အောင်ပွဲရ အပြန်လမ်း
Vol. 019 Ch. 1844
တိုက်ခိုက်မှုက ကျဆင်းလာသည်။ အလွန်ထက်ရှ၍ ဖျက်စီးခြင်းစွမ်းအားများပြည့်နှက်နေသော ကြောက်မက်ဖွယ်ငရဲမုန်တိုင်းသည်လည်း ထွက်ပေါ်လာကာ ရီဖူရှင်း၏ပတ်လည်အား ဖိနှိပ်ထားလိုက်ပြီး သူ့အားလွတ်မြောက်ခွင့်မပေးပေ။
သူသည် ခဏချင်းပင် လုံးဝနစ်မြုပ်သွားခဲ့သည်။ ထိုသည်မှာ ငရဲပန်းတစ်ပွင့်ပွင့်လာပြီး သတ်ဖြတ်ရေးမုန်တိုင်းအဖြစ် အသွင်ပြောင်းသွားသကဲ့သို့ဖြစ်သည်။
တကယ်တမ်းတွင် ထိုတိုက်ခိုက်မှုက ချီရီအတွက်လည်း အန္တရာယ်များသော်လည်း ဒုတိယတန်းစားနတ်ဝင်ရိုး ပိုင်ဆိုင်ထားသူအနေဖြင့် တိုက်ရိုက်တိုက်ခိုက်ရန်နောက်ထပ်အခွင့်အရေးမရှိနိုင်တော့ကြောင်း သူသိထားသည်။ ယန်စွမ်းအားက ရီဖူရှင်း၏တိုက်ခိုက်မှုထဲတွင်ပေါင်းစပ်သွားပြီး အင်ပါယာအသိနှင့်အတူ သူတို့အား အဆုံးစွန်ထိကြောက်မက်ဖွယ်ကောင်းသွားစေသည်။ သူသည် ထိခိုက်မှုမရှိစေရန် အမှောင်လွတ်မြောက်ရေးကျင့်စဥ်ကို အသုံးပြုခဲ့ပြီး ယခု ဤသေခြင်းရှင်ခြင်းအခွင့်အရေးအား တွေ့နေပြီဖြစ်ရာ မည်သို့လက်လွတ်ခံနိုင်မည်နည်း။
မရေမတွက်နိုင်သောလူများက ဤတိုက်ခိုက်မှုအားကြည့်နေကြသည်။ ထိုသည်က ဤတိုက်ပွဲ၏ အဆုံးသတ်တိုက်ကွက်ဖြစ်နိုင်ပေသည်။
ရီဖူရှင်း၏ဘေးပတ်လည်မှအရားအားလုံးမှာ အေးခဲသွားပြီး ဆီးနှင်းများက နေရာအနှံ၌ဖုံးအုပ်သွားသည်။ ချီမျဥ်းကြောင်းများက ထူထပ်လာကာ မရေမတွက်နိုင်သော ထက်ရှသည့်သစ်ရွက်များ သစ်ကိုင်းများက သူ့ဘေးမှအရာအားကိုဖုံးအုပ်သွားသကဲ့သို့ ဖြစ်လာသည်။
ဖျက်စီးခြင်း လှံနက်၏အောက်တွင် ကြောက်မက်ဖွယ် အနက်ရောင်အလင်းတန်းက တစ်စထက်တစ်စ အောက်သို့ထိုးဖောက်ကျဆင်းလာပြီး သူ၏အကာအကွယ်အား ချိုးဖောက်ရန်ကြိုးပမ်းနေသည်။ ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ လှံက သူ၏နတ်ဆင်သဏ္ဍန်ပေါ်သို့ရိုက်ခတ်မိသွားကာ အက်ကြောင်းရာများ ပေါ်လာစေသည်။ ထိုလှံတံက ဆက်လက်ကျဆင်းလာကာ အထဲသို့ထိုးဖောက်ဝင်လာသည်။
သို့သော် တချိန်တည်းမှာပင် ချီရီ၏ခန္ဓာကိုယ်အား တောက်ပသောရွှေရောင်နတ်အလင်းက တစ်စထက်တစ်စဖုံးလွှမ်းလာကာ မကြာခင်တွင် သူ၏တကိုယ်လုံးအား ဖုံးလွှမ်းသွားသည်။ ယင်စွမ်းအားသည် သူ့ကိုယ်ထဲသို့ဝင်ရောက်သွားကာ သူ၏မှော်နက်စွမ်းအားကို ပိတ်ဆို့လိုက်သည်။ သူ၏သွေးလည်ပတ်မှုက စတင်နှေးကွေးလာပြီး သက်စောင့်ဝိညာဥ်က အေးခဲလာသည်။ သူ၏လက်ထဲမှ စွမ်းအားများသည် ပို၍ ပို၍အားနည်းလာသည်။
လူတိုင်း၏အကြည့်များက ထိုနေရာ၌ မြဲမြဲစွာကျရောက်နေကြသည်။ ရီဖူရှင်း၏လက်မောင်းသည်လှုပ်ရှားသွားပြီး သူ၏လက်ကိုဆန့်ထုတ်လိုက်သည်။ နတ်ဓားသည် သူ့ထံသို့ပျံသန်းလာပြီး သူကထိုဓားကိုဖမ်းလိုက်ကာ သူ၏နောက်သို့ခုတ်ချလိုက်သည်။
ဓားချက်ကျရောက်သွားချိန်တွင် ကြောက်မက်ဖွယ်အလင်းတန်းတစ်ခုထွက်ပေါ်လာကာ အေးခဲနေသောအာကာပြင်ကို ဖောက်ထွင်းသွား၍ ချီရီအား ထိုးဖောက်သွားသည်။
ချီရီ၏မျက်လုံးများသည် ကျဥ်းမြောင်းသွားကာ သူသည် ကြောက်လန့်မှုကိုခံစားလိုက်ရသည်။ ထိုအေးခဲနေသောလေဟာနယ်တွင် အရာအားလုံးက မျှော်လင့်ချက်မဲ့သွားဟန်ပေါ်သည်။
သူသည် မြေအောက်ကမ္ဘာ၏ ဂုဏ်ယူရသောသားတော်ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ဤနေရာ၌ ကျဆုံးရတော့မည်လား။
ရီဖူရှင်းသည် လက်ကိုမြှောက်၍ နတ်ဓား၏ဓားရိုးကို ရိုက်ချလိုက်သည်။ ပို၍တောက်ပသော အလင်းတန်းများထွက်ပေါ်လာသည်။ထိုအခိုက်တွင် ချီရီ၏ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်းပျက်စီးလာကာ ပုံရိပ်ယောင်သဖွယ်ဖြစိလာပြီး နောက်ဆုံး၌ လုံးဝပျောက်ကွယ်သွားလေသည်။
မြေအောက်အရှင်၏တစ်ဦးတည်းသောဆက်ခံသူ၊ မြေအောက်ကမ္ဘာ၏ပုလ္လင်အားချုပ်ကိုင်ထားသူမှာ ကျဆုံးသွားလေပြီ။
"သူက သူ့ကိုသတ်လိုက်တယ်..." တိုက်ပွဲအားလုံးမှာ ထိုအခိုက်တွင် ရပ်တန့်သွားလေသည်။ မှော်နက်အဖွဲ့မှကျင့်ကြံသူများစွာက ထိုနေရာအားကြည့်လိုက်ကြသည်။ သူသည် အမှန်တကယ်ပင် ရီဖူရှင်းအား မတားဆီးနိုင်ခဲ့သည်လား။
သူ၏နတ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီးနောက် ရီဖူရှင်းသည် စစ်တပ်ကြီးရှိရာသို့ ရွေ့လျားခဲ့ပြီး လမ်းတွင်ရှိသမျှရန်သူများအား သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် သူသည် မှော်နက်စစ်တပ်၏ခေါင်းဆောင် ချီရီအား သတ်ဖြတ်ခဲ့လေသည်။
သူပြောခဲ့သလိုပင် သူသည် ရန်သူများ၏ဦးခေါင်းအား ဖြတ်တောက်ခဲ့သည်။
ရှုံးနိမ့်နေချိန်တွင် လူတစ်ယောက်ထဲက ကစားပွဲအား ပြောင်းပြန်လှန်ပစ်ခဲ့သည်။ သူသည် ရန်ဟောင်စစ်တပ်အားဖြတ်ကျော်၍ ချီရီအားသုတ်သင်ကာ မှော်နက်စစ်တပ်၏စွမ်းအားကို ပြိုကွဲသွားစေခဲ့သည်။
ထိုအချိန်တွင် မှော်နက်စစ်တပ်မှ မည်သူကများ ဆက်လက်တိုက်ခိုက်ဝံ့ပေမည်နည်း။
ထိုသည်မှာ တိုက်ပွဲ၌သာမဟုတ်ပေ။ တိုက်ပွဲအပြင်ဘက်မှကျင့်ကြံသူများသည်လည်း စိတ်နှလုံးများတုန်ခါနေကြသည်။ သူသည် သေဆုံးသွားခဲ့သည်။
နတ္ထိအင်ပါယာနန်းတော်တွင် ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာ ဆွံ့အကုန်ကြသည်။ နတ်နန်းတော်နှင့် ရွှေရောင်နတ်ပြည်ထောင်မှကျင့်ကြံသူများက ရီဖူရှင်း၏အဆုံးစွန်သောစွမ်းရည်ပါရမီကို မျက်မြင်တွေ့လိုက်ရသည်။ သူတို့အားလုံးသည် ချွေးအေးများပြန်လာကြသည်။ ထိုမျှပြောင်မြောက်သောစွမ်းရည်ကို တိုက်ပွဲ၌ပြသခဲ့ခြင်းက အနာဂတ်တွင် ရီဖူရှင်း၏ခြိမ်းခြောက်နိုင်မှုအား ပို၍ကြောက်မက်ဖွယ်ကောင်းသွားစေသည်။
အေးစက်သောအလင်းတန်းက သူတို့မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။ သူတို့၏သတ်ဖြတ်လိုစိတ်များအား ဖုံးကွယ်လိုက်ကြရသည်။
ထိုမြင်ကွင်းအားမြင်ရချိန်တွင် မင်းသမီးနှင့် ကောင်းကျွင်း၏မျက်လုံးများတွင်လည်း အံ့သြထိတ်လန့်မှုကို မြင်တွေ့လိုက်ရသည်။ သူသည် အမှန်တကယ်ပင် သူ့အားသတ်ဖြတ်ခဲ့လေသည်။
"ကြည့်ရတာ သူက တိုက်ပွဲရဲ့အဟုန်ကို မှောက်ခုံလုပ်လိုက်သလိုပဲ" ကောင်းကျွင်းကပြောလိုက်သည်။ လူတစ်ယောက်ထဲက ကစားပွဲအားပြောင်းပြန်လှန်ပစ်ကာ ကောင်းကင်ဒေသကို အသာစီးရသွားစေသည်။
မှော်နက်တပ်ဖွဲ့စခန်းတွင် မြေအောက်အရှင်သည် သူ၏ကြောက်မက်ဖွယ်အရှိန်အဝါကိုထုတ်လွှတ်လိုက်သည်။ချီရီသည် သူ၏အမွေဆက်ခံသူဖြစ်ပြီးအသတ်ခံခဲ့ရသည်။သူ၏ပင်ကိုယ်စရိုက်အရ သူသည် ချီရီသေဆုံးခြင်းနှင့်ပတ်သတ်ပြီး သိပ်ဂရုမစိုက်ပေ။မှော်နက်အဖွဲ့မှလူများသည် စိတ်ခံစားချက်များကို မခံစားတတ်ကြပေ။
သို့သော် သူ၏တပည့်များကိုဆုံးရှုံးရခြင်းသည် သူ့အတွက်အရှက်ရစေသည်။အခြားသောအမှောင်ဘုရင်ခုနှစ်ပါးသည် ဤအတွက်သူ့ကိုလှောင်ပြောင်ကြလိမ့်မည်။
ထို့အပြင် ဤကိစ္စကြောင့် သူ၏တာဝန်ကိုကျေပွန်ရန် အခြားနည်းလမ်းမရှိတော့ပေ။ထိုသည်ကအရေးအကြီးဆုံးကိစ္စဖြစ်သည်။ထို့ကြောင့်သူ့မှာ ရက်စက်ေသာစိတ်များရောက်လာခြင်းဖြစ်သည်။
အားလုံးသည် ရီဖူရှင်းကြောင့်ဖြစ်သည်။
ဤကဲ့သို့ဖြစ်မည်ဆိုသည်ကို ကြိုသိခဲ့လျှင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်ခဲ့စဉ်က ထိုမှာရှိသည့်လူအားလုံးကိုသတ်ပစ်မည်ဖြစ်ပြီး ရီချင်းယောင်တစ်ယောက်ထဲကိုသာ အဝေးသို့ခေါ်သွားခဲ့မည်မဟုတ်ပေ။
မည်သူမျှစကားမပြောကြပေ။ အားလုံးသည်တိုက်ပွဲကိုကြည့်နေသောကြောင့် လေထဲတွင် စိုးရိမ်ပူပန်မှုများပင်ခံစားနေရသည်။
တိုက်ပွဲနေရာ၌ ရီဖူရှင်းသည် နောက်သို့ လှည့်မကြည့်ခဲ့ပေ။သူ၏နတ်ဓားသည် သူ၏ရှေ့သို့ပျံသန်းလာကာ ကြောက်မက်ဖွယ်ဓားအသိကို ထုတ်လွှတ်လိုက်သည်။
ဤနတ်ဓားသည် မှော်နက်တပ်ဖွဲ့၏သတ်ဖြတ်ခြင်းခံရသူများနှင့် သူတို့ဖမ်းဆီးခေါ်ဆောင်သွားသောချင်းယောင်အတွက် ပြန်လည်လက်စားချေခဲ့သည်။
ရီဖူရှင်းသည် မှော်နက်တပ်ဖွဲ့မှ အခြားကျင့်ကြံသူများကို စူးစိုက်ကြည့်နေသည်။ရီဖူရှင်း၏အကြည့်တစ်ချက်ကြောင့် မှော်နက်တပ်ဖွဲ့မှ အင်အားကြီးပုဂ္ဂိုလ်များသည် ချွေးအေးများပြန်လာကြပြီး လှည့်၍ ထွက်ပြေးသွားကြသည်။သူတို့သည် ရီဖူရှင်းက ရုတ်တရတ်တိုက်ခိုက်လာမည်ကို ကြောက်လန့်နေသကဲ့သို့ဖြစ်သည်။
ယနေ့ ပြသခဲ့သောစွမ်းအားကြောင့် မည်သူမျှ သူ့အားမယှဉ်နိုင်ပေ။
ထိုအခိုက် တိုက်ပွဲ၏အခြားနေရာ၌ ပွင့်လာသည်။မိစ္ဆာအင်ပါယာဘုံမှကျင့်ကြံသူများသည် ရီဖူရှင်းအား စိုက်ကြည့်နေကြသည်။သူ့ကြောင့် သူတို့၏အခွင့်အရေးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သူတို့သိထားကြသည်။
ယခုအခါ ဤတိုက်ပွဲအတွက်မျှော်လင့်ချက်မရှိတော့ပေ။
သူတို့ဆက်တိုက်ခိုက်နေမည်ဆိုလျှင် ရီဖူရှင်းသည် သူတို့ကိုသတ်ပစ်နိုင်သည်။
နတ်ဘုရားအဆင့်စွမ်းအားရှိသူများပင် အနိုင်မယူနိုင်သည့်လူတစ်ယောက် မူလဘုံတွင်ထွက်ပေါ်လာဲ့သည်။
ထိုအခိုက် တိုက်ပွဲအပြင်ဘက်တွင် ကြီးမားသည့် အာကာသခရီးသွားဝင်္ကပါထွက်ပေါ်လာသည်။၎င်းကြောင့်လူအများသည် တောက်ပသည့်အလင်းတနး်ကျရောက်လာသည့်ကောင်းကင်ကိုမော့်ကြည့်ခဲ့သည်။ကြီးမားသည့် အာကာသခရီးသွားဝင်္ကပါသည်ပွင့်လာခဲ့ပြီးစူးရှသည့်အလင်းတန်းသည် လမ်းကြောင်းနှစ်ခုအဖြစ်ပျံ့နှံ့သွားကာ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
မကြာမီ အမည်မဲ့ဘုံကိုဖုံးအုပ်ထားသည့်အာကာသခရီးသွားဝင်္ကပါသည် ပျောက်ကွယ်သွားသည်။သုံးဖက်စလုံးမှ ကျင့်ကြံသူများသည် ကောင်းကင်၌ထွက်ပေါ်လာကြသည်။
မကောင်းဆိုးဝါးဘုံမှော်နက်တပ်ဖွဲ့နှင့် ကောင်းကင်ဒေသတို့မှ ကျင့်ကြံသူအားလုံးသည် ထိုနေရာမှာရှိကြသည်။
နတ္ထိအင်ပါယာနန်းတော်အရှင်သည် ကောင်းကင်ဒေသကိုကိုယ်စားပြုသည်။သူ၏အကြည့်သည် ရီဖူရှင်းအပေါ်ရောက်နေသည်။သူ၏အကြည့်တွင် လေးစားသည့်အရိပ်အယောင်များပါဝင်သည်။
ဤတိုက်ပွဲကြောင့် ရီဖူရှင်း၏နာမည်သည် ကောင်းကင်မှနေကဲ့သို့ ဘုံကိုးခုတွင် ထင်ရှားကျော်ကြားပေလိမ့်မည်။ မည်သူမျှသူနှင့်ယှဉ်နိုင်မည်မဟုတ်ပေ။
ဤတိုက်ပွဲသည် မူလဘုံ၏တိုက်ပွဲတစ်ခုသာမဟုတ်ပေ။ထိုတိုက်ပွဲကို နတ်ဘုရားအဆင့်အင်အားစုသုံးစုမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။သို့သော်သူသည် တိုက်ပွဲတွင် ထူးခြားပြောင်မြောက်စွာတိုက်ခိုက်နိုင်ဆဲဖြစ်ပြီး သူ၏ပြိုင်ဘက်အားလုံးကိုချေမှုန်းခဲ့သည်။ ဤသတင်းသည် မကြာမီ ဘုံကိုးခုတွင်ပျံ့နှံ့သွားမည်ဖြစ်သည်။
"မင်းတို့ရဲ့ကူညီမှုအတွက်ကျေးဇူးတင်ပါတယ်" နတ္ထိအင်ပါယာနန်းတော်အရှင်သည် ပြုံးပြီးပြောလိုက်သည်။ ထိုသည်ကိုကြားသောအခါ နားထောင်နေသည့်လူတိုင်းသည် အနိုင်ရသူကိုဆုံးဖြတ်ပြီးကြောင်း သိလိုက်သည်။
သူတို့၏ပြိုင်ဘက်များသည် အရှုံးပေးသွားခြင်းဖြစ်ရမည်။
မှော်နက်တပ်ဖွဲ့နှင့် မိစ္ဆာအင်ပါယာဘုံမှကျင့်ကြံသူများသည် ထိုသည်ကိုကြားသည့်အခါ မျက်နှာပျက်သွားကြသည်။ သူတို့ရှုံးနိမ့်သွားပြီဖြစ်သည်။
ထိုအင်အားကြီးနှစ်ဖွဲ့သည် မဟာမိတ်ဖွဲ့ထားသော်လည်း ကောင်းကင်ဒေသ၏အနိုင်ယူခြင်းကိုခံခဲ့ရသည်။ ထို့ထက်ပို၍ သူတို့သည် လူတစ်ယောက်တည်း၏အနိုင်ယူခြင်းကိုခံလိုက်ရသည်။
ရီဖူရှင်းက သူ၏အရှိန်အဝါကိုရုပ်သိမ်းလိုက်သည်။သူသည်အနည်းငယ်ပင်ပန်းနေသည်။သူသည် ပို၍အင်အားကြီးလာပြီး အင်ပါယာအသိကိုထုတ်ဖေါ်ခြင်းသည် ယခင်ကကဲ့သို့ သူ့အားမထိခိုက်စေသော်လည်း အနည်းငယ်ပင်ပန်းနေဆဲဖြစ်သည်။သူသည် အင်အားအများကြီးအသုံးပြုလိုက်ရသည်။
ဤတိုက်ပွဲသည် ကံကောင်းခြင်းလား ဒါမှမဟုတ် ကျိန်စာသင့်ခြင်းလားဆိုသည်ကို သူမသိတော့ပေ။
ယခင်အခြေအနေမှာ သူ့တွင်ရွေးချယ်ခွင့်မရှိခဲ့ပေ။သူသည် ပထမဆုံးဆုတ်ခွာရန်ကြံရွယ်ခဲ့ပြီး နောက်မှ သူ၏ပြိုင်ဘက်များကို တိတ်တဆိတ်အမဲလိုက်ခဲ့သည်။သို့သော်သူ၏ပြိုင်ဘက်သည် သူတို့အားသွားခွင့်မပေးခဲ့ပေ။သူသာမလှုပ်ရှားခဲ့လျှင် သူ၏ဘေးရှိလူအများအပြားသည် သေကြေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ရသည်။
"ပြန်ခွင့်ပြုပါ"နတ္ထိအင်ပါယာနန်းတော်အရှင်သည်ပြောလိုက်သည်။ရုတ်တရတ်ကောင်းကင်ဒေသမှကျင့်ကြံသူများသည် သူ့ဆီလာရောက်နှုတ်ဆက်ကြသည်။သူတို့ထွက်ခွာသွားပြီး ဘာမှမပြောခဲ့ကြပေ။ဤတိုက်ပွဲမှ မည်သည့်ရလဒ်ထွက်လာမလဲဆိုသည်ကို သူတို့အားလုံးစိုးရိမ်နေကြသည်။
ရီဖူရှင်းသည်လည်း သူတို့နှင့်အတူထွက်ခွာခဲ့သည်။သူ၏နောက်တွင် လူတိုင်းသည် သူ့အားကြည့်နေသည်။
ဤတိုက်ပွဲကြောင့် ကောင်းကင်ဒေသတစ်ခုတည်းသာ သူ့ကိုသိကြမည်မဟုတ်တော့ပေ။မိစ္ဆာအင်ပါယာဘုံနှင့် မှော်နက်တပ်ဖွဲ့မှကျင့်ကြံသူများသည်လည်း သူကိုအမှတ်ရနေမည်ဖြစ်သည်။
လေထဲတွင် ကျင့်ကြံသူအဖွဲ့သည် သူတို့လမ်းကြောင်းအတိုင်းသွားနေသည်။နတ္ထိအင်ပါယာနန်းတော်အရှင်သည် ရီဖူရှင်းထံသို့လာ၍ပြောလိုက်သည်။ "ဒီနေ့မင်းရဲ့ကူညီမှုအတွက်ကျေးဇူးတင်ပါတယ်"
"ကျွန်တော်က ကျွန်တော့်ရဲ့တာဝန်ကိုပဲထမ်းဆောင်ခဲ့တာပါ" ရီဖူရှင်းကပြောလိုက်သည်။
"မင်းကြောင့်သာမဟုတ်ရင် ငါတို့တိုက်ပွဲမှာရှုံးနိမ့်လိမ့်မယ်" နန်းတော်အရှင်ကပြောလိုက်သည်။ "အရင်က ပြိုင်ဘက်တွေဘက်က အသာစီးရခဲ့တယ်။ဒါပေမယ့် ချီရီသေဆုံးပြီးတဲ့နောက်မှာ သူတို့ရှုံးပြီဆိုတာကိုသိရှိပြီး ဆက်လက်မတိုက်ခိုက်တော့ပဲ အရှုံးကိုဝန်ခံလိုက်တယ်။သူတို့အနေနဲ့ သူတို့ရဲ့လူတွေသေကြေဒဏ်ရာရတာကို မမြင်ချင်တော့လို့ဖြစ်နိုင်တယ်။နောက်ဆုံးမှာ ဘယ်သူမှ မင်းကိုမယှဉ်နိုင်ဘူးလေ"
ရီဖူရှင်းသည် ခေါင်းငြိမ့်လိုက်သည်။ထိုထိပ်သီးအင်အားစုများသည် အသိဉာဏ်ကြွယ်ဝပုံရသည်။မူလဘုံ၏တိုက်ပွဲသည်သူတို့အတွက်အလွန်အရေးကြီးသော်လည်း သူတို့မအောင်မြင်နိုင်ကြောင်းကိုနားလည်လိုက်သည်နှင့် ချက်ချင်းပင် အရှုံးပေးခဲ့ကြသည်။
ထိုအခိုက် လူတစ်ယောက်သည် ရီဖူရှင်းထံလျှောက်လာနေသည်။ထိုသူမှာ အနက်ရောင်ဖီးနစ်ပြည်နယ်ခွဲခေါင်းဆောင်ဖြစ်သည်။သူသည် ရီဖူရှင်းကိုကြည့်ပြီး ပြုံး၍ပြောလိုက်သည်။ "အစောပိုင်းက ကျွန်တော်တို့နားလည်မှုလွဲခဲ့တဲ့ပုံပဲ။ ကျွန်တော့်ကိုခွင့်လွှတ်ပါ"
သူ၏စွမ်းအားသည် လေးစားမှုကိုရခဲ့သည်။ရီဖူရှင်းသည်သူ၏စွမ်းအားကို မပြသခဲ့ပါက ဤပုဂ္ဂိုလ်သည် သူတို့ကြားတွင် အမှားပြင်ရန် ကိုယ်တိုင်ကိုယ်ကျလာရောက်မဟုတ်ပေ။
ဤပုဂ္ဂိုလ်သည် ကောင်းကင်ဒေသမှ သေချာလေ့ကျင့်သင်ကြားပေးခဲ့သူဖြစ်သည်။သို့သော်ရီဖူရှင်းသည် ဤတိုက်ပွဲတွင် ထင်ပေါ်ကျော်ကြားခဲ့သည်။သူသည် တိုက်ပွဲအခြေအနေကို သူတစ်ဦးတည်းဖြင့် ပြောင်းလဲခဲ့သည်။
ယခင်က သူသည် ရီဖူရှင်းကို နောက်ထပ်ဆုံးရှုံးမှုများကိုကာကွယ်ရန် တိုက်ပွဲမှထွက်မပြေးခဲ့ခြင်းအတွက် အပြစ်တင်ခဲ့သည်။
"ကိစ္စမရှိပါဘူး" ရီဖူရှင်းသည်ခေါင်းငြိမ့်ပြီးပြောလိုက်သည်။ထိုပုဂ္ဂိုလ်၏ရှုထောင့်မှကြည့်လျှင် သူသည် မည်သည့်နေရာမှလာသည်ကိုသဘာဝကျကျနားလည်နိုင်သည်။သို့သော် ဒီနေရာသို့သူသည် မိတ်ဆွေဖွဲ့ရန်လာခြင်းမဟုတ်ပေ။ထို့ကြောင့် သူ့မျက်နှာတွင် ဘက်မလိုက်သည့်အမူအယာပေါ်နေသည်။
မည်သို့ပင်ဆိုစေ ထိုသူသည် အရှင်ဒွန်ဟောင်၏လူဖြစ်သည်။ရီဖူရှင်းအတွက်မူ သူတို့သည် တစ်နေ့နေ့တွင် ရန်သူတွေဖြစ်နေနိုင်သည်။
ထိုပုဂ္ဂိုလ်သည်လည်း ဤအချက်ကိုကောင်းစွာနားလည်ပုံရသည်။သူသည် ဘာမှထပ်မပြောဘဲ အခြားတစ်ဖက်ကိုလျှောက်သွားသည်။
ရှန်ဟောက်နှင့်တိဝူကဲ့သို့သော ဘုံကိုးခုမှ အခြားသူများသည်လည်း ထိုနေရာတွင်ရှိနေကြပြီး သူတို့စိတ်ထဲတွင် သဘောထားကွဲလွဲနေကြသည်။
သူတို့သည် တိုက်ပွဲတွင် အသက်အန္တရာယ်ရှိခဲ့သည်။ပြီးနောက် သူတို့သည် တိုက်ပွဲ၏အခြေအနေအားလုံးကို လွှမ်းမိုးနိုင်ရန် အရည်အချင်းမပြည့်မှီခဲ့ပေ။သူတို့သည် တိုက်ပွဲငယ်လေးမှာတောင်မှ ရှုံးနိမ့်ခဲ့သည်။
ရှန်ဟောက်သည် သူတို့နတ်ဘုရားအကြွင်းအကျန်နယ်မြေတွင်ရှိခဲ့စဥ်က ရီဖူရှင်းအားအရှက်ခွဲခဲ့သည်ကို ပြန်တွေးမိသွားသည်။သူသည် ယခုကဲ့သို့ရီဖူရှင်းသည် သူ့ထက်မြင့်သည့်အဆင့်သို့ ရောက်နေလိမ့်မည်ဟု တစ်ခါမျှမတွေးဖူးခဲ့ပေ။သူသည် ရီဖူရှင်းအားမြင်ရဖို့အတွက် ကြည့်နေရသည်။ထိုသည်က မည်သို့မအပ်စပ်သည့်အခြေအနေပင်နည်း။
သူတို့သည် ရီဖူရှင်း၏ပြိုင်ဘက်များဟုခေါ်ဆိုရန်မထိုက်တန်တော့ပေ။သူတို့သည် ရီဖူရှင်းအားတိုက်ခိုက်လျှင် အချိန်ခဏအတွင်းမှာပင် သူတို့ အသတ်ခံရနိုင်သည်။
…
နတ္ထိအင်ပါယာနန်းတော်တွင် ကောင်းကင်ထက်မှ မှန်ချပ်သည် ပျောက်ကွယ်သွားသော်လည်း ကျင့်ကြံသူများက မထွက်ခွာသွားကြသေးပေ။ သူတို့သည် တိတ်တဆိတ်ရပ်ကာ စောင့်ဆိုင်းနေကြသည်။
မင်းသမီးဒွန်ဟောင်သည်လည်း ရှိနေသေးသည်။သူမသည် အောင်ပွဲခံကာပြန်လာမည့်စစ်သားများကိုစောင့်နေသည်။
မရေမတွက်နိုင်သောကျင့်ကြံသူများသည် နန်းတော်အပြင်ဘက်တွင် စုဝေးရောက်ရှိနေကြသည်။ဤတိုက်ပွဲသည် သူတို့ကို အကြီးအကျယ်ထိတ်လန့်စေခဲ့သည်။
နောက်ဆုံးတွင် အင်အားကြီးအရှိန်အဝါများသည် အဝေးမှ ပေါ်ထွက်လာသည်။အဖွဲ့တစ်ဖွဲ့သည် မြင်ကွင်းသို့တဖြည်းဖြည်းဝင်ရောက်လာသည်။ခဏအကြာတွင် အင်အားကြီးအဖွဲ့အစည်းတစ်ခု နတ္ထိအင်ပါယာနန်းတော်ဆီသို့လာနေသည်ကိုတွေ့လိုက်သည်။
သူတို့သည် နန်းတော်ပြင်ပတွင်ရပ်တန့်လိုက်ကြပြီး လူတိုင်းသည် သူတို့အားကြည့်နေကြသည်။ ထို့ထက်ပို၍ သူတို့သည် ရီဖူရှင်းအားကြည့်နေကြခြင်းဖြစ်သည်။
ရီဖူရှင်းသည် တိုက်ပွဲတွင် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ပြန်သည်။ယခုအခါ လူတိုင်းသည် သူ့အားသိနေပြီဖြစ်သည်။
သူသည် မဟာလမ်းစဉ်၏ဘုံသုံးထောင်တွင် အရည်အချင်းအရှိဆုံးဖြစ်ပြီး မည်သူမျှသံသယရှိမည်မဟုတ်တော့ပေ။ယခုအခါ အနာဂတ်တွင် သူသည် မည်မျှမြင့်မားသည့်နေရာသို့ တက်လှမ်းနိုင်မည်ကိုသာလူတိုင်းသိချင်နေကြသည်။
***