သုံးချောင်းထောက်ကြေးဝါအိုး
Vol. 7 Ch. 103
တိုင်ရှန်တောင်သည် ရန်နိုင်ငံရှိ လူတိုင်းအတွက် ထူးခြားပြီး အရေးပါသော တောင်ဖြစ်သည်။
ရှေးခေတ်ကတည်းက ရန်နိုင်ငံ၏ သမိုင်းနှင့် ယဉ်ကျေးမှုများအရ ဤနေရာက ရှေးဧကရာဇ်များ ဖုန်းရှန်ပူဇော်မှုပြုခဲ့သည့် နေရာဖြစ်သည်။
ထိုဧကရာဇ်များသည် သူတို့၏ ရိုးဖြောင့်သော နန်းစံမင်းနည်းလမ်းကို ဖော်ပြရန်အတွက် မိုးမြေကိုပူဇော်ပသရန် တိုင်ရှန်တောင်သို့ လာရောက်ကြသည်။
တောင်ကြီးတစ်ခုမျှသာဖြစ်သော်လည်း၊ မရေမတွက်နိုင်သော ဒဏ္ဍာရီများ၊ သမိုင်းဝင်ကောလဟာလများက ဤတောင်ကို အလွန်တရာမှ လျှို့ဝှက်ဆန်းကြယ်စေသည်။
ယခုခေတ်တွင်ပင် ရန်နိုင်ငံရှိ လူအများက တိုင်ရှန်တောင်ကို အလွန်ကြည်ညိုကြသည်။
တိုင်ရှန် တောင်သည် အလွန်ကြီးကျယ်ခမ်းနားပြီး ရှုခင်းများက အေးချမ်းသောခံစားချက်ကို ရရှိစေသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်မရှင်သန်သေးမီက ၎င်းသည် ခရီးသွားများကို ဆွဲဆောင်သော နေရာတစ်ခုဖြစ်သည်။
ခရီးသွားရာသီဖြစ်စေ၊ အားလပ်ရက်များပင်ဖြစ်စေ တောင်ပေါ်နှင့် တောင်အောက်တွင် လူများဖြင့် အမြဲလိုလို စည်ကားလျက်ရှိသည်။
နေ့အချိန်တွင်ဖြစ်စေ၊ ညအချိန်တွင်ဖြစ်စေ မရေမတွက်နိုင်သော တောင်တက်ဝါသနာရှင်များက ဤနေရာသို့လာရောက်သည်ကို တွေ့မြင်နိုင်သည်။
သို့သော်၊ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာသည်နှင့်အမျှ၊ ကမ္ဘာပေါ်တွင် ထူးဆန်းသောပြောင်းလဲမှုအမျိုးမျိုးဖြစ်ပွားခဲ့သည်။
ယခုအချိန်၊ တိုင်ရှန်တောင်ပတ်လည်တွင် လူသူမရှိပေ။
တိုင်ရှန်တောင်သာမက အခြားနာမည်ကြီး တောင်များ၊ မြစ်ချောင်းများနှင့် ရန်နိုင်ငံရှိ ခရီးသွားနေရာများအားလုံးက ယခုအခါတွင် လူသူကင်းမဲ့နေပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာများသည် ဝိညာဉ်စွမ်းအားများ ပြန်လည်ရှင်သန်လာပြီးနောက် ရက်စက်ကြမ်းကြုတ်သော သားရဲများ ကျင်လည်ကျက်စားကြပြီး အစွမ်းထက်သော သားရဲဘုရင်များ မွေးဖွားရာနေရာ ဖြစ်လေ့ရှိသောကြောင့် ဖြစ်သည်။
လူသားအများစုသည် တံတိုင်းကြီးများဖြင့် ကာကွယ်ထားသော မြို့ကြီးများတွင်သာ နေထိုင်နိုင်သည်။
မြင့်မားပြီး ထူထပ်သော မြို့ရိုးများကသာ သူတို့ကို အနည်းငယ် လုံခြုံသည်ဟူသော ခံစားချက်ကိုပေးစွမ်းနိုင်သည်။
ထိုအချိန်၊ တိုင်ရှန် တောင်၏အစွန်းတွင် ယိုချင်းယန် ပေါ်လာသည်။
“အစ်ကို ဒီတခေါက် ငါတိုင်ရှန်တောင်ကို လာမယ်ဆိုတဲ့သတင်းရနိုင်တယ်မလား..”
ယိုချင်းယန်,သည် အဝေးကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
အစ်ကိုက သူမနောက်ကို တလမ်းလုံးလိုက်နေသည်ကို ယခုမှသိခဲ့ရသည်။
ယိုချင်းယန်,သည် ကိုယ်ပျောက်နိုင်သော ပုတီးစေ့ကို ရရှိပြီးနောက်၊ သူမသည် အမျိုးမျိုးသော ထောက်လှမ်းမှုများကို ရှောင်ရှားနိုင်ခဲ့သည်။
ဤတစ်ကြိမ်တွင် သူမသည် သူမကိုယ်သူမ လူမြင်အောင်ဖော်ထုတ်ရန် လုပ်ဆောင်ရသည့် အကြောင်းရင်းမှာ လုချန်း,ကို သူမ လက်ရှိနေသည့်နေရာအား သိစေချင်၍ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယိုချင်းယန် သည် သူ့အစ်ကို၏ ဉာဏ်ရည်က သာမန် ရက်စက်သော သားရဲများထက် သာလွန်ကြောင်းကို ခံစားမိသောကြောင့်ဖြစ်သည်။
သူမအစ်ကိုက သူမ၏သဲလွန်စနောက်ကို အမြဲလိုက်နိုင်နေပြီး သင်းခွေချပ် အာဏာရှင်ကိုပင် တိုက်ရိုက်သတ်နိုင်သည်။
သို့ပေမယ့် ယိုချင်းယန်,သည် သူ့အစ်ကိုက ဤအချက်အလက်များကို မည်ကဲ့သို့ရရှိခဲ့မှန်း မသိပေ။
မူလက ယိုချင်းယန်,သည် သူမအစ်ကိုနှင့် မပတ်သက်ချင်ခဲ့ပေ။
သို့ပေမယ့် ဤအချိန်အတောအတွင်းတွင် သူမအစ်ကို၏ စွမ်းအားက ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ ထိပ်တန်းအဆင့်သို့ ရောက်ရှိသွားပုံရသည်ကို သူမတွေ့ရှိခဲ့သည်။
နောက်ဆုံးတွင် ဤဒီအာဏာရှင်က သူမအစ်ကိုလက်ထဲတွင် သေဆုံးသွားခဲ့သည်။
ဗီဒီယိုကိုကြည့်ပြီးနောက်၊ သူမအစ်ကိုက အာဏာရှင်ကိုသတ်ရန် အများကြီးကြိုးစားပုံမပေါ်ပေ။
ယိုချင်းယန်,သည် သူမ၏ယခင်ဘဝမှတ်ဉာဏ်ဖြင့် ယခုတစ်ကြိမ်တွင် တိုင်ရှန်တောင်သို့ ရောက်လာခဲ့သည်။
များမကြာမီတွင် ရှေးဟောင်းပစ္စည်းတစ်ခုက တိုင်ရှန်တောင်သို့ ရောက်ရှိလာတော့မည်ဖြစ်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းပစ္စည်းက ကိုင်ဆောင်သူကို စွမ်းအားများစွာမြှင့်တင်ပေးနိုင်သည်။
သို့သော် ဤတောင်တွင် တန်ခိုးကြီးသော သားရဲဘုရင်နှစ်ပါးရှိသည်။
ယိုချင်းယန်,၏ လက်ရှိ ခွန်အားဖြင့် သူတို့ထံမှ လုယူနိုင်မည်ကို သူမ မသေချာပေ။
ယိုချင်းယန် တွေးနေစဉ်မှာပင် တိုင်ရှန် တောင်ထိပ်တွင် အလင်းတန်းများ ပေါ်လာသည်ကို သူမ,တွေ့လိုက်ရသည်။
“ကြည့်၊ တိုင်ရှန်တောင်မှာ ဘာတွေဖြစ်နေတာလဲ၊ လှလိုက်တဲ့မြင်ကွင်းပဲ!”
“ဒါက ဘာလဲ၊ ထူးဆန်းတဲ့ ရတနာတစ်ခု ပေါ်လာတယ်လို့ ငါဘာလို့ ခံစားနေရတာလဲ”
တိုင်ရှန်တောင်နှင့် မနီးမဝေးမှ လူများသည်လည်း တောင်ထိပ်တွင် ထူးဆန်းသော အရာတစ်ခုကို တွေ့ရှိခဲ့သည်။
လူတော်တော်များများက ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်တွင် တင်ကြသည်။
ဤကိစ္စကို ဒေါင်ရှန်း ခရိုင်ရှိ မဟာမိတ်အဖွဲ့ခွဲခေါင်းဆောင်မှ ဌာနချုပ်သို့ ချက်ချင်း သတင်းပေးပို့ခဲ့သည်။
“ဒီကိစ္စကို မင်းရဲ့ ဒေါင်ရှန်း ခရိုင် မဟာမိတ်အဖွဲ့မှာ ထားလိုက်မယ်၊ အရင်စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို ပို့ပြီး တစ်ခုခုတွေ့ရင် ပြန်အကြောင်းကြားပါ”
ထို့နောက် ဂျီကျဲန်ရှန်း,က သူ့သမီးကို တိုင်ရှန်တောင်သို့ စေလွှတ်လိုက်သည်။
…………………
စီချွမ်မြို့။
သိပ်မကြာခင်တွင် ကျန်းဟောင်,သည်လည်း တိုင်ရှန် တောင်၏ ထူးဆန်းသောသတင်းကို သိလိုက်ရသည်။
ဤအဖြစ်အပျက်ကို လူအများကမြင်ပြီး အင်တာနက်တွင် တင်ထားတာကြောင့် ပြန့်နှံ့နေပြီဖြစ်သည်။
ထို့ကြောင့် ကျန်းဟောင်,သည် သတင်းရရှိပြီးနောက် လုချန်း,ကို ချက်ချင်းအကြောင်းကြားခဲ့သည်။
အချိန်အတော်ကြာပြီးနောက်၊ ကျန်းဟောင်,သည် ယခင်ကကဲ့သို့ လုချန်း,ကို ကြောက်လန့်ခြင်းမရှိတော့ပေ။
“သားရဲဘုရင်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ငါ့ရဲ့သခင်လက်ထဲမှာပဲ သေရလိမ့်မယ်”
ယခု ကျန်းဟောင်,သည် သူ၏နှလုံးသားထဲတွင် နှင်းဝံပုလွေဘုရင်က အမြင့်ဆုံးနေရာကို ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် သူသည် လျှို့ဝှက်ချက်များစွာကို ပေါက်ကြားစေခဲ့ပြီဖြစ်သည်။ တစ်နေ့ အမှန်တရား ထွက်ပေါ်လာလျှင် လူသားများက သူ့ကို သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။
ဤအစွမ်းထက်သော သားရဲဘုရင်ကို စိတ်နှလုံးအကြွင်းမဲ့ လိုက်နာခြင်းကသာ ပိုကောင်းပေလိမ့်မည်။ အနာဂတ်တွင် သူသည် ထိပ်တန်းစွမ်းရည်ရှိသူ ဖြစ်လာနိုင်သည်။
ထို့ကြောင့် ယခု ကျန်းဟောင်,သည် လုချန်း ကို ကူညီရာတွင် အတော်လေး တက်ကြွနေသည်။
“တိုင်ရှန်တောင်ထိပ်မှာ ထူးဆန်းတဲ့ အလင်းရောင်တစ်ခုပေါ်လာတယ်?”
“ရှောင်ပိုင် လဲရှိနေတယ်၊ ဒီကောင်မလေးက အနာဂတ်ကို တကယ်ပဲ ခန့်မှန်းနိုင်ပါ့မလား”
မူလက လုချန်း,သည် တိုင်ရှန်တောင်သို့ သွားချင်ခဲ့သည်။ ကျန်းဟောင် မှပေးပို့သောအချက်အလက်များကိုလက်ခံရရှိပြီးနောက်တွင် သူ၏စိတ်ပိုင်းဖြတ်မှုက ပိုခိုင်မာလာခဲ့သည်။
ယခု တိုင်ရှန်တောင်၏ ထူးဆန်းသော ဖြစ်စဉ်ကို လူတော်တော်များများ သိလာကြသည်။
ရှောင်ပိုင်,သည်လည်း ထိုတောင်တွင်ရှိနေခဲ့ပြီး သူမ အန္တရာယ် ကျရောက်နိုင်သော်လည်း သူထိုတောင်ကိုသွားခဲ့ရင် သူမကို ကူညီနိုင်မည်ဖြစ်သည်။ သို့ပေမယ့် ယခုတစ်ကြိမ်တွင် လုချန်း,က တစ်ယောက်တည်း သွားရန် ရွေးချယ်ခဲ့သည်။
အကြောင်းမှာ ယခု တမ်,သည် အမြီးကိုးချောင်းမြေခွေးနှင့် အခြားသားရဲများ ၏ အမြန်နှုန်းကို လိုက်မမီနိုင်တော့ဘဲ ပစ်မှတ်အဖြစ် ဖော်ထုတ်ခံရမည့် အလားအလာ မြင့်မားနေသောကြောင့် ဖြစ်သည်။
“တိုင်ရှန်တောင်က ရန်နိုင်ငံမှာ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုပဲ၊ အခု ဒီလိုထူးဆန်းတဲ့ ဖြစ်စဉ်တစ်ခု ပေါ်လာတာဆိုတော့ ရတနာပေါ်လာဖို့ အလားအလာ အရမ်းများတယ်”
“ငါတို့ ဆာကူရာကျွန်းအတွက် တိုင်ရှန် တောင်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်”
ထိုအချိန်တွင် အနက်ရောင် ၀တ်စုံဖြင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားတစ်စုသည် ဒေါင်ရှန်းခရိုင် ကမ်းရိုးတန်းဒေသတွင် ပေါ်လာသည်။
ဤလူများသည် အလွန်ထူးဆန်းသော လေယူလေသိမ်းများ ရှိပြီး အရပ်အမောင်း တိုတို၊ တြိဂံပြောင်းပြန် မျက်လုံးများနှင့် မေးစေ့ချွန်များရှိသည်။
ဤလူတစ်စုက ဒါယန်းနိုင်ငံ အရှေ့ဘက်ခြမ်းရှိ ဆာကူရာကျွန်းမှ နင်ဂျာများ ဖြစ်သည်။
တိုင်ရှန် တောင်တွင် ကောင်းကင်နှင့် မြေကြီး၏ ထူးဆန်းသော ဖြစ်စဉ်များကို လေ့လာပြီးနောက် ဤနင်ဂျာများက တိုင်ရှန်တောင်ကို သွားဖို့ ဆုံးဖြတ်ခဲ့သည်။
ဤလူတစ်စုတွင် ထူးဆန်းသော စွမ်းရည်များရှိပြီး လမ်းတလျှောက် ကင်းထောက်များကို လိမ္မာပါးနပ်စွာ ရှောင်ကြသည်။
သူတို့,က တိုင်ရှန်တောင်သို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။
“အားးဝူးး!”
သို့ပေမယ့် ဤဆာကူရာကျွန်းမှ နင်ဂျာများက အဝေးသို့မသွားရသေးခင်တွင် ငွေဖြူဝံပုလွေကြီးတစ်ကောင်က သူတို့ရှေ့တွင် ပေါ်လာသည်။
ပြင်းထန်သောဖိအားက နင်ဂျာများကို အံ့အားသင့်စေခဲ့သည်။
ယခုအချိန်တွင် ပေါ်လာသော ဧရာမ ငွေရောင်ဝံပုလွေသည် ဤနေရာတွင် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့သော ယိုချင်းယန် မှလွဲ၍ အခြားမဟုတ်ပေ။
သူမသည် အတိတ်ဘဝကမှတ်ဉာဏ်များကိုပိုင်ဆိုင်ထားပြီး ဆာကူရာကျွန်းမှဤလူများက ဖရိုဖရဲဖြစ်နေချိန်တွင် အခွင့်ကောင်းယူမည်ဖြစ်ကြောင်း သူမ,သိထားခဲ့သည်။
ဤလူများက ရန်နိုင်ငံ၏ ရှေးဟောင်းအထွတ်အမြတ်ထားရာရတနာကို ခိုးယူရန် ဆာကူရာ ကျွန်းမှ သနားစရာကောင်းသော နင်ဂျာအုပ်စုတစ်စုဖြစ်သည်။
ဤအဖြစ်အပျက်က ရန်နိုင်ငံက လူတိုင်းကို ဒေါသထွက်စေခဲ့သည်။
ထို့ကြောင့် ယခုအချိန်တွင် ယိုချင်းယန် က ဤနင်ဂျာများရောက်လာမည့်အချိန်ကို ကြိုစောင့်နေခဲ့သည်။
ယိုချင်းယန်,သည် ဤဘဝတွင် နှင်းဝံပုလွေအဖြစ်သို့ ပြောင်းလဲသွားသော်လည်း၊ သူမသည် ဤအရာများကို ဖြစ်ပျက်ခွင့်မပြုနိုင်ပေ။
“သတိထားကြ!”
“ဒီဝံပုလွေကို မြန်မြန်ဖယ်ရှားလိုက် အသံအရမ်းမထွက်စေနဲ့၊ ငါတို့ကို ရန်နိုင်ငံရဲ့ စွမ်းရည်ရှိသူတွေက သတိထားမိသွားလိမ့်မယ်”
ယိုချင်းယန်,က လမ်းကို ပိတ်ဆို့နေသည်ကိုမြင်ပြီး နင်ဂျာအဖွဲ့ထဲမှ ကပ္ပတိန်ဖြစ်ဟန်တူသော လူတစ်ယောက်က ချက်ချင်း အော်ပြောလိုက်သည်။
ထို့နောက် သူ့လက်ကို ဝှေ့ယမ်းကာ နင်ဂျာနှစ်ယောက်က ယိုချန်းယန်,ကို တိုက်ခိုက်လိုက်သည်။
လူတိုင်းလက်ထဲတွင် ဓားရှည် သို့မဟုတ် ရှူရီကန်များ ရှိကြပြီး တခဏချင်းပင် ဓားရောင်အလင်းတန်းများက လေထဲတွင် လင်းလက်သွားသည်။
သူတို့၏ လှုပ်ရှားမှုများက သရဲတစ္ဆေနှင့်တူသောကြောင့် သူတို့၏ရုပ်ပုံလွှာကို ဖမ်းယူရခက်စေသည်။
သို့သော် ယိုချင်းယန်,သည် ဤစက်ဆုပ်ဖွယ်ကောင်းသော ဆာကူရာ နင်ဂျာများကို အေးစက်စွာ ဟိန်းဟောက်လိုက်သည်။
ဗျကရား၏ စွမ်းအားများ ထွက်ပေါ်လာသောအခါတွင် တောက်ပသော ရွှေရောင်အလင်းတန်းများက သူ့တစ်ကိုယ်လုံးတွင် လင်းလက်သွားသည်။
ခန္ဓာကိုယ်မျက်နှာပြင်က အလွန်မာကျောလာသည်။ ထိုဝံပုလွေအမွေးအနည်းငယ်ကိုပင် စိန်ဖြင့်ပြုလုပ်ထားပုံရသည်။
ယိုချင်းယန်,သည် ယခုအခါတွင် အလွန်အစွမ်းထက်သော သားရဲဘုရင်အစစ်ဖြစ်သည်။
နိုးထခြင်းအစောပိုင်းအဆင့်တွင်သာရှိသော ဤနင်ဂျာများသည် သူ့ကိုလုံးဝမထိခိုက်နိုင်ပေ။
ယိုချင်းယန်,သည် ထိုနေရာတွင်ပင် မလှုပ်မယှက် ရပ်နေကာ နင်ဂျာများကို တိုက်ခိုက်ရန် ခွင့်ပြုထားသည်။
သို့ပေမယ့် ထိုနင်ဂျာများက လျှို့ဝှက်လက်နက်များထုတ်သည်ဖြစ်စေ၊ ဓားနှင့်ခုတ်သည်ဖြစ်စေ ယိုချင်းယန်,ကို လုံးဝမထိခိုက်နိုင်ပေ။
ဤထူးဆန်းသောအခြေအနေကြောင့် နင်ဂျာများ အားလုံးကိုကြောက်လန့်သွားသည်။
သူတို့မျက်နှာများက ဖြူဖျော့နေပြီး မျက်လုံးများက ထိတ်လန့်တုန်လှုပ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
“ဒါမဖြစ်နိုင်ဘူး၊ ဒီကောင်က ဘယ်လိုဖြစ်ပြီး ဒီလောက်မာနေရတာလဲ!”
နင်ဂျာအဖွဲ့၏ ခေါင်းဆောင်က အလွန်ထိတ်လန့်သွားသဖြင့် သူ့ခြေထောက်များပင် အားနည်းသွားသည်။
သူ့လက်ထဲမှ ဓားရှည်ကြီးဖြင့်ခုတ်လိုက်သော်လည်း ယိုချင်းယန် ၏ ခန္ဓာကိုယ်ကို ထိသောအခါတွင် သူလက်များပင် ထုံကျင်သွားခဲ့သည်။
“ဆာကူရာကျွန်းက လူယုတ်မာတွေ မင်းတို့ ရန်နိုင်ငံကို ကျူးကျော်ဖို့ သတ္တိရှိနေတယ်ပေါ့၊ ဒီနေ့ မင်းတို့သေရမယ့်နေ့ပဲ!”
ယိုချင်းယန်,က ဟိန်းဟောက်ပြီး လူ့ဘာသာစကားဖြင့် ပြောလိုက်သောကြောင့် နင်ဂျာများကို ထိတ်လန့်စေခဲ့သည်။
သို့သော်လည်း ယိုချင်းယန်,၏ အရှိန်က သူတို့ထက် များစွာ မြန်သည်။
ချွန်ထက်သော ခြေသည်းများ ဝှေ့ယမ်းလိုက်သောအခါ နင်ဂျာများစွာ သေဆုံးသွားကြသည်။
တခဏအတွင်း လူနှစ်ဦးသာ ကျန်ခဲ့ပြီး သူတို့၏ မြေစွမ်းရည်ကိုအသက်သွင်းကာ ထွက်ပြေးသွားကြသည်။
သို့သော်လည်း ယိုချင်းယန်,က သူတို့ကို အမှတ်အသားပြုထားပြီးဖြစ်သောကြောင့် သူမအနီးတွင် ရှိနေသရွေ့ သူတို့ကို အာရုံခံနိုင်မည်ဖြစ်သည်။
……………………
သိပ်မကြာခင်မှာပဲ၊ ဒေါင်ရှန်း ခရိုင်၏ အထူးစွမ်းရည်အဖွဲ့က နောက်ဆုံးတွင် ဤနေရာကိုရောက်လာကြပြီး တောင်ပေါ်တက်ရန် ပြင်ဆင်နေကြသည်။
ကံမကောင်းစွာဖြင့် သူတို့ တောင်စောင်းကို ရောက်သောအခါ သန်မာသော သားရဲတစ်ကောင်နှင့် တွေ့ပြီး အရှက်တကွဲ ထွက်ပြေးခဲ့ရသည်။
နောက်ဆုံးတွင် သူတို့သည် လေယာဉ်ဖြင့် တောင်ပေါ်တက်ပြီး ဖြစ်စဉ်ကို ဓါတ်ပုံရိုက်ခဲ့သည်။
ဓာတ်ပုံထဲတွင် အလင်းတန်းများက ထောင်နှင့်ချီပြီး တောက်ပနေသော အရာသည် ရှေးဟောင်းပုံသဏ္ဍာန်ရှိသည့် သုံးချောင်းထောက်ကြေးဝါအိုးကြီး တစ်လုံးဖြစ်သည်။
ဤကြေးဝါအိုးက ရန်နိုင်ငံ၏သမိုင်းတွင် မှတ်တမ်းတင်ထားသည့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်သည်။
ဤတစ်ကြိမ်တွင် ထိုရှေးဟောင်းပစ္စည်းက ရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ၏ အာရုံကိုဆွဲဆောင်နိုင်ခဲ့သည်။
ယခင်က ပေါ်လာသည့်ရတနာများက ဝိညာဉ်သစ်သီးများနှင့် ဆေးပင်များဖြစ်ပြီး၊ ယခုတစ်ကြိမ်က လုံးဝကွဲပြားသွားပြီဖြစ်သည်။
အထူးစွမ်းရည်မဟာမိတ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်မိုးကြိုးနတ်ဘုရား ဂျီကျဲန်ရှန်း,သည် သေချာစဉ်းစားပြီးနောက် တိုင်ရှန်တောင်သို့ သူကိုယ်တိုင်သွားရန် ဆုံးဖြတ်ခဲ့သည်။