← Chapters

ကြယ်တစ်ထောင်ကန် ဝူရှန်းစံအိမ်၊ စိတ်ကိုလေ့ကျင့်ခြင်း

Vol. 13 Ch. 187

ကြယ်တစ်ထောင်ကန် ဝူရှန်းစံအိမ်၊ စိတ်ကိုလေ့ကျင့်ခြင်း

Vol. 13 Ch. 187

ဝူရှန်းစံအိမ်၏ လှေအိမ်တွင်ငှားကာ ကြယ်တစ်ထောင်ကန်၏ မိန်းမလှလေး တစ်ယောက်နှင့် ချစ်စခန်းဖွင့်ရန်မှာ နက်ရှိုင်းသော ပိုက်ဆံအိတ်များ၏ ကောင်းချီးပေးခြင်းကို ခံရသည့် သိုင်းသမားများ ဖြစ်ရန် လိုအပ်သည်။

သိုင်းသမား အများစုတို့သည် ဆိုက်ကပ်ထားသည့် ဇိမ်ခံသင်္ဘောဆီသို့ သွားရောက်ကာ သီချင်းနားထောင်ခြင်း၊ ဖျော်ဖြေမှုများကို ကြည့်ရှု့ခြင်းနှင့် စိတ်ဝင်စားပါက အလှလေးတစ်ယောက် နှစ်ယောက်ကို ဖိတ်ခေါ်ကာ ပျော်ပါးရန်အတွက် အခန်းတစ်ခု ငှားရမ်းခြင်းတို့ကို လုပ်ဆောင်ကြသည်။

ပြောဖို့ထိုက်တန်သည်မှာ ဇိမ်ခံသင်္ဘောသို့ ဝင်ရောက်ရန်အတွက် မည်သည့် အခကြေးငွေမှ ပေးဆောင်စရာ မလိုပါ။ သို့ရာတွင် သင်္ဘောပေါ်ရှိ လက်ဖက်ရည်နှင့် စားပွဲတို့၏ ကုန်ကျစရိတ်မှာ စျေးပေါသည်ဟု ဆိုဖွယ်ရာ မရှိပါ။

အတွင်းဘက်နယ်မြေမှ သိုင်းသမားများတွင် သူတို့၏ ကိုယ်ပိုင်သိက္ခာတို့ ရှိကြ၏။ ထို့ကြောင့် ဇိမ်ခံသင်္ဘောပေါ်သို့ တက်ရောက်ရာတွင် အခကြေးငွေ ပေးဆောင်ရန် လိုအပ်ခြင်း မရှိလျှင်တောင် အလကားဝင်ထိုင်ခြင်း ကဲ့သို့သော ကိစ္စမျိုးကို  ပြုလုပ်ရန် အလွန် မျက်နှာပူကြပါသည်။

ဝင်ရောက်ပြီးနောက် လူတိုင်းသည် စားသောက်ဖွယ်ရာများကို မှာကြားလေ့ရှိ၏။ ထို့ကြောင့် အတွင်းသို့ ဝင်ရောက်ပြီးနောက် လက်ဖက်ရည်တစ်ခွက်တောင် မမှာရလောက်အောင် အရှက်မဲ့သည့် သိုင်းသမားဟူ၍ မရှိပါ။

ရွှီယန်သည် ဝူရွှမ်းစံအိမ်သို့ မရောက်ခင်တွင်ပင်  အနည်းငယ် စိုးရိမ်နေ၏။ သူကြိုးကြိုးစားစား ရှာဖွေစုဆောင်းထားသည့် စိတ်ဝိဉာဉ် ပုံဆောင်ခဲတို့ ဒီနေရာတွင် ကုန်ဆုံးသွားမည်ကို ကြောက်ရွံ့နေပါသည်။

သို့ရာတွင် သူ၏ စိတ်အခြေအနေကို မြှင့်တင်ရန်အတွက် ရွေးချယ်စရာမရှိဘဲ တုံ့ဆိုင်းစွာဖြင့်သာ ပိုက်ဆံကို အသုံးပြုရမည် ဖြစ်၏။

'ငါက တကယ့်ကို ဆင်းရဲလွန်းတယ်..'

ရွှီယန်သည် ကြယ်တစ်ထောင်ကန်နှင့် ပတ်သက်ပြီး  ပိုမိုနားလည်လေလေ သူ၏ မွဲတေမှုကို ပိုမို သိမြင်လာလေ ဖြစ်လာခဲ့သည်။

သူ့ကို အံ့သြစေသည်မှာ ဇိမ်ခံသင်္ဘောပေါ်သို့ ဝင်ရောက်ရန်အတွက် မည်သည့်ပိုက်ဆံမှ ကုန်ကျမှု မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်ကို ဝမ်းသာစရာဖြစ်၏။

သူသည် ဝူရွှမ်းစံအိမ်သို့ စိတ်အခြေအနေကို မြှင့်တင်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။ အလှလေးများ၏ စွဲဆောင်မှုအောက်တွင် တည်ငြိမ်စွာ နေနိုင်ပြီး ပြင်ပကိစ္စရပ်များ၏ နှောင့်ယှက်မှုမှ ကင်းဝေးကာ သူ၏ လျှို့ဝှက်ဆန်းကြယ်သည့် မိန်းမ မရှိသည့် စိတ်အခြေအနေအား မြှင့်တင်မည် ဖြစ်၏။

ထိုအခါ သိုင်းကျင့်ကြံခြင်းမှာ နတ်ဘုရားတစ်ပါးကဲ့သို့ မြန်ဆန်လာမှာ ဖြစ်သည်။ သူ့အနေနှင့် ဝူရွှမ်းစံအိမ်ကို ပျော်ပါးရန်အတွက် အမှန်တကယ် လာရောက်ခြင်း မဟုတ်ပါ။ ထို့ကြောင့် ပိုက်ဆံကုန်ခြင်းကို ရှောင်ရှားနိုင်ပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်တုံးကိုမှ သေချာပေါက် အကုန်ကျခံမည် မဟုတ်ပေ။

လှေထဲတွင် စည်ကားသိုက်မြိုက်နေပြီး မိန်းမလှလေးများဖြင့် ပြည့်နှက်နေပါသည်။ ရောက်လာကြသည့် မည်သည့်သိုင်းသမားက ရှေ့ရှိ မြင်ကွင်းကြောင့် စိတ်လှုပ်ရှားမှုကို မခံစားရဘဲ နေမည်လဲ။ မည်သူက တည်ငြိမ်စွာဖြင့် နေနိုင်တော့မည်လဲ။

သို့ပေမယ့် ရွှီယန်မှာ ဒီနေရာသို့ စိတ်အား လေ့ကျင့်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထိုအပြင်ပန်း အနှောင့်အယှက် အားလုံးတို့ကို ဖြတ်ကျော်ကာ သန့်စင်သည့် စိတ်အခြေအနေကို  အောင်မြင်ပြီး မည်သည့် အရာကမှ သူ့ကို စိတ်မလှုပ်ရှားနိုင်အောင် ပြုလုပ်မည် ဖြစ်သည်။

"ကျေးဇူးပြုပြီး.."

အစေခံမလေးက ပြုံးသည်။ သိသာစွာပင် ဒီလူငယ်သည် ဒီနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသည့် ပုံပေါ်၏။

ပြီးလျှင် လက်ဖက်ရည်တစ်အိုး စားစရာတစ်ပန်းကန်တို့ကို ယူဆောင်လာပြီး အနည်းငယ်လောက် မြှောက်ပင့်လိုက်ပါက စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို မည်သူက ရက်ရက်ရောရော မထုတ်ပေးဘဲ နေလို့နည်း။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို အကြိမ်များစွာ တွေ့မြင်ဖူးပြီး ဖြစ်သည်။

ရွှီယန်က သင်္ဘောပေါ်သို့ တက်ပြီးနောက် အပေါ်ထပ်သို့ တစ်ခါတည်း သွားသည်။ ထို့နောက် နေရာလွတ်တစ်ခုကို ရွေးချယ်ကာ ထိုင်လိုက်၏။ အောက်ရှိ အမဲရောင်ဝတ်စုံနှင့် တင့်တယ်လှပသည့် မိန်းကလေးများ၏ ခန္ဓာကိုယ်များကို တိမ်းညွှန့်ကာ ကခုန်မှုနှင့် နုရွစွာ ခုန်ပေါက်မှုတို့ကို ကြည့်ရှု့သည်။

သူမတို့၏ အကများက လှပကာ လှုပ်ရှားမှုများက  မြန်ဆန်၏။ မျက်နှာများက ဆွဲဆောင်မှုအပြည့်နှင့် မျက်လုံးများက ညှို့စားနိုင်စွမ်းတို့ ပြည်နှက်နေပါသည်။

လူတစ်ယောက်၏ စိတ်ဝိဉာဉ်ကို ဖမ်းစားနိုင်သည့်ပုံပေါ်၏။ သိသာစွာပင် အားလုံးသည် ကောင်းစွာ  လေ့ကျင့်ထားကြခြင်း ဖြစ်သည်။

ရွှီယန်ကို ပိုမိုအံ့သြစေသည်ကား ထိုကနေကြသည့် မိန်းကလေးများ အားလုံးတို့မှာ အဆင့်၇ သိုင်းသမားများ ဖြစ်သောကြောင့် ဖြစ်သည်။

သူမတို့၏ တိုက်ခိုက်မှုစွမ်းရည်က သာမန် အဆင့်၇ သိုင်းသမားများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျပေမယ့် သူမတို့သည် အဆင့်၇ သိုင်းသမားများ ဖြစ်နေကြပါသေးသည်။

ဤသည်က ဝူရွှမ်းစံအိမ်၏ နက်ရှိုင်းသည့် အခြေခံနှင့် စွမ်းအားကြီးမားသည့် နောက်ခံတို့ကို ပြသနေပါသည်။

သိုင်းသမားတိုင်းသည် ဝူရွှမ်းစံအိမ်မှ မိန်းမလှလေးများထဲမှ တစ်ယောက်ကို ဖိတ်ခေါ်ပြီး အတူတူ  ပျော်ပါးရန်အတွက် မတတ်နိုင်လျှင်တောင် ရူးသွပ်စွာ ကြည့်ရှု့နေကြပါသည်။

လက်ဖက်ရည်တစ်အိုးနှင့် စားစရာတစ်ပန်းကန်ကို မှာကာ မိန်းမလှလေးများ၏ ကခုန်မှုကို ကြည့်ပြီး သီချင်းကို နားထောင်ရခြင်းက စိတ်ဝိဉာဉ်ကို လန်းဆန်းစေ၏။

ခန္ဓာကိုယ်ရှိ သွေးများက ဆူပွက်လာပြီး အချိန်ကုန်ရသည်မှာလည်း အလွန် ပျော်ရွှင်ဖို့ကောင်းလှ၏။

အစေခံက လက်ဖက်ရည်တစ်အိုးနှင့် စားစရာတစ်ပန်းကန်တို့ကို သယ်ဆောင်လာကာ ရွှီယန်ဆီသို့  လျှောက်လာခဲ့သည်။

"သခင်လေး...ဒါက ရှင့်ရဲ့ လက်ဖက်ရည်နဲ့ စားစရာပါ.."

"ခဏ.."

ရွှီယန်က သူ့ကိုတားသည်။ လေးနက်သည့် မျက်နှာဖြင့် မေး၏။

"ဒီလက်ဖက်ရည်နဲ့ စားစရာက ပိုက်ဆံကုန်တာလား.."

အစေခံက ကြောင်တောင်သွား၏။ "???"

"သူဘာတွေ မေးနေတာလဲ။ ငါတို့ကို အလှူလုပ်နေတယ်လို့ ထင်နေတာလား.."

"သခင်လေးက နောက်နေပြန်ပါပြီ... ဒါပေါ့... ဒီလက်ဖက်ရည်နဲ့ စားစရာက ပိုက်ဆံကုန်တာပေါ့.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်က ခေါင်းကိုရမ်းသည်။

"အဲ့ဒါဆို မလာနဲ့။ ငါဒါကို မမှာခဲ့ဘူး။ ငါ့ကို လာမနှောင့်ယှက်နဲ့.."

အစေခံက မှင်သက်သွားသည်။

"သခင်လေး...ဒီနေရာကို လာတဲ့လူတိုင်း  လက်ဖက်ရည်..."

"ဒီမှာ အထဲကို ဝင်တာနဲ့ လက်ဖက်ရည် မှာရမယ်လို့ စည်းကမ်းရှိလို့လား.."

ရွှီယန်က လေးနက်စွာ မေးသည်။

"မရှိပါဘူး..."

အစေခံက ခေါင်းကိုရမ်းသည်။

"အဲ့ဒါဆိုရင် ကောင်းပြီ... သူများတွေ မှာတာက သူများကိစ္စပဲ။ ငါကတော့ မမှာဘူး။ သွားသွား ငါ့ကိုမနှောင့်ယှက်နဲ့.."

ရွှီယန်က လက်ကို ဝှေ့ယမ်းသည်။ ဟာသပင်။ သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲများကို ရရှိရန်  အပတ်တကုတ် မနည်းကြိုးစားခဲ့ရ၏။  ၎င်းတို့ကို အသုံးပြုကာ စိတ်ဝိဉာဉ်ဆေးပင်များကို ဝယ်ယူရန်လည်း လိုအပ်ပါသေးသည်။ ဤသည်မှာ သူ၏ မိဘများနှင့် မိသားစုဝင်များ၏ သိုင်းပညာများ ကျင့်ကြံမှု လမ်းကြောင်းအတွက် အလွန် အရေးကြီး၏။ ဘယ်လိုလုပ်ပြီး ဖြုန်းတီးရမည်နည်း။

အစေခံက လုံးဝ ကြောင်တောင်သွား၏။

"ဒါပေမယ့် သခင်လေး..."

"သွားစမ်းပါ... ငါလက်ဖက်ရည် မမှာဘူး။ နင်ပြန်မယူသွားလဲ ဒီအတွက် ငါက ပိုက်ဆံမပေးနိုင်ဘူး.."

ရွှီယန်က ပြတ်သားစွာ ပြော၏။ တင်ပျဉ်ခွေထိုင်ကာ သူ၏ အကြည့်က အောက်တွင်ကနေသည့် မိန်းကလေးများအပေါ်သို့ ကျရောက်သွားသည်။ မျက်တောင်ခတ်ခြင်းပင် လုံးဝမရှိပေ။

အစေခံက အံ့သြသွားသည်။ ရွှီယန်၏ အရည်ထူလှသည့် အပြုအမူအတွက် အံ့သြသွားခြင်း ဖြစ်၏။

လက်ဖက်ရည်အိုးကို ကိုင်ကာ လျှင်မြန်စွာ ထွက်ခွာသွားပြီး မန်နေဂျာကို သွားရောက် ရှာဖွေသည်။

ဝူရွှမ်းစံအိမ်အား စတင်တည်ထောင်ခဲ့စဉ် ကတည်းက ပထမဆုံး အလကား ဝင်ရောက်လာသည့် ပုဂ္ဂိုလ်က ပေါ်ပေါက်လာခဲ့လေပြီ။

ရွှီယန်က အစေခံ၏ အတွေးများကို ဂရုစိုက်ခြင်း မရှိပါ။ ဒီအချိန်၌ သူသည် အောက်တွင် ကခုန်နေသည့်  မိန်းကလေးများ၏ အံ့သြဖွယ် ပုံရိပ်များကို ဂရုတစိုက် ကြည့်နေ၏။

သူ၏ နှလုံးသားက တဖြည်းဖြည်းနှင့် တည်ငြိမ်လာခဲ့၏။ ကခုန်မှုအားလုံး၊ သီချင်းအားလုံး၊ သူ၏နားထဲမှာ ပျောက်ကွယ်သွားသည့်ပုံ ရှိသည်။ အရာအားလုံး သူနှင့် ကင်းကွာနေပြီး နှလုံးသားက ကြည်လင်နေ၏။

'အမှန်တကယ်ပဲ... သိုင်းသမားတွေရဲ့ ကခုန်မှုနဲ့  ခန္ဓာကိုယ် ဆွဲဆောင်နိုင်မှုတွေက ဧကရာဇ်ချီရဲ့မောင်းမဆောင်ထဲက မိန်းကလေးတွေထက် အများကြီး ပိုလှတယ်။ ဒါပေမယ့် ငါ့ရဲ့နှလုံးသားကို ထပ်ပြီးတော့ မနှောင့်ယှက်နိုင်တော့ဘူး..'

ရွှီယန်က နှလုံးသားထဲတွင် သက်ပြင်းချ၏။ ဝူရွှမ်းဖျော်ဖြေရေးအိမ်မှာ အမှန်တကယ်ကို လူတစ်ယောက်၏ စိတ်အခြေအနေကို လေ့ကျင့်ရန်အတွက် အဖိုးတန်နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် ပိုက်ဆံလည်း ကုန်ကျခြင်း မရှိပေ။

အစေခံက မန်နေဂျာတစ်ယောက်နှင့် ပြန်လည်ရောက်ရှိလာ၏။

"သခင်လေး... ဒီမှာ ပိုက်ဆံသုံးရမှာ မထိုက်တန်ဘူးလို့ သခင်လေးကို ဘယ်အရာက ခံစားရစေလဲ မသိဘူး.."

မန်နေဂျာက ရွှီယန်ကို ကြည့်သည်။ သူ့ကို ဝူရွှမ်းစံအိမ်၏ သမိုင်းတွင် အရှက်အမဲ့ဆုံးသူ ဖြစ်သည်ဟု ယုံကြည်ရန် ခက်ခဲနေပါသည်။ အပြုံးတစ်ခုဖြင့် စတင်ပြော၏။

ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြောသည်။

"မင်းတို့ရဲ့ ကချေသည်တွေက အရမ်းကို သာမန်ဆန်တယ်။ ငါ့ရဲ့နှလုံးသားကို မလှုပ်ခါစေနိုင်ဘူး.."

"ဘာ.."

မန်နေဂျာက ရွှီယန်ကို ပြူးကျယ်သည့် မျက်လုံးများဖြင့် ကြည့်သည်။ ဖြစ်နိုင်သည်မှာ တစ်ဖက်လူသည် ဆောင်ကြာမြိုင်များ၏ ဝါရင့်လှည့်လည်သူတစ်ယောက် ဖြစ်ပြီး သာမန် ကချေသည်များက ဆွဲဆောင်မှု မပေးနိုင်တော့ပေဘူးလား။

"ဒါက ဘုံ(အများသုံး)နေရာ တစ်ခုပါ။ ဒီက ကချေသည်တွေက  သခင်လေးကို ကျေနပ်မှု မရှိစေတာလည်း နားလည်လို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ ဇိမ်ခံသင်္ဘောမှာ  သီးသန့်ခန်း ၁၂ခန်းရှိပါတယ်။ တစ်ခန်းချင်းစီတိုင်းမှာ တစ်သီးတစ်သန့်ဆန်တဲ့ အလှလေးတွေ ရှိပါတယ်.."

"သူမတို့ရဲ့ ကခုန်ခြင်းအတတ်၊ သီဆိုခြင်းအတတ်နဲ့ ဆွဲဆောင်မှုတွေက လုံးဝကို အကြွင်းမဲ့ပါပဲ။ သခင်လေးကို ကျေနပ်မှုရစေဖို့ သေချာပေါက်  စွမ်းဆောင်နိုင်ပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ကတော့ မနည်းပါဘူး.."

မန်နေဂျာ၏ အဓိပ္ပါယ်က ရှင်းလင်းသည်။ ဤသည်မှာ ရွှီယန်အနေနှင့် တတ်နိုင်လား ဟူသည့် အပေါ်တွင်သာ မူတည်၏။

ရွှီယန်က ခဏတာ စဉ်းစားသည်။ ထို့နောက် သူ၏အိတ်ထဲမှ စိတ်ဝိဉာဉ်စာရွက် တစ်ထပ်တို့ကို ထုတ်လိုက်၏။

ဤသည်မှာ သိုင်းသခင်များစွာကို အနိုင်ယူထားပြီး ပင်ပန်းဆင်းရဲစွာ ရှာဖွေထားသည့် ပိုက်ဆံများဖြစ်သည်။

"ငါ့မှာ ပိုက်ဆံရှိတယ်။ ဒါပေမယ့် မင်းတို့ သီးသန့်ခန်းက အလှလေးတွေက ငါ့ကို ကျေနပ်မှု ပေးနိုင်မလားဆိုတာတော့ ဘယ်လို သိနိုင်မှာလဲ.."

ရွှီယန်က မျက်မှောင် ကျုံ့ကာမေး၏။

ထိုပုံကို တွေ့ရပြီးနောက် မန်နေဂျာလဲ ရှေ့ရှိလူငယ်မှာ အမှန်တကယ် ချမ်းသာကြောင်းကို နားလည်လိုက်သည်။

ဒီစိတ်ဝိဉာဉ်စာရွက် အထပ်လိုက်တွင်ပင် အနည်းဆုံး စိတ်ဝိဉာဉ်ပုံဆောင်ခဲ သောင်းနှင့်ချီကာ တန်ကြေးရှိ၏။

"စိတ်ချပါ သခင်လေး... ကျွန်တော်တို့ သီးသန့်ခန်းကို ဝင်ရောက်တဲ့ ဧည့်သည်တွေအားလုံး ကျေနပ်မှု ရကြပါတယ်။ သခင်လေးရဲ့ မျှော်လင့်မှုကို သေချာပေါက် တွေ့ဆုံနိုင်မှာပါ.."

"သေချာရဲ့လား.."

ရွှီယန်က စိတ်အားထက်သန်စွာ မေး၏။

"အသေအချာပါပဲ.."

"တကယ်လို့ ငါဝင်ကြည့်ပြီးမှ ကျေနပ်မှုမရှိရင်ရော။ စိတ်မဝင်စားရင်ရော.."

"အဲ့ဒါဆိုရင် တစ်ပြားမှပေးဖို့ မလိုပါဘူး.."

မန်နေဂျာက လေးနက်စွာ ဖြေကြားသည်။

"ကောင်းတယ်။ ငါ့ကို သီးသန့်ခန်းဆီကို ခေါ်သွား.."

ရွှီယန်က ခေါင်းငြိမ့်ကာ သဘောတူ၏။

"ဒါပေမယ့်သခင်လေး..."

"ကျေနပ်မှုရှိတယ်ဆိုရင် ငါမင်းကို အခကြေးငွေ သေချာပေါက်ပေးမယ်။ မင်းတို့ဘက်က ဘာပေးနိုင်မလဲ ဆိုတာတောင် မသိသေးဘဲနဲ့ ပိုက်ဆံကြိုပေးထားရင် ငါလိုချင်တဲ့အတိုင်း စံချိန်ကို မရလာရင်ရော ပြန်ပြီးတော့ အမ်းပေးမှာလား။ ပြီးတော့ ဝူရွှမ်းစံအိမ်က ငါ့ကိုသာ အမှန်တကယ် ကျေနပ်မှုရစေမယ်ဆို ပိုက်ဆံ မရမှာကို စိုးရိမ်စရာလိုလို့လား.."

ရွှီယန်က မျက်မှောင်ကျုံ့ကာ မေး၏။

နားထောင်ကြည့်ပြီးနောက် မန်နေဂျာလည်း ကျိုးကြောင်းဆီလျော်သည်ဟု ခံစားရသည်။

ဝူရွှမ်းစံအိမ်တွင် မည်သူက ပြဿနာရှာရဲလို့နည်း။ ထို့အပြင် ဒီလူငယ်သည် အားမာန်ပြည့်ဖြိုးကာ  အသွေးအသားတို့ အဆာလောင်ဆုံး အချိန်တွင် ရှိနေပါသည်။

ဖျော်ဖြေရေးလောက၏ ဝါရင့်တစ်ယောက် ဖြစ်လျှင်တောင် ဆွဲဆောင်မှုကို အမှန်တကယ် ခံနိုင်မည်လား။ 

အထူးသဖြင့် သီးသန့်ခန်း ၁၂ခန်းလုံးတွင် ဆွဲဆောင်ခြင်းအတတ်၌ ကျွမ်းကျင်သည့် မှင်သက်စရာ အလှလေးများ ရှိပါသည်။ ယခုကဲ့သို့သော လူငယ်တစ်ယောက်အတွက် ခုခံရန် အလွန်ခက်ခဲမှာပါ။ လှုပ်ရှားမှု ပြုပြီးပါက အမှန်တကယ် ပိုက်ဆံမပေးဘဲ ငြင်းဆန်နိုင်မည်လား။

ဝူရွှမ်းစံအိမ်ကို အလှူအတန်း လုပ်နေသည်ဟု ထင်နိုင်မှာလား။

"ဒီဘက်ပါ။ ကျေးဇူးပြုပြီး သခင်လေး.."

မန်နေဂျာက ပြုံးရွှင်သော မျက်နှာကို ဆင်မြန်းပြီး ရွှီယန်ကို ဇိမ်ခံသင်္ဘော၏ ထိပ်ပိုင်းသို့ လှေကားမှတစ်ဆင့် ခေါ်ဆောင်သွား၏။ သူတို့သည် သီးသန့်ခန်းတစ်ခု၏ အရှေ့တွင် ရပ်တန့်သွားသည်။

"ကျေးဇူးပြုပြီး သခင်လေး.."

သူက လက်ဟန်ပြ၏။

ရွှီယန်က ခေါင်းငြိမ့်ကာ အတွင်းထဲသို့ ဝင်ရောက်သွားသည်။ အခန်းက တင့်တယ်မှုရှိကာ ဆွဲဆောင်မှု အပြည့်နှင့် မိန်းမလှလေးတစ်ယောက်က သူ့ကို နှုတ်ဆက်၏။

သူမ၏ မျက်လုံးများက ချစ်ခင်မှုတို့ဖြင့် လင်းလက်နေကာ ချစ်ရသူတစ်ယောက်ကို ကြည့်နေသကဲ့သို့ ရှိ၏။

လှုပ်ရှားမှုတိုင်းကလည်း ဆွဲဆောင်မှုတို့ ပိုနေပါသည်။

ပန်းနုရောင် အဝတ်ပါးလေးကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်အလင်းမှ တစ်ဆင့် လူတစ်ယောက်သည် အတွင်းရှိ အလှအပများကို ရေးတေးတေး တွေ့မြင်နိုင်ပါသည်။

"သခင်လေး... ကျွန်မရှင့်ကို စောင့်နေတာ ကြာခဲ့ပြီ.." သူမက ပြောလိုက်သည်နှင့် ညင်သာကာ ဆွဲဆောင်မှုပြည့်ဝသည့် အသံတစ်ခု ပေါ်ပေါက်လာ၏။ စိတ်ဝိဉာဉ်ကို ယားယံစေရန် ကုပ်ခြစ်နေ သကဲ့သို့ ရှိသည်။

ရွှီယန်က အသက်ကို နက်ရှိုင်းစွာရှူ၏။

'သူမက အောက်က ကချေသည်တွေထက် အများကြီး ပိုသာတယ်။ ငါ့ရဲ့နှလုံးသားကို အနည်းငယ် လှုပ်ရှားလာစေနိုင်တယ်။ မဆိုးဘူး။ ငါဒီနေရာမှာ ဆက်ပြီးတော့ စိတ်အခြေအနေကို လေ့ကျင့်လို့ရတယ်..'

သူက ကုလားထိုင်ပေါ်တွင် ထိုင်ကာ ပြောသည်။

"နင် ဘာတွေလုပ်နိုင်လဲ.. ငါ့ကို ပြလေ.."

"ဒါဆိုရင် အာရုံစိုက်ထားပါ သခင်လေး.. ကျွန်မရှင့်အတွက် သံစဉ်တစ်ခု တီးခတ်ပေးရင်ရော.."

အမျိုးသမီးက ချစ်ဖို့ကောင်းစွာ ရပ်နေရင်းမှ ဗျက်စောင်း၏ကြိုးကို နူးညံ့သွယ်လျသည့် လက်လေးများဖြင့် တီးခတ်လိုက်၏။

သူမ၏ အငိုအပြုံး၊ အကြည့် တစ်ခုစီနှင့် စည်းချက်ညီသည့် တီးခတ်မှုများက ဗျက်စောင်း၏ သံစဉ်ကို ပိုမိုကာ ပြည့်စုံလာစေခဲ့သည်။

ခန္ဓာကိုယ်ကလည်း သံစဉ်နှင့်အတူ ရွေ့လျားနေပြီး  အဆုံးမသတ်နိုင်သော လှပမှုတစ်ခုအား ပုံဖော်ထားပါသည်။

All Chapters