← Chapters

ရှဲ့လင်ဖုန်း၏ ဝူရွှမ်းစံအိမ်တွင် နာမည်ကျော်ကြားမှု(၂)

Vol. 13 Ch. 189

ရှဲ့လင်ဖုန်း၏ ဝူရွှမ်းစံအိမ်တွင် နာမည်ကျော်ကြားမှု(၂)

Vol. 13 Ch. 189

ဤသည်မှာ မည်ကဲ့သို့သော စကားမျိုး ဖြစ်သနည်း။ သို့ရာတွင် ဇိမ်ခံသင်္ဘော၏ မန်နေဂျာမှာ သူ၏  မိန်းကလေးများနှင့် ပတ်သက်ပြီး အလွန် ယုံကြည်ချက် ရှိ၏။

အလကား ပျော်ပါးကာ ပိုက်ဆံမပေးဘဲ ထွက်သွားမည်ကိုလည်း ကြောက်စရာမလိုပေ။ ထို့ကြောင့် တောင်းဆိုချက်ကို ရက်ရက်ရောရောပင် သဘောတူခဲ့၏။

သို့ပေမယ့် ထိုကောင်က ဝင်ရောက်သွားပြီးနောက် မကြာခင်တွင် ပြန်လည်ထွက်လာပြီး ပြောလေသည်။

"အရမ်းကို သာမာန်ဆန်တယ်။ စိတ်ဝင်စားဖို့မကောင်းဘူး.."

ထိုအဖြစ်အပျက်က တဖြည်းဖြည်းနှင့် စတင်ပျံ့နှံ့လာခဲ့သည်။ သိုင်းသမားများစွာတို့လည်း ပထမဆုံး ပိုက်ဆံပေးပြီးမှ ဝင်ရောက်ခြင်းကို မှားယွင်းနေသည်လားဟု စတင်ပြန်လည် သုံးသပ်လာကြ၏။

ထို့ကြောင့် အချို့သိုင်းသမားများက ထိုကဲ့သို့ လိုက်လံလုပ်ဆောင်ကြသည်။

ဇိမ်ခံသင်္ဘောအတွင်းသို့ ဝင်ရောက်ပြီးနောက် သူတို့သည် လက်ဖက်ရည် သို့မဟုတ် စားစရာများကို မှာကြားခြင်းမရှိပါ။ အဲ့ဒီ့အစား သီးသန့်ခန်းအတွင်းရှိ မိန်းကလေးများကို စမ်းသပ်လိုသည်ဟု ပြောကြ၏။ ကျေနပ်မှုရှိမှသာ ငွေပေးချေမည် ဖြစ်သည်။

ကြည်လင်သော ကန်ရေပြင်ပေါ်တွင် ခရမ်းရောင်အပင်များက ကြီးထွားနေကြပြီး ပန်းရောင်ပန်းပွင့်များက ပွင့်လန်းနေကြသည်။

ပန်းပွင့်ပင်လယ်များ အကြားတွင် မြင့်မားသည့်  အဆောက်အအုံတစ်ခု ရှိ၏။ ရွှီယန်သည် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။

လက်ရှိအချိန်၌ ချန်းရှင်းကန်သို့ သူရောက်ရှိခဲ့တာ လဝက်ကျော် ကြာခဲ့ပြီဖြစ်၏။ သူသည် ချန်းရှင်းကန်၏ အပြင်ပိုင်းမှ ဒီနေရာအထိ ခရီးဆက်ခဲ့ပြီး  သူ၏ စိတ်အခြေအနေက များစွာပိုမို တည်ငြိမ်လာခဲ့သည်။

သန့်စင်သော ဓားနှလုံးသား၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိတော့မည့်ပုံ ပေါ်၏။

'ဒါက ခရမ်းရောင် ပန်းမျှော်စင်ပဲ။ ဝူရွှမ်းစံအိမ်မှာရှိတဲ့ ထိပ်တန်း ဇိမ်ခံစံအိမ် ၁၀ခုထဲက တစ်ခုဖြစ်တယ်။ အထဲထဲမှာ သိုင်းသခင်အဆင့် ညနက်ကြယ်တစ်ယောက် မရှိရင်တောင် ဆွဲဆောင်မှု အတတ်တွေ ပိုပြီးတော့ မြင့်မားတဲ့ ပထမအဆင့် သိုင်းသမားတစ်ယောက် ရှိနေမှာ..'

ရွှီယန်က ရေကို ဖြတ်သန်းလျှောက်သွားပြီးနောက်  ခရမ်းရောင် ပန်းမျှော်စင်ဆီသို့ ဦးတည်လိုက်၏။

ဒီနေရာသို့ ရောက်လာနိုင်သည့် သိုင်းသမားများသည် ထူးကဲသည့် နောက်ခံများရှိခြင်း သို့မဟုတ် ပထမအဆင့် သိုင်းခွန်အားထက် အားမနည်းသည့် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။

ခရမ်းရောင် ပန်းမျှော်စင်သို့ ရောက်ရှိပြီးနောက် ရွှီယန်က ဝင်ရောက်တော့မည့် အချိန်တွင် တံခါးဝ၌ အပြုံးတစ်ခုဖြင့် ဆီးကြိုနေသည့် အစေခံကို တွေ့လိုက်ရသည်။

"သခင်လေး... ဝင်ခွင့်က စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀ပါ.."

ရွှီယန်က မျက်မှောင်ကျုံ့သွားပြီး ပြောသည်။

"ဝူရွှမ်းစံအိမ်မှာ ဝင်ကြေးကောက်တယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး။ ဒါက ဘာအဓိပ္ပာယ်လဲ.."

အစေခံ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပြည့်နှက်နေဆဲရှိ၏။ သို့ပေမယ့် သူမက စိတ်ထဲတွင် ရေရွတ်နေပါသည်။

'ဒါတွေအားလုံးက အစဥ်အလာကို ရှုပ်ထွေးအောင်လုပ်ပြီး သိုင်းသမားအချို့ကို အရှက်မဲ့လာစေတဲ့ လူတစ်ယောက်ကြောင့်ပဲ..'

အတွင်းသို့ ဝင်ရောက်ကာ ကပြမှုကို ကြည့်ပြီးသီချင်းကို နားထောင်၏။ ထို့နောက် စိတ်ဝိဉာဉ်ပုံဆောင်ခဲ တစ်ခုကိုပင် အသုံးပြုခြင်း မရှိဘဲ ပြန်လည် ထွက်ခွာသွားလေသည်။

အရင်က ဝူရွှမ်းစံအိမ်သို့ ရောက်ရှိပြီးနောက် ပိုက်ဆံမသုံးပါက မျက်နှာပူလေ့ရှိခဲ့သည့် သိုင်းသမားများလည်း ယခုအချိန်၌ အလကား ခံစားခွင့်တို့ကို  မျက်နှာပြောင်တိုက်ကာ ယူနေကြပြီ ဖြစ်သည်။ ဤသည်က လွန်လွန်းသွားပါပြီ။

ဝူရွှမ်းစံအိမ်၏ မန်နေဂျာများက နောက်ဆုံးတွင် စည်းမျဉ်းကိုသာ ပြောင်းလဲခဲ့ကြရ၏။

"သခင်လေး မသိသေးဘူး ထင်တယ်... မနေ့ကဘဲ ဝင်ခွင့်ပေးရမယ်ဆိုပြီးတော့ စည်းကမ်းအသစ် ပြင်လိုက်တာ.."

အစေခံက အပြုံးတစ်ခုဖြင့် ဖြေ၏။

ရွှီယန်က စိတ်ဝိဉာဉ်စာရွက် တစ်ခုကို ထုတ်ကာ သူ၏ နှလုံးသားက  နာကျင်နေပါသည်။ ဤသည်မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀ဖြစ်၏။ သူ့အနေနှင့် ပြင်းထန်သည့် တိုက်ပွဲတစ်ခု အပြီးမှသာ ရရှိနိုင်သည့် အရာဖြစ်သည်။

စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀နှင့် ချင်းယွမ်အသီး တစ်လုံးကို ဝယ်ယူနိုင်၏။

ခဏတာ စဉ်းစားပြီးနောက် သူသည် စိတ်ဝိဉာဉ်လက်မှတ်ကို ပြန်လည် ဆွဲယူလိုက်သည်။ လက်လှမ်းကာ ယူတော့မည့် အစေခံကို ကြောင်တောင်သွားစေ၏။ သူမက ရွှီယန်ကို သံသယဖြင့် ကြည့်သည်။

ဖြစ်နိုင်သည်က ဤသည်မှာ အရှုပ်အထွေးကို ဖြစ်ပေါ်စေခဲ့သည့် လူများလား။

ရွှီယန်က လေးနက်စွာ ပြော၏။

"ငါ့နာမည်က ရှဲ့လင်ဖုန်း။ ငါဝူရွှမ်းစံအိမ်ကို လာခဲ့တာက ငါ့ရဲ့ စိတ်အခြေအနေကို လေ့ကျင့်ဖို့ပဲ။ နင်ငါ့ကို ဝင်ခွင့်ပေးလို့ ရမလား.."

"ရှဲ့လင်ဖုန်းလား.."

ကောင်မလေးက ခဏတာ မှင်သက်သွားသည်။ ထို့နောက် စကားလုံးဖြင့် ဖော်ပြနိုင်ခြင်း မရှိလောက်အောင် အံ့ဩသွား၏။

နှစ်ပေါင်းတစ်ထောင် အတွင်းတွင် တစ်ယောက်သာ ပေါ်ထွန်းသည့် ကျန်းကျွင်းရာ၏ နံပါတ်တစ် ဓားပါရမီရှင်များလား။ အတွင်းဘက်နယ်မြေ၏ အငယ်ဆုံး သိုင်းသခင် ၃ယောက်ထဲမှ တစ်ယောက်လည်း ဖြစ်သည်။

သူသည် မကြာသေးခင်က တစ်ဝက်တစ်ပျက် စစ်ဘုရင်တစ်ယောက်ဖြစ်သည့် ယင်ဟုန်ကို တွန်းလှန်ခဲ့ပြီး သူ၏ခွန်အားက အလွန်သန်မာကာ စစ်ဘုရင်များ၏ အောက်တွင် နံပါတ်တစ်ချိတ်သည်ဟု ဆိုကြလေသည်။

ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်၏ ခံစားခွင့်များ အမှန်တကယ်ကို သာမန်သိုင်းသမားများ  နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ အထူးသဖြင့် အဓိက အင်အားစုကြီးများ၏ ပါရမီရှင်များ ဖြစ်၏။

ထို့ကြောင့် ထိုစကားကို ကြားရပြီးနောက် အစေခံက လေးစားစွာ ပြုံးကာ ပြောသည်။

"လက်စသတ်တော့ သခင်လေးရှဲ့ကို.. ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ.."

ရွှီယန်က ဝမ်းသာသွားသည်။

'အကိုရှဲ့ရဲ့ နာမည်က တကယ့်ကို အကူအညီ ဖြစ်တာပဲ။ အတွင်းဘက်နယ်မြေကို လာပြီးရင် ငါ့ကို ဘာပြဿနာကြုံကြုံ သူ့နာမည်ကို ပြောလိုက်လို့ ရဲရဲကြီး ပြောခဲ့တာ အံ့သြစရာ မရှိဘူး..'

'အကိုရှဲ့က လူကောင်း တစ်ယောက်ပဲ။ နောက်တစ်ခါ ငါသူ့ကိုတွေ့ရင် သူ့ရဲ့ဓားတာအိုမှာ ညွှန်ကြားချက်အချို့ ပေးရမယ်..'

စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀ကို မပေးရပဲ စိတ်အခြေအနေကို အလကား လေ့ကျင့်နိုင်တော့မည် ဖြစ်ရာ ရွှီယန်က တက်ကြွလာခဲ့သည်။ အားမာန်အပြည့်ဖြင့် ခရမ်းရောင်ပန်းမျှော်စင် အတွင်းသို့ ဝင်ရောက်သွား၏။

မကြာခင် ချန်းရှင်းကန်၌ သတင်းတစ်ခု ပျံ့နှံ့လာခဲ့သည်။ ကျန်းကျွင်းရာ၏ ပါရမီရှင်ဖြစ်သည့် ရှဲ့လင်ဖုန်းက ခရမ်းရောင်ပန်းမျှော်စင်မှ အကောင်းဆုံး မိန်းကလေးကို တွေ့လိုခြင်း ဖြစ်သည်။

ခရမ်းရောင် ပန်းမျှော်စင်မှ ထိပ်တန်းမိန်းကလေးသာ သူ့ကို ဆွဲဆောင်နိုင်ခြင်း မရှိပါက ဝူရွှမ်းစံအိမ်က မည်သည့်ပိုက်ဆံကိုမှ ကောက်ယူမည် မဟုတ်ပေ။

သိုင်းသမားအားလုံးတို့ အံ့သြကုန်ကြ၏။ "လက်စသတ်တော့ ရှဲ့လင်ဖုန်းကို... ဒီလိုခံစားခွင့်ရတာ အံ့သြစရာမရှိဘူး။ သူက ကျန်းကျွင်းရာရဲ့ နှစ်တစ်ထောင်မှ တစ်ယောက်ပေါ်ထွန်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ စစ်ဘုရင်တွေ အောက်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့လည်း လူသိများကြတယ်.."

"ခရမ်းရောင် ပန်းပွင့်မျှော်စင်က သခင်မလေးမင်က သူ့ကို တွေ့ခွင့်ပြုခဲ့တာ အံ့သြစရာမရှိဘူး.."

"သခင်မလေးမင်ကို ငါတစ်ကြိမ် အဝေးကနေ မြင်ခဲ့ဖူးတယ်။ တစ်ချက်ကြည့်တာနဲ့ သွေးတွေအကုန်လုံး ခေါင်းကို စောင့်တက်လာတဲ့ အတိုင်းပဲ။ ပြီးတော့ ရက်ပေါင်းများစွာ အားတွေတောင် ပျက်သွားခဲ့တယ်။ ဒီရှဲ့လင်ဖုန်း စိတ်မလှုပ်ရှားဘူး ဆိုရင်တော့ ထူးဆန်းနေလိမ့်မယ်.."

ခဏတာအတွင်း ရှဲ့လင်ဖုန်း၏ ဝူရွှမ်းစံအိမ်သို့  လည်ပတ်မှုသတင်းမှာ ရေပန်းစားသည့် ပြောဆိုစရာ တစ်ခု ဖြစ်လာခဲ့သည်။

သို့ရာတွင် မကြာခင်တွင် သတင်းအသစ် ထပ်မံပျံ့နှံ့လာပြန်၏။ ရှဲ့လင်ဖုန်းသည် သခင်မလေးမင်၏ အခန်းထဲသို့ ဝင်သွားခဲ့ပြီးနောက် တစ်နာရီတောင် မကြာဘဲ ပြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သခင်မလေးမင်က သူ့ကိုဆွဲဆောင်ဖို့ ကြိုးစားခဲ့ပေမယ့် မည်သို့ပင် ဆိုစေကာမူ ရှဲ့လင်ဖုန်း၏ နှလုံးသားကို လှုပ်ခါစေခြင်း မရှိခဲ့ပေ။ ဝူရွှမ်းစံအိမ်က မည်သည့် ပိုက်ဆံကိုမှ ကောက်ယူခြင်း မရှိခဲ့ပါ။

ချန်းရှင်းကန်၏ ဗဟိုတွင် မြင့်မားသည့် မျှော်စင်တစ်ခု ရှိနေ၏။ ထည်ဝါသည့် ထိုအဆောက်အအုံကြီးကို မိန်းမလှလေးများဖြင့် ဝန်းရံထားသည်။ ဖောက်သည်များမှာ အမျိုးသားများ ဖြစ်သည်ကလွဲ၍ အစေခံများ၊ မန်နေဂျာများ အစရှိသည်တို့ အားလုံးတို့မှာ လှပသည့် အမျိုးသမီးများ ဖြစ်ကြသည်။

ထိုအဆောက်အအုံမှာ ဝူရွှမ်းစံအိမ် ဖြစ်၏။ ရွှီယန်သည် ဒီနေရာသို့ ရှဲ့လင်ဖုန်း၏ အမည်ဖြင့် ရောက်ရှိလာခဲ့သည်။

ခရမ်းရောင် ပန်းမျှော်စင်မှ ထွက်ခွာပြီးနောက် အစီအစဉ်တစ်ခုကို တွေးမိလိုက်၏။ သူ့ကိုယ်သူ ဒီနေရာသို့ စိတ်အခြေအနေ လေ့ကျင့်ရန် ရောက်လာသည်ဟု ဆိုကာ သူ၏ စိတ်အခြေအနေကို လှုပ်ခါစေနိုင်သည့် မည်သူမဆို ရှိပါက ရှဲ့လင်ဖုန်းက ပြဿနာတစ်ခု ကြုံတွေ့လျှင် လှုပ်ရှားမှုတစ်ခု ပြုလုပ်ပေးမည်ဟု ဆိုခဲ့၏။

ဝူရွှမ်းစံအိမ်က ထိုစကားကို အလွန်အလေးအနက်ထားပါသည်။ ရှဲ့လင်ဖုန်းက လှုပ်ရှားပေးမည် ဟူသည့် ဆိုလိုရင်းမှာ ဓားသခင်ချောက်ကမ်းပါး၏ လှုပ်ရှားမှုနှင့် ညီမျှ၏။

နောင်တွင် ရှဲ့လင်ဖုန်းသာ ဓားသခင်ချောက်ကမ်းပါး၏ ခေါင်းဆောင်နေရာကို ရရှိပါက ဤသည်မှာ အမှန်တကယ်ကိုပင် အဖိုးထိုက်တန် လာမှာပါ။ မရေမတွက်နိုင်သည့် စွမ်းအားကြီး သိုင်းသမားများကို ဟန်းတားနိုင်စွမ်း ရှိ၏။

ဓားသခင်ချောက်ကမ်းပါးသည် အတွင်းဘက်နယ်မြေတွင် ထိပ်တန်း ဓားတာအို ဂိုဏ်းတစ်ခုအဖြစ် နာမည်ကျော်ကြား၏။ ထို့ကြောင့် ရွှီယန်၏ လေ့ကျင့်မှု ခရီးစဉ်အတွက် ဝူရွှမ်းစံအိမ်က ကျန်ရှိသည့် နာမည်ကြီး မျှော်စင်များမှ ညနက်ကြယ်လေးများကို လွှတ်ကာ တစ်ယောက်ချင်း သို့မဟုတ် လူပေါင်းများစွာပင် အတူတူ ဆွဲဆောင်ခိုင်းခဲ့သည်။

ညနက်ကြယ်တိုင်းတွင် အနိမ့်ဆုံး ကျင့်ကြံမှု ပထမအဆင့် ရှိ၏။ ပြီးခဲ့သည့် အခေါက်တုန်းက ထိပ်တန်းမျှော်စင် ၁၀ခုတို့မှ ညနက်ကြယ်အားလုံးတို့ တစ်ပြိုင်နက် ရောက်လာကြပြီး ရွှီယန်ကို ခဏတာ စိတ်မတည်မငြိမ် ဖြစ်သွားစေခဲ့သည်။ ဤသည်က သူ၏ စိတ်အခြေအနေကို ထပ်မံ မြင့်တက်စေခဲ့၏။

ယခုအချိန်၌ သူသည် ဒီမြင့်မားသည့် အဆောက်အအုံသို့ ရောက်ရှိလာခဲ့သည်။ စစ်မှန်သည့် ဝူရွှမ်းစံအိမ် ဖြစ်၏။ ပြောကြသည်ကား  အတွင်းထဲတွင် သိုင်းသခင်အဆင့် ညနက်ကြယ်တစ်ဦး ရှိနေသည်ဟု ဆိုလေသည်။

'သိုင်းသခင်အဆင့် ညနက်ကြယ်ရဲ့ ဆွဲဆောင်မှု အတတ်က ဘယ်လိုဖြစ်မလဲ မသိဘူး... ငါ့ရဲ့ စိတ်အခြေအနေကို နှောက်ယှက်နိုင်မှာများလား..'

ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။

'စိတ်ထဲမှာ အမျိုးသမီးမရှိတဲ့ ငါ့ရဲ့ နက်ရှိုင်းတဲ့ အခြေအနေက ပိုပြီးတော့ နက်နဲလာတဲ့ပုံပဲ။ ရန်သူသာ ငါ့ကို ပုံရိပ်ယောင်နဲ့ လှည့်စားချင်တယ်ဆိုရင် အချိန်ကုန်တာပဲ အဖတ်တင်လိမ့်မယ်..'

'အဆိုးရွားဆုံး စိတ်ဆန္ဒတွေတောင် ငါ့ရဲ့ နှလုံးသားကိုနှောက်ယှက်နိုင်ဘူး။ ငါ့ကို ဘယ်အရာကများ လှုပ်ခါစေနိုင်မှာလဲ..'

'သန့်စင်သော ဓားနှလုံးသားရဲ့ ပြည့်စုံခြင်း အဆင့်က လက်တစ်ကမ်းကို ရောက်နေပြီ..'

ရွှီယန်က စိတ်လှုပ်ရှားလာခဲ့၏။ ဝူရွှမ်းစံအိမ်ဆီသို့ လျှောက်လှမ်းသွားသည်။

"ရှဲ့လင်ဖုန်း ရောက်လာပြီ.."

မြင့်မားသည့် အဆောက်အအုံ တစ်လျှောက်တွင်  သတင်းကြားရပြီးဖြစ်သည့် သိုင်းသမားများက စုပြုံလာပြီး ဖြစ်၏။ ထိုအထဲတွင် သိုင်းသခင်များစွာတို့ပင် ပါဝင်ကြ၏။

"သခင်လေးရှဲ့.. ကျေးဇူးပြုပြီး တက်ခဲ့ပါ။ ကျွန်မရှင့်ကို ကိုယ်တိုင် ခစားပါမယ်.."

မြင့်မားသည့် အဆောက်အအုံမှ ညင်သာသည့် အသံတစ်ခု ပျံ့လွှင့်လာခဲ့၏။ သိုင်းပညာအဆင့်နိမ့်သည့် သိုင်းသမားများဆိုလျှင် ထိုစကားကို ကြားရသည်နှင့် ခဏတာ မှင်သက်သွားကြသည်။ ထူးကဲစွာ လှပသည့် အမျိုးသမီးတစ်ယောက် စောင့်စားနေပုံ ပေါ်၏။

"ဟစ်.."

သတိပြန်လည်လာပြီးနောက် သိုင်းသမားများအားလုံး ထိတ်လန့်သွားကြသည်။ ဤသည်မှာ နာမည်ကျော်ကြားသည့် ဝူရွှမ်းစံအိမ်မှ သိုင်းသခင်အဆင့် ညနက်ကြယ်လေလား။ အသံတစ်ချက်နှင့် သူတို့အားလုံးကို ပုံရိပ်ယောင်အတွင်းသို့ ဝင်ရောက်လုမတတ် ဖြစ်သွားစေခဲ့သည်။

ရှိနေကြသည့် သိုင်းသခင် အားလုံးတို့လည်း အေးစိမ့်စွာ ခံစားလိုက်ရ၏။ ဒီညနက်ကြယ်သည် မည်ကဲ့သို့သော ကျင့်စဉ်ကို ကျင့်ကြံသနည်း။ သူမ၏ ဆွဲဆောင်နိုင်မှုက ကြောက်စရာကောင်းလှသည်။

ရွှီယန်၏ မျက်လုံးများက တောက်ပသွား၏။ သူက စိတ်လှုပ်ရှားလာခဲ့သည်။

'ဒါကဘယ်လို ဆွဲဆောင်မှု အတတ်မျိုးလဲ။ အသံတစ်ခုတည်းနဲ့တင် ပုံရိပ်ယောင်၁၀၀၀ နတ်ဆိုးနဲ့ တူညီတဲ့ စွမ်းရည်အချို့ ပိုင်ဆိုင်ထားပြီးပြီ။ သူမရဲ့အသံက လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး စိတ်ဆန္ဒတွေကို လှုံ့ဆော်ပေးနိုင်တယ်..'

ထိုအတွေးနှင့်အတူ ရွှီယန်က လေထဲသို့ ပျံသန်းသွား၏။ မြင့်မားသော အဆောက်အအုံ၏ ထိပ်ဆုံးသို့ ဦးတည်လိုက်သည်။

သူသည် သတိကြီးစွာလည်း ရှိနေ၏။ စကားပြောခဲ့သည့် အမျိုးသမီးမှာ ထူးကဲလှပါသည်။ ဂရုတစိုက် စိတ်ကိုချုပ်တည်းကာ သူမ၏ ကျော့ကွင်းအတွင်းသို့ ကျရောက်မသွားရန် လိုအပ်၏။

ဝူရွှမ်းစံအိမ်၏ ထိပ်ဆုံးအထပ်သည် ခြံဝန်းတစ်ခုကဲ့သို့ ရှိနေပါသည်။ ပန်းပွင့်များနှင့် သေးငယ်သည့် တံတားနှင့် စီးဆင်းနေသည့် ရေများ ရှိ၏။

ရွှီယန်က ဝင်ရောက်ပြီးနောက် ခြံဝန်းထဲသို့ ခြေချလာခဲ့သည်။ ပန်းရနံ့က သူ၏နှာခေါင်းဆီသို့ ဝင်ရောက်လာကာ စိတ်အစဉ်ကို လန်းဆန်းသွားစေ၏။

'ဒီအနံ့က စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တာပဲ..'

ရွှီယန်က စဉ်းစားသည်။

"သခင်လေးရှဲ့ရဲ့ ဂုဏ်သတင်းကို ကျွန်မကြားဖူးနေတာ ကြာပါပြီ။ ဒီနေ့မှာ တွေ့လိုက်ရတော့ ကျွန်မရဲ့ အေးခဲနေတဲ့ နှလုံးသားတောင် လှုပ်ရှားလာခဲ့တယ်.."

ခြံဝန်းအတွင်းရှိ ကန်၏နံဘေး၌ မျက်နှာကို ပုဝါပါးနှင့် အုပ်ထားသည့် အမျိုးသမီးတစ်ယောက် ထိုင်နေ၏။

သူမ၏ ကျောက်စိမ်းကဲ့သို့ ခြေထောက်များက ရေပြင်ကို ညင်သာစွာ ခတ်နေပါသည်။

သူမ၏ မျက်ဝန်းများက တောက်ပကာ ကြည်လင်၏။

ညင်သာသည့် အကြည့်တစ်ခုဖြင့် ကြည့်ရှု့နေသည်။ နှင်းကဲ့သို့ ဖြူဖွေးသည့် အဝတ်အစားတစ်ခုကို ဝတ်ဆင်ထားပြီး ဆံနွယ်များက ရေတံခွန်ကဲ့သို့ စီးကျနေ၏။

သူမလုပ်ဆောင်သည့် လှုပ်ရှားမှုတိုင်းက စွဲမက်စရာ ကောင်းလွန်းလှသည်။ ရနံ့သဲ့သဲ့က သူမကို ဝန်းရံနေပြီး မြင်တွေ့လိုက်ရသည်နှင့် လူကို ခုခံနိုင်ရန် ခက်ခဲလှ၏။

ရွှီယန်၏ နှလုံးသားက အနည်းငယ် အခုန်မြန်လာခဲ့သည်။ အသက်ကို နက်ရှိုင်းစွာရှူပြီး အမျိုးသမီးကို တစ်ခါတည်း မျက်နှာချင်းဆိုင် လိုက်၏။

ပန်းပွင့်များ၏ ရနံ့ကို ရဲရဲတင်းတင်း ရှူသွင်းလိုက်သည်။ သူ၏သွေးများက ပိုမိုမြန်ဆန်စွာ စီးဆင်းလာပုံ ပေါ်၏။

"သခင်လေးရှဲ့... ဒီကိုလာပြီး ဘာလို့ ကျွန်မနဲ့ မထိုင်တာလဲ.."

အမျိုးသမီးက သူမ၏ဘေးရှိ ကျောက်တုံးတစ်ခုကို  ညင်သာဖြူဖွေးသည့် လက်လေးဖြင့် ပုတ်သည်။

"ကောင်းပြီ.."

ရွှီယန်က ခေါင်းငြိမ့်ကာ ရှေ့သို့တက်သွား၏။ သူမ၏ဘေးတွင် ဝင်ထိုင်လိုက်သည်။

အနီးကပ် ရောက်ရှိလာပြီးနောက် အမျိုးသမီး၏ ခန္ဓာကိုယ်ရှိ ညင်သာသည့် မွှေးရနံက သူ၏ နှာခေါင်းနှင့် စိတ်အစဉ်အတွင်းသို့ ဆက်တိုက် ဝင်ရောက်လာခဲ့၏။

ရှင်းမပြနိုင်သည့် ဆွဲဆောင်မှုပိုသော လေထုတစ်ခုနှင့် သူ၏ဝိဉာဉ်ကို အခိုက်အတန့်တိုင်းတွင် ညှို့ယူနေပါသည်။

All Chapters