သင်းခွေချပ် အာဏာရှင်၏ ဒေါသ
Vol. 7 Ch. 92
တမ်,သည် မြေပြင်ပေါ်ရှိ သားရဲများ၏ အလောင်းများကို အနည်းငယ် နှမျောနေသည်။
သို့သော်လည်း တမ်,သည် လုချန်း,၏ အမိန့်ကို ကောင်းစွာနာခံနေဆဲဖြစ်သည်။
သူက ချက်ချင်းဆိုသလို အမြန်လှုပ်ရှားပြီး သန့်ရှင်းပြီး အရည်အသွေးမြင့် သားရဲအသားတချို့ကို ဆွဲထုတ်လိုက်သည်။
အမှန်တွင်၊ ဤသားရဲများ၏ အသားများက သူတို့၏ ခွန်အားကို အနည်းငယ် မြှင့်တင်ပေးရန် လုံလောက်သည်။
တစ်ခါတည်း မစားသုံးနိုင်ပေမယ့် ယူသွား၍ နောက်မှစာခြင်းသည်လည်း အဆင်ပြေသေးသည်။
တမ်,က လျှာကိုသုံးပြီး သားရဲအလောင်းများကိုဆွဲကာ တောင်ခြေနှင့် မဝေးသော မြစ်တစ်စင်းကို လျှောက်သွားလိုက်သည်။
“ကောင်းပြီ၊ အားလုံး ရေထဲဆင်းကြ!”
လုချန်း,က အလျင်အမြန်ပြောပြီး သူ့အာရုံခံနိုင်စွမ်းဖြင့် အကျပ်အတည်းကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။
ထင်ရှားသည်မှာ၊ ယခုတစ်ကြိမ် ယန်ရှ တောင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်သည် လူသားစစ်တပ်ကို ပြင်းထန်သော လက်နက်များအား အသုံးပြုရန် ထပ်မံ တွန်းအားပေးခဲ့သည်။
လုချန်း,၏ စကားကိုကြားပြီးနောက် အားလုံးက စကားတစ်ခွန်းမျှ မပြောဘဲ ရေထဲသို့ ခုန်ဆင်းသွားကြသည်။
သေချာပါတယ်၊ စက္ကန့်အနည်းငယ် အကြာတွင် မီးတန်း ဒါဇင်ပေါင်းများစွာက ကောင်းကင်ကိုဖြတ်၍ ပျံသန်းလာနေသည်။
ခရုဇ်ဒုံးကျည်သည် ဥက္ကာပျံကဲ့သို့ မီးတောက်များနှင့်အတူ ယန်ရှ တောင်ထိပ်ကို ထိမှန်သွားသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးပြိုကျသကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
ခရုဇ်ဒုံးကျည် ဒါဇင်ပေါင်းများစွာသည် သူတို့ယခင်က ရှိနေခဲ့သောနေရာကို တိကျစွာ ကျဆင်းခဲ့သည်။
အဆိုပါ ခရုဇ်ဒုံးကျည်များ၏ ပေါက်ကွဲမှုကြောင့် ယန်ရှ တောင်၏ တောင်ထိပ်သည်လည်း ပြိုကျခဲ့သည်။
သူတို့သာ အနည်းငယ် နောက်ကျသွားပါက ဤပြင်းထန် ပေါက်ကွဲမှုကြောင့် အပိုင်းပိုင်းကွဲသွားပေလိမ့်မည်။
“အို..ဘုရားရေ၊ ဒီလူတွေက ရက်စက်လွန်းတယ်မဟုတ်လား?”
“ဒါက ဘယ်လို ပေါက်ကွဲမှုမျိုးလဲ၊ အရမ်းကြောက်စရာကောင်းတယ်၊ သခင်က အမြော်အမြင်တယ်!”
တမ်,သည် မြစ်ကြမ်းပြင်တွင် ရှိနေပြီး မြစ်ကြမ်းပြင် လှုပ်ခါသွားသည်ကို ခံစားနိုင်သည်၊ တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများ ပြူးကျယ်ကာ ပြောလိုက်သည်။
အမြီးကိုးချောင်း မြေခွေးသည် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ အလွန်အားနည်းသောကြောင့် လုချန်း,၏နောက်တွင်သာ ပုန်းနေနိုင်သည်။
သို့သော် လုချန်း ၏ကြီးမားသောကိုယ်ထည်ဖြင့် သူမကိုပိတ်ဆို့ထားသော်လည်း၊ ဒါဇင်နှင့်ချီသောဒုံးကျည်များ၏ပေါက်ကွဲမှုလှိုင်းများ အနည်းငယ်လာရိုက်ခတ်သောကြောင့် အမြီးကိုးချောင်း မြေခွေးကို ထိတ်လန့်သွားစေသည်။
သူမသည် ယန်ရှ တောင်တွင် တစ်သက်လုံးနေထိုင်ခဲ့ပြီး အခြေခံအားဖြင့် လူသားစစ်တပ်များနှင့် မည်သည့်အခါမျှ အဆက်အသွယ်မရှိခဲ့ပေ။
ဤမျှ ကြောက်စရာကောင်းသော အရာများ ရှိသည်ကို သူမ,မသိခဲ့ပေ။
သားရဲများစွာရှိသည့်အနက်၊ သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အညံ့ဆုံးဖြစ်သည်။
ဒါဇင်နဲ့ချီသော ဒုံးကျည်များ မဆိုနှင့် ဒုံးကျည်တစ်စင်း နှစ်စင်းကပင် သူမကိုသတ်ရန် လုံလောက်သည်။
အမြီးကိုးချောင်း မြေခွေး မော့ကြည့်လိုက်ပြီး လုချန်း,၏ တည်ငြိမ်နေသော မျက်နှာကို မြင်လိုက်ရသည်။
ဒါဇင်နဲ့ချီသော ဒုံးကျည်များက သူတို့နှင့် မဝေးသောနေရာတွင် ပေါက်ကွဲခဲ့သော်လည်း လုချန်း က တည်ငြိမ်စွာ နေနိုင်နေဆဲပင်။
မပေါက်ကွဲခင်တွင် လုချန်း,သည် သူတို့ကိုထွက်ခွာရန် အမြန်လှုပ်ဆော်ခဲ့သည်။
“ဒီသားရဲက အန္တရာယ်ကို ကြိုမြင်နိုင်တာလား?”
ချက်ချင်းပင် အမြီးကိုးချောင်းမြေခွေးက လုချန်း,၏ အကြောင်းကို ပိုပိုပြီး သိချင်လာသည်။
လုချန်း,၏ဘေးတွင်နေ၍ ဆယ်မီတာကျော်မြင့်သော သူ၏အားကောင်းမောင်းသန်ကိုယ်လုံးကိုယ်ပေါက်နှင့် ဖြာထွက်နေသော ပြင်းထန်သည့် ရောင်ဝါကို ခံစားလိုက်ရပြီး အမြီးကိုးချောင်းမြေခွေးသည် ထိုအခိုက်တွင် လုံးဝလုံခြုံသွားသည်ဟု ခံစားလိုက်ရသည်။
ယခင်က ယန်ရှ တောင်တွင် အမြီးကိုးချောင်း မြေခွေးသည် သားရဲရုပ်သေး တစ်ဒါဇင်ကျော်ကို ထိန်းချုပ်ခဲ့သည်။
သို့သော် ထိုသားရဲရုပ်သေးများ၏ အကာအကွယ်က လုချန်း တစ်ယောက်တည်းကသာ သူမကို ပေးစွမ်းနိုင်သည့် လုံခြုံသောခံစားချက်နှင့် နှိုင်းယှဉ်၍မရပေ။
မူလက တန်ခိုးကြီးသော ဝိညာဉ်စွမ်းအားရှိသည့် အမြီးကိုးချောင်း မြေခွေးသည် အခြားသူ၏ လက်အောက်ငယ်သားဖြစ်ရခြင်းအပေါ် အလွန်မကျေနပ်ခဲ့ပေ။
“ဒါပေမဲ့ အခုက ငါ့ရှေ့မှာ ခန့်ညားပြီးအားကိုးရတဲ့ နှင်းဝံပုလွေဖြစ်နေတယ်ဆိုတော့ကာ...”
ဒုံးကျည်များ ပေါက်ကွဲပြီးနောက်၊ လုချန်း သည် သားရဲအသားများကို စတင်စားသောက်တော့သည်။
တမ်,သည်လည်း မြစ်ရေ၏ ဆွဲငင်ခြင်းကိုခံခဲ့ရသော သားရဲများ၏ အလောင်းများကို ဆွဲယူရန် သူ့လျှာကို အသုံးပြုလိုက်သည်။
ကျန်သားရဲများသည်လည်း စတင်စားသောက်လိုက်ကြသည်။
ဤသားရဲအလောင်းများအားလုံးသည် နိုးထခြင်းအဆင့်တွင်ရှိကြပြီး သူတို့၏အသွေးအသားတွင် ထူးကဲသောစွမ်းအားများပါရှိသည်။
စားပြီးနောက်၊ လုချန်း ၏ ဆင့်ကဲပြောင်းလဲခြင်း အမှတ်များက နောက်ထပ် ၄၀,၀၀၀ တိုးလာသည်။
သူ့၏ အနှစ်သာရဝါးမျိုခြင်း စွမ်းရည်ကြောင့် လုချန်း,သည် အသားများကို စားသုံးသည့်အခါ စွမ်းအင်ပြောင်းလဲနှုန်းက တခြားသားရဲများထက် သာလွန်သည်။
ဤပင်ကိုယ်စွမ်းရည်ကြောင့် လုချန်း သည် သားရဲအသားများကို ပုံမှန်ထက် ပိုမိုဝါးမျိုနိုင်စေပြီး ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ ပိုမိုရရှိစေသည်။
ရှောင်ပိုင်,ကို အချိန်အတော်ကြာ ခြေရာခံရင်း အလုပ်များနေသော်လည်း အခြားသားရဲများ၏ နောက်တွင် မကျန်ရစ်ခဲ့ပေ။
စားသောက်ပြီးသောအခါ၊ လုချန်း,သည် သူ၏လက်ရှိ ရည်ညွှန်းချက်ဘောင်ကို ဖွင့် ကြည့်လိုက်သည်။
[အမည် - လုချန်း]
[အဆင့်- နိုးထခြင်းအဆင့် (၇) (၂၀၀,၀၀၀/၀)]
[ကျွမ်းကျင်မှု- အအေးဒဏ်ခံနိုင်ခြင်း (အစောပိုင်း)....
အစောပိုင်းအဆင့် ကျွမ်းကျင်မှုများကိုအဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၂၀၀ လိုအပ်ပြီး၊ အလယ်အလတ်အဆင့် ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၅၀၀ လိုအပ်သည်။]
[စွမ်းရည်များ-
ရေခဲစွမ်းရည် (အလယ်အလတ်)
ကုသခြင်းစွမ်းရည် (အလယ်အလတ်)
ရူးသွပ်ခြင်းစွမ်းရည် (အလယ်အလတ်)၊
အမှတ်အသားပြုခြင်း (အလယ်အလတ်)၊
အနှစ်သာရဝါးမျိုခြင်း (အလယ်အလတ်)၊
ကောင်းကင်လျှောက်(တက်)လှမ်းခြင်း (အစောပိုင်း)
စိတ်ဝိညာဉ်ပဋိဥာဉ် (အစောပိုင်း)
သွက်လက်ခြင်း (အစောပိုင်း)
မတိုးပေါက်နိုင်ခြင်း (အစောပိုင်း)
အင်မော်တယ်စွမ်းရည် (အစောပိုင်း)
ကိုယ်ပျောက်စွမ်းရည် (အစောပိုင်း)
မိုးကြိုးစွမ်းရည် (အစောပိုင်း)
လွန်းပျံ စွမ်းရည် (အစောပိုင်း)
လေအလျင် စွမ်းရည် (အစောပိုင်း)
ဧကရာဇ်ရဲ့ဒိုမိန်း စွမ်းရည် (အစောပိုင်း)
ရေစွမ်းရည် (အစောပိုင်း)]
[ပင်ကိုယ်စွမ်းရည်များကို အဆင့်မြှင့်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ်များ-
အစောပိုင်းအဆင့်-၉,၀၀၀
အလယ်အလတ်အဆင့်-၅၀,၀၀၀
အထွတ်အထိပ်အဆင့်-၃၀၀,၀၀၀]
[မျိုးနွယ်- နှင်းဝံပုလွေ]
[ဆင့်ကဲပြောင်းလဲခြင်းအမှတ်- ၇၃,၀၀၀]
…………
သူ၏ ကျွမ်းကျင်မှုများနှင့် စွမ်းရည်များကို ကြည့်ပြီး လုချန်း ကိုယ်တိုင်ပင် အနည်းငယ် အံ့သြသွားသည်။
သားရဲများအတွက်၊ ပင်ကိုယ် စွမ်းရည်နှစ်မျိုးကို နိုးထလာခြင်းက ပါရမှရှင်ဟုပင် သတ်မှတ်နိုင်သည်ကို သင်သိထားရမည်ဖြစ်သည်။
သို့သော် လုချန်း,သည် သူကဲ့သို့ စွမ်းရည်အများအပြား နိုးထသည့် မည်သူကိုမျှ မတွေ့ဖူးသေးပေ။
သားရဲများနှင့် လူသားတို့ လိုချင်တောင့်တသော ပင်ကိုယ် စွမ်းရည်များက သူ့တွင်ရှိသည်။ စွမ်းရည်များကို နှိပ်လိုက်သည်နှင့် ၎င်း၏အောက်တွင် စာရင်းတစ်ခု ပေါ်လာသောကြောင့် လုချန်း အနည်းငယ် မှင်တက်သွားသည်။
“အထွတ်အထိပ်ကို ရောက်နေတဲ့ စွမ်းရည်တွေက တကယ်ပဲ ထပ်ပြီး အဆင့်မြှင့်နိုင်တာလား?! အဲဒီထက်မြင့်တဲ့အဆင့်ကို ရောက်ရင် စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိမ့်မလဲ”
သို့သော်၊ အထွတ်အထိပ်စွမ်းရည်များကို အဆင့်မြှင့်တင်ခြင်းအတွက် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၃၀၀,၀၀၀ လိုအပ်သည်။
သူသည် ယခုလောက် မချမ်းသာသေးပေ။
“အထွတ်အထိပ်ဆင့်ရဲ့နောက်တစ်ဆင့်ကိုမြှင့်တင်တာက အခု ငါ့အတွက် အရမ်းဝေးနေသေးတယ်၊ ဖြည်းဖြည်းချင်းဘဲ သွားတာပေါ့”
လုချန်း,သည် ၎င်းကိုစဉ်းစားပြီးနောက် ရေခဲစွမ်းရည်ကို အဆင့်မြှင့်တင်ရန် ဆင့်ကဲပြောင်းလဲခြင်းအမှတ် ၅၀,၀၀၀ ကို အသုံးပြုလိုက်သည်။ ဆင့်ကဲပြောင်းလဲခြင်းအမှတ်များကို အသုံးပြုလိုက်သည်နှင့်၊ ရေခဲ စွမ်းရည်သည် အထွတ်အထိပ်အဆင့်ကို အောင်မြင်စွာ တိုးမြင့်နိုင်ခဲ့သည်။
နောက်တစ်စက္ကန့်တွင် လုချန်း,၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အအေးဓာတ် ထွက်ပေါ်လာသည်။
အအေးဓာတ်က လုချန်း,ကို ဗဟိုပြု၍ ပတ်ဝန်းကျင်တစ်ခုလုံး အေးခဲသွားတော့သည်။
အမြီးကိုးချောင်း မြေခွေးက ၎င်းကိုမြင်သောအခါ ထိတ်လန့်သွားပြီး အမြန်ခုန်ထွက်လိုက်သည်။
လုချန်း,အဆင့်ထပ်မတက်သော်လည်း သူ၏ အရှိန်အဝါက ပိုမိုအားကောင်းလာသည်ကို သူမ ခံစားမိသည်။
များမကြာမီ ပြင်းထန်သော အအေးဓာတ်က လုချန်း,၏ ခန္ဓာကိုယ်ထဲကို ပြန်ဝင်ရောက်သွားသည်။
လုချန်း,သည် သူ၏ လက်ရှိ အင်အားဖြင့် ယန်ဇီမြစ်၏ စီးဆင်းနေသော ရေ၏ ကြီးမားသော အပိုင်းကိုပင် အေးခဲသွားစေနိုင်ကြောင်း ခန့်မှန်းမိသည်။
“ဒရက်! ဒရက်!”
ထိုအချိန်တွင် ကောင်းကင်၌ ရင်းနှီးသောအသံတစ်ခု ကြားလိုက်ရပြီး၊ ၎င်းမှာ လူသားရဟတ်ယာဉ်များဖြစ်ကြောင်း ထင်ရှားသည်။
လုချန်း မော့ကြည့်လိုက်သောအခါ ၎င်းက လူသားစစ်တပ်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ မျှော်လင့်ထားသည့်အတိုင်းပင် တိုက်ပွဲရလဒ်များကို စစ်ဆေးရန်နှင့် စစ်မြေပြင်ကို ရှင်းလင်းရန် ရောက်လာခဲ့ကြသည်။
သူသည် ယခုအချိန်တွင် လူသားများကို သေသည်အထိတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသောကြောင့် တမ်၊ မြေခွေးနှင့် ကျိုးအိင် တို့ကိုခေါ်ကာ ယန်ရှ တောင်မှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။
ယခုတစ်ကြိမ် ကျန်းနန် စစ်တပ်၏ စုံစမ်းစစ်ဆေးမှုမှာ ရလဒ်မထွက်သေးပေ။
တောင်ပေါ်တိုက်ပွဲအပြီးတွင် သွေး၊ အသား၊ ခြေလက်များ ပျံ့ကြဲနေသည်။
ဒုံးကျည်ပစ်ခတ်မှုအပြီးတွင် အရာအားလုံးသည် မီးလောင်ပြာကျသွားသည်။
ဝူဗာလင်,၏ ခန္ဓာကိုယ်အပိုင်းအစများ ရှိမရှိ မသေချာတော့ပေ။
“မေ့လိုက်တော့၊ ယန်ရှတောင် တစ်ခုလုံးမှာ သေချာပြန်ရှာကြည့်ရအောင်...”
…………….
ယခုအချိန်တွင် ယန်စီမြစ်ကမ်းဘေးတွင် ကြီးမားလှသော ရေကာတာတစ်ခုရှိသည်။
ဤနေရာတွင် အနီရောင်သားရဲကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ယခင်က ယန်ရှ တောင်မှ လွတ်မြောက်လာသော သင်းခွေချပ် အာဏာရှင် ဖြစ်သည်။
သူ့မျက်လုံးထဲတွင် အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ အရှေ့မှ ရေကာတာကို ငုံ့ကြည့်ပြီး အထဲကို တိုက်ရိုက် ခုန်ဆင်းသွားသည်။
“အားလုံး သတိထား! ရေထဲမှာ တစ်ခုခုရှိနေတယ်!”
ရေကာတာစောင့်ကြပ်ရေးတာဝန်ရှိသောစစ်သားများသည် မကြာမီတွင် ရေကာတာထဲတွင် တစ်ခုခု မူမမှန်ကြောင်းကို တွေ့ရှိလိုက်သည်။
ထို့နောက် ဆည်တခွင်လုံးတွင် အချက်ပေးသံများ ချက်ချင်း ထွက်ပေါ်လာပြီး မှိတ်တုတ်မှိတ်တုတ် အနီရောင် မီးလုံးများက လူတိုင်း ထိတ်လန့်စေသည်။
ဝိညာဉ်စွမ်းအင်များ ပြန်လည်ရှင်သန်လာချိန်မှစ၍ လူသားတို့သည် တိရစ္ဆာန်များ၏ အရွယ်အစားက သိသိသာသာ ပြောင်းလဲသွားကြောင်း တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် မြစ်များ၊ ရေကန်များနှင့် ပင်လယ်များအနားရှိ ရေကာတာများကို စောင့်ကြည့်ပြီး အာရုံစိုက်လာကြသည်။
အဘယ်ကြောင့်ဆိုသော် ဤရေကာတာများသည် အနီးတစ်ဝိုက်ရှိ ကြီးမားသောဒေသများ၏ စားဝတ်နေရေးကို အထောက်အကူပြုသောကြောင့် ဖြစ်သည်။
ဆည်များသာမရှိပါက ရေလွှမ်းမိုးမှုဖြစ်နိုင်ချေရှိပြီး အကြီးစားရေလွှမ်းမိုးမှုမှာ ကြီးမားသောသက်ရောက်များမှုကို ဖြစ်ပေါ်စေနိုင်သည်။
ထို့ကြောင့် ဤရေကာတာ ပတ်ပတ်လည်တွင် အကာအကွယ်များက အလွန်တင်းကြပ်သည်။
သေနတ်များဖြင့် စောင့်ကြပ်နေသည့် စစ်သားများစွာရှိပြီး ကြီးမားသော သက်ရောက်မှုရှိသည့် အလိုအလျှောက် ရွှေ့လျားနိုင်သော အမြောက်စနစ်များပင် ရှိသည်။
ရေထဲတွင်ပင် တော်ပီဒိုဒုံးပစ်စက်များ တပ်ဆင်ထားသည်။
ထိုအချိန်တွင် အချက်ပေးသံမြည်လာသောအခါတွင် ရေအောက်တော်ပီဒိုများကို ကြားဖြတ်ဟန့်တားရန် စေလွှတ်ခဲ့သည်။
ရေစွမ်းရည်ကို နိုးထခဲ့သော အထူးစွမ်းရည်ရှိသူများသည်လည်း သူတို့၏ စွမ်းအားများကို စတင်ပြသကြသည်။
သို့သော် ဤသင်းခွေချပ် အာဏာရှင်သည် နိုးထခြင်း အဆင့် (၇) တွင်ရှိသော သားရဲဘုရင်စစ်စစ်ဖြစ်သည်။
ဤအစောင့်များက အာဏာရှင်ကို ရပ်တန့်ရန် လုံးဝ မလုံလောက်ပေ။
ဒုံးကျည်များဖြင့် တိုက်ခိုက်လျှင်ပင် အာဏာရှင်ကို၏အကြေးခွံ အနည်းငယ်ကိုသာ မီးလောင်ကျွမ်းစေပြီး သူ၏ ခံစစ်ကို မထိုးဖောက်နိုင်ပေ။
ဤသည်မှာ ရေစွမ်းရည်ရှိသူများအတွက်ဆိုလျှင် ပို၍ပင်မှန်သည်။ အဆင့် ကွာဟချက်ကြောင့် အာဏာရှင်ကိုရင်ဆိုင်ခြင်းက သေလမ်းကို ရှာနေသည်နှင့် အတူတူပင် ဖြစ်သည်။
များမကြာမီပင် သင်းခွေချပ် အာဏာရှင်သည် ဆည်၏တော်ပီဒိုဒုံးပစ်စက်များကို ဖျက်ဆီးပစ်လိုက်သည်။
အလွန်ထက်မြက်သော ခြေသည်းများဖြင့် အလိုအလျှောက်အမြောက်စနစ်ကိုပင် တိုက်ရိုက်ဖြိုခွင်းပစ်လိုက်သည်။
ဤတိုက်ခိုက်မှုများက လုံးဝ အရာမထင်ပေ၊ ဆည်ပေါ်ရှိကာကွယ်သူများက ခုခံရန်ကာကွယ်ရန်ပိုမိုခက်ခဲလာသည်။
အလွန် ထက်မြက်သော သူ၏ခြေသည်းများအောက်တွင် ဆည်အောက်ခြေရှိ ကွန်ကရစ်သွန်းလောင်းထားခြင်းက လုံးဝအသုံးမဝင်တော့ပေ။
သင်းခွေချပ်နီသည် တို့ဟူးကို ဇွန်းခရင်း ဖြင့်ထိုးနေသကဲ့သို့ ဆည်အောက်ခြေကို ဆက်တူးနေသည်။
“လူသားတွေ၊ ဒါက ငါ့ကို ဒေါသထွက်စေခဲ့လို့ ပေးဆပ်ရမယ့် တန်ဖိုးပဲ!”
အာဏာရှင်သည် လူ့ဘာသာစကားဖြင့် ပြောပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အာဏာရှင်က လာရောက်တိုက်ခိုက်တယ်၊ ချန်ဟဲ ဆည်ရဲ့ ဌာနချုပ်ဆီကို အကူအညီတောင်းပါ!”
“မဖြစ်ဘူး! သူ့ရဲ့ ဖျက်ဆီးမှု အရှိန်အရ နာရီဝက်လောက်ကြာရင် ဆည်ကျိုးပေါက်သွားမှာ ငါကြောက်တယ်!”
ထိုအချိန်တွင် ဆည်စောင့် အရာရှိက အလွန်တုန်လှုပ်နေသည်။ ရေကာတာကြီး ပေါက်သွားလျှင် မည်သည့်ဆိုးကျိုးများ ဖြစ်လာမည်ကို သူ တွေးကြည့်၍ပင် မရပေ။
ဤချန်ဟဲ ဆည်က ရန်နိုင်ငံတွင် အကြီးမားဆုံးမဟုတ်ပေ။
သို့သော် ကျိုးပျက်သည်နှင့် အနည်းဆုံး စတုရန်းကီလိုမီတာ တစ်ထောင်နီးပါး ရေမြုပ်သွားမည်ဖြစ်သည်။
ဧရိယာစတုရန်းကီလိုမီတာ သောင်းနှင့်ချီ ၍ပင် ထိခိုက်နိုင်သည်။
အသေအပျောက်နှင့် စီးပွားရေး ဆုံးရှုံးမှုများကို ရိုးရိုးရှင်းရှင်း တွက်၍မရနိုင်ပေ။
“ဘာ?! ဒီသားရဲက ဉာဏ်ရည်မြင့်လွန်းတယ်၊ ငါတို့ဆည်ကို ဖောက်ဖို့ စိတ်ကူးနေတာလား”
အင်ပါယာမြို့တော်ရှိ ထိပ်တန်းအရာရှိများက ယင်းကြောင့် တုန်လှုပ်သွားကြသည်။
စစ်ကူများကိုပို့ပြီး ကာကွယ်ချင်သော်လည်း ဆည်နှင့် သူတို့၏ အကွာအဝေးက အလွန်ဝေးလွန်းသည်။
ဆယ်မိနစ်အကြာတွင် ဆည်၏ အခြေခံအုပ်မြစ်က ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။
ဤရေဖိအားအောက်တွင် ဆည်တစ်ခုလုံးက အချိန်မရွေးပြိုကျသွားနိုင်သည်။
“နောက်ကျသွားပြီ၊ ရေလွှမ်းမိုးမယ့် အန္တရာယ် ကျရောက်တော့မယ်”
“လူတိုင်းကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အကြောင်းကြားပါ”
လက်ရှိတွင် ဆည်တာဝန်ခံအတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်မှာ ရေလွှမ်းမိုးမှုဒဏ်ကို လျှော့ချရန်အတွက် တံခါးများဖွင့်ထားရန်ဖြစ်ပြီး မဟုတ်ပါက အခြေအနေက ပိုဆိုးလာမည်ဖြစ်သည်။
အာဏာရှင်ကို ကိုင်တွယ်ရန် ယခင်က စေလွှတ်လိုက်သော စစ်သားများဖြစ်စေ၊ အထူးစွမ်းရည်ရှိသူများဖြစ်စေ လက်ဗလာဖြင့် ပြန်လာကြပြီး လူအများအပြားပင် ရေထဲတွင် သေဆုံးခဲ့ကြသည်။
ဤအခိုက်အတန့်တွင်၊ ဝိညာဉ်စွမ်းအင်ပြန်လည်ရှင်သန်လာပြီးနောက်၊ ဆင့်ကဲပြောင်းလဲသွားသော သားရဲများ၏ ခြိမ်းခြောက်မှုက သူတို့စိတ်ကူးထားသည်ထက် များစွာကျော်လွန်သွားပြီဖြစ်ကြောင်း နောက်ဆုံးတွင် သိရှိသွားကြသည်။
ဘုန်း!
ခဏအကြာတွင် ဆည်ကြီးက ပြိုစပြုလာသည်။
သို့သော်လည်း အာဏာရှင်၏ အဆက်မပြတ် ဖျက်ဆီးမှုအောက်တွင် ဆည်ကြီးက မထိန်းနိုင်တော့ဘဲ ပြိုကျသွားသည်။