ပြင်းထန်သော တိုက်ပွဲဖြစ်လာမည့် အရိပ်အယောင်များ
Vol. 6 Ch. 85
ကျန်းနန် ခရိုင်တွင် မြစ်များစွာသာမက တောင်တန်းများစွာလည်း ရှိသည်။
မြစ်အများစုသည် လူသားများနေထိုင်ရာ မြို့ကြီးအချို့ကို ဖြတ်သန်းစီးဆင်းလျှက်ရှိသည်။
စီးဆင်းနေသော ဤမြစ်များသည် လူသားများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုကို အဆင်ပြေချောမွေ့စေသည်။
ကျန်းနန် ၏အလယ်ပိုင်းဧရိယာတွင် ယန်ကျိုး ဟုခေါ်သောမြို့တစ်မြို့ရှိပြီး ကျန်းနန် ခရိုင် ၏အချမ်းသာဆုံးမြို့လည်းဖြစ်သည်။
ကျန်းနန် ခရိုင်တွင် မြင့်မြတ်သောမိသားစုများစွာရှိပြီး ယန်ကျိုးမြို့ တွင်နေထိုင်ကြသည်။
ယခုအချိန်တွင် ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာခြင်းနှင့်အတူ၊ ယန်ကျိုးမြို့ သည် ဖွံ့ဖြိုးသောစီးပွားရေးနှင့် ကုန်သွယ်မှုတွင်သာမက အလွန်အားကောင်းသောစွမ်းရည်နိုးထလာသူများလည်းရှိသည်။
ဤအခိုက်အတန့်တွင် ယန်ချန်းမိသားစု၏ အကြီးအကဲဖြစ်သော ယန် အိမ်တော်ထဲတွင် လူငယ်တစ်ဦးသည် သူ့ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းနှင့် ကွင်းပြင်တစ်ခုတွင် ရပ်နေသည်။
လူငယ်လေးသည် လမ်းလျှောက်မီးသီးကဲ့သို့ သူ့တစ်ကိုယ်လုံးတွင် အလင်းတန်းများ ထုတ်လွှတ်နေသည်။
ဤလူငယ်သည် ယန် မိသားစု၏ အကြီးဆုံးသား ယန်ဘိုခွမ် ဖြစ်ပြီး သူ နိုးထလာစွမ်းရည်သည် အလင်းနှင့်လည်း သက်ဆိုင်သည်။
ယန်ဘိုခွမ်,သည် သူ၏ အထူးစွမ်းရည်ကို နိုးထလာပြီးနောက်၊ သူ့မျက်လုံးထဲမှ ကြောက်မက်ဖွယ်ကောင်းသော လေဆာရောင်ခြည်တန်းများကို ထုတ်လွှတ်နိုင်ခဲ့သည်။
အလွန်ပြင်းထန်သော စွမ်းအားဖြင့် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များတွင် လေဆာမျက်လုံးနှင့်ဆင်တူသည်။
ထိုအပြင် ထိုလေဆာမျက်လုံး၏ တိုက်ခိုက်မှုအမြန်နှုန်းက အလင်းရဲ့အမြန်နှုန်းထက် ပိုမြန်ပုံရသည်။
ကမ္ဘာပေါ်ရှိ လူသားမျိုးနွယ်များထဲတွင် သူသည် အလွန်ထူးခြားသော ပါရမီရှင်ဖြစ်သည်။
ယန်ဘိုခွမ်,၏ တိုက်ခိုက်မှုများကို အခြားလူများနှင့် သန်မာရက်စက်သော သားရဲများပင်ဖြစ်စေ မည်သူမျှ သူ့တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။
“ဘုန်း!”
ဤအခိုက်အတန့်တွင် ယန်မိသားစုအိမ်ကြီးတွင် ဂုဏ်သရေရှိအကြီးအကဲများစွာရှိနေပြီး အားလုံးက ကွင်းပြင်ထဲရှိ ယန်ဘိုခွမ်,ကိုကြည့်ကာ အလွန်အံ့သြသွားကြသည်။
ယန်ဘိုခွမ်,၏ အပေါ်ပိုင်းဗလာကျင်းနှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် နဂါးတစ်ကောင်ကဲ့သို့ ရစ်ပတ်ထားသော ကြွက်သားများရှိသည်။
အဝေးတစ်နေရာရှိ ကျောက်တုံးကြီးတစ်တုံးကို သူကြည့်လိုက်သည်။
ထို့နောက် သူ့မျက်လုံးထဲမှ အလင်းတန်း တစ်ခုက ချက်ချင်းထွက်လာပြီး မည်သူမျှ တုံ့ပြန်နိုင်စွမ်းမရှိပေ။
မီတာတစ်ရာအကွာအဝေးရှိ ကျောက်တုံးကြီးက ရုတ်တရက်ပေါက်ကွဲကာ မြေပြင်ပေါ်တွင် အပိုင်းအစများဖြင့် ပြည့်နှက်သွားသည်။
အခြားဦးတည်ချက်တစ်ခုတွင်၊ သံမဏိပြားများစွာရှိသည်။
ယန်ဘိုခွမ်,သည် မည်သူမျှ လိုက်မမီနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် သူ၏မျက်လုံးထဲမှ လေဆာရောင်ခြည်များကို ပစ်လွှတ်လိုက်ကာ စတီးပြားများအားလုံး ဖောက်ထွင်းသွားသည်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက လူတိုင်းကို စကားမပြောနိုင်လောက်အောင်ပင် ထိတ်လန့်သွားစေသည်။
အသက်ပြင်းပြင်းရှူပြီးနောက် ယန်ဘိုခွမ် ၏ မျက်လုံးများက ယခင်တည်ငြိမ်ကို ပြန်လည်ရရှိသွားခဲ့သည်။
ဤမျက်လုံးတစ်စုံသည် သာမာန်လူများ၏ မျက်လုံးနှင့် မတူဘဲ အလွန်နက်မှောင်လှသည်။
သို့ပေမယ့် မီတာတစ်ရာအကွာရှိ ကျောက်တုံးကြီးနှင့် လက်ဖဝါးအရွယ်ခန့်ထူသော သံမဏိပြားများကို ဖျက်ဆီးပစ်ခဲ့သည့် ထူးခြားသည့် မျက်လုံးတစ်စုံ ဖြစ်သည်။
များမကြာမီတွင် ကြည့်ရှုသူများ၏ အာရုံများ ပြန်လည်ရရှိလာသည်။
ထို့နောက် ခန်းမထဲတွင် နွေးထွေးသော လက်ခုပ်သံများ ထွက်ပေါ်လာသည်။
“သခင်လေး ယန် က မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဒီနတ်ဘုရားမျက်လုံးတစ်စုံက ငါတို့ရဲ့အမြင်ကို တကယ်ပွင့်စေတယ်”
“ဒီမျက်လုံးတစ်စုံက ကောင်းကင်ကဆင်းသက်လာတဲ့ နတ်ဘုရားမျက်လုံးနဲ့တူတယ်၊ ကြီးမားတဲ့ ကျောက်တုံးနဲ့ သံမဏိပြားတွေကိုတောင် ထိုးဖောက်နိုင်တယ်”
“လူတိုင်းက ယန် မိသားစုကို စီးပွားရေးမိသားစုလို့ ထင်နေကြပေမယ့် အခုအချိန်မှာ ယန်ကျိုး,ရဲ့ခေါင်းဆောင်နေရာက ယန် မိသားစုအတွက်ပဲဖြစ်လိမ့်မယ်”
လူတိုင်းက ယန်ဘိုခွမ် ကို ချီးကျူးနေကြသည်။
လူအုပ်ကြားတွင် ချစ်စရာကောင်းသော အသွင်အပြင်နှင့် အမျိုးသမီးငယ်တစ်ဦး ရှိနေပြီး လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
သူမသည် ရှည်လျားသော အနက်ရောင် ဆံပင်ရှည်ကို ကျောပြင်တွင် ပေါ့ပေါ့ပါးပါး ချထားကာ သူမ၏ တစ်ကိုယ်လုံးက ကျက်သရေလှရှိသည်။
ထုအမျိုးသမီးက ချီလင် တောင်ကနေ ကံကောင်းစွာ လွတ်မြောက်ခဲ့သော စုယင် ဖြစ်သည်။
စုယင်,သည် စွမ်းရည်နှစ်ခုပိုင်ဆိုင်ထားပြီး ယခင်က ချီလင် တောင်ကို ရောက်ဖူးသောကြောင့် ချီလင် တောင်ကို ဝိုင်းရံမှုနှင့် နှိမ်နင်းမှုတွင် ကိုယ်တိုင်ပါဝင်ခဲ့သည်။
တိကျသောအသေးစိတ်အချက်အလက်များကို မည်သူမျှမသိသော်လည်း ထိုရှုပ်ထွေးသောစစ်မြေပြင်တွင်ပင် သူအမှန်တကယ် လွတ်မြောက်နိုင်ခဲ့သည်။
သို့သော် ဤကဲ့သို့အခြေအနေမျိုးတွင် ရှင်သန်နိုင်ရန် အလွန်အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်ထားရမည်ဖြစ်သည်။
ထို့ကြောင့် လူသားမြို့သို့ ပြန်ရောက်ပြီးနောက်၊ စုယင်,သည် အဖွဲ့များစွာ၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး ယန် မိသားစုက သူမကိုခေါ်ယူခဲ့သည်။
“သခင်လေး ယန်၊ သခင်လေးရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ စွမ်းအားတွေက တကယ်ကို အားကောင်းရင်း အားကောင်းလာတယ်”
စုယင်,၏ အသံသည် နူးညံ့လွန်းသဖြင့် ကြားရလူတိုင်း၏ နှလုံးသားကို ယားယံစေသည်။
သူမသည် ခန္ဓာကိုယ်အပေါ်ပိုင်းရှိ ရှပ်အင်္ကျီအဖြူနှင့် အောက်ပိုင်းတွင် အနက်ရောင်ခြေအိတ်ကို ၀တ်ဆင်ထားပြီး တင်းကျပ်သောစကတ်နှင့် တွဲဖက်ထားသည်။
သူမသည် သန်မာသောအသက်မွေးဝမ်းကြောင်းအမျိုးသမီးတစ်ဦးကဲ့သို့ ၀တ်ဆင်ထားသော်လည်း၊ ဤဝတ်စုံသည် သူမ၏ စွဲမက်ဖွယ်ရုပ်သွင်ကို အပြည့်အဝပေါ်လွင်စေသည်။
ဆွဲဆောင်မှုရှိသော အသွင်အပြင်နဲ့ တွဲစပ်ထားတာကြောင့် အလွန်ဆွဲဆောင်မှုရှိပြီး ချောမောလှပ နေတော့သည်။
ယန်ဘိုခွမ်,၏ ရှေ့သို့ရောက်လာပြီးနောက် စုယင်,သည် သူမ ရင်ဘတ်ရှိ အင်္ကျီကြယ်သီးဖြုတ်လိုက်ပြီး အတွင်းရှိ အဖြူရောင် အင်္ကျီအပါးလေးကို လစ်ဟာပြလိုက်သည်။
ယန်ဘိုခွမ်, အနည်းငယ် ပြုံးလိုက်ပြီး စုယင်,ကို သူ့ရင်ခွင်ထဲသို့ တိုက်ရိုက် ဆွဲသွင်းကာ သူလက်များက အပေါ်အောက် ရွှေ့လျားနေသည်။
ပူနွေးသောလက်တစ်စုံက သူမခန္ဓာကိုယ်အနှံ့ ရွှေ့လျားနေသည်ကို ခံစားလိုက်ရသော်လည်း စုယင်,သည် လုံးဝမခုခံရုံသာမက အလွန်ကောင်းမွန်စွာ ပူးပေါင်းလုပ်ဆောင်ပြီး ယန်ဘိုခွမ်,၏ရင်ခွင်ထဲတွင် ငြိမ်သက်စွာနေ, နေသည်။
မူလက စုယင်,သည် ကျန်းချောင်ဘင် ကို မျက်စိကျခဲ့သော်လည်း ကျန်းချောင်ဘင် သည် ကံမကောင်းသဖြင့် ချီလင် တောင်တွင် သေဆုံးခဲ့သည်။ ထို့ကြောင့် စုယင် သည် ချက်ချင်းပင် ပစ်မှတ်ကို ပြောင်းလိုက်ရသည်။
သူတို့နှစ်ဦးသည် အလွန်ရင်းနှီးစွာပြုမူကြပြီး ပတ်ဝန်းကျင်ရှိလူများကို လုံးဝလျစ်လျူရှုထားကြသည်။
ဒါကိုမြင်ပြီး ဘေးပတ်ဝန်းကျင်ရှိ လူများလည်း လိမ္မာပါးနပ်စွာ နောက်ဆုတ်သွားကြသည်။
“သခင်လေး ဝူဗာလင် ပြန်ပေါ်လာပြန်ပြီ!”
ထိုအချိန်တွင် လက်အောက်ငယ်သားတစ်ဦးသည် ယန်ဘိုဂွမ်ဆီသို့ ရုတ်တရက် ရောက်လာပြီး ပြောလိုက်သည်။
“ဘာပြောလိုက်တယ်၊ ဝူဗာလင်,က ကျန်းနန်,ကို ရောက်လာတယ် ဟုတ်လား!”
လက်အောက်ငယ်သားက တင်ပြသောသတင်းကို စုယင် ကြားသောအခါ သူမ အလွန်တုန်လှုပ်သွားသည်။
ချီလင် တောင်တန်းတွင် ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်သတိရကာ သူမ ချက်ချင်းပင် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်ရသည်။
စုယင်,သည် ကျန်းနန် ပြန်ရောက်ပြီးသော်လည်း ဤဝူဗာလင်,က သူ့နောက်ကို လိုက်ရန် စိတ်ပိုင်းဖြတ်ထားဆဲ ဖြစ်နေလိမ့်မည်ဟု သူမ,မမျှော်လင့်ထားခဲ့ပေ။
ရန် နိုင်ငံ၏ နယ်မြေသည် အလွန်ကြီးမားသော်လည်း ချင်လင်တောင်တန်းမှ ထွက်ခွာရန် လမ်းကြောင်းများစွာရှိသည်။
စုယင်,သည် ဤဝူဗာလင် သူ့နောက်ကို လိုက်လာခဲ့သည်က ဖြစ်နိုင်သည်ဟု သူမ တွေးလိုက်သည်။
ချီလင် တောင်တန်းတွင်ရှိနေသည့် အချိန်များကို ပြန်တွေးကြည့်ရင်း၊ ထို ဝူဗာလင် က သူမကို ပစ်မှတ်ထားခဲ့ပြီး သူမ,အနောက်ကို အမြဲတစေ လိုက်နိုင်ခဲ့သည်။
စုယင်,သည် ဝူဗာလင်,တွင် ခြေရာခံစွမ်းရည် ရှိကြောင်း မှန်းဆနိုင်ခဲ့သည်။
“သခင်လေး ယန်၊ ဒီ ဝူဗာလင်,က ငါ့ကို အမှတ်အသားပြုထားပုံရတယ်၊ သူက ငါ့တည်နေရာကို အမြဲတမ်း အတိအကျ ခြေရာခံနိုင်တယ်”
ဝူဗာလင်,သည် ကျန်းနန် ခရိုင်သို့ ရောက်လာကြောင်း သိလိုက်ရသောအခါ၊ စုယင်,၏ အသံသည် ယခင်ကထက် ပို၍ သိမ်မွေ့လာပြီး ယန်ဘိုခွမ်,ကို စို့နှစ်ကာ ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ဝူဗာလင်,က သားရဲကောင်သာသာပဲ၊ သူ ကျန်းနန် မှာ မဆင်မခြင် ပြုမူဝံ့ရင် သူ့အတွက် ထွက်လမ်းဆိုတာရှိတော့မှာ မဟုတ်ဘူး!”
ယန်ဘိုခွမ်,၏ မျက်လုံးထဲတွင် ပြင်းထန်သော အကြည့်တစ်ချက် တောက်ပသွားသည်။ မူလကတည်းက သူ ဤဝူဗာလင် ကို အမဲလိုက်ချင်နေခြင်း ဖြစ်သည်။
ယခုအချိန်တွင် ဝူဗာလင်,သည် အင်ပါယာမြို့တော်တွင် အလွန်နာမည်ကြီးနေပြီး စွမ်းရည်နိုးထလာသူများစွာသည် ဤအစွမ်းထက်သော သားရဲအကြောင်းကို ပိုမို သိရှိလာကြသည်။
ဝူဗာလင် ကိုသာ သတ်နိုင်လျှင် ယန် မိသားစု၏ ဂုဏ်သိက္ခာက များစွာ တိုးတက်လာမည် ဖြစ်သည်။
“ပြော၊ ဝူဗာလင် ဘယ်မှာလဲ”
“သခင်လေး၊ အချက်အလက်တွေအရဆိုရင် သူက ယန်ဇီမြစ်နားက ယန်ရှ တောင်ထဲကို ဝင်သွားတာဖြစ်နိုင်တယ်”
“ကောင်းပြီ၊ စီစဉ်ထားလိုက်၊ ငါ ယန်ရှ တောင်မှာ အမဲလိုက်လိုက်မယ်”
“ဟမ့်၊ စစ်တပ်က ဝူဗာလင်,ကို ချီလင် တောင်မှာ သေဆုံးသွားတယ်လို့လည်း သတင်းထုတ်ပြန်ထားတယ်”
“မင်းတို့ရဲ့သတင်းက သာမာန်လူတွေကိုပဲ လှည့်စားလို့ရနိုင်တယ်၊ ဒါပေမယ့် ငါကိုတော့ လှည့်စားလို့မရဘူး”
ယန်ဘိုခွမ်,၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ချက် လင်းလက်သွားသည်။ ဝူဗာလင်,ကို အနိုင်ယူပြီး ကမ္ဘာတစ်ဝှမ်းတွင် ကျော်ကြားလာမည်ကို သူမြင်ယောင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဤအခြေအနေက ယန် မိသားစုတွင်သာမက ကျန်းနန် ခရိုင်ရှိ အဓိကမိသားစုအားလုံးတွင်လည်း ဖြစ်ပွားခဲ့သည်။
“အဲဒီသားရဲရဲ့ ခွန်အားက အနောက်မြောက်လင်းယုန်ဘုရင်ကို အစားထိုးပြီး သားရဲဘုရင်အသစ်ဖြစ်လာဖို့ လုံလောက်တယ်!”
“ဒီတစ်ခါ ဝူဗာလင်,က ယန်ရှ တောင်ထဲကို ပြေးဝင်သွားတယ်၊ ဒါက ငါတို့အတွက် အခွင့်ကောင်းပဲ၊ ငါတို့သာ ဒီသားရဲကိုသတ်နိုင်ရင် ငါတို့မိသားစုရဲ့ ဂုဏ်သိက္ခာက ယန် မိသားစုကို တိုက်ရိုက်ကျော်သွားနိုင်တယ်!”
ကျန်းနန် ခရိုင်ရှိ အဓိက မိသားစုများသည်လည်း စတင်လှုပ်ရှားလာကြသည်။
ယင်းအတွက် အကြောင်းရင်းမှာ သြဇာကြီးသူအများစုက အနာဂတ်လမ်းကြောင်းကို မြင်ယောင်ခဲ့သောကြောင့် ဖြစ်သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာခြင်း၏ဖြစ်စဉ်ကို ရပ်တန့်၍မရနိုင်ပေ။
မဝေးတော့သောအနာဂတ်တွင် လူတစ်ဦးချင်းစီ၏စွမ်းအားသည် နည်းပညာမြင့်လက်နက်များထက် ပိုမိုအားကောင်းလာမည်ဖြစ်သည်။
ထိုအချိန်တွင် တည်ငြိမ်နေသော ဟန်ချက်က ပျက်ပြားပြီး စွမ်းရည်ရှိသူများကြား သဘောထားကွဲလွဲမှု အခြေအနေများ ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည်။
ထို့ကြောင့် အစောပိုင်းအဆင့်များတွင် ကျော်ကြားမှုများကို ရရှိပြီး အထူးစွမ်းရည်ရှိသူများကို ပိုမိုဆွဲဆောင်နိုင်ပါက၊ နောက်ပိုင်းတွင် တည်မြဲသောအာဏာကို တည်ဆောက်ရန်အတွက် အုတ်မြစ်ချနိုင်မည်ဖြစ်သည်။
………………
ယခုအချိန်တွင် ယန်ဇီမြစ်ကမ်းဘေး၊
ယန်ရှ တောင်တွင် ဝံပုလွေကြီးတစ်ကောင်သည် ယခုအချိန်တွင် စားသောက်လျှက်ရှိသည်။
ဤဝံပုလွေကြီးက ချီလင် တောင်တန်းမှ ကျန်းနန် ကိုရောက်လာသော ယိုချင်းယန် ဖြစ်သည်။
သူမတွင် လုချန်း ကဲ့သို့ ကိုယ်ပျောက်နိုင်သော စွမ်းရည်မရှိသည့်အပြင် သူမကို လူသားများကကိုမြင်သွားပြီဖြစ်ကြောင်းကိုလည်း သူမ,မသိခဲ့ပေ။
“မကြာခင် ဒီ ယန်ဇီ တောင်တန်းမှာ တီယန်ယွမ် သစ်သီး မွေးဖွားလာလိမ့်မယ်၊ ပထမအသုတ်က အသီးတွေ ရင့်မှည့်တဲ့အခါ သစ်ပင်မှာ အသီးဆယ်မျိုး ထွက်လာလိမ့်မယ်”
“ငါသာ အဲဒါတွေအားလုံးကို စားနိုင်ရင် နိုးထခြင်း သတ္တမအဆင့် ဒါမှမဟုတ် အဋ္ဌမအဆင့်ကိုတောင် တိုက်ရိုက်တက်သွားနိုင်တယ်!”
ယိုချင်းယန်,သည် သူမ၏နောက်ထပ်အစီအစဥ်ကို စဉ်းစားရင်း စားသောက်နေခဲ့သည်။
………………
ယန်ဇီမြစ်သည် မိုင်ပေါင်းများစွာ ရှည်လျားပြီး ၎င်း၏မျက်နှာပြင်က အလွန်ကျယ်ဝန်းသည်။
လုချန်း,သည် မြစ်တစ်လျှောက် ခရီးနှင်ရန် ရွေးချယ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ်၊ သူသည် ပင်ကိုယ် ရေစွမ်းရည်ကို နိုးထလာသည့်အတွက် ကုန်းပေါ်တွင်ရှိနေခြင်းနှင့် ရေထဲတွင်ရှိနေခြင်းက အတူတူပင်ဖြစ်သည်။
လုချန်း,သည် တမ် (ဖားကြီး) ကို ခေါ်ပြီး ရေအောက်တစ်လျှောက်လုံးတွင် ခရီးနှင်နေခဲ့သည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာခြင်းကြောင့် မြစ်ထဲတွင် အားကောင်းသည့် ရေနေသတ္တဝါများစွာရှိသည်။
ငါးဖမ်းလှေငယ်များကို မတွေ့ရတော့ဘဲ ကြီးမားသော ကုန်တင်သင်္ဘောကြီး တစ်စင်း၊ နှစ်စင်းကိုသာ ရံဖန်ရံခါ မြင်တွေ့ရသည်။
ဤကျယ်ပြန့်သော ရေဧရိယာတွင် လူသားများသည် သားရဲများကို ခြိမ်းခြောက်နိုင်မှုက အလွန်နည်းပါးလှသည်။
လုချန်း,သည် ရေ၏အောက်ခြေတွင် ဝိညာဉ်သစ်သီး အနည်းငယ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ၎င်းတို့ကိုခူးယူခြင်းက အလွန်လွယ်ကူခဲ့သည်။
ယန်ဇီမြစ်ကို ဖြတ်၍ ခရီးထွက်ခြင်း အတော်လေး ချောမွေ့သည်ဟု ဆိုနိုင်သည်။
တမ်,သည် ရေထဲတွင် ပို၍ပင် သက်တောင့်သက်သာ ရှိပြီး သူ့လျှာသည် သံမဏိကဲ့သို့ မာကျောကာ ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ ပစ်လွှတ်လိုက်သည်။
တခဏချင်းမှာပင် သူလျှာက မီတာရာနဲ့ချီ အဝေးတွင်ရှိသော ရေမြွေတစ်ကောင်ကို ရစ်ပတ်ပြီးဆွဲယူကာ သူ့ပါးစပ်ထဲကို တိုက်ရိုက် ထည့်လိုက်သည်။
လုချန်း သွားလာနေစဉ်တွင် မြစ်ငါးကြီးတစ်ကောင်ကိုလည်း ဖမ်းမိခဲ့သည်။
လုချန်း,သည် ရေအောက်၌ တစ်ရက်နေပြီးနောက် ဆင့်ကဲပြောင်းလဲခြင်း အမှတ်ပေါင်း ၆၀,၀၀၀ ကို ရရှိခဲ့သည်။
ရေထဲတွင် ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို စုဆောင်းခြင်းက ကုန်းမြေထက် နှေးကွေးခြင်းမရှိကြောင်း သူတွေ့ရှိခဲ့သည်။
ယခု လုချန်း,သည် သတ္တမအဆင့်ကို ကျော်ဖြတ်နိုင်ရန် မဝေးတော့ပေ။
သူ၏ အဓိက ရည်ရွယ်ချက်မှာ သူ့ညီမကို ရှာဖွေရန်ဖြစ်သော်လည်း လုချန်း,သည် အသားစားပြီး သန်မာလာခြင်းကိုလည်း မမေ့ခဲ့ပေ။
ခက်တာက ဒီလိုမျိုးအချိန်တွေမှာ မင်းမှာ လုံလောက်တဲ့ခွန်အားသာမရှိရင် မင်းညီမကိုတွေ့ရင်တောင် သူ့ကိုဘယ်လိုကာကွယ်ပေးမလဲ။
“သခင်၊ ဝူဗာလင် ပြန်ပေါ်လာပြီ”
“ဒီတခေါက် ယန်ရှ တောင်အနီးမှာ သူမ ပေါ်လာတာကို ကြားလိုက်ရတယ်၊ ချမ်းသာတဲ့ မိသားစုတွေကနေ ကျန်းနန် စစ်တပ်တွေအထိ၊ လူတိုင်းက ဝူဗာလင် ကို သူတို့ရဲ့ ထိပ်တန်း အမဲလိုက်ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ကြတယ်”
“အခု၊ အဖွဲ့တွေအားလုံးက ဝူဗာလင်,ကို သတ်ပြီး သူတို့ကိုယ်သူတို့ နာမည်ရဖို့အတွက် ကြိုးစားနေကြတယ်!”
သူ့ညီမနှင့်ပတ်သက်သည့် သတင်းကိုရရှိပြီးနောက် လုချန်း,၏မျက်လုံးထဲတွင် စိုးရိမ်မှုအရိပ်အယောင်များ ထွက်ပေါ်လာသည်။
သူ၏ လက်ရှိနေရာနှင့် နှိုင်းယှဉ်ကြည့်လျှင် ယန်ရှ တောင်နှင့် မိုင်ထောင်ချီဝေးကွာနေသေးသည်ကို သိရှိလိုက်သည်။
သူ၏ လက်ရှိအရှိန်ဖြင့် ထိုနေရာကို ရောက်ရန် နေ့တစ်ဝက်ခန့် အချိန်ယူရမည် ဖြစ်သည်။
“ယန်ရှ တောင်ကို သွားရအောင်!”
……………………
“ဝှရှ်! ဝှစ်! ဘုန်း! ဝုန်း!”
ထိုအချိန်၌ ယန်ရှ တောင်အပြင်ဘက်တွင် မရေမတွက်နိုင်သော လေယာဉ်များက လမ်းကြောင်းပေါင်းစုံမှ ပျံသန်းလာကြသည်။
၎င်းတွင် အားကောင်းသောလက်နက်များ တပ်ဆင်ထားရုံသာမက အထူးစွမ်းရည်ရှိသော သန်မာသူများလည်း ပါဝင်သည်။
အဓိကမိသားစုများ၏ သူဌေးကြီးများက လက်နက်ကြီးများကို ယူဆောင်လာခဲ့ကြသည်။
ထို့အပြင် ဤအချိန်တွင် တရားဝင် ရှုံးနိမ့်မှုကြောင့် ဝူဗာလင် အသတ်ခံရကြောင်း ကမ္ဘာကို ပြောနေသည့် မဟုတ်မမှန်သတင်းများ ပျံ့နှံ့သွားပြီး လူတိုင်းသိရှိလာကြသည်။
ထိုကြောင့် စစ်တပ်က ပြန်လည်ကျေအေးနိုင်ရန်အတွက် ဤတစ်ကြိမ်တွင် အဓိကမိသားစုများကို ကူညီပေးရန် စစ်သားများကို စေလွှတ်ခဲ့သည်။