← Chapters

လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း(၂)

Vol. 13 Ch. 193

လက်ဝါးတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း(၂)

Vol. 13 Ch. 193

လူလတ်ပိုင်းလူကြီး၏ မျက်နှာက ပုံမှန်လူတစ်ယောက်ထက် ပိုမိုဖြူရော်ကာ သူ၏မျက်နှာတွင် မုတ်ဆိတ်တိုများ ရှိပါသည်။

"မင်းက ဘယ်အဖွဲ့ကလဲ.."

ဝတ်စုံနက်နှင့်လူက နက်ရှိုင်းသည့် အသံဖြင့် ပြောသည်။

"အများကြီးသိတာက မင်းအတွက် မကောင်းဘူး.."

"ဟန့်... မင်းရဲ့လူကိုတောင် ငါသတ်ပြီးနေပြီ။ ဘာတွေကို ထပ်ပြီး ကြောက်နေရဦးမှာလဲ။ ငါ့ကို ပြောမှာလား မပြောဘူးလား.."

ရွှေရောင်နဂါးကြီး၏ မျက်လုံးများက တောက်ပစွာ လင်းလက်နေပြီး ကြီးမားသည့် ဖိအားကို ထုတ်လွှတ်နေပါသည်။

"မင်းငါ့ကို သတ်ရင်တောင် ငါ့မှာ ဘာမှပြောစရာမရှိဘူး.."

ဝတ်စုံနက်နှင့်လူက ခိုင်မာပျက်သားစွာသာ ရှိနေ၏။

ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ တစ်ဖက်လူဆီမှ လျှို့ဝှက်ချက်များကို သိရှိနိုင်စေရန် နှိပ်စက်ခြင်း နည်းလမ်းအချို့အား အသုံးပြုရမည်လားဟု  စဉ်းစား၏။

သို့ရာတွင် ဝတ်စုံနက်က အေးစက်စွာ ပြောလိုက်ပြန်၏။

"ငါ့ဆီကနေ ဘာသတင်း အချက်အလက်မှ ရမယ်လို့ မစဉ်းစားနဲ့။ မင်းစုလင်းရှုံကို သိတယ်မလား။ သူမကို လက်လွှဲပေး။ အဲ့ဒါဆိုရင် ငါတို့ စကားပြောနိုင်တယ်။ မဟုတ်ရင်တော့..."

ရွှီယန်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။

"စုလင်းရှုံလား... မင်းပြောတာ ဒီမိန်းကလေးလား.." သူက စုလင်းရှုံ၏ပုံကို ထုတ်ပြကာ ပြုံးသည်။

"ငါသူမကို မသိဘူး။ ဒါပေမယ့် စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀၀၀၀က တကယ့်ကို ဆွဲဆောင်မှု ကြီးလွန်းတယ်။ နောက်ပြီး မင်းတို့ကောင်တွေကလည်း အရူးလုပ်ဖို့ ဒီလောက်လွယ်တာကို.."

သူ့အနေနှင့် စုလင်းရှုံကို သိသည်ဟု ဘယ်တော့မှ ဝန်ခံမည် မဟုတ်ပေ။ ဒီကိစ္စသည် ကြီးမားသည့် အကျိုးဆက်များ ပါဝင်လာမှာ ဖြစ်၏။ သတင်းပေါက်ကြားသွားပါက အခြားလူများ၏ စောင့်ကြည့်ခြင်းကို ခံရပြီး ရန်သူများမှာ စစ်ဘုရင်များ ဖြစ်ကြသည်။

သူမူလအဆင့်၏ အကြီးစား ကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ပြီး စစ်ဘုရင်များ၏ အန္တရာယ်ကို ကြောက်ရွံ့ခြင်း မရှိမှသာလျှင် အထိန်းအကွပ်မဲ့စွာဖြင့် လှုပ်ရှားနိုင်မည် ဖြစ်သည်။

ဝတ်စုံနက်နှင့်လူက မျက်မှောင်ကျုံ့သွားသည်။ ရွှီယန်ကို ကြည့်၏။ ကြည့်ရတာ တစ်ဖက်လူက လိမ်နေသည့်ပုံ မပေါ်ပါ။

သူက ဒေါသတကြီး ဖြစ်သွားသည်။ ဒီကောင်သည် သိုင်းသခင်တစ်ယောက်ကို သတ်ဖြတ်နိုင်ပြီး ခွန်အားက အလွန် အံ့သြဖို့ကောင်း၏။ အထူးသဖြင့် ဒီရွှေရောင်နဂါးကြီး ဖြစ်သည်။ ၎င်းကို မည်သည့် ကျင့်ကြံခြင်းအတတ်ဖြင့် ဖန်တီးထားလဲမသိပေ။

သံသယဝင်စရာ မကောင်းလောက်အောင် တစ်ဖက်လူမှာ နတ်ဆိုးဂိုဏ်းမှ တပည့်တစ်ယောက် ဖြစ်မှာပါ။

နတ်ဆိုးဂိုဏ်းအတွင်းတွင် သတ်ဖြတ်ခြင်း အတတ်များကို ကျင့်ကြံသည့် သိုင်းသမားများအပြင် အချို့ ထူးဆန်းသည့် အကျင့်စရိုက်နှင့် လူများလည်း ရှိပါသည်။

သူတို့၏ အပြုအမူများက ပုံမှန်မဆန်ကာ ထူးခြားလှသည်။ ရှေ့ရှိ ဒီလူငယ်မှာလည်း ရှင်းလင်းစွာပင် ထိုလူအုပ်စုမှ ဖြစ်ပေလိမ့်မည်။

"ကောင်လေး... မင်းဘယ်နတ်ဆိုး အရှင်သခင်ကို ခစားတာလဲ.."

ဝတ်စုံနက်နှင့်လူက အေးစက်စွာ မေး၏။

သူတို့နှစ်ယောက်၏ နောက်တွင် အင်အားကြီးမားသည့် အဖွဲ့အစည်းတစ်ခု ရှိမည်ကို သိထားပေမယ့် တစ်ဖက်လူက သူတို့ကို သတ်ဖြတ်ရဲလေသည်။ ထို့ကြောင့် သူ့တွင်လည်း စွမ်းအားကြီးမားသည့် နောက်ခံရှိရပေမည်။

နတ်ဆိုးဂိုဏ်း၏ အကြီးမားဆုံး နောက်ခံမှာ နတ်ဆိုးအရှင်သခင် ၉ယောက်တို့ ဖြစ်ကြသည်။

"ငါ့မှာ ဘာမှ ပြောစရာမရှိဘူး.."

ထိုပုံကိုတွေ့ရပြီးနောက် ရွှီယန်က ရှင်းပြခြင်း မပြုပါ။ သူ့ကို နတ်ဆိုးဂိုဏ်းမှ ဖြစ်သည်ဟု အထင်လွဲပါက ဒီတိုင်းထားလိုက်တာ ကောင်းပါသည်။ ဘာပဲဖြစ်ဖြစ် သူနှင့် နတ်ဆိုးဂိုဏ်း အကြားတွင် ပြဿနာအချို့ ရှိ၏။

လက်ကို ဝှေ့ယမ်းကာ ရွှေရောင်နဂါးကြီးက ပျောက်ကွယ်သွားသည်။

"မင်းသွားလို့ရပြီ.."

ဝတ်စုံနက်နှင့်လူက ကြောင်တောင်သွား၏။ တစ်ဖက်လူက သူ့ကို အမှန်တကယ် လွှတ်ပေးခြင်းအတွက် အံ့ဩနေပါသည်။

"မင်းမကြောက်ဘူးလား.."

ရွှီယန်က နှာခေါင်းရှုံ့သည်။

"ဘာကို ကြောက်ရမှာလဲ... မင်းက သိုင်းသခင်လေး တစ်ယောက်ပဲ။ သာမန် အသေခံထက် မပိုဘူး။ လက်ဝါးတစ်ချက် ရိုက်ထုတ်ပြီး သတ်ပစ်လိုက်လို့ရတယ်။ ငါလိုချင်တာကို ရပြီးရင် လွှတ်ပေးမယ်လို့ ကတိပေးထားမှတော့ ငါ့ရဲ့စကားကို ပြန်ရုတ်သိမ်း မနေဘူး.."

"ဒါဆိုရင် နှုတ်ဆက်ပါတယ်.."

ဝတ်စုံနက်နှင့်လူက လျှင်မြန်စွာ ရွေ့လျားသွားပြီး အဝေးတွင် ပျောက်ကွယ်သွား၏။

ရွှီယန်က သူ၏ ထွက်ခွာမှုကို ကြည့်သည်။ မည်သည့်အသံမှ မထွက်ဘဲ ဝတ်စုံနက်နှင့်လူ အနောက်မှ နောက်ယောင်ခံ လိုက်၏။

သူ၏ စစ်ဆေးမှုမှာ မည်သည့် တိကျသည့် အချက်အလက်ကိုမှ ရရှိခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ရှည်လျားသည့် ဂိမ်းတစ်ခုကို ကစားရပေမည်။

'ဂျူနီယာ ညီမလေးရဲ့ ရန်သူတွေက ကြည့်ရတာ အရမ်းချမ်းသာတဲ့ပုံပဲ။ ငါ့သာ သူတို့ကို ရှင်းလိုက်ရင် စိတ်ဝိဉာဥ်ပုံဆောင်ခဲတွေ မရှိမှာကို စိုးရိမ်စရာ လိုပါဦးမလား။ အဲ့ဒါဆိုရင် ဂျူနီယာညီမလေးအတွက် လက်စားပြန်ချေ ပေးနိုင်ရုံတင် မကဘူး ငါလည်း စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ရရှိနိုင်မယ်။ ဒါက အနိုင်အနိုင် အခြေအနေပဲ..'

ရွှီယန်က စိတ်လှုပ်ရှားလာခဲ့သည်။

ချင်းလင်မြို့၏ အပြင်ဘက်တွင် ရထားလုံးတစ်စီးသည် ထူထဲသည့်  တောအုပ်တစ်ခုအတွင်း၌ ရပ်တန့်သွား၏။

မုန့်ရှူရှူက ရထားလုံးအတွင်းမှ လျှောက်ထွက်လာခဲ့သည်။ ယခုအချိန်၌ သူ၏ ရုပ်ဖျက်မှုကို ဖယ်ရှားပြီး ဖြစ်ကာ နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားခဲ့၏။

ဒီရှည်လျားသည့် လမ်းတလျှောက်တွင် သူ့ကို ရှာဖွေသူ များစွာအား ကြုံတွေ့ခဲ့ရသည်။ သို့ပေမယ့် မုန့်ချုံ၏ ရဲရင့်မှုဖြင့် အားလုံးကို ရှောင်ရှားနိုင်ခဲ့၏။

လိုက်လံဖမ်းဆီးသူများက သူ့ကို သိုင်းသခင်တစ်ယောက်အား မြင်းမောင်းသမားအဖြစ် ငှားရမ်းခဲ့မည်ဟု ထင်မထားကြပေ။ ရထားလုံးအတွင်းရှိ လူကို စစ်ဘုရင်တစ်ယောက်သာ ဖြစ်မည်ဟု တွက်မိကြ၏။

မုန့်ရှူရှူအနေနှင့် အရပ်ရှည်ကာ ထွားကြိုင်းပြီး ပစ္စည်းထုတ်ယူရန် သင့်တော်မည့် လူအဖြစ် သူရွေးချယ်ခဲ့သည့် လူကို သိုင်းသခင်တစ်ယောက် ဖြစ်မည်ဟု ဘယ်တုန်းကမှ  ထင်မထားခဲ့ပေ။

ဒီအချိန်၌ အနည်းငယ် စိုးရိမ်လာခဲ့၏။ မုန့်ချုံက လောဘကြီးကာ သူ့ကို လုယက်မည်အား ကြောက်ရွံ့ခြင်း ဖြစ်သည်။

မည်သို့ပင် ဖြစ်စေကာမူ မုန့်ချုံမှာ ပိုက်ဆံအတွက် မည်သည့်အရာကိုမဆို လုပ်နိုင်သည့် လူတစ်ယောက်နှင့် တူ၏။ သူ၏စိတ်ကို အနည်းငယ် ဖြေသာနိုင်သည်မှာ မုန့်ချုံ၏ ပုံက စည်းမျဉ်းစည်ကမ်းရှိသည့် လူတစ်ယောက် ဖြစ်လောကိပါသည်။

သတ်ဖြတ်လုယက်ခြင်းများကို စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်တတ်သည့်လူ မဟုတ်သည့်ပုံ ရှိသည်။

"ညီလေးမုန့်ချုံ... ဒါက ထန်းပေါင်စံအိမ်မှာ ပစ္စည်းသိုလှောင်ထားတဲ့ စာချုပ်ပါ။ ချင်းလင်မြို့ကို ရောက်ပြီးရင် ဒါကို အသုံးပြုပြီး ပစ္စည်းကို ထုတ်ယူလို့ရတယ်။ အဲ့ဒါကို မင်းရဲ့လက်နက်လို့သာ ပြောလိုက်.."

မုန့်ရှူရှူက မုန့်ချုံကို ငွေရောင်စာရွက်တစ်ခုအား ပေးသည်။

မုန့်ချုံက စာချုပ်ကို စစ်ဆေးပြီးနောက် စိတ်ဝိဉာဉ် စာရွက်နှင့် တူညီသည့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားကြောင်းအား တွေ့လိုက်ရသည်။

အပေါ်တွင် ထန်းပေါင်စံအိမ်ဟူသည့် စကားလုံးများကို တံဆိပ်ရိုက်ထား၏။ အလယ်တွင်တော့  သိုလှောင်သေတ္တာတစ်ခု၏ပုံ ရှိပါသည်။ အောက်ခြေဘယ်ဘက်ထောင့်တွင် သေးငယ်သည့် စကားလုံးလေးခုတို့ ရှိ၏။

"လက်မှတ်ဖြင့် ပစ္စည်းကို ထုတ်ယူပါ.."

နောက်ကျောတွင် နံပါတ်အချို့ ရှိသည်။ ပစ္စည်းသိုလှောင်ထားသည့် နံပါတ် ဖြစ်ပေလိမ့်မည်။

"ပြဿနာမရှိဘူး။ ငါ့ရဲ့ဝန်ဆောင်ခကရော.."

မုန့်ချုံက စာချုပ်ကို သိမ်းလိုက်ပြီးနောက် အပြုံးတစ်ခုဖြင့် မေးသည်။

မုန့်ရှူရှူက နောက်ထပ် စာချုပ်တစ်ခုကို ထုတ်လိုက်၏။

"အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်၃ခုကို ကျွန်တော်သိုလှောင်ထားတယ်..."

ခဏတာ စဉ်းစားပြီးနောက် မုန့်ရှူရှူက အံကိုကြိတ်၏။

"အားလုံးက မင်းအတွက်ပဲ။ ဒီခရီးစဉ်အတွက်  ပေးချေတာလို့ ယူဆလိုက်.."

"ငါတို့က တစ်မိသားစုတည်းပဲ။ ဒ့ါကြောင့် စိတ်ပူမနေနဲ့။ မင်းအတွက် ပစ္စည်းကို အကောင်းပကတိအတိုင်း ငါသေချာပေါက် ထုတ်ပေးမယ်.."

မုန့်ချုံက ပျော်ရွှင်စွာ ပြော၏။

"အဲ့လိုဆိုရင် အကိုမုန့် အလုပ်များစေပြီ.."

မုန့်ရှူရှူက ဦးညွှတ်၏။

"ကောင်းပြီ။ ငါ့ကို ဒီနေရာမှာပဲ စောင့်နေ.."

မုန့်ချုံသည် ချင်းလင်မြို့သို့ ဝင်ရောက်ရန် မစောင့်နိုင်တော့ပေ။

ချင်းလင်မြို့သည် သံတောင်မြို့ထပ် များစွာပိုမို စည်ကား၏။ ထန်းပေါင်စံအိမ်ကလည်း များစွာပိုမို ကြီးမားသည်။ ရံဖန်ရံခါ ထိပ်တန်းသိုင်းသမားများ ဝင်ရောက်သွားမှုကို တွေ့မြင်နိုင်၏။

ဤသည်မှာ သံတောင်တွင် တွေ့မြင်ရခက်ခဲလှသည့် မြင်ကွင်းတစ်ခု ဖြစ်သည်။ သံတောင်ရှိ သိုင်းသမားများ၏ ခွန်အားမှာ အလွန်အားနည်းလှ၏။ သိုင်းသခင်တစ်ယောက်ပင် မရှိပေ။

မုန့်ချုံက ထန်းပေါင်စံအိမ်အတွင်းသို့ လျှောက်ဝင်သွားပြီးနောက်  အစေခံတစ်ယောက်၏ နှုတ်ဆက်ခြင်းကို ခံရသည်။

"ပစ္စည်းထုတ်ချင်လို့.."

သူက စာချုပ်ကို ထုတ်ပြသည်။

အစေခံက  စာချုပ်ကိုယူကာ အပေါ်ရှိနံပါတ်ကို ကြည့်လိုက်၏။ အပြုံးတစ်ခုဖြင့် ပြောသည်။

"ဂုဏ်သရေရှိ လူကြီးမင်း... ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါ.."

မုန့်ချုံက အစေခံမလေး၏ နောက်မှလိုက်ကာ ထန်းပေါင်စံအိမ်၏ အနောက်ဘက်ခန်းမသို့ ရောက်ရှိလာခဲ့သည်။

သိုလှောင်ခန်းတစ်ခုဆီသို့ ဦးတည်၏။

"ဂုဏ်သရေရှိ ဧည့်သည်... ရှင်သိုလှောင်ထားတဲ့ ပစ္စည်းက ဘာလဲမသိဘူး.."

"ကျွန်တော့်ရဲ့ လက်နက်ပါ.."

အစေခံမလေးက ခေါင်းငြိမ့်သည်။ စာချုပ်ကိုယူကာ သိုလှောင်ခန်း၏ နောက်ကျောဘက်သို့ ဝင်ရောက်သွား၏။

ဤသည်မှာ သေးငယ်သည့် အခန်းလေးတစ်ခု ဖြစ်သည်။ ဖွင့်လိုက်ပြီးနောက် အစေခံမလေးက ဖိတ်ခေါ်သည့် လက်အသွင်ဖြင့် ပြောသည်။

"ဂုဏ်သရေရှိ ဧည့်သည်ရှင့်... ကျေးဇူးပြုပြီးတော့  ရှင့်ရဲ့ပစ္စည်းကို ယူလို့ရပါပြီ.."

မုန့်ချုံက အတွင်းထဲသို့ ကြည့်လိုက်သည်။

သေးငယ်သည့် အခန်းအတွင်းတွင် အနက်ရောင် တူများကို တွေ့လိုက်ရ၏။ ဗဟုဂံပုံ တူဦးခေါင်းက လှည်းဘီးတစ်ဘီးစာထက် အနည်းငယ်သာ သေးသည်။

မုန့်ချုံက အံ့သြသွား၏။ မုန့်ရှူရှူက ပစ္စည်းကို သူ့အား ထုတ်ယူခိုင်းခြင်းကို အံ့သြခြင်း မရှိတော့ပါ။ သူကဲ့သို့ ကြံ့ခိုင်သန်မာသည့် လူတစ်ယောက်သာလျှင် ယခုကဲ့သို့ လက်နက်မျိုးကို အသုံးပြုရန် ပိုမိုသင့်တော်ပါသည်။

မဟုတ်ပါက သံသယများ မြင့်တက်လာနိုင်၏။

မုန့်ချုံက ရှေ့သို့တက်ကာ တူနှစ်ချောင်းတို့ကို ကိုင်လိုက်သည်။ ဆုပ်ကိုင်ပြီးနောက် သူ၏မျက်လုံးများက  လက်သွား၏။ တူများက ထင်ထားသည်ထက် ပိုမို ပေါ့ပါးပါသည်။ လုံးဝကြီး သိပ်သည်းနေတာ မဟုတ်ပေ။

သို့ပေမယ့်  တူခေါင်းဟာ တော်တော်လေး ထူထဲကာ အရမ်းကြီး ပေါ့နေသည် မဟုတ်ပေ။

"အထဲထဲမှာ ဘာဖွက်ထားတာလဲ.."

မုန့်ချုံက အံ့သြသွားသည်။ သူက တူများဖြင့် ထွက်လာပြီးနောက် အစေခံမလေးကို စိတ်ဝိဉာဉ်ဆေးပင်  စာချုပ်အား ပေးသည်။

"ကျွန်တော့်ပစ္စည်းတွေ ကြည့်ချင်လို့.."

အစေခံမလေးက စာချုပ်ကို ကြည့်လိုက်ပြီးနောက်ပြောသည်။

"ကောင်းပါပြီ။ ဂုဏ်သရေရှိဧည့်သည် ကျေးဇူးပြုပြီး နောက်ကလိုက်ခဲ့ပါ.."

စိတ်ဝိဉာဉ်ဆေးပင် သိုလှောင်ခန်းမှာ အခြားအခန်းတစ်ခု ဖြစ်သည်။ ၎င်းတွင် အများပြားလှသည့် အံဆွဲများ ထူထဲကာ ပြည့်နက်နေ၏။ အစေခံမလေးက စာချုပ်ပေါ်ရှိ နံပါတ်နှင့် အံဆွဲဆီသို့ သွားကာ ဖွင့်လိုက်သည်။

အတွင်းထဲရှိ သေတ္တာကို ထုတ်လိုက်၏။

"ဂုဏ်သရေရှိဧည့်သည်... ဒါက အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် သုံးခုပါ.."

အခြေခံမလေးက သေတ္တာကို ဖွင့်ကာ မုန့်ချုံကို ပြ၏။

"ဒီပစ္စည်းတွေကို ထုတ်ချင်လားမသိဘူး ဧည့်သည်.."

မုန့်ချုံက အတွင်းထဲရှိ ဆေးပင်များကို ကြည့်လိုက်သည်။ အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် ၃ခုလုံးမှာ  အမျိုးအစား တစ်ခုတည်းသာ ဖြစ်၏။ ပန်းတစ်မျိုးဖြစ်ပြီး ကြီးမားခြင်း မရှိကာ  သယ်ဆောင်ရန် အဆင်ပြေပါသည်။

"ထုတ်လိုက်.."

အစေခံမလေးက လက်မှတ်ကို သိမ်းလိုက်သည်။

စိတ်ဝိဉာဉ်ဆေးပင်ကို ထုတ်ကာ သူ့ကိုပေး၏။

စိတ်ဝိဉာဉ်ဆေးပင်ကို ပါးလျသည့် ပစ္စည်းတစ်ခုဖြင့် ချိတ်ပိတ်ထားသည်။ ၎င်းက ဆေး၏ ဂုဏ်သတ္တိများကို ပျောက်ကွယ်သွားခြင်းမှ ကာကွယ်ပေးနိုင်၏။ ထိန်းသိမ်းရန် လွယ်ကူစေသည်။

ဤသည်မှာ ထန်းပေါင်စံအိမ်က အသုံးပြုသည့် အထူးသီးသန့် စိတ်ဝိဉာဉ်ဆေးပင် ထိန်းသိမ်းခြင်း နည်းလမ်းဖြစ်သည်။

စိတ်ဝိဉာဉ်ဆေးပင် သုံးခုတို့ကို သေးငယ်သည့် အိတ်တစ်ခုအတွင်းသို့ ထည့်ထား၏။ မုန့်ချုံက ၎င်းတို့ကို ယူလိုက်ပြီးနောက် သူ၏ ရင်ဘတ်အတွင်းသို့ ထည့်လိုက်သည်။

"ဂရုစိုက်ပါ ဧည့်သည်.."

အစေခံမလေးက မုန့်ချုံကို နှုတ်ဆက်သည်။

'ထန်းပေါင်စံအိမ်ရဲ့ အခန်းထဲမှာ ရတနာတွေ ဒီလောက်အများကြီး သိုလှောင်ထားတာ အလုခံရမှာ မကြောက်ဘူးလား..'

မုန့်ချုံက အနည်းငယ် ပဟေဠိဖြစ်သွားသည်။ သို့ရာတွင် ထန်းပေါင်စံအိမ်တွင် သန်မာသည့် စွမ်းအားနှင့် စွမ်းအားကြီး ပုဂ္ဂိုလ်များ နောက်ကွယ်မှ ကာကွယ်ထားသည့်ပုံ ရှိ၏။

ထို့အပြင် ထန်းပေါင်စံအိမ်၏ အင်အားကြီးပုံမျိုးနှင့်  မည်သည့်သိုင်းသမားမှ ထိုကဲ့သို့သော အတွေးမျိုး ဝင်ရဲမည့် မဟုတ်လောက်ပါ။ ဖြစ်နိုင်သည်ကား စစ်ဘုရင်အဆင့်များ ပင်လျှင်  လုယက်ရဲမည် မဟုတ်ပေ။

မုန့်ချုံသည် တူကြီးနှစ်ချောင်းကို သယ်ဆောင်ပြီး ထန်းပေါင်စံအိမ်မှ ထွက်လာခဲ့၏။ လမ်းမပေါ်ရှိ လူတိုင်းက သူ့ကို ‌ေရှာင်ကွင်းသွားကြသည်။ အကွာအဝေးတစ်ခုကို ခြားနားထား၏။

ဒီလူသန်ကြီးမှာ ရှင်းလင်းစွာပင် သွားရှုပ်လို့ ကောင်းသည့်လူ မဟုတ်ပေ။ ကြီးမားလှသည့် တူကြီးနှစ်ချောင်းကပင် ကြည့်ရတာ ကြောက်ဖို့ကောင်းလှ၏။

မုန့်ချုံသည် တူများနှင့်အတူ ချင်းလင်မြို့မှ ထွက်ခဲ့သည်။ မြန်ဆန်စွာ လမ်းလျှောက်နေလင့်ကစား  နောက်တွင် တစ်ယောက်ယောက် လိုက်နေသည်လားဟုလည်း အာရုံစိုက်ထား၏။ မုန့်ရှူရှူနှင့် တွေ့မည့်နေရာဆီသို့ အမြန်ပြန်ခဲ့သည်။

နေရာသို့ ရောက်ရှိပြီးနောက် မုန့်ချုံသည် ရထားလုံးကိုသာ တွေ့ရပြီး မုန့်ရှူရှူကို မတွေ့ရပေ။

သူက မျက်မှောင်ကျုံ့သွားပြီး ပတ်ဝန်းကျင်ကို အာရုံခံကြည့်၏။ ထို့နောက် သက်ဆိုင်ရာ လားရာတစ်ခုဆီသို့ အကြည့် ရောက်သွားသည်။

"ထွက်လာခဲ့.. ငါ့နောက်မှာ ဘယ်သူမှ မလိုက်လာဘူး.."

မုန့်ရှူရှူက ကြီးမားသည့် သစ်ပင်တစ်ခု၏ အနောက်မှ ထွက်လာခဲ့၏။ သူ၏မျက်နှာက စိတ်သက်သာရာ ရသွားပြီး တူကြီးနှစ်ချောင်းကို တွေ့ရပြီးနောက် ဝမ်းသာမှုတို့ဖြင့် မျက်လုံးများက လင်းလက်လာခဲ့သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုမုန့်.."

နောက်ဆုံးတွင် ပစ္စည်းများကို ထုတ်ယူနိုင်ခဲ့လေပြီ။ မုန့်ရှူရှူက တူနှစ်ချောင်းတို့ကို ယူကာ လှည်းပေါ်သို့ တင်သည်။

"ညီ‌ေလးမုန့် ကျွန်တော်တို့ရဲ့ သဘောတူညီချက်က  ပြီးဆုံးသွားပြီဆိုတော့ ကျွန်တော် သွားပါဦးမယ်.."

"ကောင်းပါပြီ ဆွေမျိုးလေး... နောင်မှာ ဘယ်လို အကျိုးအမြတ်ရှိမယ့် ဘယ်ကိစ္စမဆို ကြုံတွေ့ရရင် ငါ့ကို သတိရဖို့ မမေ့နဲ့.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ကောင်းပါပြီ ကောင်းပါပြီ.."

မုန့်ရှူရှူက လျှင်မြန်စွာ သဘောတူ၏။ ထို့နောက် ရထားလုံးကို အမြန် မောင်းထွက်သွားသည်။

All Chapters