← Chapters

ကြယ်တစ်ထောင်ကန် ဝူရွှမ်းစံအိမ်၊ စိတ်ကို လေ့ကျင့်ခြင်း

Vol. 13 Ch. 186

ကြယ်တစ်ထောင်ကန် ဝူရွှမ်းစံအိမ်၊ စိတ်ကို လေ့ကျင့်ခြင်း

Vol. 13 Ch. 186

အဖိုးအိုသည် ဆက်လက် စူးစမ်းရဲခြင်း မရှိတော့ပေ။ ယခုကဲ့သို့ စွမ်းအားကြီးမားလှသည့် သိုင်းသခင်တစ်ယောက်ကို မြင်းမောင်းသမားအဖြစ် ခိုင်းနိုင်သည့် လူမှာ သံသယဝင်စရာ မကောင်းလောက်အောင် ထူးခြားသည့် နောက်ခံတို့ ရှိနေမှာပါ။ သူ့အနေနှင့် ထိပါးရန် တတ်နိုင်ခြင်း မရှိပေ။ 

မုန့်ရှူရှူမှာတော့ ရထားလုံးအတွင်းတွင် ပါလာနိုင်စရာ အကြောင်းမရှိပေ။ 

“သဲလွန်စတွေ အရဆို.. မုန့်ရှူရှူ သံတောင်မြို့ဆီသို့ ထွက်ပြေးသွားခဲ့တယ်။ အခု ငါတို့တွေ သံတောင်မြို့ကို ပိတ်ထားပြီးပြီ။ သူဘယ်လို ထွက်ပြေးမလဲ ကြည့်ရတာပေါ့။ ဒါပေမယ့် သတင်းက တိကျရဲ့လား”

အဖိုးအိုတွင် သံသယအချို့တို့ ရှိနေ၏။ သံတောင်မြို့မှာ ဖွံ့ဖြိုးတိုးတက်မှု မရှိသည့် ခေါင်သီသော နေရာတစ်ခု ဖြစ်သည်။ မုန့်ရှူရှူ၏ ဒီနေရာသို့ ထွက်ပြေးလာခြင်းသည် ကိုယ့်သေတွင်းကိုယ် တူးနေခြင်းပင် မဟုတ်ပါလား။ 

မုန့်ချုံက လှည်းကို တောစိမ်းမြို့ဆီသို့ မောင်းနှင်နေ၏။ ရထားလုံးအတွင်းတွင် မုန့်ရှူရှူမှာ စိုးရိမ်မှုတို့ဖြင့် ပြည့်နှက်နေပါသည်။ သူငှားလာခဲ့သည့် လူမှာ သိုင်းသခင်တစ်ယောက် ဖြစ်နေ၏။ 

ထို့အပြင် အလွန် စွမ်းအားကြီးမားသည့် သိုင်းသခင်တစ်ယောက် ဖြစ်သည်။ 

“ညီ‌လေးမုန့်… မင်းက အထွတ်အထိပ်အဆင့် သိုင်းသခင်တစ်ယောက်လား”

မုန့်ရှူရှူက မေးစမ်းသည်။

ယခုအချိန်၌ သူ့တွင် သံသယအချို့ ရှိနေ၏။ မုန့်ချုံသည် ထိုလူများနှင့် ပူးပေါင်းပြီး သူ၏ ရတနာများကို ကြံစည်နေသည်လား မသိပေ။ 

“ဂုဏ်သရေရှိ ဖောက်သည်ကြီး.. မင်းစိတ်ချထားပါ။ ငါမုန့်ချုံရဲ့ ဂုဏ်သတင်းက အပြစ်အနာအဆာ မရှိပါဘူး။ မင်းသာ ကတိတည်ရင် ငါလည်း မင်းကို အခြား မဟုတ်တဲ့အတွေးတွေ တွေးကြံမှာမဟုတ်ဘူး”

မုန့်ချုံက ရင်ဘတ်ကိုပုတ်ကာ ပြောသည်။ 

“ဟားဟား.. ညီလေးမုန့်က နားလည်မှု လွဲနေပါပြီ။ ကျွန်တော် မုန့်ရှူရှူက ဘယ်လိုလုပ်ပြီး သံသယဝင်တတ်တဲ့လူ ဖြစ်မှာလဲ။ ကျွန်တော်က ခင်ဗျားရဲ့ ခွန်အားကို နည်းနည်းစပ်စုချင်ရုံပဲ”

မုန့်ရှူရှူက ရယ်မောကာ ပြန်ပြော၏။ 

တောစိမ်းမြို့သို့ ခရီးလမ်းမှာ အန္တရာယ်များလှသည်။ ပေါ်သွားမည်ကို စိုးရိမ်သဖြင့် မုန့်ရှူရှူတစ်ယောက် ရထားလုံးအတွင်းတွင်သာ ပုန်းအောင်းနေရ၏။ ပြင်ပသို့ ထွက်ခွာရဲခြင်း မရှိပေ။ 

ကျေးဇူးတင်စရာ ကောင်းသည်မှာ မုန့်ချုံက အလွန် သန်မာ၏။ သူ၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် မည်သူမှ ဝင်ရှုပ်ရဲခြင်း မရှိတော့ပေ။ ချောင်းမြောင်းကြည့်ရှုဖို့ဆို ပိုတောင် ဝေးသေး၏။ 

စွမ်းအားကြီး သိုင်းသခင်တစ်ယောက်ကို မြင်းမောင်းခိုင်း

သူမှာ မည်ကဲ့သို့ သာမန်လူတစ်ယောက် ဖြစ်မည်နည်း။ 

မုန့်ချုံက တောစိမ်းမြို့ဆီသို့ သွားနေစဉ် ရွှီယန်မှာတော့ သုယွီယင်းနှင့် ခွဲခွာပြီးနောက် စိတ်ဝိညာဉ်ဆေးပင်များနှင့်အတူ လာရာလမ်းအတိုင်း လန်းဖင်ဆီသို့ ပြန်ခဲ့သည်။ 

စိတ်ဝိညာဉ် ဆေးပင်များကို မြို့ထဲရှိ ထန်းပေါင်စံအိမ်၌ အပ်နှံလိုက်၏။ 

“ခုနစ်စင်ကြယ် အကယ်ဒမီက အတွင်းဘက်နယ်မြေ သိုင်းလောကရဲ့ မြင့်မြတ်နယ်မြအဖြစ် ကျောက်ကြားတယ်။ အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ စွမ်းအားကြီးသူတွေ ရှိပြီး ဘယ်နောက်ခံပဲ ရှိရှိ ပါရမီရှင်တိုင်း ဝင်ရောက်သင်ကြားနိုင်ကြတယ်”

“အဲ့ဒီမှာ သိုင်းသမားတွေက သမုဒ္ဒရာလို ကျယ်ပြောတယ်။ ငါ့ဆရာ ပြောခဲ့သလိုပဲ.. အတွင်းဘက်နယ်မြေရဲ့ သိုင်းပညာ စနစ်မှာလည်း သူ့ဟာနဲ့သူ သင်ယူဆရာတွေ ရှိနေတယ်။ ငါခုနစ်စင်ကြယ် အကယ်ဒမီကို သွားပြီး ကြည့်သင့်တယ်”

ရွှီယန်သည် သူ၏ နောက်ထပ်ပစ်မှတ်အား တွေ့လိုက်ရ၏။ 

စိတ်ဝိညာဉ်ပုံဆောင်ခဲများကို ရှာခြင်းနှင့် စိတ်ဝိညာဉ် ဆေးပင်များကို ဝယ်ယူခြင်းအပြင် သူ၏ နောက်ထပ်ခြေတစ်လှမ်းမှာ ခုနစ်စင်ကြယ် အကယ်ဒမီသို့ သွားရောက်ကာ အတွင်းဘက်နယ်မြေမှ သိုင်းပညာများကို စစ်ဆေးကြည့်ရန် ဖြစ်သည်။ အနှစ်သာရကို စုပ်ယူကာ ကိုယ့်ကိုယ်ကိုယ်နှင့် ပေါင်းစည်းရမည် ဖြစ်၏။ 

အတွင်းဘက်နယ်မြေသို့ ဒီခရီးစဉ်က သူ့အတွက် ကြီးမားသည့် အကျိုးအမြတ်များကို ရရှိစေခဲ့သည်။ သူသည် နဂါးဟိန်းသံ၏ စစ်မှန်သည့် အဓိပ္ပာယ်ကို နားလည်သဘောပေါက်ကာ ဓါးတာအိုအတတ် တစ်ခုကို ဖန်တီးနိုင်ခဲ့သည်။ 

“နဂါးဟိန်းခြင်း တောင်နဲ့မြစ်”

ခုနစ်စင်ကြယ် အကယ်ဒမီကို သွားပြီးရင် အတွင်းဘက်နယ်မြေက သိုင်းပညာတွေ အကြောင်းကို ပိုပြီး နှံ့စပ်လာမှာ။ 

“ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာ ငါ့ရဲ့ နှလုံးသားကို ကျင့်ကြံဖို့ လိုအပ်သေးတယ်”

ရွှီယန်သည် သူ၏ ဓါးတာအို တိုးတက်လာသည်နှင့်အမျှ နှလုံးသားအခြေအနေတို့ အားနည်းကျန်ခဲ့ကြောင်းကို ခံစားလိုက်ရသည်။ သူ့ကို ပြင်ပ အရာများ၏ နှောင့်ယှက်ခြင်းအား ခံရစေ၏။ ထို့ကြောင့် သူ၏ နှလုံးသားကို ကျင့်ကြံပြီး အဆင့်မြှင့်တင်ရန် လိုအပ်ပါသည်။ 

“စွန့်ပြစ်ဒေသမှာတုန်းက ငါ့ရဲ့ နှလုံးသားကို ဧကရာဇ်ချီရဲ့ မောင်းမဆောင်မှာ လေ့ကျင့်ခဲ့တယ်။ ဒါပေမယ့် ဧကရာဇ်ချီရဲ့ မောင်းမတွေက သာမန်လူလေးတွေပဲ။ သူတို့တွေ ဘယ်လောက်ပဲလှလှ စွဲဆောင်မှုတစ်ခု လစ်ဟင်းနေတယ်”

“သုယွီယင်းဆို မဆိုးလှတဲ့ ကျင့်ကြံမှုအဆင့် ရှိပြီး ကိုယ်နှုတ်အမူအရာက ပိုပြီး တည်ငြိမ်တယ်။ သူမက စွဲဆောင်မှုအများကြီး ပိုကောင်းတယ်။ ဒါ့ကြောင့် ငါ့ရဲ့ စိတ်ကို လေ့ကျင့်ချင်ရင် မိန်းမလှတွေ အများကြီး ရှိတဲ့နေရာကို သွားသင့်တယ်”

“အဲ့ဒီအပြင် သူမတို့အားလုံးက သိုင်းပညာရှင်တွေ ဖြစ်ကြပြီး ခြားနားတဲ့ စွဲဆောင်မှုတွေနဲ့ မှင်သက်ဖွယ် ရုပ်ရည်တွေကို ပိုင်ဆိုင်ထားရမယ်။ အဲ့ဒါမှ ငါ့ရဲ့ နှလုံးသားကို ကောင်းကောင်းကျင့်ကြံနိုင်မှာ”

ထိုအတွေးနှင့် ရွှီယန်တစ်ယောက် ပတ်ဝန်းကျင်တွင် လိုက်လံ စုံစမ်းခဲ့သည်။ အဖြေမှာ နေရာတစ်ခုတည်းကိုသာ ဦးတည်ပြနေ၏။ 

ဝူနိုင်ငံရဲ့ ကြယ်တစ်ထောင်ကန်က ဝူရွှမ်းစံအိမ်…

ထိုနေရာမှာ ကောင်းကင်အောက်တွင် အနှိုင်းမဲ့သည်ဟု ဆိုနိုင်၏။ များပြားလှသည့် သိုင်းပညာရှင်များသည် ထိုနေရာ၌ ဖိနပ်အောက်သို့ သက်ဆင်းကြရသည်။

သူတို့ကိုယ်သူတို့ ရုန်းထွက်နိုင်ခြင်း မရှိအောင် ဖြစ်နေ၏။ ဝူရွှမ်းစံအိမ်ရှိ ကချေသည်များနှင့် ညငှက်ကြယ်များမှာ အလွန် လှပကြပြီး မြင့်မားသည့် သိုင်းခွန်အားနှင့် ကျွမ်းကျင်မှုများစွာတို့ ရှိကြသည်။  

အဆင့်တစ်မှ အဆင့်ကိုးအထိ အားလုံး ရှိကြ၏။ သိုင်းသခင်အဆင့် အလှလေးများပင် ရှိနေသည်ဟု ပြောကြသည်။ 

လူတစ်ယောက်သည် မည်ကဲ့သို့သော ပုံစံမျိုးကို လိုချင်စေကာမူ ဝူရွှမ်းစံအိမ်၌ ရှာတွေ့နိုင်၏။ သူရဲကောင်းဆန်သည်လား၊ နူးညံ့သည်လား၊ ဆွဲဆောင်မှုပိုသည်လား၊ ချစ်ဖို့ကောင်းသည်လား၊ တင့်တယ်သည်လား.. ကဗျာစာပေ နှံ့စပ်သည်လား.. အားလုံးရသည်။ 

“အတွင်းဘက်နယ်မြေမှာ ဒီလိုနေရာမျိုးလည်း ရှိတာလား။ ဒါက ဆောင်ကြာမြိုင်ထက်တောင် အများကြီး ပိုသာသေးတယ်။ နှလုံးသားကို ကျင့်ကြံဖို့အတွက် တကယ့်ကို ရတနာနယ်မြေပဲ။ ငါသာ အဲ့ကိုသွားရင် သေချာပေါက် တိုးမြင့်မှုတွေ ရလာမှာ”

“ငါ့ရဲ့စိတ်သာ လောကအနှောင့်အယှက်တွေကနေ လွတ်ကင်းသွားရင် ဓါးတာအိုလည်း ပိုပြီး သန့်စင်လာမှာ။ ငါ့ကို ပိုပြီးမြင့်မားတဲ့ အမြင့်ကို ရောက်သွားစေနိုင်မှာ”

ရွှီယန်တစ်ယောက် စိတ်ကူးများစွာဖြင့် ကြယ်တစ်ထောင် ကန်များဆီသို့ ခရီးဆက်ခဲ့၏။ 

ကြယ်တစ်ထောင်ကန်ရှိ ဝူရွှမ်းစံအိမ်ကို ယွဲ့နိုင်ငံ၏ ထိပ်တန်း ဇိမ်ခံနယ်မြေဟု လူသိများပါသည်။ ၎င်းသည် ယွဲ့နိုင်ငံအတွင်းမှာသာ မက အတွင်းဘက်နယ်မြေ တစ်ခုလုံး၌ ကျယ်ပြန့်သည့် ဂုဏ်သတင်းတစ်ခုအား ပိုင်ဆိုင်ထားပါသည်။ 

မရေမတွက်နိုင်သည့် သိုင်းသမားများသည် လက်ဆောင်ပေးခြင်းဖြင့် ပိုက်ဆံဖြုန်းခြင်း၊ သာယာမှု၌ နှစ်မျောခြင်းနှင့် သိုင်းပညာအပေါ် ဖြုန်းတီးခြင်းတို့အား ထိုနေရာ၌ လုပ်မိခဲ့ကြသည်။ 

ဝူရွှမ်းစံအိမ်ရှိ မိန်းမလှလေးများမှာလည်း အတွင်းဘက်နယ်မြေရှိ နေရာပေါင်းစုံမှ လာကြ၏။ အချို့မှာ ငယ်စဉ်ကတည်းက ပျိုးထောင်ခြင်းကို ခံရပြီး အချို့မှာ ဝယ်ယူထားခြင်း ဖြစ်သည်။ အချို့ဆိုလျှင် ရန်သူများ၏ ဖမ်းဆီးခြင်းခံရပြီး ဝူရွှမ်းစံအိမ်၌ ရောင်းစားခံရသည်များလည်း ရှိ၏။ 

ဝူရွှမ်းစံအိမ်၏ နောက်ခံမှာ အလွန် နက်ရှိုင်းလှသည်။ ပြောကြသည်ကား ယွဲ့နိုင်ငံ၏ မင်းညီမင်းသားများ ပင်လျှင် သူတို့၏ ဝန်ဆောင်မှုကို ရရှိရန်အတွက် အခကြေးငွေတို့ ပေးဆောင်ရန် လိုအပ်သည်ဟု ဆို၏။ 

ကြယ်တစ်ထောင်ကန်မှာ ကန်တစ်ခုတည်း မဟုတ်ပါ။ အကြီးနှင့် အသေး အရွယ်အစားအမျိုးမျိုးနှင် ကန့်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်နေခြင်း ဖြစ်၏။ ကြယ်တစ်ထောင်ကို နမူနာယူကာ ၎င်းကိုလည်း ကြယ်တစ်ထောင်ကန်ဟု ခေါ်ဆောင်လေသည်။ 

ကန်များအကြားတွင် အထူးဖောက်လုပ်ထားသည့် ရေလမ်းကြောင်းများဖြင့် ဆက်သွယ်ထားပြီး လှပသည့် တံတားများကို တည်ဆောက်ထားကာ ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းကို ချောမွေ့စေသည်။ 

ဝူရွှမ်းစံအိမ်သည် ကြယ်တ်စထောင်ကံများ၏ အတွင်းတွင် တည်ရှိ၏။ အပြင်ပိုင်း ကန်လေးများမှ အတွင်းပိုင်း ကန်ကြီးများအထိ အစဉ်လိုက် စနစ်ကို ကျင့်သုံးသည်။ လူတစ်ယောက်သည် အတွင်းပိုင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားလေလေ ပိုမို လှပသည့် မြင်ကွင်းများကို တွေ့မြင်နိုင်လေ ဖြစ်သည်။ ကချေသည်များနှင့် သီဆိုသူများလည်း ပိုမို သန်မာလာကြ၏။ 

ပြောကြသည်ကား ကြယ်တစ်ထောင်ကန်၏ ဗဟိုတွင် ထည်ဝါသည့် ဇိမ်ခံလှေအိမ်များစွာတို့ ရှိနေပြီး ရေထဲတွင် အလွန်မြင့်မားသည့် အဆောက်အအုံ တစ်ခုလည်း ရှိသည်ဟု ဆိုကြသည်။ ထိုနေရာတွင် သိုင်းသခင်အဆင့် ကချေသည်များ နေထိုင်ကြ၏။ 

ထိုနေရာသို့ ဝင်ရောက်နိုင်သူ အားလုံးတို့မှာ သိုင်းသခင်အဆင့်နှင့် ထိုထက် မြင့်မားသူများးသာ ဖြစ်ကြသည််။ အားလုံးတွင် ချမ်းသာကြွယ်ဝသည့် နောက်ခံတို့ ရှိ၏။ သာမန် သိုင်းသခင်များ ဆိုလျှင်တောင် ဝင်ရောက်နိုင်မည့် ငွေကြေးအင်အား မရှိပေ။ 

ကြယ်တစ်ထောင်ကန်များ၏ အစပ်မှ ရပ်ကြည့်လိုက်လျှင် မျက်စိတစ်ဆုံး အပြာရောင်လက်နေသည့် ရေပြင်ပေါ်တွင် ဆိုက်ကပ်ထားသည့် ဇိမ်ခံလှေအိမ်များကို တွေ့မြင်နိုင်ပါသည်။ ထို့အပြင် သွားသွားလာလာ ပြုနေသည့် ရောင်စုံလှေများနှင့် လှိုင်းနှင့်အတူ လူးလွန့်နေသည့် ရေပန်းပင်များကို တွေ့မြင်နိုင်၏။

ရောင်စုံလှေများပေါ်မှ ပျံ့လွင့်လာသည့် ညင်သာသည့် ကုချင်းသံနှင့် ချိုမြသည့် သီချင်းသံ သဲ့သဲ့တို့က ဆင်းရဲသည့် သိုင်းသမားအုပ်စုကို ဆွဲဆောင်နေရင်း ထိုလူများ၏ မနာလိုမှုနှင့် အားကျမှုတို့ ပြည့်နှက်နေသည့် အကြည့်များအောက်တွင် ပန်းရုံများအကြား၌ ပျောက်ကွယ်သွားကြသည်။

All Chapters