သန့်စင်သော ဓားနှလုံးသား ပြည့်စုံခြင်း၊ ဝူရွှမ်းစံအိမ်ရှိ ဆုကြေး
Vol. 13 Ch. 190
ဝတ်စုံဖြူနှင့် အမျိုးသမီး၏ ဘေးတွင် ထိုင်ရသည်မှာ သူမ၏ မည်သည့် ဆွဲဆောင်သည့် အပြုအမူမှ မရှိလျှင်တောင် ရွှီယန်အနေနှင့် သူ၏နှလုံးသားက တဖြည်းဖြည်း အခုန်မြန်လာကြောင်းကို တွေ့လိုက်ရသည်။
သွေးများက ဆူပွက်လာပြီး ခန္ဓာကိုယ်အတွင်းတွင် ယိုးတိုးယွတ ဖြစ်လာခဲ့သည်။ ထိုအချိန်၌ နှလုံးသားက တင်းကြပ်လာခဲ့၏။
'ဒီလောကက လူတွေကို ငါအထင်သေးလို့ မရဘူး။ ဒီမိန်းမရဲ့ ညှို့ယူခြင်းအတတ်က အဆင့်မြင့်မားပြီး သူမရဲ့ ခွန်အားကလည်း အားနည်းဖို့ မဖြစ်နိုင်ဘူး။ ငါက တကယ့်ကို ငယ်သေးတာပဲ။ မိန်းမတွေကြောင့် အလွယ်တကူ စိတ်ရိုင်းအဝင်တတ်ဆုံး အရွယ်မှာပဲ ရှိသေးတယ်..'
'သူမက ငါ့ရဲ့နှလုံးသားကို နှောင့်ယှက်မှုအချို့ ပြုလုပ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ စိတ်အခြေအနေက လုံလုံလောက်လောက် မသန်မာသေးဘူး..'
'ဆရာပြောခဲ့တဲ့ စိတ်ထဲမှာ မိန်းမမရှိရင် ကျင့်ကြံမှုက နတ်ဘုရားလိုပဲ မြန်ဆန်စေတယ်ဆိုတဲ့ စကားက တကယ့်ကို မှန်တယ်။ ငါက အဲ့ဒီ့နက်နဲတဲ့ အဆင့်နဲ့ အများကြီး ဝေးကွာနေသေးတယ်..'
ရွှီယန်က အသက်ကို နက်ရှိုင်းစွာရှူ၏။ တိတ်ဆိတ်စွာဖြင့် သူ့ကိုသူ တည်ငြိမ်အောင် ပြုလုပ်သည်။
သို့ရာတွင် ဝတ်စုံဖြူနှင့် အမျိုးသမီးမှ ထုတ်လွှတ်နေသည့် မွှေးပျံ့သည့်ရနံ့.. ထိုသဘာဝကျကာ ဖော်မပြနိုင်သည့် တွေ့ဆုံမှုက စိတ်ဝိဉာဉ်ကို ဆက်တိုက် ညှို့ယူနေပြီး သူ့ကို လွှမ်းခြုံပြီး ဖြစ်သည့်ပုံ ရှိသည်။ ဤသည်က သူ၏နှလုံးသားကို ပိုမိုကာပင် အရိုင်းဆန်လာစေခဲ့၏။
'ဒီလောက် အံ့သြဖို့ကောင်းတဲ့ ညှို့ဓာတ်... ငါ့ရဲ့နှလုံးသားကိုတောင် လှိုင်းထန်နေစေခဲ့ ပြီးပြီ။ ဒီအမျိုးသမီးသာ အမှန်တကယ် စတင်လှုပ်ရှားလာရင် ငါ့ကိုငါ ထိန်းချုပ်နိုင်ဦးမှာလား..'
ရွှီယန်က စိတ်ထဲတွင် အံ့သြသွားသည်။ သူက ဝတ်စုံဖြူနှင့် အမျိုးသမီးကို တစ်ချက်ကြည့်လိုက်၏။ သူမ၏ တောက်ပသည့် မျက်လုံးများက ကြယ်ပွင့်လေးများနှယ် ရှိနေပါသည်။
သူ၏ဘေးတွင် ထိုင်ရင်းက သူမ၏ သွယ်လျသည့် ခြေထောက်များက ရေကို ညင်သာစွာ ကန်နေ၏။
မည်သည့် မလိုအပ်သည့် ခန္ဓာကိုယ် လှုပ်ရှားမှုကိုမှပင် ပြုလုပ်ခြင်း မရှိပေ။
သူ့အနေနှင့် သူမ၏ ခန္ဓာကိုယ် အချိုးအစား အပြည့်အစုံကိုပင် ခန့်မှန်းနိုင်ခြင်း မရှိပါ။ သို့ပေမယ့် နှလုံးသားထဲရှိ လှိုင်းထန်မှုကတော့ ဆက်လက် ကြီးထွားလာခဲ့၏။
'ဆရာရော ငါ့အသက်အရွယ်မှာတုန်းက ဒီလို မိန်းမမျိုးကို ဘယ်လိုများ ရင်ဆိုင်ခဲ့လဲ မသိဘူး..'
ရွှီယန်က အတွေးနက်သွားသည်။
'အရင်တုန်းက ဆရာလည်း သူ့ရဲ့ စိတ်အခြေအနေကို ဒီလိုမျိုးပဲ ကျင့်ကြံခဲ့တာဖြစ်မယ်။ မဟုတ်ရင် နှလုံးသားထဲမှာ မိန်းမတွေမရှိတဲ့ နက်နဲတဲ့ အခြေအနေကို ငါ့ကိုဘယ်လိုလုပ်ပြီးတော့ သင်ကြားပေးမှာလဲ..'
သူ၏ စိတ်ထဲတွင် ဆရာဖြစ်သူ၏ လှုပ်ရှားမှုတိုင်း စကားလုံးတိုင်းက ပြန်ပေါ်လာနေ၏။ သာမန်ထင်ရသည့် ပုံရိပ်တစ်ခုက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြင့်မားသည့် ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားလေသည်။
'သဘာဝကိုပြန်ပြီး တာအိုနောက်ကို လိုက်ရမယ်... ငါ့နှလုံးသား လှိုင်းထန်လာတာက ငါ့ကိုယ်ငါ အသိမရှိလို့ပဲ။ ငါ့ကိုငါ နားလည်မှုရမှသာပဲ အပြင်ဘက်က အနှောင့်အယှက်တွေကို အားလုံးဖယ်ထုတ်ပြီး ဆွဲဆောင်မှုတွေကို ရှောင်ရှားနိုင်လိမ့်မယ်..'
'ငါ့ရဲ့ နှလုံးသားက မလှုပ်ရှားရင် အဲ့ဒါကို အခြားဘယ်အရာကမှ လှုပ်ရှားအောင် လုပ်လို့မရဘူး..'
ထိုအချိန်၌ ရွှီယန်သည် ဉာဏ်အလင်းအချို့ ရလာခဲ့သည်။
သူ၏ စိတ်ထဲတွင် တောင်နှင့်မြစ် ဓားဆန္ဒက ထွက်ပေါ်လာခဲ့၏။ ဝူရွှမ်းခန်းမ အတွင်း၌ သူတွေ့ဆုံခဲ့သည့် ညနက်ကြယ်များက တောင်နှင့်မြစ်များ အကြားတွင် ပေါ်လာပြီး ကပြဖျော်ဖြေမှုအား ပြုလုပ်သည်။
သူမ၏ ညှို့ယူမှုများ ဆွဲဆောင်မှုများက တစ်ခုပြီးတစ်ခု ပေါ်လာနေခဲ့၏။ ဤသည်က တောင်နှင့်မြစ်၏ ရှု့ခင်းကို ပိုမိုလှပအောင် တန်ဆာဆင်နေသည်။
ဖြေးညှင်းစွာဖြင့် တောင်နှင့်မြစ်အကြားတွင် ဝတ်စုံဖြူဝတ် အမျိုးသမီး၏ ပုံရိပ်က ပေါ်လာခဲ့၏။ သူမသည် တောင်အတွင်းရှိ စမ်းချောင်းတစ်ခုတွင် ထိုင်ကာ ရေကို ခြေထောက်ဖြင့် ကစားနေပါသည်။ တောက်ပသည့် မျက်ဝန်းများက လင်းလက်စွာ ရှိနေ၏။
ထိုအချိန်၌ ရွှီယန်၏ နှလုံးသားက တည်ငြိမ်လာခဲ့သည်။
ဆက်လက် လှိုင်းထန်ခြင်း မရှိတော့ပေ။ ကိုယ့်ကိုယ်ကို ရှင်းလင်းသည့် နားလည်မှုနှင့် တောင်နှင့်မြစ်ဓားဆန္ဒက ပိုမိုကာ ပြည့်စုံလာခဲ့၏။
'ဂျူနီယာ ညီလေးသာ အဆင့်ချိုးဖျက်ပြီး ကြီးမြတ်သောနေ ရွှေခန္ဓာက သွေးကြောမှတ်တွေကို ဖွင့်လှစ်ပြီးရင် သူ့ရဲ့ဆေဘာကို သွေးကြောမှတ်ထဲမှာ ပျိုးထောင်လောက်တယ်။ ငါကတော့ သက်ရှိအားလုံးနဲ့ ငါ့ရဲ့နှလုံးသားထဲက ဓားကို ဒီတောင်နဲ့မြစ်တွေထဲမှာ ပျိုးထောင်မယ်..'
'ဒီနေ့မှာ ငါရွှီယန် ဓားနှလုံးသား ဉာဏ်အလင်းပွင့်မှုမှာ အကြီးစား ကျွမ်းကျင်မှုအဆင့်ကို ရောက်ခဲ့ပြီ..'
ထိုအခိုက်အတန့်တွင် ရွှီယန်၏ ဓားနှလုံးသားက အကြီးစား ကျွမ်းကျင်မှုအား အောင်မြင်ခဲ့၏။
တောင်နှင့်မြစ် ဓားဆန္ဒက သက်ရှိအားလုံးနှင့် သူ၏ နှလုံးသားထဲရှိ ဓားကို ပျိုးထောင်ခြင်းဖြင့် ဓားတာအို၏ ဒုတိယအဆင့်ဖြစ်သည့် နှလုံးသားဓားအဆင့်၏ အခြေခံကို တည်ဆောက်ခဲ့၏။
ရွှီယန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ဘေးရှိ ဝတ်စုံဖြူနှင့် အမျိုးသမီးကို ကြည့်၏။
သူသည် မည်သည့် စိတ်ရိုင်းမှ ဝင်မလာသလို သူမ၏ ညှို့ယူနိုင်စွမ်း အားလုံးတို့လည်း တောင်နှင့်မြစ် ဓားဆန္ဒအတွင်းသို့ ပေါင်းစည်းသွားတဲ့ပုံ ပေါ်၏။
ဝတ်စုံဖြူနှင့် အမျိုးသမီး၏ နှလုံးသားထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ရွှီယန်ကို အံ့ဩစွာ ကြည့်၏။
ထိုအချိန်၌ သူမသည် ရွှီယန်ဆီမှ ဆန့်ကျင်သည့် အငွေ့အသက်တစ်ခု ထုတ်လွှတ်နေမှုကို ရေးတေးတေး ခံစားလိုက်ရသည်။
သူမ သတိထားမိပါသည်။ ရွှီယန်သည် ဆက်လက် လှိုင်းထန်ခြင်း မရှိတော့ပေ။ သူမ၏ ဆွဲဆောင်မှုအပေါ် ထူးမခြားနားစွာ ရှိနေပုံ ပေါ်၏။
'ကမ်းပါးဓားသခင်လို့ မပြောရဘူး.. နှစ်တစ်ထောင်မှာ တစ်ယောက်ပဲ ပေါ်ထွန်းတဲ့ နံပါတ်တစ် ပါရမီရှင် ပီသလှတယ်..'
နှလုံးသားထဲတွင် သက်ပြင်းချမိသည်။ သူ့ကို လှုပ်ရှားမှုတစ်ခု အကြွေးတင်အောင် ပြုလုပ်ရန်မှာ အမှန်တကယ်ကို ခက်ခဲမှုတို့ဖြင့် ပြည့်နက်နေ၏။
ဝတ်စုံဖြူနှင့် အမျိုးသမီးက သူမ၏ လက်ကို မြှောက်ကာ မျက်နှာကို ကာထားသည့် ပုဝါပါးကို ဖယ်လိုက်သည်။ အနှိုင်းမဲ့သည့် အလှတရားတစ်ခု ပေါ်လာခဲ့၏။
ထိုအချိန်၌ လောကကြီးတစ်ခုလုံး အရောင်အဝါတို့ ပျောက်ဆုံးသွားသည့်ပုံ ပေါ်ပြီး ကောင်းကင်အောက်တွင် ဒီမျက်နှာသာလျှင် တစ်ခုတည်းသော အလှတရားအဖြစ် ကျန်ရစ်ခဲ့သည်။
"သခင်လေး.. ရှင့်ရဲ့နှလုံးသားက သံမဏိနဲ့ လုပ်ထားတာလား.."
ဝတ်စုံဖြူနှင့် အမျိုးသမီးက ညင်သာစွာ ပြောသည်။
သူမ၏ သွယ်လျကာ ကျောက်စိမ်းကဲ့သို့ သန့်စင်သည့် လက်ချောင်းများက ရွှီယန်၏ နှလုံးသားကို ညင်သာစွာ ထိလာ၏။
စိတ်ဆိုးမှုနှင့် ကျီစယ်မှု ရောစပ်နေသည့် သူမ၏ အသွင်အပြင်က အဆုံးမသတ်နိုင်သည့် နှိုးဆွမှုတို့ကို ဖြစ်ပေါ်စေပြီး လူတစ်ယောက်၏ သွေးများကို ဆူပွက်ရန် လုံလောက်သည်။
သို့ရာတွင် ရွှီယန်မှာ အနှောင့်အယှက် ကင်းမဲ့စွာ ရှိနေဆဲဖြစ်၏။ တောင်နှင့်မြစ်ဓားဆန္ဒ အတွင်းရှိ ဝတ်စုံဖြူနှင့် အမျိုးသမီး၏ မျက်လုံးများကလည်း ပွင့်လာပြီး သူမ၏ သွယ်လျကာ ကျောက်စိမ်းကဲ့သို့ လက်ချောင်းများကို ဆန့်သည်...
ထိုညှို့ဓာတ် အားလုံးတို့သည် တောင်နှင့်မြစ်ဓားဆန္ဒ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့၏။ တောင်နှင့်မြစ်ဓားဆန္ဒ၏ သခင်ဖြစ်သည့် ရွှီယန်မှာတော့ အရာအားလုံးကို ထိန်းချုပ်ထားပါသည်။
"မင်းက လူတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားတဲ့နေရာမှာ ညှို့ယူနိုင်စွမ်း အရှိဆုံးနဲ့ အထူးချွန်ဆုံးပဲ။ ငါတွေ့ဖူးသမျှ မိန်းမတွေမှာ မင်းကိုဘယ်သူမှ မမှီဘူး။ ဒါပေမယ့် ငါ့ရဲ့ နှလုံးသားကိုတော့ မင်းနှောက်ယှက်လို့ မရဘူး။ အဲ့ဒီ့အစား ငါ့ရဲ့ဓားတာအိုကိုပဲ ပိုပြီးတော့ ခိုင်မာလာစေခဲ့တယ်.."
ရွှီယန်က စိတ်ရင်းဖြင့် ပြော၏။
ဝတ်စုံဖြူနှင့် အမျိုးသမီးက သူမ၏ အပြုံးကို ရုတ်သိမ်းကာ လှပသည့် မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။ အနည်းငယ် မျက်မှောင်ကျုံ့သွားလျှင်တောင် သူမ၏ အလှတရားက ခုခံဖို့ ခက်ခဲလှဆဲ ရှိ၏။
လှပသည့် မျက်ဝန်းအစုံက ရွှီယန်ကို စိုက်ကြည့်ကာ သူမ၏ နှလုံးသားက မရေရာစွာ ရှိနေပါသည်။
'ဆရာပြောတာတော့ ငါ့မှာ အထူးသီးသန့် ခန္ဓာကိုယ်တည်ဆောက်မှုတစ်ခု ရှိတယ်တဲ့။ ကျင့်စဉ်ကို ကျင့်ကြံပြီးတဲ့နောက်မှာ လောကကြီးမှာ ငါ့ရဲ့ညှို့ဓာတ်ကို ခံနိုင်တဲ့လူ အချို့ပဲရှိတယ်။ အဲ့ဒါက ငါ့အတွက် ယောက်ျားတွေကို ထိန်းချုပ်ပြီး ကိုယ့်အတွက် စိတ်ကြိုက်အသုံးပြုလို့ ရစေတယ်..'
'သာမန် သိုင်းသခင်တစ်ယောက်က ငါ့ရဲ့ရှေ့မှာ ပြိုလဲကြရတယ်။ ငါ့အတွက်နဲ့ အန္တရာယ်တွေကို ရဲရဲရင့်ရင့် ရင်ဆိုင်ရဲကြတယ်။ ပထမအဆင့်အောက်က သိုင်းသမားတွေကတော့ ဘယ်သူမှ ခံနိုင်ရည်ရှိတာမျိုး မရှိဘူး..'
သို့ပေမယ့် သူမ၏ ရှေ့ရှိ လူငယ်ကတော့ မည်သည့်စိတ်လှုပ်ရှားမှုမှပင် ဖြစ်ပေါ်လာခြင်း မရှိခဲ့ပေ။
"သခင်လေးက တကယ့်ကို ဒီလောကရဲ့ အနှိုင်းမဲ့တဲ့ ယောကျာ်းသား တစ်ယောက်ပဲ။ ကျွန်မတကယ်ပဲ လေးစားပါတယ်.."
ဝတ်စုံဖြူနှင့် အမျိုးသမီးက ဆို၏။
ရွှီယန်က ခဏတာ စဉ်းစားပြီးနောက် ပြောသည်။
"ကျွန်တော့မှာ ဓားတာအိုကို ကျင့်ကြံတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ တစ်နေ့မှာ သူလည်း သူ့ရဲ့စိတ်အခြေအနေကို မြှင့်တင်လို လိမ့်မယ်။ အဲ့ဒီ့လိုအကြောင်း ဖန်လာရင် ခင်ဗျားက ကူညီပေးနိုင်မလား မသိဘူး.."
သူသည် ရှဲ့လင်ဖုန်းကို စဉ်းစားမိ၏။ သူသည် တစ်ဖက်လူ၏ နာမည်ကို အသုံးပြုပြီး ဒီနေရာသို့ လာခဲ့ခြင်းဖြစ်သည်။
'အကိုရှဲ့လည်း သူ့ရဲ့ စိတ်အခြေအနေကို မြှင့်တင်လိုမှာပဲမလား။ မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ဓားတာအိုအပေါ်ကို ခြေချနိုင်မှာလဲ။ ဒီနေရာကို လာပြီး စိတ်ကိုလေ့ကျင့်တာက အကောင်းဆုံး နည်းလမ်းပဲ။ သူ့အတွက် အခွင့်အရေးတစ်ခု ရှာပေးနိုင်ရင် ကောင်းလိမ့်မယ်..'
ရွှီယန်က ကိုယ့်ကိုယ်ကို စဉ်းစားသည်။
"ရပါတယ်... ရှင်ရဲ့မိတ်ဆွေလည်း ရှင့်လိုပဲ မလှုပ်မရှားပဲ နေနိုင်မှာလားလို့ ကျွန်မ တွေ့ချင်သေးတယ်.."
ဝတ်စုံဖြူနှင့် အမျိုးသမီးက အသာပြုံး၏။
"ကျေးဇူးပါ.."
ရွှီယန်က လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။
世尊 风: