ရှဲ့လင်ဖုန်း၏ ဝူရွှမ်းစံအိမ်တွင် နာမည်ကျော်ကြားမှု
Vol. 13 Ch. 188
ရွှီယန်က တင့်တယ်သည့် အခန်းထဲတွင် ထိုင်ကာ အမျိုးသမီး၏ ဂီတတူရိယာ တစ်ခုအား တီးခတ်နေမှု့ကို ကြည့်ရှု့နေ၏။
သူမ၏ ခန္ဓာကိုယိမ်းနွဲ့မှုများ လှုပ်ရှားမှုတိုင်းတွင် ပါးလျသည့် ဝတ်စုံ၏ ယိမ်းပါးမှုများကို တွေ့မြင်နိုင်၏။
ခံစားချက်များကို ပြည့်စုံစွာ ဖော်ကျူးထားသည့် မျက်လုံးများ၌ အဆုံးမဲ့သော နူးညံ့မှုများ ပြည့်နက်နေပါသည်။
မျက်မှောင်ကျုံ့မှုနှင့် အပြုံးတို့အကြားတွင် လူတစ်ယောက်၏ သွေးနှင့်စိတ်ဆန္ဒကို လှုံ့ဆော်နိုင်သည့် ညှို့ဓာတ်တစ်ခု ပါရှိနေ၏။
'ဒီအမျိုးသမီးက တကယ့်ကို ချီးကျူးဖို့ကောင်းတယ်။ ဧကရာဇ်ချီရဲ့ မောင်းမတွေ သူနဲ့ နှိုင်းယှဉ်ရင် တကယ့်ကို မှေးမှိန်သွားမှာ..'
ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။ နှလုံးသားက စတင် လေးနက်လာခဲ့၏။ သူ၏စိတ်က အံ့သြစရာကောင်းလောက်အောင် စတင်လှုပ်ရှားလာခဲ့ပြန်သည်။
အတွေးများကို ပြန်လည်စုစည်းကာ အမျိုးသမီးကို စိတ်အားထက်သန်စွာ ကြည့်သည်။ တဖြည်းဖြည်းနှင့် သူ၏ စိတ်က ပြန်လည် တည်ငြိမ်လာခဲ့၏။
သူသာ အလိုမရှိပါက သူ၏ ခံစားချက်များက လှိုင်းထနိုင်ခြင်း မရှိတော့ပေ။ သူ၏ စိတ်အခြေအနေကို နှောင့်ယှက်နိုင်ခြင်း မရှိတော့ပါ။
'ငါသာ ဘယ်အရာကိုမှ မတောင်းတရင် ငါ့ရဲ့လိုချင်တပ်မက်စိတ်တွေ အားလုံးလည်း လှုပ်ရှားမှု ကင်းမဲ့နေမှာ။ မင်းကိုမင်း ငါ့ရဲ့နှလုံးသားကို နှောက်ယှက်နိုင်မယ်လို့ မထင်နဲ့..'
ရွှီယန်သည် သူ၏ စိတ်အခြေအနေ တိုးတက်မှုကို ခံစားရ၏။ အပြင်ဘက်မှ အနှောင့်အယှက်များကို ပိုမိုကာ ထိန်းချုပ်လာနိုင်ခဲ့သည်။ သူ၏ ဓားတာအိုနှလုံးသားက ခိုင်မာစွာဖြင့် ပိုမိုတည်မြဲလာခဲ့၏။
'ငါဓားတာအို အသိအမြင်နဲ့ မဝေးတော့ဘူး။ ချန်းရှင်း(ကြယ်တစ်ထောင်) ကန်က ဝူရွှမ်းစံအိမ်ကို အသုံးပြုပြီး ငါ့ရဲ့နှလုံးသားကို တည်ငြိမ်အောင်လုပ်ပြီး ရှင်းလင်းတဲ့ စိတ်အခြေအနေကို လုံးဝ ရရှိလာစေဖို့ ငါမျှော်လင့်တယ်။ အဲ့ဒါဆိုရင် ဓားတာအို အသိအမြင်ရဲ့ အဆင့်ကို ချိုးဖျက်ဖို့အတွက် အုတ်မြစ်ချနိုင်မှာ..'
ရွှီယန်သည် စိတ်လှုပ်ရှားစွာ ခံစားလိုက်ရ၏။ အမှန်တကယ်ကိုပင် ဝူရွှမ်းစံအိမ်မှာ ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်သည်။
သူသည် အလှအပများကို ခံစားရင်းနှင့် တစ်ချိန်တည်းတွင် စိတ်အခြေအနေကိုလည်း မြှင့်တင်နိုင်၏။ အရေးအကြီးဆုံးမှာ အားလုံးကို အလကားရခြင်း ဖြစ်သည်။
"သခင်လေး... ကျွန်မပူတယ်.."
အမျိုးသမီးမှာလည်း ပဟေဠိ ဖြစ်သွားသည်။ ဒီလူငယ်က လုံးဝ လှုပ်ရှားမှု မရှိသည့် ပုံပါ။
သူမ၏ နီဆွေးသည့် နှုတ်ခမ်းများက အနည်းငယ် ပွင့်ဟသွားပြီး နူးညံ့ကာ ချိုမြသည့် အသံတစ်ခုက ဆွဲဆောင်မှုရှိစွာ ထွက်ပေါ်လာ၏။
သူမ၏ ခန္ဓာကိုယ်တွင် ပါးလျသည့် အဝတ်တစ်လွှာကသာ ဖုံးလွှမ်းထားသည်။ ဆွဲဆောင်မှု ရှိလှသည့် ခန္ဓာကိုယ်အား ရေးတေးတေး တွေ့မြင်နိုင်၏။
ဤသည်က သူမကို ပိုမိုကာပင် ဆွဲဆောင်မှုပိုစေပြီး သူမ၏ ညှို့ဓာတ်ပြင်းသည့် ခန္ဓာကိုယ်ကို အလွန်မက်မောကာ အတင်ပြေးဝင်ပြီး အဝတ်များကို ဆွဲဖြဲချင်စိတ်ပင် ပေါ်လာစေနိုင်သည်။
'ဒီအမျိုးသမီးရဲ့ လှုပ်ရှားမှုတွေမှာ ဆွဲဆောင်မှုတစ်ခု ပါဝင်နေတယ်။ သူမရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ တိုင်းမှာ လူရဲ့စိတ်ကို ထကြွစေတဲ့ စွမ်းအားတစ်ခု ပါတယ်။ ဖြစ်နိုင်တာက ဝူရွှမ်းစံအိမ်ရဲ့ အမျိုးသမီးတွေ အားလုံးက လူသားတွေရဲ့ စိတ်ဝိဉာဉ်ကို လှုံ့ဆော်ပေးနိုင်တဲ့ ကျင့်စဉ်တစ်ခုကိုများ ကျင့်ကြံကြတာလား..'
'ပြီးတော့ သူမရဲ့ အသံရောပဲ... အဲ့ဒါကလည်း သေချာပေါက် လူတွေရဲ့ စိတ်ဝိဉာဉ်ကို လှုံ့ဆော်ပေးနိုင်တယ်။ စိတ်စွမ်းအားနည်းတဲ့ သို့မဟုတ် ခွန်အားနည်းတဲ့ သိုင်းသမားတွေအတွက် သေချာပေါက် အထိန်းအချုပ်ကင်းမဲ့သွားမှာ..'
ရွှီယန်က အတွေးနက်သွားပုံ ပေါ်၏။ ရုတ်တရက် အပြင်ဘက်တွင် ကနေကြသည့် ကချေသည်များ အားလုံးလည်း ယခုကဲ့သို့ အထူးဆွဲဆောင်ခြင်း ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားကြောင်းအား နားလည်လိုက်သည်။
'ဝူရွှမ်းစံအိမ်... ဘယ်လောက်ကောင်းတဲ့ နေရာတစ်ခုလဲ... ဒါက ချန်းရှင်းကန်ပေါ်မှာရှိတဲ့ အဆင့်နိမ့် ဇိမ်ခံသင်္ဘောတစ်စီးပဲ ဖြစ်တယ်။ ဒီမှာရှိတဲ့ အမျိုးသမီးတွေတောင် ဒီလောက် ဆွဲဆောင်မှု အားကောင်းနေရင် ပိုပြီးတော့ အဆင့်မြင့်တဲ့ ဇိမ်ခံသင်္ဘောတွေက အမျိုးသမီးတွေဆိုရင် ပိုပြီးတော့ စွမ်းအားကြီးပြီး ပိုပြီးတော့ ဆွဲဆောင်မှု ပိုကြမှာပေါ့..'
'သူတို့ရဲ့ ဆွဲဆောင်မှုကို အသုံးပြုတာက ငါ့ရဲ့စိတ်ကို မြှင့်တင်ဖို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပဲ..'
ရွှီယန်က စိတ်လှုပ်ရှားသွားသည်။
'ငါသာ ဝူရွှမ်းစံအိမ်တစ်ခုလံုးကို လေ့လာပြီးရင် ဒဏ္ဍာရီဆန်တဲ့ ညနက်ကြယ်လေးတွေတောင် ငါ့ရဲ့စိတ်ကို မနှောင့်ယှက်နိုင်တော့ဘူးဆိုရင် ဒီလောကကြီးမှာ ငါ့စိတ်ကို နှောက်ယှက်နိုင်တာ ရှိပါဦးမလား..'
'အဲ့ဒီ့အခါ ငါ့ရဲ့ဓားတာအို အသိအမြင်ကိုလည်း သေချာပေါက် မြှင့်တင်နိုင်မှာ..'
ထိုအတွေးနှင့်အတူ ရွှီယန်တစ်ယောက် ဆက်လက်ထိုင်မနေနိုင်တော့ပေ။ သူသည် ချန်းရှင်းကန်၏ အနက်ပိုင်းသို့ သွားရပေမည်။ ပိုမိုအဆင့်အတန်းမြင့်ကာ ပိုမိုတင့်တယ်သည့် ဇိမ်ခံသင်္ဘောများသို့ သွားရောက်ပြီး ထိုနေရာရှိ အမျိုးသမီးများ၏ ဆွဲဆောင်မှုကို အတွေ့အကြုံ ယူရပေမည်။
သူမတို့သည် ပိုမိုလှပ ပိုမိုစွမ်းအားကြီးကာ ပိုမိုကျွမ်းကျင်သော ဂီတနှင့် အကတို့အား ပိုင်ဆိုင်ထားမှာ ဖြစ်၏။ ဤသည်က သူ၏ စိတ်ကို လေ့ကျင့်ရန်အတွက် ပိုမိုကာပင် အသုံးဝင်လာမှာပါ။
"သခင်လေး.."
ဂီတသံက ရပ်တန့်သွားသည်။ အမျိုးသမီးက အနည်းငယ် ကြောင်တောင်နေ၏။ သူမ၏ ဆွဲဆောင်မှုတို့ ယုတ်လျော့သွားပြီလားဟု သံသယဝင်လာမိသည်။
လူငယ်တစ်ယောက်ကိုတောင် အဘယ်ကြောင့် ဆွဲဆောင်နိုင်ခြင်း မရှိရသနည်း။
"ကျွန်တော် သွားပါတော့မယ်.."
ရွှီယန်က မတ်တပ်ရပ်ကာ ထွက်ခွာသွား၏။
အမျိုးသမီး "..."
သူက ဒီအတိုင်း သီချင်းလာနားထောင်ပြီး ထွက်ခွာသွားသည်လား။
တံခါးကို ဖွင့်လိုက်ပြီးနောက် ရွှီယန်က အပြင်သို့ထွက်သည်။ မန်နေဂျာက အနည်းငယ် အံ့သြသွား၏။
ဤသည်က အလွန် မြန်လွန်းလှပါသည်။
"သခင်လေး... ကျေနပ်မှုရှိရဲ့လား မသိဘူး.."
သူက ပါးစပ်ကိုဖွင့်ကာ အပြုံးတစ်ခုဖြင့် မေးသည်။
ရွှီယန်က ခေါင်းကိုရမ်းကာ ပြော၏။
"သိပ်လည်း အဆင်မပြေပါဘူး။ ပျင်းဖို့ကောင်းတယ်။ ကျွန်တော်သွားတော့မယ်.."
မန်နေဂျာ "..."
ထိုစကားကို ကြားရသည်မှာ စားပြီးသောက်ပြီး ကိစ္စပြီးမှ နားမလည်လုပ်ချင်သည့် ပုံစံနှင့် တူနေပါသည်။
"သခင်လေး... သီးသန့်ခန်းရဲ့ ဝင်ကြေးက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅၀၀၀ရှိပါတယ်။ မင်းအထင်..."
ရွှီယန်က သူ့ကို မျက်စိဆွေစွာ ကြည့်သည်။
"ကျေနပ်မှုမရှိရင်.. ဒါမှမဟုတ် မပျော်ခဲ့ဘူးဆိုရင် တစ်ပြားမှ ပေးစရာမလိုဘူးလို့ ခင်ဗျားပဲ သဘောတူထားတယ်မလား။ အခု တစ်မျိုး ပြောင်းချင်တာလား.."
"မဟုတ်ပါဘူး သခင်လေး... မင်းဝင်သွားခဲ့ပြီးတော့..."
"လျှောက်ပြီး ပေါက်ကရတွေ မပြောနဲ့။ ငါဘာမှ မလုပ်ခဲ့ဘူး။ ငါဒီအတိုင်း သီချင်းနားထောင်ပြီး ထွက်လာရုံပဲ။ ဒါက တကယ့်ကို ပုံမှန်ပဲ။ ဘာမှလည်း မခံစားရဘူး.."
"သခင်လေးပြောချင်တာက ကျွန်တော်တို့ ဝူရွှမ်းစံအိမ်က..."
"ငါ့ကို ခြိမ်းခြောက်ဖို့ မစဉ်းစားနဲ့။ ငါ့ဘဝမှာ မကြောက်ဆုံးက ခြိမ်းခြောက်တာတွေကိုပဲ။ ငါ့သာ ကျေနပ်မှုမရှိဘူးဆိုရင် ပေးစရာမလိုဘူးလို့ ငါတို့တွေ သဘောတူထားပြီးသားလေ။ မင်းရဲ့စကားကို ပြန်ပြီးရုတ်သိမ်းမယ်ဆိုရင် ငါ့ရဲ့ဓားကိုလည်း လုံလုံလောက်လောက် မထက်ဘူးလို့ ထင်နေတာလား.."
မန်နေဂျာက အနည်းငယ် မှင်သက်စွာ ခံစားလိုက်ရသည်။ သူမ ဝူရွှမ်းစံအိမ်၏ ဇိမ်ခံသင်္ဘောပေါ်၌ မန်နေဂျာတစ်ယောက် ဖြစ်လာစဉ်ကတည်းက ဤသည်မှာ ပထမဆုံးအကြိမ် ဝန်ဆောင်မှုကို ခံစားပြီး ပိုက်ဆံမပေးချင်သည့် လူနှင့် တွေ့ဆုံရခြင်း ဖြစ်သည်။
ထိုအချိန်၌ အခန်းထဲရှိ အမျိုးသမီးက ထွက်လာခဲ့၏။ သူမသည် အံ့သြစွာ ရှိနေပါသည်။ သူမ၏ ဆွဲဆောင်မှုတို့ ကျဆင်းသွားသည်လား။ အလှအပါတို့ ပျောက်ဆုံးသွားပြီလား။
"အထဲထဲမှာ သူဘာတွေလုပ်ခဲ့လဲ.."
မန်နေဂျာက လေးနက်သည့် အသံဖြင့် မေးသည်။
ဒီကောင်က သူမတို့၏နေရာကို စားပြီးနားမလည်လုပ်လို့ရသည့် စျေးပေါသည့် ဆောင်ကြာမြိုင်တစ်ခုဟု ထင်နေသည်လား။
"သူဘာမှ မလုပ်ခဲ့ပါဘူး။ သီချင်းတစ်ပုဒ်ကိုပဲ နားထောင်ခဲ့တာ။ ကျွန်မရဲ့ ဆွဲဆောင်တဲ့ အတတ်တွေများ ယုတ်လျော့သွားတာလား.."
အမျိုးသမီးက စိုးရိမ်စွာ ပြောသည်။
မန်နေဂျာ "..."
ဒီကောင်သည် အတွင်းသို့ဝင်ပြီး အမှန်တကယ်ကို သီချင်းတစ်ပုဒ်သာ နားထောင်ခဲ့သည်လား။ အခြားမည်သည်ကိုမှ မလုပ်ခဲ့ပေဘူးလား။
"သွားတော့မယ်ဗျာ... ခင်ဗျား ပြောတဲ့အတိုင်း စကားမတည်ချင်ရင် ကျုပ်ဆီကို ကြိုက်တဲ့အချိန် လာရှာလို့ရတယ်။ ခင်ဗျားတို့ ဝူရွှမ်းစံအိမ်က ဂုဏ်သတင်းကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ ကြည့်ရတာပေါ့.."
ရွှီယန်က နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
မန်နေဂျာမှာ ပါးစပ်ကို ဖွင့်လိုက်ပိတ်လိုက်နှင့် နောက်ဆုံးတွင် စကားလုံးများကို ပြန်လည်မျိုချလိုက်ရသည်။
သူမကို ထိုကဲ့သို့သော ကတိပေးရန် မည်သူက ပြောခဲ့လို့နည်း။
ထိုအပြင် ဝူရွှမ်းစံအိမ်က စည်းမျဉ်းများကို လေးစားပါသည်။ ကတိပေးထားပြီးပါက ချိုးဖျက်လို့ မရပေ။ မဟုတ်ပါက ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်၏။
တစ်ဖက်လူကို ထိခိုက်စေမည် ဖြစ်ပေမယ့် သူမအနေနှင့်လည်း အများကြီး ပိုမိုကောင်းမွန်မည် မဟုတ်ပါ။ ထိုသို့ဆိုပါက ရွေးချယ်စရာမရှိဘဲ လက်ခံရန်သာ တတ်နိုင်ပါသည်။
ရွှီယန်က ထွက်ခွာသွားပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ချန်ရှင်းကန်၏ အနက်ပိုင်းသို့ ဦးတည်သွား၏။ ပိုမိုအဆင့်မြင့်ကာ ပိုမိုတင့်တယ်သည့် ဇိမ်ခံသင်္ဘောများဆီသို့ ဖြစ်သည်။
သူသည် ဝင်ရောက်လိုက်ပြီးနောက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်တုံးကိုမှ အသုံးပြုခြင်း မရှိခဲ့ပြန်ပေ။ ဝူရွှမ်းစံအိမ်ရှိ အစေခံအားလုံးတို့မှာ မှင်သက်နေကြ၏။ ပိုမိုလွန်ကြူးသည်မှာ ရွှီယန်က သီးသန့်ခန်းအတွင်းရှိ မိန်းကလေးများ၏ ဆွဲဆောင်မှုကို စမ်းသပ်လို့ ရသလားဟု မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။ ကျေနပ်မှုရှိမှသာလျှင် ပိုက်ဆံပေးမည်ဟု ဆိုသေး၏။