← Chapters

သိုင်းပညာ နတ်ဘုရားအတတ်၊ မုန့်ချုံ၏ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခြင်း(၂)

Vol. 13 Ch. 183

သိုင်းပညာ နတ်ဘုရားအတတ်၊ မုန့်ချုံ၏ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခြင်း(၂)

Vol. 13 Ch. 183

ရှီအာကိုကြည့်ကာ သူက အကြံပေးချက် အချို့အား  ပေးသည်။

"စိတ်မပူပါနဲ့... ကျွန်တော်သေချာပေါက် ကြိုးကြိုးစားစား ကျင့်ကြံပြီး စိတ်မပျက်စေရပါဘူး.."

ရှီအာက လေးနက်စွာ ခေါင်းငြိမ့်သည်။ သူ၏လက်ကိုမြှောက်ကာ သေးငယ်သည့် အထုပ်တစ်ခုအား မုန့်ချုံကို ပေး၏။

"ငါနှစ်ဝက်အတွင်းမှာ သို့မဟုတ် တစ်နှစ်အတွင်းမှာ  ပြန်လာခဲ့မယ်.."

မုန့်ချုံက အထုတ်ကို ရင်ဘတ်အတွင်းသို့ ထည့်သည်။

ကောင်းကင်သို့ မြင့်တက်သွားပြီးနောက် မျဥ်းဖြောင့်အတိုင်း ပျံသန်းကာ ပျောက်ကွယ်သွား၏။

သူသည် အတွင်းဘက်နယ်မြေသို့ ချက်ချင်းသွားရောက်ခြင်း မပြုပါ။ အဲ့ဒီ့အစား ဝူနိုင်ငံ၏ အင်ပါရီယာ မြို့တော်ဆီသို့ အရင်ဆုံး သွား၏။ ထိုတံတိုင်းပေါ်တွင် သူသည် အသတ်ခံရလုနီးပါး ဖြစ်ခဲ့၏။

ထို့ကြောင့် ဧကရာဇ်ဝူဆီသို့ သွားရောက်ကာ အကြီးအကဲဝူ မည်ကဲ့သို့ ပေါ်လာခဲ့ပုံအား သေသေချာချာ မေးလို၏။

ထိုအရာအားလုံးတို့၏ နောက်ကွယ်တွင် ဧကရာဇ်ဝူသာ ရှိပါက မုန့်ချုံက သက်ညှာနေမည် မဟုတ်ပါ။ ဧကရာဇ်ဝူ၏ သူ့အတွက် လက်စားချေပေးခဲ့သည့် ကျေးဇူးကိုပင် လျစ်လျူရှု့မှာ ဖြစ်၏။

အကြီးအကဲဝူနှင့် အဖြစ်အပျက် အပြီးတွင် ဝူနိုင်ငံ၏ အင်ပါရီယာမြို့တော်က တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်း ပြန်လည် ဖြစ်လာခဲ့သည်။ အမှုထမ်းများက သူတို့၏ တာဝန်များကို ပြန်လည် ထမ်းဆောင်ကာ ဒေသအုပ်ချုပ်ရေး ကိစ္စများကို ဂရုစိုက်၏။

လူငယ်မျိုးဆက်များသာ သူတို့၏ ဆရာသခင်ရှာဖွေမှု တာဝန်ကို ဆက်လက်လုပ်ဆောင်ပြီး နိုင်ငံတစ်လျှောက် ခရီးသွားကာ စိတ်တူကိုယ်တူရှိသည့် အပေါင်းအဖော်များနှင့် ဗဟုသုတများကို ဖလှယ်ကြသည်။ သိုင်းပညာကျင့်စဉ် တစ်ခုအား ရရှိနိုင်မည်လားဟု  စူးစမ်းလို၏။

ဧကရာဇ်ဝူသာလျှင် စိုးရိမ်မှုအပြည့်ဖြင့် အမြဲတမ်း ရှိနေပါသည်။ တိုက်ပွဲပြီးကတည်းက မုန့်ချုံသည် သူ့ဆီသို့ စာရင်းလာရှင်းခြင်းမပြုဘဲ လုံးဝ ပျောက်ကွယ်သွားသည့်ပုံ ပေါ်သည်။

ဤသည်က သူ့ကို အလွန်မသက်မသာ ခံစားရစေ၏။ ဆိုလိုသည်မှာ မုန့်ချုံသည် ဒဏ်ရာအပြင်းအထန် ရရှိပြီး သူ၏ဒဏ်ရာများကို ကုသနေသည်ဟု ဖြစ်သည်။

ဒဏ်ရာပျောက်ကင်းပါက ကိစ္စများကို စာရင်းရှင်းရန်အတွက် ရောက်ရှိလာမှာ အသေအချာပင်။ ဧကရာဇ်ဝူကို အကြောက်ရွံ့စေဆုံးမှာ မုန့်ချုံက သူ၏ ရှင်းပြချက်ကို နားမထောင်ဘဲ နေရာမှာတင် တစ်ခါတည်း ရိုက်သတ်ပစ်မည်အား ဖြစ်သည်။

"ဧကရာဇ်ဝူ.."

ဒီအချိန်၌ ဧကရာဇ်ဝူက စာဖတ်ခန်းအတွင်း၌ စာရွက်များကို သုံးသပ်နေ၏။ ရုတ်တရက် အကြောက်တရားဖြင့် တုန်ခါသွားပြီး လက်ထဲရှိ စုတ်တံက ပြုတ်ကျသွားသည်။

မုန့်ချုံ ရောက်လာခဲ့ပါပြီ။ အချိန်ခဏတာ ပျောက်ဆုံးသွားပြီးနောက် မုန့်ချုံ၏ ပုံက ပိုမိုကာပင် ကြံ့ခိုင်ထည်ဝါလာသည်ဟု ဧကရာဇ်ဝူ ခံစားလိုက်ရသည်။

တောက်ပနေသည့် ကတုံးပြောင်က ပိုမိုကာပင် တောက်ပလာပုံပေါ်ပြီး လူတစ်ကိုယ်လုံး၏ အသွင်အပြင်က ပိုမိုကြမ်းကြုတ်လာခဲ့သည်။

"မုန့်ချုံ... ငါ့ရဲ့ရှင်းပြချက်ကို နားထောင်ပါဦး... သူ့ကို ငါလွှတ်လိုက်တာ မဟုတ်ဘူး.."

ဧကရာဇ်ဝူက မျှော်လင့်ချက်မဲ့နေသည့် မျက်နှာဖြင့် အမြန် အသနားခံ၏။

"ငါ့ကိုပြော.. ဘာတွေဖြစ်ခဲ့တာလဲ.."

မုန့်ချုံက မည်သည့် အားနာမှုကိုမှ မပြပါ။ ဧကရာဇ်ဝူ၏ ထိုင်ခုံပေါ်တွင် တစ်ခါတည်း သွားထိုင်၏။

ဧကရာဇ်ဝူကတော့ ကြောက်ရွံ့စွာဖြင့် ဘေးတွင်ရပ်နေပါသည်။

"ဒီလိုဖြစ်ခဲ့တာပါ..."

ဧကရာဇ်ဝူက မည်သည်ကိုမှ  ဖုံးကွယ်ရဲခြင်း မရှိပါ။

ရိုးသားစွာဖြင့် အကြီးအကဲဝူ၏ မည်ကဲ့သို့ ပေါ်လာပုံကို ပြည့်ပြည့်စုံစုံ ပြောပြ၏။

"ကျွန်တော် လူလွှတ်ပြီးတော့ သတင်းပို့ခိုင်းစဉ်က သိုင်းပညာမှာ စွမ်းအားကြီးသူတစ်ယောက် ဖြစ်တယ်လို့ အကြောင်းကြားစာ ပါပါတယ်။ အဲ့ဒါကို လက်မခံခဲ့ရဘူးလား.."

ဧကရာဇ်ဝူက မှားယွင်းသည့် မျက်နှာဖြင့် ပြော၏။

"ကောင်းပါပြီ။ ဒီကိစ္စက မင်းနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုကတည်းက မင်းကို စာရင်းမရှင်းတော့ဘူး.."

မုန့်ချုံက မတ်တပ်ထ၏။

"ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်.."

ဧကရာဇ်ဝူမှာ အခုမှ စိတ်သက်သာရာ ရသွားသည်။

မုန့်ချုံက ထွက်ခွာတော့မည်အချိန်၌ ရုတ်တရက်တစ်ခုခုကို မှတ်မိလိုက်၏။

"ဒါနဲ့.. ဆရာက စွန့်ပစ်ဒေသမှာ သူ့ရဲ့သိုင်းပညာကို ဖြန့်ကျက်မလိုတဲ့။ မင်းသိုင်းပညာကျင့်စဉ်ကို လိုချင်ရင် သုံဟယ်စီရင်စုက ရွှီမိသားစုကို လူလွှတ်ပြီးတော့ တောင်းကြည့်လို့ ရတယ်.."

စွန့်ပစ်ဒေသတွင် သိုင်းပညာကို ဖြန့်ကျက်ရန် ဆုံးဖြတ်ခဲ့ကတည်းက ဝူနိုင်ငံကိုလည်း ဖယ်ထုတ်ထားလို့ မရပေ။

ယခုအချိန်၌ ဧကရာဇ်ချီက တိတ်ဆိတ်စွာ ကျင့်ကြံနေပြီး လုံလောက်သည့် ခွန်အားကို တည်ဆောက်ကာ ဖြေညှင်းစွာ ဖြန့်ကျက်မည် ဖြစ်သည်။

ထိုသို့ဆိုပါက ဝူနိုင်ငံတွင်လည်း သိုင်းကျင့်စဉ်တို့ ရှိသင့်ပါသည်။

ဧကရာဇ်ဝူက ချက်ချင်းပင် ဝမ်းသာသွားသည်။

"ကျေးဇူးတင်ပါတယ်.."

မုန့်ချုံက နောက်သို့လှည့်ကာ ထွက်ခွာသွား၏။ ဧကရာဇ်ဝူမှာ အလွန် စိတ်လှုပ်ရှားနေပါသည်။ နန်းတော်အတွင်းမှ တိတ်တဆိတ် ခရီးထွက်ခွာကာ ချီနိုင်ငံ၏ သုံဟယ်စီရင်စုသို့ ကိုယ်တိုင်သွားရောက်ပြီး သိုင်းပညာကျင့်စဉ်ကို ရယူမည်ဟု စဉ်းစား၏။

ကျောက်တုံးအိမ်အတွင်းရှိ လျှို့ဝှက်ဆန်းကြယ်သည့် အသံမှာ သတိတရားတို့ ကင်းမဲ့နေပုံပေါ်ပြီး ကျင့်စဉ်ကို တောင်းလို့ မရနိုင်အောင် ရှိနေပါသည်။

ယခုအချိန်၌ သိုင်းပညာ ကျင့်ကြံရန် လမ်းစဉ်အသစ်ကို တွေ့လိုက်ရပြီး ဖြစ်ရာ ဧကရာဇ်ဝူသည် ဆက်လက် စောင့်နေနိုင်ခြင်း မရှိတော့ပေ။

ဝူနိုင်ငံ၏ အင်ပါရီယာမြို့ထဲမှ ထွက်ခွာပြီးနောက် မုန့်ချုံသည် အဆုံးမဲ့တောင်များဆီသို့ တည့်မတ်စွာ ဦးတည်ခဲ့၏။ အကြီးအကဲဝူ ပေါ်လာခဲ့သည့် နေရာဆီသို့ သဲလွန်စရှာရင်း လမ်းတလျှောက် စူးစမ်းကာ သွားသည်။

သို့ပေမယ့် နောက်ဆုံးတွင် မည်သည်ကိုမှ တွေ့ရခြင်းမရှိပါ။ ယွင်ရှန်းမြို့ရှိ သေးငယ်သည့် ခြံဝန်းတစ်ခု အတွင်းတွင် လီရွှမ်က ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ခံစားချက်မြင့်စွာ သက်ပြင်းချ၏။

သူ၏ ဒုတိယတပည့်လည်း စွန့်စားမှုခရီးသို့ သွားရောက်ခဲ့လေပြီ။ တတိယတပည့်သာလျှင် သူ၏ဘေးတွင် ကျန်ရစ်ခဲ့၏။

"ကြောင်နီ... သွေးကြောမှတ်တွေကို မင်းမှတ်သား ပြီးပြီလား.."

သူက ဝါးတုတ်ကို အသုံးပြုကာ ကြောင်နီ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောမှတ်များကို ထောက်ပြရင်းက အပြုံးတစ်ခုဖြင့် မေးသည်။

ပျင်းရိနေရာ ကြောင်နီကိုသာ စနောက်ရ၏။

"ဝေါင်း.."

ကြောင်နီက နက်ရှိုင်းစွာ အော်၏။ သွေးကြောမှတ်များကို မှတ်သားထားသည်ဟု လီရွှမ်ကို ပြောခြင်းနှင့် တူပါသည်။

"မင်းရဲ့ သွေးကြောမှတ်တွေကို နိုးထချင်တယ်ဆိုရင် ငါ့အထင်တော့ ဒီနေရာကနေ စသင့်တယ်။ ဒီအမှတ်ကို နိုးထနိုင်ရင် မင်းရဲ့အသိစိတ်က ပိုပြီး မြင့်မားလာလိမ့်မယ်။ ပိုပြီးတော့ ပါးနပ်လာလိမ့်မယ်.."

လီရွှမ်က ရယ်မောရင်းက ဝါးတုတ်ကို ကြောင်နီ၏  ဦးခေါင်းထိပ်ဆီသို့ ညင်သာစွာ ထောက်၏။

"ဝေါင်း.."

ကြောင်နီက အသံတစ်ခုကို ပြု၏။ သူ၏ပုံက အတွေးနက်သွားသည့်ပုံ ရှိ၏။

"သခင်ကြီး.. ဒါက တိရစ္ဆာန်တစ်ကောင်ပဲ။ သဘောတရားကို မဖမ်းဆုပ်နိုင်လောက်ဘူး မလား.."

ရှီအာက မနေနိုင်ဘဲ မေး၏။ ကြောင်နီအနေနှင့် မဟာနတ်ဆိုးအတတ်ကို အမှန်တကယ် နားလည်သဘောပေါက်ပါက သူသည် ကိုယ့်ကိုယ်ကို သံသယဝင်မိမှာ ဖြစ်သည်။

သူ၏ ပါရမီက တိရစ္ဆာန်တစ်ကောင်လောက်ပင် မကောင်းပေဘူးလား။

"အဲ့လိုလည်း အတိအကျ ပြောလို့မရဘူး... ဘာပဲဖြစ်ဖြစ် ဒါက သားရဲရိုင်း တစ်ကောင်ပဲ။ သူ့ရဲ့အသိဉာဏ်က သာမန် အိမ်မွေးတိရစ္ဆာန်တွေထက် အများကြီး သာလွန်တယ်။ အဲ့ဒီ့အပြင် ကြောင်နီကို ငါဖမ်းမိခဲ့တာက ကံတရားတစ်ခုကြောင့် ဖြစ်လိမ့်မယ်.."

လီရွှမ်က အပြုံးတစ်ခုဖြင့် ပြော၏။

ရှီအာက အတွေးနက်သွားသည်။

"ကြောင်နီ... မင်းတကယ်ပဲ မဟာနတ်ဆိုးကျင့်စဉ်ကို နားလည်တာလား။ အဲ့လိုဆိုရင် အရမ်းစွမ်းအားကြီးပြီး ငါ့ကိုတောင် ကျော်မသွားနိုင်ဘူးလား.."

ထိုအဆင့်ထိ တွေးမိပြီးနောက် ရှီအာက စတင် စိုးထိတ်လာခဲ့သည်။ ကြောင်နီကို စတင်ခေါ်လာခဲ့စဉ်က သူသည် ၎င်းကို ယဥ်ပါးအောင် ပြုလုပ်ရန်အတွက် ကြာပွတ်ဖြင့်ရိုက်ခဲ့၏။

ကြောင်နီသာ စွမ်းအားကြီးလာပါက ပြန်လည် လက်စားမချေနိုင်ပေဘူးလား။

'ငါက ကြောင်နီကို သူမသိတတ်သေးခင်မှာ ဆုံးမမှု ပြုတာပဲ။ ငါသူ့ကို ကြာပွတ်နဲ့ ရိုက်ခဲ့တာက သူ့ရဲ့ ကောင်းကျိုးအတွက်ပဲ။ အဲ့ဒီ့အကြောင်းကြောင့်သာ သူလည်း မဟာနတ်ဆိုးကျင့်စဉ်ကို နားလည်သဘောပေါက်မှုရဖို့ အခွင့်အရေး ကြုံလာတာ..'

'ကြောင်နီက ကျေးဇူးတရားကို သိတတ်မှာပဲ။ ငါ့ရဲ့ ကြာပွတ်ကြောင့်သာ မဟုတ်ရင် မဟာနတ်ဆိုးကျင့်စဉ်ကို နားလည်ဖို့ နေ့ရက်တွေ ရောက်လာမှာ မဟုတ်ဘူး..'

ရှီအာက ထိုကဲ့သို့ တွေးမိပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။ ဟိုနေ့မှစတင်ပြီး သူသည် ကြောင်နီကို သူ၏ လုပ်ဆောင်ချက်အတွက် အကြောင်းပြချက်အား တစ်နေ့လျှင် သုံးကြိမ်တိုင်အောင် သတိပေး၏။

ကြာပွတ်ဖြင့် ရိုက်ခြင်းမှာ ကောင်းကျိုးအတွက် ဖြစ်ပြီး ကျေးဇူးတင်ဖို့ မျှော်လင့်လေသည်။

ရှီအာ၏ အသွင်အပြင်ကို တွေ့ရပြီးနောက် လီရွှမ်က ထူးဆန်းစွာ ခံစားလိုက်ရသည်။ ဒီကောင်၏ ဦးနှောက်သည် အမှန်တကယ်ကို ပါးနပ်လှ၏။

ကြောင်နီကို ယုံကြည်မှုရှိစေရန် ရှီအာက ကြီးမားသည့် ရွှေကြိုးကြီးတစ်ချောင်းကို ပြင်ဆင်ထားသည်။ ၎င်းကို ပိုက်ဆံများစွာ ကုန်ကြသည်ဟု ဆို၏။ ကြောင်နီ၏ ပုံက အလွန် စိတ်လှုပ်ရှားနေသည့်ပုံ ရှိသည်။ ရွှေကြိုးကို အလွန်နှစ်သက်ပုံ ရှိ၏။

လီရွှမ်က အတွင်းဘက်နယ်မြေ၏ လားရာဘက်ကို ကြည့်သည်။ ယခုအချိန်၌ မုန့်ချုံလည်း အတွင်းဘက်နယ်မြေအတွင်းသို့ ဝင်ရောက်လောက်ပါပြီ။

'အတွင်းဘက်နယ်မြေကို ရွှီယန်ဝင်ရောက်တုန်းက သိုင်းသခင်တွေကို သတ်ဖြတ်ခဲ့တယ်။ မုန့်ချုံလည်း အတူတူတော့ မဖြစ်လောက်ပါဘူးနော်။ သူ့ရဲ့ သန်မာထွားကြိုင်းတဲ့ပုံကို ကြည့်ရတာ ပုံမှန်သိုင်းသမားတွေ သူ့ကို ရန်မစရဲလောက်ဘူး..'

'အဲ့ဒီ့အပြင် လူတစ်ယောက်က သိုင်းသခင်တစ်ယောက်ကို အချိန်မရွေး တွေ့နိုင်မှာမှ မဟုတ်တာ..'

လီရွှမ်က ခဏတာ စဉ်းစားသည်။

မုန့်ချုံသာ သိုင်းသခင်တစ်ယောက်ကို လက်သီးချက်တစ်ချက်ဖြင့် သတ်ဖြတ်ပါက သိုင်းသခင်များစွာကို သတ်ဖြတ်ပြီးနောက် သူ၏ကိုယ်ပိုင် ကျင့်ကြံမှုအတွက် တန်ပြန်အကျိုးပြုမှုတို့ ရရှိလာမှာဟု နောင်တရစွာလည်း တွေးမိသည်။

'ငါအရမ်းကြီး လောဘမကြီးသင့်ဘူး။ ရှဲ့လင်ဖုန်းဆီကပဲဖြစ်ဖြစ်.. ဟူရှန်းဆီကပဲဖြစ်ဖြစ်.. စုလင်းရှုံဆီကပဲဖြစ်ဖြစ် ကြားခဲ့ရတဲ့ အကြောင်းတွေက အတွင်းဘက်နယ်မြေမှာ သိုင်းသခင်တွေက တွေ့ချင်တိုင်း တွေ့လို့ရတဲ့ ပုံမှန်လူတွေ မဟုတ်ဘူး..'

လီရွှမ်က မရေရာစွာ ရှိနေရင်းမှ ရှေးဟောင်းသားရေစာအုပ်ကို ထုတ်ကာ အတွင်းမှ အချက်အလက်များကို စတင်လေ့လာ၏။ ထို့အပြင် ထုံးရွှမ်အဆင့်၏ အထက်ရှိ ကျင့်စဉ်အကြောင်းကိုလည်း စဉ်းစားမှုပြုသည်။

ထယ်ရှန်းမြို့ငယ်တွင် မည်သည်မှ ပြောင်းလဲမှုမရှိပါ။

ထန်းပေါင်စံအိမ်တွင် သွားသွားလာလာ ပြုနေသူအများစုတို့မှာ ထယ်ရှန်းမြို့ရှိ သိုင်းသမားများ ဖြစ်ကြသည်။

အများစုက တုံ့ဆိုင်းစွာဖြင့် လျှောက်ဝင်သွားကြပြီး ရှုံ့မဲ့စွာဖြင့် ပြန်ထွက်လာကြ၏။ သိုင်းသမားများအပြင် ကျင့်ကြံခြင်းအတတ်ကို လာရောက်ဝယ်ယူသည့် အချို့ပုံမှန်လူများလည်း ရံဖန်ရံခါ ပေါ်လာတတ်သည်။

ထန်းပေါင်စံအိမ်၏ အဝရှိ ဧည့်ကြိုက သန်မာထွားကြိုင်းသည့် လူငယ်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူ၏ မျက်နှာသည် စပ်စုသည့် အသွင်တစ်ခုဖြင့် ရှိနေ၏။

နေရာတိုင်းကို စိတ်လှုပ်ရှားမှုနှင့် သိလိုစိတ်တို့ဖြင့် ကြည့်ရှု့နေပါသည်။ ဤသည်မှာ လောကကြီးသို့ ယခုမှ စတင် ခြေချလာခါစ ရှိသေးသည့် လူငယ်တစ်ယောက် ဖြစ်ကြောင်းကို ဧည့်ကြိုကောင်မလေး သိလိုက်သည်။

ထယ်ရှန်းမြို့၏ မလှမ်းမကမ်းတွင် ထန်းသန်တောင်ရှိ၏။ ဖြစ်နိုင်တာက ဒီလူငယ်သည် တောင်ရှိ ရွာငယ်တစ်ခုမှ ပထမဦးဆုံးအကြိမ် ထွက်လာပြီး မြို့ထဲသို့  ရောက်လာတာ ဖြစ်ပေလိမ့်မည်။

"သခင်လေး... ကျေးဇူးပြုပြီး အတွင်းကိုကြွပါ.." ကောင်မလေးက အပြုံးတစ်ခုဖြင့် ကြိုဆို၏။

"ကောင်းပြီ.."

မုန့်ချုံက ဝမ်းသာသွားသည်။

ဤသည်မှာ ထန်းပေါင်စံအိမ် ဖြစ်၏။ အတွင်းထဲတွင် စိတ်ဝိဉာဉ်ဆေးပင် များစွာတို့ ရှိပါသည်။ သိုလှောင်အိတ်ကဲ့သို့ ရတနာမျိုးကိုပင် ရောင်းချနိုင်၏။

အတွင်းဘက်နယ်မြေသို့ ပထမဆုံး ရောက်ရှိချိန်၌ မုန့်ချုံလုပ်ဆောင်ချင်သည့် အရာမှာ ထန်းပေါင်စံအိမ်သို့ သွားရောက်လည်ပတ်ကာ အတွေ့အကြုံ ယူလိုခြင်း ဖြစ်သည်။

'စီနီယာအစ်ကိုကြီးတော့ ထယ်ရှန်းမြို့ကနေ ထွက်သွားလောက်ပြီမလား။ သူလန်းဖင်စီရင်စုမြို့တော်ကိုများ သွားမှာလား..'

မုန့်ချုံက ကိုယ့်ကိုယ်ကို စဉ်းစား၏။ သူ၏ နောက်ထပ်လားရာကို လန်းဖင်စီရင်စုမြို့တော် ဖြစ်သည်ဟု ဆုံးဖြတ်ချက် ချလိုက်သည်။

ရွှီယန်ကို လက်ခံခဲ့သည့် တူညီသည့် မိန်းကလေးက အပြုံးတစ်ခုဖြင့် ချဉ်းကပ်လာခဲ့၏။

"သခင်လေး... ဒီဘက်ကိုကြွပါ.."

မုန့်ချုံသည် အရပ်ရှည်ကာ ထွားကြိုင်းပြီး ပြောင်လက်နေသည့် ဦးခေါင်းရှိပြီး လူအများ၏ အာရုံကို ဆွဲဆောင်နိုင်၏။

သို့ပေမယ့် သူက အရုပ်ဆိုးခြင်းမရှိဘဲ အသက် ၁၆/၁၇လောက်သာရှိသည့် လူငယ်တစ်ယောက် ဖြစ်ပုံပေါ်ပါသည်။

"သခင်လေး... ကျေးဇူးပြုပြီး ကြည့်ပါ။ ဒါက ကျွန်မတို့ ထန်းပေါင်စံအိမ်ရဲ့ ပထမထပ်က ပစ္စည်းစာရင်းပါ.."

ကောင်မလေးက မုန့်ချုံအား စာရင်းတစ်ခုကို ကျွမ်းကျင်စွာဖြင့် ကမ်းပေးသည်။

"ကျေးဇူးပါ.."

မုန့်ချုံက စိတ်အားထက်သန်စွာဖြင့် တစ်ရွက်ပြီးတစ်ရွက်ကို လှန်ကြည့်၏။

သူ၏နှလုံးသားထဲတွင် အံ့ဩစွာ ခံစားလိုက်ရသည်။ ထန်းပေါင်စံအိမ်ဟာ သူ့ကို စိတ်မပျက်စေခဲ့ပေ။ ပထမအထပ်တွင်ပင်လျှင် များပြားလှသည့် စိတ်ဝိဉာဉ်ဆေးပင်များကို ရောင်းချ၏။

ရတနာများ၊ သိုင်းပညာအတတ်များ၊ ဆေးရည်များ၊ ဆေးလုံးများ အစရှိသဖြင့်တို့လည်း ရှိပါသည်။

"သခင်လေး... ရှင်စိတ်ဝင်စားတဲ့ ပစ္စည်းများ ရှိလားမသိဘူး.."

ကောင်မလေးက အပြုံးတစ်ခုဖြင့် မေးသည်။

မုန့်ချုံက ရယ်ကျဲကျဲနှင့် သူ၏ဦးခေါင်းကို ကုပ်ကာပြောသည်။

"နင်တို့ဆီမှာ သိုလှောင်အိတ်ရှိလား။ ငါတစ်ချက်လောက် ကြည့်ချင်လို့.."

သူ့တွင်လည်း ရွှီယန်နှင့် တူညီသည့် အတွေးများရှိပါသည်။ ဝယ်ယူနိုင်ခြင်း မရှိပေမယ့် အနည်းဆုံးတော့ ကြည့်လို့ ရနိုင်သေး၏။

ကောင်မလေး၏ မျက်နှာက မှင်သက်သွားသည်။ အကြောင်းပြချက် အချို့ကြောင့် လွန်ခဲ့သည့် အချိန်တစ်ခုတုန်းက သိုလှောင်အိတ်အား မေးခဲ့သည့် လူငယ်ကို တွေးလိုက်မိ၏။

သူမက မုန့်ချုံကို သံသယဖြင့် ကြည့်သည်။ ဒီလူငယ်နှစ်ယောက်ကို တူညီသည့်ရွာမှ လာခဲ့ခြင်း ဖြစ်သည်လားဟု စဉ်းစားမိ၏။

All Chapters