အမြီးကိုးချောင်းမြေခွေးကို ဖမ်းဆီးခြင်း
Vol. 6 Ch. 89
“သခင်လေး ယန်,က အရမ်းတော်တာပဲ၊ သူက ယန်,မိသားစုရဲ့ အကြီးဆုံး သခင်လေး ဖြစ်ထိုက်တယ်!”
“ယန်မိသားစုက ကျန်းနန်မြို့ အဓိကမိသားစုတွေရဲ့ အကြီးအကဲဖြစ်ထိုက်တယ်၊ သူတို့က တကယ့်ကို ထူးခြားတယ်!”
“ဟားဟားဟား၊ သခင်လေး ယန်,က မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ပါရမီရှင်လို့ ကြားဖူးတာ ကြာပြီ၊ သူ့ကို ဒီနေ့တကယ်မြင်လိုက်ရတယ်၊ သူက ဂုဏ်သတင်းတွေနဲ့ အမှန်တကယ်ထိုက်တန်တယ်”
ဤအစွမ်းထက်သော သင်းခွေချပ်နီ ကို မြင်လိုက်ရသဖြင့် လူများစွာက ခိုကိုးရာမဲ့ဖြစ်ခဲ့ကြပြီး ယန်ဘိုခွမ် တစ်ယောက်တည်းကသာ သူ့ကိုမြေကြီးထဲသို့ အတင်းအကျပ် တွန်းပို့နိုင်ခဲ့သည်။
အနီးနားရှိ လူအများအပြားက ယန်ဘိုခွမ် ကို ချီးကျူးနေကြပြီး အောင်ပွဲဆင်နွဲနေကြသည်။
ထိုပွဲတွင် အဓိကဇာတ်လိုက်ဖြစ်သော ယန် ဘိုခွမ်,သည် ယခုအခိုက်အတန့်တွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။
သူသည် ကျော်ကြားမှုနှင့် ချီးကျူးမှုကို မက်မောသူဖြစ်ပြီး ယခု လူအုပ်ကြီး၏ မြှောက်ပင့်ပြောဆိုသံကိုကြားပြီး ယန်ဘိုခွမ်၊၏ စိတ်ထဲတွင် အလွန်ကျေနပ်နေခဲ့သည်။
ဒုံးကျည်များဖြင့်ပင် မထိခိုက်နိုင်သော အင်အားကြီးမားသည့် သင်းခွေချပ် အာဏာရှင်ကို သူ့ကိုယ်ပိုင်စွမ်းရည်ဖြင့် မောင်းထုတ်ခဲ့သဖြင့် ယန်ဘိုခွမ်,သည် သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေသည်။
သူသည် အလွန်ကျေနပ်ပြီး လူတိုင်း၏ ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းကို နှစ်သက်သည်။
သို့ပေမယ့် ထိုအချိန်တွင် မြေပြင် အက်ကွဲကြောင်းထဲကို ဝင်ရောက်သွားသော သင်းခွေချပ်နီ၏ ဦးခေါင်းက ပြန်ပေါ်လာသည်။
“မင်းက ယန်,မိသားစုရဲ့ အကြီးဆုံးသား ဟုတ်တယ်ဟုတ်၊ ငါ မင်းကို မှတ်ထားမယ်!”
“ဒီတစ်ခါ မင်းတို့လူသားတွေက ငါ့ကို တကယ်ဒေါသထွက်စေခဲ့တယ်၊ အဲဒီအတွက် မင်းတို့ ပြန်ပေးဆပ်ရမယ်!”
သင်းခွေချပ် အာဏာရှင်သည် အလွန်အမျက်ထွက်နေသည်။ သူသည် ထိုနေရာတွင် ပြန်ပေါ်လာပြီး ပြင်းထန်သော စကားများကို ချန်ထားခဲ့ကာ ယန်ဘိုခွမ်,ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ခဲ့သည်။
သူသည် ယန်ဘိုခွမ်,၏ အသွင်အပြင်ကို စိတ်ထဲတွင် ရေးထွင်းကာ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။
ယန်ရှ တောင်၏ မူလအုပ်စိုးရှင်ဖြစ်သော အမြီးကိုးချောင်း မြေခွေးကိုတော့ မည်သူမျှ အထူးဂရုစိုက်မနေပေ။
ဤကြီးမားပြီး ကြမ်းတမ်းသော သားရဲများနှင့် နှိုင်းယှဥ်လျှင် အမြီးကိုးချောင်းမြေခွေးက အလွန်သေးငယ်လှသည်။
ထို့အပြင်၊ အမြီးကိုးချောင်းမြေခွေးသည် သူ့၏ ဝိညာဉ်ချုပ်နှောင်ခြင်း စွမ်းရည်ကို အသုံးပြုခြင်းအား မည်သူမျှ မမြင်ခဲ့ကြသောကြောင့် လူသားတို့သည် သူမအစား အာဏာရှင်၏ တိုက်ခိုက်ခြင်းကိုသာ မြင်ခဲ့ကြသည်။
ထို့ကြောင့်၊ ထင်ရှားကျော်ကြားပြီး သူတို့၏ဂုဏ်သိက္ခာကို ထူထောင်လိုသော မြင့်မြတ်သောမိသားစုများအတွက်၊ ဤအဆင့်ရှိ သားရဲတစ်ကောင်ကို အထူးဂရုစိုက်စရာမလိုပေ။
သင်းခွေချပ်နီ၏ ပြင်းထန်သော စကားများကိုကြားပြီးနောက် ယန်ဘိုခွမ်,၏ မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲသွားသည်။
“ဒီကောင်က ငါနဲ့ ငါ့ရဲ့ယန်,မိသားစုကို လက်စားချေချင်နေတာလား!”
အံ့သြစရာမှာ၊ ဤသင်းခွေချပ်သည် လူသားဘာသာစကားကို အမှန်တကယ်ပြောနိုင်ပြီး အလွန်ကြောက်စရာကောင်းသည့် ဉာဏ်ရည်ကို ပိုင်ဆိုင်ထားသည်။
ပြင်းထန်သောစကားများနှင့် တစ်ဖက်သားက ဒေါသအမျက်ထွက်နေသည်ကိုမြင်ပြီး ယန်ဘိုခွမ်,သည် သူ့နှလုံးသားထဲတွင် ဆိုးရွားသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ချစ်စရာကောင်းသော စုယင် နီးကပ်လာသောအခါတွင်ပင် သူမကို လှည့်မကြည့်ခဲ့ပေ။
အမှန်တွင်၊ ဤသည်က သင်းခွေချပ်အာဏာရှင်ဖြစ်ပြီး၊ မာကျောသောနံရံများကပင် သူ့ကို တားဆီး၍မရပေ။
ရန် နိုင်ငံ၏ သားရဲဘုရင်စာရင်းရှိ သားရဲတစ်ကောင်ကို ကိုင်တွယ်ရန် ထိုမျှမလွယ်ကူပေ။
သင်းခွေချပ်၏ မြင့်မားသောဉာဏ်ရည်ဖြင့် သူသည် တစ်နေ့တွင် မြေပြင်ကို ထောက်ထွင်းပြီး ယန်မိသားစုဝင်းအတွင်း ပေါ်လာနိုင်သည်။ ဤသည်က ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
“ဆရာ၊ ကြည့်အုံး၊ ဟိုမှာ ပြေးနေတဲ့ မြေခွေးက တစ်ခုခုမှားနေတယ်!”
တစ်ချိန်တည်းမှာပင် မိုမိသားစု၏ အကြီးအကဲဘေးရှိ လူငယ်တစ်ဦးက ပြေးလွှားနေသော အမြီးကိုးချောင်းမြေခွေးကို သတိပြုမိခဲ့သည်။
ထိုအချိန်တွင်၊ အမြီးကိုးချောင်းမြေခွေးသည် အမှန်တကယ်ပင် မတ်တတ်ရပ်ပြီး ပြေးလွှားနေသည်။
ထို့အပြင် သူမဆီသို့ ဝင်ရောက်လာသော ကျည်ဆန်များက တစ်ခုခုကို တိုက်မိသကဲ့သို့ ခုန်ထွက်သွားသည်။
“စိတ်ဝင်စားဖို့ကောင်းတယ်၊ ကျွန်တော် မှတ်မှတ်ရရဆိုရင် ဒီမြေခွေး အစက အာဏာရှင်နဲ့ အတူတူရပ်နေကြတာ”
“လူတိုင်းက အဲဒီ သင်းခွေချပ်ကိုပဲအာရုံစိုက်နေကြလို့ ဒီမြေခွေးရဲ့တည်ရှိမှုကို လျစ်လျူရှုထားခဲ့မိတယ်...”
မို မိသားစုအကြီးအကဲ မိုရှန်းဟေး၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ချက် လက်သွားသည်။
“အဲဒီမြေခွေးကို ချိန်ပြီး ပစ်လိုက်!”
ယခင်ကဲ့သို့ပင် မြေခွေးကို ပစ်လိုက်သော ကျည်ဆန်များသည် မမြင်ရသော လေထုနံရံကို တိုက်မိသကဲ့သို့ ခုန်ထွက်သွားကြောင်း သူတွေ့ရှိခဲ့သည်။
ထိုမြေခွေးက မိုရှန်းဟေး၏ စိတ်ဝင်စားမှုကို ချက်ချင်း နှိုးဆွပေးလိုက်သည်။
“စိတ်ဝင်စားစရာပဲ၊ အဲဒီမြေခွေးနောက်ကို လိုက်ကြ!”
အမြီးကိုးချောင်း မြေခွေးသည် နိုးထခြင်း သတ္တမအဆင့်တွင်ရှိပြီး အလွန်ထက်မြက်သော ဉာဏ်ရည် လည်းရှိသည်။
သူမ၏ မျက်လုံးများက လေးနက်သွားကာ အနောက်ကို လှမ်းကြည့်ပြီးနောက် သူမ,ပစ်မှတ်ထားခံရကြောင်း ချက်ချင်းသိလိုက်သည်။
ယခု သူမဆီသို့ ဦးတည်ပျံသန်းလာသော လေယာဉ် ဆယ်စီးနီးပါး ရှိသည်။
“ဝုန်းး!”
ထိုအချိန်တွင် တောင်ထိပ်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
လုချန်း,သည် နောက်ဆုံးတော့ ထိုနေရာကို ရောက်ရှိလာပြီး ဧရာမရွှေသစ်ပင်ကြီး ဘေးတွင် ရပ်နေခဲ့သည်။
အကြောင်းမှာ ထိုနေရာက ရှောင်ပိုင်,၏ အမှတ်အသားနေရာ ဖြစ်ပြီး၊ သူမ,မပျောက်ခင် နောက်ဆုံး ရှိနေခဲ့သော နေရာလည်း ဖြစ်သည်။
“အားးဝူးး!”
စူးရှကျယ်လောင်သော ဝံပုလွေအူသံသည် ဆယ်မိုင်ကျော်အကွာအဝေးတွင် ချက်ချင်း ပဲ့တင်ထပ်သွားသည်။
ကျန်းဟောင်,သည် အင်တာနက်ပေါ်ရှိ သတင်းများကို အမြဲအာရုံစိုက်နေပြီး လုချန်း,ထံ မည်သည့်သတင်းကိုမဆို အမြန်အကြောင်းကြားသည်။
ကျန်းဟောင်,ထံမှတဆင့် လုချန်း,သည် ယန်ရှ တောင်ပေါ်တွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို သိရှိခဲ့သည်။
သို့ပေမယ့် ရှောင်ပိုင်နှင့် ပတ်သက်သော သတင်းတစ်ခုမှ မရှိခဲ့ပေ၊ လူသားများ ဤနေရာသို့မရောက်မီ ရှောင်ပိုင် ပျောက်ကွယ်သွားပုံရသည်။
သို့သော် ရှောင်ပိုင် ပျောက်ဆုံးမှုသည် ယန်ရှ တောင်ပေါ်ရှိ သားရဲများနှင့် ဆက်နွယ်နေမည်ဟု သူယုံကြည်ခဲ့သည်။
နောက်ဆုံးတွင် လူသားများ ရောက်လာချိန်တွင် ရှောင်ပိုင် တောင်ပေါ်တွင် မရှိတော့ပေ။
“ဝူ...ဝူဗာလင်?!”
လုချန်း ရုတ်တရက် ပေါ်လာသည်ကို စုယင် မြင်လိုက်ပြီးနောက် ချက်ချင်းပင် ထိန့်လန့်သွားသည်။
သူမသည် လုချန်း,ကို ယိုချင်းယန် နှင့် အထင်မှားနေပြီး ယန်ဘိုခွမ်,၏ရင်ခွင်ထဲသို့ ပြေးဝင်သွားသည်။
ထိုအချိန်တွင် သူမ၏ မျက်နှာက အလွန်ဖြူဖျော့နေပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ထိန်းမနိုင်သိမ်းမရ တုန်ခါနေလေသည်။
ချီလင် တောင်တန်းတွင် ယိုချင်းယန် သူမအား ဖိနှိပ်မှုက ပြင်းထန်လွန်းသဖြင့် သူမ ယခုထိတိုင် ထိတ်လန့်နေဆဲ ဖြစ်သည်။
သို့သော် တစ်ဖက်မှ ယန်ဘိုခွမ်,သည် ယခုအချိန်တွင် အလွန်စိတ်လှုပ်ရှားနေသည်။
သင်းခွေချပ် အာဏာရှင်,က ထွက်ပြေးသွားပြီဖြစ်သောကြောင့် မကြာသေးမီက ပစ်မှတ်ထားခဲ့သည့် ဝူဗာလင်,ကို သတ်ရန် ရွေးချယ်မှုက အလွန်ကောင်းမွန်သည်။
“လူတိုင်း၊ တောင်ထိပ်ပေါ်က နှင်းဝံပုလွေ ဆီကို အမြန်သွားကြမယ်!”
သို့သော် သူ့လက်အောက်ငယ်သားများက ထိုစကားကိုကြားသောအခါ အနည်းငယ် ချီတုံချတုံ ဖြစ်နေကြသည်။
“သခင်လေး ယန်၊ ဒီ ဝူဗာလင်,က သာမန်သားရဲမဟုတ်ဘူး၊ ကျွန်တော်တို့ ဘာလို့ သူ့နဲ့ ဝေးဝေးမှာ မနေရမှာလဲ”
“ဒီဝံပုလွေက ရေခဲစွမ်းရည်ကို သုံးပြီး အရာအားလုံးကို အေးခဲစေနိုင်တယ်လို့ ကျွန်တော်ကြားတယ်၊ လေထဲက လေယာဉ်ပျံတွေကိုတောင် အေးခဲအောင် လုပ်နိုင်တယ်”
ယန်ဘိုခွင်,သည် ထိုစကားကိုကြားသောအခါတွင် ခေါင်းညိတ်လိုက်ပြီး သူတို့ကို အတင်းအကြပ် မခိုင်းစေခဲ့ပေ။
နောက်ဆုံးတွင် သူသည် ဝူဗာလင်,၏ စွမ်းအားကို စမ်းကြည့်ချင်သောကြောင့် အဝေးမှ ဒုံးကျည်များကို ပစ်ခတ်စေခဲ့သည်။
လုချန်း,သည် ဒုံးကျည်များကို လျင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး ဒုံးကျည်များက အခြားသော သားရဲများကို ထိမှန်သွားသည်။
လုချန်း,သည် ဤလူသားများက သားရဲတိရိစ္ဆာန်များအား အကြောင်းမဲ့စွာ သတ်ဖြတ်နေခြင်းကို မြင်နိုင်သည်။
သူသည် သားရဲအချို့ကို ဖမ်းကာ သူ့ညီမ၏ တည်နေရာကို ရှာဖွေလိုသောကြောင့် ထိုလူသားများ၏ မဆင်မခြင် ပစ်ခတ်ခြင်းကို သဘာဝအတိုင်း ခွင့်မပြုနိုင်ပေ။
သားရဲများအားလုံးသာ သတ်ဖြတ်ခံရပါက သူမည်သည့်သားရဲကို ဖမ်းဆီးပြီး မေးမြန်းနိုင်တော့မည်နည်း။
“ကျိုးအိင်၊ ဒီကောင်တွေအားလုံးကို ကောင်းကင်ကနေ မောင်းထုတ်လိုက်!”
လုချန်း အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် အနောက်မှ လင်းယုန်ငှက်တစ်ကောင်၏ အော်ဟစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
ထို့နောက် မည်သူမျှ သတိမထားမိခဲ့သော ကြီးမားသည့် လင်းယုန်ငှက်ကြီးတစ်ကောင် ပေါ်လာပြီး လေယာဉ်များဆီသို့ ပျံတက်သွားသည်။
ထိုအချိန်တွင် သားရဲများကိုသတ်နေဆဲဖြစ်သော မိသားစု အများစုမှာ ရပ်တန့်သွားကြသည်။
ထို့နောက် လုချန်း နှင့် ကောင်းကင်မှ လင်းယုန်ငှက်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။
မိုမိသားစုမှ လူများသာ အမြီးကိုးချောင်းမြေခွေး၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေကြဆဲဖြစ်သည်။
သူ့ပတ်ဝန်းကျင်က မည်သည့်အရာကိုမှ ဂရုမစိုက်သကဲ့သို့ မြေခွေးကိုသာ အရှင်လတ်လတ် ဖမ်းချင်နေပုံရသည်။
လုချန်း,ပေါ်လာပြီးနောက်တွင် သူ့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါနှင့် သူအော်ဟစ်လိုက်သောအသံက အလွန်ပြင်းထန်သောကြောင့် ထွက်ပြေးနေသော အမြီးကိုးချောင်းမြေခွေး သည်လည်း လုချန်း,ကို သတိထားမိသည်။
“ဒီလောက်သန်မာတဲ့ ဝံပုလွေကြီးတစ်ကောင်က ဘယ်လိုလုပ်ရှိနိုင်ရတာလဲ၊ ဒီကောင်ကရော ဘယ်ကလာတာလဲ”
“အခုမှ ပေါ်လာပြီးတော့ သူက လူသားတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ စဉ်းစားနေတာလား”
အမြီးကိုးချောင်းမြေခွေးက လုချန်း,ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည် ။
သူမ နားမလည်နိုင်သည်မှာ တီယန်ယွမ် သစ်သီးက ကုန်သွားပြီဖြစ်သောလည်း လုချန်း,က အဘယ်ကြောင့် ဤနေသို့ ရောက်လာခဲ့သလဲ ဆိုတာကိုပင်။
တောင်ထိပ်တွင် လုချန်း,သည် ရေခဲစွမ်းရည်ကို အသုံးပြုပြီး ကောင်းကင်မှ လေယာဉ်များကို တိုက်ခိုက်လိုက်သည်။
ဤရေခဲ စွမ်းအားများအောက်တွင် လေယာဉ်များအားလုံး အလျှင်အမြန်ရှောင်တိမ်းလိုက်ပြီး အနားမကပ်ရဲကြပေ။
မဟုတ်လျှင် သတိမထားမိလိုက်ဘဲ အေးခဲသွားနိုင်သည်။
ထို့အပြင်၊ အချို့သော အဓိကမိသားစုမှ သခင်လေးအချို့သည် အခြေအနေမကောင်းကြောင်းကိုသိရှိလိုက်ပြီး သူတို့၏လူများကို အမြန်ပြန်ဆုတ်စေခဲ့သည်။
သာမာန် ဒုံးကျည်ပစ်ခတ်မှုများက လုချန်း ကို မထိခိုက်နိုင်ပေ၊ ထို့အပြင် သူသည် အလွန်လျင်မြန်ပြီး ရှောင်တိမ်းရာတွင် အလွန်ကျွမ်းကျင်သောကြောင့် ဤနေရာတွင် ဆက်မနေချင်ကြတော့ပေ။
နောက်ဆုံးတွင် သူတို့သည် အမြတ်ရရန်အတွက်သာ ထိုနေရာသို့လာခဲ့ကြပြီး သူတို့၏အသက်ကို မစွန့်စားချင်ကြပေ။
ဤအခိုက်တွင် ယန်ဘိုခွမ်,သည် လျှင်မြန်စွာ ရှောင်တိမ်းနေသော လုချန်း ကိုမြင်သောအခါ၊ သူ့ပါးစပ်ထောင့်တွင် လှောင်ပြုံးမှုတစ်ခု ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။
“မင်း ဘယ်လောက်ပဲ မြန်နေပါစေ၊ ငါ့စွမ်းရည်ရဲ့အရှိန်ထက် ပိုမြန်နိုင်မှာလား!”
ယန်ဘိုခွမ်,က ရယ်လိုက်ပြီး လုချန်း ထံသို့ အလင်းတန်းတစ်ခုကို ချက်ချင်းပင် ပစ်လွှတ်လိုက်သည်။
လုချန်း,ကို တခဏချင်းပင် ထိမှန်သွားသည်။
လုချန်း,သည် အန္တရာယ်သတိပေးချက်တစ်ခုကို ရရှိခဲ့သည်။
ယန်ဘိုခွမ်,၏ မျက်လုံးမှ စွမ်းအားများ စုဆောင်းမိသည်နှင့် တပြိုင်နက် လုချန်း သတိထားမိနေပြီဖြစ်သည်။
ထို့ကြောင့် ချက်ချင်းပင် မတိုးပေါက်နိုင်ခြင်းစွမ်းရည်နှင့် ရူးသွပ်ခြင်းစွမ်းရည် ကို အသက်သွင်းလိုက်သည်။
ဤတစ်ကြိမ်တွင် လုချန်း,သည် တစ်ဖက်လူ၏အန္တရာယ်က ယခင်ကဲ့သို့ ကြီးကြီးမားမားမဟုတ်ကြောင်း ခံစားမိသောကြောင့် လွန်းပျံ စွမ်းရည်ကို အသုံးမပြုခဲ့ပေ။
ထိုအလင်းတန်းက သူ့ခန္ဓာကိုယ်ကို ထိမှန်ပြီး ညော်နံ့ အနည်းငယ်ထွက်လာခဲ့သည်။
ဤကဲ့သို့ ပြင်းထန်သော အလင်းတန်းက လုချန်း,အားထိမှန်ပြီး သူ့ဆံပင် အနည်းငယ်ကို လောင်ကျွမ်းပျက်စီးစေခဲ့သည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ!”
ယင်းကိုမြင်ပြီး ယန်ဘိုခွမ် အလွန်အံ့သြသွားသည်။ ဤ ဝူဗာလင်,၏သားမွေးသည် သွေးနီရောင်အကြေးခွံပါသော အာဏာရှင်,ထက်ပင် ပိုမာကျောသည်ကို သူမယုံကြည်နိုင်ပေ။
“သခင်လေး ယန်၊ သွားရအောင်၊ ဒီဝံပုလွေက ကိုင်တွယ်ရတာ မလွယ်ဘူး!”
ထိုအချိန်တွင် စုယင်,က ကြောက်ရွံ့နေပြီး ဝူဗာလင် သူ့ကို ဆက်ပြီး လိုက်ဖမ်းမည်ကို စိုးရိမ်နေသည်။
ယန်ဘိုခွမ်,ကို အမြန်ထွက်သွားကြရန် သူမအသံဖြင့် အော်ဟစ်တောင်းဆိုလိုက်သည်။
သူ့၏တိုက်ခိုက်မှုက ထိရောက်မှုမရှိသည်ကို မြင်လိုက်ရပြီး ယန်ဘိုခွမ်,က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
ခရုဇ်ဒုံးကျည် ၁၀ စင်းတောင်မှ ဝူဗာလင် ကို မသတ်နိုင်ခဲ့ကြောင်း စစ်တပ်ထံမှ အစောပိုင်းတွင် ထွက်ပေါ်ခဲ့သော သတင်းကို သူပြန်မတွေးတောဘဲမနေနိုင်ပေ။
နောက်ဆုံးတွင် စစ်တပ်က ချဲ့ကားပြောဆိုခြင်းမဟုတ်ကြောင်း သူယုံကြည်သွားပြီ ဖြစ်သည်။
ထို့နောက် ယန်မိသားစု၏တပ်များက ဆုတ်ခွာသွားပြီး တောင်ကုန်းကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ရန်အတွက် စစ်တပ်နှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည်။
တပ်ဖွဲ့ဝင်အများအပြား ထွက်ခွာရန် ပြင်ဆင်နေကြသည်ကို မြင်ပြီး မိုရှန်းဟေး အနည်းငယ် စိုးရိမ်လာသည်။
“အချိန်မရှိတော့ဘူး၊ ဒီမြေခွေးကို မြန်မြန်ဖမ်းပြီးရင် ဒီကနေ ထွက်သွားရမယ်!”
သူသည် အချိန်မဆွဲတော့ဘဲ မြေခွေးကို ဖမ်းဆီးရန် သူကိုယ်တိုင် လှုပ်ရှားလိုက်သည်။
သူ၏ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်လာချိန်တွင်၊ ကောင်းကင်မှ ရေခဲအဝိုင်းကြီး ပြုတ်ကျလာကာ အမြီးကိုးချောင်း မြေခွေး၏ ပြေးလမ်းတစ်ဝိုက်ကို အမြန်ပိတ်ဆို့လိုက်သည်။
အမြီးကိုးချောင်းမြေခွေး မရှောင်တိမ်းရသေးခင်မှာပင် ကောင်းကင်မှ လေယာဉ်အမြောက်အမြားက သတ္တုစပ်ပိုက်ကြီးကို ဆွဲထုတ်ပြီး သူမကို ဖုံးအုပ်လိုက်သည်။
အမြီးကိုးချောင်းမြေခွေး၏ တိုက်ခိုက်ရေးစွမ်းရည်က အလွန်အားနည်းပြီး သူ့၏ အစစ်အမှန်စွမ်းအားမှာ ဝိညာဉ်စွမ်းအားကို အခြေခံထားသည်။
သို့သော် ယခုအခါ အာဏာရှင်နှင့် တိုက်ပွဲတွင် သူမ၏ စိတ်စွမ်းအား အများအပြား ကုန်ဆုံးထားသည်။
ယခု သူမသည် အလွန်အားနည်းနေပြီး သူမ၏ ဝိညာဉ်ချုပ်နှောင်ခြင်း စွမ်းရည်ကို အသုံးပြု၍ မရတော့ပေ။
အမြီးကိုးချောင်းမြေခွေးသည် ဧရာမသတ္တုစပ်ပိုက်ကွန်အတွင်း မဖမ်းမီစေရန်အတွက် အပြင်းအထန်ရုန်းကန်ခဲ့သည်။