← Chapters

“ဒါ-ဒါက ဝူဗာလင် လား?!”

Vol. 6 Ch. 78

“ဒါ-ဒါက ဝူဗာလင် လား?!”

Vol. 6 Ch. 78

“ဘုန်း!”

ချင်လင်းတောင်တန်း၏ ရှေးဟောင်းသစ်ပင်များသည် ယနေ့ညတွင် သူတို့၏ ယခင်တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့သည်။

ညဉ့်နက်နေပြီဖြစ်သော်လည်း မှောင်မိုက်နေသောညကောင်းကင်ယံတွင် အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် အဆုံးမရှိ တောက်ပနေခဲ့သည်။

မီးတောက်များနှင့်အတူ ကျည်ဆန်များက တောထဲကို ဆက်လက်ပစ်ခတ် နေဆဲဖြစ်သည်။

တောမီးက ပြင်းထန်စွာလောင်ကျွမ်းနေပြီး မြေကြီးပေါ်တွင် လျှိုများနှင့် ပြည့်နှက်နေသည်။

အမြောက်ပစ်ခတ်သံများနှင့် ဗုံးကြဲသံများ ကြားတွင် မရေမတွက်နိုင်သော တောရိုင်းတိရစ္ဆာန်များ အရပ်ရပ်သို့ ထွက်ပြေးကြရသည်။

ကောင်းကင်ထက်ကို ဟိန်းဟောက်နိုင်သော ရက်စက်သည့် သားရဲများက ယခုတွင် သေသည်အထိ ထိတ်လန့်နေကြသည်။

လူ့လောက၏ အစွမ်းထက်သော လက်နက်ကြီးများနှင့် ရင်ဆိုင်နေရချိန်တွင် သားရဲများ၏ အသားများက နေရာအနှံ့ပျံကြဲသွားရသည်။

လူသတ်သမားသည် မည်မျှပင် အစွမ်းထက်စေကာမူ အကြွင်းမဲ့ ခွန်အားနှင့် ရင်ဆိုင်ရလျှင် သူသည် အသား အစုအဝေးအဖြစ်သို့ ပြောင်းလဲသွားရမည်ဖြစ်သည်။

ယခုအချိန်တွင် ရဟတ်ယာဉ်များဖြင့် ကောင်းကင်မှ အထူးစွမ်းရည်ရှိသော လူသားများစွာ ဆင်းသက်လာကြသည်။

ပြင်းထန်သော စက်သေနတ်များ ၏ ဖုံးလွှမ်းမှုအောက်တွင် သူတို့သည် ကြီးမားသော သတ်ဖြတ်မှုကို စတင်ခဲ့သည်။

တစ်ခဏအတွင်း သွေးများနှင့်မီးများက မြေပြင်အနှံ့ပျံ့နှံ့သွားသည်။

သားရဲများ၏ ဟိန်းဟောက်သံနှင့် အမြောက်ပစ်ခတ်သံများက တိတ်ဆိတ်ငြိမ်သက်နေသော ချီလင် တောင်တန်းကို အသက်ဝင်စေခဲ့သည်။

ဤကဲ့သို့ အဖြစ်အပျက်မျိုးက ငြိမ်းချမ်းရေးကာလတွင် နေထိုင်ကြသော လူအများစုအတွက် အလွန်စိတ်လှုပ်ရှားစရာကောင်းပုံပေါ်သည်။

လူများစွာသည် ငြိမ်းချမ်းသောဘ၀တွင် အကြာကြီးနေထိုင်ရပြီးနောက် အရိုးထဲမှ သတ်လိုသောဆန္ဒများ ဖြစ်ပေါ်လာကြသည်။

သတ်ဖြတ်သံနှင့်အော်ဟစ်သံများဖြင့် အဆုံးမရှိ ဆူညံနေသော စစ်မြေပြင်သို့ သွားသူများကို သွေးဆူစေခဲ့သည်။

အမြောက်မီးများကြားတွင် နတ်မီးများ အသီးသီး ထွန်းတောက်လာကာ လူသားမျိုးနွယ်၏ စူပါပါဝါရှိသူများက သူတို့၏ ပင်ကိုယ်စွမ်းရည်များကို ပြသကြသည်။

“ဟားဟားဟား၊ အစ်ကို ကျန်းချောင်ဘင်၊ မင်းက ဒီတိုက်ပွဲမှာ ငါတို့ရဲ့ ကျန်းနန် ခရိုင်ကို တကယ်ဂုဏ်တက်‌စေခဲ့တယ်!”

“ဟုတ်တယ်၊ လူတစ်ယောက်တည်းက သားရဲအုပ်စုကို တွန်းလှန်ထားနိုင်တယ်၊ လူအနည်းငယ်ကသာ ဒီလိုလုပ်နိုင်မှာကို ငါကြောက်တယ်”

“လေယာဉ်ပေါ်ကနေ ဒီမြင်ကွင်းကိုတွေ့လိုက်ရတော့ စိတ်လှုပ်ရှားလွန်းလို့ တိုက်ရိုက်ခုန်ချချင်ခဲ့တာ”

“ဟီးဟီး၊ ဒီသားရဲဘုရင်လို့ ခေါ်တဲ့ကောင်က သားရဲအုပ်စုထဲမှာ မရှိဘူးမလား”

“ကျနော့်အမြင်အရတော့ ငါတို့အစ်ကို ကျန်း လည်း နာမည်တစ်ခုရသင့်တယ်၊ အခုကစပြီး သံချပ်ကာဘုရင် ကျန်း လို့ခေါ်မယ်၊ ဘယ်လိုလဲ”

“ကောင်းတယ်၊ ဒါက တကယ်ကိုသင့်လျော်တယ်၊ အင်ပါယာမြို့တော်မှာ မိုးကြိုးဘုရင်ရှိတယ်၊ ကျန်းနန် ခရိုင်ဖြစ်တဲ့ ငါတို့လဲကျန်ရစ်ခဲ့လိုမရဘူး!”

ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် တောထဲသို့ ပြေးဝင်သွားသော အထူးစွမ်းရည်ရှိသူ အများအပြားသည် ကျန်းချောင်ဘင်,အား ချီးမွမ်းခဲ့ကြသည်။

ယခုအချိန်တွင် ကျန်းချောင်ဘင်, ဝန်းကျင်ရှိ လူအများစုသည် ကျန်းနန် ခရိုင်မှ အထူးစည်းရည်ရှိသူများဖြစ်ကြသည်။

ယခု သူတို့ ကိုယ့်နယ်မြေတွင် ထွန်းလင်းတောက်ပလာသော ကြယ်တစ်ပွင့်ကို မြင်လိုက်ရပြီး ထိုလူများက အလွန်စိတ်လှုပ်ရှားသွားကြသည်။

ထိုတိုက်ပွဲက ကျန်းချောင်ဘင်,ကို အမှတ်တကယ် တကယ်နာမည်ကြီးစေခဲ့သည်။

လူတိုင်း၏အကြည့်အောက်တွင် သူသည် အဖွဲ့၏ဝိုင်းရံမှုကို အတော်လေး သည်းခံခဲ့ရသည်။

သူ့တွင် ပုံမှန်မဟုတ်သည့် ပြင်းထန်သော ခုခံမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုနှစ်ခုမျိုးရှိသည်။

ယခု ကျန်းချောင်ဘင် ၏ဘေးတွင် အလွန်ကြီးမားသော အလောင်းတစ်လောင်း ရှိနေသည်။

ယခင်က ကျန်းချောင်ဘင်,ကို ဒဏ်ရာရစေခဲ့သော နိုးထခြင်း တတိယအဆင့်ရှိ မီးကျားသစ်ဖြစ်သည်။

အခြားသားရဲကြီးများက လူသားတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ထိတ်လန့်တကြား ထွက်ပြေးသွားကြသည်။

သို့သော်လည်း အမြောက်ပစ်ခတ်မှုအောက်တွင် ကျန်းချောင်ဘင်,သည် မီးကျားသစ်ကို မမျှော်လင့်ဘဲ အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့သည်။

မူလက မီးတောက်ဖုံးများလွှမ်းနေသော မီးကျားသစ်သည် ယခုတွင် သာမန်ကျားသစ်နှင့် မကွာခြားတော့ပေ။

“အစ်ကိုကျန်း၊ နင်အဆင်ပြေလို့ ငါအရမ်းဝမ်းသာတယ်”

“ငါ နင့်ကို အရမ်းစိတ်ပူလို့ ထွက်ပြေးပြီး စစ်ကူသွားတောင်းတယ်...”

မဝေးသောရောရာမှ စုယင် သည် ယခုအချိန်တွင် နောက်ကျမှရောက်လာပြီး တောင်းပန်သည့်အကြည့်ဖြင့် တိုးတိုးလေးပြောသည်။

ရည်ရွယ်ချက်ရှိမရှိတော့ မသိပေ၊ သို့ပေမယ့် စုယင်,ရဲ့ အသံက ခါတိုင်းထက် အတော်လေး နူးညံ့ပြီး နားထောင်ရုံနဲ့တင် လူသားများရဲ့ နှလုံးခုန်နှုန်းကို မြန်စေသည်။

စုယင်,သည် အလွန်ချောမောလှပပြီး ယခုသူမ၏ရုပ်သွင်ကို ပိုမို ပေါ်လွှင်စေမည့် တင်းကြပ်သောဝတ်စုံကို ဝတ်ဆင်ထားသည်။

စုယင်,၏ ရုပ်ရည်မှာအလွန်လှပပြီး ခန္ဓာကိုယ် ကောက်ကြောင်းမှာလည်း အလွန်စွဲမက်ဖွယ်ရာကောင်းသည်။

သူမ၏ မျက်နှာသွင်ပြင်သည် နူးညံ့သိမ်မွေ့ပြီး အနက်ရောင်ဆံပင်ရှည်များက လေထဲတွင် ညင်သာစွာလှုပ်ယမ်းနေသည်။

သူမ၏ လှပသော ပါးပြင်ပေါ်တွင် ဖုန်မှုန့် အချို့ ရှိနေသဖြင့် သူမကို ပို၍ပင် ချစ်စရာကောင်းစေသည်။

သူမ၏နူးညံ့သောအသံကြောင့် ကျန်းချောင်ဘင်,၏ မျက်နှာက ခဏလေးအတွင်းမှာပင် အလွန်နီရဲသွားခဲ့သည်။

သို့သော်လည်း ကျန်းချောင်ဘင်,က လျှင်မြန်စွာ အသိပြန်ဝင်လာသည်။

စုယင်,သာ သူ့ရဲ့ လုံခြုံရေးအတွက် တကယ်စိတ်ပူနေတယ်ဆိုရင် စစ်ကူတွေထက် ဘာဖြစ်လို့အရင် ရောက်မလာခဲ့ရတာလဲ။

“နှမျောစရာကောင်းလိုက်တာ၊ ဝူဗာလင် က အခုထိ လွတ်မြောက်နေတုန်းပဲ”

ကျန်းချောင်ဘင်,က မထိန်းနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူကြုံဖူးခဲ့သည့် ရက်စက်ကြမ်းကြုတ်သော သားရဲများထဲတွင် ဝူဗာလင်,ကသာ သူ့ကို ဖိအားအများဆုံးပေးနိုင်ခဲ့သည်။

ကျန်းချောင်ဘင်,သည် ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်တောက်နေသော ငွေဖြူ ဝံပုလွေကြီးကို ပြန်တွေးကြည့်သောအခါတွင် အနည်းငယ် ထိတ်လန့်ပြီး ကြောက်ရွံ့နေသေးသည်။

“အစ်ကို ကျန်း၊ စိတ်မပူပါနဲ့၊ အစ်ကို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ဝူဗာလင်,ကို နောက်တစ်ကြိမ်ပြန်တွေ့ရင် အလွယ်တကူ ဖမ်းပြီးသတ်ပစ်နိုင်မယ်လို့ ငါယုံကြည်တယ်!”

စုယင်,သည် ကျန်းချောင်ဘင် ဆီသို့ လျှောက်လာပြီး နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်သည်။

စုယင်,၏ စကားကိုကြားပြီး ကျန်းချောင်ဘင်,၏ မျက်နှာ‌ပေါ်တွင် ပျော်ရွှင်မှုအရိပ်အ‌ယောင်များ ထွက်ပေါ်လာသော်လည်း အသိစိတ်က သူ့နောက်ကျောကို ဖြောင့်တန်းစေခဲ့သည်။

“ဟုတ်တယ်၊ ဒီတိုက်ပွဲမှာ ငါ့ရဲ့ ပင်ကိုယ်စွမ်းရည်ကို အများကြီး နားလည်လာစေတယ်၊ နောက်တစ်ကြိမ်ပြန်တွေ့ရင် သူ မလွတ်မြောက်နိုင်ဘူးဆိုတာ ‌သက်သေပြမယ်!”

စုယင်,၏ မြှောက်ပင့်ပြောဆိုမှုကြောင့် ကျန်းချောင်ဘင် တွင် ယုံကြည်မှုအချို့ ပြန်ရရှိလာခဲ့သည်။

“စကားမစပ်၊ နင်းဖန်,က လျှို့ဝှက်ဆန်းကြယ်တဲ့ သစ်သီးကို ယူသွားတာမဟုတ်ဘူးလား”

“နင်းဖန်,ကို ဘာလို့ အခုထိ မဆက်သွယ်နိုင်ရတာလဲ!”

ကျန်းချောင်ဘင်,က မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။

“အစ်ကို ကျန်း၊ ငါတို့အားလုံးက ကျန်းနန် ခရိုင်ကပါ၊ ငါတို့တွေ အချိန်အတော်ကြာ အတူတူ ဖြတ်သန်းခဲ့ဖူးတယ်၊ နင်းဖန် ရဲ့ စရိုက်ကို ငါယုံကြည်တယ်”

“နင်းဖန်,က သားရဲတွေကို ရှောင်ဖို့ သူနဲ့အတူ ဝိညာဥ်အသီးကို ယူသွားပြီး သူလမ်းပျောက်သွားတာဖြစ်နိုင်တယ်၊ သူဒီဝိညာဉ်သစ်သီးကို ယူမှာမဟုတ်ဘူးဆိုတာ ငါသေချာပေါက်...”

စုယင်,သည် ကျန်းချောင်ဘင်,ကို စိုက်ကြည့်ပြီးနောက် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ပြောလိုက်သည်။

သူ့စကားကြားပြီးနောက် ကျန်းချောင်ဘင် သည် ထိုကိစ္စကို တစ်ခါမျှ မစဉ်းစားမိဘဲ ရုတ်တရက် သံသယဝင်လာခဲ့သည်။

“ဒါက သေချာပေါက် မှန်တာတော့ မဟုတ်ဘူး၊ လူတစ်ယောက်ရဲ့ မျက်နှာကို သိနိုင်ပေမယ့် နှလုံးသားကိုတော့ မမြင်နိုင်ဘူး!”

ကျန်းချောင်ဘင်,၏အမြင်အရ နင်းဖန် သည် နိမ့်သောအမြင့်တွင် ပျံသန်းနိုင်ပြီး သူသည် သူတို့သုံးယောက်ထဲတွင် အမြန်ဆုံးဖြစ်သည်။

ထို့အပြင် သားရဲအုပ်သည် သူ့ဘာသာသူ ရပ်တန့်သွားပြီဖြစ်သဖြင့် သတင်းကို မည်သို့ မပို့ဆောင်နိုင်ရမည်နည်း။

စုယင်,၏ တမင်တကာ သို့မဟုတ် မရည်ရွယ်သော စကားများ နှင့် ပေါင်းစပ်လိုက်ရာ နင်းဖန်,သည် ဝိညာဉ်သစ်သီးကို အလွဲသုံးစားလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျန်းချောင်ဘင်,က ယူဆခဲ့သည်။

ဒါကိုတွေးပြီး ကျန်းချောင်ဘင်,က ပိုပိုပြီး ဒေါသထွက်လာခဲ့သည်။

နင်းဖန် ဆုတ်ခွာနိုင်ရန်အတွက် သူသည် ဤနေရာတွင် ရက်စက်သောတိုက်ပွဲကို ဆင်နွှဲခဲ့ပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်ခဲ့သည်။ ရလဒ်အနေနဲ့ နင်းဖန် ဘယ်မှာလဲဆိုတာ မသိရသေးပေ။

ထိုအချိန်တွင် စုယင်,က ”အစ်ကို ကျန်း၊ သူယူသွားရင်တောင် ကိစ္စမရှိပါဘူး၊ အဆိုးဆုံးကတော့ မစ်ရှင်ကျရှုံးရုံပါပဲ၊ နောက်ထပ်မစ်ရှင်တွေမှာ ငါတို့နှစ်ယောက် ပိုကြိုးစားကြတာပေါ့”

“မဟုတ်ဘူး၊ ငါတို့ မအောင်မြင်နိုင်ခဲ့တဲ့ အကြောင်းရင်းက သူ့ကြောင့်ပဲ”

ကျန်းချောင်ဘင်,သည် စုယင်,၏ လျှို့ဝှက်သော စကားများကို နားမလည်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

“အပြင်‌ရောက်ရင် ဒီကောင်ကို လိုက်ရှာမယ်၊ သူဒီဟာကို အလွဲသုံးစားလုပ်ရဲရင် ငါ့ကို ရိုင်းစိုင်းတယ် အပြစ်မတင်နဲ့!”

ထို့နောက် ကျန်းချောင်ဘင်,က သူ့၏ ဧရာမသားရဲကောင်အား အထူးသဖြင့် နိုးထခြင်းတတိယအဆင့်တွင်ရှိနေသော မီးကျားသစ်အား ကူညီသယ်ဆောင်ပေးရန် ရန် နိုင်ငံစစ်တပ်ကို တောင်းဆိုခဲ့သည်။

နိုးထခြင်း တတိယအဆင့်ရှိ သန်မာသော သားရဲတစ်ကောင်ကို သတ်နိုင်ခြင်းက သူမည်မျှအစွမ်းထက်ကြောင်းကို လူအများ သိရှိစေနိုင်မည်ဖြစ်သည်။

ထို့အပြင် ယနေ့ခေတ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲများကို သတ်ဖြတ်ပြီး ကုသိုလ်အမှတ်နှင့် လဲလှယ်နိုင်သည်။

ဤအချိန်က ထူးခြားသော ကာလတစ်ခုဖြစ်သည်။ အထူးသဖြင့် တန်ခိုးကြီးပြီး ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများကို အမဲလိုက်ခြင်းဖြင့် စစ်မှုထမ်းကောင်းများကို ရရှိနိုင်သည်။

သူရဲကောင်းများသည် ခက်ခဲသောအချိန်ကာလများတွင် ပေါ်ထွက်လာကြပြီး လူတိုင်းက ဤကာလအတွင်း သူတို့ကိုယ်သူတို့ နာမည်ကောင်းရလိုကြသည်။

စစ်ပွဲပြီးနောက် လူတိုင်းသန့်ရှင်းရေးကို လုပ်နေကြချန်တွင် အဝေးမှ မလှမ်းမကမ်း ကောင်းကင်ယံတွင် ဧရာမဝံပုလွေတစ်ကောင် ပေါ်လာသည်။

“ရှောင်ပိုင် မင်းဘယ်မှာလဲ”

လုချန်း,သည် စစ်မြေပြင်အနီးသို့ ရောက်လာသော်လည်း ရှောင်ပိုင်,ကို အာရုံမခံနိုင်သေးသောကြောင့် သူအလွန်စိတ်ပူနေခဲ့သည်။

“ရှောင်ပိုင် တစ်ခုခုဖြစ်သွားတာလား!”

မြေပြင်အနှံ့ ပြန့်ကျဲနေသော အလောင်းများရှိပြီး မြေကြီးအောက်မှ ပူလောင်နေသော ဧရိယာကြီးကို လှမ်းကြည့်ရင်း လုချန်း,၏ ခေါင်းထဲတွင် အထိတ်တလန့်ဖြစ်သွားစေသည့် အတွေးတစ်ခု ဝင်ရောက်လာသည်။

သို့သော် လုချန်း,က ပြင်းထန်စွာ ခေါင်းခါယမ်းလိုက်သည်။

“မဖြစ်နိုင်ဘူး၊ ရှောင်ပိုင် ဒီလောက်လွယ်လွယ်နဲ့ မသေနိုင်ဘူး!”

သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက လုချန်း,၏ မျက်လုံးထဲတွင် ပြည့်နှက်လာခဲ့သည်။

ရှောင်ပိုင်,၏ အမှတ်အသားကို ယခုအထိ အာရုံခံနိုင်ခြင်းမရှိသေးပေ။

ထို့နောက် မြေပြင်ပေါ်ရှိ လူသားတပ်ဖွဲ့များနှင့် အထူးအာဏာရှိသူအများအပြားကို ကြည့်လိုက်သည်။

“တကယ်လို့ ရှောင်ပိုင် သေသွားခဲ့ရင် မင်းတို့အားလုံးကို သူမနဲ့အတူ သင်္ဂြိုဟ်ပစ်မယ်!!”

သူ့နှလုံးသားထဲတွင် ဒေါသများနှင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများထဲမှ သတ်ဖြတ်ခြင်းဆန္ဒက အရာဝတ္ထုအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်သွားခဲ့သည်။

သူသည် စစ်မြေပြင်အနီးသို့ရောက်လာပြီး ထိုနေရာတစ်ဝိုက်ကို ဂရုတစိုက်ရှာဖွေခဲ့သည်။ ကံကောင်းထောက်မစွာဖြင့်၊ ရှောင်ပိုင်,၏အလောင်းကို မတွေ့ရသောကြောင့် လုချန်း သက်ပြင်းချနိုင်ခဲ့သည်။

သို့သော် သူ့ပတ်ဝန်းကျင်ရှိ လူများကိုကြည့်ရင်း လုချန်း,၏ မျက်လုံးများသည် လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသေးသည်။

ဤကဲ့သို့ ကြီးမားသော တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည့်အတွက် ရှောင်ပိုင် စစ်မြေပြင်တွင် မသေခဲ့လျှင်တောင် ထိုလူများက သူ့ညီမကို နာကျင်စေမည်မှာ သေချာသည်။

အထူးသဖြင့် စွမ်းရည် နိုးထခဲ့သည့် ဤလူများသည် အခြားသားရဲများကို သတ်ဖြတ်ဆဲဖြစ်သည်။

ထိုလူများကြောင့် သူ့ညီမ ဒဏ်ရာအပြင်းအထန်ရပြီး တောနက်ထဲကို ထွက်ပြေးသွားခဲ့ခြင်း ဖြစ်နိုင်သည်။

“မင်းတို့အားလုံး သေစမ်း!”

လုချန်း,သည် သူ့၏ ဖိအားကို ချက်ချင်းထုတ်ဖော်ပြီး လေထဲတွင် ပျံသန်းနေသော ကြီးမားသည့် သယ်ယူပို့ဆောင်ရေး လေယာဉ်ကို တိုက်ရိုက် ဖျက်ဆီးခဲ့သည်။

“ဘုန်း!”

လေယာဉ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

ဤရုတ်တရက်ပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင်ရှိလူများ အားလုံး အံ့အားသင့်သွားကြသည်။

ထို့နောက် ဆယ်မီတာကျော်ရှည်ပြီး ဆယ်မီတာနီးပါးမြင့်သော ဧရာမဝံပုလွေကြီးတစ်ကောင်က သူတို့ရှေ့တွင် ပေါ်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။

တခဏလောက် လူတိုင်းက ထိတ်လန့်သွားပြီး စကားမပြောနိုင်ကြတော့ဘဲ သူတို့၏ မျက်လုံးများက ကြောက်ရွံ့ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။

ယခုလက်ရှိ လူသားတို့၏ သုတေသနပြုချက်အရ အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ခွန်အားသည် များသောအားဖြင့် သူတို့၏ ခန္ဓာကိုယ် အရွယ်အစားနှင့် အချိုးကျသည်။

တစ်နည်းဆိုရသော် သူတို့၏ အရွယ်အစား ကြီးလာသည်နှင့်အမျှ အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲများက အားကောင်းလာမည်ဖြစ်သည်။

သာမန် နှင်းဝံပုလွေတစ်ကောင်သည် တောင်ကုန်းတစ်ခုအထိ ကြီးထွားနေပြီး မည်မျှ အစွမ်းထက်မည်ကို စိတ်ကူးကြည့်နိုင်သည်။

ထိုကြီးမားသော စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးသည် ဤဧရာမဝံပုလွေကြီး၏ရှေ့တွင် အရုပ်တစ်ခုလိုပင်။

ခိုင်ခံ့ကာ အရည်အသွေးမြင့်မားသော သတ္တုစပ်ဖြင့် ပြုလုပ်ထားသည့် ဖိုက်ပေါက်,က တခဏချင်း ပေါက်ကွဲသွားခဲ့သည်။

ပေါက်ကွဲမှုအတွင်း အမှုထမ်းများအားလုံး သေဆုံးခဲ့ရသည်။

လုချန်း,၏ ခန္ဓာကိုယ်သည် တောင်ငယ်လေးတစ်ခုနီးပါး ကြီးမားသည်။ ထိုနေရာ၌ ရပ်နေရုံမျှဖြင့် သူထုတ်လွှတ်လိုက်သော ကြီးမားလှသည့် ဖိအားသည် သူတို့၏ အကြားအာရုံများကိုပင် အားနည်းသွားစေသည်။

စွမ်းရည်နိုးထခဲ့သောလူများပင် လုချန်း ၏ ရေခဲပြာမျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ကြပေ။

မျက်လုံးတစ်စုံက လူများ၏စိတ်ဝိညာဉ်ကို ဝါးမျိုနိုင်သည့် ချောက်ကြီးတစ်ခုဟု ထင်ရသည်။

ဤအခိုက်အတန့်တွင် လူတိုင်း၏ အေးစက်သော ချွေးများက နောက်ကျောကို ချက်ချင်း စိုစွတ်သွားစေခဲ့သည်။

မည်သူမျှမလှုပ်ဝံ့ဘဲ ထိုနေရာတွင်သာ ရပ်နေကြသည်။ ဤမျှကြီးမားသော ဝံပုလွေတစ်ကောင်က အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အထူးသဖြင့် ယိုချင်းယန် နှင့် ယခင်က တိုက်ခိုက်ခဲ့ခူးသော ကျန်းချောင်ဘင် သည် ယခုအခါ သူ့မျက်နှာတစ်ပြင်လုံးက ချက်ချင်း ဖြူဖျော့သွားသည်။

“ဒါ-ဒါက ဝူဗာလင် လား?!”

“ဒီကောင်က ဒီလောက်အချိန်တိုတိုလေးအတွင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက်ထိကြီးထွားလာတာလဲ”

All Chapters