← Chapters

“ဒေါက်တာ ချင်၊ စမ်းသပ်မှုရလဒ်က ဘယ်လိုရှိလဲ”

Vol. 7 Ch. 95

“ဒေါက်တာ ချင်၊ စမ်းသပ်မှုရလဒ်က ဘယ်လိုရှိလဲ”

Vol. 7 Ch. 95

ဒါဂုန် နှင်းတောင်သည် အလွန်ကြီးမားသောကြောင့် ခွမ်ပျော အဖွဲ့၏ တပ်များချည်းသာ တောင်တစ်ခုလုံးကို ဝန်းရံရန် မလုံလောက်ပေ။

ထို့ကြောင့် ပိုက်ထဲတွင် ငါးများ ခုန်ထွက်ခြင်းကို တားဆီးရန်အတွက် ကောချန်ရှင်း သည် သူတို့ကို ဦးစွာ မောင်းထုတ်ရန်အတွက် အမြောက်လက်နက်များ အသုံးပြုရန် စီစဉ်ခဲ့သည်။

တောင်ပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲအားလုံးကို တောင်စောင်း သို့မဟုတ် တောင်ထိပ်သို့ မောင်းထုတ်ပြီးနောက် တစ်စုတစ်စည်းတည်း ရှိနေသောနေရာကို ဗုံးကြဲချမည်မည် ဖြစ်သည်။

အစ်ကိုကြီးနှင့် သူ့မိသားစုအားလုံးက ဤနှင်းတောင်ပေါ်တွင် သေဆုံးခဲ့ကြသည်။ ယခုအချိန်တွင် ကေားချန်ရှင်း,သည် ဤနှင်းတောင်ပေါ်ရှိ သားရဲများအားလုံးကို သူတို့၏ အသက်နှင့် ပေးဆပ်ရန်သာ အလိုရှိသည်။

ဤအခိုက်တွင် နှင်းဖုံးနေသောတောင်တန်းပေါ်တွင် ဗုံးများကိုကျဲချကာ ကြီးမားသောပေါက်ကွဲမှုများဖြစ်ပေါ်နေသည်။

မူလက တိတ်ဆိတ်နေသော နှင်းတောင်တန်းသည် ယခုအခါ ပေါက်ကွဲသံများဖြင့် ပြည့်နှက်နေသည်။

ထူထဲသော အနက်ရောင် မီးခိုးများက ဤအချိန်၌ နှင်းတောင်တန်း အနှံ့ပျံ့နှံ့နေပြီး ၎င်းသည် ပျက်ဆီးခြင်း၏ နိမိတ်လက္ခဏာ ဖြစ်သည်။

လူသားတို့၏ အစွမ်းထက်သော အမြောက်များအောက်တွင် နှင်း တောင်တန်းပင် တုန်ခါနေသည်။

“သခင်၊ မကောင်း‌တော့ဘူး!၊ စီချွမ်မြို့ က လူတွေ ဒါဂုန် နှင်းတောင်ကို စပြီး ဗုံးကြဲနေပြီ!”

ယခုအချိန်တွင် လုချန်း,သည် လူသားသုံးဦးနှင့် ဝိညာဉ်ရေးစာချုပ်များ ချုပ်ဆိုထားသည်။

တစ်ယောက်က စီချွမ် မြို့၏ စစ်တပ်ထဲတွင် ရောနှောနေသော ကျန်းဟောင် ဖြစ်ပြီး၊ ကျန်နှစ်ယောက်မှာ နှင်းဝံပုလွေမျိုးနွယ်၏ လေကြောင်းရန်ကာကွယ်ရေးအတွက် မြေအောက်လှိုင်ဂူ တည်ဆောက်ရာတွင် ကူညီပေးနေသော လီရှန်း နှင့် ရှောင်ယန်,သည် သူ၏ထူးခြားသော အာရုံခံနိုင်စွမ်းကို အသုံးပြု၍ ဒါဂုန် နှင်းတောင်ခြေတွင် ကင်းလှည့်နေသည်။

ယခုအချိန်တွင် ရှောင်ယန်,သည် လုချန်း ၏ညွှန်ကြားချက်အတိုင်း နှင်းတောင်ခြေတွင် ကင်းလှည့်နေပြီး လုချန်း,ကို သတင်းပို့နေသည်။

လုချန်း,ကိုသတင်းပို့ပြီးနောက်၊ ရွာအိုဟူး နှင့် နှင်းဝံပုလွေမိဘများသည် မြေအောက်နန်းတော်တွင် ပုန်းအောင်းရန် မျိုးနွယ်စုကြီးနှစ်ခုကို စည်းရုံးခဲ့သည်။

လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ကြားနေသောကြောင့် မျောက်ဝံမျိုးနွယ်နှင့် ဝံပုလွေမျိုးနွယ်စုနှစ်ခုစလုံးက အလွန်ထိတ်လန့်နေကြသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့်၊ မီးမျောက်ဝံဘုရင်နှင့် နှင်းဝံပုလွေဘုရင်ဟောင်း တို့က ဤနေရာတွင် ရှိနေကြသည်။

နှင်းဝံပုလွေဘုရင်ဟောင်းသည် သူ့၏ခွန်အားပြန်လည်ရရှိပြီးနောက် မျိုးနွယ်စုကြားတွင် အလွန်ဂုဏ်သိက္ခာမြင့်မားခဲ့သည်။

လုချန်း အဝေးသို့ရောက်နေချိန်အတွင်း သူ့ဖခင်ဖြစ်သူ ဝံပုလွေဘုရင်ဟောင်းက သူ့ကိုယ်စား ဝံပုလွေအဖွဲ့ကို တာဝန်ယူပေးခဲ့သည်။

ယခုအချိန်တွင် နှစ်ဖက်စလုံးက အချင်းချင်းပူးပေါင်းဆောင်ရွက်နေကြပြီး များမကြာမီ သူတို့အားလုံး မြေအောက် လှိုင်ဂူထဲသို့ ရောက်ရှိသွားကြသည်။

အမြောက်ပစ်ခတ်မှု အလွန်ပြင်းထန်သော်လည်း ကေားချန်ရှင်း,သည် ယခုတွင် သူတို့အား မောင်းထုတ်ရန်သာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မျောက်ဝံမျိုးနွယ်နှင့် နှင်းဝံပုလွေမျိုးနွယ်စု၏ စုဝေးရာနေရာများကို သူတို့ မသိရသေးသောကြောင့် မျိုးနွယ်စုကြီးနှစ်ခုစလုံးတွင် ထိခိုက်ဒဏ်ရာများ မရရှိခဲ့ပေ။

မီးမျောက်ဝံဘုရင်သည် မြေစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် လီရှန်းနှင့် အတူရှိနေသည်။

လုချန်း,၏ ညွှန်ကြားချက်ကို လိုက်နာပြီး သူတို့ တည်ဆောက်ခဲ့သော မြေအောက်လှိုဏ်ဂူများသည် ယခုအခါ လိုချင်သည့်ပုံသဏ္ဍာန်အတိုင်း ပြောင်းလဲလာခဲ့သည်။

တောင်ကြီးတစ်ခုလုံး မဖျက်ဆီးသရွေ့၊ လူသားများက S-အတန်းအစား လက်နက်ကြီးများကို အသုံးမပြုသရွေ့၊မြေအောက်လှိုဏ်ဂူ၌ ပုန်းအောင်းနေသူများက ထိခိုက်မည်မဟုတ်ပေ။

အပြင်ဘက်က ပေါက်ကွဲသံများကို နားထောင်ရင်း မြေအောက်လှိုဏ်ဂူထဲမှ သားရဲများက အလွန်ထိတ်လန့်နေကြသည်။

သိပ်မကြာခင်တွင် ခွမ်ပျော အုပ်စုက ပစ်ခတ်မှုများ ရပ်ဆဲသွားသည်။

ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် တောင်တန်းထဲတွင် မီးခိုးများဖြင့် ပြည့်နှက်နေသည်။

“ဘွန်းး!”

အသံနှင့်အတူ သံချပ်ကာယာဉ်များ တောင်ပေါ်သို့ တက်လာသည်။

ရဟတ်ယာဉ်များသည် ပျံသန်းမှုပုံစံဖြင့် ဝေဟင်၌ ထောက်လှမ်းမှုများ ပြုလုပ်နေသည်။

သံချပ်ကာယာဉ် အစီးနှစ်ဆယ်သည် တောင်ပေါ်သို့ ပြင်းထန်စွာ မောင်းနှင်လာသည်။

ဤအခိုက်အတန့်တွင်၊ ခွမ်ပျော အဖွဲ့၏ အနေအထားသည် ဒါဂုန် နှင်းတောင်ရှိ သားရဲအားလုံးကို သုတ်သင်ပစ်တော့မည်ကို ရှင်းရှင်းလင်းလင်းပြသနေသည်။

ကေားချန်ရှင်း,သည် သူ့အစ်ကို၏ သင်ခန်းစာမှ သင်ယူခဲ့ပြီး ယခုတစ်ကြိမ်တွင် ဤအဖွဲ့များနှင့်အတူ မလိုက်လာခဲ့ပေ။

ယင်းအစား၊ သူသည် စီချွမ်မြို့ တွင်နေခဲ့ပြီး သူ့လက်ထဲမှ ကွန်ပြူတာမှတစ်ဆင့် အဖြစ်အပျက်များကို အဝေးမှတိုက်ရိုက်ကြည့်နေသည်။

ဗုံးမိုးများရွာကျနေသော နှင်းတောင်တန်းကို ကြည့်ရင်း သူ့ပါးစပ်ထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။

ဤအရာက သူ့လက်စားချေမှု၏ ပထမခြေလှမ်း ဖြစ်သည်။

သို့သော်၊ ခွမ်ပျော အုပ်စု၏တပ်များက တောင်စောင်းအနီးသို့ ရောက်ရှိလာသောအခါတွင် သူတို့သည် နှင်းဝံပုလွေများ၏ အရိပ်အယောင်ကို မတွေ့ရှိရသေးပေ။

ရဟတ်ယာဉ် အစီးနှစ်ဆယ်သည် လေထဲတွင် အချိန်အတော်ကြာ လှည့်ပတ်နေသော်လည်း မည်သည့် သက်ရှိသတ္တဝါကိုမျှ မတွေ့ခဲ့ရပေ။

ယခင်က လေယာဉ်များကို ပစ်ချနိုင်သည့် နှင်းတောင်ပေါ်တွင် အမည်မသိ သားရဲအချို့ ရှိခဲ့သော်လည်း ယခုအခါတွင် မည်သည့် လှုပ်ရှားမှုကိုမျှ မတွေ့ရပေ။

ကေားချန်ရှင်း,၏ အမိန့်ဖြင့် ရဟတ်ယာဉ်များသည် အခြေအနေကို စစ်ဆေးရန် တောင်ထိပ်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

လူတိုင်း၏ စူးစမ်းလေ့လာချက်အရ သားရဲများစွာသည် နှင်းတောင်ပေါ်တွင် ပြေးလွှားနေကြသည်။

အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် သားရဲအများအပြား သေဆုံးခဲ့ကြသော်လည်း ငွေဖြူနှင်းဝံပုလွေများ၏ အရိပ်အယောင်များကို မတွေ့ရပေ။

နှင်းတောင်တန်းပေါ်တွင် အချိန်အတော်ကြာပျံသန်းခဲ့ကြသော်လည်း လေယာဉ်မှူးများက နှင်းဝံပုလွေများ၏ အလောင်းကို မတွေ့ခဲကြပေ။

“သတင်းပေးပို့ပါတယ်! နှင်းဝံပုလွေများကို တောင်ထိပ်မှာ မတွေ့ရပါ!”

အကြိမ်ကြိမ်ရှာဖွေပြီးနောက် ရဟတ်ယာဉ်ပေါ်ရှိ ရှာဖွေရေးအဖွဲ့မှ ရလဒ်များကို ကေားချန်ရှင်း ထံသို့ သတင်းပို့ခဲ့သည်။

“မဖြစ်နိုင်ဘူး!”

“အဲဒီတောင်ပေါ်မှာ နှင်းဝံပုလွေတွေ အများကြီးရှိတယ်၊ တခြားနေရာတွေဆီ ပြေးသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ဘယ်လိုဖြစ်လို့ နှင်းဝံပုလွေတစ်ကောင်မှ မရှိရတာလဲ”

ရှာဖွေရေးအဖွဲ့မှ ပေးပို့သောသတင်းကိုကြားပြီးနောက်၊ ကေားချန်ရှင်း,သည် မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ရှာဖွေရေးအဖွဲ့မှ နောက်ထပ် အစီရင်ခံစာတစ်ခု ပေးပို့လာသည်။

“သူဌေး ကေား၊ တောင်ထိပ်နားက နည်းနည်းထူးဆန်းတဲ့ လှိုဏ်ဂူတချို့ကို ကျွန်တော်တို့တွေ့ခဲ့တယ်”

“ဒီကောင်တွေ ဂူထဲမှာ ပုန်းနေတာ ဖြစ်နိုင်တယ်”

“ဒီဂူပေါက်တွေက အရမ်းကျယ်တယ်လို့ ကျွန်တော်တို့ပြောနိုင်တယ်၊ ဒီသားရဲကြီးတွေရဲ့ ဖြတ်သန်းမှုကို လွယ်ကူချောမွေ့အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်နိုင်တယ်”

သူ့လက်အောက်ငယ်သားများ၏စကားကိုကြားပြီးနောက်၊ ကေားချန်ရှင်း,၏ မျက်လုံးများ တောက်ပသွားပြီး “သွား! ဒီဂူတွေကို ဖောက်ခွဲပစ်လိုက်!”

ကေားချန်ရှင်း,၏ အမိန့်ဖြင့်၊ လေယာဉ်များသည် ချက်ချင်း ဦးတည်ချက်ပြောင်းပြီး ဂူဝင်ပေါက်ကို ဗုံးကြဲလေတော့သည်။

“ဘုန်း! ဘုန်း! ဘုန်း!”

အမြောက်များနှင့် ဗုံးအများအပြားက ဤဂူပေါက်ဝသို့ တိကျစွာထိမှန်ခဲ့သည်။

ပြင်းထန်သော ပေါက်ကွဲသံများနှင့် မီးတောက်များကြားတွင် ဂူဝင်ပေါက်များက တစ်ခုပြီးတစ်ခု ပြိုကျပျက်ဆီးသွားခဲ့သည်။

သို့သော်၊ သူတို့ ဘယ်သောအခါမှ စိတ်ကူးမယဉ်ခဲ့သည့်အချက်မှာ မြေအောက် လှိုဏ်ဂူ ဝင်ပေါက်ကို သားရဲများကိုယ်တိုင်က တည်ဆောက်ထားခဲ့ခြင်းမဟုတ်ခဲ့ပေ။

လီရှန်း,သည် လုချန်းနှင့် ဝိညာဉ်စာချုပ်ကို ချုပ်ဆိုခဲ့ပြီးနောက် လုချန်း၏အမိန့်ကို အကြွင်းမဲ့ နာခံခဲ့သည်။

ထို့ကြောင့် ဆောက်လုပ်ရေးအစမှာ သူက ဗုံးကြဲခံရနိုင်ခြေကို တွေးထားပြီးသား ဖြစ်သောကြောင့် လှိုဏ်ဂူကို အကွေ့အကောက်များဖြင့် ဆောက်လုပ်ခဲ့သည်။

ဝင်ပေါက်ကို တိုက်ရိုက် ဗုံးကြဲချလျှင်ပင် မြေအောက်လှိုဏ်ဂူ၏ အတွင်းပိုင်းကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် အဆိုပါ ဝင်အပေါက်များက ဗုံးကြဲမှုအောက်တွင် ပြိုကျသွားခဲ့သည်။

မီတာရာနှင့်ချီနက်သော မြေအောက်လှိုဏ်ဂူသည် ပေါက်ကွဲမှုကြောင့် အနည်းငယ်လှုပ်ခတ်သွားခြင်းမှလွဲ၍ အလွန်တည်ငြိမ်နေဆဲဖြစ်ပြီး ပင်မအခြေခံအုပ်မြစ်ကို လုံးဝမထိခိုက်စေနိုင်ပေ။

“သေစမ်း၊ မင်းတို့ ခွမ်ပျော အုပ်စုက ငါ့ကို ထပ်ပြီး စော်ကားနေတာပဲ”

ရူးသွပ်ခြင်းစွမ်းရည်နှင့် လေအလျင်စွမ်းရည်ကြောင့် လုချန်း,သည် နောက်ဆုံးတွင် ဒါဂုန် နှင်းတောင်သို့ အမြန်ပြန်ရောက်လာခဲ့သည်။

တောင်ပေါ်မှ ပေါက်ကွဲသံများကိုကြားလိုက်ပြီးနောက် လုချန်း အလွန်ဒေါသထွက်ကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်က ပုံဖော်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။

ဒေါသကြောင့် သူ့မျက်လုံးများက သွေးရောင်လွှမ်းသွားသည်။

နှင်းတောင်တန်းကို ရောက်ပြီးနောက်တွင် လုချန်း,သည် သူ့၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို အသုံးပြုပြီး အဆက်မပြတ် ပစ်ခတ်နေဆဲဖြစ်သော ဤသံချပ်ကာယာဉ်များကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။

ဤသံချပ်ကာခြေရာခံယာဉ်များက ခေတ်မီလူသားနည်းပညာများဖြင့် ပြုလုပ်ထားပြီး စိန်ကဲ့သို့ မာကျောသော ခံတပ်ကြီးများနှင့်တူသည်။

သို့သော် နိုးထခြင်းအဆင့် (၇) ရှိ လုချန်း ၏ရှေ့တွင် ထိုအရာများက ကစားစရာအရုပ်များကဲ့သို့ ဖြစ်နေသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

ကြီးမားသောကိုယ်ထည်ဖြင့်၊ သူသည် ဤသံချပ်ကာယာဉ်များကို ခြေထောက်တစ်ချောင်းတည်းဖြင့် ချေမှုန်းနိုင်သည်။

လုချန်း,သည် တခဏချင်းပင် သံချပ်ကာယဉ်အစီး ၂၀ လုံးကို ဖျက်ဆီးပစ်လိုက်သည်။

လုချန်း, ယခုအခါတွင် အလွန်အစွမ်းထက်နေပြီဖြစ်သည်။ ဤသံချပ်ကာယာဉ်အရေအတွက်က ယခင်ကထက် ပိုမိုများပြားနေသော်လည်း၊ ၎င်းတို့က လုချန်း,ကို မည်သည့်ခြိမ်းခြောက်မှုမှ မပြုလုပ်နိုင်ပေ။

“ဝူဗာလင်၊ မင်းပြန်လာမယ်လို့ ငါမထင်ထားဘူး!”

“ကောင်းပြီ၊ ဒီလိုဆိုမှတော့ ဒီနေ့က မင်းသေမဲ့နေ့ပဲ”

တိုက်ရိုက်ရိုက်ကူးနေသည့်ဗီဒီယိုကိုကြည့်နေသော ကေားချန်ရှင်း,သည် လုချန်း,ကို မြင်ပြီး ချက်ချင်းပင် ဒေါသထွက်သွားသည်။

ကေားချန်ရှင်း ၏အမိန့်ဖြင့်၊ ကောင်းကင်မှလေယာဉ်များသည် လုချန်း,ကိုပစ်ခတ်ရန် ချက်ချင်းပင် လုပ်ဆောင်လိုက်သည်။

ရဟတ်ယာဉ်ပေါ်တွင် ချိတ်ဆွဲထားသော ဒုံးကျည်များဖြင့် လုချန်း,ကို စတင် ပစ်ခတ်တော့သည်။

ဒုံးကျည်များက ထူထပ်သော ကန့်လန့်ကာကြီးကဲ့သို့ လုချန်း,ကို ဖုံးအုပ်တော့မည်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် လုချန်း ရှောင်တိမ်းရန် ခဲယဉ်းသည်။

“ဘုန်း! ဘုန်း! ဘုန်း!”

ပေါက်ကွဲသံများထွက်ပေါ်ပြီးနောက် ဆက်လက်၍ မီးတောက်များ ထွက်လာပြီး မီးခိုးများက လေထဲတွင် ပြည့်နှက်သွားသည်။

သို့သော်လည်း ပေါက်ကွဲမှု၏ အလယ်ဗဟိုတွင်ရှိနေသည့် လုချန်း,သည် လေပြင်းတစ်ချက်တိုက်မှုနှင့်အတူ လူတိုင်းရှေ့တွင် ပြန်ပေါ်လာသည်။

ဤကဲ့သို့ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း လုချန်း,တွင် မည်သည့်ထိခိုက်ဒဏ်ရာများ မရှိပေ။

ထို့နောက် လုချန်း,သည် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သော သူ၏ရေခဲစွမ်းရည်ကို အသက်သွင်းကာ သူ့ရှေ့တွင် မရေမတွက်နိုင်သော ရေခဲတုံးများ စုစည်းလာသည်။

ဤရေခဲတုံးများသည် ဝေဟင်အလယ်၌ လေယာဉ်များထံသို့ ဝင်ရောက်သွားပြီး ဤမြင်ကွင်းက လူများစွာကို ချက်ချင်း ထိတ်လန့်စေခဲ့သည်။

လေယာဉ်အချို့မှာ တိုက်ရိုက်ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။

အမှန်တွင်၊ သူတို့က အလုပ်သမားများသာဖြစ်ကြပြီး ကေား မိသားစုအတွက် အသေခံတိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိပေ။

“သေစမ်း!၊ သေစမ်း!”

ရေခဲတုံးများက နေရာတိုင်းသို့ ပျံဝဲသွားပြီးနောက် ကေားချန်ရှင်း,၏အရှေ့မှ ပုံရိပ်များသည်လည်း ချက်ချင်းပျောက်ကွယ်သွားသည်။ လုချန်း,က ဤလေယာဉ်များကိုဖျက်ဆီးပစ်လိုက်ကြောင်း ထင်ရှားသည်။

ကေားချန်ရှင်း အလွန်ဒေါသထွက်နေပြီး အဖြူရောင်အင်္ကျီဝတ်ထားသော အဖိုးအိုတစ်ဦးကို ခေါ်လိုက်သည်။

“ဒေါက်တာ ချင်၊ စမ်းသပ်မှုရလဒ်က ဘယ်လိုရှိလဲ”

ဒေါက်တာ ချင်,သည် လက်နက်ထုတ်လုပ်သူဖြစ်ပြီး ခရုဇ်ဒုံးကျည်များကို ပင် ထုတ်လုပ်နိုင်သည်ဟု ဆိုသည်။

“သူဌေး ကေား၊ ငါတို့ ဒီည ထုတ်လုပ်လို့ရပေမယ့်...”

“ကောင်းတယ်၊ အရမ်းကောင်းတယ်၊ လက်နက်တွေကိုပဲဆက်ထုတ်၊ ကျန်တာ ငါ့တာဝန်ထား!”

ဒေါက်တာ ချင်,၏ ဖြေကြားချက်ကို ကြားပြီးနောက် ကေားချန်ရှင်း,က အလွန်ဝမ်းမြောက်သွားခဲ့သည်။

………………

လုချန်း,သည် တောင်ထိပ်သို့သွားရောက်ပြီး မြေကြီးကို စတင်တူးနေပြီဖြစ်သည်။

မြေအောက်လှိုဏ်ဂူဝင်ပေါက်က ပြိုကျသွားပြီဖြစ်သောကြောင့် အတွင်းမှ သားရဲများက အပြင်သို့မထွက်နိုင်ပေ။

ကံကောင်းထောက်မစွာဖြင့်၊ မီးမျောက်ဝံဘုရင်၊ လီရှန်းနှင့် အခြားသားရဲများကလည်း မြေကြီးကို အစွမ်းကုန် တူးဖော်ခဲ့ကြသည်။

ထူးခြားသော မြေစွမ်းရည်၏ အကူအညီဖြင့် မြေအောက် လှိုဏ်ဂူ လမ်းကြောင်းကို မိနစ်အနည်းငယ်အတွင်းတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

လုချန်း,သည် နှင်းဝံပုလွေမိဘများ လုံခြုံပြီး မည်သည့်ထိခိုက်ဒဏ်ရာမှမရှိသည်ကို တွေ့လိုက်ရသောအခါ စိတ်သက်သာရာရသွားသည်။

သို့သော် လုချန်း တစ်ကိုယ်တည်း ပြန်ရောက်လာပြီး ရှောင်ပိုင်,၏ အရိပ်အယောင်ကို မတွေ့ရသောကြောင့် နှင်းဝံပုလွေမိဘများက အလွန် စိတ်မသက်မသာစွာ ခံစားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် လုချန်း,၏ ရေခဲပြာ မျက်လုံးများမှ အေးစက်သော အငွ့အသက်များ ထွက်ပေါ်လာသည်။

“ကေားချန်ရှင်း ဟုတ်တယ်ဟုတ်? ကေား မိသားစုဖြစ်တဲ့ မင်းတို့အားလုံးက သေခြင်းတရားကို ရှာဖွေချင်နေကြတာပဲ၊ မင်းကို ဒီကမ္ဘာကနေ ထာဝရပျောက်ကွယ်သွားအောင် ငါလုပ်ပေးမယ်!”

လုချန်း,သည် ယနေ့ညတွင် ပြဿနာအားလုံးကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

All Chapters