ကျန်းနန် ခရိုင်သို့ ဝင်ရောက်ခြင်း
Vol. 6 Ch. 84
ထိုအချိန်တွင် ဖားကြီးသည် သူရှေ့မှ ငွေဖြူဝံပုလွေကြီး မနေ့ကနှင့် အနည်းငယ် ကွဲပြားသည်ကို သတိပြုမိသည်။
အရွယ်အစားပိုကြီးသည်၊ ရောင်ဝါအားကောင်းပြီး လုံးဝကွဲပြားခြားနားသော ပင်ကိုယ်စွမ်းရည်များဖြင့်။
နောက်ဆုံးတွင် ဖားသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း နားလည်ခဲ့ပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်သော အရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။
ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက် ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။
ထိုဖားကြီးဟာ ရေကန်ထဲတွင်သာ ပုန်းအောင်းနေခဲ့ပြီး သန်မာသော ရန်သူများကို သေသည်အထိ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ကြီးမားသော ခန္ဓာကိုယ်ကြီးသည် ရေကန်ထဲသို့ တိုက်ရိုက် ခုန်ဆင်းသွားခဲ့သော်လည်း လုချန်း,သည် သူ့ခန္ဓာကိုယ်ပေါ်တွင် အမှတ်အသားတစ်ခု ချန်ထားခဲ့ပြီးဖြစ်သည်။
“ပြေးချင်လား၊ ပြေးလို့ရမယ်လို့ထင်လား”
လုချန်း,သည် ထွက်ပြေးသွားသော ဖား၏ အမှတ်အသားကို အမှီပြုမိပြီး ဖား၏ လမ်းကြောင်းအတိုင်း လိုက်ကာ ရေကန်အောက်ခြေသို့ ခုန်ဆင်းသွားခဲ့သည်။
ဆယ်မီတာကျော်ရှိသော ခန္ဓာကိုယ်ကြီးသည် ရေကန်ထဲသို့ ခုန်ဆင်းသွားသည်နှင့်တပြိုင်နက် ပြင်းထန်သောလှိုင်းလုံးကြီးများ လှုပ်ခတ်သွားသည်။
သို့သော် လုချန်း, သတိမူမိသည် ၊ ဖားကြီးသည် ရေထဲတွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော်လည်း သူကတော့ မတူပေ။
နှင်းဝံပုလွေတစ်ကောင်အနေဖြင့် လုချန်း သည် သူမွေးဖွားပြီးကတည်းက ရေမကူးတတ်သလို ရေခဲနှင့် နှင်းများပေါ်တွင် အမြဲရှိနေခဲ့သည်။
ယခု သူရုတ်တရက် ဤနက်နဲသောရေထဲသို့ရောက်သွားသောအခါ လုချန်း အနည်းငယ် စိတ်မသက်မသာဖြစ်မိသေးသည်။
ကံကောင်းထောက်မစွာ၊ သူ့၏ ကြံ့ခိုင်မှုက ယခုချိန်တွင် များစွာ တိုးတက်နေပြီဖြစ်သည်။
ထို့အပြင်၊ ကောင်းကင်တက်လှမ်းခြင်း စွမ်းရည်ကို အသုံးပြုခြင်းဖြင့် လုချန်း သည် ရေထဲတွင် တိုက်ရိုက်မသေစေရန် လုပ်ဆောင်ခဲ့သည်။
အတိုင်းအတာတစ်ခုအထိ၊ လေထဲတွင် လျှောက်လှမ်းခြင်းနှင့် ရေထဲလျှောက်လှမ်းခြင်းကြားတွင် ကွာခြားချက်များစွာမရှိပေ။
ပတ်ဝန်းကျင်အသစ်တစ်ခုဖြစ်သောကြောင့် လုချန်း,သည် မတူညီသောဆွဲငင်အားကို ဖြည်းဖြည်းချင်းလိုက်လျောညီထွေဖြစ်အောင်လုပ်ပြီး သူ့ခန္ဓာကိုယ်အလေးချိန်ကို ချိန်ညှိခဲ့သည်။
ရိုးရှင်းစွာဖြင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ပြီးနောက်၊ လုချန်း,သည် နောက်ဆုံးတွင် ရေထဲတွင် ရှိနေနိုင်ခဲ့သည်။
သို့သော်၊ နှင်းဝံပုလွေများသည် ရေကူးရာတွင် မကျွမ်းကျင်သောကြောင့် ရေကန်အတွင်းရှိ လုချန်း,၏ လှုပ်ရှားမှုသည် ကလေးငယ်တစ်ဦးကဲ့သို့ အလွန်နှေးကွေးသည်။
ယခုလည်း လုချန်း,သည် ကန်၏မျက်နှာပြင်နားရှိ ရေတိမ်ပိုင်းတွင်သာ လှည့်လည်သွားလာနိုင်သည်။
ရေကန်ထဲကို နက်နက်နဲနဲဝင်ပြီး ဒီဖားကြီးကို ဆွဲထုတ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပေ။
လင်းယုန်ငှက်သည် ကောင်းကင်တွင် လှည့်ပတ်နေပြီး အောက်ဘက်ရှိ အခြေအနေကို ကြည့်ကာ အားကိုးရာမဲ့ ဖြစ်နေသည်။
နှင်းဝံပုလွေတစ်ယောက်အနေဖြင့် လုချန်း သည် အနည်းဆုံးတော့ ရေထဲတွင် နေနိုင်သေးသည်။
ငှက်တစ်ကောင်အနေနဲ့ သူ့ရဲ့အကြီးမားဆုံး အကြောက်ဆုံးအရာမှ သူ့အမွေးများ စိုစွတ်သွားမှာကိုပင်။
လေထဲတွင်တောင် အသက်ရှင်ဖို့မသေချာ မရေရာခဲ့ပေ။ ရေကန်ထဲကိုသာ တကယ်လိုက်ဝင်ခဲ့မယ်ဆိုရင် ဖားကြီးကို အစာကျွေးနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
လုချန်း,သည် ရေကန်ထဲသို့ ပိုမိုနက်ရှိုင်းစွာ သွားချင်သော်လည်း သူ့ခန္ဓာကိုယ်က ခွင့်မပြုသောကြောင့် ရွေးချယ်စရာမရှိပေ။
သူသည် ရေထဲတွင် မိနစ်အတော်ကြာ သွားလာပြီးနောက် နောက်ထပ် ခံနိုင်ရည် မရှိတော့သည်ကို သိလိုက်ရသည်။
သို့သော် ဤအခိုက်အတန့်တွင် စနစ်မှ အသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
[ကျွမ်းကျင်မှုအသစ်- ရေငုပ်ခြင်း,ကိုရရှိသည့်အတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်။]
လုချန်း,၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားသည်။ ကျွမ်းကျင်မှုအသစ်အတွက် ဤကဲ့သို့ နှိုးဆော်သံမျိုး မကြားရသည်မှာ ကြီပြီဖြစ်သည်။
ကျွမ်းကျင်မှုအသစ်များကို သူနောက်ဆုံးရခဲ့သည်က နှင်းဝံပုလွေချိုင့်ဝှမ်း တွင်ဖြစ်သည်။ ထိုစဉ်က လုချန်း,သည် အရွယ်ရောက်နှင်းဝံပုလွေတစ်ကောင်ဖြစ်ရုံသာရှိသေးသည်။
လုချန်း,သည် ငယ်စဉ်ကလေးဘဝက အကြောင်းအရာလေးများကို ပြန်သတိရပြီး သူ့ညီမကိုရှာရန် ပို၍ပင် စိတ်ပိုင်းဖြတ်ခဲ့သည်။
“နှင်းဝံပုလွေတွေက ရေကူးမတတ်တာတော့ အမှန်ပဲ၊ ဒါပေမယ့် ငါ့မှာ ရေငုတ်ခြင်း,ကျွမ်းကျင်မှုရှိတာကြောင့် ကြောက်စရာမလိုတော့ဘူး”
လုချန်း,သည် တုံ့ဆိုင်းမနေတော့ဘဲ ဆင့်ကဲပြောင်းလဲခြင်း အမှတ်ပေါင်း နှစ်ထောင်ခုနစ်ရာကို တိုက်ရိုက်အသုံးပြုခဲ့သည်။
ဤကျွမ်းကျင်မှုကို တိုက်ရိုက်အဆင့်မြှင့်ပြီးနောက် ရေငုတ်ခြင်းကျွမ်းကျင်မှုကို ရေစွမ်းရည် အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့သည်။
ရေစွမ်းရည်သည် ရေနေသတ္တဝါအားလုံးနီးပါး နိုးကြားနိုင်သည့် စွမ်းရည်တစ်ခုဖြစ်သည်။
လုချန်း,သည် စနစ်၏ စွမ်းရည်မိတ်ဆက်ကို မြင်သောအခါ စိတ်ဓာတ်ကျခြင်းမရှိပေ။
“ဒီစွမ်းရည်က သာမန်ဆိုပေမယ့် အခုချိန်မှာ ငါ့အတွက် အရမ်းအသုံးဝင်တယ်”
ကျားများသည် ရေကူးကျွမ်းသော်လည်း လုချန်း,သည် ရေထဲတွင်နေနိုင်သော မည်သည့် နှင်းဝံပုလွေကိုမျှ မကြားဖူးခဲ့ပေ။
ကုန်းနေသတ္တဝါအနေဖြင့် လုချန်း,သည် ရေနေသတ္တဝါများကဲ့သို့ပင် ပင်ကိုယ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်သည့်အတွက် အလွန်ကျေနပ်နေသည်။
“ဒီရေကန်က အရမ်းကြီးပေမယ့် ကံကောင်းထောက်မစွာနဲ့ မိုင်တစ်ရာထက်တော့ မပိုဘူး”
လုချန်း,သည် စောစောက မှတ်ထားခဲ့သော အမှတ်အသားကို အခြေခံပြီး ရှာဖွေရန် ရေနက်ထဲသို့ ဆက်လက် ငုပ်လျှိုးသွားခဲ့သည်။
ယခု ရေစွမ်းရည်၏ ကောင်းချီးဖြင့် လုချန်း,သည် မြေပြင်ကဲ့သို့ ရေထဲတွင် လွပ်လပ်စွာလှုပ်ရှားနိုင်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် လုချန်း,သည် ဤရေကန်ကျယ်ကြီးထဲတွင် ရေနေသတ္တဝါများမရှိသည်ကို တွေ့ရှိခဲ့သည်။
သေချာသည်ကတော့၊ သူတို့အားလုံးကို ဧရာမ ဖားကြီးက မျိုချလိုက်ခြင်းသာဖြစ်ရမည်။
များမကြာမီ လုချန်း,သည် ရေအောက် မီတာ ၃၀၀ ကျော်အနက်ကို ရောက်ရှိလာသည်။
အမှတ်အသားပြုထားသည့်ဖားကြီးနှင့် မီတာ ၅၀၀ ခန့်သာကွာဝေးတော့သည်။
ရေကန်၏အောက်ခြေသည် အလွန်မှောင်မိုက်နေပြီး တစ်ယောက်ကိုယ်တစ်ယောက် မြင်နိုင်ရန် ခက်ခဲသည်။ ကံကောင်းထောက်မစွာ၊ လုချန်း,၏အမြင်အာရုံက အလွန်ထက်မြက်ပြီး ရေကန်အောက်ခြေကို အတားအဆီးမရှိဘဲ မြင်နိုင်သည်။
သို့သော် လုချန်း,ကို အံ့အားသင့်စေသည်မှာ ထိုဖားကြီးသည် သူ့၏အရွယ်အစားကို လိုသလိုပြောင်းလဲနိုင်ခြင်းဖြစ်သည်။
ယခုအခါ ဖားကြီးသည် သူ့ယခင်အရွယ်အစား၏ ဆယ်ပုံတစ်ပုံအထိ သေးငယ်နေသည်။
ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို လိုသလို ပြောင်းလဲနိုင်သောစွမ်းရည်က အမှန်တကယ် ထူးဆန်းလွန်းလှသည်။
“ဘာလား! မင်းတကယ်ရေကူးနိုင်တာလား!”
ရေကန်အောက်ခြေတွင် ပုန်းနေသော ဖားကြီးက လုချန်း,၏ ရုပ်သွင်ကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် မယုံကြည်နိုင်စွာ ပြောလိုက်သည်။
ထိုဝံပုလွေက သူ့ကမ္ဘာအမြင် ပြိုကျလုနီးပါး ဖြစ်သွားစေခဲ့သည်။
လုချန်း,သည် ယခုအချိန်တွင် စကားမပြောနိုင်သေးသောကြောင့် အေးစက်သော အကြည့်ဖြင့် ဖားကြီးကို စိုက်ကြည့်နေသည်။
ထို့နောက် သူသည် ဖားဆီသို့ ဖြည်းညှင်းစွာ ကူးခတ်လာသည်။
“မဟုတ်ဘူး၊ ခဏ..ခ..ခဏနေပါအုံး”
“အစ်ကိုဝံပုလွေ၊ ငါတို့ကြားမှာ ဘာအမှားအယွင်းမှမရှိဘူးထင်တယ်၊ မင်းဘာလို့ ငါ့နောက်ကို ဆက်လိုက်နေရတာလဲ”
“နှင်းဝံပုလွေ မင်းက ငါ့နောက်ကို လိုက်ဖို့ မီတာရာနဲ့ချီ နက်တဲ့ ရေကန် အောက်ခြေကို တကယ် ဆင်းလာခဲ့တာလား၊ မင်း တကယ်ပဲ ငါ့နဲ့ အသေတိုက်ခိုက်ချင်နေတာလား!!”
“ဒါ့အပြင် ငါ့မှာ အသားနည်းနည်းပဲရှိတာကို ကြည့်စမ်း၊ မင်းရဲ့ ခန္ဓာကိုယ်ကြီးရဲ့ဗိုက်အတွက် ငါ့အသားက လုံလောက်မှာမဟုတ်ဘူး!”
လုချန်း,သူ့နှင့် နီးကပ်လာသည်ကိုမြင်ပြီး ဖားကြီးက ထိတ်လန့်သွားကာ လူ့ဘာသာစကားနှင့် အကြောင်းပြချက်များကို စတင်ပြောဆိုခဲ့သည်။
ရေအောက်တွင် လူ့ဘာသာစကားကိုပြောနေသည့် ဧရာမ ဖားကြီး၏ စကားအား နားထောင်ရင်း လုချန်း ရယ်ချင်စိတ်ကို အတော်လေးထိန်းယူခဲ့ရသည်။
သို့သော် ဖားကြီးက ပိုစိတ်ဝင်စားဖို့ကောင်းလေလေ လုချန်း,က သူ့ကို အနိုင်ယူချင်လေလေဖြစ်သည်။
“ဒီကိုမလာခဲ့နဲ့၊ ငါသတိပေးနေတယ်၊ ဒီကိုမလာနဲ့!”
“မင်း အရှေ့ကို ထပ်တိုးလာရင် ငါမင်းကိုသတ်ရလိမ့်မယ်!”
လုချန်း,က မယိမ်းယိုင်ဘဲ သူ့ဆီ လျှောက်လာနေသည်ကို မြင်လိုက်ရပြီး ဖားကြီး၏ လေသံက ပိုအေးစက်လာသည်။
ဝိညာဉ်စွမ်းအင် ပြန်ရှင်သန်လာသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူသည် ဤရေကန်တွင် သားရဲများကိုအမဲလိုက်နေသည်မှာ ကျင့်သားရနေပြီဖြစ်ပြီး ဤအခြေအနေသို့ တွန်းပို့ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
လုချန်း,က သူ့ကိုလွှတ်ပေးရန် ရည်ရွယ်ချက်မရှိသည်ကို မြင်ပြီးနောက် ဖားကြီး၏ ခန္ဓာကိုယ်က ပိုကြီးလာပြန်သည်။
နိုးထခြင်း သတ္တမအဆင့်တွင်ရှိသော ဤဖားကြီး၏ ခန္ဓာကိုယ်က မယုံနိုင်လောက်အောင် မာကျောပြီး အလွန်အစွမ်းထက်သော လျှာ,လည်းရှိသည်။
အထူးသဖြင့်၊ လျှာပေါ်ရှိ ချွဲသလိပ်များက ထုံဆေးအာနိသင်ရှိသည်။
ဖား၏ကိုယ်ပိုင်နယ်မြေအပြင်၊ သူသည် အခြား ရက်စက်ကြမ်းကြုတ်သော သားရဲများထက် သာလွန်ပြီး ဤမျိုးဆက်တွင် သူ၏ပြိုင်ဘက်ဖြစ်နိုင်သည့် မည်သည့်သားရဲမျှ မရှိသလောက်ပင်ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ သူအခုရင်ဆိုင်နေရသည်မှာ နှင်းဝံပုလွေဘုရင် လုချန်း ဖြစ်သည်။
ဤဖားက ရေအောက်၌ သူအား တိုက်ခိုက်တော့မည်ကို မြင်ပြီးနောက် လုချန်း သည်လည်း သူ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားတော့မည်မဟုတ်ပေ။
သူ၏ ရူးသွပ်ခြင်း စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်ပြီးနောက် သူ၏ အရှိန်အဝါက ချက်ချင်းပင် နှစ်ဆ တိုးသွားသည်။
ပြင်းထန်သော ဖိအားကြောင့် ဖားကြီးသည် ပါးစပ်အဟောင်းသားဖြစ်ကာ တိုက်ခိုက်ရန်ပင် မေ့သွားခဲ့သည်။
ယခုအချိန်တွင်၊ လုချန်း,မှ ထွက်ပေါ်လာသော ပြင်းထန်သည့် ရောင်ဝါသည် နိုးထခြင်း အဆင့် (၈) နှင့် နှိုင်းယှဉ်နိုင်ပြီး၊ ဤဖားကြီးထက်ပင် ပို၍ ကြောက်စရာကောင်းသည် ။
“ဝှရှ်! ဝုန်း”
သိပ်မကြာလိုက်ခင်မှာပင်၊ ဧရာမဖားကြီးသည်လည်း တုံ့ပြန်လိုက်သည်။
သူ၏ နီမြန်းသောလျှာသည် ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်ကာ ကြီးမားသော ရေဝဲတစ်ခုကို လှုံ့ဆော်လိုက်သည်။
သို့သော် လုချန်း,ထံမှ အေးစက်သောရေခဲစွမ်းအားများ ချက်ချင်းထွက်ပေါ်လာပြီး ရေအောက်ခြေရှိ ရေဝဲကို တိုက်ရိုက်အေးခဲစေခဲ့သည်။
တစ်ချိန်တည်းမှာပင် လုချန်း,၏ ခန္ဓာကိုယ်ပေါ်တွင် သတ္တုကဲ့သို့ အကာအရံတစ်ခုထွက်ပေါ်လာသည်။
လုချန်း,ကို လျှာနှင့်တိုက်မိသွားသောအခါတွင် သတ္တုကိုတိုက်မိသောအသံသာထွက်ပေါ်သွားပြီး လုချန်း,ကို ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်စေခဲ့ပေ။
ထုံဆေးအာနိသင်ရှိသော ချွဲများတောင် သူ့အပေါ်အလုပ်မဖြစ်ခဲ့ပေ။
“ဘုန်း! ဘုန်း”
မိုးခြိမ်းသံများ ထွက်ပေါ်လာပြီးနောက် ဖားကြီး၏ ထိတ်လန့်နေသော မျက်လုံးများအောက်တွင် ငွေဖြူရောင်လျှပ်စီးများက လုချန်း,၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဧရာမ ဖားကြီး မတုံ့ပြန်ရသေးခင်မှာပင် မရေမတွက်နိုင်သော လျှပ်စီးကြောင်းများက ချက်ချင်းတိုးဝင်လာပြီး သူ့၏ ခန္ဓာကိုယ်ကို ထိမှန်သွားကာ သူ,မလှုပ်ရှားနိုင်တော့ပေ။
လုချန်း,သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ကြီးမားသော ဖားကြီးဆီသို့ ချက်ချင်း ပြေးသွားကာ ရေကန်၏ အောက်ခြေတွင် ဖိနှိပ်ထားလိုက်သည်။
သားရဲဘုရင်၏ တန်ခိုးကြီးသော ရောင်ဝါက သူ့၏ရေခဲပြာရောင် မျက်လုံးများထံမှ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်က စတင်လည်ပတ်လာသောကြောင့် ဖားကြီးသည် ဝိညာဉ်စာချုပ်ကို လက်မှတ်ရေးထိုးရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
နောက်ဆုံးတွင်၊ လုချန်း,သည် ဖားနှင့် ဆက်သွယ်နိုင်ခဲ့သည်။
“စောစောက မင်း နှင်းဝံပုလွေတစ်ကောင်နဲ့ တွေ့ခဲ့တယ်လို့ ပြောခဲ့တယ်မလား၊ အဲဒါ ငါ့ညီမပဲ၊ သူ့အကြောင်းကို မင်းသိသမျှ အကုန်ပြောစမ်း!”
“တစ်ခုခုမှားလို့ကတော့ ငါ ဒီနေ့ ဖားသားကိုကင်စားမယ်!”
ထိုစကားကိုကြားပြီးနောက် ဖားကြီးက ထိတ်လန့်သွားပြီး နာကျင်စွာအော်ဟစ်လိုက်သည်။
ယခင် သူတိုက်ခိုက်ခဲ့သော ဧရာမဝံပုလွေကြီးက အခုသူ့ရှေ့မှ ဝံပုလွေကြီးရဲ့ ညီမဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
“မထူးဆန်းတော့ပါဘူးလေ၊ မနေ့က သူရဲကောင်း နှင်းဝံပုလွေ,က သခင်ရဲ့ညီမ ဖြစ်နေတာကိုး၊ သူက တကယ်ကို ကြောက်စရာကောင်းပြီး အထင်ကြီးစရာကောင်းတယ်၊ မနေ့က ငါ သူမနဲ့ တိုက်ခိုက်နေချိန်က....”
“လိုရင်းကို ပြောစမ်း!!”
ဤဖားကြီးသည် အလွန်တရာ လူသားဆန်ပြီး မြှောက်ပင့်သည့်နည်းကိုပင် သိသောကြောင့် လုချန်း,က သူ့ကို အမြန်တားဆီးလိုက်ရသည်။
“အဟမ်း...အဟမ်း သခင်၊ မနေ့က သူငါ့ကို မယှဉ်နိုင်ခဲ့ဘူး၊ ငါ သူ့ကို မိုင်တစ်ရာကျော်အထိ လိုက်ဖမ်းခဲ့တယ်”
“သူမ,ထွက်သွားတဲ့လမ်းကို ကြည့်ရသလောက်ကတော့ အရှေ့တောင်ဘက်ကို ဦးတည်သွားနေတာဖြစ်ရမယ်၊ သူ ဒီတောင်တန်းကနေ ထွက်ခွာသွားပြီးပြီ”
လုချန်း,သည် ထိုစကားကိုကြားပြီးနောက် လေးလေးနက်နက် တွေးတောနေသည်။
သူ့စိတ်ထဲတွင်မှတ်သားထားသည့် မြေပုံအရ အရှေ့တောင်ဘက် ဦးတည်ချက်က ရန်,နိုင်ငံ၊ ကျန်းနန်,ခရိုင် ဖြစ်သင့်သည်။
လုချန်း,သည် ဖားကြီးကို ကျန်းနန် ခရိုင် သို့ ခေါ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ကျန်းနန်,မြို့သည် မြစ်များ၊ ရေကန်များနှင့် ပင်လယ်များစွာရှိသော ရေမြို့တစ်မြို့ဖြစ်ပြီး ၎င်းက ဖားကြီး၏ ထူးခြားသောစွမ်းရည်များကို ပြသရန် သင့်တော်သည်။
ဆန့်ကျင်ဘက်အနေနှင့်၊ ဝက်ဝံညိုသည် သူ့၏ကြီးမားသောအရွယ်အစားကြောင့်၊ သူ၏လှုပ်ရှားမှုများက ငလျင်လှုပ်နေသကဲ့သို့ဖြစ်စေသည်။
ဖားကြီးနှင့် ဆက်သွယ်နေစဉ်အတွင်း သူသည် သူ့၏ခန္ဓာကိုယ်ကို လိုသလို ချဲ့နိုင်စွမ်း၊ ကျုံ့နိုင်စွမ်းရှိကြောင်း လုချန်း သိရှိခဲ့သည်။
သူတွင် သန်မာသောကိုယ်ထည်ရှိပြီး အလွန်အကြမ်းခံသည်။
အထူးသဖြင့် လျှာသည် အပြင်းထန်ဆုံးဖြစ်ပြီး ပစ်မှတ်ကို မီတာတစ်ထောင်အကွာတွင်ပင် ဖမ်းယူနိုင်သည်။
ကံမကောင်းစွာဖြင့်၊ သူ့ခန္ဓာကိုယ်နှင့် လျှာက မာကျောပြီး တိုက်ခိုက်ခြင်းများကို ခံနိုင်ရည်ရှိသော်လည်း ထိုအထဲတွင် လျှပ်စီး တော့မပါဝင်ခဲ့ပေ။
နေ့တစ်ဝက်လောက် ခရီးဆက်ပြီးနောက်၊ ရက်စက်ကြမ်းကြုတ်သော သားရဲလေးကောင်သည် နောက်ဆုံးတွင် ချီလင် တောင်၏ အရှေ့ဘက် အစွန်အဖျားဒေသသို့ ရောက်ရှိလာသည်။
ဆက်သွားလျှင်၊ သူတို့သည် လူသားများနေထိုင်ရာ ဒေသသို့ တရားဝင် ဝင်ရောက်တော့မည်ဖြစ်သည်။
ဒါဘီယန်,၏ခန္ဓာကိုယ်က ထင်ရှားလွန်းသောကြောင့် လုချန်း,သည် သူ့အား ချီလင် တောင်တန်းတွင်သာ ဆက်လက်နေထိုင်စေခဲ့သည်။
ကျိုးအိင်,သည် အတောင်ပံကိုခတ်ကာ မီတာထောင်ပေါင်းများစွာ အမြင့်တွင် ပျံသန်းနေလေသည်။
ဖားသည် သူ့၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်ကို ထိန်းချုပ်ပြီး သူ့ကိုယ်သူ သေးငယ်အောင် ပြုလုပ်ခဲ့သည်။
လူသားများနေထိုင်ရာဒေသသို့ ရောက်ရှိလာပြီးနောက်တွင်၊ လူတို့နေထိုင်ရာမြို့များသည် ယခုအခါ မြင့်မားသောတံတိုင်းများတည်ဆောက်နေကြသည်ကို တွေ့ရှိခဲ့သည်။
အစွန်အဖျား ဆင်ခြေဖုံးကျေးရွာများကဲ့သို့ နေရာမျိုးတွင် မူလရွာသားများကို မတွေ့ရတော့ပေ။
အဆုံးတွင်၊ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာမှုနှင့်အတူ တောတောင်များရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများက အဖျက်အဆီးများစွာကို ဖြစ်စေခဲ့သည်။
မြင့်မားသောတံတိုင်းများနှင့် စစ်တပ်များ၏ အကာအကွယ်မပါဘဲ သာမန်လူသားများက သားများအတွက် အစာများသာ ဖြစ်လာမည်ဖြစ်သည်။