← Chapters

စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ မုန့်ရှူရှူ

Vol. 13 Ch. 194

စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ မုန့်ရှူရှူ

Vol. 13 Ch. 194

မုန့်ချုံက မုန့်ရှူရှူ၏ ရထားလုံးနှင့်အတူ လျှင်မြန်စွာ  ထွက်ခွာသွားမှုကို ကြည့်၏။ သူ၏ မျက်ခုံးများက အချိန်အတော်ကြာအောင် ကျုံ့နေပါသည်။

နောက်သို့ လိုက်ရမည်လား... မလိုက်ရမည်လားဟု မရေရာစွာ ရှိနေ၏။

'ထားလိုက်ပါတော့... ငါတို့ကြားက ကိစ္စက ပြီးပြီပဲ။ သူ့အတွက် စိုးရိမ်စရာ မလိုတော့ဘူး။ စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ ဘယ်လိုရှာပြီး စိတ်ဝိဉာဉ်ဆေးပင်တွေ ဝယ်ရမယ့် အကြောင်းကိုပဲ စဉ်းစားသင့်တယ်။ စီနီယာအစ်ကိုကြီး ဘယ်သွားလဲ မသိဘူး..'

ထိုကဲ့သို့ တွေးမိပြီးနောက် မုန့်ချုံက နောက်သို့လှည့်ကာ ထွက်ခေါ်သွားတော့မှာပါ။ ရလဒ်အနေနှင့် မုန့်ရှူရှူ၏ အလျှင်အမြန် ပြန်ပြေးလာမှုကို တွေ့ရ၏။

"အကိုမုန့်... ကျွန်တော့်ကို ကူညီပြီး ဒီတူကို နေရာတစ်ခုကို ယူသွားပေးပါလား.."

မုန့်ချုံက ချက်ချင်းပင် ဝမ်းသာသွားပြီး ပြောသည်။

"ကိစ္စမရှိဘူး... အဖိုးအခက ဘယ်လောက်ပေးမှာလဲ.."

မုန့်ရှူရှူက နာကျင်နေသည့် မျက်နှာနှင့် စိတ်ဝိဉာဉ် စာရွက် တစ်ခုကို ထုတ်သည်။

"စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၁၀၀ဆိုရင်ရော။ ကျွန်တော်မှာ အများကြီး မကျန်တော့ဘူး.."

"ကိစ္စမရှိဘူး.."

မုန့်ချုံက သဘောတူကာ စိတ်ဝိဉာဉ်စာရွက်ကို ယူလိုက်သည်။

"အကိုမုန့်... ၃ရက်ကြာပြီးရင် ဒီနေရာမှာ ပြန်တွေ့ရအောင်။ ကျွန်တော် ဆုကြေးကို ရက်ရက်ရောရော ပေးမှာပါ.."

မုန့်ရှူရှူက မုန့်ချုံကို တိကျသည့် တွေ့ဆုံရမည့် နေရာကို ပြောပြီးနောက် အလျှင်အမြန် ထွက်ခွာသွား၏။ သူ့ကိုကြည့်ရတာ အနည်းငယ် စိုးရိမ်နေပါသည်။

"ဒီတူထဲမှာ ဘာများ ဖွက်ထားလဲ မသိဘူး.."

မုန့်ချုံက ရထားလုံး၏ အရှေ့သို့ တက်ကာ အေးအေးလူလူဖြင့် မုန့်ရှူရှူ ပြောခဲ့သည့် နေရာဆီသို့  မောင်းထွက်သွား၏။

သူက အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင် ၃ပင်တို့ကို အိတ်ထဲမှ ထုတ်ကာ အနီးကပ် သေသေချာချာ စစ်ဆေးသည်။ မည်သည့် ဆေးပင်များ ဖြစ်သည်ဟူသည်အား တိကျစွာ မှတ်မိခြင်း မရှိပါ။

စုလင်းရှုံက သူ့ကို  ဆေးပင်များအကြောင်း ရှင်းပြခဲ့ဖူးပေမယ့် သူမ၏ အသိအမြင်တို့မှာ ကန့်သတ်ချက်များစွာ ရှိပါသည်။ နှုတ်ဖြင့် ဖော်ပြခြင်းနှင့် တကယ့်ပစ္စည်းတို့ အကြားတွင် အမြဲတမ်း ခြားနားချက်တစ်ခု ရှိနေ၏။ စိတ်ဝိဉာဉ်ဆေးပင်များကို မှတ်မိနိုင်သည့် စွမ်းရည်မြင့်မားမှသာလျှင် သိနိုင်ပေလိမ့်မည်။

'အဆင့်၈ စိတ်ဝိဉာဉ်ဆေးပင်ကို အသုံးပြုပြီးတော့ ငါ့ရဲ့ ကြီးမြတ်သောနေ ရွှေခန္ဓာကို ကျင့်ကြံရင် ဘယ်လိုအာနိသင်မျိုး ရလာမလဲ မသိဘူး..'

ခဏတာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် စိတ်ဝိညာဉ်ဆေးပင်များကို ထုတ်ယူကာ သုံးစွဲခြင်း မပြုရန် ဆုံးဖြတ်လိုက်သည်။

'ဂျူနီယာညီမလေးဆီကို ပြန်ယူသွားပြီး သူမကို ဆေးလုံးတွေ သန့်စင်ခိုင်းတာ ပိုကောင်းလိမ့်မယ်။ တစ်ခါတည်း စားတာက အရမ်းကို ဖြုန်းတီးရာ ရောက်တယ်..'

၃ရက်ကြာပြီးနောက် မုန့်ချုံသည် သေးငယ်သည့် မြို့တစ်ခုသို့ ရောက်ရှိလာခဲ့၏။ မြို့နံရံ၏ ထောင့်တစ်ခုကို လှမ်းကြည့်လိုက်ပြီးနောက် မုန့်ရှူရှု ပြောကြားခဲ့သည့် အမှတ်အသားနှင့် တိကျစွာ တူညီနေကြောင်းကို တွေ့ရသည်။

လားရာအတိုင်း လိုက်လာပြီးနောက် မြို့အပြင်ဘက်ရှိ သေးငယ်သည့် တောင်ကုန်းတစ်ခုဆီသို့ ရောက်လာခဲ့၏။

'တော်တော်လေး လျှို့ဝှက်တဲ့ကောင်ပဲ။ သူဘာတွေများ ဝှက်ထားလဲ မသိဘူး..'

မုန့်ချုံက ရထားလုံးကို တောင်ကုန်းဆီသို့ မောင်းနှင်လာခဲ့သည်။ တောင်ခြေတွင် ရထားလုံးကိုရပ်ပြီး တူနှစ်ချောင်းလုံးကိုယူကာ တောင်ပေါ်သို့ တက်လှမ်းသွား၏။

လမ်းက ကြမ်းတမ်းကာ သစ်ပင်များက မြင့်မားပြီး  ထူထဲသည်။ သို့ပေမယ့် ဤသည်မှာ မုန့်ချုံအတွက် ဘာမှမဟုတ်ပေ။ သူသည် လျှင်မြန်စွာဖြင့် လျှောက်လှမ်းသွားရင်းက တောင်ထွတ်ပေါ်သို့ ခဏအတွင်း ရောက်ရှိသွား၏။

တောင်၏ထိပ်တွင် လူ၃ယောက်တို့ ဖက်ထားရန် လုံလောက်သည့် သစ်ပင်ကြီးတစ်ခု ရှိနေ၏။ ၎င်း၏ အကိုင်းအခက်များနှင့် အရွက်များက ဝေဆာကာ တောင်ထွတ် တစ်ဝက်လောက်ကို ဖုံးအုပ်ထားသည်။

မုန့်ချုံက တောင်ထိပ်ပေါ်သို့ တူကြီးနှင့် ရောက်ရှိလာသည်နှင့် သစ်ပင်ကြီးတစ်ခု၏ အပေါ်တွင် ပုန်းအောင်းနေသည့် မုန့်ရှူရှူကို တွေ့လိုက်ရသည်။ သူက ရုတ်တရက် လှမ်းခေါ်တော့မည့် အချိန်၌ ပုံရိပ်တစ်ခုက အနောက်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။

စွမ်းအားကြီးမားသည့် အရှိန်အဝါနှင့် သတ်ဖြတ်ခြင်း အငွေ့အသက်တို့ ပြည့်နက်နေပါသည်။ ပြင်းထန်စွာ တိုက်ခိုက်လာ၏။

"ပေးစမ်း.."

သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်။

"သတိထား.."

သစ်ပင်ကြီးဆီမှ မုန့်ရှူရှူ၏ ကပြာကယာ အော်သံတစ်ခု ပေါ်လာ၏။ သူက လျှင်မြန်စွာ ပျံသန်းလာပြီး သိုင်းသခင်၏ တိုက်ခိုက်မှုကို ခုခံလိုသည့်ပုံ ရှိသည်။

မုန့်ချုံက လှုပ်ရှားခြင်းပင် မရှိပေ။ သူ၏နောက်မှ တိုက်ခိုက်သူ၏ တိုက်ချက်က ကျောပေါ်သို့ ကျရောက်လာ၏။ ထို့နောက် ကျန်လက်တစ်ဖက်က တူများကို လုယူချင်လေသည်။

"ဘုန်း.."

မုန့်ရှူရှူ၏ မျက်နှာက ပြောင်းလဲသွားသည်။ သို့ပေမယ့် နောက်တစ်စက္ကန့်တွင် သူ့ကို ပိုမိုအံ့သြသွားစေသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။

သိုင်းသခင်၏ ချောင်းမြောင်းတိုက်ခိုက်မှုက မုန့်ချုံ၏ နောက်ကျောပေါ်သို့ ကျရောက်ပြီး အခြားတစ်ဖက်က တူတစ်ချောင်းကို လုယူကာ နောက်ထပ် တူတစ်ချောင်းကို ထပ်မံဖမ်းဆုပ်တော့မည့် အချိန်၌  မုန့်ချုံက သတိလည်လာပုံ ပေါ်၏။

တူကို ဆုံးရှုံးလိုက်ရသည့် လက်ဖြင့် နောက်ကျောဆီသို့ လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။ လေနှင့် မိုးကြိုးတို့ မြည်ဟီးလာပြီး ခန္ဓာကိုယ်တစ်ခုလုံးက ရွှေရောင်အလင်းဖြင့် တောက်ပလာခဲ့၏။

"ဘုန်း.."

မုန့်ရှူရှူ၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင်  ချောင်းမြောင်းတိုက်ခိုက်ခဲ့သည့် သိုင်းသခင်မှာ ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။

ထို့နောက် ချက်ချင်းပင် မုန့်ချုံက လူသားသဏ္ဍာန် သားရဲတစ်ကောင်အလား လက်ကို ဝှေ့ယမ်းကာ မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။ ပူလောင်ကာ ပြင်းထန်သည့် အားတို့ ဖြတ်သန်း ထွက်ပေါ်လာ၏။ ပျက်စီးနေသည့် အလောင်းကို ပြာမှုန်များအဖြစ် လောင်ကျွမ်းစေလိုက်သည်။

"ဂလူ့.."

မုန့်ရှူရှူက တံတွေးများကို မျိုချကာ အကြောက်တရားဖြင့် ဖြူရော်သွားသည်။ ဤသည်မှာ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ လက်သီးတစ်ချက်ဖြင့် ပေါက်ကွဲ ထွက်သွားခဲ့သည်လား။ နောက်ဆုံးတွင် ပြာအဖြစ်ပင် ပြောင်းလဲခဲ့လေသည်။

သူရှာခဲ့သည့် ဒီလူသည် မည်မျှ ကြမ်းကြုတ်လိုက်သနည်း။ အနည်းငယ် ကြောက်ရွံ့စွာ ခံစားလာရသည်။

"ဒီရန်သူက ဘယ်ကနေလာတာလဲ... ငါ့ကိုများ တိုက်ခိုက်ရဲတယ်။ သေချင်နေတာ.."

မုန့်ချုံက ကျိန်ဆဲပြီးနောက် ပြုတ်ကျနေသည့် တူကို ကောက်ယူကာ မုန့်ရှူရှူကို ကြည့်သည်။

"ဒီကောင် ငါ့ကိုသတ်ချင်တာ အကြောင်းပြချက်အချို့ကြောင့်များလား။ ငါဘယ်သူ့ကိုမှ မထိပါးခဲ့ပါဘူး။ ကြုံတွေ့ခဲ့တဲ့ ဘယ်ရန်သူကိုမဆို  ရှင်းရှင်းလင်းလင်းပဲ လုပ်ခဲ့တယ်။ ပြာတွေကိုတောင်မှ လွင့်ပေးခဲ့တယ်.."

မုန့်ရှူရှူက အံ့ဩစွာ ပြောသည်။

"အကိုမုန့် အဆင်ပြေရဲ့လား.."

ဤသည်မှာ သိုင်းသခင်အဆင့်၏ တိုက်ခိုက်မှုတစ်ခု  ဖြစ်သည်။ တိကျစွာ ထိမှန်ခဲ့၏။ သို့ပေမယ့် မုန့်ချုံကတော့ ဘာမှ မဖြစ်သည့်ပုံ ရှိသည်။ ဤသည်မှာ မည်ကဲ့သို့သော အရေအပြား ဖြစ်သနည်း။

"ငါက ဘာဖြစ်ရမှာလဲ... ကလိထိုးသလောက်ပဲ ရှိတယ်။ ဒီရန်သူက ဘယ်ကကောင်လဲ။ ယုတ်မာလိုက်တာ.. ငါသူ့ကို ပြာအဖြစ် ပြောင်းပေးလိုက်တာ မှန်တယ်မလား.."

မုန့်ချုံက ကျိန်ဆဲရင်းက မုန့်ရှူရှူဆီသို့ လျှောက်လာခဲ့၏။

မုန့်ရှူရှူ၏ ပုံစံက ဖြူရော်နေပြီး သူ၏ အသက်ရှူမှုက အနည်းငယ် မညီမညာ ဖြစ်နေပါသည်။ ထပ်မံ ဒဏ်ရာရရှိထားသည့်ပုံ ရှိသည်။

"အကိုမုန့်... တကယ်တော့ ဒီရန်သူက ခင်ဗျားရန်သူ မဟုတ်ပါဘူး။ ကျွန်တော့်ရန်သူ ဖြစ်လိမ့်မယ်.."

မုန့်ရှူရှူက စိုးရိမ်စွာဖြင့် ပြောသည်။

မုန့်ချုံက သူ၏ ဦးခေါင်းကိုပုတ်ကာ နောက်ဆုံးတွင် နားလည်သွား၏။

"ငါသိပြီ။ ငါက ဘယ်ကများ ရန်သူတစ်ယောက် ရုတ်တရက် ပေါ်လာလဲလို့ တွေးနေတာ။ လက်စသတ်တော့ မင်းခေါ်လာတာကို.."

သူက လက်ကိုဆန့်ကာ မုန့်ရှူရှူ၏ ပုခုံးပေါ်သို့ တင်လိုက်သည်။

"ဒါက မင်းရဲ့ရန်သူ.. ဟုတ်တယ်မလား.."

"ဟုတ်ပါတယ်.."

မုန့်ရှူရှူက ခေါင်းငြိမ့်သည်။

"သူမင်းကို လာသတ်တာမလား.."

"ဟုတ်ပါတယ်.."

မုန့်ချုံက ပြောသည်။

"ကောင်းပြီ။ သူကမင်းကို သတ်ချင်တယ်။ ငါအခု  မင်းအတွက် သူ့ကို သတ်ပေးလိုက်ပြီ။ အဲ့တော့ မင်းရဲ့အသက်ကို ငါကယ်လိုက်တာပဲ။ မင်းငါ့ကို အကြွေးတင်သွားပြီမလား.."

မုန့်ရှူရှူက မှင်သက်သွားသည်။ သူသည် အသက်တစ်ခု အကြွေးတင်ခဲ့သည်လား။

"အကိုမုန့်.. ကျွန်တော်ပြောတာ နားထောင်ပါ။ မင်းသူ့ကို သတ်လိုက်ပေမယ့် မင်းဝင်မပါရင်လည်း ငါဘာသာ ငါ ကိုင်တွယ်နိုင်မှာလည်း ဖြစ်နိုင်တာပဲလေ.."

သူသည် ချွေးများ စတင်ထွက်လာခဲ့၏။ ဒီလူသန်ကြီးမှာ အဘယ်ကြောင့် အလွန် တွက်ချက်တတ်ရသနည်း။

All Chapters