← Chapters

သန့်စင်သော ဓားနှလုံးသား ပြည့်စုံခြင်း၊ ဝူရွှမ်းစံအိမ်ရှိ ဆုကြေး(၂)

Vol. 13 Ch. 191

သန့်စင်သော ဓားနှလုံးသား ပြည့်စုံခြင်း၊ ဝူရွှမ်းစံအိမ်ရှိ ဆုကြေး(၂)

Vol. 13 Ch. 191

သူ၏ စိတ်အခြေအနေက ကောင်းမွန်စွာ မြှင့်တင်နိုင်ခဲ့ပြီး အဆင့်ချိုးဖျက်ကာ သန့်စင်သော ဓားနှလုံးသားအား အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့လေသည်။

ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ တစ်ဆင့် သက်ရှိများကို ပျိုးထောင်ခြင်းနှင့် နှလုံးသားထဲ၌ ဓားကို ပျိုးထောင်ခြင်း အနှစ်သာရတို့ကို နားလည်သဘောပေါက်ခဲ့ပြီး ဖြစ်ရာ ဒီအချိန်က ထွက်ခွာရန် အချိန်သို့ ကျရောက်လာခဲ့ပါပြီ။ သူ၏ နောက်ထပ်လားရာမှာ ခုနှစ်စင်ကြယ် အကယ်ဒမီဖြစ်၏။

ရွှီယန်က ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဓားဆန္ဒကို ကြည့်သည်။ ထိုအထဲတွင် သူ၏စိတ်ကို လေ့ကျင့်ရာ၌ မြင်တွေ့ခဲ့ရသည့် အသိအမြင် အားလုံးတို့ ပါဝင်နေ၏။

သူက နှလုံးသားထဲတွင် စဉ်းစားသည်။

'ဒီဟာကို ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အဆုံးမဲ့ ပုံရိပ်များလို့ ခေါ်ရအောင်။ ဒါက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ ငါ့သာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အဆုံးမဲ့ပုံရိပ်တွေကို ပြည့်စုံအောင် လုပ်နိုင်ရင် ဓားဆန္ဒက ဘယ်လောက်တောင် စွမ်းအားကြီးလာ လိမ့်မလဲ..'

သူ၏ နှလုံးသားက မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေ၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ဓားဆန္ဒ တိုးမြင့်မှု၏ လားရာကို နားလည်လာခဲ့သည်။

"ဒီနေရာက ကိစ္စပြီးပြီဆိုတော့ ကျွန်တော် သွားပါတော့မယ်.."

ရွှီယန်က မတ်တပ်ရပ်ကာ ဦးညွှတ်ပြီး ပြောသည်။

ဝတ်စုံအဖြူပြောင်နှင့် မိန်းကလေးက ချိုမြသည့် အပြုံးဖြင့် ပြော၏။

"သခင်လေး... ဒီကိုလာတာ အခြား ရည်ရွယ်ချက်တွေရော မရှိဘူးလား.."

"ရည်ရွယ်ချက်.."

ရွှီယန်က မှင်သက်သွား၏။ သူ၏ပုံက အတွေးနက်သွားသည်။

ဤသည်ကို တွေ့ရပြီးနောက် ဝတ်စုံပြောင်နှင့် မိန်းကလေးက မတ်တတ်ရပ်၏။ သူမ၏ မျက်ဝန်းများထဲရှိ နူးညံ့ညင်သာမှုများနှင့် သူမ၏အသံမှ သိမ်မွေ့မှုတို့က ဖုံးကွယ်၍ မရနိုင်အောင် ရှိနေပါသည်။

"သခင်လေး... ကျွန်မတို့ ဝူရွှမ်းစံအိမ်ရဲ့ မိန်းမလှလေးတွေက ဘယ်နေရာမှာ မဆို ပြိုင်ဘက်ကင်းကြတယ်။ ဒီလိုမျိုး လက်ဗလာနဲ့ ထွက်ခွာရမှာ နောင်တမရဘူးလား.."

ထိုစကားကို ကြားရပြီးနောက် ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။

"မင်းမှာ ငါ့အတွက် ခွဲခွာခြင်းလက်ဆောင် ရှိလို့လား.."

ဝတ်စုံပြောင်နှင့် မိန်းကလေး "..."

"သခင်လေးက ဘယ်လိုလက်ဆောင်မျိုးကို လိုချင်လို့လဲ မသိဘူး.."

ရှဲ့လင်ဖုန်းက လက်ဆောင်လိုချင်သည်လား။ သူ့ကိုအဘယ်ကြောင့် တစ်ခုလောက် မပေးလိုက်မည်နည်း။

ယခုကဲ့သို့ ပါရမီမြင့်မားသည့် လူငယ်တစ်ယောက်ဟာသည် အတွင်းဘက်နယ်မြေတွင် ပြိုင်ဘက်ပင် ရှားပါးနေမှာ ဖြစ်သည်။

"မင်းဆီမှာ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် ရှိလား.."

ရွှီယန်က စိတ်အားထက်သန်စွာ မေးသည်။

"အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင် မရှိရင် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၈၀၀၀၀/၁၀၀၀၀၀လောက် ဆိုလည်း 

လက်ခံလို့ရတယ်.."

ဝတ်စုံပြောင်နှင့် မိန်းကလေး၏ မျက်နှာပေါ်ရှိ အပြုံးက အေးခဲသွားသည်။ သူမ၏ ဦးနှောက်က ဗလာကျင်းလင်း ဖြစ်သွား၏။

နောက်နေသည်လား။ တစ်ဖက်လူသည် ဓားသခင် ချောက်ကမ်းပါးမှ ပါရမီရှင်တစ်ယောက် ဖြစ်သည်။ စိတ်ဝိဉာဉ် ပုံဆောင်ခဲများကို အဘယ်သို့ ရှားပါးနိုင်မည်နည်း။ ဤသည်က ငွေမက်လွန်းရာ မကျပေဘူးလား။

"သခင်လေး... ကျွန်မတို့မှာ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလောကကြီးမှာ  အလကားရတဲ့ ညစာဆိုတာ ဘယ်မှာရှိလို့လဲ..."

စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၈၀၀၀၀/၁၀၀၀၀၀လောက်မှာ ဝူရွှမ်းစံအိမ်၏ တတ်နိုင်မှုထက် ကျော်လွန်ခြင်း မရှိသေးပါ။ ရှဲ့လင်ဖုန်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန်အတွက် ဒီအခွင့်အရေးကို အသုံးပြုကာ ပိုမိုရင်းနှီးမှုရရှိအောင် ပြုလုပ်နိုင်ပါသည်။

ထိုအခါ နောင်တွင် ဝူရွှမ်းစံအိမ်ကို ရန်ပြုလိုသည့် မည်သည့် စွမ်းအားကြီး ရန်သူမဆို ဒုတိယအကြိမ် ပြန်လည်စဉ်းစားဖို့ လိုအပ်လာမှာ ဖြစ်၏။

သို့ရာတွင် သူမက စကားမဆုံးခင် ရွှီယန်က ခေါင်းကိုရမ်းသည်။

"အလကားမပေးတဲ့ အရာတွေဆို ကျွန်တော် မလိုချင်ဘူး.."

ဝတ်စုံပြောင်နှင့် မိန်းကလေး၏ မျက်နှာက မဲမှောင်သွား၏။

"ရှင်က ဘယ်ဟာကိုပဲဖြစ်ဖြစ် အလကားလိုက်ယူ နေတာနဲ့ အသားကျနေတာတော့ မဟုတ်ပါဘူးနော်.."

"နှုတ်ဆက်ပါတယ်.."

ရွှီယန်က ဦးညွှတ်ကာ ထွက်ခွာသွား၏။

"ကျေးဇူးပြုပြီး နောက်တစ်ကြိမ်ကျရင် ကျွန်မဆီကို အချိန်မရွေး လာလည်လို့ ရပါတယ်.."

ဝတ်စုံပြောင်နှင့် မိန်းကလေးက ပြော၏။

"အချိန်ရှိရင်ပေါ့.."

ရွှီယန်က ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်၏။

ဝူရွှမ်းစံအိမ်၏ ထိပ်ဆုံးထပ်မှ သူဆင်းလာပြီးနောက် အောက်တွင် စုစည်းနေသည့် သိုင်းသမားများက ပန်းချီတစ်ခုကို ကြည့်နေပါသည်။

ဝူရွှမ်းစံအိမ်၏ မန်နေဂျာက ပြော၏။

"ဒီမိန်းကလေးအကြောင်း သဲလွန်စရှာတွေ့တဲ့ ဘယ်သူမဆို စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀ကို ဆုကြေးအဖြစ် ရမယ်။ သူမကို ဒီဝူရွှမ်းစံအိမ်အထိ လုံလုံခြုံခြုံ ခေါ်ဆောင်လာနိုင်မယ်ဆိုရင် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်တစ်ပင်၊ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀နဲ့ စံအိမ်မှာ၇ရက် အလကား ဖျော်ဖြေပေးတာကို ခံစားခွင့်ရရှိပါမယ်.."

ယခုမျှ များပြားလှသည့် ဆုကြေးက ဝူရွှမ်းစံအိမ်ရှိ  သိုင်းသမားများ၏ နှလုံးသားကို လှုပ်ခါသွားစေသည်။

သိုင်းသခင်များပင်လျှင် တောင့်ခံနိုင်ခြင်း မရှိပါ။

'ဒီမိန်းကလေးက ဘယ်သူလဲ။ ဝူရွှမ်းစံအိမ်က သူမအတွက် ဘာလို့ ဒီလိုဆုကြေးကို ပေးရတာလဲ။ သူမက ဝူရွှမ်းစံအိမ်က ထွက်ပြေးသွားတာ များလား..'

'မဖြစ်နိုင်ဘူး။ ဝူရွှမ်းစံအိမ်ကို ဝင်ပြီးပြီဆိုရင် ထွက်ပြေးဖို့ဆိုတာ အိပ်မက်မက်နေတာပဲ ဖြစ်လိမ့်မယ်..'

'ငါ.. ဒီမိန်းကလေးရဲ့ အကြောင်းကို သေသေချာချာ စုံစမ်းရမယ်။ ဒါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀တောင်မှ တန်မှာ..'

ဆင်းလာခါစရှိသေးသည့် ရွှီယန်လည်း သူတို့၏စကားများကို ကြားရပြီးနောက် ချက်ချင်းပင် မျက်လုံးများ လင်းလက်သွား၏။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀နှင့် အဆင့်၇စိတ်ဝိဉာဉ်ဆေးပင် တစ်ခုလေလား။

ဤသည်က အမှန်တကယ်ကို ရက်ရောလှသည့် ဆုကြေးဖြစ်သည်။ သူ၏စိတ်ဝင်စားမှုကို ချက်ချင်း မြင့်တက်လာစေခဲ့၏။ ဤသည်မှာ တစ်ခါတည်း ချမ်းသာကြွယ်ဝနိုင်မည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

သုယွီယင်းကို လိုက်ပို့စဉ်က မရေမတွက်နိုင်သည့်  သိုင်းသခင်များကို သတ်ဖြတ်ခဲ့ချိန်တွင်ပင်လျှင် သူသည် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကို ဘယ်အချိန်တုန်းကမှ ရရှိနိုင်ခဲ့ခြင်း မရှိပါ။

ထို့ကြောင့် အနားသို့ ချဉ်းကပ်သွားပြီး မေး၏။

"သူမက ဝူရွှမ်းစံအိမ်ရဲ့ ရန်သူလား။ အဲ့ဒါကြောင့် မို့လို့ ဆုကြေးက ဒီလောက်မြင့်နေတာလား.."

"အထင်မလွဲပါနဲ့။ ကျွန်တော်တို့ ဝူရွှမ်းစံအိမ်က အခြားလူတစ်ယောက်အတွက် ဆုကြေးကို  ထုတ်ပေးရုံပါပဲ။ ဒီမိန်းကလေးကို ဖမ်းဆီးချင်တာကလည်း ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး.."

ဝူရွှမ်းစံအိမ်၏ မန်နေဂျာက ရှင်းပြသည်။

ရွှီယန်က ရှေ့သို့တက်ကာ ပုံထဲရှိ လူကို အနီးကပ်ကြည့်ရှု့၏။ သူ၏အကြည့်က ရုတ်တရက် အေးစက်သွားသည်။

"စုလင်းရှုံ..."

ဆုကြေးအပေးခံရသည့်လူမှာ စုလင်းရှုံ ဖြစ်နေလေသည်။

'ငါ့ရဲ့ ဂျူနီယာညီမလေးကို လိုက်ပြီးတော့ ဖမ်းဆီးနေတဲ့ နောက်ကွယ်ကလူက ဝူရွှမ်းစံအိမ်ကို ငှားပြီး ဆုကြေးထုတ်ခိုင်းခဲ့တာလား။ ကြည့်ရတာ တော်တော်လေး စွမ်းအားကြီးမယ့် ပုံပဲ။ ဒါပေမယ့် အခု ငါလည်း သူတို့နဲ့ကြုံတွေ့လာပြီဆိုတော့ ဒီအတိုင်း လွှတ်ထားလို့ ဘယ်ဖြစ်မလဲ..'

ရွှီယန်၏ နှလုံးသား၌ အေးစက်သည့် လူသတ်ငွေ့တို့ ပြည့်နက်လာခဲ့၏။ သို့ပေမယ့် သူ၏ မျက်နှာပေါ်၌ တစ်စုံတရာမှ ပြသခြင်း မရှိပေ။

သူက ရှေ့သို့တက်ကာ ပန်းချီကားကို ဆွဲဖြုတ်လိုက်သည်။

"သခင်လေး...မင်း.. ဘာဖြစ်လို့လဲ..."

ဝူရွှမ်းစံအိမ်၏ မန်နေဂျာက မျက်မှောင်ကျုံ့သွားသည်။

ရွှီယန်သည် ဝူရွှမ်းစံအိမ်သို့ ရောက်လာသည်နှင့် ထိပ်ဆုံးထပ်သို့ တခါတည်း တည့်မတ်စွာ သွားခဲ့၏။ သူ့ကို မြင်တွေ့ခဲ့သူ အများကြီး မရှိပေ။ ထို့ကြောင့် ရှဲ့လင်ဖုန်းဟု မှတ်မိခြင်း မရှိကြပါ။

"ဒီမိန်းကလေးကို ရင်းနှီးနေတယ်လို့ ငါတွေ့ရလို့။ ငါ့အထင်တော့ တစ်နေရာရာမှာ မြင်ဖူးထားသလိုပဲ။ ဒီဆုကြေးကို ငါယူလိုက်မယ်.."

ရွှီယန်က ဝမ်းသာစွာဖြင့် ပြောသည်။

"တကယ်လား.."

မန်နေဂျာက ဝမ်းသာစွာ မေးသည်။

"ဒါပေါ့... ဆုကြေးဘယ်မှာ ထုတ်လို့ရမလဲ ဆိုတာကို ငါ့ကို မြန်မြန်လေးပြော.."

ရွှီယန်က လှုံ့ဆော်စွာ ပြော၏။

"သခင်လေး... ကျေးဇူးပြုပြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ.."

မန်နေဂျာက ရွှီယန်ကို ဝူရွှမ်းစံအိမ်၏ ခန်းမတစ်ခုဆီသို့ ခေါ်ထုတ်သွား၏။

အခြားသိုင်းသမားများ၏ ပုံက စိတ်ပျက်သွားကြသည်။ ဆုကြေးက ကြေငြာရုံရှိသေး၏။ တစ်ယောက်ယောက်က သွားထုတ်တော့ပေမည်။

ထိုအချိန်၌ မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်စွာ လက်သွားသည့် လူအချို့လည်း ရှိနေကြ၏။ သူတို့က တိတ်ဆိတ်စွာဖြင့် ဝူရွှမ်းစံအိမ်မှ ထွက်ခွာသွားသည်။

"သခင်လေး... သဲလွန်စကို ကျွန်တော်တို့ကို ပြောခဲ့ပါ။ အတည်ပြုပြီးပြီဆိုရင် ဆုကြေးကို လက်ခံရရှိနိုင်ပါမယ်.."

မန်နေဂျာက ရွှီယန်ကို တင့်တယ်သည့် အခန်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် အပြုံးတစ်ခုဖြင့် ပြောသည်။

ရွှီယန်က ခေါင်းကိုရမ်း၏။

"မရဘူး... သဲလွန်စ တစ်ခုအတွက် ဆုကြေးက အရမ်းကို နည်းပါးလွန်းတယ်။ လူရှာချင်တာက ဘယ်သူလဲ။ ငါကိုယ်တိုင် သူတို့ကို သွားတွေ့မယ်။ သူတို့တွေ ငါ့ကို အဆင့်၇ စိတ်ဝိဉာဥ်ဆေးပင်နဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကိုတောင် ပေးရမှာကို.."

"ဒါက..."

မန်နေဂျာက ခဏတာ တုံ့ဆိုင်းသွား၏။

"ပုံထဲကလူ ဘယ်နေရာမှာလဲဆိုတာ သိချင်တယ်ဆိုရင် ကပ်စေးနည်း မနေသင့်ဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ထပ် လုံးဝနည်းလို့ မရဘူး.."

ရွှီယန်က ခိုင်မာစွာ ပြော၏။

ခဏတာ စဉ်းစားပြီးနောက် မန်နေဂျာက ပြောသည်။

"ဒီလိုဆိုရင်ရော။ သဲလွန်စကို ဒီမှာပဲ ပြောခဲ့လေ။ အတည်ပြုပြီးရင် ကျွန်မတို့တွေ အမြင့်ဆုံးဆုကြေးဖြစ်တဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀ကို ပေးမယ်။ ဘယ်လိုလဲ.."

ရွှီယန်က နှာခေါင်းရှုံ့သည်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော် ခင်ဗျားကို မယုံဘူး။ တကယ်တော့ လူဖမ်းမိတဲ့ အချိန်ကျမှ သဲလွန်စကို မမှန်ပါဘူးလို့ ပြောရင် ဘယ်လိုလုပ်မလဲ။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ မပေးရင်ရော။ အဲ့ဒါဆို ကျုပ်က အလကားသက်သက် နစ်နာမှာပေါ့.."

"ကျုပ်ကို စိတ်ဝိဉာဥ်ပုံဆောင်ခဲတွေပေး။ ခင်ဗျားတို့အားလုံးကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီးတော့ လူသွားရှာပေးမယ်။ ရှာမတွေ့ရင် အကုန်လုံးကို ပြန်ပေးမယ်ဗျာ.."

မန်နေဂျာ၏ပုံက အကူအညီ မဲ့သွားပြီး ပြောသည်။ "သခင်လေးက နောက်နေတာပဲ။ ကျွန်မတို့ ဝူရွှမ်းစံအိမ်က ယုံကြည်လို့ရပါတယ်..."

"ဆုကြေးကို ခင်ဗျားဖြတ်ယူဖို့ စဉ်းစားနေတာလား။ အဲ့ဒါကြောင့်မို့လို့ အချိန်ဆွဲနေပြီး ကျွန်တော့်ကို ဘယ်သူနဲ့မှ ခေါ်သွားမတွေ့ရဲတာ။ ခင်ဗျားရဲ့ လိမ်လည်မှုတွေ ပေါ်သွားမှာ ကြောက်လို့မလား.."

"ဖြစ်နိုင်တာက ဆုကြေးက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀မဟုတ်ဘဲနဲ့ ၁မီလီယံများ ဖြစ်နေတာလား။ အဲ့လိုဆိုရင်တော့ ကျုပ်ခင်ဗျားကို ဘာသဲလွန်စမှ မပြောနိုင်ဘူး.."

ရွှီယန်က ရုတ်တရက် တစ်ခုခုကို နားလည်သွားပုံပေါ်ပြီး မန်နေဂျာကို စိုက်ကြည့်သည်။

"ကျွန်မ..."

မန်နေဂျာ၏ မျက်နှာက မဲမှောင်သွား၏။ ခဏတာ ရပ်တန့်နေပြီးနောက် ခေါင်းငြိမ့်ကာပြောသည်။

"ဒါဆိုလည်း ခဏလောက်စောင့်ပါ သခင်လေး။ ကျွန်မ အလုပ်အပ်သူကို အကြောင်းကြားလိုက်ပါဦးမယ်။ ဒါပေမယ့် ရှင့်ကိုသတိပေးချင်တာက သူတို့ကို အဲ့ဒီ့ကို ခေါ်သွားမယ်ဆိုရင် သတိထားသင့်တယ်လို့ပဲ.."

ရွှီယန်က နှာခေါင်းရှုံ့ကာ ပြောသည်။

"ဘာကို သတိထားရမှာလဲ။ မင်းတို့ ဝူရွှမ်းစံအိမ်က လူသတ်ပြီးတော့ နှုတ်ပိတ်ချင်လို့လား.."

မန်နေဂျာ၏ ပါးစပ်က တွန့်ကွေးသွားသည်။

"ကျွန်မကို အထင်မလွဲပါနဲ့။ အလုပ်အပ်တဲ့လူက ကျွန်မတို့ ဝူရွှမ်းစံအိမ်နဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ကျွန်မက ဂရုစိုက်ဖို့ သတိပေးရုံပဲ.."

"စိတ်မပူပါနဲ့။ ဘာလုပ်ရမလဲဆိုတာကို ငါသိပါတယ်.."

ရွှီယန်က အသာပြောသည်။

"ဒါဆိုရင် ခဏလောက်စောင့်ပါ သခင်လေး.."

မန်နေဂျာက ထွက်ခွာသွား၏။ ရွှီယန်က သူ၏ လက်ထဲရှိ စုလင်းရှုံ၏ ပန်းချီကားကို ကြည့်ကာ မျက်လုံးများက အေးစက်သွားသည်။ တစ်ဖက်လူသည် ဂျူနီယာညီမလေး၏ ရန်သူဖြစ်ကတည်းက သူ၏ရန်သူလည်း ဖြစ်ပါသည်။ ရန်သူအပေါ်ကို မည်သည့် သနားညှာတာမှုမှ ပြလို့ မရပေ။

'ဂျူနီယာညီမလေးက အတွင်းဘက်နယ်မြေမှာ ငါ့ရဲ့လုံခြုံရေးကို စိုးရိမ်ပြီး သူ့ရဲ့ ရန်သူတွေ အကြောင်းကို ပြောပြဖို့ ငြင်းဆိုခဲ့တယ်။ အခု ကြည့်ရတာတော့ တစ်ဖက်လူက အရမ်းကို စွမ်းအားကြီးတဲ့ ပုံပဲ။ ဝူရွှမ်းစံအိမ်ကိုတောင်မှ ဆုကြေးပေးဖို့ အလုပ်အပ်နိုင်တယ်..'

'ကြည့်ရတာ ဂျူနီယာညီမလေး စွန့်ပစ်ဒေသကို ထွက်ပြေးသွားတယ် ဆိုတာကို သူတို့ မသိသေးတဲ့ပုံပဲ။ အဲ့ဒီ့သိုင်းသခင်က ဘာသတင်းကိုမှ ပြန်မပို့ခဲ့ဘူး..'

'အခု ငါနဲ့တွေ့ပြီဆိုတော့ မင်းတို့ရဲ့ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကိုရော အသက်ကိုရော ငါအားလုံးယူမယ်..'

ရွှီယန်က နှလုံးသားထဲတွင် လူသတ်ငွေ့ဆန်စွာဖြင့် စဉ်းစားသည်။

ဝူရွှမ်းစံအိမ်၏ မန်နေဂျာက အလုပ်အပ်သူက နှုတ်ပိတ်မည်ကို သတိထားရန် ပြောခဲ့၏။ ကြည့်ရတာ ထိုသူသည် လူကောင်းမဟုတ်သည့်ပုံ ရှိသည်။

မန်နေဂျာက ပြန်လာခဲ့သည်။

"သခင်လေး ကျွန်မနောက်က လိုက်ခဲ့ပါ.."

ရွှီယန်က မန်နေဂျာ၏နောက်မှ လိုက်ကာ ဝူရွှမ်းစံအိမ်မှ ထွက်ခွာသွား၏။ သင်္ဘောငယ် တစ်ခုကို စီးပြီးနောက် ချန်းရှင်းကန်၏ အပြင်ဘက်သို့ ဦးတည်လာခဲ့သည်။

"သခင်လေး... ဘာလို့ ပြန်ပြီးတော့ မစဉ်းစားတာလဲ။ ဝူရွှမ်းစံအိမ်သာ ကြားလူအဖြစ်နေရင် ကျွန်မတို့တွေ ရှင့်ရဲ့လုံခြုံရေးကို အာမခံပေးလို့ရတယ်။ တစ်ဖက်လူ လိမ်လည်ရဲမှာ မဟုတ်ဘူး.."

မန်နေဂျာက ပြော၏။

"ဒီမိန်းမက သူတို့အတွက် အရမ်းကိုအရေးကြီးရမယ်။ ကျွန်တော့်အထင်တော့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀က အရမ်းကို နည်းလွန်းတယ်။ မျက်နှာချင်းဆိုင်ပြီးတော့ စျေးနှုန်းမြင့်ဖို့ ကျွန်တော်စီစဉ်ထားတယ်.."

ရွှီယန်က လေးနက်စွာ ပြော၏။

မန်နေဂျာ "..."

သင်္ဘောက ချန်းရှင်းကန်၏ အစွန်ပိုင်းသို့ ရောက်ရှိလာခဲ့၏။ ဒီအချိန်၌ ပုံရိပ်နှစ်ခုလို့ မြက်ပင်များအပေါ်တွင် ရပ်နေကြသည်။ ဝတ်စုံနက်များကို ဝတ်ဆင်ထားပြီး သူတို့၏ မျက်နှာများကိုလည်း ရှင်းလင်းစွာ မြင်နိုင်ခြင်း မရှိပေ။

သူတို့ကို တွေ့လိုက်ရသည့် အချိန်၌ ရွှီယန်က အံ့သြသွားသည်။ ဤသည်မှာ သိုင်းသခင်နှစ်ယောက် ဖြစ်၏။

တစ်ယောက်က သိုင်းသခင်အဆင့်၏ အမြင့်ဆုံးသို့ပင် ရောက်ရှိနေပါပြီ။

သူတို့၏ ဝတ်စုံများနှင့် အသွင်အပြင်က လမ်း‌ပေါ်တွင်တုန်းက သူကြုံတွေ့ခဲ့ရသည့် သိုင်းသခင်များနှင့် တူညီ၏။ ထိုအင်အားစုက

အမှန်တကယ်ကို စွမ်းအားကြီး၏။

"ဒီကပုဂ္ဂိုလ်တို့... ဒါကတော့ သဲလွန်စကို ပိုင်ဆိုင်ထားတဲ့ သခင်လေးပါ.."

မန်နေဂျာက စတင်ပြော၏။

အထွတ်အထိပ် သိုင်းသခင်အဆင့်ရှိသည့် လူက ရွှီယန်ကိုကြည့်ကာ နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"ပုံထဲကလူကို မင်းတကယ်ပဲ မြင်ဖူးထားတာလား.."

"ဒါပေါ့... နေရာတစ်ခုမှာ သူမလူတစ်ယောက်ကို ဒဏ်ရာကုနေတာကို ကျွန်တော် တွေ့ခဲ့ဖူးတယ်.."

ရွှီယန်က ခေါင်းငြိမ့်ကာ ဖြေသည်။

ထိုစကားကို ကြားရပြီးနောက် ဝတ်စုံနက် လူနှစ်ယောက်တို့သည် မည်သည့်သံသယမှ မရှိတော့ပေ။ သူတို့၏ မျက်လုံးများက မျှော်လင့်မှုတို့ဖြင့် လင်းလက်လာခဲ့၏။

"သူမဘယ်မှာလဲ။ ငါတို့ကို မြန်မြန်ပြော.."

အလောတလျှင် နိုင်လှသည့် လေသံက သူတို့၏ စုလင်းရှုံအား ရှာဖွေလိုမှုကို ပြသနေပါသည်။

သို့ရာတွင် ရွှီယန်က လုံးဝတည်ငြိမ်စွာ ရှိနေပြီး  သင်္ဘောက ဆိပ်ကမ်းဆီသို့ ဖြေညှင်းစွာ ဆက်လက် ရွေ့လျားနေ၏။

"ငါမင်းတို့ကို အဲ့ဒီ့ကို ခေါ်သွားပေးမယ်။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေကိုသာ အဆင်သင့်ပြင်ထား.."

သင်္ဘောက ကမ်းသို့ ရောက်ရှိပြီးနောက် ရွှီယန်က  အောက်သို့ဆင်းကာ ဝတ်စုံနက်နှင့် လူနှစ်ယောက်ကို ကြည့်သည်။

ဝူရွှမ်းစံအိမ်၏ မန်နေဂျာက ချက်ချင်းပင် ထွက်ခွာသွား၏။ သူမ၏ အမြင်တွင် ရွှီယန်သည် သေလမ်းကို လျှောက်လှမ်းနေခြင်း ဖြစ်၏။

တစ်ဖက်လူများက သဲလွန်စကို ဖျောက်ရန်အတွက် သေချာပေါက် သတ်ဖြတ်မှာပါ။

All Chapters