← Chapters

“ရှောင်ပိုင်,ကိုမထိခိုက်အောင် သေချာလုပ်ရင်ကောင်းမယ်၊ မဟုတ်ရင်...”

Vol. 6 Ch. 77

“ရှောင်ပိုင်,ကိုမထိခိုက်အောင် သေချာလုပ်ရင်ကောင်းမယ်၊ မဟုတ်ရင်...”

Vol. 6 Ch. 77

“ဟမ်? ဒါဘာလဲ”

“အမှောင်ကာလတစ်ခုပြီးရင်ရောက်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်?!”

လုချန်း,က သူ့ကို လိုက်ရှာနေစရာတောင် မလိုဘူးဟု မမျှော်လင့်ထားပေ၊ နင်းဖန် က သူ့အိမ်တံခါးဝကို တည့်တည့်မတ်မတ် ရောက်လာခဲ့သည်။

“ဒီကောင်ကိုင်ထားတဲ့ ငွေရောင်သစ်သီးက ရှောင်ပိုင် အရမ်းလိုချင်နေတဲ့ ထူးခြားတဲ့အသီးဖြစ်ရမယ်”

သူတို့ကြားတွင် အနည်းငယ်အကွာအဝေးနေသော်လည်း လုချန်း,သည် ဤငွေရောင်ဝိညာဉ်သစ်သီးမှ ထွက်ပေါ်လာသော ထူးဆန်းသည့် စွမ်းအင်အတက်အကျများကို ခံစားနိုင်သည်။

သူရလေ့ရှိသော အဆင့်နိမ့်ဝိညာဉ်သစ်သီးများက ၎င်းနှင့်လုံးဝမနှိုင်းယှဉ်နိုင်သည်မှာ ထင်ရှားသည်။

နင်းဖန်,က အရူးအမူးပြေးလာသည်ကိုကြည့်ရင်း ကျန်းဟောင် ဖော်ပြသည့် အချက်အလက်များနှင့် ပေါင်းစပ်လိုက်သည်။

လုချန်း,က သူ့ညီမကို ပထမဆုံးတွေးမိသည်။

ဤငွေရောင်ဝိညာဉ်သစ်သီးသည် ရှောင်ပိုင် အတွက် အလွန်အရေးကြီးလှသည်။

မဟုတ်ရင် ချီလင် တောင်မှာ ဒီလောက်ကြာကြာ စောင့်နေခဲ့မှာ မဟုတ်ပေ။

သို့ပေမယ့် သူမဆီမှသစ်သီးကို ထိုလူများက ကြားဖြတ်ဖမ်းယူခဲ့သည်။ ‘ညီမလေး အရမ်းဒေါသထွက်နေပြီထင်တယ်’

ထိုအခိုက်အတန့်တွင်၊ လုချန်း,သည် ဤဝိညာဉ်သစ်သီးကို ပြန်လည်လုယူချင်နေပြီး ရှောင်ပိုင် ကိုရှာကာ အံ့အားသင့်အောင်လုပ်ရန် စဉ်းစားလိုက်သည်။

ဒီတစ်ခါမှာတော့ သူ ကမောက်ကမ,မလုပ်တော့ဘဲ ထိုင်စောင့်နေရန်သာ ရွေးချယ်လိုက်သည်။

လုချန်း,သည် သူ၏ အမြင့်ပေကို လျှော့ချလိုက်ပြီး ဤနေရာသို့ အမြန်သွားကာ နင်းဖန်,ကို စောင့်ဆိုင်းနေသည်။

“အရှေ့ကလေ နည်းနည်းထူးဆန်းနေတယ်?”

နင်းဖန်,သည် ယခုအချိန်တွင် မိုးကြိုးယွမ်သစ်သီးကို ကိုင်ဆောင်ထားပြီး နိမ့်သောအမြင့် ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့်တွင် ပျံသန်းနေသည်။

သူနိုးထလာသည့် စွမ်းရည်မှာ လေစွမ်းရည်ဖြစ်ပြီး သူ့ပတ်ဝန်းကျင်ရှိ လေ၏စီးဆင်းမှုကို ခံစားသိရှိနိုင်သည်။

နင်းဖန်,သည် ရှောင်ယန် ကဲ့သို့ အာရုံခံနိုင်စွမ်းမရှိသော်လည်း၊ လေကိုထိန်းချုပ်နိုင်မှုကြောင့် သူ့ရှေ့မှ လေတွင်တစ်ခုခုမှားယွင်းနေကြောင်း သိရှိနိုင်သည်။

ယခုမူ သူသည် သေခြင်းနှင့် ရှင်းခြင်း အခြေအနေမှ လွတ်မြောက်ရန် ကြိုးစားနေပြီး၊ သူ့နောက်မှလိုက်နေသည့် လင်းယုန်ငှက်သည် နင်းဖန်,အတွက် အလွန်ကြီးမားသော အကျပ်အတည်းကို ဖြစ်စေသည်။

ထိုသို့သော အရေးပေါ်အခြေအနေမျိုးတွင် နင်းဖန်,သည် ရှေ့တွင် ပြဿနာအချို့ရှိနိုင်သည်ကို သိသော်လည်း စဉ်းစားရန်အချိန်မရှိခဲ့ပေ။

သူသည် လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားပြီး သူ့နောက်ကွယ်မှ လင်းယုန်ငှက်ကို ရှောင်ရှားရန် အစွမ်းကုန် ကြိုးစားနေရသည်။

“ဇွီးး!”

ရုတ်တရက် ကောင်းကင်ရှိ လင်းယုန်က တစ်ခုခုမှားနေသည်ကို ခံစားလိုက်ရသည်။

ထို့နောက် သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးက ပြင်းထန်သော အတောင်ပံများကို ခတ်လိုက်ခြင်းဖြင့် လေထဲတွင် ရပ်တန့်သွားကာ ရှေ့သို့ ဆက်လက်မရွေ့တော့ပေ။

“မလိုက်တော့ဘူးလား၊ နောက်ဆုံးတော့ မင်းလက်လျှော့သွားပြီလား?”

လင်းယုန်ငှက်သည် သူ့ကိုလိုက်ဖမ်းရန် အမှန်တကယ် စွန့်လွှတ်လိုက်ကြောင်း တွေ့လိုက်ရသဖြင့် နင်းဖန်,သည် အကြောင်းပြချက်ကို စဉ်းစား၍မရသော်လည်း စိတ်သက်သာရာရသွားသည်မှာ အမှန်ပင်ဖြစ်သည်။

လင်းယုန်ငှက်၏အရှိန်က မြန်ဆန်လွန်းသည်။ သူသာ ဆက်ပြီး လိုက်နေမယ်ဆိုရင် သူ့အရှိန်ကို ဆက်ထိန်းနိုင်ရန်မှာ မသေချာတော့ပေ။

သို့သော်လည်း နောက်အခိုက်အတန့်တွင် ပို၍ကြီးမားသော အန္တာရာယ်တစ်ခုက သူတစ်ကိုယ်လုံးကို ရုတ်တရက် လွှမ်းခြုံသွားသည်။

နင်းဖန်,သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆံပင်အားလုံး ထောင်သွားသလို ခံစားလိုက်ရပြီး မသိစိတ်မှ ရှောင်ထွက်လိုက်သည်။

သို့သော် သူ့ဦးခေါင်းအထက်မှ လေဖိအားက သိသိသာသာ တိုးလာသဖြင့် သူ့ပတ်ဝန်းကျင်ရှိ လေကို ထိန်းချုပ်ပြီး ရှောင်ရှားရန် မဖြစ်နိုင်တော့ပေ။

“ဘုန်း!”

ကြီးမားသောစွမ်းအားတစ်ခုက နင်းဖန် ၏ ဦးခေါင်းကို ထိမှန်သွားသည်။

တခဏချင်းမှာပင် ဤကြီးမားလှသော စွမ်းအားကြောင့် သူ သတိလစ်သွားတော့သည်။

သူ့လက်ထဲက ငွေသစ်သီးသည်လည်း မြေပေါ်သို့ပြုတ်ကျသွားသည်။

နောက်တစ်စက္ကန့်တွင် ငွေရောင်ဝံပုလွေကြီးတစ်ကောင်က ဤနေရာ၌ ရုတ်တရက် ပေါ်လာသည်။

“ဇွှီးး!”

လုချန်း,ကို ခြိမ်းခြောက်သလိုမျိုး ကောင်းကင်မှ လင်းယုန်ငှက်သည် စူးရှစွာ အော်ဟစ်လိုက်သည်။

သို့သော် လုချန်း,သည် လှည့်၍ပင်မကြည့်ဘဲ သူ့ကို လုံးဝလျစ်လျူရှုထားသည်။

ယခု သူ့အား စိတ်ပူပန်စေသည့်တစ်ခုတည်းသောအရာမှာ နှင်းဝံပုလွေများသည် မျောက်များကဲ့သို့ အရာများကို မသယ်ဆောင်နိုင်ခြင်းကြောင့်ဖြစ်သည်။

သို့ပေမယ့် ဒီဝိညာဉ်သစ်သီးကို သူ့ပါးစပ်ထဲထည့်လိုက်လျှင် ရှောင်ပိုင်,က မကြိုက်သလို စားရန် ငြင်းဆန်မည်မှာ သေချာသည်။

“မိုးကြိုးယွမ်သစ်သီး - ၎င်းသည် ခန္ဓာကိုယ်ကို ပြောင်းလဲစေသည့် ဝိညာဉ်စွမ်းအင် အကျိုးသက်ရောက်မှုရှိသည်။ ၎င်းကိုယူစားပြီးနောက် မိုးကြိုးစွမ်းရည်ကို နိုးကြားစေနိုင်သည်”(လျှပ်စီး/မိုးကြိုး)

စနစ်ဖြင့် စစ်ဆေးပြီးနောက် ပြသထားသည့် စကားလုံးအသေးစားမျဉ်းကို ကြည့်ရင်း လုချန်း,သည် ဤသစ်သီး၏ တန်ဖိုးကို ရုတ်တရက် နားလည်သွားသည်။

“အဲဒါက သားရဲတွေကို တိုက်ခိုက်ဖို့ ဆွဲဆောင်နိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး၊ စားလိုက်ရင် ခန္ဓာကိုယ်ကို ပြောင်းလဲစေပြီး မိုးကြိုး စွမ်းရည်ကိုတောင် နိုးထစေနိုင်တယ်!”

“ဒါပေမယ့် ရှောင်ပိုင်,က ဘာလို့ ဒီကိုလာတာလဲ၊ မိုးကြိုးယွမ်သစ်သီး ဒီမှာ ပေါ်လာမယ်ဆိုတာကို သူမ သိထားတာလား?”

“ဒါမှမဟုတ် ထွက်ပြေးရင်းနဲ့ ဒီကိုရောက်လာတာလား?”

လုချန်း,သည် သူ့၏ စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ ဖြစ်သွားသည်။

သို့သော်လည်း ကောင်းကင်ထက်မှ လင်းယုန်ငှက်သည် ခဏတာ လှည့်ပတ်ပြီး သွေးဆောင်မှုကို မခုခံနိုင်သောကြောင့် အနားသို့ရောက်လာကာ လုချန်း ၏ အတွေးများကို နှောင့်အယှက်လိုက်သည်။

“မင်း ငါ့ဆီက ဒီအသီးကို လုယူဝံ့သလား၊ မင်းရဲ့ သေခြင်းတရားကို စာလုံးပေါင်းမတတ်တာလား!!”

လုချန်း ဒေါသထွက်သွားသည်။ ဤလင်းယုန်ငှက်သည် သေခြင်းတရားကို မသိဘဲ သူ့ကို တိုက်ခိုက်ရန် သတ္တိရှိမည်ဟု သူ မမျှော်လင့်ထားပေ။

“ဘုန်း!”

နောက်တစ်စက္ကန့်တွင် ဝံပုလွေဘုရင်ကြီး၏ ဖိအားများ ထွက်ပေါ်လာသည်။

ကောင်းကင်တွင်ရှိသော လင်းယုန်ငှက်သည် သူ့၏ခန္ဓာကိုယ်ပေါ်တွင် လေးလံသောဝန်ကို ထမ်းထားရသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပြီး အလွန် မောပန်းနွမ်းနယ်သွားပါသည်။

သူတစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရတော့ ချက်ချင်းကြောက်လန့်ပြီး ထွက်ပြေးချင်လာသည်။

“အခုမှ ပြေးချင်တာလား နောက်ကျသွားပြီ!”

“ငါ မင်းတို့လို အမျိုးယုတ်တွေကို အမုန်းဆုံးပဲ!”

ငယ်စဥ်က ရွှေလင်းယုန်ကို ကြောက်ခဲ့ရသည့်အတွက် နောက်ပိုင်းတွင် လုချန်း သည် ကောင်းကင်တွင် ပျံသန်းနိုင်တဲ့ သားရဲများကို မုန်းတီးခဲ့သည်။

ကောင်းကင်တက်လှမ်းခြင်း၏ စွမ်းရည်ကို အသက်သွင်းလိုက်ပြီး လုချန်း,သည် ကောင်းကင်ပေါ်ရှိ လင်းယုန်နောက်ကို ချက်ချင်း လိုက်သွားသည်။

လင်းယုန်၏ မျက်လုံးများ ကျုံ့သွားပြီး အတောင်များကို မရပ်မနား အတောင်များကို မရပ်မနားခတ်ကာ မွေးတုန်းက အတောင်တစ်ချောင်း အပိုမပါလာခြင်းကို နောင်တရနေသည်။

သူ့၏အတောင်ပံများကိုခတ်လိုက်သည့်အချိန်တွင် လေဆင်နှာမောင်းငယ်များက လေထဲမှ ထွက်ပေါ်လာပြီး အောက်ဘက်သို့ ရွေ့လျားသွားသည်။

ဤလေဆင်နှာမောင်းသည် အလွန်ပြင်းထန်သော စုပ်ယူအားကို ထုတ်လွှတ်ခဲ့ပြီး ၎င်းတွင် လေဓါးများပင် ထွက်ပေါ်လာခဲ့သည်။

သာမန်သားရဲတစ်ကောင်နှင့်တွေ့ပါက၊ ၎င်းက သူ့ကို တိုက်ရိုက် သတ်ပစ်နိုင်မည်မှာ သေချာသည်။

သို့သော် ဤလင်းယုန်ငှက် ရင်ဆိုင်နေရသည်မှာ လုချန်း ဖြစ်သည်။

လုချန်း,၏ ခန္ဓာကိုယ်ရှိ စွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးများက အဆင့်တက်မှုနှင့်အတူ လွန်စွာ မာကျောနေပြီဖြစ်သည်။

ဤလေဆင်နှာမောင်း ဓါးသွားများကို ရင်ဆိုင်ရလျှင်ပင် လုချန်း,သည် လုံးဝမရှောင်တိမ်းဘဲ ရှေ့သို့ ဆက်သွားနေခဲ့သည်။

သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကို အားကိုးပြီး လင်းယုန်ငှက်၏ တုန်လှုပ်ခြောက်ခြားနေသောအကြည့်အောက်တွင် သူ့ကိုမြေပြင်ပေါ်သို့ တိုက်ရိုက်ဆွဲချလိုက်သည်။

လုချန်း,၏ ကြီးမားသော ဖိအားအောက်တွင် ဆယ်မီတာကျော်ရှိသော လင်းယုန်ငှက်ကြီးက မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။

လင်းယုန်ငှက်၏အမွေးများက အလွန်မာကျောသော်လည်း လုချန်း,၏ နှုတ်ယူခြင်းကို မခံနိုင်ခဲ့ပေ။

လုချန်း ၏ သွေးစွန်း‌နေသော ပါးစပ်ကို ရင်ဆိုင်ရချိန်တွင် လင်းယုန်ငှက်သည် ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။

အမွေးနှုတ်ခံရသော လင်းယုန်သည် ကရုဏာသက်ရန် တောင်းဆိုရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။

ဤသည်ကိုမြင်ပြီး လုချန်း,က အနည်းငယ်တွေးတောကာ သူ့အသက်ကို မသတ်ရန် ဆုံးဖြတ်လိုက်သည်။

ယင်းအစား သူသည် စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်ကို အသက်သွင်းကာ လင်းယုန်ငှက်ကို ထိန်းချုပ်ပြီး သူ့အား “လင်းယုန်ငယ်”(ကျိုးအိင်) ဟု အမည်ပေးခဲ့သည်။

ဘာပဲဖြစ်ဖြစ် ရက်စက်ကြမ်းကြုတ်တဲ့ သားရဲရဲ့ ညီလေးတစ်ယောက်သာဖြစ်လို့ အထူးကြီးစိုးတဲ့ နာမည်ကို ပေးစရာ မလိုပေ၊ လုချန်း၏ အမြင်အရ မှတ်မိလွယ်ရန်သာလိုအပ်သည်။

လူသားများတွင် ရဟတ်ယာဉ်များနှင့် ဒရုန်းများစွာရှိသည်။

အဆုံးတွင်၊ “ငါက ဝံပုလွေဘုရင်ဆိုတော့ လေထဲမှာပျံနိုင်တဲ့ ညီလေးတစ်ယောက်ရှိနေရမယ်”

လုချန်း,သည် ကျိုးအိင်,က မရိုးရှင်းကြောင်း တွေ့ရှိခဲ့သည်။

လင်းယုန်ငှက်ကို ထိန်းချုပ်ထားစဉ်တွင် သူရခဲ့သော ဒဏ်ရာများသည် အလွန်လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။

ထင်ရှားသည်မှာ၊ ဤလင်းယုန်ငှက်သည် သူ့၏ အင်မော်တယ် စွမ်းရည်နှင့် ဆင်တူသော စွမ်းရည်ကို နိုးထခဲ့ပြီး ပင်ကိုယ်စွမ်းရည်နှစ်ခု၏ ပိုင်ရှင်လည်း ဖြစ်သည်။

……………

လုချန်း,သည် ကျိုးအိင်,ကို ထိန်းချုပ်နေစဉ်တွင်၊

ယိုချင်းယန် နှင့် ရက်စက်ကြမ်းကြုတ်သော သားရဲများစွာတို့၏ တိုက်ခိုက်မှုအောက်တွင် ကျန်းချောင်ဘင်,၏ ခန္ဓာကိုယ် ကြံခိုက်မှုအားက ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သည်။

သတ္တုအကာအကွယ်နံရံ နှင့် လေးလံမာ‌ကျောသော သတ္တုစပ်ချပ်ဝတ်တန်ဆာ ကြောင့်သာ ယခုအချိန်ထိ သူအသက်ရှင် နေခြင်းဖြစ်သည်။

သို့သော်လည်း ကျန်းချောင်ဘင်,သည် လူသားမျိုးနွယ်၏ အနာဂတ်ဖြစ်ထိုက်ပြီး တိုက်ချိန်ကြာလေလေ ပိုပြင်းထန်လာလေလေဖြစ်သည်။

ဤကာလအတွင်း သူသည် သတ္တုလှံဖြင့် အခွင့်အရေးကိုပင် ဆုပ်ကိုင်နိုင်ခဲ့ပြီး မီးကျားသစ်၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်နိုင်ခဲ့သည်။

ထို့ကြောင့် ကျန်းချောင်ဘင် ယခုချိန်အထိ ထိန်းထားနိုင်ခဲ့ခြင်းမှာ မီးကျားသစ်,က ပြင်းထန်စွာ ဒဏ်ရာရသွားသောကြောင့် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုမီးကျားသစ်သည် အလွန်အစွမ်းထက်သော မီးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

လောင်ကျွမ်းနေသော မီးတောက်များက အလွန်ကြောက်စရာကောင်းသော အပူချိန်ရှိပြီး သတ္တုချပ်ဝတ်တန်ဆာဖြင့်ရှိနေသော ကျန်းချောင်ဘင်,ကို ခြိမ်းခြောက်ရန် လုံလောက်သည်။

အကယ်၍ ကျန်းချောင်ဘင်,သည် အချိန်မီ မလုပ်ဆောင်နိုင်ခဲ့ပါက မီးကျားသစ်၏ လက်ချက်ဖြင့် သေဆုံးသွားနိုင်သည်။

သူ့၏သတ္တုလှံကသာ မီးကျားသစ်၏ ခန္ဓာကိုယ်ကို မဖောက်ထွင်းနိုင်ခဲ့ပါက ထိုအချန်ကတည်း သူသေသွားမည်မှာ သေချာသည်။

သို့သော် သားရဲများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင်။

ကျန်းချောင်ဘိုင်,၏ ခွန်အားများက ကုန်ခမ်းနေပြီဖြစ်ပြီး ဆက်တိုက် တိုက်ခိုက်မှုများက သူ၏ စိတ်စွမ်းအား အများအပြားကို ကုန်ဆုံးစေသည်။

“အစ်ကို ကျန်း! ငါတို့မင်းကိုကူညီဖို့လာနေပြီ!!”

သို့သော် ထိုအခိုက်အတန့်တွင် တစ်စုံတစ်ယောက်၏ အသံက အဝေးမှ ထွက်ပေါ်လာသည်။

ရဟတ်ယာဉ်၏ အသံများလည်း ထွက်လာသည်။

“မဖြစ်ဘူး၊ လူသားတွေရဲ့စစ်ကူတွေရောက်လာပြီ၊ ငါ အရင်ထွက်သွားမှ ဖြစ်မယ်!”

ယိုချင်းယန်,သည် သူမအနေနဲ့ အနာဂတ်လူသားမျိုးနွယ်၏ သံချပ်ကာလူသားကို ကို ပထမဆုံး သတ်နိုင်ရန် စိတ်ကူးထားခြင်းဖြစ်သည်။

သို့သော် ပြိုင်ဘက်ကို သတ်နိုင်ရန်ထင်သလောက်မလွယ်ခဲ့ပေ၊ စစ်ကူများရောက်လာသည်အထိ သူထောက်ခံနိုင်လိမ့်မည်ဟု သူမ မ‌မျှော်လင့်ထားခဲ့ပေ။

ထို့ကြောင့် ယိုချင်းယန်,သည် နောက်ဆုတ်ကာ ချီလင် တောင်ထဲသို့ နက်ရှိုင်းစွာ ပြေးရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။

ယိုချင်းယန် ထွက်သွားသောကြောင့် ကျန်းချောင်ဘင်,သည် ဖိအားများ ရုတ်တရက် လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။

နောက်ဆုံးတွင်၊ အခြားသောသားရဲများ ပေါင်းစပ်ခြင်းစွမ်းအားက ဤဝူဗာလင် ကိုမယှဉ်နိုင်ပေ။

သူမ၏အစွမ်းထက်သော လက်သည်းများကို လွှဲလိုက်ခြင်းဖြင့် ကျန်းချောင်ဘင်,၏ ခုခံအားကို အလွယ်တကူ ချိုးဖျက်နိုင်သည်။

ကျန်းချောင်ဘင် သုံးစွဲခဲ့သော စိတ်စွမ်းအား အများစုက ယိုချင်းယန်,၏ ပြင်းထန်သော တိုက်ခိုက်မှုများကိုခုခံရန် အသုံးပြုခဲ့ခြင်းဖြစ်သည်။

သိပ်မကြာမီတွင် ကွင်းပြင်၌ အမြောက်သံများနှင့် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ရဟတ်ယာဉ်၏ စစ်သေနတ်နှင့် ဗုံးကြဲမှုအောက်တွင်၊ ဤရက်စက်ကြမ်းကြုတ်သော သားရဲများထံမှ နာကျင်စွာအော်ဟစ် ညှီးညူသံများ ထွက်ပေါ်လာပြီး ကွင်းပြင်သည် မီးခိုးများ၊ မီးတောက်များနှင့် ပြည့်နှက်သွားသည်။

မဝေးသော ကောင်းကင်ယံ၌ လုချန်း သည် လျှို့ဝှက်စွာ အလျင်အမြန် ပျံသန်းနေ၏။

လုချန်း၏ အနောက်ရှိ ကျိုးအိင်,က သူ့နောက်မှ အနီးကပ်ပျံသန်းနေသည်။

မိုးကြိုးယွမ်သစ်သီးကို လင်းယုန်ငှက်၏ခြေသည်းများဖြင့် ယူဆောင်လာခဲ့သည်။

လုချန်း,သည် လင်းယုန်ငှက်၏ခြေသည်းများက နှင်းဝံပုလွေထက် အရာဝတ္ထုများကို သယ်ဆောင်ရာတွင် ပို၍အဆင်ပြေကြောင်းကိုသိပြီးနောက် မတတ်နိုင်ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

ငယ်စဥ်က လင်းယုန်ငှက်သည် သားကောင်၏ ကျောရိုးကို အလွယ်တကူ ချေမှုန်းနိုင်ပြီး သားကောင်အား ကောင်းကင်ပေါ်သို့ သယ်ဆောင်သွားနိုင်ခြင်းက အံ့သြစရာမရှိတော့ပေ။

ဤသည်က သူ့မျိုးနွယ်၏ အရည်အချင်းတစ်ခုပင်၊ ထိုအရာနှင့် ပတ်သက်ပြီး သူလည်း ဘာမှ လုပ်လို့မရပေ။

ထိုအချိန်တွင် ကျန်းဟောင်,ထံမှ မက်ဆေ့ခ်ျတစ်ခု ထပ်ရောက်လာသည်။

“သခင်! တစ်ခုခုတော့ ဖြစ်သွားပြီ!”

“သားရဲတွေ အရမ်းပြင်းထန်စွာ တိုက်နေတာကို ကျွန်တော်ကြားတယ်၊ ကျန်းချောင်ဘင် ကို ထောက်ခံတဲ့ ရန် စစ်တပ်က ချီလင်တောင် ဆီကို ရောက်လာပြီ”

“လက်နက်ကိုင်တွေနဲ့ ရဟတ်ယာဉ်တွေ အခု အဲဒီ ဧရိယာကို ဗုံးကြဲနေကြတယ်!”

“မင်း ဘာပြောလိုက်တယ်?!”

‘လက်နက်ကိုင်တွေနဲ့ ရဟတ်ယာဉ်တွေ အခု အဲဒီ ဧရိယာကို ဗုံးကြဲနေကြတယ်’~

လုချန်း,သည် ရုတ်တရက် သူ့ဦးနှောက် တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး အလွန်စိုးရိမ်သွားသည်။

ရှောင်ပိုင်,သည် ယခုအချိန်တွင် အလွန်အားကောင်းနေသော်လည်း၊

ရှောင်ပိုင်,သည် ယခုအခါ လောင်ချာဒုံးကျည်များကို ခံနိုင်ရည်ရှိသော်လည်း လေထဲမှ ဆက်တိုက်ဗုံးကြဲချခြင်းကို ခံနိုင်ရည်ရှိမည်ဟု မဆိုလိုပေ။

ကျန်းဟောင်,၏ ပြောကြားချက်အရ ထိုစုဝေးနေသော သားရဲများသည် လူသားများ၏ ဗုံးကြဲမှုအောက်တွင် အပိုင်းအစများအဖြစ် ပြောင်းလဲနေသည်။

ထိုအချိန်တွင် လုချွမ်၏မျက်လုံးထဲတွင် လူသတ်ချင်စိတ်များ ပြည့်နှက်နေသည်။

“မင်းတို့ သေချင်နေတာပဲ!!”

“ရှောင်ပိုင်,ကိုမထိခိုက်အောင် သေချာလုပ်ရင်ကောင်းမယ်၊ မဟုတ်ရင် ငါ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး!!”

“ဂါးးး~!!!”

လုချန်း,က ကောင်းကင်ထက်ကို ဟိန်းဟောက်လိုက်သည်။

ထိုလူသားတွေဟာ သူတို့ကိုယ်သူတို့ ပုန်းအောင်းရုံသာမက ရှောင်ပိုင်,၏ ပိုင်ဆိုင်မှုကိုပင် ခိုးယူရန်သတ္တိရှိကြသည်။

ယခု သူတို့ကို ဝိုင်းထားပြီး တပ်များကိုလွှတ်လိုက်ခြင်းက သေခြင်းတရားကိုရှာနေခြင်းပင်။

All Chapters