုချန်း,သည် သူ့သတိကို မလျှော့ချခဲ့ပေ။
လင်းယုန်ငှက်သည် တုန်လှုပ်ချောက်ချားသည့် ခံစားချက်ဖြင့် ကောင်းကင်ကို ဖြတ်ပျံသွားကာ သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများအားလုံးက တင်းမာနေသည်။
သူ့အဖော်သေဆုံးသွားခြင်းကြောင့် ဤကန်ကြီးက သူ့အပေါ်တွင် ကြီးမားသောသက်ရောက်မှုရှိခဲ့သည်။
“ဟင်?! ရေအောက်မှာ တစ်ခုခုရှိနေတယ်!”
အနီးအနားတွင် ပုန်းအောင်းနေသော လုချန်း,သည် ဤရေကန်တွင်တစ်ခုခုမှားနေသည်ကို သိလိုက်ရသည်။
သူ၏ အာရုံခံနိုင်စွမ်းကြောင့် အလွန်အားကောင်းသော ရောင်ဝါတစ်ခုသည် ရေကန်၏ နက်နဲရာနေရာမှ ရေမျက်နှာပြင်ကို လျင်မြန်စွာ ချဉ်းကပ်လာကြောင်း သိရှိခဲ့သည်။
နောက်တစ်စက္ကန့်တွင် တည်ငြိမ်သောရေမျက်နှာပြင်ပေါ်တွင် ရေဝဲကြီးတစ်ခုရုတ်တရက်ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်ထက်သို့ ထိုးတက်သွားသည့် ရေနဂါးကဲ့သို့ ကြီးမားသော ရေတန်းကြီးတစ်ခုက ကောင်းကင်ထက်ကိုထိုးတက်လာသည်။
“သခင်! ငါ့ကိုကယ်ပါ!”
ဤရေတန်း ကိုမြင်ပြီးနောက်၊ လင်းယုန်ငှက်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့အဖော်သေဆုံးခြင်း၏ ကြေကွဲဖွယ်မြင်ကွင်းက သူ့စိတ်ထဲတွင် ပေါ်လာခဲ့သည်။
ရေတန်း,၏အရှိန်က အလွန်လျင်မြန်သောကြောင့် ကျိုးအိင်,သည် ထိတ်လန့်တကြားဖြင့် လုချန်း,ကို အကူအညီတောင်းလိုက်သည်။
လုချန်း,သည်လည်း ဤရေတန်းက အလွန်ထူးဆန်းပြီး လေထဲတွင်ဦးတည်ရာကို လိုသလို ရွှေ့လျားနိုင်ကြောင်းတွေရှိခဲ့သည်။
လင်းယုန်ငှက်က အလွန်ကြောက်လန့်ပြီး အတောင်ပံများကို ပြင်းပြင်းထန်ထန် ခတ်လိုက်သည်။ တခဏချင်းတွင် လေဆင်နှာမောင်းတစ်ခု ထွက်ပေါ်လာပြီး လေဓားသွားများက ရေတန်း တိုက်ရိုက် ထိမှန်သွားသည်။
လေဆင်နှာမောင်းမှ လေဓားသွားများကြောင့် ကြီးမားသော ရေတန်းက ချက်ချင်းပင် ပြန့်ကျဲသွားခဲ့သည်။
“ဒါဘာလဲ?”
အမှောင်ထဲတွင် ပုန်းနေသော လုချန်း,က ရေကန်ကို စက္ကန့်မလပ် စောင့်ကြည့်နေသည်။
မည်သို့ပင်ဆိုစေကာမူ ကျိုးအိင်,သည် သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသောကြောင့် ယခုသေရမည့် မဟုတ်ပေ။
လုချန်း,သည် ကောင်းကင်သို့ တက်သွားသော ဤရေတန်းအတွင်း၌ အခြားအရာတစ်ခု ရှိနေသည်ကို သတိပြုမိသည်။
ထို့နောက် ရေတန်းသည် ကောင်းကင်ထက်ကို တဖန်ပြန်တက်လာပြီး လင်းယုန်ငှက်ဆီသို့ တိုးဝင်သွားသည်။
စောင့်ကြည့်နေသော လုချန်း,သည် နောက်ဆုံးတွင် သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။
နည်းနည်းလေးမှ မဆိုင်းမတွဘဲ လုချန်း ချက်ခြင်းပေါ်ထွက်လာပြီး သူ့ဝံပုလွေ ခြေသည်းများက ကောင်းကင်သို့မြင့်တက်နေသည့် ရေတန်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
“ဘုန်း!”
သတ္တုနှင့် ကျောက်တုံး တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
လုချန်း,၏ တိုက်ခိုက်မှုက အလွန်ပြင်းထန်သည်။
နောက်အခိုက်အတန့်တွင် လုချန်း,၏ ခန္ဓာကိုယ်မှ အေးစက်သော ရေခဲစွမ်းအားများ ထွက်ပေါ်လာပြီး ရေတန်း၏ အပေါ်နှင့်အောက်ခြေက ချက်ချင်းအေးခဲသွားသည်။
ထိုအချိန်တွင် မီတာရာနှင့်ချီမြင့်သော ရေတန်းသည် လုချန်း,၏ ရေခဲစွမ်းရည်အောက်တွင် ရေခဲတိုင်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားသည်။
ဤမြင့်မားသောရေခဲတိုင်သည် အလွန် ကြည်လင်ပြတ်သားပြီး နေရောင်ခြည်၏ ရောင်ပြန်ဟပ်မှုအောက်တွင် အလွန်လှပနေပုံရသည်။
သို့ပေမယ့် ကြည်လင်လှပသော ရေခဲတိုင်ကို တန်ဖိုးထားရန် မည်သူမှ အချိန်မရခဲ့ပေ။
“ခရက်! ခရက်!”
ကွဲအက်သံများက ရေခဲတိုင်မှ ကြင်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။
ထို့နောက် ချက်ချင်းပင် အေးခဲနေသော ရေခဲတိုင်သည် ရုတ်တရက် ကွဲအက်သွားပြီး မရေမတွက်နိုင်သော ရေခဲတုံးကြီးများက နေရာအနှံ့သို့ လွှင့်စင်သွားသည်။
ထိုအချိန်တွင် လုချန်း,သည် ရေခဲတိုင်ထဲတွင် အနီရောင်အရာဝတ္တုတစ်ခုကို တွေ့လိုက်ရသည်။
၎င်းက ကြီးမားပြီး အနည်းငယ် ပြားနေပုံပေါ်သည်။
ဤအနီရောင်အရာဝတ္တုပေါ်တွင် ငါးညှီနံ့နှင့် ချွဲများပင်ရှိနေသည်။
လုချန်း,အနီးကပ် မကြည့်ရသေးခင်မှာပင် ကြီးမားသော အနီရောင် အရာဝတ္တုသည် လေထဲတွင် ကွဲအက်သံနှင့်အတူ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ထို့နောက် ချက်ခြင်းပင် ရေထဲမှ ကြီးမားသော ဖားကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ဖားကြီးက ထိုနေရာတွင် ထိုင်နေပြီး သူ့၏ခန္ဓာကိုယ်က ခုနစ်မီတာခန့်ရှိသည်။
လုချန်း သိချင်နေသော ဤအနီရောင်အရာဝတ္တုက ထိုဖားကြီး၏ လျှာ ဖြစ်သည်။
အောက်မှ ဖားကိုမြင်လိုက်ပြီးနောက် လုချန်း အနည်းငယ် အံ့သြသွားသည်။
“ဒါက ဘာကောင်လဲ၊ လျှာက မီတာရာနဲ့ချီ ရှိတယ်”
“မဟုတ်သေးဘူး၊ ဒီဖားက ခုနစ်မီတာ၊ ရှစ်မီတာပဲ ရှိတယ်၊ မီတာရာနဲ့ချီရှည်တဲ့ လျှာကို ဘယ်လိုများထိန်းထားနိုင်ရတာလဲ”
လုချန်း,၏ မျက်နှာသည် ယခုအချိန်တွင် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။ သူ့ရှေ့မှ ဖားတစ်ကောင်က သူတွေးတောနိုင်စွမ်းထက် ကျော်လွန်သည်။
ဤလောကကို သာမန်သဘောဖြင့် ရှုမြင်နိုင်သော်လည်း၊
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ အမျိုးမျိုးသော ပင်ကိုယ် စွမ်းရည်များ နိုးထလာမှုကြောင့် လုချန်း,သည်ဤကမ္ဘာကို အမြင်အသစ်ဖြင့် ကြည့်ရှူနိုင်ခဲ့သည်။
သို့သော် လုချန်း,သည် တစ်နေ့တွင် ထိုကဲ့သို့ ထူးထူးခြားခြား မြင်ကွင်းကို မြင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
လုချန်း,သည် ထိုဖား၏အဆင့်ကို မသိစိတ်ဖြင့် စစ်ဆေးခဲ့ပြီးနောက် သူအလွန် အံ့သြသွားခဲ့သည်။
ခုနစ်မီတာ၊ ရှစ်မီတာခန့် အရွယ်အစားရှိသော သူ့ရှေ့မှ ဧရာမ ဖားကြီးသည် အမှန်တကယ် နိုးထခြင်း အဆင့် (၇)သို့ ရောက်ရှိနေပြီ ဖြစ်သည်။
လုချန်း,သည် သူ့ထက်အဆင့်မြင့်သော တစ်စုံတစ်ယောက်ကို မမြင်တွေ့ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။
စနစ်၏အကူအညီဖြင့် သူသည်လျင်မြန်စွာ အဆင့်တက်နိုင်သည်ကို သိထားရမည်ဖြစ်သည်။
ထိုဧရာမဖားကြီးက မမျှော်လင့်ထားဘဲ နိုးထခြင်းအဆင့်(၇)ကို အမှန်တကယ်ရောက်ရှိနေသည်။
“အုပ်..ကွမ်!!”
အောက်မှ ဧရာမ ဖားကြီးက လုချန်း,ကို စိုက်ကြည့်ပြီး အသံတစ်ခု ထွက်လာသည်။
ဖားအော်သံက ချိုင့်ဝှမ်းထဲတွင် ပဲ့တင်ထပ်နေသည့် မိုးခြိမ်းသံကဲ့သို့ဖြစ်နေပြီး မူလငြိမ်သက်နေသော ရေကန်မျက်နှာပြင်သည် ယခုတွင် လှိုင်းလုံးများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
“အို? ဖားတစ်ကောင်ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး!”
လင်းယုန်ငှက်သည် ဧရာမဖားကြီးကို မြင်လိုက်ရသည်နှင့် သူ့ဦးရေပြားများက ယားယံလာသလို ခံစားလိုက်ရသည်။
အခုလေးတင် ငရဲပြည်က သူ့ကို ဖုန်းဆက်ပြီးခေါ်လုနီးပါးဖြစ်ခဲ့သည်။
“မြွေတွေက ဖားကိုအမဲလိုက်နေကျဆိုတော့ ဒီဖားတွေက အရသာရှိနေတာများလား”
နိုးထခြင်း သတ္တမအဆင့်ရှိ ကြီးမားသော ဖားတစ်ကောင်ကို ရင်ဆိုင်သော်လည်း လုချန်း,သည် ယခုအခိုက်အတန့်တွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မခံစားရဘဲ တိုက်ခိုက်ရေးစိတ်ဓာတ်များက သူ့မျက်လုံးများတွင် တောက်ပလာခဲ့သည်။
နိုးထခြင်း သတ္တမအဆင့်က မည်မျှ အစွမ်းထက်သည်ကို သူ အမှန်တကယ် စမ်းကြည့်ချင်သည်။
“ဧရာမဝံပုလွေ! ငါ မနေ့က မင်းကို ထွက်ပြေးခွင့် ပေးလိုက်တယ်၊ ဒါပေမယ့် မင်းက နောက်တစ်ခါ ပြန်လာမယ်လို့ ငါမမျှော်လင့်ထားဘူး”
လုချန်း,ကို ပို၍ ထိတ်လန့်သွားစေသည်မှာ ဤဖားကြီးက လူသားဘာသာစကားဖြင့် အမှန်တကယ် ပြောဆိုနိုင်နေသည်။
“နိုးထခြင်း သတ္တမအဆင့်ကိုရောက်သွားတဲ့ သားရဲတစ်ကောင်က လူသားဘာသာစကားကို ပြောနိုင်တာဖြစ်နိုင်မလား!”
သို့သော် ယခုအချိန်တွင် လုချန်းအတွက် လူ့ဘာသာစကားပြောနိုင်သည့်အချက်ထက်စာလျှင် တစ်ဖက်သားပြောသည့်စကားကိုသာ ပိုဂရုစိုက်သည်။
“ငါ ဒီနေရာကို အရင်က မရောက်ဖူးဘူး၊ ချီလင် တောင်တန်းမှာ နှင်းဝံပုလွေလို မျိုးစိတ်မျိုး မရှိဘူး”
“ဖြစ်နိုင်ချေတစ်ခုပဲရှိတယ်၊ ရှောင်ပိုင် အရင်က ဒီနေရာမှာရှိနေခဲ့ပြီး၊ ဒီဖားက ငါ့ကို ရှောင်ပိုင် နဲ့ အမှတ်မှားနေတာပဲ ဖြစ်ရမယ်”
လုချန်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ရှေ့မှ ဧရာမ ဖားကြီးသည် နိုးထခြင်း သတ္တမအဆင့် တွင်ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ရှောင်ပိုင်, လွတ်မြောက်နိုင်ခဲ့သည်၊ မဟုတ်ရင် နောက်ဆက်တွဲ အကျိုးဆက်များက မှန်းဆ၍ပင် မရပေ။
သို့ပေမယ့် ရှောင်ပိုင်,သည် ထွက်ခွာသွားပြီးဖြစ်သောကြောင့် သူမ၏ နောက်ထပ်တိကျသော ဦးတည်ချက်အကြောင်းကို ထိုဖားကြီးအား မေးမြန်းနိုင်သည်။
လုချန်း,သည် ဤဖားကြီးကို တိုက်ခိုက်နှိမ်နင်းရန် အသင့်ဖြစ်နေပြီဖြစ်သည်။
“မင်း မသွားချင်မှတော့ ဒီမှာဘဲနေခဲ့လိုက်တော့”
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ် အရွယ်အစားက လျင်မြန်စွာ ကြီးလာပြန်သည်။
မူလက ထိုဖားသည် ခုနစ်မီတာကျော်ခန့် ရှိပြီး ယခုအခါ ဆယ်မီတာခန့်အထိ ရောက်ရှိသွားသည်။
ခန္ဓာကိုယ် အရွယ်အစားအရ သူက လုချန်း ထက် မနိမ့်ပေ။
“သူ့ရဲ့ခန္ဓာကိုယ်အရွယ်အစားကိုတောင် တိုးနိုင်တယ်၊ ဒါက ဘယ်လိုထူးခြားတဲ့စွမ်းရည်လဲ”
ဤဖားကြီး၏ ခန္ဓာကိုယ်အရွယ်အစားကို မြင်ပြီး လုချန်း အနည်းငယ် အံ့သြသွားသည်။
ထိုဖား၏ အစွမ်းအစကို သူ ယခုအထိ မသိရသေးပေ။
သူက ချက်ချင်းပင် ပါးစပ်ကိုဖွင့်လိုက်ပြီး တစ်ဖက်ကို စမ်းသပ်ရန် ရေခဲစွမ်းရည်အား အသုံးပြုလိုက်သည်။
ဖားကြီးသည် သူ့၏ အနီရောင်လျှာကိုလည်ပတ်ပြီး ရေတန်းကြီးကို ထွက်ပေါ်စေခဲ့သည်။
လုချန်း,သည် ထိုရေတန်းကြီးကို ရေခဲအဖြစ် အဖြစ်ပြောင်းလဲအောင်ပြုလုပ်နိုင်ခဲ့သော်လည်း ထိုဖားကြီး၏ လျှာက ထိခိုက်မှုမရှိခဲ့ပေ၊ ယင်းကြောင့် ရေခဲများက တခဏချင်း အက်ကွဲသွားသည်။
လုချန်း,၏အမူအရာက မပြောင်းလဲသွားပေ၊ ထို့နောက် သူရူးသွပ်ခြင်း စွမ်းရည်ကို အသက်သွင်းလိုက်သည်။
သူ့ကိုယ်ပိုင်အစွမ်းသတ္တိက ချက်ချင်းပင်နှစ်ဆတိုးလာပြီး သူ့၏အရှိန်အဝါက နိုးထခြင်း သတ္တမအဆင့်ထက် ကျော်လွန်သွားသည်။
နောက်တစ်စက္ကန့်တွင် လုချန်း၏ ခန္ဓာကိုယ်မှ ငွေဖြူရောင်မိုးကြိုးများ ထွက်ပေါ်လာသည်။
လုချန်း,သည် ထိုအခိုက်အတန့်တွင် နတ်သားရဲကြီး တစ်ကောင်လာကဲ့သို့ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မိုးကြိုးများနှင့်အတူ လေထဲတွင်လွှင့်မျောနေသည်။
“ဘုန်း! ဘုန်း! ဘုန်း!”
မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ကောင်းကင်မှ ချက်ချင်းကျဆင်းလာပြီး ရေကန်တစ်လျှောက် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
ကန်ရေသည် လျှပ်စစ်ဓာတ်အားများကို စီးဆင်းစေနိုင်ပြီး ရူပဗေဒကို နားမလည်သော ဖားကြီးက အလွန် အံ့အားသင့်သွားသည်။
ပြင်းထန်လှသော မိုးကြိုးစွမ်းအားကို ရင်ဆိုင်ရသောအခါတွင် သူ လွတ်မြောက်ရန် နည်းလမ်းမရှိပေ။
တခဏချင်းမှာပင် မရေမတွက်နိုင်သော လျှပ်စစ်စီးကြောင်းများက သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသည်ကို ခံစားလိုက်ရသည်။
မပျက်စီးနိုင်သော လျှာက ထိုအခိုက်တွင် ချက်ချင်းပင် ထုံကျဉ်သွားသည်။
ကြီးမားသော နာကျင်မှုက သူ့လျှာကို ပြန်ဆွဲထုတ်ရန် တွန်းအားပေးခဲ့သည်။
“မဟုတ်ဘူး! မင်းမနေ့ကရှိခဲ့တဲ့ ဧရာမဝံပုလွေဘူး!!”