← Chapters

သိုင်းပညာ ဒီဗိုင်းအတတ်၊ မုန့်ချုံ၏ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခြင်း

Vol. 13 Ch. 182

သိုင်းပညာ ဒီဗိုင်းအတတ်၊ မုန့်ချုံ၏ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ခြင်း

Vol. 13 Ch. 182

လီရွှမ်သည် သူ၏ အကြီးဆုံးတပည့် ရွှီယန်အနေနှင့်  များပြားလှသည့် သိုင်းသခင်အဆင့် သိုင်းသမားများကို မည်ကဲ့သို့ ရန်ပြုခဲ့ကြောင်းအား နားမလည်နိုင်အောင် ရှိနေပါသည်။ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကိုတောင် ခံခဲ့ရ၏။

ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့ ပြန်သည်။

"သင်၏တပည့် ရွှီယန်သည် အတွင်းဘက်နယ်မြေရှိ သိုင်းသခင်တစ်ယောက်ကို လက်ဝါးရိုက်ချက်တစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်။ သိုင်းသခင်များစွာတို့ကို အောင်မြင်စွာ သတ်ဖြတ်ခဲ့သောကြောင့် သင်သည် သိုင်းပညာဒီဗိုင်းအတတ် - တစ်ချက်သတ် တိုက်ကွက်ကို ရရှိသည်.."

"သိုင်းပညာဒီဗိုင်းအတတ်.."

လီရွှမ်က စိတ်လှုပ်ရှားလာခဲ့၏။ သူ၏တပည့်သညါ အမှန်တကယ်ကို အထောက်အပံ့ကောင်း တစ်ခုပင်။

သိုင်းသခင်များကို လက်ဝါးတစ်ချက်ထဲနှင့် ရိုက်သတ်ခဲ့ခြင်းက သူ့အတွက် ရွှေလက်ချောင်းမှ အထူး တန်ပြန်အကျိုးပြုမှု တစ်ခုကိုပင် ရရှိစေခဲ့၏။ ထို့အပြင် ၎င်းကို သိုင်းပညာဒီဗိုင်းအတတ်ဟု ခေါ်ဆိုလေသည်။

'နောက်ဆုံးတော့ ငါ့မှာတပည့်တွေရဲ့ သိုင်းပညာကိုပဲ ကူးယူတာ မဟုတ်တဲ့ အခြားသိုင်းပညာတစ်ခု ရလာခဲ့ပြီ..'

လီရွှမ်က ဝမ်းသာသွား၏။ သူသည် တစ်ချက်သတ် တိုက်ကွက် ဒီဗိုင်းအတတ်ကို တတ်မြောက်ခဲ့လေပြီ။ ဤသည်မှာ အလွန်စွမ်းအားကြီးသည့် သိုင်းပညာတစ်ခုဖြစ်၏။

ရန်သူ၏ လှုပ်ရှားမှုများက မည်မျှပင် မြန်ဆန်သွက်လက်နေစေကာမူ.. မည်မျှပင် အလှည့်အပြောင်း များစေကာမူ သို့မဟုတ် မည်မျှပင် လျှို့ဝှက်ဆန်းကြယ် နေစေကာမူ သူသာ လှုပ်ရှားမှုပြုပါက ရန်သူအနေနှင့် ရှောင်ရှားနိုင်ခြင်း မရှိပေ။

တစ်ခုတည်းသော ရွေးချယ်စရာမှာ တိုက်ခိုက်မှုကို ခုခံရန်ဖြစ်၏။ အခြားနည်းလမ်း မရှိပေ။

ထို့အပြင် တစ်ချက်သတ်တိုက်ကွက်ကို အသုံးပြုစဉ်၌  စွမ်းအားက ချက်ချင်း ၃ဆတိုးလာမည် ဖြစ်သည်။

ရန်သူ၏ ခွန်အားက သူ့ထက်အနည်းဆုံး ၃ဆလောက် မြင့်မားမနေပါက သေချာပေါက် ခုခံနိုင်မည် မဟုတ်ပေ။

'ဒါကို သိုင်းပညာဒီဗိုင်းအတတ်လို့ ခေါ်တာ အံ့ဩစရာမရှိဘူး။ တစ်ချက်တည်းနဲ့ စွမ်းအားကို ၃ဆတိုးလာစေတယ်။ ရန်သူက ရှောင်ရှားနိုင်ခြင်း မရှိဘူး။ တိုက်ရိုက်ခုခံလို့ပဲ ရတယ်။ သူတို့မှာသာ ငါ့ထက်ခွန်အား ၃ဆလောက် မြင့်မားမနေရင် ခုခံနိုင်ခြင်းမရှိဘဲ သေဖို့က သေချာနေပြီ..'

'ဒါက တကယ့်ကို ကိုယ့်ထပ် ပိုပြီးသန်မာတဲ့ ရန်သူကို တိုက်ခိုက်နိုင်တဲ့ သိုင်းပညာ ဒီဗိုင်းအတတ်ပဲ။ ရန်သူက ကိုယ့်ထပ် ၃ဆကျော်သာ သန်မာမနေရင်  တစ်ချက်တည်းနဲ့ သတ်လို့ရတယ်..'

လီရွှမ်က အလွန် စိတ်လှုပ်ရှားနေ၏။ ဤသည်မှာ အမှန်တကယ်ကို သိုင်းပညာ ဒီဗိုင်းအတတ် ဖြစ်သည်။

'ငါ့ရဲ့လက်ရှိခွန်အားနဲ့ စစ်ဘုရင်အဆင့်ကို ကျော်လွန်တဲ့ သိုင်းသမားတစ်ယောက်နဲ့ ကြုံရရင်တောင် တစ်ချက်သတ်တိုက်ကွက်ကို အသုံးပြုပြီး တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်လောက်တယ် မလား..'

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်သည် ပိုမိုကာပင် စိတ်လှုပ်ရှား လာခဲ့သည်။ သူ၏ လုံခြုံသည့် စိတ်ခံစားချက်က ပိုမိုတိုးမြင့်လာခဲ့၏။

'ရွှီယန်က ငါ့ သိုင်းပညာလမ်းစဉ်ရဲ့ တကယ့်ကို ရှေ့ဆောင်တစ်ယောက်ပဲ။ တကယ့်ကို အကျိုးပြုသူတစ်ယောက်ပဲ... ငါ့ရဲ့ ပြိုင်ဘက်ကင်းတဲ့ လမ်းစဉ်က သူ့အပေါ်မှာ လုံးဝမူတည်နေတယ်..'

တပည့်သုံးယောက်တို့ အကြားတွင် လီရွှမ်သည် ရွှီယန်ကို တန်ဖိုးအထားဆုံး ဖြစ်သည်။ သူ၏ အကြီးဆုံးတပည့်သည် ပင်ယင်းသိုင်းပညာစနစ်ကို ကျင့်ကြံသူလည်း ဖြစ်၏။

'ထုံးရွှမ်အဆင့်ရဲ့ အထက်က သိုင်းအဆင့်ကို ငါအမြန်ဆုံး ဖန်တီးရမယ်။ အဲ့ဒီ့အတွက် သီအိုရီဆိုင်ရာ ဖွဲ့စည်းမှုကို ချမှတ်ရမယ်။ ရွှီယန်သာ အတွင်းဘက်နယ်မြေက ပြန်လာပြီးရင် ငါသူ့ကို ထုံးရွှမ်အဆင့်ရဲ့ အထက်က ကျင့်စဉ်ကို တစ်ခါတည်း သင်ပေးရမယ်..'

'ရွှီယန်ရဲ့ မကောင်းဆိုးဝါးဆန်တဲ့ ပါရမီနဲ့ဆိုရင် အတွင်းဘက်နယ်မြေမှာ အတွေ့အကြုံတွေ ရပြီးတဲ့နောက်မှာ ထုံးရွှမ်အဆင့်ရဲ့ ကျင့်စဉ်ကို နားလည်သဘောပေါက်ဖို့ ပြဿနာ မရှိလောက်ဘူး..'

လီရွှမ်က အလွန်စိတ်လှုပ်ရှားနေ၏။

သူက လက်ရှိအချိန်၌ ကျင့်ကြံနေသည့် စုလင်းရှုံကို ကြည့်သည်။ သူမသည် ရွှေအရိုးကို ပြီးပြည့်စုံစေခြင်း၌ ရပ်တန့်နေပုံ ပေါ်၏။

မည်ကဲ့သို့ အဆင့်ချိုးဖျက်ကာ ထာဝရစိမ်းလန်းခြင်းအရိုးကို သန့်စင်ရန်မှာတော့ သူမအပေါ်တွင်သာ လုံးဝမှီခိုနေပါသည်။

စုလင်းရှုံသည် ထာဝရစိမ်းလန်းခြင်း အရိုးကို သန့်စင်ရန်အတွက် ထာဝရစိမ်းလန်းခြင်းဆေးလုံးကို ဖန်တီးခဲ့၏။

ဒန်ဆေးသန့်စင်ရန် အတွက် စိတ်ဝိဉာဉ်ဆေးပင်သာ လိုအပ်ပါတော့သည်။

လက်ရှိအချိန်၌ သူမတွင် ရေစိတ်ဝိဉာဉ်မြက်သာ ရှိ၏။

ထို့ကြောင့် အာနိသင်က မည်ကဲ့သို့ ဖြစ်မည်လဲကို သိရှိနိုင်ခြင်း မရှိပါ။

'ဒီကောင်မလေးမှာ အထူးခန္ဓာကိုယ် တည်ဆောက်မှုတစ်ခု ရှိနေတဲ့ပုံ ပေါ်တယ်။ အဲ့ဒါကြောင့်သာ သူမရဲ့ ကျင့်ကြံမှု အမြန်နှုန်းက အရမ်းကို မြန်ဆန်တာ။ ဒါကြောင့်မို့လို့ ထာဝရစိမ်းလန်းခြင်း အရိုးကလည်း သူမအတွက် ပြဿနာကြီးတစ်ခု မဟုတ်လောက်ဘူး။ အချိန်အချို့လောက်ပဲ ယူလောက်မှာ..'

လီရွှမ်က စဉ်းစားသည်။ မုန့်ချုံက အဆင့်ချိုးဖျက်တော့မည် ဖြစ်ရာ ရှီအာအနေနှင့် မကြာခင်တွင် သူလည်း အတွင်းဘက်နယ်မြေသို့ သွားရောက်မည် ဖြစ်ကြောင်းကို သိပါသည်။

ထို့ကြောင့် အခွင့်အရေးရချိန်တွင် မုန့်ချုံဆီမှ ဓားသိုင်းကို သင်ကြားလို၏။ သူသည် ဓားလမ်းစဉ်ကို  လက်လျှော့လိုက်ပြီး ဖြစ်သည်။ ယခုအချိန်၌ သင်ကြားလိုနေသည်မှာ ထူးကဲသည့် ဓားသိုင်းအချို့သာ ရှိ၏။

ထိုအခါ အတွင်းဘက်နယ်မြေမှ သိုင်းသမားများကို ရင်ဆိုင်ရတဲ့အခါ  အသာစီးရနိုင်ပြီး မျက်နှာမပျက်မှာ ဖြစ်သည်။

ကျန်ရှိသည့် ရက်များတွင် ရွှေလက်ချောင်းမှ မည်သည့် တန်ပြန်အကျိုးပြုမှုမှ ဆက်လက်ရလာခြင်း မရှိပါ။

လီရွှမ်သည် အနည်းငယ် စိတ်သက်သာရာ ရသွား၏။ သို့ပေမယ့် အနည်းငယ်လည်း စိတ်ပျက်စွာ ခံစားရသည်။

ရွှီယန်သည် သိုင်းသခင်များကို ရန်မစတော့ပေဘူးလား။ သို့မဟုတ် ဖြစ်နိုင်တာက သိုင်းသခင်များက ရွှီယန်ကို ရန်မစတော့ပေဘူးလား။

စိတ်ပျက်ရခြင်း အကြောင်းမှာ ရွှီယန်သာ သိုင်းသခင်များကို မသတ်ဖြတ်ပါက တန်ပြန်အကျိုးပြုမှုတို့ မရနိုင်၍ ဖြစ်သည်။

ထို့နောက် တစ်နေ့တွင် ရွှေရောင်အလင်းက ထွက်ပေါ်လာခဲ့ပြန်၏။

"သင်၏တပည့် ရွှီယန်သည် တစ်ဝက်တစ်ပြက် စစ်ဘုရင်တစ်ယောက်နှင့် ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် ဓားတာအိုအတတ်- နဂါးဟိန်းခြင်းတောင်နှင့်မြစ်ကို အောင်မြင်စွာ နားလည်သဘောပေါက် လာခဲ့သည်။ သင်သည် နဂါးဟိန်းခြင်း တောင်နှင့်မြစ်ကို ပြည့်စုံစွာ တတ်မြောက်သွားသည်.."

'ဓားတာအိုအတတ်..'

လီရွှမ်က အံ့သြသွား၏။ ရွှီယန်သည် တစ်ဝက်တစ်ပြက် စစ်ဘုရင်အဆင့်နှင့်ပင် တိုက်ခိုက်နေပြီလား။

သူသည် မည်သည့်အရာတို့ကို လုပ်ဆောင်ခဲ့လို့နည်း။ နောက်တစ်ဆင့်တွင် စစ်ဘုရင်တစ်ယောက်နှင့်  တိုက်ခိုက်တော့မည်လား။

ထိုကဲ့သို့ တွေးမိပြီးနောက် မနေနိုင်ဘဲ စိုးရိမ်စွာ ခံစားလိုက်ရသည်။ ရွှီယန်၏ ခွန်အားက မကောင်းဆိုးဝါးဆန်ပေမယ့် မူလအဆင့် ဂျူနီယာတစ်ယောက်သည် စစ်ဘုရင်တစ်ယောက်၏ စွမ်းအားကို ရင်ဆိုင်နိုင်မည် မဟုတ်ပါ။

'ရွှီယန်ရဲ့ အမြန်နှုန်းနဲ့ဆိုရင် ရှုံးနိမ့်ရင်တောင် ထွက်ပြေးလွတ်မြောက်ဖို့က ပြဿနာ မရှိလောက်ပါဘူး။ မူလအဆင့်ရဲ့ အထွတ်အထိပ်ကို ချိုးဖျက်ပြီးရင် သူပြန်ပြီး လက်စားချေလို့ ရတာပဲ။ အဲ့ဒီအခါ စစ်ဘုရင်အဆင့်က သူ့အတွက် အန္တရာယ်မဟုတ်တော့ဘူး..'

လီရွှမ်က လေပူများကို မှုတ်ထုတ်ကာ သူ၏စိတ်ထဲတွင် ဓားတာအိုအတတ် နဂါးဟိန်းခြင်း တောင်နှင့်မြစ်က ပုံပေါ်လာခဲ့သည်။

ဤသည်မှာ စစ်မှန်သည့် တာအိုအတတ်ဖြစ်၏။ သာမာန် ဓားသိုင်းများ၏ အတိုင်းအတာကို ကျော်လွန်နေပြီးဖြစ်သည်။

၎င်းကို ရွှီယန်က သူ၏ ဓားဆန္ဒအား အခြေခံကာ  တီထွင်ခဲ့ခြင်း ဖြစ်သည်။

'ပြောရရင် အခုအချိန်မှာ ရွှီယန်က ဓားတာအိုလမ်းကြောင်းအပေါ်ကို စစ်မှန်စွာ ခြေချခဲ့ပြီပေါ့..'

လီရွှမ်က မနေနိုင်ဘဲ အံ့ဩစွာ ခံစားလိုက်ရ၏။ နဂါးဟိန်းခြင်း တောင်နှင့်မြစ်သည် အလွန်စွမ်းအားကြီးမားလှပြီး ကျင့်ကြံမှု တစ်ဆင့်ချင်းစီတိုင်းတွင် ပိုမိုကာ သန်မာလာခဲ့သည်။

ဤသည်မှာ ခွန်အားအဆင့် တိုးမြင့်လာသည်နှင့်  နောက်ကျကျန်ခဲ့မည့် ဓားသိုင်းမဟုတ်ပေ။ အမြဲတမ်း ထပ်ကြပ်မကွာ လိုက်နေမည့် ဓားတာအို အတတ်တစ်ခု ဖြစ်၏။

'ငါ့ရဲ့ခွန်အားက တိုးတက်လာခဲ့ပြန်ပြီ..'

လီရွှမ်၏ နှလုံးသားက စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေပါသည်။

၃ရက်ကြာပြီးနောက် မုန့်ချုံ ပြန်လာခဲ့၏။ သူသည် ခွန်အားအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ပြီး ဖြစ်သည်။

ပြီးခဲ့တုန်းက ထုတ်လွှတ်နေသည့် ကြမ်းကြုတ်သည့် အငွေ့အသက်က လုံးဝ ဖုံးကွယ်နေပြီး ဖြစ်၏။ ကြည့်ရတာ ကြံ့ခိုင်သန်မာကာ ထွားကြိုင်းပေမယ့် အနည်းဆုံးတော့ အငွေ့အသက်က ကြောက်စရာ မကောင်းတော့ပေ။

"ဆရာ ကျွန်တော် အတွင်းဘက်နယ်မြေကို သွားပါတော့မယ်.."

မုန့်ချုံက ဒူးထောက်ကာ ဦးချ၏။

"အင်း... မင်းရဲ့ စီနီယာအစ်ကိုကြီး သွားတုန်းက ငါပြောစရာရှိတာတွေကို ပြောခဲ့ပြီးပြီ။ အခုထပ်ပြီး မပြောတော့ဘူး.."

လီရွှမ်က ခေါင်းငြိမ့်၏။

"ဆရာရဲ့ ညွှန်ကြားမှုတွေကို တပည့်နှလုံးသားထဲမှာ  မှတ်သားထားပါတယ်.."

မုန့်ချုံက လေးစားစွာဖြင့် ဦးချသည်။

"ဒုတိယ စီနီယာအစ်ကို.."

စုလင်းရှုံလည်း ခံစားချက်မြင့်စွာ ခံစားရ၏။ သူမ၏ စီနီယာအစ်ကို နှစ်ယောက်စလုံးသည် စွန့်ပစ်ဒေသမှ ထွက်ခွာကာ အတွင်းဘက်နယ်မြေသို့ စွန့်စားသွားလာတော့မည် ဖြစ်သည်။

သူမကတော့ အတွင်းဘက်နယ်မြေသို့ ဘယ်အချိန်များမှ ပြန်နိုင်လိမ့်မည်နည်း။ မူလအဆင့်ကို ရောက်ရှိပြီးပါက လုံလောက်မည်လား။

"ဂျူနီယာညီမလေး.. စိတ်မပူပါနဲ့... ငါနင့်အတွက် လိုအပ်တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကို သေချာပေါက် ရှာပေးမယ်။ နင်ရဲ့ ကျင့်စဉ်မှုကိုသာ ဂရုစိုက်.."

မုန့်ချုံက ရင်ဘတ်ကိုပုတ်ကာ ပြော၏။

"ဒုတိယစီနီယာအစ်ကို... တတ်နိုင်သလောက်ပဲ လုပ်ပါ... စိတ်ဝိဉာဉ်ဆေးပင် အတွက်နဲ့ အန္တရာယ်တော့ မဖြစ်စေနဲ့.."

စုလင်းရှုံက ပြော၏။ သူမက ခံစားသွားရသည်။

"စိတ်ချပါ...ငါ့ရဲ့အကန့်အသတ်ကို သိပါတယ်.."

မုန့်ချုံက ခေါင်းငြိမ့်သည်။

"ရှီအာ.. ငါမင်းကို သင်ပေးထားတဲ့ ဓားသိုင်းကို  သေသေချာချာသင်ယူ။ အဲ့ဒါရဲ့ ၅၀/၆၀%လောက်ကို တတ်မြောက်သွားပြီးရင် အခြားအဆင့်တူ သိုင်းသမားတွေထက် ပိုပြီးတော့ သန်မာနိုင်လိမ့်မယ်..."

All Chapters