← Chapters

ရွှမ်နင်၏ ခရီးလမ်း ... ။

Vol. 38 Ch. 445

ရွှမ်နင်၏ ခရီးလမ်း ... ။

Vol. 38 Ch. 445

ညဉ့်နက်နေပြီ ဖြစ်သဖြင့် အရာအားလုံးတိတ်ဆိတ်နေ၏။ နေ့ဘက်တွင် စည်ကားသော မြို့တော်သည် လုံးဝအနားယူ နေချေပြီ။

စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး၊

“ ကောချင်က မင်းရဲ့မူလကိုသိလား။ ”

-ဟု မေးလိုက်သည်။

“ မသိပါဘူး ... သူ့ကိုတစ်ခါမှ တပည့်တစ်ခါမှ မပြောဖူးဘူး ... ဂိုဏ်းရဲ့အရေး ကိစ္စဆိုရင် ပိုလို့တောင် မဖြစ်နိုင်ဘူး။ ”

ထို့နောက် ရွှမ်နင်က ခဏမျှ တုံ့ဆိုင်းသွားကာ၊

“ ဒါပေမယ့် သူ့ကိုလျှို့ဝှက်ချက်တချို့တော့ သင်ပေးခဲ့မိတယ် ... ။”

-ဟု ဝင်ခံလိုက်သည်။

“ ဒါက အမွေလေးတစ်ခုပဲ ... မင်းက ကောချင်ကို မျှော်လင့်ထားတာဆိုတော့ ... သူ့ ကံကောင်းတယ်လို့ ယူဆလို့ရပါတယ်။ ”

“ ရိုးရိုးသားသား ပြောရရင် ... သူက နည်းနည်းသတိကြီးပေမယ့် တွေ့ဖူးသမျှထဲမှာ အတည်ငြိမ်ဆုံး လူငယ်တစ်ယောက်ပဲ ဒီမိုးပြာတိုက်ကြီးကို ပထမဆုံး ...

... ရောက်လာတုန်းက တပည့်မှာ ဝိညာဉ်အပိုင်းအစပဲ ကျန်တာမို့ ... မတော်ဆမှု တစ်ခုခုဖြစ်ခဲ့ရင် ... တပည့်ရဲ့ အမွေတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်တဲ့အတွက် သူ့ကို အမွေဆက်ခံဖို့ ရွေးချယ်ခဲ့တာပါ။ ”

“ ကောင်းပြီ ... မင်းဘယ်တုန်းက ဒီမိုးပြာတိုက်ကြီးကို ရောက်လာတာလဲ ... ဘယ်လို ရောက်လာတာလဲ။ ”

ဤသည်မှာ စုရီစိတ်ထဲတွင် အကြီးမားဆုံးသော သံသယဖြစ်သည်။ သူသည် လူဝင်စားရန် ငရဲကမ္ဘာသို့သွားခဲ့ရ၏။

ယခုမူ လိပ်မိုက်လေးသည် ဤမိုးပြာတိုက်ကြီးဆီသို့ ရောက်ရှိလာသည်။ ယုံနိုင်စရာမရှိချေ။

“ ဆရာ့ကို အရိုင်းမြေကိုးပါးမှာ ... သေဆုံးသွားပြီလို့ သတင်းတွေထွက်ခဲ့တယ် ... ဒီသတင်းကို တပည့်တွေအားလုံးကလည်း ယုံကြည်တယ်။ ”

ရွှမ်နင်တစ်ယောက် အတိတ်က တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းများအပေါ် ပြန်သတိရနေသကဲ့သို့ မိန်းမောသွား၏။

“ ဒါတွေအကုန်လုံး ငါသိပါတယ် အသေးစိတ်ပြောဖို့ မလိုဘူး ... အဲဒီတုန်းက မင်းရဲ့အစ်ကိုကြီးရဲ့ မင်းညီမတို့က ငါ့အတွက် အောက်မေ့ဖွယ် အခမ်းအနားကို ခုနစ်ရက် ကျင်းပနေတာ ငါတွေ့ခဲ့တယ်။ ”

ထိုစဉ်က ပထမတပည့်သည် ဂိုဏ်းကြီး ခြောက်ဂိုဏ်းနှင့် ပူးပေါင်းပြီး ရတနာများစွာကို လုယူရန် ရွှမ်ကြွယ်ကောင်းကင်လှိုဏ်ဂူသို့ ဝင်ရောက်လာခဲ့သည်။

ရွှေတောင်ပံဂဠုန်သည် ပရမ်းပတာ ဖြစ်စဉ်များအတွင်း ကောင်းကင်ဘုံဆေးအိုးကို လုယူသည်။

တတိယတပည့်သည် ကမ္ဘာကြီးကို ဖြိုခွင်းပေးနိုင်သည့် အဖိုးတန်ဆုံးသော ရတနာ နတ်ကြေးမှုံယူသွား၏။

အချစ်ဆုံးတပည့် ချင်းတျန်မှာမူ ခုနစ်ရက်ဒူးထောက်ပြီး ငရဲဘုံကိုးပါးဓားနှင့် အမွေအားလုံးယူရန် ကြံရွယ်သည်။

ရွှမ်ကြွယ်ကောင်းကင်လှိုဏ်ဂူရှေ့တွင် သွေးများနှင့်ပြည့်နေသော တိုက်ပွဲမြေပြင်ပေါ်၌ ကြောက်မက်ဖွယ် ဓားစွမ်းရည်ကိုပြသကာ ဧကရီအဖြစ် ကြေငြာခဲ့သည်။

သို့မှသာလျှင် အချစ်ဆုံး တပည့်သည် သူ့ထံမှခွန်အားကို ဖုံးကွယ်ထားကြောင်း သူ သဘောပေါက်ခဲ့ရသည်။

“ ဆရာ ... ဆရာမသွားခင် တပည့်ကိုးယောက်ကို ရွှမ်ကြွယ်ကောင်းကင် လှိုဏ်ဂူကနေ ထွက်သွားဖို့စီစဉ်ပေးခဲ့တယ် အဲဒီအချိန်မှာ ဆရာ့ရဲ့ကျင့်ကြံမှုလမ်းကို ပြန်စဖို့ ဆုံးဖြတ်ထားတာမဟုတ်လား။”

“ ဟုတ်တယ် ... ငါရှိနေတာမို့ ငါ့ရန်သူတွေက ဒေါသကိုမျိုချပြီး ကမောက်ကမ မလုပ်ဝံ့ဘူး၊ ဒါပေမဲ့ ငါသွားပြီဆိုတာ သိတာနဲ့ အဲဒီရန်သူတွေက ဘယ်လိုများ ငြိမ်သက်နေမှာလဲ ...

... ဒါ့ကြောင့် မသွားခင် ရွှမ်ကြွယ်ကောင်းကင်လှိုဏ်ဂူမှာ သတ်ဖြတ်ခြင်း ပုံစံကို ခင်းထားခဲ့တယ် ရန်သူတွေ ဝင်ဝံ့ရင် သတ်ပစ်မယ် ဒါပေမယ့် ... ငါအရှက်ရခဲ့ လိမ့်မယ်လို့ ဘယ်တွေးမိမလဲ ...

... ဒီကောင်မလေးက အရမ်း သိုသိပ်လွန်းတယ် ငါ့ရဲ့ အရန်အစီအစဉ်တွေ အားလုံးကို ဖျက်ဆီးပစ်ခဲ့တယ်။ ”

စုရီက အတိတ်ကို ပြန်သတိရသွားသည်။

“ ဆရာ၊ မင်းရဲ့ညွှန်ကြားချက်အတိုင်း အနောက်ဘက်သုခဘုံရဲ့ ‌ကျောက်တုံးနှလုံးသား ဆရာတော်ဆီ ငါသွားခဲ့ပါတယ် ...

... သိပ်မကြာဘူး အရိုင်းမြေကိုးပါရဲ့ ရွှမ်ကြွယ်ကောင်းကင်လှိုဏ်ဂူကို ညီမချင်းက အုပ်စိုးပြီး ဧကရီအဖြစ်ခံယူတယ် ...

... ဆရာ ဆုံးပါးသွားတဲ့အတွက် ... ကျန်ရစ်ခဲ့တဲ့ ရတနာတွေကို ငါတို့တပည့်တွေ အချင်းချင်း အညီအမျှ ခွဲဝေပေးရမယ်လို့ အစ်ကိုကြီးက ကြေညာခဲ့တယ် ...

... ပြီးတော့ မဟာဂိုဏ်းကြီး (၆)ဂိုဏ်းကို စုစည်းပြီး ဆရာ့အမည်နဲ့ ရွှမ်ကြွယ်မဟာမိတ်ကို တည်ထောင်တယ် ရွှမ်ကြွယ်ကောင်းကင် လှိုဏ်ဂူကို ပြန်သိမ်းပိုက်ပြီး ညီမချင်းကို အပြစ်ပေးမယ်လို့ ကတိပြုတယ် ...

... အဲဒီနောက်မှာတော့ အစ်ကိုကြီးက တခြားညီအကို မောင်နှမတွေကို စုစည်းပြီး ညီမလေးကို တိုက်ဖို့ဆွေးနွေးတယ် ...

... ဒါပေမယ့် နောက်ဆုံးမှာတော့ တတိယအစ်ကို၊ စတုတ္ထအစ်မနဲ့ ဆဌမအစ်တို့ လောက်ပဲ အစ်ကိုကြီးနဲ့ ပူးပေါင်းခဲ့တယ်။ ”

“ ဒီကောင်ပင်းမို အရမ်းရဲရင့်တယ်၊ ငါသေသွားပြီဆိုတော့ သူက ငါ့နာမည်ကိုသုံးပြီး သူလုပ်ချင်တာ လုပ်လို့ရပြီလို့ ယူဆနေတယ်။ ”

“ ဆရာ၊ ဒါတွေက တပည့်သိသမျှပဲ အခြားသော လျှို့ဝှက်ချက်တွေ ရှိကောင်း ရှိနေနိုင်သေးတယ်။ ”

“ နောက်ထပ်ရှိသေးတာလား စိတ်မပူနဲ့ ငါပြန်ရောက်ရင် သူတို့ကို ကိုယ်တိုင်မေးမယ် သူတို့ ဘယ်လိုအဖြေပေးမလဲဆိုတာ ကြည့်ရအောင်။ ”

ဤစကားလုံးများသည် ပေါ့ပေါ့ပါးပါး ဖြစ်သော်လည်း ရွှမ်ရင်နှလုံးသားသို့ ရေခဲမြှား တစ်စင်းလို ဝင်ရောက်သွားချေပြီ။ ထိုအချိန်တွင် စုရီက သူ့ထံကြည့်ကာ၊

“ မင်းကို ပင်းမို ဆက်သွယ်သေးတယ် မဟုတ်လား။ ”

“ ဟုတ်ကဲ့ ... အစ်ကိုကြီးတင် မဟုတ်ဘူး ညီမချင်လည်း သူ့ကိုကူညီမယ်လို့ မျှော်လင့်ပြီး ဆက်သွယ်ပါတယ် တပည့်က ငြင်းလိုက်တယ် ဘာလို့လဲဆို ဘယ်သူမှန်လဲ မသိဘူး ပြီးတော့ ဆရာဆုံးပါးသွားတာကို လုံးဝမယုံဘူး။ ”

“ မင်း ... ဒီတိုက်ကြီးကို ဘယ်လို ရောက်လာတာလဲ။”

“ အဲဒီတုန်းက ကျောက်တုံးနှလုံးသား ဆရာတော်ရဲ့ နောက်လိုက်ဖို့ စီစဉ်ပေးခဲ့တဲ့ အတိုင်း တပည့်နေပေမယ့် ဆရာ့သတင်း ကြား‌တော့ အရမ်းစိတ်ပူပြီး ...

... စုံစမ်းချင်ခဲ့တယ် ကျောက်တုံး နှလုံးသားဆရာတော်က ဆရာ မရှိတော့တာမို့ အရိုင်းပြည်နယ်ကိုးပါးမှာ ကမောက်ကမ ဖြစ်လိမ့်မယ်လို့ မိန့်ကြားပြီး မလွှတ်ဘူး ...

... ဆရာရဲ့ တပည့်တစ်ယောက်အနေနဲ့ လူတိုင်းက ပစ်မှတ်ထားလိမ့်မယ်လို့ ပြောတယ် ဒါပေမယ့် တပည့်ဂရုမစိုက်ဘူး အမှန်တရားကို ရှာဖွေဖို့ သွားချင်ခဲ့တယ် ... နောက်ဆုံးတော့ ...

... ကျောက်တုံးနှလုံးသား ဆရာတော်က ဆရာရဲ့ခွန်အားနဲ့ အရည်အချင်းအရ ဘေးဥပဒ် တစ်ခုကြောင့် ...

... သေဆုံးသွားခဲ့ရင်တောင် အားလုံးစီစဉ်ထားသင့်တယ် အခုတပည့်ကို သူ့ဆီပို့လိုက်တယ်ဆိုတာ ဥပမာပဲလို့ ပြောတယ်။ ”

စုရီက ခေါင်းညိတ်၏။

“ ကျောက်တုံးနှလုံးသားလို ဉာဏ်ပညာမျိုးနဲ့သာ ဒါကို သဘာဝကျကျ မြင်နိုင်မယ်။ ”

“ ဒါပေမယ့် ဆရာ ... အဲဒီအချိန်က အခြေအနေတွေ အရမ်းရှုပ်ထွေးနေတာမို့ တပည့် နားမထောင်ဘူး အရမ်းစိုးရိမ်နေတယ် နောက်ဆုံးတော့ ကျောက်တုံးနှလုံးသားက လမ်းညွှန်ပေးဖို့က လွဲပြီးရွေးစရာမရှိခဲ့ဘူး။ ”

“ ဘာကိုလမ်းညွှန်တာလဲ။ ”

စုရီက အရမ်းစိတ်ဝင်စားသွားသည်။

“ ဆရာရဲ့ ရုတ်တရက် သေဆုံးမှုက ဧကရာဇ်နယ်ပယ်မှာ ပိတ်မိတဲ့အတွက်ကြောင့် ပိုမိုမြင့်မားတဲ့ လမ်းကြောင်းကိုရှာဖို့ ဖြစ်နိုင်ချေ ရှိတယ်တဲ့ ...

... ဒါကြောင့် သူ့အမြင်အရ ဒီပြဿနာကို ဖြေရှင်းဖို့ ရွေးချယ်စရာနှစ်ခုပဲရှိတယ် တစ်ခုက အသက်ကိုစွန့်စားပြီး ကြယ်တွေပွင့်နေတဲ့ ကောင်းကင်ကို ဖြတ်ကျော်ဖို့နဲ့ ...

... ဒုတိယတစ်ခုက လူဝင်စားခြင်း သံသရာမှာ လူတစ်ဦးရဲ့ဘဝအတွက် အဖြေတွေ ရှာဖွေဖို့ပဲ ဒါပေမယ့် ကောင်းကင်ဘုံကို ...

... ဖြတ်ကျော်ပြီး စူးစမ်းချင်တယ် ဆိုရင်တော့ ဆရာ ဒီအချိန်အထိစောင့်နေစရာ မလိုဘဲ ရှေးရှေးတည်းက လုပ်လို့ရတယ်လို့ မှန်းဆတယ် ...

... ဒါကြောင့် ဆရာဟာ ဒဏ္ဍာရီလာ လူဝင်စားခြင်းလမ်းကြောင်းကို လျှောက်လှမ်းဖို့ ငရဲကမ္ဘာကို သွားရမယ်လို့ ကောက်ချက် ချပေးခဲ့တယ်။ ”

ထိုစကားကို ကြားပြီးနောက် စုရီတစ်ယောက် မျက်ခုံးပင့်ကာ၊

“ ဒီကျောက်တုံးနှလုံးသားက ငါ့အပေါ် တကယ်နားလည်နိုင်တာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ရွှမ်နင်စကားများအရ သူ ငရဲကမ္ဘာသို့ ရောက်ရှိပြီးနောက်တွင် ဆုတ်ယုတ်မှုများစွာကို ရင်ဆိုင်ခဲ့ရသော်လည်း နောက်ဆုံးတွင် သဲလွန်စတစ်ခုရရှိခဲ့သည်။

လူဝင်စားခြင်း လမ်းခြောက်သွယ်အပေါ် ကြီးကြပ်နေခဲ့သော စွေ့မိသားစုဝင် ဧကရာဇ် တစ်ပါးနှင့် တွေ့ဆုံခဲ့သည်။

“ စွေ့လုံရှင်းလား။ ”

စုရီက ယောင်ဝါးဝါး သတိရလာ၏။

“ ဆရာ မင်းသူ့ကိုသိတာလား။ ”

ထိုသူသည် စွေ့မျိုးနွယ်၏ မဟာအကြီးအကဲဖြစ်ကာ ‘မရဏသခင်’ဘွဲ့ကို ရရှိထားသူဖြစ်သည်။ ငရဲကမ္ဘာ၏ ဂန္ထဝင်ပုဂ္ဂိုလ် အနည်းငယ်အနက်မှ တစ်ဦးဖြစ်သည်။

“ ငရဲကမ္ဘာမှာ လူဝင်စားခြင်း လျှို့ဝှက်ချက်တွေအပေါ် နားလည်နိုင်တဲ့လူက လက်တစ်ဆုပ်စာလောက်ပဲ ရှိတယ် ...

... စွေ့လုံရှင်းက သူတို့တွေထဲက တစ်ယောက်ပဲ ငါသူနဲ့ အကြိမ်ပေါင်းများစွာ တာအိုဆွေးနွေးခဲ့ဖူးတယ် ... သူ မင်းကို ကူညီခဲ့တာ မအံ့သြတော့ပါဘူး ...

... ဒါပေမယ့် သူ့စွမ်းအားနဲ့တောင်မှ ငါဘယ်မှာ လူပြန်ဖြစ်မယ်ဆိုတာ မသိနိုင်ဘူး ဒါဆို မင်းငါ့ကိုဘယ်လိုရှာတွေ့တာလဲ။ ”

စုရီမှ နားမလည်နိုင်ဆဲ ဖြစ်နေသည်။

“ တပည့်အတွက် ဆရာပေးထားတဲ့ ရွှမ်ဝူဓားကို ကျေးဇူးတင်ရမယ် ဒီဓားဟာ ဆရာရဲ့ သွေးပါနေတယ် ...

... ဒါတောင် အကြီးအကဲစွေ့လုံရှင်းက လျှို့ဝှက်နည်းစနစ်တွေသုံးပြီး အလွန်မရေရာတဲ့ အရပ်ကိုသာ ပြနိုင်ခဲ့တယ်။ ”

စုရီက ရုတ်တရက် သဘောပေါက် သွားသည်။ ရွှမ်ဝူဓားသည် ရွှမ်နင်အတွက် သူ ဖန်တီးထားသောဓားဖြစ်၏။

ဤဓားအရည်အသွေးကို မြှင့်တင်ရန် ကိုးရက်နှင့်ကိုးညတိုင် သူ့နှလုံးသွေး အသုံးပြုပြီး သန့်စင်ပေးထားသည်။

အဆုံးတွင် ဓားသည် ကောင်းကင်ကို ထောက်ကန်ပေးသော တောင်ကြီးတစ်လုံးကဲ့သို့ ဟူသည့် အရည်အသွေးမျိုး ရရှိလာ၏။

သို့သော် စွေ့လုံရှင်းသည် ထိုဓား၏ ဆန်းကြယ်မှုကို အမှန်တကယ် ထုတ်ယူနိုင်လိမ့် မည်ဟု မထင်ထားခဲ့ချေ။ လေးစားစရာပေပင်။

ထို့နောက်တွင် စွေ့မိသားစု၏ ဘိုးဘေးနယ်မြေရှိ ကမ္ဘာတစ်သောင်းသစ်ပင်ကို အသုံးပြု၍ ကမ္ဘာအရပ်ရပ်ထံ ဦးတည်သော လမ်းကြောင်းကို ဖွင့်ပေးခဲ့သည်။

ယင်းသည် ရွှမ်ဝူဓားမှ သွေးကြိုးအပေါ် ခံစားကာ အဆုံးတွင် ဤတိုက်ကြီးထံ ရောက်ရှိ စေခြင်း‌ပေပင်။

သို့သော် အာကာသဆုံမှတ်များကို ဖြတ်ကျော်ခြင်းသည် အလွန်အန္တရာယ်များပြီး ကြောက်မက်ဖွယ်ကောင်း၏။ ထူးဆန်းသော ကပ်ဘေးများပင် ကြုံဆုံလာရသည်။

ထို့ကြောင့် မိုးပြာတိုက်ကြီးသို့ ရောက်ရှိခဲ့သော်လည်း ရွှမ်နင်ခန္ဓာကိုယ်သည် အချိန်နှင့် အာကာသမုန်တိုင်းကြောင့် စုတ်ပြတ်သွား၏။

အထက်ပါစကားများအဆုံးတွင် ရွှမ်နင်အသံ၌ နာကြည်းခြင်းနှင့် အကူအညီ မဲ့ခြင်းများ ပြည့်နှက်လာတော့သည်။

***

All Chapters