အမြီးကိုးချောင်း မြေခွေး၏ သံသယ
Vol. 6 Ch. 90
“ဟင့်အင်း! လူယုတ်မာတွေ!”
“ငါသာ လွှတ်မြောက်ခဲ့ရင် နင်တို့အားလုံး အေးချမ်းတဲ့ဘဝမှာ မနေစေရဘူး!”
ဧရာမသတ္တုစပ်ပိုက်ထဲတွင် ပိတ်မိနေသော အမြီးကိုးချောင်းမြေခွေးသည် အပြင်းအထန် ရုန်းကန်ခဲ့သော်လည်း အရာအထင်ခဲ့ပေ။
သူမ၏ခြေသည်းများက သတ္တုစပ်ဖြင့်ပြုလုပ်ထားသော သတ္တုပိုက်ကွန်ကို မချိုးဖျက်နိုင်ဘဲ ပိုက်ကွန်အတွင်းမှ ဒေါသတကြီးဟိန်းဟောက်ရုံသာ တတ်နိုင်သည်။
အမြီးကိုးချောင်းမြေခွေးအတွက်၊ ခွန်အားသည်က အမြဲတမ်းချို့ယွင်းချက်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ့၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းကြောင်းသည် အခြားသော သားရဲများနှင့် လုံးဝမတူသောကြောင့် ဖြစ်သည်။
အခြားသော သားရဲများသည် ခန္ဓာကိုယ်ကြီးထွားလာသည်နှင့်အမျှ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် စွမ်းအားများ ဆက်လက် တိုးလာမည်ဖြစ်သည်။
ပုရွက်ဆိတ်တစ်ကောင်ပင်လျှင် သူ၏အရွယ်အစားကို အဆပေါင်းများစွာ သို့မဟုတ် ဆက်တိုက်ဆင့်ကဲပြောင်းလဲပြီးနောက် အကြိမ်ပေါင်း ဒါဇင်နှင့်ချီ၍ပင် ကြီးထွားနိုင်သည်။
သို့သော်၊ အမြီးကိုးချောင်း မြေခွေးသည် ယခုအခါ နိုးထခြင်း အဆင့် (၇) ကိုရောက်နေခဲ့ပြီးဖြစ်သော်လည်း သူ့၏ အရွယ်အစားမှာ သာမန်မြေခွေးထက် အနည်းငယ်မျှသာ ကြီးသည်။
“အိုးး၊ ဒီလိုမြေခွေးလေးက လူသားဘာသာစကားကို တကယ်ပြောတတ်နေတာပဲ“
လုချန်း,သည် တိုက်လေယာဉ်များ နောက်ကို လိုက်နေဆဲဖြစ်ပြီး ထိုနေရာ၌ အမြီးကိုးချောင်းမြေခွေး,၏ ဟိန်းဟောက်သံကို ကြားလိုက်ရပြီးနောက် စူးစမ်းလိုစိတ်များကို မထိန်းနိုင်တော့ပေ။
ယခုအချိန်တွင် လူသားဘာသာစကားကို ပြောနိုင်သော သားရဲများက နိုးထခြင်း သတ္တမအဆင့်တွင်ရှိသည်။
လုချန်း,သည် သတ္တုစပ်ပိုက်မှလွတ်မြောက်နိုင်နိုင်ရန် ရုန်းကန်နေသည့် သေးငယ်သော ဤမြေခွေးလေးက အမှန်တကယ် နိုးထခြင်း သတ္တမအဆင့်တွင်ရှိနေသည်ကို မမျှော်လင့်ထားပေ။
သို့ပေမယ့် လုချန်း,ကို ပိုစိတ်လှုပ်ရှားစေသည်မှာ ဤမြေခွေးလေးက ယန်ရှ တောင်တွင် အချိန်အတော်ကြာနေခဲ့ပုံရပြီး ယခင် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို သိနေနိုင်သည်။
“ကျိုးအိင်၊ အဲဒီမြေခွေးကို သွားကယ်ပြီး၊ အဲဒီကလူတွေအားလုံးကို တိုက်ခိုက်လိုက်!”
လုချန်း,၏အမိန့်ကိုနာခံပြီးနောက် လင်းယုန်ငှက်သည် လေပြင်းများကိုဖြစ်ပေါ်စေသော သူ့၏ အတောင်ပံများကိုခတ်လိုက်သည်။
လေဆင်နှာမောင်းတိုက်ခတ်မှုအောက်တွင် မိုမိသားစု၏ လူများက ချက်ချင်း အထိတ်တလန့်ဖြစ်သွားသည်။
လေယာဉ်သည် တစ်ဖက်မှ တစ်ဖက်သို့ ယိမ်းထိုးနေသဖြင့် မိုရှန်းဟေး အနည်းငယ် ထိတ်လန့်သွားသည်။
“ဆုတ်! မြန်မြန်ပြန်ဆုတ်!”
နိုးထခြင်းအဆင့် (၇) တွင်ရှိသော မြေခွေးသည် ဧရာမပိုက်ကွန်မှ မလွတ်မြောက်နိုင်ခဲ့ဘဲ လေယာဉ်နောက်ကို လိုက်ပါသွားခဲ့သည်။
သို့သော် ဧရာမ လင်းယုန်ငှက်ကြီးက သူ့ဆီ ပျံသန်းလာနေသည်ကို မြင်ပြီး ရုတ်တရက် သူ့ရင်ထဲတွင် မျှော်လင့်ချက်များ တောက်ပလာသည်။
ဤအမည်မသိ လင်းယုန်ကြီး,သည် သူမကို ကယ်ဆယ်နိုင်ရန် မမျှော်လင့်ပေ၊ မိုမိသားစု၏ လေယာဉ်ကို နှောင့်ယှက်ရန်သာ မျှော်လင့်သည်။
“ဖာ့! ယုတ်မာတဲ့ ငှက်စုတ်!”
လင်းယုန်ငှက်၏ အဆက်မပြတ် ဝင်ရောက်တိုက်ခိုက်မှုအောက်တွင် မိုမိသားစု လေယာဉ်ပျံ၏ ဟန်ချက်ကို ထိန်းသိမ်းရန် ခက်ခဲလာသည်။
လေယာဉ်ပျက်ကျမည်ကို စိုးရိမ်သောကြောင့် မိုရှန်းဟေး,သည် သူ့၏လေဝိဥာဉ်စွမ်းရည်ကို အားကိုးပြီး လေယာဉ်မှထွက်ကာ လင်းယုန်ငှက်ကို ကြားဖြတ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
“ဘုန်း!”
မိုရှန်းဟေး,၏ ဝိညာဉ်စွမ်းအားများ ပျံ့နှံ့သွားပြီးနောက် ထူထဲသော ရေခဲနံရံတစ်ခု ထွက်ပေါ်လာကာ ကျိုးအိင်,ကို ပိတ်ဆို့လိုက်သည်။
သို့သော် လင်းယုန်ငှက်သည် အလွန်အစွမ်းထက်သည်။ ငှက်တစ်ကောင်မျှသာဖြစ်သော်လည်း သူ့၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်ပြင်းထန်သည်။
သူ့၏ကြီးမားသောအတောင်ပံကိုခတ်လိုက်ခြင်းဖြင့် မြှားကဲ့သို့ချက်ချင်းအရှိန်တက်သွားပြီး ထူထဲသောရေခဲနံရံကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။
သို့သော် မိုရှန်းဟေး,က လျှို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုထားခဲ့သည်။
ယခု သူသည် နိုးထခြင်း စတုတ္ထအဆင့် တွင်ရှိပြီး ကျိုးအိင်,ထက် တစ်အဆင့်သာ နိမ့်သည်။
သူ့တွင် ပင်ကိုယ်စွမ်းရည်နှစ်မျိုးနှင့် အတူ ကျယ်ပြန့်သော တိုက်ပွဲအတွေ့အကြုံများလည်း ရှိသည်။
ရေခဲနှင့် လေဓါးများအကူအညီဖြင့် လင်းယုန်ငှက်အား လေထဲတွင် ခေတ္တတားဆီးနိုင်ခဲ့သည်။
မိုရှန်းဟေး,သည် ကျိုးအိင်,ကို မယှဉ်နိုင်သော်လည်း၊ သူ၏ ရည်ရွယ်ချက်မှာ ကျိုးအိင်,သည် လေယာဉ်ပျံကို ထပ်ပြီး မနှောင့်ယှက်နိုင်အောင် တားဆီးရန်သာဖြစ်သည်။
ဤအခိုက်အတန့်၊ သူတို့နှစ်ဦး တိုက်ပွဲဖြစ်နေချိန်တွင် မိုမိသားစု၏ လေယာဉ်အများအပြားသည် ထိုနေရာမှ ထွက်ခွာတော့မည်ဖြစ်သည်။
“တမ်! သူတို့ကို တားလိုက်!”
လုချန်း,သည် မူလက လွန်းပျံ စွမ်းရည်ကို အသုံးပြုလိုခဲ့သည်။
သို့သော် တမ်သည် လေယာဥ်များ၏အနီးတွင် ရှိနေသည်ကို သူသိလိုက်ပြီး ချက်ချင်းပင် ဝိညာဉ်မက်ဆေ့ခ်ျ ပေးပို့ခဲ့သည်။
ထို့နောက်တွင် မိုမိသားစုမှ လူအားလုံးက ရှေ့ကိုထိတ်လန့်စွာ ကြည့်နေကြသည်။
အကြောင်းမှာ ရုတ်တရက် သူတို့ရှေ့ တောင်လမ်းပေါ်တွင် ဧရာမ ဖားတစ်ကောင် ပေါ်လာခဲ့၍ဖြစ်သည်။
ကြီးမားသော ခန္ဓာကိုယ်ကြီးက ခုန်တက်လိုက်ကာ မီတာရာပေါင်းများစွာ အမြင့်သို့ ရောက်ရှိသွားခဲ့သည်။
မိုမိသားစုမှလူများ မတုံ့ပြန်ရသေးခင်တွင် ဧရာမဖားကြီးက ပါးစပ်ကိုဖွင့်ပြီး နီမြန်းသောလျှာကို ပစ်ထုတ်လိုက်သည်။
တမ်,သည် ဧရာမသတ္တုစပ်ပိုက်ကြီးကို လျှာဖြင့်ပတ်ကာ အားအင်အပြည့်ဖြင့် ဆွှဲချလိုက်သည်။
ဤကြီးမားလှသော ခွန်အားအောက်တွင် ဧရာမပိုက်ကြီးကို ဆွဲယူလာသော လေယာဉ်များစွာသည် ရုတ်တရက် ထိန်းချုပ်မှု ပျောက်ဆုံးသွားပြီး လျင်မြန်စွာ ပြုတ်ကျလာခဲ့သည်။
အနီးအနားမှ လေယာဉ်ပေါ်ရှိ လူများ အားလုံးသာ်လည်း ကြောက်လန့်နေကြသည်။
သူတို့ထွက်ခွာခါနီးအချိန်တွင် ကြီးမားသော ဖားကြီးတစ်ကောင်က ရုတ်တရက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ယန်ရှ တောင်ပေါ်တွင် ဤမျှကြီးသော ဖားတစ်ကောင်ရှိနေမည်ဟု မထင်ထားကြပေ။
သူတို့ မမျှော်လင့်ထားသည့်အရာမှာ တစ်ဖက်၏ လျှာဟာ မီတာ ၇၀၀ ကျော်အထိ ရှည်နိုင်ပြီး သံမဏိကဲ့သို့ မာကျောနေခြင်းဖြစ်သည်။
ထိုကြောက်စရာကောင်းသော မြင်ကွင်းက သူတို့၏ ဦးနှောက်များကို ခဏလောက် ဗလာ ဖြစ်သွားစေခဲ့သည်။
နိုးထခြင်း သတ္တမအဆင့်ရှိ သန်မာသော သားရဲတစ်ကောင်အနေဖြင့် တမ်,၏ ခွန်အားမှာ အမှန်တကယ် သန်မာလှသည်။
ပြင်းထန်သော ခွန်အားအောက်တွင် လေယာဉ်များစွာကို သူ့လျှာဖြင့် တိုက်ရိုက်ဆွဲချခဲ့သည်။
နောက်ဆုံးတွင် အမြီးကိုးချောင်း မြေခွေးသည် ဧရာမသတ္တုစပ်ပိုက်မှ လွတ်မြောက်နိုင်ခဲ့သည်။
သူ့ရှေ့မှ ဧရာမဖားကြီးကို ကြည့်လိုက်ပြီး အမြီးကိုးချောင်း မြေခွေး,၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ချက် ထွက်ပေါ်လာသည်။
ကောင်းကင်ယံ၌ လင်းယုန်ငှက်ကြီး ပျံဝဲနေကာ ကြီးကျယ်ခမ်းနားပြီး ခန့်ညားလှသော ငွေဖြူနှင်းဝံပုလွေလည်း ရှိသည်။
သို့ပေမယ့် အမြီးကိုးချောင်း မြေခွေးသည် နောက်ဆုံး သူမကို ကယ်တင်ခဲ့သည်မှာ ဖားကြီးတစ်ကောင်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ...
တမ်,က ထိုအရာများကို ဂရုမစိုက်ပေ၊ အမြီးကိုးချောင်း မြေခွေးကို ကယ်တင်ပြီးနောက် လေထဲတွင်ရှိနေသော မိုရှန်းဟေး ကို မော့ကြည့်လိုက်သည်။
မိုရှန်းဟေး,သည် ကျိုးအိင် နှင့် တိုက်ခိုက်နေသေးသော်လည်း မိုမိသားစုလေယာဉ်ပျက်ကျသွားသည်ကို သူမြင်သောအခါတွင် ချက်ချင်းပင် စိတ်ရှုပ်ထွေးသွားသည်။
ချက်ချင်းပင် သူသည် တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိတော့သည်သာမက အမြီးကိုးချောင်း မြေခွေးကိုပင် ဂရုမစိုက်တော့ပေ၊ သူ ဤနေရာမှ ဘဝတစ်လျှောက်တွင် အမြန်ဆုံးသောအရှိန်ဖြင့် ထွက်ပြေးသွားသည်။
များမကြာမီ ယန်ရှ တောင်ပေါ်ရှိ လူသားများအားလုံး ထွက်ပြေးခဲ့ကြသည်။
ထွက်ပြေးရန် ရည်ရွယ်ချက်မရှိသည့် လူများက ထိုနေတွင် ထာဝရနေခဲ့ရမည်ဖြစ်သည်။
“ငါ့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်”
မြေခွေးဖြူသည် သူ့ရှေ့မှ ဖားကြီးနှင့် သူစိမ်းဖြစ်နေသော်ငြားလည်း သူမသည်တော့ လူ့ဘာသာစကားဖြင့် ယဉ်ကျေးစွာ ကျေးဇူးတင်စကားပြောလိုက်ဆဲပင်။
“ငါ့ကို ကျေးဇူးတင်မနေနဲ့၊ ငါ့သခင်က မင်းကို ကယ်တင်ဖို့ အမိန့်ပေးထားတာ၊ မဟုတ်ရင် ဝါးခြမ်းပြားလိုခန္ဓာကိုယ်နဲ့ မင်းကို ဘယ်သူကမှ ကယ်တင်မှာမဟုတ်ဘူး”
တမ်သည် အမြီးကိုးချောင်း မြေခွေးကို ငုံ့ကြည့်ကာ အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည်။
သူ့စကားကြောင့် အမြီးကိုးချောင်း မြေခွေး ထိတ်လန့်သွားသည်။
အမြီးကိုးချောင်း မြေခွေးသည် သူ့ရှေ့မှ ဧရာမဖားကြီးက ရုပ်ဆိုးနေသော်လည်း အမှန်တကယ်တွင် နိုးထခြင်း အဆင့် (၇) သို့ရောက်ရှိနေသည်ကို သိလိုက်ရသည်။
ထို့အပြင် တိုက်ခိုက်ရေး စွမ်းအားတွင် ဤဖားကြီးက အလွန်သန်မာသည်။
ဤအဆင့်၏ အစွမ်းထက်သော သားရဲဘုရင်သည် အမှန်တကယ်ပင် အခြားသားရဲတစ်ကောင်ကို သခင်ဟု ခေါ်လိုက်လေသလော။
‘ဒါဆို သူ,သခင်လို့ ခေါ်တဲ့သားရဲက ဘယ်လောက်တောင် တန်ခိုးကြီးလိုက်မလဲ!’
အမြီးကိုးချောင်း မြေခွေး သံသယဖြစ်နေချိန်တွင် လုချန်း,က ဤနေရာကို ချဉ်းကပ်လာနေသည်။
“သခင်!”
လုချန်း,ရောက်လာသည်ကိုမြင်လိုက်ရသော် တမ်၏မျက်နှာသည် ချက်ချင်းပင် နာခံသည့် အသွင်ပြောင်းသွားသည်။
လင်းယုန်ငှက်သည် ကောင်းကင်မှ လှည့်ပတ်ကာ တမ်,၏ဘေးတွင် ဆင်းသက်လာသည်။
အမြီးကိုးချောင်း မြေခွေးက ဤသည်ကိုမြင်ပြီး ချက်ချင်းပင် သဘောပေါက်သွားသည်။ သူ့ရှေ့မှ ငွေဖြူနှင်းဝံပုလွေက ထိုသားရဲနှစ်ကောင်၏ သခင်ဖြစ်သည်။
သို့ပေမယ့် သူမ အလွန်သိချင်နေသည်။ လုချန်း,၏ ရောင်ဝါက ပြင်းထန်သော်လည်း၊ သူသည် နိုးထခြင်း အဆင့် (၆) တွင်သာ ရှိသေးသည်။
နိုးထခြင်း အဆင့် (၇) တွင်ရှိနေသော ဤသားရဲကြီးများကို သူမည်ကဲ့သို့ နာခံလာအောင် ပြုလုပ်ခဲ့သနည်း။