“ဒါက ဝူဗာလင် မဟုတ်ဘူးလား?!”
Vol. 7 Ch. 105
“ယာမာမိုတို-ခွန်! သားရဲဘုရင်နှစ်ကောင် အခု တိုက်ခိုက်နေကြပြီ၊ ငါတို့ လှုပ်ရှားဖို့ အချိန်ကောင်းပဲ”
ကျောက်တုံးကြီး၏ အောက်တွင် ဆာကူရာကျွန်းမှ နင်ဂျာနှစ်ယောက်က ရှေ့ရှိ တိုက်ပွဲကွင်းပြင်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။
“ဒါအမှန်ပဲ၊ ဒါပေမယ့် ငါနည်းနည်းတော့စိုးရိမ်နေသေးတယ်...”
“ဒီနေ့ ဝူဗာလင်,ကို နေ့ခင်းဘက်မှာ တွေ့ခဲ့တယ်၊သူကအရမ်း အစွမ်းထက်တယ်၊ အခု ဒီအကောင်ကြီး နှစ်ကောင်ထက်တောင် မနိမ့်ဘူးလို့ ခံစားရတယ်”
နင်ဂျာအဖွဲ့၏ခေါင်းဆောင် ယာမာမိုတို သည် ယခုအချိန်တွင် အလွန်ချီတုံချတုံဖြစ်နေသည်။
နေ့ခင်းဘက်တွင် ဧရာသားရဲကြီးများကို ရှင်းရှင်းလင်းလင်း မတွေ့ခဲ့ရပေ။
ရလဒ်အနေဖြင့် နောက်တစက္ကန့်တွင် ငွေရောင်ဝံပုလွေကြီးက သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။
ထို့အပြင်၊ အဆိုပါ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးက သူတို့၏ နင်ဂျာအဖွဲ့ကို တခဏချင်း ချေမှုန်းပစ်လိုက်သည်။
“ယာမာမိုတို-ခွန်! အခုအချိန်က လှုပ်ရှားရမယ့်အချိန်ပဲ၊ ဒါက အကောင်းဆုံးအချိန်ပဲ!”
“အခုတောင်ထိပ်ပေါ်မှာ ဧရာမသားရဲကြီးတွေအများကြီး စုဝေးနေကြပြီ၊ ဝံပုလွေကြီး သတိပြုမိရင်တောင် ငါတို့ကိုဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
“ရန်နိုင်ငံက ကြေးဝါအိုးကို ရအောင်ယူပြီး မြေစွမ်းရည်နဲ့ ထွက်ခွာလို့ရတယ်”
ယာမာမိုတို,က အလွန်ချီတုံချတုံ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် အခြားနင်ဂျာတစ်ဦးက သူ့ကို ဆွဲဆောင်လိုက်သည်။
ယာမာမိုတိုက မျက်မှောင်ကြုတ်ပြီး အံကြိတ်ကာ “လှုပ်ရှား!”
ထို့နောက် ၎င်းတို့နှစ်ဦးသည် မြေလွတ်မြောက်ရေးနည်းကို ထပ်မံအသုံးပြုကာ ကျောက်တုံးကြီးအောက်မှ ပျောက်ကွယ်သွားခဲ့သည်။
“ပြန်ပျောက်သွားပြန်ပြီ၊ ဆာကူရာကျွန်းရဲ့ ဒီကောင်နှစ်ကောင်က လှုပ်ရှားဖို့ အသင့်ဖြစ်နေပြီလား”
ကိုယ်ပျောက်နေသော ယိုချင်းယန်,သည် ဆာကူရာကျွန်းနင်ဂျာများကို အာရုံစိုက်နေခဲ့သည်။
လူနှစ်ယောက် ပျောက်သွားသည်ကိုမြင်ပြီး ယိုချင်းယန်,က ကြေးဝါအိုးကို အမြန်လှည့်ကြည့်လိုက်သည်။
ယခုအချိန်တွင် ကြေးဝါအိုးအနီးတွင် ထူးထူးခြားခြားဘာမှမဖြစ်ခဲ့သော်လည်း ယိုချင်းယန်,သည် ထိုနေရာတွင် လှုပ်ရှားမှုများရှိနေကြောင်း ခံစားသိရှိနိုင်ခဲ့သည်။
“အရင်ဘဝတုန်းကနဲ့ အတူတူပဲ၊ အခုချိန်မှာ ဂျီယန်ရှိုး နဲ့ တခြားသူတွေက စတင်လှုပ်ရှားနေပြီ”
၎င်းကိုမြင်ပြီး ယိုချင်းယန် ချက်ချင်း သဘောပေါက်သွားသည်။
ဂျီယန်ရှိုး ၏အဖွဲ့တွင် လှုပ်ရှားမှုများကို ဖုန်းကွယ်နိုင်သော လူတစ်ဦးထက်ပိုရှိနေကြောင်း သူမသိသည်။
ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးနိုင်သော နောက်ထပ် အမျိုးသမီးတစ်ယောက်လည်းရှိသေးသည်။
ယခု၊ ကြေးဝါအိုးက ပုံမှန်ဖြစ်ပုံရသည်၊ သို့သော် အမှန်တကယ်တွင် ၎င်းသည် ထင်ယောင်ထင်မှားတစ်ခုသာဖြစ်သည်။
“ဒီကြေးဝါအိုးကိုတောင် မမြှောက်နိုင်ဘူးလို့ ငါမယုံဘူး!”
ဤအချိန်တွင် ဧရာမကြေးဝါအိုး ဘေးရှိ ဝူရှောင်,သည် သူ၏ ခွန်အားကို ထပ်မံ အသုံးချခဲ့သည်။ သူ့ကို ဝူရှောင်,ဟု ခေါ်ရသည့် အကြောင်းအရင်းမှာ အတုမဲ့အထွတ်အထိပ်စွမ်းရည်ဟုခေါ်သော သူ့၏ သဘာဝလွန် စွမ်းရည်ကြောင့် ဖြစ်သည်။
ထိုအချိန်တွင်၊ ဝူရှောင်,၏ မျက်နှာက အလွန်နီမြန်းနေပြီး ကြွက်သားများ တင်းမာနေသည်။
ဤတစ်ကြိမ်တွင် သူသည် ကြီးမားသော ကြေးဝါအိုးကို မြှောက်နိုင်လိုက်သော်လည်း သူ့မျက်နှာက အလွန်ဖြူဖျော့နေ၏။
ဤကြီးမားသော ကြေးဝါအိုးကို တောင်အောက်ကို သယ်ဆောင်ရန် အလွန်ခက်ခဲမည်မှာ သေချာသည်။
“ဝူရှောင်! တော်တယ်!”
၎င်းကိုမြင်လိုက်သည်နှင့် ဂျီယန်ရှိုး၏ မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာပြီး ဝူရှောင်,၏ ကြီးမားလှသော ခွန်အားကို ချီးကျူးလိုက်သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် အနက်ရောင် မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးက ရုတ်တရက် သူတို့အနားတွင် ပေါ်လာသည်။
သူတို့နှစ်ယောက်လုံး၏ မျက်နှာများကို ဖုံးအုပ်ထားသောကြောင့် သူတို့၏ သီးခြားအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
သို့ပေမယ့် သူတို့၏ ခါးပတ်လည်တွင် တောက်ပသော လျှို့ဝှက်လက်နက်များကို ချိတ်ဆွဲထားသည်။
သူတို့၏နောက်ကျောရှိ ဓားနှစ်လက်က ရန်နိုင်ငံ၏လက်နက်များနှင့် မတူပေ။
“ဆာကူရာ ကျွန်းကလူတွေလား?”
ဂျီယန်ရှိုး,သည် ထိုလူနှစ်ယောက်၏ ၀တ်စားဆင်ယင်ပုံကို တစ်ချက်ကြည့်လိုက်ပြီး မှန်းဆလိုက်သည်။
ထိုအချိန်တွင် နှစ်ဖက်စလုံးက အံ့အားသင့်သွားကြသည်။
ဤကြေးဝါအိုး အနီးတွင် အခြားလူများ ပေါ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။
“ဘာလဲဟ!”
“ဒီနေရာကို စစ်ဆေးတုန်းက ဘာမှမရှိပါဘူး!”
ယာမာမိုတို နှင့် သူ့ဘေးမှ အဖွဲ့သားတို့က အံ့အားသင့်နေကြသော်လည်း ချက်ချင်းပင် တုန့်ပြန်လိုက်ကြသည်။
နှစ်ဘက်စလုံးက ချက်ချင်းပင် တိုက်ပွဲစတင်လိုက်ကြသည်။
ထိုအချိန်တွင် ဂျီယန်ရှိုး၏ မျက်လုံးများက အလွန်အေးစက်လာသည်။
သူမ၏ လှပသော မျက်ဝန်းများမှ အေးစက်သော အလင်းတစ်ချက်လက်သွားသည်။
ဆာကူရာကျွန်းက လူများကို ရန်နိုင်ငံဆီ ပို့ဝံ့လိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
ထို့အပြင် ရန်နိုင်ငံပိုင် ရှေးဟောင်းပစ္စည်းကိုပင် လုယူချင်နေသည်။ သူတို့က သေခြင်းတရားကို ရိုးရှင်းစွာ ရှာဖွေနေခြင်းဖြစ်သည်။
ယခု ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာခြင်းဖြင့် ကမ္ဘာကြီး၏ အခြေအနေက အဖန်ဖန်ပြောင်းလဲနေပြီး နိုင်ငံများအကြား ဆက်ဆံရေးမှာ အလွန်တင်းမာနေပြီဖြစ်ကြောင်းကို သင်သိထားရမည်ဖြစ်သည်။
ဂျီယန်ရှိုး,သည် သူမ၏ အတွေးတစ်ချက်ဖြင့်၊ ချက်ချင်းပင် လေထဲတွင် ရေခဲချွန်များထွက်ပေါ်လာပြီး နင်ဂျာနှစ်ယောက်ဆီကို တိုက်ရိုက်ပစ်လွှတ်လိုက်သည်။
၎င်းကိုမြင်ပြီး ယာမာမိုတို နှင့်တခြားလူက ထိတ်လန့်သွားကာ ဂျီယန်ရှိုး ၏တိုက်ခိုက်မှုကို တားဆီးရန် သူတို့၏ဓားများကို အလျင်အမြန်ဆွဲထုတ်ပြီး အစွမ်းကုန် တားဆီးလိုက်သည်။
တိုက်ပွဲ၏အသံက အလွန်ကျယ်လောင်သော်လည်း ဆူကျင်း,သည် ဤနေရာတွင်ရှိနေကာ တိုက်ပွဲအသံများအားလုံးကို သူမ၏စွမ်းရည်ဖြင့် ဖုံးကွယ်ထားသည်။
ထို့ကြောင့် လူတိုင်းက စတင်တိုက်ခိုက်နေပြီဖြစ်သော်လည်း သူတို့ပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများက သတိမထားမိကြပေ။
“ဟားဟား၊ မင်းတို့ရဲ့အဘိုးရှေ့မှာ ဓားနဲ့ကစားဝံ့တယ်ပေါ့!”
အဖွဲ့ထဲမှ ဝမ်ဖိန်,သည် နင်ဂျာနှစ်ကောင်ကို ကြည့်ကာ သူ့မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုထွက်ပေါ်လာပြီး ဓားကြီးတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
ထိုဓား၏ လက်ကိုင်သည် အလွန်ရှည်ပြီး ဓားသွားက အလွန်ကျယ်ဝန်းကာ ထူထဲသည်။
“ဒီနေ့ ငါမင်းတို့ကို ဓားအစစ်က ဘာလဲဆိုတာ ပြမယ်!”
ထို့နောက် ဝမ်ဖိန်,က သူ့လက်ထဲမှ ဓားကြီးကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတစ်ချက်လက်သွားပြီး နင်ဂျာတစ်ဦးမှာ တစ်ချက်တည်းဖြင့် နောက်ကိုလွှင့်ထွက်သွားသည်။
“ဘန်းခိုင်! ကိုယ်ပွား!”
ဂျီယန်ရှိုး နှင့် အခြားသူများက အလွန်အစွမ်းထက်သောကြောင့် သူတို့သည် ကိုယ်ပွားများကိုဖန်တီးရန် နင်ဂျစ်ဆု (လျှို့ဝှက်နည်းပညာတစ်မျိုး)ကို ချက်ချင်း အသုံးပြုခဲ့သည်။
ထို့နောက် ချက်ချင်းပင် ကိုယ်ပွားလေးခု ပေါ်လာပြီး ၎င်းတို့ကို အစစ်နှင့်အတု ခွဲခြားရန် ခက်ခဲသည်။
ဤထူးဆန်းသော နင်ဂျစ်ဆုကို အားကိုးပြီး ယာမာမိုတို,တို့အဖွဲ့သည် ဂျီယန်ရှိုး နှင့် အခြားသူများကို တိုက်ခိုက်ခဲ့ကြသည်။
ဝူရှောင် သည်လည်း ကြေးဝါအိုးကို ချလိုက်ပြီး တိုက်ပွဲတွင် ပါဝင်ခဲ့သည်။
သို့သော်လည်း အသံကို တားဆီးရန် တာဝန်ရှိသော ဆူကျင်,သည် လျှို့ဝှက်လက်နက်တစ်ခုက သူမ၏ ဝမ်းဗိုက်ကို ရုတ်တရက် ထိမှန်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ပြင်းထန်သော ဒဏ်ရာကြောင့် ဆူကျင် သည် သူ့၏စွမ်းရည်များကို ဆက်ပြီးမထိန်းသိမ်းနိုင်တော့ပေ။
ထို့ကြောင့် ကွင်းပြင်ထဲတွင် အလွန်ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။
ဤရက်စက်ကြမ်းကြုတ်သော သားရဲများသည် အဆုံးမရှိသော တိုက်ခိုက်သံများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သို့ပေမယ့် ကြေးဝါအိုးကို လှည့်ကြည့်လိုက်သော်လည်း ဘာမှ ထူးထူးခြားခြား မတွေ့ရပေ။
ကံကောင်းထောက်မစွာဖြင့်၊ ရက်စက်သော သားရဲများက သားရဲများသာ ဖြစ်ဆဲပင်။ သူတို့သည် ဆက်လက်တိုးတက်နေသော်လည်း၊ လူသားများ၏ သာလွန်ကောင်းမွန်သော ဉာဏ်ရည်ကို မရရှိကြသေးပေ။
ရက်စက်ကြမ်းကြုတ်သော သားရဲများက ဆူညံသံကို ကြားသောအခါ၊ အသံထွက်အောင် ပြုလုပ်နိုင်သော ကြေးဝါအိုး ဖြစ်သည်ဟုသာ ထင်မြင်သွားကြသည်။
ပုံရိပ်ယောင်ဖြစ်နိုင်သည်ဟုပင် ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
“အဲဒီမှာ တိုက်ပွဲက စနေပြီထင်တယ်”
တခြားသားရဲများက ဘာဖြစ်နေသည်ကို မသိကြသော်လည်း ကိုယ်ပျောက်ပြီး ကြေးဝါအိုးအနားကို ချဉ်းကပ်နေသော ယိုချင်းယန်,က သိသည်။
ဤသည်မှာ ဆာကူရာကျွန်း နင်ဂျာ နှင့် အတူ တိုက်ခိုက်နေသော ရန်နိုင်ငံ မှ အထူးစွမ်းရည်ရှိသူများ ဖြစ်သည်။
ထို့နောက်တွင်၊ သားရဲပေါင်းများစွာ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ယိုချင်းယန်,သည် အမှန်တကယ်ပင် အားလုံး၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်သည်။
ကြီးမားသော ဝံပုလွေခြေသည်းများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပနေပြီး ဆာကူရာကျွမ်းမှ နင်ဂျာကို တိုက်ရိုက်သတ်ပစ်လိုက်သည်။
ယခု တိုက်ပွဲဖြစ်ပွားရာနေရာမှ နင်ဂျာတစ်ဦးတည်းသာ ကျန်ရှိတော့သည်။ ထိုနင်ဂျာသည် ကိုယ်ပွားနည်းပညာကို လုပ်ဆောင်နေသော ယာမာမိုတို ဖြစ်သည်။
ယိုချင်းယန် ရုတ်တရက် ပေါ်လာသောကြောင့် ဂျီယန်ရှိုး နှင့် တခြားသူများသည်လည်း ထိတ်လန့်သွားကြသည်။
“ဒါက ဝူဗာလင် မဟုတ်ဘူးလား?!”
ယိုချင်းယန် နှင့် လုချန်း,သည် အလွန်တူညီသောရုပ်သွင်ရှိသောကြောင့် လူသားတို့က လုချန်း,လုပ်သမျှအတွက် ယိုချင်းယန်,ကိုသာ အပြစ်တင်ကြသည်။
ဂျီယန်ရှိုး နှင့် အခြားသူများ၏အမြင်တွင် ဝူဗာလင်,သည် သင်းခွေချပ် အာဏာရှင်ကို သတ်ပစ်ခဲ့သော သားရဲဖြစ်သည်။
ဤအဆင့်၏ သန်မာသော သားရဲတစ်ကောင်ကို ယခုအချိန်တွင် ရိုးရှင်းစွာ အနိုင်ယူနိုင်မည်မဟုတ်ပေ။
“ဟင်? ဝူဗာလင် လဲ ဒီမှာရှိနေမယ်လို့ မမျှော်လင့်ထားဘူး!”
သူတို့အားလုံးက ထိုကဲ့သို့ အခြေအနေမျိုးကို မမျှော်လင့်ထားသောကြောင့် ထိတ်လန့်သွားကြသည်။
ဝူဗာလင်,ကိုတွေ့ပြီးနောက် ဂျီယန်ရှိုး သည် အခြေအနေ၏လေးနက်မှုကို သဘောပေါက်ခဲ့ပြီး သူမ၏အသင်းဖော်များနှင့်အတူ ချက်ချင်းထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
ဤအဆင့်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲက သူတို့ ကိုင်တွယ်နိုင်သည့် အရာမဟုတ်ပေ။
ဝူရှောင်,သည် ဒဏ်ရာရနေသော ဆူကျင် ကို တိုက်ရိုက်မကာ အမြန်ထွက်သွားသည်။
လီမန့် သည်လည်း သူမ၏စွမ်းရည်ကို ရုပ်သိမ်းလိုက်သောကြောင့် ထင်ယောင်ထင်မှားပုံရိပ်ယောင်က ပျောက်ကွယ်သွားသည်။
ရုတ်တရက် ယိုချင်းယန် နှင့် ယာမာမိုတို ကို ရက်စက်ကြမ်းကြုတ်သော သားရဲများစွာက မြင်တွေ့လိုက်ရသည်။
“ဂါးး!”
သားရဲဘုရင်များကြား တိုက်ပွဲတွင်၊ မျောက်ဝံဘုရင်,က အသာစီးရနေသည်။
ထိုအချိန်တွင်၊ သူသည် နွားနက်ဘုရင်,ကိုခွကာ သူ့၏လက်သီးများဖြင့် အဆက်မပြတ်ထိုးကြိတ်နေသည်။
သို့ပေမယ့် ယိုချင်းယန် ကိုမြင်လိုက်သောအခါ၊ ဘယ်ကမှန်းမသိသော နှင်းဝံပုလွေတစ်ကောင်က ကြေးဝါအိုး,၏ အနီးနားတွင် ရှိနေသည်ကိုတွေ့လိုက်ရသောကြောင့် ချက်ချင်းဆိုသလို ဒေါသထွက်သွားသည်။
“ဝံပုလွေ၊ မင်း သေလမ်း ရှာနေတာလား”
မျောက်ဝံဘုရင်က အလွန်ဒေါသ ထွက်သဖြင့် နွားနက်ဘုရင်ကို တိုက်ခိုက်ရန် စွန့်လွှတ်ကာ ယိုချင်းယန် ဆီသို့ တိုက်ရိုက်ခုန်ဝင်သွားသည်။
ယိုချင်းယန်,က သနားစရာဟု တိတ်တဆိတ် မတွေးဘဲမနေနိုင်တော့ပေ။ အကယ်၍ သူမသည် ကြေးဝါအိုးကို ကာကွယ်ရန် မကြိုးစားခဲ့ပါက ၎င်းကို ဤနင်ဂျာများက လုယူသွားပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်တွင် သူမသည် ဤဧရာမမျောက်ဝံကြီးကို ရင်ဆိုင်ရုံမှတပါး အခြားရွေးချယ်စရာမရှိတော့သောကြောင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
ယာမာမိုတို,၏ ကိုယ်ပွားသုံးခုကို ယခု ဖျက်ဆီး လိုက်သော်လည်း သူ့၏ ခန္ဓာကိုယ် အစစ်အမှန်က သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
မျောက်ဝံဘုရင်,က ယာမာမိုတို,ကို ရှာမတွေ့သော်လည်း ယိုချင်းယန်,သည် အမှတ်အသားကို အခြေခံ၍ ယာမာမိုတို အနီးအနားတွင် ပုန်းအောင်းနေကြောင်း ခံစားနိုင်ခဲ့သည်။
သို့သော် ထိုအချိန်တွင် မျောက်ဝံဘုရင်က ရန်လိုလွန်းသဖြင့် ယိုချင်းယန်,က သူ့ကို မကိုင်တွယ်နိုင်သေးပေ။
ယိုချင်းယန်,သည် နိုးထခြင်းအဆင့် (၇) တွင်သာရှိပြီး မျောက်ဝံဘုရင်က အမှန်တကယ်ပင် နိုးထခြင်းအဆင့် (၈) တွင်ရှိနေသည်။ သူမထက် အဆင့်တစ်ဆင့်ပိုမြင့်သောကြောင့် ခွန်အားကွာခြားချက်မှာ ကြီးမားလွန်းလှသည်။
ကံကောင်းထောက်မစွာဖြင့်၊ ယိုချင်းယန် သည် သူမ၏ယခင်ဘဝမှ ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံအပြင် လျှို့ဝှက်နည်းပညာမျိုးစုံရှိခဲ့သည်။ ထို့ကြောင့် အဆင့်ကွာခြားနေသော်လည်း၊ သူကို ရင်ဆိုင်နိုင်သေးသည်။
“မစ္စ ဂျီ၊ အခု ဘာဆက်လုပ်ရမလဲ”
“ဆူကျင်း,က ဒဏ်ရာအပြင်းအထန်ရနေတယ်၊ ဆေးမကုရင် သူ့အသက်အန္တရာယ်ရှိနိုင်တယ်!”
ဆာကူရာနင်ဂျာ၏ လျှို့ဝှက်လက်နက်က အလွန်ရက်စက်လှသည်။ ထိုအချိန်တွင် ဆူကျင်း,၏ ဝမ်းဗိုက်မှ သွေးများက ရပ်တန့်မသွားသေးဘဲ သူ့မျက်နှာက အလွန်ဖျော့တော့နေသည်။
“လီမန့်၊ ဝမ်ဖိန်၊ မင်းတို့ ဆူကျင်း,ကို အရင်ပြန်ခေါ်သွားလိုက်ပါ၊ ဝူရှောင် နဲ့ ငါ ဒီမှာပဲနေခဲ့မယ်!”
ဂျီယန်ရှိုး,သည် လျင်မြန်စွာဖြင့် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
“ဒါပေမယ့် ခန္ဓာကိုယ်ကို ဖုံးကွယ်ဖို့ လှည့်စားမှုတွေ မသုံးရင်၊ ဒီမှာ ဧရာမသားရဲတွေ အများကြီးရှိနေတယ် ခေါင်းဆောင်၊ မင်းတို့တွေ...” လီမန့်,က စိုးရိမ်တကြီးဖြင့်ပြောသည်။
“စိတ်မပူပါနဲ့ အဖေက မကြာခင်ရောက်လာတော့မယ်”
ဂျီယန်ရှိုး,က သူ့လူများကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
ယင်းကိုကြားပြီး သူတို့၏စကားများက ရုတ်တရက် ရပ်တန့်သွားသည်။
ဂျီယန်ရှိုး,၏အဖေက မည်သူလဲဆိုတာ သူတို့ သဘာဝကျကျ သိထားသည်။
ရန်နိုင်ငံ အထူးစွမ်းရည်မဟာမိတ်အဖွဲ့၏ လက်ရှိခေါင်းဆောင်၊ ဗိုလ်ချုပ်မိုးကြိုးနတ်ဘုရား ဂျီကျဲန်ရှန်း။
သူသည် နာမည်ကြီး ထိပ်တန်းကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး လူတိုင်းက ဂျီယန်ရှိုး ၏ဖခင်ကို အလွန်အမင်းလေးစားကြသည်။
ဂျီကျဲန်ရှန်း,နှင့်သာဆိုလျှင် နောက်ဆက်တွဲများကို စိတ်ပူစရာ မလိုတော့ဘူးဟု သူတို့ ယုံကြည်သည်။
ဂျီကျဲန်ရှန်း,သည် ယနေ့ လူသားများကြားတွင် ထိပ်တန်း တိုက်ခိုက်ရေး သမားဖြစ်ပြီး၊ သူ့ကို ထိုလူငယ် အထူးစွမ်းရည်ရှိသူများနှင့် လုံးဝ နှိုင်းယှဉ်၍ မရပေ။
တိုင်ရှန်တောင်ထိပ်နှင့် မိုင်နှစ်ရာဝေးသော လေထဲတွင်။
လုချန်း,သည် သူ့၏ ပျံသန်းနိုင်စွမ်းကို ထိန်းချုပ်ရန် ခွန်အားရှိသမျှအသုံးပြုပြီး တိုင်ရှန်တောင်ထိပ်ဆီသို့ လျင်မြန်စွာ ပျံသန်းနေခဲ့သည်။
“စိတ်မပူပါနဲ့ ရှောင်ပိုင်၊ ခဏလောက်စောင့်ပါ၊ မကြာခင် ငါရောက်လာတော့မယ်!”