“ဘာရယ်မှမဟုတ်ဘူး၊ ငါမင်းကိုစားဖို့ဒီကိုလာခဲ့တာ”
Vol. 7 Ch. 99
ရှောင်ပိုင် နှင့် ပတ်သက်သောသတင်းများကြောင့် လုချန်း,က ချက်ချင်းထွက်ခွာရန် ပြင်ဆင်ခဲ့သည်။
စီချွမ်မြို့တွင် ပြဿနာအများစုကို ဖြေရှင်းခဲ့ပြီးဖြစ်သည်။
ခွမ်ပျော အဖွဲ့အစည်းသည် ယခုအချိန်တွင် လုံးဝပျက်စီးသွားပြီး လက်နက်စက်ရုံများကိုပင် သူဖြိုချပစ်ခဲ့သည်။
ထိုညက သူ၏ခြိမ်းခြောက်မှုကြောင့် စီချွမ်မ်ြု့ဘက်မှ ဒါဂုန် နှင်းတောင်ကို ထပ်မံတိုက်ခိုက်မည်မဟုတ်ဟု သူယုံကြည်သည်။
ထို့ကြောင့်၊ ရေတိုတွင် နှင်းတောင်အတွက် စိတ်ပူစရာ မလိုပေ။
ဒါဂုန် နှင်းတောင်က အမြဲတမ်းနေလို့ရသည့် နေရာတစ်ခုမဟုတ်ပေ၊ အနာဂတ်တွင် သူတို့ ဝေးရာသို့ ထွက်ခွာရန် လိုအပ်နေသေးသည်။
သို့ပေမယ့် ယခုအချိန်တွင် လုချန်း, သည် ရှောင်ပိုင်,ကို အရင်ရှာရန် စီစဉ်ထားသည်။
“အဖေ၊ အမေ၊ ကျွန်တော် ရှောင်ပိုင် ရဲ့နေရာကို ရှာတွေ့ပြီ!”
လုချန်း,သည် နှင်းဝံပုလွေမိဘများထံ စိတ်လှုပ်ရှားစွာသွားပြီး ရှောင်ပိုင် ၏နေရာကိုပြောပြခဲ့သည်။
သမီးလေး ပျောက်သွားခြင်းအတွက် နှင်းဝံပုလွေမိဘများက အလွန်စိတ်ပူနေခဲ့သည်။
“ဒါပေမယ့် ဒီနေရာအတွက် စိတ်ပူစရာမလိုတော့ဘူးဆိုပေမဲ့ လောလောဆယ်တော့ မြေအောက်လှိုဏ်ဂူထဲမှာပဲ နေပါ”
“အနာဂတ်မှာ လူတိုင်းနဲ့အတူ နေရာဒေသအသစ်ကို ပြောင်းရွှေ့နေထိုင်နိုင်မယ့် နည်းလမ်းကို ကျွန်တော်ရှာဖွေပါမယ်”
လုချန်း,သည် ဝံပုလွေမိဘများကို လက်ဟန်အမှုအရာဖြင့် ဆက်သွယ်ပြောဆိုနေသည်။
ယခု သူသည် နိုးထခြင်းအဆင့် (၈) သို့ ရောက်ရှိသွားပြီး လူသားဘာသာစကားကို ပြောနိုင်ပြီဖြစ်သည်။
သို့သော် နှင်းဝံပုလွေမိဘများ၏ ဉာဏ်ရည်က ထိုအဆင့်အထိ မကြီးထွားသေးပေ။
သို့သော် လုချန်း,၏ စကားပြောဟန် အမူအရာဖြင့် ဆက်သွယ်ပြောဆိုပုံကို နှင်းဝံပုလွေမိဘများက နားလည်နေဆဲဖြစ်သည်။
ဝံပုလွေဘုရင်ဟောင်းသည် ယခုတွင် လုချန်း,၏ အထူးဂရုစိုက်မှုကြောင့် နိုးထခြင်းအဆင့် (၅) သို့ရောက်ရှိသွားပြီဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားက အလွန်ပြင်းထန်သည်။
လုချန်း ကဲ့သို့ပင် သူသည် ရေခဲစွမ်းရည်ကို နိုးထလာခဲ့သည်။
ဝံပုလွေဘုရင်ဟောင်းသည် ခွန်အားကြီးမားရုံသာမက မျိုးနွယ်စုတစ်ခု၏ခေါင်းဆောင်အဖြစ် တည်ငြိမ်ခြင်းနှင့် ဉာဏ်ပညာ တို့ရှိသည်။
မူလက နှင်းဝံပုလွေဘုရင်ဖြစ်ခဲ့သော နှင်းဝံပုလွေဖခင်သည် လုချန်း မရှိသည့်အချိန်တွင် နှင်းဝံပုလွေမျိုးနွယ်ကို ကူညီစောင့်ရှောက်ပေးခဲ့သည်။
“ကျိုးအိင်၊ ကျိုးဝေ(မြေခွေးလေး)၊ မင်းတို့က နှင်းတောင်ပေါ်မှာ နေပြီး ဒီနေရာကို သေချာစောင့်ရှောက်ပါ”
“တမ်၊ ဟူနန် တောင်တန်းကို ငါနဲ့အတူလိုက်ခဲ့၊ ဒီသင်းခွေချပ်က သူ့ဂုဏ်သိက္ခာနဲ့ ထိုက်တန်ရဲ့လား ဆိုတာ ငါသိချင်တယ်”
လုချန်း အမြန်စီစဉ်ပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် ယခုတစ်ကြိမ်တွင် အမြီးကိုးချောင်းမြေခွေးက လုချန်း,၏ အစီအစဉ်ကို ကန့်ကွက်ခဲ့သည်။
“သခင်နောက်ကို လိုက်ပါရစေ၊ ငါ့ရဲ့ တိုက်ပွဲစွမ်းရည်က ဘယ်လိုမှ မထူးချွန်ဘူး”
“ငါ့ရဲ့ စွမ်းရည်က ရုပ်သေးရုပ်တွေကို ခြယ်လှယ်ဖို့ပဲ၊ ငါ့ရဲ့ ကိုယ်ပိုင်ခွန်အားကို အသုံးမချနိုင်သလို ဒီနှင်းတောင်ပေါ်မှာ ဆက်နေမယ်ဆိုရင် အကူအညီ သိပ်ပေးနိုင်မှာမဟုတ်ဘူး”
အမြီးကိုးချောင်းမြေခွေးက လုချန်း,ကို တိုးတိုးလေးပြောသည်။
“ပြီးတော့ သခင်၊ ငါ့မှာ ဝိညာဉ်ဆေးပင်တွေနဲ့ သစ်သီးတွေကို သိမ်းဆည်းထားနိုင်တဲ့ သိုလှောင်စရာနေရာတစ်ခုရှိတယ်ဆိုတာ မမေ့ပါနဲ့၊ ဒီတစ်ခါ ဟူနန် တောင်တန်းကိုသွားရင် ငါက သခင်အတွက် တကယ် အသုံးဝင်မှာပါ!”
အကျဉ်းချုံးစဉ်းစားပြီးနောက် လုချန်း,က ခေါင်းညိတ်ကာ “ကောင်းပြီ ဒါဆို ငါ့နောက်လိုက်ခဲ့”
အမြီးကိုးချောင်းမြေခွေး၏ နိုးထလာသော စွမ်းရည်သည် ဝိညာဉ်များကို ချုပ်နှောင်နိုင်ပြီး ၎င်းသည် အခြားသော သားရဲများ၏ ဝိညာဉ်များကို ထိန်းချုပ်ကာ ထိုသားရဲများကို သူ၏ ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲနိုင်သည်။
ဤနှင်းတောင်ပေါ်ရှိ အင်အားအကြီးဆုံးမျိုးနွယ်နှစ်ခုမှာ နှင်းဝံပုလွေမျိုးနွယ် နှင့် မျောက်ဝံမျိုးနွယ် ဖြစ်ပြီး သူတို့အားလုံးက လုချန်း ၏လက်အောက်ငယ်သားများဖြစ်သည်။
ယင်းကြောင့် အမြီးကိုးချောင်းမြေခွေး၏ စွမ်းရည်သည် ဤနှင်းတောင်တွင် လုံးဝ အသုံးမဝင်တော့ပေ။
ဤထူးခြားသောသိုလှောင်နေရာက အနည်းငယ်အသုံးဝင်သေးသည်။
လုချန်း,က ခေါင်းညိတ်ပြသည်ကိုမြင်ပြီးနောက် အမြီးကိုးချောင်းမြေခွေး အလွန်ပျော်သွားသည်။
ကျိုးအိင် ကိုတော့ လုချန်း,က နှင်းတောင်ပေါ်တွင် ရှိနေစေခဲ့သည်။
ယခု ကျိုးအိင်,သည် နိုးထခြင်း အဆင့် (၆) သို့ ရောက်ရှိနေပြီး အလွန်အစွမ်းထက်သည်။
အရေးကြီးဆုံးအချက်မှာ လင်းယုန်ငှက်က ပျံသန်းနိုင်သော သားရဲဖြစ်သည်။
ပျံသန်းနိုင်သော သားရဲမရှိသည့် ဤနှင်းတောင်တွင် လင်းယုန်ငှက်က အလွန်အရေးပါသည်။
နှင်းတောင်မှ ဟူနန် တောင်တန်းသို့ အကွာအဝေးက ကျန်းနန် သို့ တိုက်ရိုက်သွားခြင်းထက် ပိုတိုသည်။
လမ်းတစ်လျှောက်တွင် လုချန်း,သည် ကိုယ်ပျောက်စွမ်းရည်နှင့် ကောင်းကင်လျှောက်လှမ်းခြင်းစွမ်းရည်တို့ကို အသုံးပြုကာ ကောင်းကင်ယံ၌ ပျံသန်းနေသည်။
အမြီးကိုးချောင်းမြေခွေးသည် တမ်၏ဦးခေါင်းပေါ်ကို တက်စီးပြီး ရေထဲမှတစ်ဆင့် ခရီးဆက်သည်။
အမြီးကိုးချောင်းမြေခွေးသည် ရုပ်ဆိုးသောတမ်နှင့် အတူမသွားချင်ခဲ့ပေ၊ လုချန်း,၏နောက်ကိုသာလိုက်၍ ခရီးဆက်ချင်ခဲ့သည်။
သို့ပေမယ့် နည်းလမ်းမရှိခဲ့ပေ၊ လုချန်း,၏ လက်ရှိ ကိုယ်ပျောက်စွမ်းရည်သည် သူ့ကိုယ်သူ မမြင်နိုင်စေရန်သာ စွမ်းဆောင်နိုင်ပြီး အမြီးကိုးချောင်းမြေခွေးကိုတော့ ကိုယ်ပျောက်နိုင်အောင် မလုပ်ပေးနိုင်ပေ။
မြေခွေးတစ်ကောင် လေထဲတွင် ပျံသန်းနေခြင်းက လူတိုင်းအာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်မည်မှာ သေချာသည်။
တစ်ရက်ကျော် ခရီးထွက်ပြီးနောက်၊ လုချန်း နှင့် သားရဲနှစ်ကောင်သည် ဟူနန် တောင်တန်း၏ အစွန်းသို့ ရောက်ရှိလာခဲ့သည်။
တောအုပ်ကြီးများနှင့် တောင်များတွင် စိမ့်ဝင်နေသည့် အဆိပ်ငွေ့များကို ကြည့်ရင်း လုချန်း,က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
“ဒီဟူနန်တောင်တန်းမှာ အဆိပ်ရှိတဲ့ သတ္တဝါတွေ အများကြီးရှိတယ်၊ ဒါပေမယ့် ငါ့မှာ ကုသနိုင်တဲ့ အစွမ်းရှိတယ်၊ ဒါကြောင့် ဒီအဆိပ်တွေက ငါကို မထိခိုက်သင့်ဘူး...”
အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် လုချန်း,သည် ဟူနန်တောင်တန်း၏ နက်ရှိုင်းသော နေရာထဲကိုဝင်ရောက်သွားသည်။
……………………
ရန် နိုင်ငံ၏ အင်ပါယာမြို့တော်တွင် အလွန်တင်းကျပ်သော ကာကွယ်ရေးနှင့် အလွန်မြင့်မားသော လျှို့ဝှက်ချက်များရှိသည့် သုတေသနဌာနကြီးတစ်ခုရှိသည်။
ဤသုတေသနဌာနသည် အလွန်ကြီးမားပြီး ၎င်း၏တည်ဆောက်မှုပုံစံက ရှေးဟောင်းခံတပ်တစ်ခုနှင့်ဆင်တူသည်။
ဤသုတေသနဌာနတွင် ကြီးမားထင်ရှားသော အခန်းများစွာရှိသည်ကို သင်တွေ့မြင်နိုင်သည်။
အခန်းအများစုမှာ ရက်စက်ကြမ်းကြုတ်သော သားရဲများကို ထည့်ထားကြသည်။
သားရဲ အများအပြားကို ခွဲခြမ်းစိပ်ဖြာပြီး စမ်းသပ်မှုများ ပြုလုပ်ရန် အသုံးပြုသည်။
ဤသုတေသနဌာနတွင် ဓာတုဗေဒပစ္စည်းများ၊ အဆင့်မြင့် သိပ္ပံနည်းကျ သုတေသနကိရိယာများနှင့် စမ်းသပ်ပြွန်များစွာလည်း ရှိပါသည်။
စမ်းသပ်ကုတင်များအပေါ်တွင် လူရှစ်ဦး လဲလျောင်းနေပါသည်။
သုတေသီများသည် ဓာတုဒြပ်စင်များကို ကိုင်ဆောင်ကာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။
“အားး!!!” “အားး!!!” “အားး!!!”
ဤဓာတုဒြပ်စင်များသည် လူ့ခန္ဓာကိုယ်အတွင်း ပြင်းထန်သောတုံ့ပြန်မှုများကို ဖြစ်ပေါ်စေသည်ဟု ထင်ရသည်။
ရုတ်တရက်ဆိုသလိုပင် လူရှစ်ဦး၏ ခန္ဓာကိုယ်များသည် ပြင်းထန်စွာ လှုပ်ခါလာကာ သူတို့၏မျက်နှာများက အလွန်ကြောက်စရာကောင်းပြီး နာကျင်စွာအော်ဟစ်နေကြသည်။ ထို့နောက် လူရှစ်ဦးစလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြသည်။
ခဏအကြာတွင် သူတို့ထဲမှ တစ်ယောက်က အရင်နိုးလာပြီး သူ့ကိုယ်ပေါ်တွင် ပြင်းထန်သော မီးတောက်တစ်ခု ချက်ချင်း ထွက်ပေါ်လာတယ်။
တစ်ချိန်တည်းမှာပင် အခြားသူတစ်ဦး၏အရေပြားသည် ကျောက်တုံးအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားကို ရရှိသွားသည်။
“ဟားဟားဟား၊ ငါတို့ အောင်မြင်ခဲ့ပြီ!”
“ဒီကြိုးစားမှုတွေအားလုံးက နောက်ဆုံးတော့ အရာထင်ခဲ့ပြီ”
ဤလူများ၏ အပြောင်းအလဲများကို မြင်တွေ့ပြီးနောက် သုတေသီများက စိတ်လှုပ်ရှားစွာ ရယ်မောနေကြသည်။
“မှတ်တမ်းအရ၊ ဒီမျိုးရိုးဗီဇပြုပြင်ရေးစမ်းသပ်မှုမှာ လူသုံးဦးက သာမန်ပဲ၊ လေးဦးက မျိုးရိုးဗီဇဆေးထိုးသွင်းပြီးတော့ ပင်ကိုယ်စွမ်းရည်တွေကို နိုးထခဲ့တယ်၊ တစ်ယောက်က အိပ်ပျော်သွားခဲ့ပါတယ်”
“လူလေးယောက်မှာ အထူးစွမ်းရည်တွေ ပိုင်ဆိုင်ထားပြီး၊ မျိုးရိုးဗီဇဆေး ထိုးသွင်းပြီးရင် သူတို့ နောက်ထပ် စွမ်းရည်တစ်ခုကို ထပ်ရလာနိုင်ပါတယ်”
အစီရင်ခံစာကို အလျင်အမြန်တင်သွင်းခဲ့သည်။
၎င်းက ရန်နိုင်ငံအတွက် အလွန်သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခုဖြစ်သည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာသည်နှင့်အမျှ၊ ကမ္ဘာကြီးသည် ပိုမိုမြန်ဆန်စွာ ပြောင်းလဲနေပြီး ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ဆင့်ကဲဖြစ်စဉ်က ပို၍ပို၍ ကြောက်စရာကောင်းလာသည်။
အနာဂတ်ကမ္ဘာကြီးကို အထူးစွမ်းရည်ရှိသူများက လွှမ်းမိုးထားနိုင်ဖွယ်ရှိကြောင်း ရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင်ကြီးများက သဘောပေါက်ခဲ့ကြသည်။
သူတို့သည် အထူးစွမ်းရည်ရှိသော စစ်သည်တော် အမြောက်အမြားကို မွေးထုတ်ပေးနိုင်လျှင် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ဖျက်ဆီးခြင်းကိုခံရသည့်နေ့ရက်များက မကြာမီကုန်ဆုံးတော့မည်ဖြစ်ပြီး၊ လူသားများသည် အစာကွင်းဆက်၏ထိပ်ဆုံးသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။
သို့သော် ငရဲတံခါးကိုဖွင့်လိုက်သည်နှင့်ပြန်ပိတ်ရန်ခက်ခဲသည်။
ယခုအချိန်တွင်၊ စွမ်းရည်အတုများအတွက် ဓာတုဒြပ်စင်များကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။
သုတေသီများပြုလုပ်လိုသော နောက်ထပ်အောင်မြင်မှုမှာ လူသားများအား တတိယစွမ်းရည်ကို ရရှိစေရန်နှင့် ဒုတိယမျိုးရိုးဗီဇကို ပြုပြင်မွမ်းမံရန် ဖြစ်နိုင်ချေရှိမရှိကိုပင် ဖြစ်သည်။
အကယ်၍ ဤစမ်းသပ်မှုကသာ ထပ်မံအောင်မြင်ပါက၊ လူသားတို့၏စွမ်းအားက ပိုမိုတိုးတက်လာမည် ဖြစ်သည်။
“သေသေချာချာ လေ့လာပြီး စမ်းသပ်မှု အတွက် ခန္ဓာကိုယ်ကို စစ်ဆေးပါ၊ ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ မရှိရင် မျိုးဗီဇဆေး ထုတ်လုပ်မှုကို အရှိန်မြှင့်ပါ”
……………………
လုချန်း,သည် ဟူနန်တောင်တန်း၏အစွန်းသို့ရောက်ပြီးနောက် ဟူနန်တောင်တန်း၏အနက်ကိုရောက်ရန်နောက်ထပ်နှစ်နာရီကြာခရီးနှင်ခဲ့သည်။
လမ်းတစ်လျှောက်တွင် အဆိပ်ပြင်းသော အင်းဆက်အများအပြားကို တွေ့ရှိခဲ့သည်။
သွေးမိုးကိုခံယူပြီးနောက်၊ အဆိပ်ရှိသော အင်းဆက်များက ယခုအခါတွင် ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။
ယခုဆိုလျှင် လူဦးရေကျဲပါးသော ဤဧရိယာသည် အမှန်တကယ် လူသူမဲ့ဖြစ်သွားပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် အဆိပ်ရှိသော အင်းဆက်ပိုးမွှားများ ပေါများလာပြီး၊ သွေးမိုးရွာပြီးနောက် ဆင်ခြေဖုံးရပ်ကွက်များတွင် သားရဲများက အလွန်များပြားလာသည်။
လူသားအားလုံးသည် မြင့်မားသောမြို့ရိုးအတွင်း၌ နေထိုင်ကြပြီး အလွယ်တကူ အပြင်မထွက်ရဲကြပေ။
“ခဏနားပြီး တစ်ခုခုစားကြမယ်”
လုချန်း,က တမ် နှင့် မြေခွေးကို ပြောလိုက်သည်။ သူတို့သည် ခရီးရှည်ကြီးကို လျှောက်လာခဲ့ကြသောကြောင့် အနားယူပြီး ခွန်အားများ ပြန်လည်ဖြည့်တင်းရန် အချိန်တန်ပြီ ဖြစ်သည်။
ထို့နောက် လုချန်း,သည် အနီးနားတွင် သားရဲများကို စတင်ရှာဖွေသည်။
လုချန်း နှင့် သားရဲနှစ်ကောင်၏ စွမ်းအားက အလွန်ပြင်းထန်သည်။ တိုက်ခိုက်ရေး စွမ်းအားတွင် အားနည်းသော အမြီးကိုးချောင်းမြေခွေးပင်လျှင် နိုးထခြင်းအဆင့် (၇) သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။
ဤသာမန် သားရဲများက သူတို့နှင့် လုံးဝ မယှဉ်နိုင်ပေ။
သားကောင်များကို ဖမ်းပြီးနောက် သူတို့က ဤနေရာမှာပင် ပွဲတည်လိုက်ကြသည်။
အမှန်မှာ၊ ပတ်ဝန်းကျင်တွင် လူသားများ မရှိပေ၊ ထို့ကြောင့် အမြောက်နှင့် ဒုံးကျည်များဖြင့် ပစ်ခတ်ခံရမည်ကို စိုးရိမ်နေစရာ မလိုပေ။
လုချန်း နှင့် တမ် တို့က မြိန်ရေရှက်ရေ စားသောက်နေကြသည်။ အမြီးကိုးချောင်းမြေခွေးသည် အသားစိမ်းများကို မကြိုက်သောကြောင့် အနည်းငယ်သာစားသည်။
သို့သော် သူမဤနေရာသို့ရောက်လာပြီးနောက်တွင် သူမသည် အဆိပ်ရှိသော အင်းဆက်အချို့ကို ထိန်းချုပ်ရန်အတွက် ဝိညာဉ်ချုပ်နှောင်ခြင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။
နောက်ဆုံးတွင်၊ အမြီးကိုးချောင်းမြေခွေး၏ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းက အလွန်အားနည်းသောကြောင့် တိုက်ခိုက်ရန် ရုပ်သေးများကိုသာ အဓိကအားကိုးရသည်။
“မင်းတို့က ငါ့နယ်မြေကို လာပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူဝံ့တယ်?!!”
လုချန်း,တို့သည် ဤနေရာတွင် ဆယ်မိနစ်ကျော်ကြာ စားသောက်ပြီးနောက် တောနက်ထဲမှ ကြီးကျယ်ခမ်းနားသော အသံတစ်ခု ထွက်ပေါ်လာသည်။
သို့သော် လုချန်း,က ၎င်းကို လုံးဝ ဂရုမစိုက်ပေ၊ ခေါင်းတောင်မထောင်ဘဲ ဆက်လက်စားသောင်နေဆဲ ဖြစ်သည်။
များမကြာမီ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ မြေပြင်က ပြင်းထန်စွာလှုပ်ခါလာသည်။
ဤအချိန်တွင် ဧရာမသားရဲကြီး နှစ် ကောင်က သူတို့ အနီးသို့ ရောက်ရှိလာသည်။
သားရဲကြီးများကို ဦးဆောင်လာသူမှာ တန်ခိုးကြီးသော သားရဲဘုရင် သင်းခွေချပ် မာဏာရှင် မှလွဲ၍ အခြားမဟုတ်ပေ။
တစ်ချိန်တည်းမှာပင်၊ မီတာရာနှင့်ချီရှည်လျားသော ဧရာမကင်းခြေများ နှင့် ပျံသန်းနေသော အင်းဆက်အချို့လည်း ရှိနေသည်။
၎င်းက ပျံသန်းနေသော အင်းဆက်မျှသာဖြစ်သော်လည်း ၎င်း၏အရွယ်အစားက နှစ်မီတာအထိ ကြီးထွားနေသည်။
ယခုမူ သင်းခွေချပ်နီသည် မျက်လုံးတစ်ဖက် အာဏာရှင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
“မင်းလား?!”
လုချန်း,ကို မြင်သည့်အခိုက်တွင် အာဏာရှင်,က နားလည်သွားသည်။
သူ့ရှေ့မှ နှင်းဝံပုလွေသည် တီယန်ယွမ် သစ်သီးကို လုယူသွားသော ဝူဗာလင် မဟုတ်ဘဲ၊ လူသားများပြောနေကြသည့် အလွန်အစွမ်းထက်လှပြီး ပျံသန်းနိုင်သော နှင်းဝံပုလွေ ဖြစ်သည်။
“မင်းက အဲ့ဒီ ဝူဗာလင် နဲ့ ဆွေမျိုးတော်စပ်လား”
လုချန်း,ထံမှ အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားလိုက်ရပြီး နက်နဲသော အသံဖြင့် မေးလိုက်သည်။
“မင်း ဘာကိုဆိုလိုတာလဲ?”
လုချန်း,၏ အသံက သူ့မျက်လုံးများကဲ့သို့ အေးစက်နေသည်။
“မင်းတို့နှစ်ယောက်က တစ်ပုံစံတည်းနီးပါးတူတယ်၊ လူသားတွေတောင်မှ မင်းတို့နှစ်ကောင်ကို ခွဲခြားလို့မရဘူး၊ မင်းတို့က တစ်မိသားစုထဲကပဲ ဖြစ်ရမယ်”
“ငါ့ကိုပြော၊ မင်းငါ့ရဲ့ နယ်မြေထဲကို လာပြီး ဘာလုပ်ချင်တာလဲ”
သူပြောလိုက်သည်နှင့်တပြိုင်နက် သူ့၏ ပြင်းထန်သော သားရဲဘုရင်ဖိအားက ထွက်ပေါ်လာသည်။
“ဘာရယ်မှမဟုတ်ဘူး၊ ငါမင်းကိုစားဖို့ဒီကိုလာခဲ့တာ”
လုချန်း,က ပေါ့ပေါ့တန်တန်ပြောလိုက်ပြီး သူ့လေသံက အလွန်သက်တောင့်သက်သာရှိနေသည်။
“ဟားဟားဟား၊ ငါ့ကိုစားချင်တယ်ဟုတ်လား၊ မင်းက တော်တော်သတ္တိရှိတာပဲ!!”
အာဏာရှင်,က ဟိန်းဟောက်လိုက်ပြီး သူ့မျက်လုံးတစ်ဖက်ထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာသည်။
ဧရာမသားရဲကြီးနှစ်ကောင်က အချင်းချင်း စိုက်ကြည့်နေကြသည်။
နောက်အခိုက်အတန့်တွင် တောင်များနှင့် သစ်တောများက ချက်ချင်းပင် တုန်ခါလာပြီး မြေကြီးတွင် တခဏချင်းပင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
တောင်များကဲ့သို့ ကြီးမားသော သားရဲကြီးနှစ်ကောင်က ချက်ချင်းပင် ထိပ်တိုက်ရင်ဆိုင်လိုက်ကြသည်။