စီချွမ်မြို့ထက်က ဧရာမဝံပုလွေ
Vol. 7 Ch. 96
လုချန်း ပြန်လာတာကိုမြင်ပြီး နှင်းတောင်ပေါ်မှ နှင်းဝံပုလွေများနှင့် မျောက်ဝံများက အလွန်စိတ်လှုပ်ရှားနေကြသည်။
လုချန်း,သည် ဤကာလအတွင်း နှင်းတောင်ပေါ်တွင် မရှိသော်လည်း သူတို့အတွက် လုချန်း,က အမြဲတမ်း အစွမ်းထက်ဆုံးသော နှင်းဝံပုလွေဘုရင် ဖြစ်သည်။
အထူးသဖြင့် မီးမျောက်ဝံဘုရင်သည် လုချန်း ပြန်ရောက်လာတာကို မြင်လိုက်ရပြီး ရင်ခုန်လွန်းလို့ ဝမ်းသာအားရဖြင့် ကပြခဲ့သည်။
ခဏအကြာတွင် ဝါးခြင်းတောင်းကြီးကို ကိုင်ဆောင်ကာ လုချန်း အနားသို့ရောက်လာသည်။
လုချန်း,သည် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး အထဲတွင် ဝိညာဉ်သစ်သီး တစ်ရာနီးပါး ရှိနေသည်ကို တွေ့လိုက်ရသည်။
ကြွယ်ဝသော သစ်သီးရနံ့သည် လန်းဆန်းစေပြီး အနံ့ခံပြီးနောက် လေထဲတွင် လွင့်မျောသွားသလို ခံစားရသည်။
ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် ဤဝိညာဉ်သစ်သီးများက သာမန်အသီးများနှင့် ကွဲပြားသည်။
၎င်းတွင် ကြီးမားသောတက်ကြွမှုနှင့် ဝိညာဉ်စွမ်းအင်များပါ၀င်သောကြောင့် ညှိုးနွမ်းစေရန်မလွယ်ကူပေ။
ခူးဆွတ်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအထိ သိမ်းဆည်းထားသော်လည်း ၎င်း၏ဆေးဖက်ဝင်ဂုဏ်သတ္တိများ မပျောက်ကွယ်သွားပေ။
ဟုတ်ပါတယ်၊ ပုပ်သွားနိုင်သော ဝိညာဉ်သစ်သီးတချို့လည်း ရှိသည်၊ ထို့ကြောင့် ဒါတွေကို ရွှာအိုဟူး နှင့် နှင်းဝံပုလွေမိဘများက ဝေမျှပေးကြသည်။
ထိုအရာအားလုံးက လုချန်း မသွားခင် တိတ်တဆိတ်သဘောတူထားသော အရာများ ဖြစ်သည်။
မဟုတ်ပါက၊ မည်သူမျှ ဝိညာဉ်သစ်သီးများကို မစားဘဲ ပုပ်သွားပါက၊ အရင်းအမြစ်များ ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။
ဒါဂုန်နှင်းတောင်ပေါ်ရှိ အရင်းအမြစ်များက အကန့်အသတ်ရှိသေးသည်။
လုချန်း,၏သဘောတူညီချက်မရှိဘဲ ရွာအိုဟူး နှင့် တခြားသားရဲများက သစ်သီးပုပ်သွားလျှင်ပင် အလွယ်တကူမစားနိုင်ကြပေ။ ဤသည်က နှင်းဝံပုလွေဘုရင်၏ အရှိန်အဝါ ဖြစ်သည်။
လုချန်း,သည် ဤဝိညာဉ်သစ်သီး ပုံကြီးကို မြင်သောအခါ သူ့မျက်လုံးများ တောက်ပသွားသည်။
ဤဝိညာဉ်သစ်သီးအားလုံးကို စားလိုက်ပါက၊ သူ့၏ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ သိသိသာသာ တိုးလာမည်ဖြစ်သည်။
“ရွာအိုဟူး၊ ငါအဝေးရောက်နေချိန်မှာ မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်”
လုချန်း,က ခေါင်းညိတ်ပြပြီး သူ့ကို လေးလေးနက်နက်ဖြင့် ကြိမ်ဖန်များစွာ ချီးမွမ်းသည်။
ထို့နောက် သူသည် ၎င်းတို့ကို တိုက်ရိုက်စားသုံးလိုက်သည်။ ခြင်းတောင်းထဲရှိ ဝိညာဉ်သစ်သီးအများစုက ပထမအဆင့်များ ဖြစ်သည်။
သို့ပေမယ့် အဆင့်က အတော်လေးနိမ့်ပေမယ့် အရေအတွက် များသည်။
လုချန်း,သည် ဤအသီးများအားလုံးကို မျိုချပြီးနောက်၊ သူ၏ ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၁၃၀,၀၀၀ အထိ တိုးလာသည်။
ယခင်က စုဆောင်းထားသော အမှတ်များနှင့်အတူ နောက်ဆုံးတွင် သူသည် အဆင့်မြှင့်တင်ရန်အတွက် လိုအပ်သော ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၂၀၀,၀၀၀ ကို စုဆောင်းနိုင်ခဲ့သည်။
လုံလောက်သော ဆင့်ကဲပြောင်းလဲခြင်း အမှတ်များကို စုဆောင်းပြီးနောက် လုချန်း,သည် မဆိုင်းမတွ အဆင့်မြှင့်ရန် ရွေးချယ်ခဲ့သည်။
ယခု သူရင်ဆိုင်နေရသော ပြိုင်ဘက်များက အားကောင်းလာပြီး ပိုအားကောင်းလာသည်နှင့်အမျှ လုချန်း,သည် ထိုသို့သော ခက်ခဲသောအချိန်များတွင် ခွန်အား၏အရေးပါမှုကို ပိုမို သဘောပေါက်လာသည်။
“ဘုန်း!”
ကြီးမားလှသော စွမ်းအားက သူ့ခန္ဓာကိုယ်ထဲတွင် ဆက်လက် တောက်လောင်နေပြီး ကြောက်မက်ဖွယ်ရာ ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းအားသည် လုချန်း,၏ အသွေးအသားကို အာဟာရဖြစ်စေသည်။
မူလကိုယ်ထည်အရွယ်အစား အလွန်ကြီးကျယ်နေပြီဖြစ်သော လုချန်း,သည် ယခုမူ အမြင့် ၂၀ မီတာကျော်အထိ ကြီးထွားလာနေပြီဖြစ်သည်။
သူ့ကို သမိုင်းမတင်မီခေတ်က ဧရာမသားရဲကြီးဟု အမှန်တကယ်ခေါ်ဆိုနိုင်သည်။
ဆင့်ကဲပြောင်းလဲပြီးနောက် ထွက်ရှိလာသော ကြီးကျယ်ခမ်းနားသော ရောင်ဝါသည် ပတ်ဝန်းကျင်ရှိ မျောက်ဝံများနှင့် နှင်းဝံပုလွေများကို အလွန်ကြောက်လန့်စေကာ သူတို့အားလုံး ခေါင်းငုံ့ထားကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏နှလုံးသားထဲတွင် ဝံပုလွေဘုရင်ကို ပို၍လေးစားလာသည်။
လုချန်း,သည် အနည်းငယ် လှည့်ပတ်ကြည့်ရာ ယခု ထိုနေရာတွင် ရပ်နေသော သူ့ပုံသဏ္ဍာန်သည် တောင်ငယ်လေးတစ်ခုလို ဖြစ်နေသည်။
သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးဖြင့် လူသားမြို့တစ်ခုတွင် ပေါ်လာပါက၊ သူတို့ ချက်ချင်းပင် ထိတ်လန့်သွားနိုင်သည်။
ခိုင်ခံသော အထပ်မြင့် အဆောက်အအုံများက သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
“အဆင့်မြင့်တင်ပြီးပြီ ဆိုတော့ အခု အရေးကြီးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ အချိန်ရောက်ပြီ!”
လုချန်း,၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထွက်ပေါ်လာသည်။
ခွမ်ပျော အုပ်စုသည် ဒါဂုန် နှင်းတောင်တစ်ခုလုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယခုတစ်ကြိမ်တွင် သူတို့က တောင်ပေါ်ရှိ သားရဲများအားလုံးကို သတ်ပစ်ချင်ခဲ့သည်။
ယခင်က သူ၏ အင်အားကြောင့် လုချန်း သည် လူသားစစ်တပ်ကြီးကို ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲခဲ့ပေ။
ယခု သူသည် နိုးထခြင်း အဆင့် (၈) ကို ရောက်ရှိနေပြီ ဖြစ်သောကြောင့် လက်စားချေရန် အချိန်တန်ပြီ ဖြစ်သည်။
ကျန်းဟောင် ပို့ပေးသောအချက်အလက်များကြောင့် လုချန်း,သည် စီချွမ်မြို့ရှိ ကေား မိသားစု၏တည်နေရာကို သိရှိထားပြီးဖြစ်သည်။
စီချွမ်မြို့,သည် ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ တိုက်ခိုက်ခြင်းကို ခုခံရန် မြင့်မားသော မြို့ရိုးများကို တည်ဆောက်ထားသည်။
သို့သော် လုချန်း,သည် ကောင်းကင်ပေါ်တွင် လျှောက်လှမ်းနိုင်သည့် စွမ်းရည်ရှိသောကြောင့် ထိုနံရံများကို လုံးလုံးလျားလျား လျစ်လျူရှုထားနိုင်သည်။
ညမိုးချုပ်လာသည်နှင့်တပြိုင်နက် လုချန်း သည် ချက်ချင်းထကာ စီချွမ် မြို့ဆီသို့ ဦးတည်သွားခဲ့သည်။
ရှေ့တစ်လှမ်းတိုးပြီးနောက် လုချန်း,၏ရုပ်သွင်က မျက်စိမှိတ်ပျောက်ကွယ်သွားကာ ဒါဂုန် နှင်းတောင်ပေါ်မှ အမြန်ထွက်ခွာသွားတော့သည်။
ဒါဂုန် နှင်းတောင် နှင့် စီချွမ်မြို့ အကြား ကျယ်ပြောလှသော လွင်ပြင်ကြီးကို လျှင်မြန်စွာ ဖြတ်ကျော်သွားသည်။
ဆယ်မီတာကျော်မြင့်ပြီး ထူထပ်သော မြို့ရိုးကြီးက လုချန်း,၏ ရှေ့တွင် ပေါ်လာသည်။
ဤမြင့်မားသောတံတိုင်းက ခေတ်ဟောင်းပုံစံရှိပြီး ရှေးဟောင်းမြို့ရိုးများနှင့် အနည်းငယ်ဆင်တူသည်။
ဤသည်မှာ ရန် နိုင်ငံတစ်ခုလုံးက သွေးမိုးရွာပြီးနောက် စတင်လိုက်သောဗျူဟာဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ မြို့တိုင်း၏ အပြင်ဘက်တံတိုင်းများက အဆက်မပြတ် ထူထပ်လာသည်။
ရက်စက်ကြမ်းကြုတ်သော သားရဲများ ဆက်လက် သန်မာလာသည်နှင့်အမျှ သူတို့၏ အရွယ်အစားများကလည်း ပိုမို ချဲ့ထွင်လာသည်ကို လူသားများက ရှာဖွေတွေ့ရှိခဲ့ကြသည်။
မူလက တည်ဆောက်ထားသည့် မြင့်မားသောမြို့ရိုးများက လုံခြုံမှုမရှိတော့ပေ။
“သတိပေးချက်!၊ သတိပေးချက်!၊ ရေဒါက ကောင်းကင်မှာ အမည်မသိ ပျံသန်းနေတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တယ်”
“သတိပေးချက်!၊ သတိပေးချက်!၊ သီးခြားပုံများကို ဖမ်းယူလို့မရပါ”
“သတိပေးချက်!၊ သတိပေးချက်!၊ လျှပ်စစ်သံလိုက်ရောင်ခြည်နဲ့ ထောက်လှမ်းခြင်းက အသုံးဝင်တဲ့ အချက်အလက်များကို ဖမ်းယူမရနိုင်ပါ”
ထိုအချိန်တွင်၊ စီချွမ်မြို့ စစ်ဌာနချုပ်၌ အချက်ပေးအသံများ ဆက်တိုက်ထွက်ပေါ်လာပြီး စစ်ဘက်ခရိုင်တစ်ခုလုံး ဆူညံသွားခဲ့သည်။
အနီရောင် အချက်ပြမီးလုံးများ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသဖြင့် တင်းမာနေပြီဖြစ်သော လေထုကို ပို၍ လေးနက်စေသည်။
အဆင့်မြင့်အရာရှိ တော်တော်များများက ယခုအချိန်တွင် ရှုပ်ထွေးနေပြီး ဘာဖြစ်ခဲ့သလဲဆိုသည်ကို အတိအကျ မသိရသေးပေ။
စီချွမ်မြို့၌ ကာကွယ်ရေးလုပ်ငန်းများကို ယခုအချိန်တွင် တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပြီဖြစ်သည်။
သို့သော်လည်း စောင့်ကြည့်ရေးနည်းလမ်းများက ပုံမှန်အတိုင်းရှိနေဆဲဖြစ်သည်။
အခြေေခံ ရှာဖွေရေးကိရိယာဖြင့် အပူမထုတ်ဘဲ၊ ပျံသန်းနိုင်ပြီး မမြင်နိုင်သော ဧရာမဝံပုလွေတစ်ကောင်ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
ဂရုတစိုက် စုံစမ်းသော်လည်း ရလဒ်များထွက်မလာဘဲ ရေဒါစောင့်ကြည့်ခြင်း သို့မဟုတ် အမြင်အာရုံခွဲခြားခြင်းတို့ဖြင့် ပြဿနာတစ်စုံတစ်ရာကိုမျှ မတွေ့ရှိခဲ့ပေ။
စီချွမ်မြို့၏ အရာရှိများက စက်ပစ္စည်းကိရိယာတစ်ခုခု မှားယွင်းနေပြီဟု ထင်သွားကြသည်။
ဤအခိုက်တွင် စီချွမ်မြို့၏အရာရှိများက သူတို့၏ပစ္စည်းများကိုစစ်ဆေးနေချိန်တွင် လုချန်း,သည် စီချွမ်မြို့ အထက်လေထဲတွင် ရောက်ရှိနေပြီဖြစ်သည်။
များမကြာမီ လုချန်း,သည် စီချွမ်မြို့၏ အရှေ့ဘက် ဧရိယာကို ရောက်ရှိလာပြီးနောက် ခွမ်ပျော အဖွဲ့အစည်းကို ကိုယ်စားပြုသည့် စီးပွားရေး အဆောက်အအုံကို သတိပြုမိခဲ့သည်။
ဤအဆောက်အဦး၏ မနီးမဝေးတွင် အလွန်ကြီးမားသော အရပ်ဘက်စစ်တပ် စက်ရုံတစ်ခုရှိသည်။
ယခင်က ဒါဂုန် နှင်းတောင်သို့မောင်းနှင်လာခဲ့သော သံချပ်ကာယာဉ်များကို ဤစက်ရုံမှ ထုတ်လုပ်ခဲ့သည်။
လုချန်း,၏ ရေခဲပြာမျက်လုံးများက စူးရှသွားပြီး အဆောက်အဦး၏ ခေါင်မိုးအပေါ်ရှိကွင်းပြင်တွင် အရွယ်ရောက်လူတစ်ဦး ရပ်နေသည်ကို သူတွေ့လိုက်ရသည်။
ကျန်းဟောင် ပေးပို့သောအချက်အလက်များအရ၊ ဤလူသည် ရန် နိုင်ငံသို့ မကြာသေးမီကမှပြန်ရောက်လာခဲ့သော ကေားချန်ရှင်း ဖြစ်သည်။
ထိုအချိန်တွင် လုချန်း,သည် အင်္ကျီဖြူဝတ်ထားသော အဘိုးအိုတစ်ဦးက အဆောက်အဦးမှ ထွက်လာပြီး ကေားချန်ရှင်း ထံသို့ ရောက်လာသည်ကို သတိပြုမိလိုက်သည်။ သူ့ပုံစံက သိပ္ပံသုတေသီတစ်ယောက်နှင့် ဆင်တူသည်။
“သူဌေး ကေား၊ မင်းငါ့ကိုစမ်းသပ်ခိုင်းတဲ့ လက်နက်အတွက် မင်းရဲ့မျှော်လင့်ချက်အတိုင်း ငါ အခုထုတ်လုပ်နိုင်လိုက်ပြီ”
“ဒါပေမယ့် သတိထားဖို့ အကြံပေးချင်ပါတယ်... ဒီလက်နက်က ကြီးမားတဲ့ သက်ရောက်မှုရှိပြီး အရမ်းအစွမ်းထက်တယ်”
ဆံပင်ဖြူ အဘိုးအိုသည် ကေား မိသားစု၊ လက်နက်ထုတ်လုပ်ခြင်း သုတေသန၏ တာဝန်ရှိသော ဒေါက်တာ ချင် ဖြစ်သည်။
ထိုအခိုက်တွင် ဒေါက်တာ ချင် ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ရှိနေသည်။
“သူဌေး ကေား၊ ဒီလက်နက်ရဲ့ စွမ်းအားက မင်းစိတ်ကူးထားတာထက် ကျော်လွန်နေတယ်ဆိုတာ ငါမင်းကို သတိပေးရဦးမယ်”
“ဒီလက်နက်ကို လွှတ်ပြီးတာနဲ့ မင်းရဲ့ ကေား မိသားစုက မြို့တော်သခင်ရဲ့ အပြစ်ပေးမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
“သက်ရောက်မှုက အရမ်းကြီးရင် အင်ပါယာမြို့တော်ကတောင် မင်းကို အရေးယူလိမ့်မယ်”
“အကျိုးဆက်တွေက အရမ်းပြင်းထန်တာမို့ သတိထားရမယ်...”
လက်နက်ကို ထုတ်လုပ်သူအနေဖြင့် ဒေါက်တာ ချင်,သည် ဤလက်နက်က မည်မျှထိတ်လန့်စရာကောင်းသည်ကို သိထားသည်။
ထိုအရာက ငရဲတံခါးနှင့် တူညီသည်၊ ဖွင့်လိုက်သည်နှင့် နောက်ဆက်တွဲဆိုးကျိုးများက မှန်းဆ၍ပင် မရပေ။
“စိတ်မပူပါနဲ့ ဒေါက်တာ ချင်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်ရှိတယ်၊ မင်း စိုးရိမ်စရာ မလိုဘူး”
ဒါကိုကြားပြီး ကေားချန်ရှင်း,က ပေါ့ပေါ့ပါးပါးဖြင့် ခေါင်းညိတ်ပြီး ပြောသည်။
ဒေါက်တာ ချင်,က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး အဝေးထိန်းခလုတ်ကို ထုတ်ကာ ကေားချန်ရှင်း,ကို ပေးအပ်လိုက်သည်။
“ဒါက လက်နက်ရဲ့ အဝေးထိန်းခလုတ်ပဲ၊ အဲဒါကို နှိပ်လိုက်ရုံနဲ့ ဒီလက်နက်က ဒါဂုန် နှင်းတောင်ထိပ်ဆီကို လွှတ်တင်လိမ့်မယ်”
ဒါကိုကြားပြီး လုချန်း,၏ မျက်လုံးများက ချက်ချင်းပင် အေးစက်သွားသည်။
နှင်းတောင်တန်းကို ဖောက်ခွဲရန်အတွက် ထိုလျှို့ဝှက်ဆန်းကြယ်လက်နက်ကိုပင် အသုံးပြုသော ကေားချန်ရှင်း,က ဤမျှရူးသွပ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
ထို့နောက်တွင်၊ လုချန်း,သည် ခေါင်မိုးပေါ်မှ အဆင့်မြင့်တရားဝင် ၀တ်စုံများ ဝတ်ဆင်ထားသည့် လူများစွာကို တွေ့လိုက်ရသည်။
ယခုတစ်ကြိမ်တွင် ကေားချန်ချင်း,၏ ဖိတ်ကြားချက်အရ ဒါဂုန် နှင်းတောင်တွင်ဖြစ်ပေါ်လာမည့် မီးခိုးတိမ်တိုက်ကို ကြည့်ရှူရန် ရောက်လာခဲ့ကြခြင်းဖြစ်သည်။
လုချန်း,သည် ဤစကားများကိုကြားလိုက်ရသည့်အတွက် ဒေါသတကြီးဖြစ်ကာ အေးစက်သော ရေခဲစွမ်းအားကို ချက်ချင်းထုတ်လွှတ်လိုက်သည်။
ကေားချန်ရှင်း နှင့် ခေါင်မိုးပြင်ပေါ်ရှိ အခြားလူများက တုံ့ပြန်ရန် အခွင့်အရေးပင်မရှိခဲ့ဘဲ ချက်ချင်းသေဆုံးသွားကြသည်။
သို့သော်လည်း လုချန်း,သည် ယခုတိုက်ခိုက်မှုကို စတင်လိုက်ပြီဖြစ်သောကြောင့် သူ၏ခန္ဓာကိုယ်က ချက်ချင်းပင် ထင်ပေါ်သွားသည်။
စီချွမ်မြို့သည် ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် ကမ္ဘာကြီး၏ပြောင်းလဲမှုများကြောင့် ထိခိုက်မှုမရှိခဲ့ပေ။
ညဥ့်နက်နေလျှင်ပင် မြို့ထဲတွင် လမ်းသွားလမ်းလာများက အလွန်များပြားစွာ ရှိနေကြဆဲ ဖြစ်သည်။
လုချန်း,၏ကြီးမားသောခန္ဓာကိုယ်ကို မြို့သူမြို့သားအများအပြားက ချက်ချင်းပင် သတိပြုမိလိုက်ကြသည်။
ရုတ်တရက် ကြောက်လန့်တကြား အော်ဟစ်သံများထွက်ပေါ်လာပြီး မြို့ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။
ဤမျှကြီးမားသော သားရဲကြီးက မြို့၏အထက်တွင် ရုတ်တရက်ပေါ်လာသောကြောင့် မကြောက်လန့်ဘဲနေရန်မှာ မဖြစ်နိုင်ပေ။
“အို ဘုရားရေ၊ ကြည့်စမ်း၊ ကောင်းကင်မှာ ဧရာမဝံပုလွေတစ်ကောင် ရှိနေတယ်”
“အို ဘုရား၊ ဒီဝံပုလွေက ကြီးလွန်းတယ်၊ သယ်ယူပို့ ဆောင်ရေး လေယာဉ်တောင် ဒီလောက်မကြီးဘူး!”
“ဒါက အစစ်လား၊ ဒါမှမဟုတ် ဒါက အသစ်ပေါ်လာတဲ့ နည်းပညာတစ်မျိုးလား၊ ဒါက ကြောက်စရာကောင်းလွန်းတယ်”
“ဒီဝံပုလွေက ကောင်းကင်ပေါ်မှာရှိနေတယ်၊ ဒါက မဖြစ်နိုင်တဲ့ ကိစ္စကြီးဟ!”
လုချန်း ကိုမြင်ပြီးနောက်တွင် မြို့တွင်း၌ ကမောက်ကမဖြစ်ကာ ယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်ပွားနေသည်။
သို့သော်လည်း မိုဘိုင်းလ်ဖုန်းများဖြင့် ဓာတ်ပုံရိုက်သော စူးစမ်းလိုစိတ်ရှိသူများစွာ ရှိနေဆဲဖြစ်သည်။
မြို့ထဲတွင် ဧရာမဝံပုလွေကြီး ပေါ်လာသည့် သတင်းက မြို့သခင် စံအိမ်ကို ရောက်သွားပြီး စီချွမ်မြို့သခင်က အလွန်အံ့အားသင့်သွားသည်။
စီချွမ်မြို့၏ တင်းကျပ်သော ကာကွယ်ရေးအောက်တွင် ဧရာမဝံပုလွေတစ်ကောင် တိတ်တဆိတ် ပေါ်လာလိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့မိပေ။
ဤသားရဲသည် မြင့်မားသောမြို့ရိုးများကိုဖြတ်ကျော်ကာ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးရေဒါများနှင့် လျှပ်စစ်သံလိုက်ရောင်ခြည်များကို ရှောင်တိမ်းပြီး သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ မြို့လယ်ဧရိယာတွင် ထွက်ပေါ်လာခဲ့သည်။
အကယ်၍ ဤသားရဲသည် မြို့လယ်ခေါင်တွင် သတ်ဖြတ်မှုများကို ပြုလုပ်မည်ဆိုပါက အကျိုးဆက်များက မတွေးရဲစရာပင် ဖြစ်သည်။
အင်ပါယာမြို့တော်ရှိ ထိပ်တန်းအရာရှိများ ဤအကြောင်းကို သိပါက၊ သူအား တာဝန်ပျက်ကွက်မှုဖြင့် စွဲချက်တင်မည်မှာ သေချာသည်။
ထိုအချိန်တွင် သူသည် မြို့သခင်ရာထူးကို ဆုံးရှုံးရမည်ဆိုလျှင်ပင် ဤအပြစ်ဒဏ်က ပေါ့လျော့သည်ဟု ဆိုရမည်ဖြစ်သည်။
ဖူဟိုင်,က ဒါကို တွေးမိပြီး ဦးရေပြားများ ယားယံလာသည်ကို ခံစားလိုက်ရသည်။
“မြန်မြန်၊ အရေးပေါ်သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်၊ အမှုထမ်းတွေအားလုံး ဒီဧရာမဝံပုလွေကို တတ်နိုင်သမျှ အမြန်သုတ်သင်ပြီး မြို့သူမြို့သားတွေကို ကာကွယ်ပေးရမယ်!”
ဖူဟိုင်,သည် လှုပ်ရှားမှုစတင်ရန်အတွက်၊ ဝိညာဉ်စွမ်းအင် ပြန်လည်ရှင်သန်လာပြီးနောက် နိုးထလာသူများ အပါအဝင် စီချွမ်မြို့ အနီးရှိ စစ်တပ်နှင့် လက်နက်ကိုင်များကို အရေးပေါ် စည်းရုံးရန် အမိန့်ပေးလိုက်သည်။