← Chapters

တီယန်ယွမ်သစ်သီး

Vol. 6 Ch. 87

တီယန်ယွမ်သစ်သီး

Vol. 6 Ch. 87

မြင့်မားသော ချောက်ကမ်းပါးမှဖြတ်၍ ဤတောင်ထွတ်သို့တက်ရန် တစ်ခုတည်းသောလမ်းဖြစ်သည်။

ထိုအချိန်တွင်၊ တီယန်ယွမ် သစ်သီးများ တဖြည်းဖြည်း ပေါ်ထွက်လာသည်နှင့်အမျှ ယန်ရှ တောင်တစ်ဝိုက်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲအများအပြား ဤနေရာဆီသို့ ပြေးလာကြသည်။

တောင်ပေါ်ရှိ မြေခွေးဖြူသည် ကိုင်တွယ်ရန် မလွယ်ကူကြောင်းနှင့် သူ့၏လက်အောက်ငယ်သားများအဖြစ် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ဒါဇင်ကျော်ရှိကြောင်း အားလုံးကသိထားကြသည်။

သို့သော်လည်း ဤအဖိုးတန်ရတနာများက သန်မာခြင်းကို တောင့်တသော သားရဲများစွာတို့ကို အလိုလိုစုရုံးလာစေရန် တွန်းအားပေးနေနိုင်ဆဲဖြစ်သည်။

ထိုအချိန်တွင်၊ ယန်ရှ တောင်ခြေရှိ ဟိန်းဟောက်သံများက ဆူညံစွာ ထွက်ပေါ်လျှက်ရှိသည်။

ငလျင်လှုပ်နေသကဲ့သို့ မရေမတွက်နိုင်သော သားရဲများက ဤနေရာကို အပြေးအလွှားလာနေကြသည်။

ထိုအချိန်တွင်၊ ယိုချင်းယန်,သည် အဖွဲ့ကြီးထဲသို့ ဝင်ရောက်ရောနှောကာ တောင်ထိပ်ဆီသို့ ပြေးနေခဲ့သည်။

ရက်စက်ကြမ်းကြုတ်သော သားရဲများက တောင်ထိပ်သို့ရောက်သောအခါ၊ တစ်ချိန်တည်းနီးပါး ရပ်တန့်သွားကြသည်။

သားရဲများသည် ကြောက်ရွံ့ထိတ်လန့်သော မျက်လုံးများဖြင့် ရှေ့မှ ကွင်းပြင်ကို ကြည့်လိုက်ကြသည်။

မူလက ပရဒိသုတစ်ခုလိုမြင်ရသည့် ယန်ရှ တောင်၏ အလယ်ပိုင်းဧရိယာသည် ယခုအခါ လျှိုများ၊ ကျိုးပဲ့နေသော သစ်ပင်များဖြင့် ပြည့်နေသည်။

ဤအခိုက်အတန့်တွင် အနီရောင်သင်းခွေချပ်သည် အလွန်အစွမ်းထက်လှပြီး သူသည် ကမ္ဘာကို ကြီးစိုးသော အာဏာရှင်တစ်ဦးကဲ့သို့ပင်။

မြေခွေးဖြူထိန်းချုပ်ထားသော ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ဒါဇင်နှင့် တစ်ယောက်တည်း တိုက်ခိုက်နေချိန်၌ပင် သူတွင် အားနည်းချက် လုံးဝမရှိပေ။

ဤရက်စက်ကြမ်းကြုတ်သောသားရဲများသည် ယန်ရှ တောင်၏အထက်တန်းစားများဖြစ်ပြီး အများစုမှာ နိုးထခြင်း စတုတ္ထအဆင့်မှ ပဉ္စမအဆင့်၌ အားကောင်းသည့်သားရဲများဖြစ်သည်။

သို့သော် အရေအတွက်အားဖြင့် အားသာချက်များရှိနေသော်လည်း အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲများကို သင်းခွေချပ်နီက အနိုင်ယူနိုင်ဆဲဖြစ်သည်။

ယနေ့တွင် မြေပြင်ကို သွေးနီများက ဖုံးလွှမ်းထားသည်။

ထို့အပြင် သားရဲရုပ်သေးတစ်ဝက်လောက်က ထိုသင်းခွေချပ်နီ၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လှုပ်ရှားနိုင်စွမ်း လုံးဝဆုံးရှုံးသွားပြီဖြစ်သည်။

ကံမကောင်းစွာဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားသော သားရဲများပင် ရှိသည်။

“ဟာဟားဟား၊ ငါ ဒီလောက် ကျေနပ်စရာကောင်းတဲ့ တိုက်ပွဲကို မတိုက်ခိုက်ဖြစ်တာ နှစ်တွေ ကြာခဲ့ပြီ၊ ကျေနပ်စရာပဲ၊ ကျေနပ်စရာပဲ”

သင်းခွေချပ် အာဏာရှင်သည် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာများစွာ ရရှိခဲ့သည်။

သို့သော် သူ့မျက်လုံးထဲတွင် အားနည်းသည့်အရိပ်အယောင်များမရှိခဲ့ပေ၊ ယင်းအစား သူ၏ တိုက်ခိုက်ရေးစိတ်ဓာတ် ပို၍ပင် အားကောင်းလာခဲ့သည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများတောင်မှ ပတ်ဝန်းကျင်၏ သွေးနှင့် စွမ်းအင်များရဲ့ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း ပြန်ကောင်းမွန်လာခဲ့သည်။

တိုက်ပွဲအတွင်း သင်းခွေချပ်နီ၏ ရောင်ဝါက တဖြည်းဖြည်းနှင့် အားကောင်းလာနေသည်။

သူသည် မောပန်းနွမ်းနွယ်ခြင်းမရှိသော တိုက်ခိုက်ရေးစက်ရုပ်တစ်ခုကဲ့သို့ဖြစ်ပြီး သူ့၏ကိုယ်ထည်ရှိ အနီရောင်အကြေးခွံများက အလွန်ပြင်းထန်သော ခုခံနိုင်စွမ်းရှိသည်။

တိုက်ခိုက်မှုအများစုက သူ့ကို မထိခိုက်စေနိုင်ပေ၊ သူသည် သားရဲများကြားတွင် ပေါ့ပေါ့ပါးပါး လှုပ်ရှားနေပြီး၊ သူ့၏ ခြေသည်းများ ဝှေ့ယမ်းလိုက်တိုင်း သွေးနှင့် အသားများက မလွဲမသွေ လွှင့်ပျံနေသည်။

တိုက်ပွဲကွင်းပြင်၏ ရက်စက်ကြမ်းကြုတ်မှု‌များကို မြင်လိုက်ပြီး ယိုချင်းယန်,၏ မျက်လုံးများက အနည်းငယ် လေးနက်လာခဲ့သည်။

ထိုအာဏာရှင်နဲ့ပတ်သက်သော အချက်အလက်အချို့ကို သူမ သိပ်မသိသေးပေ။

ဤသင်းခွေချပ် အာဏာရှင်သည် တိုက်ပွဲတွင် ပိုမိုအားကောင်းလာရသည့် အကြောင်းရင်းမှာ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်ခြင်း၏ အစောပိုင်းအဆင့်တွင် အလွန်အစွမ်းထက်သော စွမ်းရည်ကို နိုးထလာခြင်းကြောင့်ဖြစ်သည်။

သွေးဒေါသ စွမ်းရည်- သူ၏ ဒေါသနှင့် သွေးများ ပိုအားကောင်းလေ၊ သူ၏ ခွန်အား ပိုသန်မာလေလေ ဖြစ်သည်။

ဤသို့ဖြင့် သူသည် အာဏာရှင်ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။

သူသည် သဘာဝအတိုင်း တိုက်ခိုက်နိုင်သော စက်ရုပ်တစ်ခုကဲ့သို့ဖြစ်သည်။ တိုက်ပွဲက ပိုရက်စက်လေ၊ ထိုအာဏာရှင်က ပိုအားကောင်းလာလေလေ ဖြစ်သည်။

“သေစမ်း!...သင်းခွေချပ်ကောင်!”

မြေခွေးဖြူသည် မြင့်မားသော နေရာတစ်ခု၌ ရပ်၍ မြေပြင်ပေါ်ရှိ သွေးများနှင့် အသားအပိုင်းအစများကို ကြည့်ကာ ဒေါသမီးတောက်များက သူ့မျက်လုံးများ ထဲတွင် တောက်လောင်နေသည်။

သူမကိုယ်တိုင်က ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းမရှိသလို သူမ၏ အဓိကတိုက်ပွဲများသည်လည်း ထိုရုပ်သားရဲသေးများကိုသာ အားကိုးရခြင်းဖြစ်သည်။

သူမသည် ဤအစွမ်းထက်သည့်သားရဲတပ်ကို လေ့ကျင့်ရန် စွမ်းအင်များစွာကို သုံးစွဲခဲ့ရပြီး ယခုတစ်ကြိမ် ဆုံးရှုံးမှုက ဤမျှကြီးမားလိမ့်မည်ဟု သူမ,မမျှော်လင့်ထားပေ။

သူ့သားရဲများ အသေအပျောက် ပိုများလာသည်ကို မြင်ပြီး မြေခွေးဖြူသည် နောက်ဆုံးတွင် မနေနိုင်တော့ပေ။

သင်းခွေချပ် အာဏာရှင်သည် သားရဲများနှင့် တိုက်ခိုက်နေချိန်တွင် မြေခွေးဖြူမျက်လုံးများမှ မမြင်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

နောက်တစ်စက္ကန့်တွင် ဒေါသတကြီး တိုက်ခိုက်ဆဲဖြစ်သော သင်းခွေချပ် အာဏာရှင်ကြီးသည် ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ့စိတ်ဝိညာဉ်ကို ဆေးထိုးအပ် ထောင်ပေါင်းများစွာ ထိုးထွင်းခံရသကဲ့သို့ ခံစားလိုက်ရသည်။

ဤပြင်းထန်သော ဝေဒနာသည် စိတ်ဝိညာဉ်မှ ဆင်းသက်လာပြီး ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် များစွာကျော်လွန်သည်။

သင်းခွေချပ်အာဏာရှင်ကဲ့သို့ သန်မာသော သားရဲတစ်ကောင်ပင်လျှင် ထိုအချိန်တွင် ရပ်တန့်သွားသည်။

“အချိန်ကျပြီ!”

ယိုချင်းယန်,သည် ဤမြေခွေးဖြူအား အာဏာရှင်ကြီးထံ သူ့၏ဝိညာဉ်ချုပ်နှောင်ခြင်းစွမ်းရည် အသုံးပြုမည်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင် မြေခွေးဖြူက အစွမ်းကုန်ထုတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် သူ ချက်ချင်းပင် အရှေ့ကိုပြေးထွက်သွားသည်။

……………………

တစ်ချိန်တည်းမှာပင် လူသားလေယာဉ်များက အနီးနားသို့ ရောက်ရှိလာခဲ့သည်။

ယန်ရှ တောင်အလယ်ပိုင်းတွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိပြုမိပြီး ထိုနေရာသို့ ပြေးသွားကြသည်။

“ကြည့်စမ်း၊ တောင်ပေါ်မှာရှိတဲ့ သားရဲတွေအားလုံး အဲဒီနေရာကို ဦးတည်နေသလိုပဲ”

“မင်း အနံ့ရလား၊ လေထဲမှာ ထူးဆန်းတဲ့ ရနံ့တစ်ခု ရှိနေတယ်၊ ရတနာတချို့ ပေါ်လာတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အဲ့ဒါကြောင့် ဒီသားရဲတွေ ပြင်းပြင်းထန်ထန် တုန့်ပြန်နေကြတာဖြစ်မယ်”

“မြန်မြန်! အဲဒီနေရာကို သွားမယ်”

ထိုအချိန်တွင် လူများစွာသည် တစ်ခုခုဖြစ်နေသည်ကို သတိပြုမိကြပြီး ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံ၌ မရေမတွက်နိုင်သော လေယာဉ်များက ယန်ရှ တောင်၏ဗဟိုဆီသို့ ပျံသန်းသွားကြသည်။

……….…………

ထိုအချိန်တွင် လုချန်း,သည် မြစ်လက်တက်တစ်ခုနောက်သို့ လိုက်ကာ ယန်ရှ တောင်တန်းဒေသသို့ ဝင်ရောက်လာခဲ့သည်။

လုချန်း, ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။

“ရှောင်ပိုင် ရဲ့ အမှတ်အသား? နောက်ဆုံးတော့ အမှတ်အသား ပြန်ပေါ်လာပြီ!”

လုချန်း ဝမ်းသာသွားသည်။ ယခု သူ့ညီမ၏ တည်နေရာကို သူအာရုံခံ နိုင်ပြီဖြစ်သည်။

ဆိုလိုသည်မှာ သူနှင့် သူ့ညီမကြား အကွာအဝေးက မိုင်တစ်ရာအောက်သာ ရှိတော့သည်။

အမှတ်အသား၏တည်နေရာကို အာရုံခံပြီး လုချန်း,သည် ထိုလမ်းကြောင်းဆီသို့ အမြန်ပြေးသွားခဲ့သည်။

ထိုအချိန်တွင် သူသည် ရေထဲမှ မသွားတော့ဘဲ ကောင်းကင်တက်လှမ်းခြင်း စွမ်းရည်ကို တိုက်ရိုက်အသုံးပြုကာ တောင်တန်းဆီသို့ ပျံသန်းသွားခဲ့သည်။

တမ်,သည် မြစ်ထဲတွင်သာ လုချန်း ‌အနောက်ကို တိတ်တဆိတ်လိုက်နေခဲ့ပြီး သူ၏အမြန်နှုန်းမှာ လုချန်း ထက် နှေးကွေးသည်။

လင်းယုန်ငှက်သည် အတောင်များကိုဖြန့်ပြီး ကောင်းကင်ထက်ကို မြင့်မြင့်တက်သွားကာ အလျှင်အမြန် ပျံသန်းသွားသည်။

ထိုအချိန်တွင် တောင်ပေါ်ရှိ အာဏာရှင်,က ဒေါသတကြီး အော်ဟစ်နေလေသည်။

မြေခွေးဖြူသည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေပြီး အာဏာရှင်ကို သူမ၏ ပြင်းထန်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဤအခိုက်အတန့်တွင် သူမသည် အစွမ်းထက်သော သတ္တမအဆင့် သင်းခွေချပ်နီကို ထိန်းချုပ်ရန် သူမ၏ စွမ်းအား,အားလုံးကို အသုံးပြုနေသည်။

ယခု သူတို့နှစ်ဦးသည် ဝိညာဉ်အချင်းချင်း ထိပ်တိုက်တွေ့မှုတွင် ပိတ်လှောင်ခံထားရပြီး သင်းခွေချပ်၏ ရောင်ဝါ စတင်ပြောင်းလဲလာသည်။

ယိုချင်းယန်,သည် ဤအခွင့်အရေးကို အခွင့်ကောင်းယူပြီး ရွှေသီးပင်ဆီသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။

ဤသည်ကိုမြင်ပြီး သားရဲရုပ်သေးတချို့က သူမ,ကို ရပ်တန့်ရန် ရှေ့သို့ ပြေးသွားကြသည်။

သို့သော်လည်း သူတို့သည် နိုးထခြင်းစတုတ္ထအဆင့် နှင့် ပဉ္စမအဆင့်တွင်သာရှိပြီး ယိုချင်းယန်,ကို မယှဉ်နိုင်ပေ။

အပြင်းအထန်တိုက်ခိုက်ပြီးနောက် သူတို့အားလုံးကို ယိုချင်းယန်,က အလွယ်တကူ ချေမှုန်းပစ်လိုက်သည်။

ဤအခိုက်အတန့်တွင် သစ်ပင်ပေါ်ရှိ ရွှေရောင်သစ်သီးများက ပြင်းထန်သော အလင်းရောင်ဖြင့် ပေါက်ကွဲထွက်ပြီးနောက် အလင်းရောင်အားလုံး လျင်မြန်စွာ ပေါင်းစပ်သွားသည်။

ထိုအချိန်တွင်၊ လှုပ်ရှားရန် အဆင်သင့်ဖြစ်နေသော သားရဲကြီးများသည် ဤထူးဆန်းသောအသီးမှည့်နေပြီကို သိလိုက်ကြသည်။

“သေစမ်း!”

သင်းခွေချပ်နီကို ထိန်းချုပ်ရန် ကြိုးစားနေသော မြေခွေးဖြူသည် ယိုချင်းယန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီး ဖြစ်သွားသည်။

သူမ သင်းခွေချပ်နီနှင့် တိုက်ခိုက်နေချိန်တွင် ထိုနှင်းဝံပုလွေက အသီးကို ကြားဖြတ် အခွင့်အရေးယူရန် သတ္တိရှိလိမ့်မည်ဟု သူမ,မမျှော်လင့်ထားခဲ့ပေ။

မြေခွေးဖြူကို ယိုချင်းယန်,က ဆွဲဆောင်ခဲ့သောကြောင့် ဒေါသနှင့် ဂနာမငြိမ်ဖြစ်ကာဝိညာဉ်ချုပ်နှောင်မှု မအောင်မြင်တော့ပေ။

သို့သော်လည်း ယိုချင်းယန် ပေါ်မလာလျှင်ပင် မကြီးပြင်းရသေးသော ဤအမြီးကိုးချောင်းမြေခွေးသည် သင်းခွေချပ် အာဏာရှင်၏ ဝိညာဉ်ကို အတင်းအကျပ် ချုပ်နှောင် နိုင်လိမ့်မည်မဟုတ်ပေ။

“ဝံပုလွေ‌ကောင်၊ နင် တော်‌တော်သတ္တိကောင်းနေပါလား!၊ အဲဒါ ငါ့ဟာပဲ”

ခေါင်းတွင် နာကျင်ကိုက်ခဲမှု ပျောက်ကွယ်သွားသော သင်းခွေချပ် အာဏာရှင်သည် အမြီးကိုးချောင်းမြေခွေးအား လက်စားချေရန်ပင် ဂရုမစိုက်တော့ပေ။

သူ အရှိန်မြှင့်ပြီး ယိုချင်းယန် ဆီကို တိုက်ရိုက် ပြေးသွားသည်။ ဘယ်အရာက ပိုအရေးကြီးသလဲဆိုတာ သူသိနေဆဲပင်။

“ဝှရ်!”

“ဝှရ်!”

ယိုချင်းယန်,သည် အနောက်မှ ပြေးလိုက်လာသော သင်းခွေချပ်နီကို လျစ်လျူရှုကာ တီယန်ယွမ် သစ်သီးပင်ဆီသို့ ပြေးသွားပြီး သစ်ပင်ထိပ်ဆီသို့ တိုက်ရိုက်ခုန်တက်လိုက်သည်။

ချက်ချင်းပင် ယိုချင်းယန်,သည် သူမပါးစပ်ကို ဖွင့်လိုက်ပြီး တီယန်ယွမ် သစ်သီးများကို မျိုချလိုက်သည်။

ဤတီယန်ယွမ် သစ်သီးပင်သည် အလွန်ကြီးမားပြီး ၎င်း၏အမြင့်က မီတာဒါဇင်ပေါင်းများစွာရှည်သည်။

အချိန်တိုအတွင်း ယိုချင်းယန်,သည် တီယန်ယွမ် သစ်သီးခြောက်လုံးကို မျိုချလိုက်သည်။

သို့သော်၊ တီယန်ယွမ် သစ်သီးကို အချိန်တိုအတွင်း ချေဖျက်ပြီး ခွန်အား မြှင့်တင်ရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် တီယန်ယွမ် သစ်သီးကို မျိုချပြီးသည့်တိုင် ယိုချင်းယန်,၏ ခွန်အားများ ချက်ချင်း တိုးမလာပေ။

ထိုအချိန်တွင် အလွန်ဒေါသထွက်နေသော သင်းခွေချပ်နီသည် အနီးနားသို့ ရောက်ရှိနေပြီဖြစ်သည်။

ဤအာဏာရှင်,သည် မူလက နိုးထမှုသတ္တမအဆင့်တွင်ရှိခဲ့ပြီး ယခုအခါတွင် သူသည် သွေးဒေါသစွမ်းရည်ကို နိုးထလာသောကြောင့် သူ၏ခွန်အားက တဟုန်ထိုး တိုးတက်လာခဲ့သည်။

ထိုသားရဲ၏ အစွမ်းထက်သော စွမ်းရည်ကြောင့် ယိုချင်းယန်, သူ့ကို မတိုက်ဝံ့ပေ။

သူမသည် လက်ရှိအချိန်တွင် နိုးထခြင်း ပဉ္စမအဆင့်တွင်သာရှိပြီး ထိပ်တိုက်ရင်ဆိုင်မှုတွင် အာဏာရှင်ကို မယှဉ်နိုင်ပေ။

သို့သော်လည်း သူသည် ကျားပါးစပ်မှ အစာ လုယူခြင်းဖြစ်သောကြောင့် ယိုချင်းယန်,သည် ယခင်တည်းက သဘာဝအတိုင်း ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။

နိုးထခြင်း ပဉ္စမအဆင့်၏ လက်ရှိအင်အားသည် ယိုချင်းယန် အတွက် သူမ၏ယခင်ဘဝက လေဟာနယ်ဖြတ်သန်းခြင်းလျှို့ဝှက်နည်းစနစ်ကို လုပ်ဆောင်ရန် လုံလောက်သည်။

ထို့နောက် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာ၏ အကြည့်အောက်တွင် ယိုချင်းယန်,၏ခန္ဓာကိုယ်သည် ရုတ်တရက် အဖြူရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

“ဂါးးး!”

သင်းခွေချပ် အာဏာရှင်သည် ဤအခိုက်အတန့်တွင် အလွန်ဒေါသထွက်သွားပြီး ကောင်းကင်သို့ ဟိန်းဟောက်လိုက်သည်။

ပစ်မှတ်သည် လေထဲမှ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ထို့နောက် သင်းခွေချပ်နီသည် လက်ကျန်အသီးများကို ချက်ချင်းမျိုချလိုက်သည်။ နောက်ဆုံး တစ်လုံးကို မျိုချရန်ပြင်ဆင် လိုက်သော်လည်း ရုတ်တရက် ပေါ်လာသော ကိုးမြီးမြေခွေးတစ်ကောင်က လုယူသွားခဲ့သည်။

“ဂါးး!”

“ဒီဝိညာဥ်သစ်သီးကို ငါ့ဆီ လွှဲပေးစမ်း!”

သူအလွန်ဒေါသထွက်သွားပြီး အရှိန်အဝါများက အနီရောင်ဟာရီကိန်းမုန်တိုင်းကဲ့သို့ မြေခွေးဖြူထံ တိုးဝင်သွားသည်။

မြေခွေးဖြူသည် သူ့၏ စိတ်ဝိညာဉ်ကို နာကျင်အောင်ပြုလုပ်ခဲ့သည့်အတွက် ယခု အာဏာရှင်၏ နှလုံးသားထဲတွင် သတ်ဖြတ်ခြင်းဆန္ဒများက ခိုင်ခံ့စေလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

“အရူးကောင်! အိပ်မက်မက်နေလိုက်!”

အမြီးကိုးချောင်း မြေခွေးသည် အာဏာရှင်ကို ထိပ်တိုက်မတိုက်ဝံ့သောကြောင့် နောက်ကို ဆက်တိုက်ဆုတ်ခွာကာ ကျန်သားရဲရုပ်သေးများကို ထိန်းချုပ်လိုက်သည်။

သို့သော်လည်း ဤဒဏ်ရာရနေသော သားရဲရုပ်သေးများက ဒေါသတထွက်နေသော သင်းခွေချပ်နီကို မယှဉ်နိုင်သည်မှာ ထင်ရှားသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

ခြေလက်များ ပျောက်ဆုံးနေပြီဖြစ်သော ဤသားရဲရုပ်သေးများသည် သူတို့၏ ခွန်အားရှိသမျှကို ထုတ်သုံးကာ သတ္တိရှိရှိ တိုက်ခိုက်ကြသော်လည်း ကြာရှည်စွာ တိုက်ခိုက်နိုင်ရန်မှာ မသေချာပေ။

“ဝှစ်! ဘုန်း! ဝုန်း!”

ဆူညံသံများနှင့်အတူ လူသားလေယာဉ်များသည် နောက်ဆုံးတွင် ဤနေရာကို ရောက်ရှိလာကြသည်။

အောက်မှ မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီးနောက် အားလုံးက အလွန် အံ့အားသင့်သွားကြသည်။

“ဒီနေရာက အရမ်းရှုပ်ပွနေတယ်၊ သိပ်မကြာခင်က ရက်စက်တဲ့ သားရဲတွေကြား မှာ ပြင်းထန်တဲ့ တိုက်ပွဲဖြစ်ခဲ့ပုံရတယ်!”

“ကြည့်စမ်း၊ အဲဒီသင်းခွေချပ်မှာ အရမ်းပြင်းထန်တဲ့ ရောင်ဝါရှိတယ်!”

“အဲဒါ...တောင်တန်းဖောက်တဲ့ အာဏာရှင်လား?!”

ကောင်းကင်ယံ၌ လေယာဉ်ထဲရှိ လူအများအပြားက ဤသင်းခွေချပ် အာဏာရှင်ကို မှတ်မိကြသည်။

အောက်ဘက်ရှိ ကွင်းပြင်မှ အပျက်အစီးများကို မြင်ပြီးနောက် အားလုံး၏ မျက်နှာတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။

အာဏာရှင်၏ ဂုဏ်သတင်းကို လူများစွာက သိရှိထားပြီးဖြစ်ကာ ရန် နိုင်ငံ၏ သားရဲဘုရင် စာရင်းတွင် သူပါဝင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။

ဤအာဏာရှင်သည် လူသားများနှင့်လည်း တိုက်ခိုက်မှုများစွာရှိခဲ့သည်။

သို့သော် အနောက်ဘက်ဒေသတွင်ရှိသော တောင်ဖောက်သမားကြီးသည် ယခုအချိန်တွင် ယန်ဇီမြစ်တောင်ဘက်ရှိ ယန်ရှ တောင်တွင် အမှန်တကယ်ပေါ်လာလိမ့်မည်ဟု မည်သူမျှမထင်မှတ်ထားခဲ့ကြပေ။

ရက်စက်ကြမ်းကြုတ်သော သားရဲအုပ်စုနှင့် ဒေသတွင်း တိုက်ပွဲဖြစ်ပွားနေပုံရသည်။

“ဒီအာဏာရှင်က ဝူဗာလင် ထက်တောင် အဆင့်အတန်းပိုမြင့်တယ်၊ ဒီအာဏာရှင်ကို ငါတို့သတ်ပြီးရင်၊ ငါတို့ ယန် မိသားစုက ကမ္ဘာတစ်ဝှမ်းလုံးမှာ နာမည်ကြီးလာလိမ့်မယ်”

ယန်ဘိုခွမ်,သည် အာဏာရှင်ကိုမြင်သောအခါတွင် သူ့မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ယန် မိသားစုသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် ကျော်ကြားပြီး အခြားသက်ရှိသတ္တဝါအားလုံးထက် သာလွန်မည့် မြင်ကွင်းတစ်ခုကို သူမြင်ထားပြီးသားဖြစ်ပုံရသည်။

ဤနေရာမှ မိုင်သုံးဆယ်အကွာတွင် ကိုယ်ပျောက်ပြီးပျံသန်းနေဆဲဖြစ်သော လုချန်း သည် ယခုအခိုက်အတန့်တွင် အလွန်အံ့အားသင့်သွားသည်။

အခုလေးတင်၊ ရူးသွပ်စွာ ပျံသန်းလာပြီးနောက် လုချန်း,သည် သူ့ညီမနဲ့ မိုင်သုံးဆယ်သာဝေးတော့သည်။

“ငါ့ညီမကို မကြာခင် တွေ့နိုင်မယ်လို့ ထင်ခဲ့ပေမယ့် ရှောင်ပိုင်,ရဲ့ အမှတ်အသားက နောက်စက္ကန့်မှာ ရုတ်တရက် ပျောက်ကွယ်သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး”

All Chapters