← Chapters

လုချန်းရဲ့ သတိပေးချက်!

Vol. 7 Ch. 97

လုချန်းရဲ့ သတိပေးချက်!

Vol. 7 Ch. 97

စီချွမ်မြို့၌ အချက်ပေးသံများ ဆက်လက်ထွက်ပေါ်လာသည်။

တပ်ဖွဲ့များအားလုံး စတင် စုစည်းလာပြီး မြို့တစ်ခုလုံး၏ သတိပေးချက်က အမြင့်ဆုံးအဆင့်သို့ ချက်ချင်း တိုးလာခဲ့သည်။

သူ့အနားမှ အချက်ပေးသံကိုကြားသော်လည်း လုချန်း,က လုံးဝဂရုမစိုက်ပေ။

သူသည် ခွမ်ပျော အဖွဲ့အစည်း အဆောက်အဦး၏ ခေါင်မိုးပေါ်ကို တည့်တည့်သွားခဲ့သည်။

သူ့ကြောင့် အေးခဲနေသော ကေား မိသားစု၏ အဓိက အဖွဲ့ဝင်များကို ကြည့်ရင်း လုချန်း,၏ မျက်လုံးများက အေးစက်သွားသည်။

ထို့နောက် သူ၏ကြီးမားသောခြေသည်းများကို ဆန့်ထုတ်ကာ ဤလူများကို အပိုင်းပိုင်းဖြတ်တောက်ပစ်လိုက်သည်။

လက်နက်ကို ထိန်းချုပ်သည့် အဝေးထိန်းခလုတ်ကိုလည်း လုချန်း,က ဖျက်ဆီးပစ်လိုက်သည်။

အဝေးထိန်းခလုတ် လုံးဝပျက်စီးသွားသည်ကို မြင်မှသာလျှင် လုချန်း စိတ်သက်သာရာရသွားသည်။

သူ့ခေါင်းကိုလှည့်ပြီး အောက်ခြေမှ ရုန်းရင်းဆန်ခတ်ဖြစ်နေသော လူအုပ်ကို ကြည့်လိုက်ပေမယ့် လုချန်း,က မတိုက်ခိုက်ခဲ့ပေ။

သူ့ဘဝတွင် အဆက်မပြတ် သတ်ဖြတ်ရခြင်း၏ အကြောင်းရင်းမှာ တောတွင်း ဥပဒေကြောင့် ဖြစ်သည်။ သန်မာမှုမရှိလျှင် တခြားသူများ၏ သားကောင်ဖြစ်လာလိမ့်မည် ဖြစ်သည်။

သူသည် ယခင်ဘဝက လူသားတစ်ဦးဖြစ်ပြီး၊ သူသည်လည်း အလုပ်သမားများစွာထဲမှ တစ်ဦးဖြစ်သည်။

လုချန်း,သည် သာမန်လူများ၏ ဘဝအခက်အခဲများနှင့် ထိုကဲ့သို့သော ဘေးအန္တရာယ်များကို ရင်ဆိုင်ရချိန်တွင် အကူအညီမဲ့ခြင်းများကို ကောင်းစွာသိရှိနားလည်သည်။

လုချန်း,သည် အပြစ်မဲ့ ပြည်သူများအား သတ်ဖြတ်ခြင်းကို မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်နည်း။

သို့သော် စီချွမ်မြို့ သို့ သူရောက်လာပြီဖြစ်ပြီး သူ့တွင် လုပ်စရာများရှိနေသေးသောကြောင့် လွယ်လွယ်နှင့် ထွက်သွားမည်မဟုတ်ပေ။

လုချန်း,၏ အကြည့်သည် ခွမ်ပျော အဖွဲ့အစည်း၏ စီးပွားရေး အဆောက်အအုံကို ဖြတ်ကာ မနီးမဝေးမှ စစ်ဘက်စက်ရုံကို လှမ်းကြည့်လိုက်သည်။

လုပ်ငန်းသုံး အဆောက်အအုံများက အမှန်တကယ် အသုံးနည်းသည်။ ၎င်းတို့သည် အားဖြည့်ကွန်ကရစ်ဖြင့် ပြုလုပ်ထားသော အဆောက်အဦများထက် မပိုပေ။

အဆောက်အအုံ တစ်ခုလုံး ပျက်စီးသွားလျှင်ပင် ထိခိုက်မှုတော့ မရှိပေ။

ဆန့်ကျင်ဘက်တွင်၊ စစ်ဘက်ဆိုင်ရာစက်ရုံသည် ကေား မိသားစု၏ ပစ္စည်းများစွာကို ထားရှိသောကြောင့် ကွဲပြားသည်။

ဤစက်ရုံကို လုံးလုံးလျားလျား ဖျက်ဆီးပြီးမှသာလျှင် ကေား မိသားစုနှင့် ခွမ်ပျော အုပ်စုတို့၏ ခြိမ်းခြောက်မှု လုံးဝကင်းစင်သွားမည်ဖြစ်သည်။

လုချန်း,မှ လူသားတပ်ဖွဲ့များသို့ သတိပေးချက်တစ်ခုလည်း ဖြစ်ပေလိမ့်မည်။

လုချန်း,က ဤလူသားများနှင့် ရန်သူဖွဲ့ရန် ရည်ရွယ်ချက်မရှိသော်လည်း၊ လူသားများက သူ့ကို ဆက်လက် နှိုးဆော်နေမည်ဆိုလျှင် လုချန်း,သည် သေခြင်းတရားကို စာလုံးပေါင်းတတ်အောင် သင်ပေးမည်ဖြစ်သည်။

“အမြန်၊ အမြန်၊ အရေးပေါ် ကယ်ဆယ်!”

“စည်းကမ်းရှိစွာ ထွက်ခွာပါ၊ ယာဉ်ကြော ပိတ်ဆို့မှု မဖြစ်စေရန်၊ ဝိုင်းဖွဲ့ခြင်း မပြုပါနဲ့”

“လူတိုင်း၊ အနီးဆုံး လေကြောင်းကာကွယ်ရေး ဂေဟာကို သွားပါ၊ ဧရာမသားရဲရှိရာ နေရာနဲ့ ဝေးဝေးနေပါ၊ ဧရာမသားရဲရှိရာ နေရာနဲ့ ချက်ချင်း ဝေးဝေးနေပါ”

လုချန်း,၏အသွင်အပြင်ကြောင့် ယခုအခါ စီချွမ်မြို့ထဲတွင် ပရမ်းပတာဖြစ်နေပြီး အလွန်ထိတ်လန့်နေကြသည်။

ယာဉ်တိုက်မှုများဆက်လက်ဖြစ်ပွားနေသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့၏ စီစဉ်မှုဖြင့် ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။

ထိုသို့သော ရုတ်တရက် အဖြစ်အပျက်က လူအုပ်ကြီး ထိခိုက်သွားနိုင်စေသည်။

အဘယ်ကြောင့်ဆိုသော် ဤအချိန်၌ လုချန်း,သည် စီချွမ်မြို့ ၏အလယ်ပိုင်းဒေသတွင် ပေါ်လာသောကြောင့်ဖြစ်သည်။

မတော်တဆ ထိခိုက်ဒဏ်ရာရမည်ကို စိုးရိမ်သောကြောင့် စစ်တပ်က သူတို့၏ ပြင်းထန်သော လက်နက် အများအပြားကို မသုံးဝံ့ပေ။

“အားလုံးကြည့်ကြ၊ ဧရာမဝံပုလွေ ပစ်မှတ်က ခွမ်ပျော အုပ်စုရဲ့ လက်နက်စက်ရုံ ဖြစ်နိုင်တယ်”

“မကောင်းတော့ဘူး! လက်နက်စက်ရုံမှာ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေ အများကြီး စုပုံနေတယ်၊ ပေါက်ကွဲမှုဖြစ်ရင် စီချွမ်မြို့ အတွက် ဘေးဥပဒ်ဖြစ်လာလိမ့်မယ်!”

ထိုကဲ့သို့ ကြီးမားသော အဓိကရုဏ်းများ ဖြစ်ပျက်နေသည့်အတွက် မြို့တွင်းသတင်းထောက်များ အများအပြား ရှိနေသည်မှာ သဘာဝကျသည်။

ယခုအချိန်တွင် လုချန်း,သည် လက်နက်စက်ရုံအထက်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဤစက်ရုံမှ သာမန်အလုပ်သမား အများစုက ထွက်ပြေးခဲ့ကြပြီး ဖြစ်သည်။

ဤနေရာတွင်ရှိနေဆဲသူများက အခြေခံအားဖြင့် ခွမ်ပျော အဖွဲ့အစည်း၏ အရေးပါသောပုဂ္ဂိုလ်များဖြစ်သည်။

ခွမ်ပျော အဖွဲ့အစည်းအတွက် လက်နက် ဆက်ထုတ်နေသူများကို ဖယ်ရှားခြင်းက ဒါဂုန် နှင်းတောင်အတွက် အန္တရာယ်ကင်းမည် ဖြစ်သည်။

လုချန်း,သည် လက်နက်စက်ရုံ၏ ကြီးမားသောဧရိယာကို တိုက်ရိုက်အေးခဲစေရန် သူ၏ရေခဲစွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

ထို့နောက် သူ့၏ သန်မှာသော ခန္ဓာကိုယ်ခွန်အားဖြင့် ရေခဲများကို အပိုင်းပိုင်း ဖြိုခွဲပစ်လိုက်သည်။

စီချွမ်မြို့,မှ လူတိုင်းစိုးရိမ်နေသော ပေါက်ကွဲမှုက ဖြစ်မလာခဲ့ပေ၊ လုချန်း သည် အသိဉာဏ်ကင်းပြီး ရက်စက်သောသားရဲများကဲ့သို့မဟုတ်ပေ၊ သူသည် ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသူတစ်ယောက်ဖြစ်သည်။

လုချန်း,သည် ဤသိမ်းဆည်းထားသော ပစ္စည်းများကို ဖျက်ဆီးရန် အင်အားသုံး၍ အလွန်မိုက်မဲမည်မဟုတ်ပေ။

ကေားချန်ရှင်း,သည် ဒါဂုန် နှင်းတောင်ကို ဖောက်ခွဲရန်အတွက် S-အတန်းအစား လက်နက်ကို ထုတ်လုပ်ခဲ့သည်။

၎င်းသည် အထူးသဖြင့် ပွင့်လင်းသော နေရာတွင် ထင်ရှားစွာ ရှိနေပြီး ၎င်း၏ အရွယ်အစား တစ်ခုတည်းကပင် ခရုစ်ဒုံးကျည်ကို ကျော်လွန်သည်။

ဤအဆင့်မြင့်လက်နက်ကိုမြင်ပြီးနောက် လုချန်း,က အနည်းငယ်ကြောက်လန့်သွားသည်။

ကံကောင်းထောက်မစွာဖြင့် သူအချိန်မီရောက်လာနိုင်ခဲ့သည်၊ ထိုသို့မဟုတ်ပါက ဒါဂုန်နှင်းတောင်က ယခုတစ်ခါ အကြီးအကျယ် ပျက်စီးသွားပေလိမ့်မည်။

လက်နက်စက်ရုံအပြင်ဘက်တွင် စီချွမ်မြို့မှ ဝန်ထမ်း အများအပြားက အလွန်ကို ကြောက်ရွံ့နေကြသည်။

စစ်တပ်၊ မီးသတ်သမားများ၊ စသည်တို့အပြင် စီချွမ်မြို့ခံများစွာလည်း ဤနေရာကို အာရုံစိုက်နေကြသည်။

စစ်ဘက်ဆိုင်ရာ စက်ရုံတစ်ခုတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပါက နောက်ဆက်တွဲ အကျိုးဆက်များကို တွေးဆ၍ပင် မရပေ။

သို့ပေမယ့် အချိန်များကုန်ဆုံးသွားသော်လည်း ပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ခြင်းများကို မတွေ့ရသေးပေ။

ဤအရာက လူတိုင်းကို အနည်းငယ် စိတ်ရှုပ်ထွေးသွားစေပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကို လူတိုင်းကြားလိုက်ရသည်။

ထို့နောက် ငွေဖြူကိုယ်ထည်နှင့် ဧရာမဝံပုလွေကြီးက လေထဲသို့ ပျံတက်သွားပြီး မနီးမဝေးမှ စီချွမ်မြို့၏ စစ်တပ်ကို လှမ်းကြည့်လိုက်သည်။

လုချန်း,ကိုတွေ့ရသော်လည်း ယခုတစ်ကြိမ်တွင် စစ်တပ်က မည်သည့် လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။

အကြောင်းမှာ လုချန်း,၏မျက်လုံးထဲမှ သတိပေးသောအရိပ်အယောင်များကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။

“မှတ်ထား၊ နောင်မှာ မင်းတို့ငါ့ကို ထပ်ပြီး နှိုးဆော်ဝံ့ရင် ပြစ်ဒဏ်က ဒီလောက်နဲ့ဘဲ ပြီးသွားမှာမဟုတ်ဘူး”

ထိုစကားကို ချန်ထားခဲ့ပြီးနောက် လုချန်း သည် လူတိုင်းရှေ့မှ ထွက်သွားခဲ့သည်။

ဧရာမဝံပုလွေကြီးက လူသားဘာသာစကားဖြင့် ပြောဆိုခဲ့သောကြောင့် စီချွမ်မြို့ရှိ လူတိုင်း အံ့အားသင့်သွားကြသည်။

ဤအရာက မကြာသေးခင်ကမှ ကပ်ဘေးတစ်ခုကို ဖြစ်စေခဲ့သော သင်းခွေချပ် အာဏာရှင်ကို ပြန်တွေးမိလိုက်ကြသည်။

သူသည် လူ့ဘာသာစကားကိုလည်း ပြောဆိုနိုင်ပြီး၊ လူသားများက သူ့အား ကြိမ်ဖန်များစွာ နှိုးဆော်ခဲ့သောကြောင့် ချန်ဟဲ ဆည်ကို ဖျက်ဆီးကာ ကြီးမားသော ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်‌စေခဲ့သည်။

ဧရာမသားရဲများက ပို၍ထက်မြက်လာကြပြီး သူတို့ ယခင်ကတွေးထင်ထားခဲ့သော သားရဲများမဟုတ်တော့ကြောင်း လူတိုင်းသဘောပေါက်သွားကြသည်။

အရေးကြီးဆုံးအချက်မှာ ဤသားရဲများ များက ကလဲ့စားချေရန် ပြင်းပြသော ဆန္ဒရှိနေခြင်းပင်ဖြစ်သည်။

ခွမ်ပျော အဖွဲ့အစည်း ဖျက်ဆီးခံရပြီးနောက် ထိုလူသားသူဌေးကြီးများသည်လည်း အမှန်တရားတစ်ခုကို နားလည်ခဲ့ကြသည်။

နောင်တွင် ဧရာမသားရဲတစ်ကောင်ကို ထပ်မံတိုက်ခိုက်လိုပါက၊ လုံးဝသေချာခြင်းမရှိပါက မလုပ်ပါနှင့်။

မဟုတ်ပါက ဧရာမသားရဲ၏ လက်စားချေခြင်းသည် လူသားတို့ကို နောင်တရစေမည်ဖြစ်သည်။ ကေား မိသားစုက ထင်ရှားသော သာဓကဖြစ်ပြီး ယခုအခါ သူတို့သည် မြေအောက်သို့ ရောက်သွားကြပြီဖြစ်သည်။

လုချန်း,သည် ဒါဂုန် နှင်းတောင်သို့ ပြန်ရောက်ပြီးနောက် များမကြာမီတွင် တမ်၊ ကျိုးအိင် နှင့် မြေခွေးတို့သည်လည်း ဤနေရာသို့ အမြန်ရောက်လာကာ လုချန်း နှင့် တွေ့ဆုံခဲ့သည်။

မီးမျောက်ဝံဘုရင်,က ဤအဖော်အသစ်များကိုတွေ့သောအခါ အလွန်သိချင်သွားသည်။

သူသည် ဒါဂုန် နှင်းတောင်ပေါ်တွင်သာ နေထိုင်ခဲ့ပြီး သူမြင်ဖူးသည့် သက်ရှိသတ္တဝါများမှာ ထိုမျိုးစိတ်အနည်းငယ်သာဖြစ်သည်။

ရွှာအိုဟူး,က ရှေ့သို့ အမြန်သွားပြီး တမ် ကို နှုတ်ဆက်လိုက်သည်။

မီးမျောက်ဝံဘုရင်,သည် သူ့ရှေ့ရှိ ဖားကြီးက သူ့ထက် များစွာ သန်မာကြောင်း တွေ့ရှိခဲ့သည်။

အရေးကြီးဆုံးအချက်မှာ ထိုဖားကြီးက လူသားဘာသာစကားကို အမှန်တကယ်ပြောဆိုနေခြင်းပင်ဖြစ်သည်။

ထိုမျှနှင့်မပြီးသေးဘဲ အလွန်သေးငယ်သော မြေခွေးလေးကလည်း လူသားဘာသာစကားကို ပြောဆိုနိုင်သည်။

ယင်းကြောင့် ရွှာအိုဟူး,သည် အနာဂတ်တွင် ပိုသန်မာလာစေရန် စိတ်ပိုင်းဖြတ်မှုများကို ဖြစ်စေခဲ့သည်။

ယခု သူ့၏ ခွန်အားသည် နိုးထခြင်း ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒါဂုန်နှင်းတောင်တွင် အစွမ်းထက်သည်ဟု ယူဆရသော်လည်း အခြားနေရာများတွင်ဆိုလျှင် သူ့၏ ခွန်အားမှာ မလုံလောက်ဟု နားလည်လာသည်။

လုချန်း,သည် ညဉ့်နက်တွင် တွေးတောပြီး ဒါဂုန် နှင်းတောင်၏ ခံစစ်စွမ်းအားမှာ ချို့ယွင်းချက်များစွာ ရှိနေဆဲဟု ခံစားမိသည်။

နောက်ဆုံးတွင်၊ လူသားတို့၏ အဆုံးစွန်သော လက်နက်များက ပေါက်ကွဲနိုင်သော အကွာအဝေး ကြီးမားလွန်းလှသည်။

ခဏအကြာတွင် လုချန်း,သည် သူ့လက်အောက်ငယ်သားများနှင့်အတူ ပြောင်းရွှေ့ရန် စိတ်ကူးရှိခဲ့သည်။

ဒါဂုန် နှင်းတောင်သည် စီချွမ်မြို့ နှင့် အတော်အတန် နီးစပ်ရုံသာမက ကျယ်ပြောလှသော တောကန္တာရတွင် နှင်းတောင်တစ်ခုမျှသာ ရှိပုံရသည်။

ကာကွယ်ရေး သို့မဟုတ် အရင်းအမြစ်များ ရယူခြင်းဖြစ်စေ၊ ချို့ယွင်းချက်အချို့ရှိနေသေးသည်။

လုချန်း ထိုအကြောင်းကို စဉ်းစားပြီးနောက်၊ ချီလင် တောင်တန်းက ကောင်းသောရွေးချယ်မှုဟု သူခံစားခဲ့ရသည်။

အရှေ့မှ အနောက် မိုင်ပေါင်း ၂၀,၀၀၀ ရှည်သော ချီလင် တောင်တန်းသည် အမှန်တကယ်ကျယ်ပြောလှပြီး သယံဇာတများ ကြွယ်ဝကာ ၎င်း၏ သယံဇာတ မျိုးစုံသည် ဒါဂုန် နှင်းတောင်ထက် များစွာ ကြွယ်ဝသည်။

သားရဲအားလုံးကို ပြောင်းရွှေ့ခြင်း ပန်းတိုင်က ကြီးမားလွန်းပြီး၊ ပြောင်းရွှေ့မည့် အရေအတွက်က များပြားလွန်းလှသည်။

ဤသားရဲများတွင် ပုန်းအောင်းရန်နေရာမရှိလျှင် အလွန်အန္တရာယ်များလှသည်။

ကူကယ်ရာမဲ့စွာဖြင့် လုချန်း,သည် ဤနည်းလမ်းကို လောလောဆယ်တွင် ဘေးဖယ်ထားလိုက်သည်။

……………………

တစ်ဖက်တွင် ယိုချင်းယန်,သည် ကျန်းနန် ခရိုင် ယန်ကျိုးမြို့ အပြင်ဘက်ရှိ ရေကန်တစ်ခုသို့ ရောက်လာသည်။

သူမသည် သူမ၏ မှတ်ဥာဏ်နောက်ကို လိုက်ကာ နေကန် အနီးသို့ ရောက်လာသည်။

ဤကန်သည် အလွန်ပြီးပြည့်စုံသော စက်ဝိုင်းတစ်ခုဖြစ်သောကြောင့် ၎င်းကို နေကန် ဟုခေါ်ဆိုကြသည်။

ယခုတွင် ယိုချင်းယန်,သည် နေကန်ထဲကို ခုန်ဆင်းပြီး များမကြာမီ သူမ အလွန်စိတ်လှုပ်ရှားသွားသည်။

“ကောင်းလိုက်တာ၊ နောက်ဆုံးတော့ ကိုယ်ပျောက်နိုင်တဲ့ ပုတီးစေ့ကို ငါရခဲ့ပြီ၊ လူသားတွေ ငါ့ရဲ့ တည်နေရာကို အခုချိန်ကစပြီး ရှာတွေ့ဖို့ အရမ်းခက်လိမ့်မယ်”

ယိုချင်းယန်,သည် ထိုနေရာတွင် ကိုယ်ပျောက်နိုင်သော ပုတီးစေ့တစ်ခုကို ပြန်သတိရသွားသောကြောင့် ရေကန်အောက်ခြေသို့ ခုန်ဆင်းခဲ့ခြင်းဖြစ်သည်။

ကိုယ်ပျောက်နိုင်သောပုတီးစေ့၏ပိုင်ရှင်သည် သူ့ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်ပြီး အခြားသူများက ရှာတွေ့ရန်ခက်ခဲသည်။

ရှုပ်ထွေးနေသော ဤကမ္ဘာကြီးတွင်၊ ခန္ဓာကိုယ်ကို ဖုံးကွယ်ထားနိုင်မှုက အလွန်အရေးပါသည်။

ထို့ကြောင့် ယိုချင်းယန်,သည် ကိုယ်ပျောက်နိုင်သော ပုတီးစေ့ကို ဦးစွာရယူကာ အရန်သိမ်းထားမည်ဖြစ်သည်။

သို့သော်လည်း ယိုချင်းယန်,သည် လက်ရှိ ကမ္ဘာပေါ်ရှိ သတင်းအမျိုးမျိုးကို အဆက်အသွယ်မရသည်မှာ ကြာပြီဖြစ်သည်။

ထို့နောက် သူမသည် လူသားတစ်ဦးကို ဖမ်းကာ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သူ့ကို စတင်မေးမြန်းခဲ့သည်။

လူ့အသိုင်းအဝိုင်းတွင် အဆင့်မြင့် နည်းပညာမျိုးစုံနှင့် ကမ္ဘာကို ဖြန့်ကျက်ထားသော ကွန်ရက်တစ်ခုရှိသည်။

ယနေ့ကမ္ဘာကြီးတွင် ဖြစ်ပျက်နေမှုများကို သိလိုပါက လူသားများထံမှ သတင်းရယူခြင်းက အလျင်မြန်ဆုံးနည်းလမ်းဖြစ်သည်။

သို့သော် ဤလူသားထံမှရရှိသော အချက်အလက်က ယိုချင်းယန်,ကို စိတ်ရှုပ်ထွေးစေခဲ့သည်။

“ချီလင် တောင်တန်းမှာ၊ ဝူဗာလင် တကယ်ပြန်လာခဲ့ပြီး လူသားမျိုးနွယ်ရဲ့ သန်မာတဲ့ သံချပ်ကာဘုရင်ကို တိုက်ရိုက်သတ်လိုက်တာလား”

“ကျန်းနန်,ရဲ့ ယန်ရှ တောင်မှာ ဝူဗာလင်,က အဓိကမိသားစုတွေကို ရင်ဆိုင်ပြီး အားလုံးကို တစ်ယောက်တည်း အနိုင်ယူလိုက်ပြန်တယ်?၊ ကြောက်စရာကောင်းတဲ့ အအေးဓာတ်က ကမ္ဘာကြီးကို တုန်လှုပ်စေတယ်တဲ့လား”

ဤစကားများကိုကြားပြီး ယိုချင်းယန် အလွန်အံ့ဩသွားသည်။

ထိုအထဲတွင် သူမနာမည် ဝူဗာလင် ပါသော်လည်း၊ ဤအရာများက သူမနှင့် မသက်ဆိုင်ပေ။

တစ်ခုတည်းသော ဆက်စပ်မှုမှာ သူမသည် ဤသတင်းတွင် ဖော်ပြထားသော နေရာတိုင်းသို့ ရောက်ဖူးခဲ့ခြင်း ဖြစ်သည်။

သို့ပေမယ့် ဤအရာများကို သူမတကယ်မလုပ်ခဲ့ပေ။

ယိုချင်းယန်,က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း စဉ်းစားမိလိုက်သည်။

ဤအခိုက်အတန့်တွင် သူမနှင့် အလွန်ဆင်တူပြီး ပို၍ပင် အစွမ်းထက်သည့် နှင်းဝံပုလွေတစ်ကောင်က သူမ၏ စိတ်ထဲတွင် ပေါ်လာသည်။

ဒါဂုန် နှင်းတောင်၏ နှင်းဝံပုလွေဘုရင်၊ သူမ၏အစ်ကို လုချန်း....

“ရှားပါးတဲ့ ရတနာမျိုးစုံကို ရှာဖွေဖို့ နေရာအနှံ့ ခရီးထွက်နေတာ ဖြစ်နိုင်လား”

“ဒါမှမဟုတ်....”

“အစ်ကိုက ငါ့ကိုရှာဖို့အတွက် ငါ့‌သဲလွန်စနောက်ကို လိုက်နေတာလား”

All Chapters