← Chapters

လျှို့ဝှက်နယ်မြေ၌ ရတနာရှာဖွေခြင်း။

Vol. 38 Ch. 450

လျှို့ဝှက်နယ်မြေ၌ ရတနာရှာဖွေခြင်း။

Vol. 38 Ch. 450

မိုရှင်းဇီ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ကောချင်မှ၊

“ ငါသာဆိုရင် ... ဒီလိုရန်စတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး ဘယ်လောက်ပဲ သန်မာနေပါစေ ဒုက္ခတွေမယူသင့်ဘူး။ ”

-ဟု မှတ်ချက်ပေးလိုက်၏။

“ ဘဝဟာ မတူညီတဲ့ အခြေအနေတွေနဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ပြည့်နှက်နေတယ် ... ကမ္ဘာပေါ်မှာရှိနေတဲ့ လူတိုင်းက မင်းလိုပဲ သတိထားနေမယ်ဆိုရင် ... ပျင်းစရာ ကောင်းသွားမှာပေါ့ ... ။ ”

စုရီက တုန့်ပြန်လိုက်သည်။ မလှမ်းမကမ်းတွင် ရပ်နေသော ဝမ်လျူက အနားချဉ်းကပ်ပြီး၊

“ သခင်လေးစု၊ ငါ့အမြင်အရတော့ မိုရှင်းဇီကလူမိုက် မဟုတ်ဘူး ဟွမ်ရှောင်ယုကို မင်းရိုက်နှက်ခဲ့တာ သူ သိပေမယ့် ...

... မျက်နှာချင်းဆိုင် စိန်ခေါ်ဝံ့တာ သူ့လက်ထဲမှာ အလွန်အစွမ်းထက်တဲ့ ဝှက်ဖဲ ရှိနေရမယ်။ ”

-ဟု သတိပေးသည်။

စုရီမှ ခေါင်းညိတ်လျက်၊

“ ဒါက သဘာဝပါပဲ ... ။ ”

-ဟု တုန့်ပြန်၏။

“ မိုရှင်းဇီမှ မဟုတ်ဘူး ... လူတိုင်းမှာ ဝှက်ဖဲတွေရှိတယ် ... သူတို့သေဆုံးခြင်းကြောင့် နောက်ကွယ်က အင်အားစုတွေမှာ ဆုံးရှုံးမှုတွေ ဖြစ်နိုင်တယ် မဟုတ်လား ...

... အရေးကြီးဆုံးအချက်က လူတိုင်းနီးပါး ကြယ်စုစည်းခြင်းအဆင့်မှာ ပြီးပြည့်စုံနေကြပြီ ဒါကြောင့် ဒီကျွန်းမှာ အဆင့်ချိုးဖြတ်ဖို့ ရည်ရွယ်ကြလိမ့်မယ် ...

... နောက်ခံနဲ့ အရည်အချင်းအရ ဝိညာဉ်ထင်ရှားခြင်းအဆင့် ရောက်ရှိသွားရင် လူတိုင်းပြောင်းလဲသွားလိမ့်မယ် ...

... ဝှက်ဖဲတွေနဲ့ ကျင့်ကြံပေါင်းစပ် လိုက်တဲ့အခါ ခြိမ်းခြောက်မှု ပိုကြီးမားလာမယ် ဒီလိုအခြေအနေမျိုးမှာ သခင်လေးစု အရမ်းသတိထားရမယ်။ ”

ဝမ်လျူအမြင်အရ စုရီ၏ ကျင့်ကြံမှုအဆင့်သည် ယွမ်ဖူနှောင်းပိုင်း၌သာ ရှိနေသောကြောင့် စိုးရိမ်စရာပေပင်။

ကောချင်မှ ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး၊

“ စီနီယာဝမ်လျုပြောတာ မှန်တယ် ... ငါတို့ကျွန်းပေါ်ရောက်ရင် ရန်သူတွေနဲ့ဝေးရာကို ဦးတည်သင့်တယ် ... ။ ”

-ဟု မှတ်ချက်ဝင်ပေး၏။

ဝမ်ရှင်းကျောက်နှင့် ယွီရှစ်ချန်ခမျာ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ မျက်ခုံးပင့်လိုက်တော့သည်။

အဆုံးတွင် ဝမ်လျူက ကျောက်စိမ်းသေတ္တာတစ်လုံးထုတ်ပြီး စုရီထံ ကမ်းပေးလာ၏။

“ သခင်လေးစု၊ ဒါ မင်းအတွက် ငါ့သခင် ပြင်ဆင်ပေးထားတဲ့ လက်ဆောင်ပဲ အန္တရာယ် တစ်ခုခု ကြုံလာခဲ့ရင် ဖြေရှင်းဖို့ ... ဒါကို သုံးလို့ရတယ်။ ”

ကျောက်စိမ်းသေတ္တာအတွင်း လက်ဖဝါးအရွယ် မှင်ရောင်လိပ်ပြာကျောက်စိမ်း တစ်လုံး ငြိမ်သက်စွာရှိနေသည်။

လိပ်ပြာမျက်ဝန်းများ ကြည်လင် တောက်ပလျက် ဝိညာဉ်ရေးအလင်းများစွာ ဖြာထွက်နေ၏။

“ ဧကရာဇ် လျှို့ဝှက်အဆောင်။ ”

စုရီမှ အံ့သြသွားသည်။

“ ဒီလျှို့ဝှက်အဆောင်တံဆိပ်ကို ... ကောင်းကင်ဘုံကိုးပါး လိပ်ပြာအသွင်းပြောင်းလို့ ခေါ်ပါတယ် ... အနှစ်သုံးသောင်းကြာ တိုက်စား ခံရတာမို့ စွမ်းအားက သိသိသာသာ လျော့ပါးသွားပေမယ့် ...

... တော်ဝင်မိသားစုရဲ့ အကောင်းဆုံး ရတနာစာရင်းမှာ ပါဝင်နေတုန်းပါ သခင်လေး ဘေးကင်းမှုအတွက် ယူသွားပါ။ ”

“ ကျေးဇူးအများကြီးတင်ပါတယ်။ ”

စုရီက ကျောက်စိမ်းသေတ္တာယူပြီး သူ့အနားရှိကောချင်ထံ ချက်ချင်းကမ်းပေး လိုက်တော့သည်။

“ ဒါကို မင်းသိမ်းထားရမယ်။ ”

ကောချင်မှ အံ့အားသင့်သွား၏။

“ ဒါ ... ။ ”

“ မင်းကိုယ်မင်း သတိကြီးကြီးထားပါ ... ငါဂရုမစိုက်နိုင်တဲ့ မမျှော်လင့်တဲ့တစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် သုံးနိုင်တယ်။ ”

“ စိတ်မပူပါနဲ့ သခင်လေးစု ... မင်းရဲ့ယုံကြည်မှုအတိုင်း ငါသေချာပေါက် နေပါ့မယ်။ ”

ကောချင်က အသက်ပြင်းပြင်းရှူလျက် ကျောက်စိမ်းသေတ္တာကို လက်နှစ်ဖက်ဖြင့် ခံယူလိုက်လေသည်။

“ သွားရအောင် ... ။ ”

ထို့နောက် စုရီနှင့်အဖွဲ့သည် တုန့်ဆိုင်းခြင်းမရှိတော့ဘဲ လေထုအလယ်ရှိ ဝင်ပေါက်ဆီသို့ ပျံသန်းသွားကြသည်။

သူတို့၏ ပုံရိပ်များ ပျောက်ကွယ် သွားသည်ကို မြင်ပြီးမှသာလျှင် ဝမ်လျူခမျာ ဒေါသအသွင် ထုတ်ဖော်ပြသလာ၏။

“ ကောင်းကင်ဘုံကိုးပါးလိပ်ပြာ အသွင်ပြောင်းတံဆိပ်ကို ဒီလို လွယ်လွယ်နဲ့ လွှဲပေးတာများ သခင်သိခဲ့ရင် ဘယ်လိုများ ခံစားလိုက်ရမလဲ။ ”

***

စကြာဝဠာကျွန်းသည် ပြင်ပကမ္ဘာနှင့် သီးခြားခွဲထုတ်ထားသော လျှို့ဝှက်နယ်မြေ ဖြစ်သည်။

တောင်တန်းကြီးများနှင့် မြေပြန့် လွင်ပြင်ကြီးသည် မျက်စိတဆုံးကျယ်ပြောပြီး တောင်ထိပ်များမှာ တစ်ခုထက် တစ်ခု ပိုမြင့်နေ၏။

“ ဟမ့် ... အရမ်းသိပ်သည်းလိုက်တဲ့ ဝိညာဉ်စွမ်းအင်တွေ ... ။ ”

ကောချင်မှ အံ့သြတကြီး အော်ဟစ်လိုက်သည်။

“ ဒီဒေသရဲ့ ဝိညာဉ်စွမ်းအင်တွေက တိမ်လွှာကောင်းကင်နန်းတော်မှာရှိတဲ့ ရတနာ နယ်မြေတွေထက် ပိုထူထပ်နေတယ်။ ”

အသက်ရှုလိုက်တိုင်း စိတ်လက် ပေါ့ပါးလာသဖြင့် ဝမ်ရှင်းကျောက်တစ်ယောက် ရွှင်မြူးသွား၏။

ပတ်ဝန်းကျင်ရှိကို သစ်ပင်များသည် စိမ်းလန်းစိုပြေပြီး တက်ကြွမှု အပြည့်ရှိကာ ဝိညာဉ်ရောင်ဝါများ တောက်ပနေသည်။

စုရီက မြေဆီလွှာအချို့ကို ကောက်ကိုင်ချေမွကြည့်၏။ ပထမတန်းစား မြင့်မြတ်မြေအဖြစ် သတ်မှတ်နိုင်မည်။

“ သခင်လေးစု ... ငါတို့ ဒီအနားမှာ တစ်လလောက် ကျင့်ကြံကြရအောင် လူတိုင်း အံ့အားသင့်စရာကောင်းတဲ့ ...

... အောင်မြင်မှုတွေကို သေချာပေါက် တွေ့ကြုံခံစားရနိုင်လိမ့်မယ်လို့ ယုံကြည်တယ် ဒီနည်းနဲ့ရန်သူတွေနဲ့ တွေ့ဆုံနိုင်ချေကိုလည်း သဘာဝအတိုင်း ရှောင်ရှားနိုင်လိမ့်မယ်။ ”

ကောချင်မှ စိတ်အားထက်သန်စွာ အကြံပြုသည်။ ဤစကား၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရှင်သန်ရန်ဖြစ်၏။

အမျိုးသမီးနှစ်ယောက်ခမျာ ပြောစရာ စကားလုံးမဲ့သွားချေပြီ။ သတိကြီးတတ်လှသော ယောကျ်ားတစ်ယောက်ကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်၏။

“ အရင်ဆုံး ဒီနယ်မြေရဲ့ အခြေအနေကို ကြည့်ရအောင်။ ”

စုရီက သူ့ကိုလျစ်လျူရှုလျက် ဦးဆောင်လိုက်သည်။ ဤနယ်မြေကြီးအတွင်း မည်သူမျှ ၀င်ရောက်ထားခြင်း မရှိသဖြင့် ရှားပါး သဘာဝရတနာများ ရနိုင်ချေရှိ၏။

ထို့ပြင် ဤကျွန်းသည် လွန်ခဲ့သော နှစ်ပေါင်း(၃၀၀၀၀)က နတ်ဆိုးဂိုဏ်းဖြစ်သည့် သံသရာဘုံကျောင်း၏ ဘိုးဘေးမြေဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်လျက်ရှိသည်။

အရေးအကြီးဆုံးမှာ ဤနေရာတွင် အမှောင်တားမြစ်စွမ်းအင်နှင့် ပတ်သက်သည့် လျှို့ဝှက်ချက်များ ရှိနေနိုင်၏။

သူ့တွင် ရည်ရွယ်ချက်နှစ်ခုဖြင့် ကျွန်းသို့ လာခဲ့​​ခြင်း​​ဖြစ်သည်။ လက်ရှိတွင် မူလနန်းတော် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိ​နေပြီး ၎င်းကို ချိုးဖြတ်ရန် အရင်းအမြစ်လို၏။

ထို့အပြင် မဟာတာအို၏ နားလည်သဘောပေါက်မှုအရ ယန်တာအိုနှင့် လျှပ်စီးတာအိုလည်း လိုအပ်သည်။

မဟုတ်သော် ယင်-ယန်တာအိုနှင့် ဒြပ်စင်ငါးပါးတာအိုကို အပြီးသတ်နိုင်မည် မဟုတ်ချေ။

ဒုတိယ ရည်ရွယ်ချက်သည် အမှောင်တားမြစ်စွမ်းအင်၏ လျှို့ဝှက်ချက်ကို ရှာဖွေရန်ဖြစ်သည်။

ဝိညာဉ်ပင်လယ် အင်မော်တယ်ဓားမျှော်စင် အပျက်အစီးမြေတွင် ၎င်းနှင့်ပတ်သက်သည့် အချက်အလက်အချို့ ရရှိထားသည်။

ဤသည်ကို ‘မိုးပြာမူလ’ဟုလည်း ခေါ်ကြသည်။ ကောလဟာလအရ ၎င်းသည် လျှို့ဝှက်နယ်မြေ တားမြစ်ဇုန်တစ်ခုအတွင်း တည်ရှိနိုင်၏။

တစ်ချိန်က ဧကရာဇ်တစ်ပါးသည် ဤနေရာသို့ မတော်တဆ ဝင်ရောက်နိုင်ခဲ့ပြီး အမည်မသိ တံဆိပ်တစ်ခု ရရှိခဲ့သည်။

ထို့နောက်တွင် အမှောင်တားမြစ်စွမ်းအင် ပေါ်ထွက်လာကာ မိုးပြာတိုက်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။

သို့သော် လူအနည်းငယ်သည်သာ ထိုတားမြစ်ဇုန်၏ တည်နေရာကို အတိအကျ သိချေပြီ။ စုရီသည် သဘာဝအတိုင်း ထိုအရာကို အလွန်စိတ်ဝင်စားသဖြင့် သဲလွန်စအချို့ ရှာဖွေရန် လာခဲ့ခြင်းပေပင်။

ယခင်ဘဝ အတွေ့အကြုံကို အမှီပြု၍ ကောင်းကင်နှင့် မြေကြီးထံ ကြည့်ရှုလေ့လာကာ ဖုန်းရွှေနည်းဖြင့် ခရီးဆက်လာခဲ့ကြသည်။

တောင်နှင့်မြစ်များစွာကို ဖြတ်သန်း လာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင်များသည် ပိုမို ကြွယ်ဝလာ၏။

နတ်အာရုံကို အသုံးပြု၍ ကောင်းကင်နှင့် မြေကြီးကြား ပြန့်ကျဲနေသော ဝိညာဉ်ရေးရာ သဘာဝရတနာများကို သိမ်းယူနိုင်ခဲ့သည်။

လမ်းတစ်လျှောက်တွင် ဆဠမတန်းနှင့် အထက်ရှိသော ဝိညာဉ်ရေးရာ ဆေးပင်များစွာ အသီးအနှံများစွာ စသည်တို့ကို စုဆောင်းနိုင်၏။

မျှော်မှန်းထားသည့်အတိုင်း မည်သူမျှ နှစ်ပေါင်းသောင်းနှင့်ချီ ၀င်ရောက်ထားခြင်းမရှိခဲ့ သောကြောင့် ရှားပါးဝိညာဉ်သားရဲများစွာပင် မွေးဖွားနေခဲ့သည်။

တစ်နာရီအတွင်း ရာနှင့်ချီသော ဝိညာဉ်ရေးရာ ဆေးဘက်ဝင် အပင်များစွာနှင့် အသီးအနှံ့များစွာ ရရှိလာ၏။

“ အစ်ကိုစု၊ ငါ့မျက်စိနဲ့သာ မမြင်ခဲ့ရင် ... မင်းဒီကျွန်းကို အရင်ကရောက်ဖူးနေသလားလို့ သံသယဖြစ်မိလိမ့်မယ်။ ”

ဝမ်ရှင်းကျောက်မှ အံ့သြမဆုံးနိုင်ဘဲ မှတ်ချက်ပေးသည်။ ယွီရှစ်ချန်နှင့် ကောချင်က ခေါင်းညိတ်သဘောတူ၏။

လုံးဝမသိသော ကမ္ဘာတစ်ခုသို့ ရောက်ရှိ နေသည့်တိုင် စုရီသည် သူ့ကိုယ်ပိုင် ဟင်းရွက် ဥယျာဉ်တစ်ခုထဲ ရောက်ရှိနေသကဲ့သို့ ပြုမူ ခူးဆွတ်နေသည်။

လမ်းလျှောက်နေလျက်မှ ရပ်လိုက်ပြီး တစ်စုံတစ်ခုကို ကောက်ယူလိုက်ရုံဖြင့် ရတနာ ဖြစ်နေခဲ့၏။

တစ်ခါတရံတွင် ဆယ်မိုင်ကျော် အကွာအဝေးမှပင် ထိုနေရာ၌ ဝိညာဉ်သားရဲများ ရှိကြောင်း ကောက်ချက်ချကာ ရှောင်ကွင်းနိုင်လေသည်။

“ မင်းတို့ အနာဂါတ်မှာ ... အတွေ့အကြုံ ပိုရှိလာခဲ့ရင် ဘယ်နယ်မြေရောက်ပါစေ ငါ့လိုပဲ အားလုံးကို နားလည်လာပါလိမ့်မယ်။ ”

စုရီက ရှင်းပြနေလျက်ဖြင့် ရုတ်တရက် အာမေဋိတ်အသွင်​မျိုးပြပြီး အဝေးတစ်နေရာသို့ မျှော်ကြည့်လိုက်တော့၏။

“ ဒါ ... ။ ”

***

All Chapters