← Chapters

“ထွေးထုတ်လိုက်!”

Vol. 7 Ch. 91

“ထွေးထုတ်လိုက်!”

Vol. 7 Ch. 91

‘သူ့ရဲ့ ပြောင်မြောက်တဲ့ ရုပ်ရည်ကြောင့်လား?’

အမြီးကိုးချောင်း မြေခွေးသည် လုချန်း နှင့် အခြား သားရဲနှစ်ကောင်ကို ကြည့်နေသည်။

အမှန်ပင် သူတို့သုံးကောင်ထဲတွင် လုချန်း ၏ အသွင်အပြင်က အပြောင်မြောက်ဆုံး ဖြစ်သည်။

သူ့တွင် အချိုးအစားကျကာ သန်မာသော ခန္ဓာကိုယ်ရှိပြီး ငွေဖြူရောင်အမွေးများက လေထဲတွင် ပျံဝဲနေသောကြောင့် ထူးခြားသော အသွင်ဆောင်နေသည်။

အရေးကြီးဆုံးအချက်မှာ သူတို့နှစ်ဦးစလုံးသည် ခွေးမျိုးနွယ်ဝင်များပြီး ထိုသည်က သူမ လုချန်း,ကို အလွန်သဘောကျစေသည့် အချက်ပင်ဖြစ်သည်။ သူက သာမန်မိသားစုထဲမှ ချောမောသော လူငယ်လေးတစ်ယောက်ကဲ့သို့ပင်။

သို့သော်လည်း အမြီးကိုးချောင်း မြေခွေးသည် သူမ ယခင်တွေ့ဖူးခဲ့သော နှင်းဝံပုလွေတစ်ကောင်ကို သတိရသွားသည်။

ယိုချင်းယန်,သည် လုချန်း ထက်ငယ်ပြီး သူတို့နှစ်ဦး၏ အသွင်အပြင်က သိပ်မကွဲပြားပေ။

ယင်းကြောင့် အမြီးကိုးချောင်းမြေခွေးသည် လုချန်း နှင့် ယိုချင်းယန် တို့၏ ဆက်ဆံရေးကို သံသယဖြစ်သွားခဲ့သည်။

“ငါ့ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”

မြေခွေးဖြူသည် လုချန်း,၏ ရည်ရွယ်ချက်နှင့် မူလအစကို မသိသော်လည်း ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။

အနည်းဆုံးတော့ လောလောဆယ်တွင် လုချန်း ၏ ရန်ငြိုးထားခြင်း သို့မှမဟုတ် သတ်ဖြတ်လိုစိတ်ကို သူမ ခံစားမိသေးပေ။

သူမ,ကြုံဖူးသည့် အင်အားကြီးမားသော သင်းခွေချပ် အာဏာရှင်သည် သူမကို တွေ့တွေ့ချင်း သတ်ပစ်ချင်ခဲ့သည်။

ရှေ့မှ ငွေဖြူ နှင်းဝံပုလွေက သူမနှင့် နှိုင်းယှဥ်လျှင် ပိုအားကောင်းသည်။

မြေခွေးပြောသည်ကိုကြားပြီးနောက် လုချန်း သည် မည်သည့်တုန့်ပြန်မှုမှမပြဘဲ တမ်,ထံသို့ ဝိညာဉ်မက်ဆေ့ခ်ျ ပို့လိုက်သည်။

“တမ်၊ ဒီမြေခွေးကို ငါ့နဲ့တူတဲ့ တခြားနှင်းဝံပုလွေကို မြင်ဖူးလားလို့ မေးလိုက်”

လုချန်း,သည် ယခုအချိန်တွင် နိုးထခြင်း အဆင့် (၆) တွင်သာရှိပြီး စကားမပြောနိုင်သေးသောကြောင့် တမ်ကိုသာ မေးခိုင်းလိုက်သည်။

“ငါ့ရဲ့သခင်က မင်းကိုမေးခိုင်းလိုက်တယ်၊ ငါ့သခင်နဲ့တူတဲ့ တခြားနှင်းဝံပုလွေကို မင်းအရင်က မြင်ဖူးလား”

မြေခွေးသည် တမ်,၏စကားကိုကြားပြီးနောက်၊ တီယန်ယွမ် သစ်သီး အတွက် သူမနှင့်ယှဉ်ပြိုင်ခဲ့သော ယိုချင်းယန်,ကို ချက်ခြင်းတွေးမိသွားသည်။

ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် သူမက ခေါင်းညိတ်ကာ “ဒီမတိုင်ခင်က နောက်ထပ် နှင်းဝံပုလွေတစ်‌ကောင်ကို တွေ့ခဲ့တယ်၊ သူက မင်းထက် နည်းနည်းတော့ ငယ်တယ်...”

လုချန်း,သည် ထိုစကားကိုကြားသောအခါ အလွန်ဝမ်းသာသွားသည်။

ဤမြေခွေးကို ကယ်တင်ခြင်းက မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်ပုံရပြီး သူ့ညီမ၏ သတင်းကို အမှန်တကယ်ရရှိခဲ့သည်။

မဆိုင်းမတွဘဲ လုချန်း,သည် စိတ်ဝိညာဉ်ပဋိဥာဉ်စွမ်းရည်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။

စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက်၊ သူသည် မြေခွေး၏ဝိညာဉ်နှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ဆက်သွယ်မှုကိုပိုမိုအဆင်ပြေစေနိုင်မည်ဖြစ်သည်။

အရေးကြီးဆုံးအချက်မှာ စာချုပ်ကို လက်မှတ်ရေးထိုးပြီးသည်နှင့် မြေခွေးက သူ့ကို လိမ်ညာ၍မရတော့ပေ။

လုချန်း,သည် သူ့ရှေ့ရှိ မြေခွေးက အခြား သားရဲများထက် ပို၍ ဉာဏ်ကောင်းသည်ကို ခံစားမိသည်။

“ဘာလဲ၊ ဒါ..ဘာလဲ!”

နောက်တစက္ကန့်တွင် အမြီးကိုးချောင်းမြေခွေး၏မျက်နှာက အလွန်ဖျော့သွားပြီး သူ့၏မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

ထိုအချိန်တွင် ဧရာမ ငွေဖြူဝံပုလွေတစ်ကောင်၏ပုံရိပ်က သူမ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။

ထိုကြီးမားသော ခန္ဓာကိုယ်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေပြီး အမြီးကိုးချောင်း မြေခွေး၏စိတ်ဝိညာဉ်ကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

ထို့နောက် အမြီးကိုးချောင်း မြေခွေးသည် သူ့စိတ်ဝိညာဉ်ထဲတွင် ထူးဆန်းသော စာချုပ်တစ်ခု ပေါ်လာသည်ကို တွေ့လိုက်သည်။

“ဒီစာချုပ်မှာ လက်မှတ်မထိုးရင် သေရမယ်!”

လုချန်း,၏အသံသည် အမြီးကိုးချောင်း မြေခွေး၏စိတ်ဝိညာဉ်၌ ပဲ့တင်ထပ်သွားပြီး သူမကို ပို၍ပင် ထိတ်လန့်သွားစေသည်။

အမြီးကိုးချောင်း မြေခွေးသည် ဤအချိန်တွင် အလွန်ထိတ်လန့်နေလေသည်။ သူမ၏ထူးခြားချက်မှာ ဝိညာဉ်ချုပ်နှောင်ခြင်း စွမ်းရည်ဖြစ်သည်။

ဤကာလအတွင်း သူမသည် ရက်စက်ကြမ်းကြုတ်သော သားရဲများကို ထိန်းချုပ်ကာ သူ့၏ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲရန် ဝိညာဉ်ချုပ်နှောင်ခြင်း စွမ်းရည်ကို မကြာခဏ အသုံးပြုခဲ့သည်။

အမြီးကိုးချောင်း မြေခွေးသည် လုချန်း က သူမကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲတော့မည်ဟု တွေးကာ အလွန်ကြောက်လန့်သွားသည်။

“ကျေးဇူးပြုပြီး၊ စာချုပ်ကို လက်မှတ်မထိုးလို့မရဘူးလားဟင်”

“ငါသိသမျှပြောပြမယ်၊ ရုပ်သေးရုပ်တော့ မဖြစ်ချင်ဘူး!”

အမြီးကိုးချောင်း မြေခွေးသည် ကြောက်စိတ်များနှင့် ပြည့်နှက်နေပြီး လုချန်း,အား သူမကို ရုပ်သေးရုပ်မလုပ်ရန် တောင်းဆိုကာ သူ့မျက်နှာပေါ်တွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း လုချန်း,၏ မျက်လုံးများက အလွန်အေးစက်နေဆဲ ဖြစ်သည်။

အကြောင်းပြချက်မရှိဘဲ သူနှင့် ယခုမှတွေ့သော သားရဲတစ်ကောင်ကို ယုံမည်မဟုတ်ပေ။

ဤဝိဥာဉ်စာချုပ်၏ ကန့်သတ်ချက်များကသာ ဤမြေခွေး၏ အတွင်းစိတ်ကိုသိစေနိုင်မည်ဖြစ်သည်။

ဤမြေခွေးက ဘာပဲဖြစ်‌နေဖြစ်နေ စာချုပ်အား လက်မှတ်ထိုးရန် ငြင်းဆိုနေသည်ကို မြင်ပြီး လုချန်း,က မျက်မှောင်ကြုတ်ကာ ချက်ချင်းပင် အတင်းအကျပ် လက်မှတ်ထိုးရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ့ရှေ့ရှိ မြေခွေး၏ ဝိညာဉ်စွမ်းအားက အလွန်ပြင်းထန်ကြောင်း သူတွေ့ရှိခဲ့သည်။

ဤအစွမ်းထက်သောဝိညာဉ်စွမ်းအားကို နိုးထခြင်း အဆင့် (၇) တွင်ရှိသော ဖားကြီးပင်လျှင် လုံးဝ မယှဉ်နိုင်ပေ။

“မင်းရဲ့ ခန္ဓာကိုယ်က ဒီလောက် အားနည်းနေပေမဲ့ ဝိညာဉ်စွမ်းအားက တော်တော် သန်မာတယ်”

“မင်းရဲ့နိုးထလာတဲ့စွမ်းရည်က ဝိညာဉ်နဲ့ ပတ်သတ်နေရမယ်”

“ဒါပေမယ့် မင်းကိုသတိမပေးဘူးလို့ ငါ့ကို အပြစ်မတင်နဲ့၊ မင်းဆက်ငြင်းနေရင် ငါ မင်းကို ချက်ချင်း မျိုချလိုက်မယ်!”

လုချန်း,၏ခြိမ်းခြောက်သံကိုကြားပြီး သူမ,အလွန်တုန်လှုပ်ခြောက်ခြားသွားသည်။

လုချန်း,သည် သူမကို အမှန်တကယ်သတ်ချင်နေကြောင်း သူမ,သိလိုက်သောကြောင့် စာချုပ်ကို လက်မှတ်ထိုးရန်မှလွဲပြီး အခြားရွေးချယ်စရာမရှိတော့ပေ။

သို့သော် စာချုပ်အသက်ဝင်ပြီးနောက်၊ ဤစာချုပ်သည် သူမကို အသိစိတ်မရှိသော ရုပ်သေးရုပ်အဖြစ်သို့ ပြောင်းလဲသွားမည်မဟုတ်ကြောင်း သူမ နားလည်သဘောပေါက်သွားသည်။

ယခုမှစပြီး သူမ၏စိတ်ဝိညာဉ်ကို လုချန်း က ထိန်းချုပ်ထားမည်ဖြစ်သည်။

သူမ၏ သေခြင်း၊ရှင်ခြင်း ကို လုချန်း,က ထိန်းချုပ်နိုင်သည်။ ထိုခံစားချက်က အလွန်ဆိုးရွားသော်လည်း သေဆုံးသွားသည်ထက်တော့ ပိုကောင်းသည်။

“ကောင်းပြီ အခု မင်းငါ့ကို ဒီမှာဘာဖြစ်ခဲ့လဲဆိုတာ ပြောလို့ရပြီ”

“ယန်ရှ တောင်မှာ ဘာဖြစ်ခဲ့တာလဲ၊ ဘာလို့ဒီမှာ သားရဲတွေစုဝေးနေခဲ့တာလဲ”

“ငါ့ထက်နည်းနည်းငယ်တဲ့ နှင်းဝံပုလွေ၊ သူအရင်က ဒီကိုရောက်ဖူးလား၊ ဘယ်‌ရောက်သွားတာလဲ၊ ဘာဖြစ်သွားတာလဲ”

လုချန်း ၏မေးခွန်းများကိုကြားပြီးနောက်တွင် ဝိညာဉ်ပဋိညာဉ်စာချုပ်ကို ချုပ်ဆိုထားပြီးဖြစ်သော အမြီးကိုးချောင်း မြေခွေးသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ဝံ့ခြင်းမရှိပေ။

လုချန်း,အား ယခင်က ဖြစ်ပျက်ခဲ့သမျှအားလုံးကို ပြောပြလိုက်သည်။

“ဒီကောင်မလေးက တကယ့်ကို ရဲရင့်ပြီး သတ္တိရှိလိုက်တာ”

ယိုချင်းယန်,သည် နိုးထခြင်း သတ္တမအဆင့်ရှိ သင်းခွေချပ်အာဏာရှင်ထံမှ ဝိညာဉ်သစ်သီးခြောက်လုံးကို အမှန်တကယ် လုယူခဲ့ကြောင်း ကြားသိခဲ့ရသည်။

လုချန်း,မထိန်းနိုင်တော့ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။

သို့သော်လည်း၊ ယိုချင်းယန်,သည် လေထဲမှရုတ်တရက် ပျောက်ကွယ်သွားကြောင်း ကြားသောအခါ သူ့မျက်ခုံးများ တွန့်သွားပြန်သည်။

“ငါ့ညီမက လေဟာနယ်ခုန်ကူးခြင်းနဲ့ ဆင်တူတဲ့ စွမ်းရည်တစ်ခုခုကို နိုးထခဲ့တာ ဖြစ်နိုင်လား”

“ပြီးတော့ ဒီလေဟာနယ်ခုန်ကူးနိုင်တဲ့ စွမ်းရည်ရဲ့ အကွာအဝေးက အရမ်းဝေးတာ ဖြစ်နိုင်တယ်”

“အဲဒါက ငါ့ရဲ့ အာရုံခံနိုင်တဲ့အကွာအဝေးကို တိုက်ရိုက်ကျော်လွန်နိုင်ပြီး ငါရခဲ့တဲ့ လွန်းပျံစွမ်းရည်ထက်တောင် ပို အားကောင်းနိုင်သေးတယ်...”

သို့သော် လုချန်း,သည် သူ့ညီမ၏ လုပ်ဆောင်ချက်များက အလွန်ကြီးမားပုံရသော်လည်း သူမတွင် အစီအစဉ်နှင့် ပန်းတိုင်ရှိကြောင်း သိသာထင်ရှားသည်။

ဒါဂုန်နှင်းတောင်မှ ထွက်ခွာပြီးနောက် ချီလင်တောင်သို့ တည့်တည့်သွားခဲ့သည်။

ချီလင် တောင်တန်းတွင် မိုးကြိုးစွမ်းရည်ကိုပေးစွမ်းနိုင်သော မိုးကြိုးယွမ်သစ်သီးများရှိခဲ့သည်။

ထို့နောက် သူမသည် တိယန်ယွမ် သစ်သီးများ မွေးဖွားမည့် ယန်ရှ တောင်သို့ သွားရောက်ခဲ့သည်။

အရေးအကြီးဆုံးအချက်ကို အမြီးကိုးချောင်း မြေခွေးထံမှ သူသိရှိခဲ့သည်။

“ငါ့ညီမက သားရဲကြီးတွေကြားမှာ ပုန်းအောင်းနေခဲ့ပြီးတော့ အမြီးကိုးချောင်း မြေခွေးက သူ့ရဲ့ စွမ်းရည်ကို ထုတ်ဖော်ပြတဲ့အချိန်ထိ စောင့်နေခဲ့တယ်”

“ရှားပါးတဲ့ ရတနာတွေ ဘယ်မှာ ပေါ်လာမလဲဆိုတာ ငါ့ညီမ သိထားပြီးသား ဖြစ်နိုင်လား”

“သားရဲတွေကြားက တိုက်ပွဲကိုတောင် သိနိုင်နေတာလား!”

“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး!”

“အနာဂတ်ကို ဘယ်သူကကြိုပြီး ခန့်မှန်းနိုင်မှာလဲ”

ခဏလောက်စဉ်းစားပြီးနောက် လုချန်း က မျက်မှောင်ကြုတ်ပြီး ခေါင်းခါယမ်းလိုက်သည်။

သူ့အမြင်အရ သူအတွေးလွန်နေခြင်းသာ ဖြစ်နိုင်သည်။

“ရှောင်ပိုင်,က သဘာဝရတနာတွေကို ခံစားသိရှိနိုင်စေမယ့် အထူးစွမ်းရည်တစ်မျိုးမျိုးကို နိုးထစေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်”

ခဏလောက်စဉ်းစားပြီးနောက် လုချန်း သည် သူ့ကိုယ်သူ ကျိုးကြောင်းဆီလျော်သော ထိုရှင်းပြချက်ကိုသာ ပေးနိုင်ခဲ့သည်။

သို့သော် ယခုတစ်ကြိမ်တွင် ရှောပိုင်,သည် အဝေးသို့ ထွက်ခွာသွားခဲ့ပြီး နောက်ဆုံးတွေ့ရှိခဲ့သည့် သဲလွန်စများ ပျောက်ဆုံးသွားပြန်သည်။

“စကားမစပ်၊ ရှောင်ပိုင်,က သစ်သီးခြောက်လုံးကို တပြိုင်နက်မျိုချလိုက်ပြီး တစ်လုံးကို မင်းဖမ်းယူခဲ့တယ်မလား၊ အသီးရဲ့ ရလဒ်က ဘယ်လိုလဲ”

လုချန်း တိုးတိုးလေးမေးလိုက်သည်။

ဤစကားကိုကြားသောအခါ မြေခွေးက ခေါင်းခါယမ်းကာ “ငါလည်းမသိဘူး”

“ဒီအသီးကို သန့်စင်ဖို့ အချိန်နည်းနည်းယူရတယ်၊ ငါမျိုချလိုက်ပေမဲ့ မသန့်စင်ရသေးဘူး...”

“ထွေးထုတ်လိုက်!”

“အ..အာ???”

လုချန်း,၏ စကားကိုကြားပြီး အမြီးကိုးချောင်း မြေခွေးက အံ့အားသင့်သွားပြီး သူ့ကို သံဿယအကြည့်ဖြင့် ကြည့်လိုက်သည်။

ထိုငွေဖြူဝံပုလွေကြီးက သူမမျိုချလိုက်သော ဝိညာဥ်သစ်သီးကိုတောင် လုယူရန်ကြိုးစားလိမ့်မည့်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ၊ ဒါက ရက်စက်လွန်းတယ်မဟုတ်လား။

ယခုမူ ဝိညာဉ်စာချုပ်ကို ချုပ်ဆိုထားသောကြောင့် သူ့အသက်က လုချန်း,၏ လက်ထဲတွင် ရှိသည်။

ထို့အပြင် လုချန်း,သည် သူမကို လူသားများလက်မှ ကယ်တင်ခဲ့သူဖြစ်သည်။

အမြီးကိုးချောင်း မြေခွေးသည် အနည်းငယ် အကူအညီမဲ့စွာ ခံစားလိုက်ရသော်လည်း၊ ဝိညာဉ်သစ်သီးကို ပေးအပ်လိုက်ဆဲ ဖြစ်သည်။

သူမသည် တီယန်ယွမ် သစ်သီးကို အမှန်တကယ်မျိုမချခဲ့ပေ၊ သူမသည် နောက်ထပ်ထူးခြားသောစွမ်းရည်တစ်ခုကို နိုးထခဲ့သည်။

ထိုစွမ်းရည်က သူမကို သေးငယ်သော နေရာလွတ်တစ်ခုကို ထိန်းချုပ်နိုင်စေသော်လည်း ထိုနေရာလွှတ်တွင် သက်မဲ့များပစ္စည်းကိုသာ သိမ်းထားနိုင်သည်။

အချိန်စွမ်းအားက ထိုနေရာလွှတ်ထဲတွင် မစီးဆင်းနိုင်ပေ၊ အထဲတွင် ရှိသော အရာတိုင်းက ပုပ်မသွားရုံသာမက စွမ်းအင်များကိုလည်း ထိန်းသိမ်းထားနိုင်သည်။

ထို့ကြောင့်၊ တီယန်ယွမ် သစ်သီးကို ခူးဆွတ်ကာ ၎င်းကို ဤနေရာ၌ ထားနိုင်ပြီး ၎င်း၏ စွမ်းအင်ဂုဏ်သတ္တိများ ဆုံးရှုံးသွားမည်မဟုတ်ပေ။

ဤထူးခြားသောစွမ်းရည်ကို သိရှိပြီးနောက် လုချန်း အလွန်အံ့သြသွားသည်။

သူ့၏ လက်အောက်ငယ်သားအသစ်ဖြစ်သော ဤအမြီးကိုးချောင်း မြေခွေး၏ စွမ်းရည်ကို သူအလွန်ကျေနပ်သည်။

အမြီးကိုးချောင်း မြေခွေး၏ မကျေနပ်သောအကြည့်အောက်တွင် လုချန်း,သည် တီယန်ယွမ် သစ်သီးကို တိုက်ရိုက် မျိုချလိုက်သည်။

[ဒင်၊ ပိုင်ရှင်သည် တီယန်ယွမ် သစ်သီးကို ဝါးမျိုခဲ့ပြီး ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၆၀,၀၀၀ ကိုရရှိပါသည်]

လုချန်း,သည် ထိုအသီးက ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၆၀,၀၀၀ ကိုပေးစွမ်းနိုင်မည်ဟု မမျှော်လင့်ထားပေ။

ဒါက သူ့ကို တကယ် အံ့သြစေခဲ့သည်။

နောက်ဆုံးတွင် လုံလောက်သော ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို စုဆောင်းနိုင်ခဲ့ပြီး၊ လုချန်း,သည် အချိန်မဆွဲတော့ဘဲ ချက်ချင်းပင် အဆင့်မြှင့်တင်လိုက်သည်။

ထို့နောက် တမ်၊ ကျိုးအိင် နှင့် အမြီးကိုးချောင်း မြေခွေး တို့၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် သူ့ထံမှ ပြင်းထန်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။

လုချန်း,၏ မရီဒီယန်များက တစ်ဖန် ကျယ်ပြန့်လာပြီး သူ၏ အရိုးများ၊ အသားများ၊.....

အထူးသဖြင့်၊ သန်မာသော သားရဲသုံးကောင်အား အလွန်ပြင်းထန်သော ဖိနှိပ်မှုကို ခံစားစေသည့် သူ၏ခန္ဓာကိုယ်မှ ထွက်‌ပေါ်လာသည့် ပြင်းထန်သောဖိအား။

တစ်ဖက်တွင်၊ ကျန်းနန် ခရိုင်၏ အဓိကမိသားစုများသည် ယန်ရှ တောင်မှ အလျှင်အမြန် ထွက်ပြေးလာကြသည်။

ထို့နောက်တွင် ထိုနေရာနှင့် ပတ်သက်သော သတင်း အမျိုးမျိုးက ချက်ချင်းပင် ပြန့်နှံ့သွားသည်။

ကျန်းနန် ခရိုင်စစ်ဌာနချုပ်တွင်၊ ရန် နိုင်ငံ၏ ထိပ်တန်းစစ်ဘက်အရာရှိများက ယခုအချိန်တွင် မျက်မှောင်ကြုတ်နေကြသည်။

ထိုသားရဲများအကြောင်းဖော်ပြသော သတင်းကို ကြည့်ရင်း မနေနိုင်ဘဲ မျက်ခုံးမွှေးများကို ပွတ်သပ်နေကြသည်။

“ယန်ရှ တောင်မှာရှိတဲ့ သားရဲတွေက အစွမ်းထက်လွန်းပြီး ခြိမ်းခြောက်မှု ကြီးမားလွန်းတယ်၊ ငါတို့ ဒီသားရဲတွေကို ခရုဇ်ဒုံးကျည်နဲ့ ပစ်ရမယ်!”

“မှန်တယ်၊ ဒီသားရဲတွေက မြို့ထဲကို ပြေးဝင်လာရင် ဘယ်လိုဒုက္ခမျိုးဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး!”

အပြင်းအထန် ဆွေးနွေးပြီးနောက် စစ်တပ်က နောက်ဆုံးတွင် ခရုဇ်ဒုံးကျည်နှင့် ပစ်ခတ်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်၊ ကျန်းနန် ခရိုင် စစ်တပ်သည် ချီလင် တောင်တန်းမှ သင်ခန်းစာရခဲ့ပြီး ဖြစ်သည်။

ယခင်က လုချန်း,ကို ခရုဇ်ဒုံးကျည် ၁၀ စင်းဖြင့် ပစ်ခတ်ခဲ့ပြီး ယခုတစ်ကြိမ်တွင် စစ်တပ်သည် ခရုဇ်ဒုံးကျည် ၃၀ အထိ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

တိကျသော ပစ်မှတ်ကိုချိန်ရွယ်ပြီးနောက် အရာရာကို ဖျက်ဆီးရန် အသင့်ဖြစ်နေသော ခရုဇ်ဒုံးကျည်များအားလုံးသည် ယန်ရှ တောင်ထိပ်သို့ ဦးတည်ဝင်ရောက် သွားသည်။

“သခင်၊ သားရဲတွေ အများကြီး သေနေတယ်၊ စားဖို့ အသားတွေ အများကြီးပဲ၊ ကျွန်တော်တို့ မသွားခင် ဘာလို့ အစာကောင်းကောင်း မစားရမှာလဲ”

တောင်ထိပ်တစ်ဝိုက်ရှိ သားရဲများ၏ အလောင်းများကို ကြည့်ရင်း တမ်,က သရေယိုကာ ပြောလိုက်သည်။

“ငါတို့ ဒီမှာ အကြာကြီးနေလို့မရဘူး!”

လူသားအားလုံး ဘေးလွတ်ရာသို့ ထွက်ခွာသွားကြသော်လည်း လုချန်း,က အလွန်သတိရှိနေဆဲဖြစ်သည်။

ပြီးခဲ့သောအချိန်က၊ စားချင်သောကြောင့် နေရာတွင်ပင် ထိုင်စားနေခဲ့သော်လည်း၊ လူသားများသည် သူ့ကို ပြင်းထန်လှသောဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။

All Chapters