← Chapters

စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ မုန့်ရှူရှူ(၂)

Vol. 13 Ch. 195

စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူ မုန့်ရှူရှူ(၂)

Vol. 13 Ch. 195

ငါသာ သူ့ကို အသက်တစ်ခု အကြွေးတင်သွားရင်  ပိုက်ဆံနဲ့ ပြန်လျော်ခိုင်းလောက်မှာ မလား။ ဒီကတုံးက တကယ့်ကို လောဘကြီးတယ်....

မုန့်ချုံက စိုက်ကြည့်စွာ ပြော၏။

"ဆွေမျိုးလေး... မင်းမှာ သူ့ကို တိုက်ခိုက်ဖို့ စွမ်းရည်ရှိလို့လား။ မင်းသိထားရမှာက ငါ့ရဲ့ ခွန်အားနဲ့တောင် သူ့ရဲ့တိုက်ခိုက်မှု တစ်ခုကို ခံရပြီးနောက်မှာ ဒဏ်ရာအပြင်းအထန် ရလုမတတ် ဖြစ်သွားခဲ့တယ်။ မင်းဆိုရင်ရော ငါ့ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်မယ့်စွမ်းရည် ရှိလို့လား.."

"မင်းမှာ ငါ့ကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်နိုင်မယ့် စွမ်းရည် မရှိရင် သူ့ကိုဘယ်လို ရင်ဆိုင်နိုင်မှာလဲ.."

"နောက်ပြီးတော့ ငါမြင်တာ မမှားရင် မင်းမှာ ဒဏ်ရာလည်း ရထားတယ် မလား။ ခွန်အားဘယ်လောက်ကို ထုတ်နိုင်မှာလဲ.."

မုန့်ရှူရှူက မုန့်ချုံကို ပြူးကျယ်သည့် မျက်လုံးများဖြင့် ကြည့်သည်။ တစ်ဖက်လူ၏ ကြီးစိုးလှသည့် အငွေ့အသက်က သူ၏ နှလုံးသားကို အခုန်မြန်သွားစေ၏။ မုန့်ချုံ၏ လက်သီးတစ်ချက်က သူ့ကို လွင့်စင်ထွက်သွားစေဖို့ လုံလောက်သည်ဟု ခံစားရသည်။

ပြီးခဲ့တုန်းက သိုင်းသခင်အား လက်သီးတစ်ချက်ဖြင့်  ဖျက်ဆီးလိုက်သည့် မြင်ကွင်းက သူ့ကို အံ့ဩနေစေဆဲရှိ၏။

"ဒါဆိုရင်လည်း ဒီလိုလုပ်လေ။ ငါတို့ ပြိုင်ကြည့်ကြရအောင်... မင်းသာငါနဲ့ သူတစ်ပြန် ကိုယ်တစ်ပြန် အရှုံးမရှိအောင် တိုက်ခိုက်နိုင်ရင် အဲ့ဒီ့ရန်သူကို မင်း ကိုင်တွယ်နိုင်တယ်လို့ ငါလက်ခံလိုက်မယ်။ အဲ့ဒါဆိုရင် မင်းအသက်ကို ငါကယ်တာလို့ မယူဆတော့ဘူး။ ဘယ်လိုထင်လဲ.."

မုန့်ချုံက တိုက်ခိုက်ရန်အတွက် အဆင်သင့် ဖြစ်နေဟန်ဖြင့် ပြောသည်။

မုန့်ရှူရှူ၏ မျက်နှာက မဲမှောင်သွားပြီး အလောတလျှင်ပြော၏။

"မလိုပါဘူး အကိုမုန့်... သိုင်းသခင်တစ်ယောက်ကို သတ်ဖို့ စိတ်ဝိဉာဉ်ပုံဆောင်ခဲ ဘယ်လောက် လိုလဲပဲ တစ်ခါတည်း ပြောလိုက်ပါ.."

သူသည် မုန့်ချုံအနေနှင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို တမင်ရှောင်တိမ်းခဲ့ခြင်း မပြုခဲ့တာဟု လေးနက်စွာ သံသယဝင်မိ၏။

န်သူတွင် စွမ်းရည်အချို့ ရှိနေပြီး သူ့အနေနှင့် ကောင်းကောင်း ကိုင်တွယ်နိုင်ခြင်းမရှိဟု ဖော်ပြချင်တာ ဖြစ်ပေလိမ့်မည်။

မုန့်ချုံက သူ၏ ပုခုံးကိုပုတ်ကာ ပြောသည်။

"ဆွေမျိုးလေး... မင်းဟာက ဘယ်လို စကားမျိုးလဲ။ ငါ့ကို စိတ်ဝိဉာဉ်ပုံဆောင်ခဲတွေ လောက်ကို ဂရုစိုက်တယ်လို့ ထင်နေတာလား။ ကောင်းပြီ။ ငါတို့အကြားက မျိုးရိုးတူတဲ့ ဆက်ဆံရေးကို ထောက်ငှပြီးတော့ ငါမင်းကို လျော့ဈေးပေးမယ်။ မင်းငါ့ကို အသက်တစ်ဝက် အကြွေးတင်သွားပြီ.."

မုန့်ရှူရှူက အားနည်းစွာ ပြောသည်။

"အခြားအကြွေးနဲ့ရော တင်လို့မရဘူးလား.."

"ငါက မင်းအသက်ကို ကယ်ခဲ့တာ။ ငါတို့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အသက်တစ်ဝက်ကိုပဲ အကြွေးမှတ်ခဲ့တယ်။ အဲ့ဒါကိုမင်းက ငြင်းဆန်ချင်သေးလို့လား.."

မုန့်ချုံက သဘောမတွေ့စွာ ပြော၏။

"ကောင်းပါပြီ။ ငါလက်ခံတယ်.."

မုန့်ရှူရှူက စိတ်ဝိဉာဉ်စာရွက်ကို ထုတ်သည်။

"အကိုမုန့်... ဒါက စိတ်ဝိဉာဉ်ပုံဆောင်ခဲ ၅၀၀ပါ.."

မုန့်ချုံက စိတ်ဝိဉာဉ်ပုံဆောင်ခဲ စာရွက်ကို မုန့်ရှူရှုဆီသို့ ပြန်တွန်းသည်။ လေးနက်သည့် မျက်နှာဖြင့် ပြော၏။

"ဆွေမျိုးလေး... မင်းရဲ့အသက်က စိတ်ဝိညာဉ်ပုံဆောင်ခဲ ၅၀၀တည်း တန်ရင်လည်း ငါမယူတော့ဘူး။ မင်းရဲ့ အသက်တစ်ဝက်ကိုပဲ ယူတော့မယ်။ ဒါဆိုရင် အကြွေးကျေပြီ.."

"နေပါဦး.. ခဏ ခဏ.."

မုန့်ရှူရှူက ထိတ်လန့်သွား၏။ သူ၏ အသက်တစ်ဝက်ကို ယူမည်လား..

"အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင် တစ်ခု... မဟုတ်ဘူး နှစ်ခု။ ဘယ်လိုလဲ.."

"ငါအဲ့ထက်ပိုပြီးတော့ မပေးနိုင်တော့ဘူး။ ပေးစရာလည်း မရှိဘူး.."

မုန့်ချုံက ပြုံးကာပြော၏။

"ဆွေမျိုးလေးက အရမ်းကို အားနာနေပါပြီ။ မဆိုးပါဘူး။ စိတ်ဝိဉာဉ်ဆေးပင်နဲ့ အသက်နဲ့ ဘယ်ဟာကပိုပြီး အဖိုးတန်မှာလဲ။ ဒါပေမယ့် အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်၂ပင်ပဲ ထားလိုက်ပါတော့။ ငါ့အတွက်လည်း သိုင်းသခင်တစ်ယောက်ကို သတ်ရတာက လွယ်ကူမနေဘူးလေ။ အလကား လုပ်ပေးဖို့ကျ အဆင်မပြေလို့.."

"ဒါက ဖြစ်သင့်ပါတယ်.."

မုန့်ရှူရှူက ခေါင်းငြိမ့်သည်။ သူက ထန်းပေါင်စံအိမ်၏ သိုလှောင်ခြင်းစာချုပ် တစ်ခုကို ထုတ်ကာ မုန့်ချုံကို ပေးသည်။

"ချင်းလင်မြို့မှာပဲ။ အဲ့ဒီ့အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်နှစ်ပင်က ငါ့မှာရှိသမျှ အကုန်ပဲ.."

"ကောင်းပြီ။ ဒါဆိုရင် ငါတို့ အကြွေးကျေပြီ.."

မုန့်ချုံက ခေါင်းငြိမ့်သည်။ တူကို မြေပြင်ပေါ်သို့ ချကာ စာချုပ်ကို ယူရင်းက ပြော၏။

"ဒီမှာ မင်းအတွက် တူတွေ ယူခဲ့တယ်။ ကိစ္စမရှိရင် ငါသွားတော့မယ်.."

"လုံခြုံတဲ့ ခရီးဖြစ်ပါစေ ညီလေးမုန့်.."

မုန့်ရှူရှူက စိတ်သက်သာရာ ရသွား၏။

"ဂရုစိုက်ပါ.."

မုန့်ချုံက နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

'ဆွေမျိုးလေးက တကယ့်ကို ပြဿနာများတာပဲ။ သိုင်းသခင်အဆင့် သိုင်းသမားတွေတောင် သူ့ကို တိုက်ခိုက်ကြတယ်။ အဆင့်၇ စိတ်ဝိဉာဉ်ဆေးပင်၂ပင်နဲ့ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ကို သတ်ပေးတာက မျှတတဲ့ လဲလှယ်မှု တစ်ခုပဲ..'

မုန့်ချုံက ကိုယ့်ကိုယ်ကို ရေရွတ်ရင်းက တောင်ပေါ်မှ လျှင်မြန်စွာ ဆင်းသွား၏။ သူက တစ်ဖက်လူကို အကူအညီ ပေးခဲ့ရာ အလကားတော့ မရပေ။

ရန်သူမှာ မုန့်ရှူရှူ၏ ရန်သူဖြစ်၏။ သူက ကူညီကာ သတ်ဖြတ်ပေးခဲ့လေသည်။ ထို့ကြောင့် ဆုကြေးတစ်ခု တောင်းသည်မှာ ကျိုးကြောင်းဆီလျော်မှု ရှိ၏။

တောင်ခြေရှိ ရထားလုံးကို ကြည့်ရှု့ပြီးနောက် မုန့်ချုံက လှည်းကို ဖြုတ်လိုက်သည်။ မြင်းကိုစီးကာ ထွက်ခွာသွား၏။

'ချင်းလင်မြို့ကို သွားပြီး ဆေးပင်တွေ ထုတ်ယူရမယ်..'

သူသည် မြင်းကိုစီးရင်းမှ ဖြေညှင်းစွာဖြင့် ချင်းလင်မြို့သို့ ပြန်ခဲ့သည်။

၁၀မိုင်ကျော်လောက်ကို သွားပြီးနောက် ရုတ်တရက် ခေါင်းမော့ကြည့်၏။

'သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်လား..'

လေထဲတွင် ပုံရိပ်တစ်ခု ပျံသန်းသွား၏။ ပထမအဆင့်၏ အောက်တွင် ရှိသည့် မည်သည့် သိုင်းသမားမဆို သတိထားမိနိုင်မည်ပင် မဟုတ်ပါ။ ဤသည်မှာ သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက်ဖြစ်ပြီး အစောပိုင်းအဆင့်၌ပင် မဟုတ်ပေ။ အနိမ့်ဆုံး အလယ်အလတ်အဆင့် သိုင်းသခင်တစ်ယောက် ဖြစ်၏။

'မုန့်ရှူရှူဆီကို သွားတာဖြစ်မယ်..'

မုန့်ချုံက ခဏတာ တုံ့ဆိုင်းသွားသည်။ သို့ပေမယ့်  နောက်ပြန်လှည့်ခြင်း မရှိပါ။ အဲ့ဒီ့အစား ချင်းလင်မြို့ဆီသို့သာ ဆက်လက်သွား၏။

ရုတ်တရက် ဘယ်ဘက် မလှမ်းမကမ်းရှိ ကောင်းကင်ဆီသို့ လှမ်းကြည့်လိုက်သည်။ နောက်ထပ် သိုင်းသခင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။

'တစ်ယောက်ပြီးတစ်ယောက် သွားနေပါလား... သိုင်းသခင်အဆင့် သိုင်းသမား၃ယောက် တစ်ဖက်တည်းကို ထွက်သွားခဲ့တယ်။ အားလုံးက မုန့်ရှူရှူဆီကို သွားတာများလား။ သူ့ရဲ့ ရန်သူတွေများလား..'

မုန့်ချုံက ခဏတာ စဉ်းစားပြီးနောက် သူ၏မြင်းကို ထားကာ တောင်ဆီသို့ လျှင်မြန်စွာ ပြန်ပြေးခဲ့သည်။

'ဆွေမျိုးလေးက တကယ့်ကို ချမ်းသာတယ်။ သူ့ရဲ့အသက်ကို ကယ်တင်မှုအတွက် သိုလှောင်အိတ်တစ်ခုကို တောင်းမယ်ဆိုရင် မလွန်ကြူးလောက်ဘူးမလား..'

မုန့်ချုံက လောဘကြီးစွာဖြင့် စဉ်းစား၏။

တစ်ချိန်တည်းတွင် သူသည် တူနှစ်ခုအတွင်း၌ မည်သည့်ပစ္စည်းတို့ ရှိနေမည်အားလည်း သိလိုနေပါသည်။ အတွင်းထဲတွင် အဖိုးတန် ရတနာတစ်ခုခုများ ရှိနေသည်လား။ ဒီသိုင်းသခင်များလည်း ထိုပစ္စည်းအတွက် ရောက်လာတာ ဖြစ်ပေလိမ့်မည်။

"ဘုန်း.."

တောင်ထွတ်ပေါ်တွင် တိုက်ပွဲက ဖြစ်ပွားနေခဲ့ပြီး ဖြစ်၏။ သစ်ပင်များအကြားတွင် ပုံရိပ်တစ်ခုက အလွန်မြန်ဆန်စွာ လှုပ်ရှားနေပြီး ထူးကဲသည့် စကေးများနှင့် ရန်သူများ၏ ဝန်းရံမှုကို ရှောင်ကြဉ်နေပါသည်။

မုန့်ချုံက ချက်ချင်း လှုပ်ရှားမှုမပြုပါ။ သူသည် သစ်ပင်ကြီးတစ်ပင်၏ အနောက်တွင် တိတ်ဆိတ်စွာ ပုန်းအောင်းနေပြီး သစ်ရွက်များကို အသုံးပြုကာ သူ၏ခန္ဓာကိုယ်ကို ကာထား၏။

"ထန်းချင်.. မင်းငါ့ကို သစ္စာဖေါက်တာလား.."

မုန့်ရှူရှူက သိုင်းသခင်၃ယောက်ထဲမှ တစ်ယောက်ကို  ဒေါသတကြီး ကြည့်ကာ ပြောသည်။

"အကိုမုန့်... ကျွန်တော်လည်း မလုပ်ချင်ပါဘူး။ ဒါပေမယ့် မင်းထိပါးခဲ့တဲ့လူတွေက အရမ်းကို စွမ်းအားကြီးလွန်းပြီး လွှမ်းမိုးမှု အားကောင်းတယ်။ ငါသာ သူတို့နဲ့ မပူးပေါင်းရင် အသက်သေရမှာ.."

"နောက်ပြီး အဲ့ဒါက အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်တွေပဲ.. ငါလည်းအရမ်းကို စိတ်ဝင်စားတယ်.."

ထန်းချင်က နောက်က လိုက်ရင်းမှ အကူအညီမဲ့စွာ ပြော၏။

"အကိုမုန့်.. ဘာလို့မင်း ဒီအတိုင်း အညံ့မခံလိုက်တာလဲ။ ထွက်ပြေးပြီး ပုန်းအောင်းနေရတာက ဘာအဓိပ္ပါယ်ရှိမှာလဲ။ မင်းက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူပဲ။ ပြီးတော့ မင်းရဲ့ ရှာဖွေနိုင်စွမ်းက အတွင်းဘက်နယ်မြေ တစ်ခုလုံးမှာ ထိပ်တန်း၅ယောက်ထဲကို ဝင်တယ်။ သူတို့တွေ မင်းကို မသတ်လောက်ဘူး။ တကယ်တော့ မင်းသာ သူတို့နဲ့ ပူးပေါင်းရင် အင်အားစုကြီး တစ်ခုရဲ့ အကာအကွယ်ကိုတောင် ရနိုင်မှာ.."

ထန်းချင်က အကြံပေးသည်။

"ငါမုန့်ရှူရှူက ဘာလို့ သူများရဲ့ နောက်လိုက်ခွေး လုပ်နေမှာလဲ။ အဲ့ဒီ့အပြင် အဲ့ဒီ့လူတွေက ရက်စက်ပြီးတော့ အကြင်နာတရား ကင်းမဲ့တယ်။ သူတို့ ကိစ္စကိုသာ ကောင်းကောင်းမလုပ်နိုင်ရင် နှိပ်စက်ကြမှာ။ ငါက ကိုယ့်ကိုယ်ကို အဲ့လောက် ခွေးအဖြစ်ခံပြီး သူတို့ နှိပ်စက်တာကို ခံရမှာလား.."

မုန့်ရှူရှူက ဒေါသတကြီး ပြော၏။

မုန့်ရှူရှူကို ဝန်းရံထားသည့် အခြားသိုင်းသခင် ၂ယောက်ထဲမှ တစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။

"မုန့်ရှူရှူ... အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ရဲ့ တည်နေရာကိုပြော။ ဖြစ်နိုင်တာက ငါမင်းကို မမြင်သလိုနေပြီး လွှတ်ပေးမှာလည်း ဖြစ်နိုင်တာပဲ.."

"ဟုတ်တယ်။ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ရဲ့  တည်နေရာကိုပြော။ ငါတို့မင်းကို လွှတ်ပေးမယ်.." နောက်ထပ် တစ်ယောက်ကလည်း ပြော၏။

"ဟန့်... မင်းတို့ ငါမုန့်ရှူရှူကို ၃နှစ်သားကလေးလို့ ထင်နေတာလား.."

မုန့်ရှူရှူက နှာခေါင်းရှုံ့သည်။

သူ၏ ခန္ဓာကိုယ်လှုပ်ရှားမှုအတတ်က အလွန် အလှည့်အပြောင်းများပြီး လှုပ်ရှားမှုက မြန်ဆန်၏။ ထူထဲသည့် သစ်ပင်များအကြားတွင် ရွေ့လျားရင်းက လွတ်မြောက်ဖို့ မျှော်လင့်နေပါသည်။

သို့ပေမယ့် သူ့တွင် ဒဏ်ရာများ ရရှိထား၏။ ဒီသိုင်းသခင် ၃ယောက်တို့မှာလည်း သူ့ထက်အားနည်းခြင်း မရှိပေ။ တစ်ယောက်ဆိုလျှင် ပိုတောင် သန်မာသေး၏။

အကွာအဝေး အနည်းငယ်သို့ ရောက်ပြီးသည်နှင့် လျှင်မြန်စွာ လိုက်မီလာခဲ့သည်။ သူ့အနေနှင့် ရန်သူကို နောက်ကောက်ကျ ကျန်ခဲ့အောင် ပြုလုပ်နိုင်ခြင်း မရှိပါ။

မုန့်ရှူရှူက အနည်းငယ် စိုးရိမ်လာခဲ့၏။ အချိန်ကြာလာလေလေ သူ၏ အခြေအနေက ပိုမို ဆိုးရွားလာလေ ဖြစ်သည်။ ပိုမိုသန်မာသူများသာ ရောက်ရှိလာပါက သူ့အနေနှင့် လွတ်မြောက်နိုင်မည် မဟုတ်တော့ပါ။

မုန့်ချုံလည်း သူတို့၏ စကားအားလုံးအား ရှင်းလင်းစွာ ကြားနေရပါသည်။ အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်ဟူသည့် အသံကို ကြားရပြီးနောက် သူ၏ မျက်လုံးများက လင်းလက်သွား၏။

ဤသည်မှာ အတွင်းဘက်နယ်မြေရှိ အမြင့်ဆုံးအဆင့် စိတ်ဝိဉာဉ်ဆေးပင် ဖြစ်ပါသည်။ အလွန်ရှားပါးလှ၏။

ဤသည်က ၎င်း၏ အဖိုးတန်မှုကို ပြသနေပါသည်။

'ဖြစ်နိုင်တာက အဆင့်၆ စိတ်ဝိဉာဉ်ဆေးပင်က တူကြီးနှစ်ခု အထဲမှာ များလား..'

မုန့်ချုံသည် နောက်မှ တိတ်ဆိတ်စွာ လိုက်ရင်းမှ မည်သည့်ဝင်ပါမည့် အရိပ်အယောင်မှ မပြသေးပါ။

'မုန့်ရှူရှူက စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူပဲ။ သူက အတွင်းဘက်နယ်မြေမှာ ထိပ်တန်း၅ယောက် စာရင်းထဲတောင် ပါတယ်။ ဆိုလိုတာက သူ့မှာ စိတ်ဝိဉာဉ်ဆေးပင်တွေကို ရှာဖွေနိုင်တဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံ ရှိရမယ်..'

'ဂျူနီယာညီမလေးက ဆေးလုံးတွေ သန့်စင်ဖို့အတွက် စိတ်ဝိဉာဉ်ဆေးပင်တွေ သေချာပေါက် ကင်းမဲ့လို့ မရဘူး။ ငါတို့မှာ ရှာဖွေသူတစ်ယောက်သာ ရှိရင် သူမအတွက် စိတ်ဝိဉာဉ်ဆေးပင်တွေကို အလွယ်တကူ ရှာပေးလို့ရတယ်။ ပြတ်လပ်တာမျိုး ဖြစ်မှာ မဟုတ်တော့ဘူး..'

မုန့်ချုံမှာ စဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေ ဖြစ်လာခဲ့၏။ သူက မုန့်ရှူရှူကို ကယ်တင်ရန်အတွက် ဆုံးဖြတ်ချက်ချလိုက်သည်။ မည်သူလာလာ ရှောင်သွားမည် မဟုတ်ပါ။

'သူ့မှာ စိတ်ဝိဉာဉ်ဆေးပင်တွေ အများကြီးရှိတာ အံ့သြစရာ မဟုတ်ဘူး။ လက်စသတ်တော့ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူပဲ။ ဒီတစ်ကြိမ် ဆွေမျိုးလေးကို အသက်တစ်ခု အကြွေးတင်အောင် လုပ်ရမယ်။ အဲ့ဒီ့အခါ သူငါ့ကို စိတ်ဝိဉာဉ်ဆေးပင်တွေ ဘယ်လောက်များများတောင် ပေးဖို့လိုလိမ့်မလဲ..'

မုန့်ချုံမှာ စဉ်းစားလေလေ ပိုမိုဝမ်းသာလေလေ ဖြစ်လာခဲ့၏။ သိုင်းသခင်များကို ထိပါးမည့် အရေးမှာတော့ သူ့အနေနှင့် ဂရုစိုက်ခြင်းမရှိပါ။ ဒီသိုင်းသမားများကို ကြည့်ရသည်မှာ သူ၏ လက်သီးတစ်ချက်ဖြင့် တစ်ယောက်ကို သတ်ဖြတ်နိုင်၏။ အသက်ကို ခြိမ်းခြောက်နိုင်ခြင်း လုံးဝမရှိပေ။

မုန့်ရှုရှူ၏ ရန်သူ အင်အားစုကိုလည်း မုန့်ချုံအနေနှင့် ဂရုစိုက်ခြင်း မရှိပါ။ စိတ်ဝိဉာဉ်ဆေးပင် ရှာဖွေသူဟူသည့် တန်ဖိုးနှင့် ထိုကဲ့သို့သော အင်အားစုကို ထိပါးရလျှင်တောင် ပြဿနာမရှိပေ။

စစ်ဘုရင်အဆင့် သိုင်းသမားများပင် ပါဝင်နေလျှင်လည်း သူ့အနေနှင့် ကြောက်ရွံ့စရာ မလိုပါ။ အဆိုးဆုံးအခြေအနေတွင် ထွက်ပြေးလို့ ရနိုင်၏။

ထို့အပြင် သူ၏ ခွန်အားအဆင့် မြင့်တက်လာသည်နှင့်အမျှ နောင်တွင် စစ်ဘုရင်အဆင့်ကို အနိုင်ယူနိုင်လာမှာ သေချာပေါက် ဖြစ်သည်။

'အတွင်းဘက်နယ်မြေမှာ ကျန်းကျွင်းရာက  ထိပ်တန်းအင်အားစုတစ်ခုပဲ။ အကိုရှဲ့ရဲ့ ဂုဏ်သတင်းက အဟန့်အတားစွမ်းအား အချို့လောက်တော့ ရှိလောက်တယ်မလား..'

ဤသည်မှာ မုန့်ချုံ၏ အတွေးဖြစ်၏။ သူက နောက်မှ ပျင်းရိစွာ ဆက်လက်လိုက်ရင်းမှ လှုပ်ရှားရန် အချိန်ကောင်းကို စောင့်စားနေ၏။

မုန့်ရှူရှူက မျှော်လင့်ချက်မဲ့သည့် အခြေအနေသို့ မရောက်သေးပေ။ ထို့ကြောင့် ယခုအချိန်၌ လှုပ်ရှားမှု မပြုသင့်သေးပါ။

'ဒီသိုင်းသခင်၃ယောက်က အရမ်းကို အားနည်းလွန်းတယ်။ မုန့်ရှူရှူအနေနဲ့ လွတ်အောင် မပြေးနိုင်ပေမယ့် ခဏတာအတွင်း အန္တရာယ်တော့ မကျရောက်လောက်ဘူး..'

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ မုန့်ရှူရှူ၏  သွက်လက်မြန်ဆန်သည့် လှုပ်ရှားမှုနှင့် ပြေးနိုင်မှုတို့ကြောင့် ဒီအတောအတွင်းတွင် အကွာအဝေး တစ်ခုသာ ကွာဟအောင် လုပ်နိုင်ပါက ထွက်ပြေးလို့ လွတ်မြောက်နိုင်ချေ ရှိသေးသည်။

ထို့အပြင် သူသည် ထူထဲသည့် တောထဲဘက်သို့  ဦးတည်ပြေးနေခြင်း ဖြစ်၏။

'ဆွေမျိုးလေး လွတ်သွားမှာတော့ မဟုတ်ဘူးမလား..'

မုန့်ချုံက မျက်မှောင်ကျုံ့သွားသည်။ မုန့်ရှူရှူသာ  ထွက်ပြေးလွတ်မြောက်နိုင်ပါက သူ့အနေနှင့် အသက်တစ်ခု အကြွေးတင်အောင် လုပ်နိုင်မည့် အခွင့်အရေးအား မည်သည့်နေရာမှ ရှာတွေ့နိုင်မည်နည်း။

ရုတ်တရက် သူ၏မျက်ခုံးများက မြင့်တက်သွားပြီး ကောင်းကင်သို့ မော့ကြည့်သည်။ ပုံရိပ်တစ်ခု လျှင်မြန်စွာ သက်ဆင်းလာခဲ့၏။

'ပိုပြီးသန်မာတဲ့ သိုင်းသခင်တစ်ယောက်ပဲ'

မုန့်ချုံ၏ နှလုံးသားက တုန်ခါသွားသည်။ ဒီလူက အလွန်စွမ်းအားကြီးလှ၏။

သူ၏ ကိုယ်ပိုင် ခွန်အားနှင့်ပင်လျှင် လက်သီးတစ်ချက်နှင့် ပေါက်ကွဲပစ်နိုင်ခြင်း မရှိသည့်ပုံ ရှိသည်။ ဖြစ်နိုင်တာက နှစ်ချက်လောက် အသုံးပြုရမည် ဖြစ်၏။

မုန့်ရှူရှူ၏ ပုံစံက ကြီးစွာ ပြောင်းလဲသွားသည်။ 'အထွတ်အထိပ် သိုင်းသခင်တစ်ယောက် ရောက်လာတာလား..'

All Chapters