သင်းခွေချပ် အာဏာရှင်ကို ချေမှုန်းရန် ကြိုးစားကြခြင်း
Vol. 6 Ch. 88
ယန်ရှ တောင်၊ အလယ်ပိုင်း တောင်ထိပ်။
ထိုအချိန်တွင်၊ လူသားများ ရောက်ရှိလာခြင်းကြောင့် အောက်ဘက်ရှိ တိုက်ပွဲများ ရပ်တန့်သွားခဲ့သည်။
ကောင်းကင်ယံ၌ လေယာဉ်များပေါ်မှ လူသားတို့သည် ရက်စက်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သောကြောင့် အာဏာရှင်နှင့် အမြီးကိုးချောင်း မြေခွေးတို့၏ အမူအရာက အလွန်တရာ လေးနက်သွားကြသည်။
မူလက သူတို့အားလုံးသည် ဆိတ်ငြိမ်သော တောင်များနှင့် သစ်တောများတွင် နေထိုင်ခဲ့ကြပြီး ယနေ့ခေတ် လူသားများသည် သူတို့အကြားရှိ ပြိုင်ဆိုင်မှုဆိုင်ရာ စည်းမျဉ်းများကို အနှောင့်အယှက်ဖြစ်စေသည်။
သားရဲတို့သည် မျိုးစိတ်မတူညီသော်လည်း တူညီသောနှလုံးသားရှိရမည်ဟူသော နိယာမကို ဤသားရဲများက နားလည်ထားသည်။
ယခင်က သူတို အချင်းချင်း တိုက်ခိုက်နေကြသော်လည်း ယခု ဘုံရန်သူကို မြင်ပြီးနောက် တိုက်ခိုက်ရန်အတွက် ချက်ချင်းပင် ပေါင်းစည်းလိုက်ကြသည်။
အမြီးကိုးချောင်း မြေခွေးနှင့် အာဏာရှင်တို့သည် အချင်းချင်း ယှဥ်ရပ်ကာ လေထဲတွင်ရှိသော လူသားများက အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း သိကြသည်။
“အသင့်ပြင်!”
“ဒီအကောင်တွေကို ပစ်မှတ်ထား၊ သူတို့တွေကို မီးရှို့ပစ်လိုက်!”
စွမ်းအားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ သားရဲများနှင့် ရင်ဆိုင်ရသောအခါ လူသားများက လုံး၀ တွန့်ဆုတ်မနေပေ။
ထိုအချိန်တွင် လူသားတို့၏ နည်းပညာမြင့်လက်နက်များသည် ၎င်း၏စွမ်းအားကို အပြည့်အဝထုတ်ဖော် ပြသခဲ့သည်။
အဝေးတွင်ရှိနေသော်လည်း ကောင်းကင်မှ ပြင်းထန်သောလက်နက်များက ဖိနှိပ်ချုပ်ချယ်သော စွမ်းအားများကို ထုတ်လွှတ်နိုင်နေဆဲ ဖြစ်သည်။
အမျိုးမျိုးသော အမိန့်များ ထုတ်ပြန်လိုက်သည်နှင့်တပြိုင်နက် ဝေဟင်မှ တပ်ဖွဲ့ဝင်များအားလုံး၊ အဓိကမိသားစုများပင်လျှင် သူတို့၏ စွမ်းအားပြင်းလက်နက်များကို စတင်ပစ်ခတ်ကြသည်။
တခဏအတွင်း ကောင်းကင်ယံတွင် အဆက်မပြတ်ပစ်ခတ်နေသော စက်သေနတ်ကြီးများ၊အဆက်မပြတ်ကျဆင်းလာသော ဒုံးကျည်များဖြင့် ပြည့်နှက်နေသည်။
အင်အားကြီးလက်နက်မျိုးစုံက ယန်ရှ တောင်ထိပ်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
တခဏအတွင်း တောင်ထိပ်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး မီးခိုးငွေ့များက တောင်တန်းများကို ချက်ချင်း ပျံ့နှံ့သွားသည်။
ထိုးနှက်ခံရဆုံးသူမှာ သဘာဝအားတိုင်း အစွမ်းထက်သော သင်းခွေချပ် အာဏာရှင်ဖြစ်သည်။
အကြောင်းပြချက်မှာ ရိုးရှင်းသည်- အာဏာရှင်သည် ရန်နိုင်ငံတော်၏ သားရဲဘုရင်များစာရင်းတွင် ပါဝင်နေသည်။
ထို့အပြင် သူသည် ယခင်က လူသားမြို့များကို သူ့၏ ပြင်းထန်စွမ်းအားဖြင့် ဖိနှိပ်ခဲ့သည်။
အင်အားစုအားလုံးက ဤကဲ့သို့သော အာဏာရှင်ကို အရင်သတ်ပြီး ကျော်ကြားချင်ကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် ယခင်က သင်းခွေချပ် အာဏာရှင်နှင့် တိုက်ခိုက်ခဲ့သည့် အမြီးကိုးချောင်း မြေခွေးသည် ယခုအခါ ပစ်ခတ်မှုအတွင်း အစိတ်အပိုင်းတစ်ခုမျှသာ ပါဝင်သည်။
အမြီးကိုးချောင်း မြေခွေးအတွက်၊ သူ့၏ သေးငယ်သော အသွင်အပြင်က သူ့အသက်ကို အမှန်တကယ် ကယ်တင်ခဲ့သည်။
တီယန်ယွင် သစ်သီးအတွက် တိုက်ပွဲဝင်ရန် ယခင်က စုရုံးခဲ့သော သားရဲများသည် ယခုအခါ လူသားများ၏ အမြောက်ပစ်ခတ်သံများအောက်တွင် အရပ်ရပ်သို့ ထွက်ပြေးနေကြသည်။
“မဟုတ်ဘူး၊ ဒီလူတွေက ဘယ်လိုလုပ် မြန်မြန်ရောက်လာတာလဲ”
“မဖြစ်ဘူး! ငါအဲဒီကို မြန်မြန်သွားရမယ်!”
လေထဲမှာ အရှိန်ပြင်းပြင်းဖြင့် လာနေသော လုချန်း,သည် အဝေးက လက်နက်ကြီးများ၏ ပေါက်ကွဲသံများနှင့် ပစ်ခတ်သံများကို ကြားလိုက်ရပြီး အလွန် စိုးရိမ်သွားသည်။
ယန်ရှ တောင်ထိပ်တွင် ဖြစ်ပျက်ခဲ့သည်ကို သူတကယ်သိချင်သည်။
‘ရှောင်ပိုင် ရဲ့ အမှတ်အသား ဘာကြောင့် ရုတ်တရက် ပျောက်သွားရတာလဲ’
‘ဒီလူသားတွေနဲ့ ထိပ်တိုက်တွေ့ချိန်မှာ တစ်ခုခုဖြစ်သွားသလား’
လုချန်း,သည် သူ့ညီမတွင် တယ်လီပို့နိုင်စွမ်းရှိနေသည်ကို မသိခဲ့ပေ။
ထို့အပြင်၊ လုချန်း,၏ အာရုံခံနိုင်စွမ်းသည် မိုင် ၁၀၀ အကွာအဝေးအတွင်း အမှတ်အသားကို အာရုံခံနိုင်ရန်အတွက် လုံလောက်သည်ထက်ပိုသည်။
သို့ပေမယ့် သူ တလမ်းလုံးပြေးလာခဲ့ပြီး သူ့ညီမနှင့် မိုင်သုံးဆယ်သာဝေးတော့ကာ မကြာမီတွင် သူ့ညီမကို တွေ့နိုင်တော့မည် ဖြစ်သည်။
ထိုအချိန်တွင် ရှောင်ပိုင်၏ အမှတ်အသား ရုတ်တရက် ပျောက်ကွယ်သွားသည်။
အဝေးမှ အမြောက်ပစ်ခတ်သံများနှင့်အတူ လုချန်း,၏ စိတ်သည်လည်း အလွန်လေးလံနေသည်။
စိတ်ထဲတွင် မထင်မှတ်သော အတွေးတစ်ချို့ ဝင်လာသည်။
……………………
“ဘာမှမဖြစ်ရင် ဒီလိုသားရဲတစုက ဘယ်လိုလုပ်စုဝေးမှာလဲ၊ ဒီရွှေရောင်အပင်က ထူးခြားတဲ့ ဝိညာဥ်သစ်သီးတွေ ထွက်လာလိမ့်မယ်ထင်တယ်!”
ယန်ဘိုခွမ်,သည် လေယာဉ်ပေါ်တွင် ထိုင်ကာ မနီးမဝေးမှ တောင်ထိပ်ကို အေးအေးဆေးဆေး ကြည့်နေသည်။
သူသည် အလွန်ပင် စိတ်အေးလက်အေး ဖြစ်နေပုံရပြီး ဖြစ်ပျက်နေသည့် အရာများကို ဂရုမစိုက်ကြောင်း ထင်ရှားသည်။
သို့သော် ဘေးတွင်ရပ်နေသော စုယင် သည် မျက်တောင်မခတ်ဘဲ စစ်မြေပြင်ကိုကြည့်နေကာ အနည်းငယ် ကြောက်ရွံ့နေလေသည်။
စုယင်,၏ထင်မြင်ချက်အရ ဝူဗာလင် ကျန်းနန် သို့ရောက်လာခြင်းမှာ သူနှင့်ဆက်စပ်နေနိုင်သည်။
ဝူဗာလင်,ကို ဝိုင်းပြီး နှိမ်နှင်းရန် ရည်ရွယ်ချက်ဖြင့်၊ ရှိနေသော တပ်ဖွဲ့ဝင် အများအပြားက ဤနေရာသို့လာခဲ့ကြသည်။
ယခုမူ၊ တောင်ထိပ်တွင် စုဝေးနေသည့် သားရဲများစွာ ရှိသော်လည်း ငွေဖြူနှင်းဝံပုလွေသာလျှင် ပျောက်ဆုံးနေသဖြင့် သူမကို အနည်းငယ် စိတ်ရှုပ်ထွေးစေသည်။
တခြားလေယာဉ်ပေါ်မှာတော့ အားလုံးက ရယ်မောနေကြသည်။
ဤလူအများစုသည် အစွမ်းထက်သော သားရဲများကို ဝန်းရံရန်နှင့် နှိမ်နင်းရန် ပထမဆုံးအကြိမ် ထွက်လာခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ အစွမ်းထက်ပြီး ပြင်းထန်သောလက်နက်များကို မှီခိုအားထားကာ၊ သူတို့သည် အောက်ဘက်ရှိ အစွမ်းထက်သော သားရဲများကို နှိမ်နင်းခဲ့ပြီး သူတို့၏ စိတ်ထဲတွင် အလွန်ပျော်ရွှင်နေသည်။
နှစ်ပေါင်းများစွာ သူတို့၏နှလုံးသားထဲတွင် ဖိနှိပ်ထားရသော ခံစားချက်များကို ထုတ်ဖော်ရန်နှင့် ဤဖရိုဖရဲကမ္ဘာကြီးတွင် သူတို့၏ ခွန်အားကိုပြသရန် ထိုလက်နက်ကြီးများကို အသုံးပြုနေပုံရသည်။
သို့သော် နိုးထခြင်း သတ္တမအဆင့်တွင်ရှိသော သင်းခွေချပ် အာဏာရှင်၏ ကြောက်မက်ဖွယ် စွမ်းအားကို မည်သူမျှ မသိကြပေ။
အာဏာရှင်,ကို ဖမ်းရန် စစ်တပ်မှ ယခင်က ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့သည်ကို ရန် နိုင်ငံစစ်တပ်၏ အရည်အချင်းမရှိမှုကြောင့်ဟု တချို့က ယူဆကြသည်။
တစ်ယောက်ပြီး တစ်ယောက် ဟာသလုပ်လာကြသည်။
မီးခိုးများ မရှင်းသေးခင်မှာပင် ရဟတ်ယာဉ် အများအပြားက ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွားကြသည်။
သူတို့သည် သတ်ဖြတ်ခြင်းကို စွဲလမ်းနေပုံရပြီး အမြောက်ပစ်ခတ်မှုကြောင့် ကြောက်လန့်နေသော သားရဲများကို လိုက်လံရှာဖွေချင်ပုံရသည်။
ဤနေရာ၌ စုရုံးနေသော သားရဲအများစုသည် အမှန်တွင် မရဏဘုံ၌သာ ရှိကြပြီး နိုးထခြင်းအဆင့်ကိုပင် မရောက်သေးကြောင်းကို သူတို့ မသိကြပေ။
ဤလူသား အမြောက်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့သည် သဘာဝအတိုင်း ခုခံနိုင်စွမ်းမရှိကြပေ။
အချို့သောလူသားများသည် မောက်မာလွန်းပြီး အထူးစွမ်းရည်ရှိသော လူများစွာက လေယာဉ်ပေါ်မှ ခုန်ဆင်းခဲ့ကြသည်။
သူတို့၏ နိုးထလာခဲ့သော စွမ်းရည်များကို အားကိုးကာ သူတို့သည် ဤရက်စက်ကြမ်းကြုတ်သော သားရဲများကို စတင်ရှာဖွေခဲ့ပြီး သူတို့တစ်ဦးစီက အလွန်ပျော်ရွှင်နေကြသည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် မြေပြင် ရုတ်တရက် အက်ကွဲသွားသည်။
ထို့နောက် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး၊ အမြောက်များဖြင့် ပြင်းထန်စွာ ပစ်ခတ်ခံခဲ့ရသည့် သင်းခွေချပ် အာဏာရှင်ကြီးသည် မြေကြီးအက်ကြောင်းမှ လျင်မြန်စွာ ထွက်လာခဲ့သည်။
ဤရက်စက်ကြမ်းကြုတ်သောသားရဲကြီး ရုတ်တရက် ထွက်ပေါ်လာသောကြောင့် သူတို့ အသိစိတ်များ ခဏတာ ဆုံးရုံးသွားသည်။
“ဘုန်း!”
သူတို့ မတုံ့ပြန်ရသေးခင်မှာပင် သင်းခွေချပ် အာဏာရှင်က သူတို့ကို လက်ဖဝါးနှင့် ဖိချလိုက်သည်။
ဤလူများက ရှောင်တိမ်းရန်အချိန်မရခဲ့ဘဲ အသားငါးပိအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤသင်းခွေချပ် အာဏာရှင်၏ အလွန်ထူထပ်သော သွေးနီရောင် အကြေးခွံများသည် သံမဏိကဲ့သို့ မာကျောကြောင်းကိုလည်း လူတိုင်း မြင်လိုက်ရသည်။
ပြင်းထန်သော အမြောက်များဖြင့် ပစ်ခတ်မှုက သူ့ခန္ဓာကိုယ်ပေါ်တွင် ထိရောက်သော ဒဏ်ရာများကို မချန်ထားနိုင်ခဲ့ပေ။
သင်းခွေချပ် အာဏာရှင် ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့် လူများစွာကို ထိတ်လန့်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် အနိမ့်တွင်ပျံသန်းနေသော လေယာဉ်များစွာသည် အမြင့်ပေကို လျင်မြန်စွာ တိုးမြင့်ပြီး ရိုက်ချခံရမည်ကို စိုးရိမ်သောကြောင့် အမြင့်ကို ပျံတက်သွားကြသည်။
“လူသားတွေ ငါမင်းတို့ကို တကယ်ကြောက်နေတယ်လို့များ ထင်နေတာလား”
“အရင်ကတိုက်ပွဲတွေကို မဆုံးဖြတ်ရသေးဘူး၊ ဒီနေ့ ငါ့ရဲ့ဒေါသကို မင်းတို့အားလုံး သိစေရမယ်!”
သင်းခွေချပ်နီသည် ကောင်းကင်သို့ ဟိန်းဟောက်ပြီးနောက် လျှင်မြန်စွာ တိုက်ခိုက်လိုက်သည်။
အရွယ်အစား ကြီးမားခြင်းက သူ့၏ အရှိန်ကို လုံးဝမထိခိုက်စေခဲ့ပေ၊ မြေပြင်ပေါ်တွင် ကျန်ရှိနေသေးသော အထူးစွမ်းရည်ရှိသူများကို လျင်မြန်စွာ သတ်ပစ်လိုက်သည်။
ခဏတာအတွင်း၊ ကြည့်နေသူအားလုံးက သူတို့၏ ဦးရေပြားများ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
သင်းခွေချပ်နီသည် လူသားဘာသာစကားကို ပြောနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့နှလုံးသားထဲကို ပိုကြောက်စရာကောင်းသော ကြောက်ရွံ့တစ်ခုက ဝင်ရောက်လာပြီး သူတို့၏ မျက်လုံးများ ကျုံ့သွားကြသည်။
လူသားများ အကြောက်ဆုံးအရာမှာ သားရဲတို့၏ အရွယ်အစားနှင့် စွမ်းအား မဟုတ်ပေ။
ယင်းအစား၊ ဤသားရဲများ ဉာဏ်ရည်ထက်မြက်လာမည်ကို ကြောက်ကြသည်။ လူသားများသည် အစာကွင်းဆက်၏ထိပ်ဆုံးတွင် ရပ်တည်နိုင်ရသည့် အကြောင်းရင်းမှာ သူတို့၏ ဖွံ့ဖြိုးသော ဦးနှောက်များကြောင့်သာ ဖြစ်သည်။
ယခု ဤသင်းခွေချပ်သည် လူသားဘာသာစကားကို ပြောဆိုနိုင်သောကြောင့် သူ့၏ဉာဏ်ရည်က မည်မျှထိတ်လန့်စရာကောင်းလိမ့်မည်နည်း။
ဤဗီဒီယိုကိုလည်း တိုက်ရိုက်,ရိုက်ကူးထားသောကြောင့် အင်တာနက်တွင် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ဤဗီဒီယို အင်တာနက်ပေါ်တွင် ပြန့်နှံ့သွားချိန်တွင် လူသားတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ဝင်ရောက်လာခဲ့သည်။
ရန် နိုင်ငံ၏ စစ်တပ်သည် မူလက သတင်းများကို ထိန်းချုပ်ချင်ခဲ့သော်လည်း နိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မည်စိုးသောကြောင့် လက်လျှော့ခဲ့ရသည်။
သို့သော်လည်း ဤအဓိက မိသားစုများသည် သက်ရောက်မှုဟုခေါ်သော အကျိုးသက်ရောက်မှုကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး သတင်းအားလုံးကို ဖြန့်ကျက် ခဲ့သည်။
တိုင်းပြည် တည်ငြိမ်သည်ဖြစ်စေ မတည်ငြိမ်သည်ဖြစ်စေ သူတို့အတွက် အရေးမကြီးပေ၊ ကိုယ့်အကျိုးစီးပွားကိုသာ ဂရုစိုက်ကြသည်။
“ကျွတ်..ကျွတ်..ကျွတ်၊ ဒီကမ္ဘာက ငါထင်ထားတာထက်တောင် ပိုမိုက်တယ်!”
ယန်ဘိုခွမ်,၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ထွက်ပေါ်လာသည်။
သူသည် အလွန်ရည်မှန်းချက်ကြီးပြီး သူ့ကိုယ်ပိုင်နယ်မြေကို ထူထောင်ရန် အချိန်အတော်ကြာ စီစဉ်နေခဲ့သည်။
ယခုကမ္ဘာကြီးသည် ပိုမိုရှုပ်ထွေးလေလေ၊ ဤချမ်းသာသောမိသားစုများနှင့် သူဌေးကြီးများအတွက် အခွင့်အလမ်းများ,များလေလေဖြစ်သည်။
ယခုအခါတွင်၊ လူတိုင်းအပေါ် သင်းခွေချပ်အာဏာရှင်၏ သြဇာလွှမ်းမိုးမှု ကြီးမားလေလေ၊ သူ့ကို သတ်ပြီးနောက် ယန်မိသားစု၏ ဂုဏ်သိက္ခာသည်လည်း ကြီးမားလာလေလေ ဖြစ်သည်။
ထိုအချိန်တွင် အခြားလေယာဉ်တစ်စင်းပေါ်တွင် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းတစ်ဦး ရှိနေသည်။
ဤအခိုက်အတန့်တွင် သူ့မျက်လုံးများက မျှော်လင့်ချက်အပြည့်ဖြင့် အောက်ကိုငုံ့ကြည့်နေသည်။
ဤလူသည် လက်ရှိ ကျန်းနန်မြို့ မို မိသားစု၏ အကြီးအကဲဖြစ်ပြီး မရေမတွက်နိုင်သော လုပ်ငန်းများကို ပိုင်ဆိုင်ထားသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ သူသည် ရေခဲစွမ်းရည်နှင့် လေစွမ်းရည်ကို နိုးထခဲ့ပြီး စွမ်းရည်နှစ်မျိုး ပိုင်ရှင်ဖြစ်လာခဲ့သည်။
…………………..
ယန်ဘိုခွမ်,သည် လေယာဉ်ပြတင်းပေါက်နားသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အောက်ဘက်ရှိလူများကို သတ်ဖြတ်နေသော အာဏာရှင်ကို ကြည့်လိုက်သည်။ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်နှင့်တပြိုင်နက် မျက်လုံးထဲမှ ပြင်းထန်သော အလင်းတန်းတစ်ခု ချက်ချင်း ထွက်သွားသည်။
အလင်းတန်းသည် အာဏာရှင်၏ သွေးနီရောင် အကြေးခွံများကို ထိမှန်သွားသော်လည်း သူစိတ်ကူးထားသည့် မြင်ကွင်းက ဖြစ်မလာခဲ့ပေ။
ကျောက်တုံးများကို ကွဲကြေစေပြီး သံမဏိပြားများကိုပင် ထိုးဖောက်နိုင်သည့် အလင်းတန်းသည် အကြေးခွံရှိအပေါ်ယံအကာတစ်ခုကိုသာ အရည်ပျော်သွားပြီး အကြေးခွံကို မထိုးဖောက်နိုင်ခဲ့ပေ။
ဤသည်က ယန်ဘိုခွမ်,၏ မျက်နှာကို အလွန်ရုပ်ဆိုးသွားစေခဲ့သည်။ သူ့၏ အစွမ်းထက်သော လေဆာရောင်ခြည်များက ထိုသားရဲ၏ အကြေးခွံများကိုတောင် ထိုဖောက်နိုင်ခြင်းမရှိဟု သူ,မမျှော်လင့်ထားခဲ့ပေ။
သနားစရာကောင်းသည်က သူ ယခု အလွန်မသန်မာသေးသောကြောင့် လေဆာရောင်ခြည်များကို အဆက်မပြတ် မသုံးနိုင်ပေ၊ ခဏ အနားယူရမည်ဖြစ်သည်။
ထုံးစံအတိုင်း၊ ကောင်းကင်မှ ကျဆင်းလာသော အလင်းတန်းများကို သင်းခွေချပ်နီ သည်လည်း သတိထားမိသည်။
သူ ရုတ်တရက် လှည့်ကြည့်လိုက်ပြီးနောက် လေယာဉ်ပေါ်တွင်ရှိနေသော ယန်ဘိုခွမ် ကို မြင်လိုက်ရသည်။
ထင်ရှားသည်မှာ၊ ယန်ဘိုခွမ်,၏ တိုက်ခိုက်မှုသည် မြန်ဆန်လွန်းသဖြင့် သူ့အကြေးခွံများကိုပင် ထိုးဖောက်နိုင်လုနီးပါးဖြစ်ခဲ့သည်။
သူ၏ အရေပြားမှ ပူလောင်သော ခံစားမှုကြောင့် နောက်ဆုံးတွင် သင်းခွေချပ် အာဏာရှင်ကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့သည်။
“သခင်လေး ယန်၊ သူ့ဝမ်းဗိုက်ကို တိုက်ခိုက်ပါ!”
စုယင်,သည် သင်းခွေချပ်အာဏာရှင်၏ အားနည်းချက်ကို သတိပြုမိပြီး နူးညံ့သိမ်မွေ့စွာ သတိပေးလိုက်သည်။
ယန်ဘိုခွမ်,က ခေါင်းညိတ်လိုက်ပြီး သူပြောသည့်အတိုင်း တိုက်ခိုက်ကာ ရလဒ်က အံဩစရာပင်။
သူ၏နောက်ထပ် အလင်းတန်းများက အာဏာရှင်၏ လည်ပင်းအောက်ရှိ နေရာကို တိုက်ခိုက်ခဲ့ပြီး သွေးထွက်သော အပေါက်တစ်ခုက ချက်ချင်းပင် ပေါ်လာသည်။
“မျက်လုံး!”
မထင်မှတ်ပဲ၊ တိုက်ခိုက်မှုက ထိရောက်ခဲ့ပြီး စုယင် အနည်းငယ် မာန်တက်သွားကာ စိတ်လှုပ်ရှားစွာ ဆက်လက် အမိန့်ပေးလိုက်သည်။
သို့ပေမယ့် သူမ,ပြောသည်ကို အောက်ဘက်ရှိ သင်းခွေချပ် အာဏာရှင်သည်လည်း နားလည်နိုင်သည်။
ဤအလင်းတန်းကြောင့် ခန္ဓာကိုယ်ကို ထိုးဖောက်ခံရသော အာဏာရှင်သည် အလွန်ဒေါသထွက်နေသော်လည်း လေယာဉ်ပေါ်မှ ယန်ဘိုခွမ်,က အလင်းတန်းများဖြင့် ထပ်မံတိုက်ခိုက်လာသောကြောင့် သူသည် မျက်လုံးများကိုမှိတ်ပြီး ခန္ဓာကိုယ်ကို ကွေးညွှတ်ထားရုံသာ တတ်နိုင်သည်။
ဤတိုက်ခိုက်မှုများကို တွန်းလှန်ရန် သူ့နောက်ကျောရှိ မာကျောလှသော သွေးနီရောင်အကြေးခွံများကိုသာ အသုံးပြုနိုင်သည်။
ယခု အလင်းတန်းများကို မြေအောက်မှ တိုက်ရိုက်မပစ်ခတ်ပါက သင်းခွေချပ်၏ အကာအကွယ်ကို ကျော်ဖြတ်နိုင်ရန် ခက်ခဲမည်ဖြစ်သည်။
“ဟားဟားဟား၊ သခင်လေးက မျှော်လင့်ထားတဲ့အတိုင်းပဲ အစွမ်းထက်လွန်းတယ်”
“သခင်လေးက မျှော်လင့်ထားသလိုပဲ၊ နည်းနည်းလေး အားထုတ်လိုက်ရုံနဲ့ ဘုရင်အဆင့်စာရင်းမှာပါတဲ့ သားရဲဘုရင်တောင် အကူအညီမဲ့ဖြစ်ရလိမ့်မယ်!”
“သခင်လေး ယန်,က တကယ်ကြောက်ဖို့ကောင်းတယ်၊ သူက နည်းနည်းလေးပဲ တိုက်ခိုက်ရသေးတယ် ဒီအာဏာရှင်က ကြောက်လန့်နေပြီ!”
အာဏာရှင်သည် သူ့ခြေသည်းများကို အသုံးပြုပြီး မြေကြီးကို တူးထုတ်ကာ ဖုန်မှုန့်များက ကောင်းကင်ထက်သို့ တက်သွားသည်။
ထို့နောက် သူ၏ကြီးမားသော ခန္ဓာကိုယ်သည် မြေအောက်ထဲသို့ အလျင်အမြန် တိုးဝင်သွားသည်။