“ဟမ့်၊ တောင်ဖောက်တဲ့ အာဏာရှင်တဲ့လား”
Vol. 7 Ch. 98
ယန်ဇီမြစ်၏တောင်ဘက်တွင် ရေအများအပြားထွက်ရှိပြီး မြစ်များနှင့်အိုင်များသည် အလွန်ကျယ်ပြောသောဧရိယာကို ဖုံးအုပ်ထားသည်။
ယန်ကျိုးမြို့ကို ဘေးသုံးဘက်ရှိ ရေများက ဝန်းရံထားသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာချိန်မတိုင်မီတွင် ရေဧရိယာသည် ယန်ကျိုးမြို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေခဲ့သည်။
သို့သော်၊ ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာပြီးနောက်၊ ဤမျှကျယ်ပြောသောရေဧရိယာက ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။
အဘယ်ကြောင့်ဆိုသော် ကျယ်ပြောလှသော ရေပြင်တွင် ဆင့်ကဲပြောင်းလဲသွားသော သားရဲများက ပို၍ပင် ကြောက်စရာကောင်းသည်။
မူလက ယန်ကျိုးမြို့၏ ဆင်ခြေဖုံးရပ်ကွက်များသည် ရေနှင့် နီးကပ်စွာတည်ရှိပြီး အလွန်ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် သာယာသောရှုခင်းများဖြင့် တည်ရှိနေသည်။
ယခုမူ ယန်ကျိုးမြို့၏ကမ်းစပ်တွင် အခြားမြို့များကဲ့သို့ပင် မီတာဆယ်ချီမြင့်သော တံတိုင်းကြီးကို တည်ဆောက်ထားသည်။
ထိုကဲ့သို့သော ဒုက္ခရောက်နေချိန်မျိုးတွင် မြင့်မားပြီီး ထူထဲသော မြို့ရိုးများကသာ နေထိုင်သူများကို ဘေးကင်းစေနိုင်သည်။
ဘေးကင်းလုံခြုံရေးအတွက် ယန်ကျိုးမြို့ ၏မြေအောက်များကိုပင် ပြုပြင်မွမ်းမံပြီး တင်းကျပ်သော စောင့်ကြည့်ရေးစနစ်အမျိုးမျိုးကို တပ်ဆင်ခဲ့သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက်၊ ထူးဆန်းသော သားရဲအမျိုးမျိုးတို့က လူတိုင်း၏မျက်မှောက်တွင် ပေါ်လာခဲ့သည်။
ရန်နိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်များသည် ဤသားရဲတိရစ္ဆာန်များကို ယခင်ကလို တူညီသော အသိတရားဖြင့် တိုင်းတာ၍မရနိုင်သည်ကို ပိုမိုသိရှိလာကြသည်။
“သတိပေးချက်၊ အရှေ့ဘက်နံရံအောက်မှာ ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတစ်ခုကို တွေ့ရှိခဲ့တယ်”
ရုတ်တရက်၊ ယန်ကျိုးမြို့ ကာကွယ်ရေးတပ်များက တစ်ခုခုမှားယွင်းနေသည်ကို တွေ့ရှိခဲ့သည်။
ယခု၊ အရှေ့ဘက်တံတိုင်းအောက်တွင် သက်ရှိသတ္တဝါအမှတ်အသားတစ်ခု လင်းလက်နေသည်ကို စက်ကရိယာက ပြသနေသည်။
သို့သော် သတိပေးချက်သည် ခေတ္တမျှသာဖြစ်ပြီး နောက်တစ်စက္ကန့်တွင် ဘာကိုမျှ ရှာမတွေ့ခဲ့ပေ။
ယခင်ကဆိုလျှင်၊ ဤအရာကို လျစ်လျူရှုထားနိုင်သော်လည်း ယခု စီချွမ်မြို့၏ အဖြစ်အပျက်ကြောင့် ၎င်းကိုသတိထားရမည်ဖြစ်သည်။
စီချွမ်မြို့ရှိ လုချန်း,၏ အသွင်အပြင်က တစ်နိုင်ငံလုံးကို ထိတ်လန့်စေခဲ့သည်။
ရလဒ်အနေဖြင့် ရန်နိုင်ငံရှိလူတိုင်းသည် အနှောင့်အယှက်တစ်စုံတစ်ရာအတွက် အလွန်သတိထားနေကြသည်။
ယန်ကျိုးမြို့စစ်တပ်သည်လည်း ဤကဲ့သို့ရုတ်တရက်သတိပေးချက်ကို အလွန်အလေးထားသည်။
သူတို့က လူများကို တိုက်ရိုက် အသိပေးပြီး တစ်မြို့လုံးကို သတိအနေဖြင့်ရှိစေခဲ့သည်။
စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များအားလုံးက တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ပြည်သူများအား အရေးပေါ် ရွှေ့ပြောင်းကာ စီမံကွပ်ကဲနေသည်။
………………….
ယန်မိသားစု အိမ်တော်။
ထူးဆန်းသော သားရဲတစ်ကောင်က မြို့ထဲသို့ ခိုးဝင်နေပုံရသည်ကို သိလိုက်ရသောအခါ ယန်ဘိုခွမ်,သည် တခဏချင်း အလွန်ထိတ်လန့်သွားခဲ့သည်။
သူ့မျက်နှာသည် ယခင်ကဲ့သို့မဟုတ်တော့ဘဲ မောက်မာမှုနှင့် မထီမဲ့မြင်ပြုခြင်း လုံးဝကင်းစင်နေခဲ့သည်။
ယန်ရှ တောင်ပေါ်တွင် ယန်ဘိုခွမ်,သည် ရက်စက်ကြမ်းကြုတ်သော နိုးထခြင်းအဆင့် (၇) အာဏာရှင်မှပြသခဲ့သည့် ပြင်းထန်သောတိုက်ပွဲစွမ်းအားကြောင့် အလွန်တုန်လှုပ်သွားခဲ့သည်။
မူလက သူသည် သူ၏စွမ်းရည်ကို နိုးထပြီးနောက် အလွန်အစွမ်းထက်နေပြီဟု ထင်ထားခဲ့သည်။
သို့ပေမယ့် ဤထူးဆန်းသောသားရဲက ဤမျှမြင့်မားသောအဆင့်အထိ တိုးတက်ပြောင်းလဲလာလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
သူ၏ အထူးစွမ်းရည်သည် ကျောက်တုံးများကို ဖျက်ဆီးနိုင်ပြီး သံမဏိပြားများကိုပင် ထိုးဖောက်ဝင်ရောက်နိုင်သော်လည်း ထိုအစွမ်းထက်သော အာဏာရှင်၏ ခန္ဓာကိုယ်ရှိ အကြေးခွံများအပေါ်တွင် အလုပ်မဖြစ်ခဲ့ပေ။
ယန်ဘိုခွမ်၏ အမိန့်ကြောင့် ယန်မိသားစုသည် ဤအခိုက်အတန့်တွင် သတိပေးချက်တစ်ခုကို ထုတ်ပြန်ပြီး အားလုံးကို အဆင့်အသင့်ဖြစ်နေစေရန် သတိပေးလိုက်ကြသည်။
သို့သော် သူတို့အားလုံးအဆင်သင့်မဖြစ်သေးခင်မှာပင် ရုတ်တရက်ငလျင်လှုပ်သကဲ့သို့ မြေပြင်က နောက်စက္ကန့်တွင် လှုပ်ခါစပြုလာသည်။
ယန်ဘိုခွမ်,သည် ၎င်းကိုမြင်သောအခါတွင် သူ့မျက်နှာက အလွန်ဖျော့သွားသည်။
ယန်ကျိုးမြို့သည် ငလျင်ရပ်ဝန်းတွင် တည်ရှိမနေပေ၊ ဤကဲ့သို့ ပြင်းထန်သောငလျင်များ မဆိုထားနှင့် နှစ်ပေါင်းများစွာအတွင်းတွင် ငလျင်လှုပ်ခဲ့ခြင်း မရှိပေ။
မြေပြင်မှ တစ်စုံတစ်ရာ ထွက်လာတော့မည် ဖြစ်သောကြောင့် မြေငလျင်လှုပ်ခြင်း,က အလွန်ဖြစ်နိုင်သည်။
သေချာပါတယ်၊ နောက်တစ်စက္ကန့်တွင် ယန် မိသားစုအိမ်ဝင်း၏ မြေပြင်မှ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် တောင်တစ်လုံးကဲ့သို့ ကြီးမားသော သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ယန်မိသားစုအိမ်ဝင်းထဲတွင် အနီရောင်အကြေးခွံများနှင့် ဖုံးအုပ်ထားသော သင်းခွေချပ် အာဏာရှင်ကြီး ပေါ်လာခဲ့သည်။
သင်းခွေချပ်နီကြီးက အလွန်ဒေါသထွက်နေပြီး ယန်မိသားစုအိမ်ဝင်းတွင် အရူးအမူး သတ်ဖြတ်နေတော့သည်။
“ခြေနှစ်ချောင်းနဲ့ အမှိုက်ကောင်တွေ၊ ငါ မင်းတို့ကို ပြန်ပေးဆပ်ရမယ်လို့ ပြောခဲ့တယ်မလား!”
ယန်မိသားစုမှ အဖွဲ့သားများက ဤအစွမ်းထက်သော သားရဲကြီးရှေ့တွင် မည်သည့်တိုက်ခိုက်မှုမှ မလုပ်နိုင်ခဲ့ပေ။
တခဏချင်းပင် အော်ဟစ်ငိုယိုသံများ ထွက်ပေါ်လာပြီး မြေကြီးက လျှိုများနှင့် ပြည့်နှက် သွားသည်။
ယန်မိသားစု၏ အဆောက်အဦများအားလုံးသည် အာဏာရှင်၏ လက်သည်းများအောက်တွင် အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားသည်။
အချို့လူများက အိမ်ထဲတွင် ပုန်းအောင်းချင်နေကြသော်လည်း ခိုင်ခံသော အဆောက်အဦများက အာဏာရှင်၏ လက်သည်းများအောက်တွင် တို့ဟူးများထက် မပိုပေ။
တခဏအတွင်းမှာပင် ယန် မိသားစုသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် မရေမတွက်နိုင်သော အသေအပျောက်များ ရှိနေခဲ့သည်။
ယန်ဘိုခွမ် ထိတ်လန့်သွားသည်။ ထိုအာဏာရှင်က အလွန်ထက်မြက်ပြီး ဤမျှအာဃာတကြီးမည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော်လည်း သူချက်ချင်းပင် တုန့်ပြန်လိုက်သည်။
“ဘုန်း!”
စွမ်းအင်များက ယန်ဘိုခွမ် ၏မျက်လုံးများထဲတွင် စုစည်းသွားပြီး ချက်ချင်းပင် လေဆာရောင်ခြည်က အာဏာရှင်ကို ထိမှန်သွားသည်။
သို့သော် ယခုတစ်ကြိမ်တွင် အာဏာရှင်သည် ယခင်ကထက် ပိုမိုအားကောင်းနေကြောင်း သူတွေ့ရှိခဲ့သည်။
ယန်ဘိုခွမ်,၏လေဆာတန်းများသည် အာဏာရှင်၏အကြေးခွံများကို မထိမခိုက်နိုင်ဘဲ အနီရောင်အကြေးခွံ၏ အပေါ်ယံအလွှာသာ အနည်းငယ် အရည်ပျော်သွားသည်။
“သခင်လေး ယန်၊ ကျေးဇူးပြုပြီး ထွက်သွားပါ၊ ဒီအာဏာရှင်က အရမ်းစွမ်းအားကြီးလွန်းတယ်!”
ယန်ဘိုခွမ်,က ထပ်မံတိုက်ခိုက်ရန်ပြင်ဆင်နေသည်ကိုမြင်ပြီး စုယင်,သည် ယန်ဘိုခွမ် ၏လက်မောင်းကို အမြန်ဆွဲကိုင်ကာ ထွက်ပြေးရန် ဆွဲဆောင်လိုက်သည်။
ယန် မိသားစု၏ အကြီးအကဲများနှင့် အခြားသူများက လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ပြီဖြစ်သည်။
ထိုအချိန်တွင် ယန်ဘိုခွမ်,သည် ဤသင်းခွေချပ် အာဏာရှင်၏ ပြင်းထန်သောစွမ်းအားကိုမြင်ပြီး အနည်းငယ်ကြောက်ရွံ့နေသည်။
သို့သော် သင်းခွေချပ်နီက ယန်မိသားစု အိမ်ဝင်းတွင် ရူးသွပ်စွာသတ်ဖြတ်နေသည်ကို မြင်လိုက်ရသဖြင့် ယန်ဘိုခွမ် အလွန်ဒေါသထွက်သွားသည်။
“ငါ့လမ်းက ဖယ်! ငါ ဒီကောင်ကို သင်ခန်းစာပေးရမယ်”
ယန်ဘိုခွမ်,သည် သူ့၏ အစွမ်းသတ္တိကို အမြဲကြွားဝါလေ့ရှိပြီး လေဆာစွမ်းရည်ကို အလွန်တန်ဖိုးထားသည်။
သို့ပေမယ့် သူက ပြိုင်ဘက်၏ ခံစစ်ကိုပင် မချိုးဖျက်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။
အမြဲတမ်း မာနကြီးပြီး ဘဝင်မြင့်သောသူက ဤအခြေအနေမျိုးကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။ သူ့စွမ်းအင်များကို ချက်ချင်းပြန်စုပြီး အာဏာရှင်၏ ညာဘက်မျက်လုံးကို ချိန်ရွယ်လိုက်သည်။
“ဘုန်း!”
ဤတစ်ကြိမ်တွင် ယန်ဘိုခွမ်,၏ လေဆာရောင်ခြည်တန်းက အာဏာရှင်၏ ညာဘက်မျက်လုံးကို အောင်မြင်စွာ ထိမှန်ခဲ့သည်။
မျက်လုံးသည် သက်ရှိတိုင်းအတွက် အလွန်ထိခိုက်လွယ်သော အစိတ်အပိုင်းတစ်ခုဖြစ်သည်။
အာဏာရှင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အလွန်မာကျောပြီး ပြင်းထန်သော အမြောက်,များ၏ တိုက်ခိုက်မှုများကိုပင် တားဆီးနိုင်သော်လည်း သူ့၏မျက်လုံးများက အလွန်အားနည်းနေသေးသည်။
တခဏအတွင်း၊ အာဏာရှင်၏ ညာဘက်မျက်လုံးက ယန်ဘိုခွမ်,၏ လေဆာရောင်ခြည်ကြောင့် အရည်ပျော်သွားသည်။
လေဆာရောင်ခြည်တန်းသည် သူ၏မျက်လုံးကိုပင် ဖြတ်ကျော်သွားပြီး သူ့၏ ဦးနှောက်ညာဘက်ခြမ်းကို တိုက်ရိုက်ဖောက်ဝင်သွားသဖြင့် ပို၍ပင် ကြောက်စရာကောင်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာသည်။
“ဂါးး!”
သင်းခွေချပ်နီကြီးက နာကျင်စွာ အော်ဟစ်လိုက်သည်။
“ဟာဟားဟား၊ မိုက်မဲတဲ့ သင်းခွေချပ်၊ မင်း ငါ့ခြေထောက်အောက်မှာ ဒူးထောက်နေရတုန်းပဲ”
ယန်ဘိုခွမ်,က ဒါကိုမြင်ပြီး အလွန်ဝမ်းသာသွားသည်။
သို့သော်လည်း နောက်တစက္ကန့်တွင် အလွန်ဒေါသထွက်သွားသော သင်းခွေချပ် အာဏာရှင်သည် ယန်ဘိုခွမ် ကို ခြေသည်းတစ်ချောင်းတည်းဖြင့် တိုက်ရိုက် သတ်ပစ်လိုက်သည်။
ဒါကိုမြင်ပြီး အနားတွင်ရပ်နေသော စုယင် က အလွန်ထိတ်လန့်တုန်လှုပ်သွားသည်။
“ဘယ်လိုလူမိုက်လဲ!”
ယန်ဘိုခွမ် သေသွားသည်ကို မြင်လိုက်ရသဖြင့် စုယင်,သည် ဤနေရာတွင် ဆက်နေရန် အစီအစဉ်မရှိတော့ဘဲ ကိုယ်ပျောက်စွမ်းရည်ကိုအသုံးပြုလိုက်သည်။
သို့သော် စုယင် အံ့သြသွားသည်မှာ ငွေဖြူနှင်းဝံပုလွေတစ်ကောင်က သူမရှေ့တွင် ရုတ်တရက်ပေါ်လာခြင်းဖြစ်သည်။
“ဘုန်း!”
အာဃာတအသစ်များနှင့် အဟောင်းများ စုပုံနေသောကြောင့် ယိုချင်းယန်,သည် စကားတစ်ခွမ်းမျှမပြောဘဲ ကိုယ်ပျောက်အခြေအနေတွင်ရှိနေသော စုယင်,ကိုတိုက်ရိုက် သတ်ပစ်လိုက်သည်။
ထိုအချိန်တွင် ယန်ကျိုးမြို့၏စစ်တပ်သည်လည်း ဤနေရာသို့ ရောက်ရှိနေပြီဖြစ်သည်။
ယန် မိသားစုအိမ်ဝင်းတွင် အာဏာရှင် နှင့် ဝူဗာလင် တို့ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် လူတိုင်းသည် သူတို့၏ ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။
ထိုသတင်းကို မြို့သခင်ဆီသို့ အမြန်ပေးပို့ပြီးနောက်၊ မြို့သခင်နှင့် ယန်ကျိုးမြို့သခင်စံအိမ်ရှိ အခြားအဆင့်မြင့်အရာရှိများက အလွန်အံ့သြသွားကြသည်။
အချက်အလက်များအရ၊ ဝူဗာလင်,သည် မနေ့ညက စီချွမ်မြို့တွင် အတော်လေးကိုသောင်းကျန်းခဲ့သည်။
“သူက ယန်ကျိုးမြို့ကို ညတွင်းချင်း ဘယ်လိုရောက်တာလဲ”
စီချွမ်မြို့နှင့် ယန်ကျိုးမြို့က မိုင်ထောင်ချီဝေးကွာပြီး ဝူဗာလင် အဘယ်ကြောင့် ဤမျှလျှင်မြန်သည်ကို လူတိုင်းနားမလည်နိုင်ခဲ့ကြပေ။
“ဟင်? မင်းလား”
ယန် မိသားစုအိမ်ဝင်းတွင်၊ အာဏာရှင်သည် သူ့မျက်လုံးမှဝေဒနာကို ခံနိုင်ရည်ရှိသွားပြီးနောက် ခေါင်းကိုလှည့်ကာ သူ့အနားတွင်ပေါ်လာသော ယိုချင်းယန် ကိုကြည့်ရင်း အနည်းငယ်စိတ်ရှုပ်သွားသည်။
ပျောက်ဆုံးနေသော ဝူဗာလင်,က ဤနေရာတွင် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ယခင်က၊ ယန်ရှ တောင်တိုက်ပွဲအတွင်းတွင် ယိုချင်းယန်,သည် သူ့၏ တီယန်ယွမ် သစ်သီးများကို လုယူသွားခဲ့သည်။
ထို့ကြောင့် အာဏာရှင်သည် ဝူဗာလင်,ကို ပြန်ပေးစပ်ရမည်ဟု ကျိန်ဆိုခဲ့သည်။
ထိုကာလတွင် လူသားများထံမှ အချက်အလက်တချို့ကိုလည်း သူလေ့လာခဲ့သည်။
“ဒီကောင်က ငါ့ တီယန်ယွမ် သစ်သီးကို လုယူသွားတဲ့ ဝူဗာလင် ထင်တယ်၊ လူတွေပြောနေကြတဲ့ နှင်းဝံပုလွေက ဝူဗာလင် ထက် ပိုသန်မာတဲ့ နောက်ထပ် နှင်းဝံပုလွေတစ်ကောင်ပဲဖြစ်ရမယ်”
မြင့်မားသည့်အဆင့်သို့ ဆင့်ကဲပြောင်းလဲသွားသော သင်းခွေချပ် အာဏာရှင်သည် ယခုအခါတွင် ထက်မြက်သောဥာဏ်ရည်ကို ပိုင်ဆိုင်နေပြီဖြစ်သည်။
ထို့အပြင် သူ့ရှေ့မှ နှင်းဝံပုလွေကို ယခင်က မြင်ခဲ့ဖူးသောကြောင့်၊ အမှန်တကယ်ပင် ဆင်တူသောဝံပုလွေနှစ်ကောင်ရှိကြောင်းကို သူချက်ချင်းသိရှိခဲ့သည်။
“မကြာခင်မှာ ငါမင်းကိုပြန်လာရှာမယ်!”
အာဏာရှင်သည် မနီးမဝေးတွင် ချဉ်းကပ်လာသော စစ်တပ်ကြီးကို စိုက်ကြည့်ကာ ယိုချင်းယန်,အား ပြောလိုက်သည်။
ထို့နောက် သူသည် မြေကြီးကိုတူးရန် သူ၏ခြေသည်းများကို အသုံးပြုပြီး မြေအောက်ထဲကို ဝင်ရောက်သွားသည်။
အာဏာရှင်သည် ယိုချင်းယန် နှင့် တိုက်ခိုက်ချင်သော်လည်း လူသားများ၏ မျက်လုံးများအောက်တွင် သားရဲ အချင်းချင်း မသတ်ဖြတ်ချင်ပေ။
အာဏာရှင် ထွက်သွားပြီးနောက်၊ ယန်ကျိုးမြို့၏ စစ်သားများက ပြင်းထန်သော အမြောက်,များနှင့် အခင်းဖြစ်ပွားရာနေရာကို ရောက်လာကြသည်။
ချက်ချင်းပင် အမြောက်ကျည်ဆန်များက ယန် မိသားစုအိမ်ဝင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ယိုချင်းယန် သည် အာဏာရှင် ကဲ့သို့ စွမ်းရည်မျိုးမရှိသောကြောင့် အမြောက်ကျည်ဆန်များကို ခုခံကာကွယ်ရန် သူမ၏ ဗျကရားစွမ်းရည်ကို တိုက်ရိုက်အသုံးပြုလိုက်သည်။
ပေါက်ကွဲမှုအတွင်းတွင် မီးတောက်များ အဆက်မပြတ် တောက်လောင်နေပြီး မြေပြင်သည် ငလျင်လှုပ်သကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။
လေထုတွင် မီးခိုးများဖြင့် ပြည့်နှက်နေပြီး ယိုချင်းယန်,သည် ဤနေရာမှ ထွက်ခွာရန် ကိုယ်ပျောက်နိုင်သော ပုတီးစေ့ကို တိတ်တဆိတ် အသုံးပြုခဲ့သည်။
ယခင်က၊ ယန်မိသားစုအိမ်ဝင်းတွင် ဧရာမသားရဲကြီးနှစ်ကောင် စုဝေးရောက်ရှိနေကြောင်း သတင်းပေးပို့ခဲ့သည်။
ဤကဲ့သို့သတင်းက လူသားများကြားတွင် နားလည်မှုအလွှဲအမှားများ ဖြစ်စေခဲ့သည်။
အစွမ်းထက်သော ဝူဗာလင်,သည် သင်းခွေချပ် အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သော ဆက်ဆံရေးတစ်ခုသို့ ရောက်ရှိနေပြီဟု လူတိုင်းက ထင်မှတ်သွားကြသည်။
ထိုအချိန်တွင် ရန်နိုင်ငံသည် ကြီးမားသောဖိအားကို ခံစားလိုက်ရသည်။
သူတို့၏အမြင်တွင် ဝူဗာလင် နှင့် အာဏာရှင် တို့က ဘုရင်အဆင့် သားရဲများ ဖြစ်ကြသည်။
ထိုထဲမှသားရဲတစ်ကောင်တည်းကပင် လူတိုင်းကို ခေါင်းကိုက်စေပြီး ထိုသားရဲနှစ်ကောင်သာ ပူးပေါင်းလိုက်မည်ဆိုလျှင် ဘေးဒုက္ခများက မတွေးရဲစရာပင်။
ကျန်းဟောင် ထံမှတဆင့် လုချန်း,သည် ရှောင်ပိုင် နှင့် ပတ်သက်သောသတင်းများကို လျင်မြန်စွာ ရရှိခဲ့သည်။
“ရှောင်ပိုင်,က အဲဒီသင်းခွေချပ်နဲ့ ပူးပေါင်းတယ်၊ ဒါက မဖြစ်သင့်ဘူး”
လုချန်း,က မျက်မှောင်ကြုတ်ကာ သေချာပြန်ပြီး ခွဲခြမ်းစိတ်ဖြာလိုက်သည်။
သူ့အမြင်အရ ရှောင်ပိုင် နှင့် သင်းခွေချပ် တို့ ပူးပေါင်းဆောင်ရွက်ရန် အလားအလာက အမှန်တကယ်ကို နည်းပါးလှသည်။
သင်းခွေချပ် အာဏာရှင်သည် ယန်ဘိုခွမ်ကို လက်စားချေရန် ယန် မိသားစုအိမ်ဝင်းထဲသို့ ဝင်ရောက်ခဲ့သည်။
နောက်ဆုံးတွင်၊ ရက်စက်ကြမ်းကြုတ်သော သားရဲများအကြား အရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုများက လူသားများကဲ့သို့ ရှုပ်ထွေးမှုမရှိပေ။
ရက်စက်ကြမ်းကြုတ်သော သားရဲများသည် ဆက်လက်၍ ဆင့်ကဲပြောင်းလဲကာ ပိုမိုတိုးတက်နေသော်လည်း၊ သူတို့က လူသားများနှင့် ကွဲပြားနေဆဲဖြစ်သည်။
ယခင်က ရှောင်ပိုင်,သည် သင်းခွေချပ်၏ မျက်စိရှေ့တွင် တီယန်ယွမ် သစ်သီးခြောက်လုံးကို လုယူသွားခဲ့သည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများအတွက်၊ ဤကဲ့သို့သစ်သီးမျိုးကို စွန့်လွှတ်ရန် မလွယ်ကူလှပေ။
ရှောင်ပိုင် နှင့် ပူးပေါင်းဆောင်ရွက်သော ဆက်ဆံရေးမျိုးသို့ ရောက်ရှိရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
ဤသင်းခွေချပ်သည် တီယန်ယွမ် သစ်သီးများကို ဆုံးရှုံးခဲ့ရသောကြောင့် ရှောင်ပိုင်,ကို လက်စားချေမည်ဖြစ်ကြောင်း သူ့စကားများက ထင်ရှားနေသည်။
“ဟမ့်၊ တောင်ဖောက်တဲ့ အာဏာရှင်တဲ့လား၊ ငါ လုချန်း ရဲ့ ညီမကို မင်းက လက်စားချေချင်နေတာလား!”
လုချန်း,က ၎င်းကို တွေးလိုက်သောအခါ သူ့၏ ရေခဲပြာ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ချက်လက်သွားသည်။