အစ်ကိုမိန် မင်းရယ်ပြန်ပြီ။
Vol. 38 Ch. 455
မိန်ယန်ပိုင်ဦးဆောင်သော ဖုန်တုနှင့်အဖွဲ့သည် တောင်ကြားလွင်ပြင်သို့ တရွေ့ရွေ့ဝင်ရောက်လာသည်။
“ ကျေးဇူးပြု၍ ခဏရပ်ပါ။ ”
ကြာကန်နှင့် ပေတစ်ရာအကွာတွင် မိန်ယန်ပိုင်က ရပ်တန့်သွား၏။ သူသည် အဋ္ဌဂံပုံ ကြေးဝါပြားကို ထုတ်ယူလိုက်သည်။
၎င်းတွင်ရူရ်များဖြင့် ဖုံးအုပ်ထားပြီး အလယ်ဗဟို၌ ကြေးဝါခြင်္သေ့ကြီးတစ်ကောင် ထိုင်နေ၏။ မိန်ယန်ပိုင်က ခြင်္သေ့ဦးခေါင်းကို လက်ချောင်းထိပ်ဖြင့် ပုတ်လိုက်သည်။
“ ဝူး ... ။ ”
ခြင်္သေ့က ရုတ်တရက် ပါးစပ်ဖွင့်ကာ အစိမ်းရောင်အလင်းတန်းများ မှုတ်ထုတ်လာ လေသည်။
လူတိုင်း၏ မျက်စိရှေ့တွင် တောင်ကြား လွင်ပြင်ရှိမြင်ကွင်းများ ရုတ်တရက်ပြောင်းသွား တော့၏။ ကြာကန်ကို ဖုံးအုပ်ထားသော အလင်းအလွှာကြီးတစ်ခု ပေါ်လာသည်။
ရူရ်များက တားမြစ်အလွှာပေါ်တွင် တောက်ပလျက် အသက်ဝင်နေ၏။ လူတိုင်းက အံ့သြသွားလေသည်။
၎င်းတို့သည် ဤနေရာကို စစ်ဆေးရန် နတ်အာရုံများအသုံးပြုခဲ့သော်လည်း မည်သည့် ထူးခြားမှုမျှ မခံစားမိချေ။
“ ဒါသတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုပဲ ဒီကောင်စုရီက ဝင်္ကပါပညာမှာ အတော်လေး ကျွမ်းကျင်နေပုံရတယ် လက်ရှိဝင်္ကပါသခင် တွေထက် အများကြီး ပိုကောင်းတယ်။ ”
“ အစ်ကိုမိန် ... မင်းမှာ ချိုးဖြတ်ဖို့ နည်းလမ်းရှိလား။ ”
“ ငါ့အတွက် မခက်ပါဘူး ... ကျေးဇူးပြုပြီး ခဏစောင့်ပါ။ ”
မိန်ယန်ပိုင်က အနည်းငယ်ပြုံးပြီး အင်္ကျီလက်စများကို ဝှေ့ယမ်းလိုက်လေသည်။ နတ်သက်တံများအလား ပေါင်တူကြီး(၁၂)လက် ကောင်းကင်ပေါ် ပျံတက်သွား၏။
“ ဒီပေါင်တူတွေကို ... ချိုးဖြတ်ခြင်းပေါင်တူလို့ခေါ်တယ် ငါ့မိသားစုရဲ့ ထူးခြားတဲ့ ရတနာပဲ ... ဒီတားမြစ်အလွှာကို အသာလေး ချိုးဖြတ်နိုင်တယ်။ ”
“ ချိုးဖြတ် ... ။ ”
“ ဝုန်း ... ။ ”
ထို့နောက်တွင် တုန်လှုပ်ခြောက်ခြားဖွယ် စွမ်းအားများပြန့်ကားလျက် တားမြစ်အလွှာခမျာ ပြိုကျသွားလေသည်။
“ ဟမ့် ... ပုံမှန်ဆိုရင် ဒီဝင်္ကပါကို ချိုးဖြတ်နေတာမို့ စုရီကိုသတိပေးမှာပဲ ဒါဆို သူဘာလို့ ထွက်မလာတာလဲ။ ”
သော်ခိုမှ တောင်တန်းများအတွင်း ဝေ့ကြည့်ကာ အနည်းငယ် စိတ်ရှုပ်နေခဲ့သည်။
“ ရိုးရှင်းပါတယ် ... စုရီက ဒီတားမြစ်ဝင်္ကပါအပြင် နောက်ထပ်ဝင်္ကပါကို ခင်းထားလို့ပဲ ဒီမှာကြည့် ... ။ ”
ယေဘူယျအားဖြင့် ရန်သူကိုသတ်ရန် တားမြစ်ဝင်္ကပါများကို ခင်းကျင်းသောအခါတွင် ပြိုင်ဘက်ကင်း ဝိညာဉ်ရေးပစ္စည်းများမရှိသော် အလွှာများစွာဖြင့် ပေါင်းစပ်ဖန်တီးရသည်။
မိန်ယန်ပိုင်လက်မှ ကြေးဝါပြားရှိ ခြင်္သေ့ကြီးသည် ပါးစပ်ဖွင့်ကာ နောက်ထပ် အလင်းအချို့ ထပ်မံမှုတ်ထုတ်ပြန်၏။
များမကြာခင် မြေပြင်ပြင်းစွာ တုန်ခါသွားကာ သဲနှင့် ဖုန်မှုန့်များ လွင့်ပျံလျက် လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
အဝေးမှပင် သတ်ဖြတ်လိုသော အငွေ့အသက်များကိုရရှိကာ ခန္ဓာကိုယ်များ တောင့်တင်းသွားတော့၏။
“ ဘယ်လောက် ပြင်းထန်လိုက်တဲ့ သတ်ဖြတ်ခြင်းရောင်ဝါလဲ။ ”
“ မှန်တယ် ဒါမှ စုရီရဲ့စစ်မှန်တဲ့ သတ်ဖြတ်ခြင်းဝင်္ကပါပဲ ပြင်ပအလွှာအပေါ် ဖျက်စီးပြီးလို့ သတိလက်လွှတ်နဲ့ ဝင်သွားရင် အကျိုးဆက်က ပြင်းထန်လိမ့်မယ်။ ”
မိန်ယန်ပိုင်က တည်ငြိမ်စွာ ပြောသည်။ လူတိုင်း၏မျက်လုံးများ၌ သူ့အပေါ်အထင်ကြီးမှု အရိပ်အမြွက်များ ဖြစ်ပေါ်လာ၏။
“ အစ်ကိုမိန် ... ကျေးဇူးတင်ပါတယ် မင်းကြောင့်သာ မဟုတ်ရင် ဒီကျောက်ကျစ်တဲ့ စုရီရဲ့ ထောင်ချောက်ထဲ ငါတို့အားလုံး ကျရောက်သွားလိမ့်မယ်။ ”
ချင်းယွင်က ချီးကျူးစကားဆိုကာ သက်ပြင်းချလိုက်သည်။ ဤမိန်ယန်ပိုင်သည် ရိုးရှင်းသောလူ မဟုတ်ချေ။
“ အစ်ကိုချင်းယွင်၊ မင်းရဲ့ချီးကျူးမှုကို ကျေးဇူးတင်ပါတယ် ဒီလိုတားမြစ်ဝင်္ကပါလေးနဲ့ ငါ့ကိုတားချင်ရင် ရယ်စရာကောင်းလိမ့်မယ်။ ”
မိန်ယန်ပိုင်က နှိမ့်ချစွာပြောသော်လည်း သူ့မျက်ဝန်းများ၌ ယုံကြည်မှု အပြည့်ရှိနေခဲ့ပြီး အရာအားလုံး ကြီးစိုးဟန် ပြနေ၏။
“ သွား ... ။ ”
“ ဝုန်း ... ။ ”
အဆုံးတွင် ပေါင်တူကြီးများ ပေါ်လာပြီး မိုးခြိမ်းသံအလား ဒုတိယအလင်းအလွှာအပေါ် ချိုးဖြတ်လိုက်တော့၏။ အလင်းမှုန်များ တဖွဲဖွဲ ရွာကျလာကာ ပျက်ပြယ်သွားချေပြီ။
“ သွားရအောင် ... ။ ”
“ သတိထားပါ စုရီထွက်မလာသေးဘူး။ ”
ဖုန်တုက အနည်းငယ်သံသယဝင်ကာ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားနေရ၏။ စုရီကဲ့သို့လူသည် တားမြစ်ဝင်္ကပါပြိုကျသော် ထွက်ပေါ်လာသင့်သည်။ ထိုမျှ သူရဲဘောကြောင်နေမည် မဟုတ်ချေ။
“ ဟမ့် ... အဲဒါဘာလဲ။ ”
ရုတ်တရက် နင်းလီသည် ကြာပန်းကန်အလယ်ရှိ ထူထဲသော ရေခဲများ အရည်ပျော်လာနေသည်ကို မြင်လိုက်ရသဖြင့် မျက်ခုံးပင့်လိုက်သည်။
“ ဟိုမှာ ... ။ ”
သော်ခိုသည်လည်း ကောင်းကင်ကို မော့ကြည့်ကာ အံ့သြသွား၏။ ကောင်းကင်၌ လွင့်မျောနေသော တိမ်တိုက်များသည် သွေးနီရောင် ပြောင်းကုန်သည်။
“ တစ်ခုခု မှားနေပြီ ... ငါတို့ပတ်ဝန်းကျင်က တောင်တွေလည်း ရွေ့လျားနေတယ်။ ”
ဖုန်တုမှ လွင်ပြင်ပတ်လည်ရှိ တောင်တန်းများ အသက်ရှင်နေသည့်အလား မြေပြင်တွင် ရွေ့လျားလာနေသည်ကို သတိထားမိလိုက်၏။
ဤအခိုက်တွင် လူတိုင်းသည် သူတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးလည်ပတ်နေ သကဲ့သို့ ခံစားလာရတော့သည်။
“ ငါတို့ထောင်ချောက်ထဲ ကျသွားပြီ။ ”
မိန်ယန်ပိုင်တစ်ယောက် အမူအရာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ့မျက်နှာပေါ်ရှိ ယုံကြည်မှုနှင့်မာနများ ပျောက်ကွယ်သွား၏။
“ ပြန်ဆုတ် ... ။ ”
ချက်ချင်းပင် ပြန်လှည့်လိုက်သည်။ ထိုစဉ်မြေပြင်သည် ချက်ချင်းအက်ကွဲလာကာ မီးတောက်များ တိုးထွက်လာ၏။
“ ဖျစ် ... ဖျစ် ... ။ ”
လျင်မြန်စွာဖြင့် ခရမ်းရောင် မီးပင်လယ်ကြီးအဖြစ် တောက်လောင်လာ တော့သည်။
“ အားလုံး ... ငါ့နောက်လိုက်ခဲ့ ... ။ ”
မိန်ယန်ပိုင်က အဝါရောင်အလံငယ်ကို ထုတ်ယူပြီး ညင်သာစွာဝှေ့ယမ်းကာ မီးပင်လယ် အတွင်း လမ်းဖန်တီးသည်။
“ ဝူး ... ။ ”
ထို့နောက် လျင်မြန်သော အဟုန်ဖြင့် ချက်ချင်းပြေးလွှားခဲ့သော်လည်း မီးတောက်များ ကူးစက်ခံလိုက်ရသေးသည်။
“ ဝှစ် ... ။ ”
ခဏအကြာတွင် မိန်ယန်ပိုင်၏ ဦးဆောင်မှုအောက်တွင် မီးလောင်ဒဏ်ရာများ ဗလပွဖြင့် လွတ်မြောက်လာကြ၏။
ခန္ဓာကိုယ်အနှံ့ မီးလောင်ကျွမ်း ထားသောကြောင့် အနံ့အသက်နှင့်မျက်နှာများ မည်းမှောင်နေချေပြီ။
“ ဘာတွေဖြစ်နေတာလဲ။ ”
လူတိုင်းထိတ်လန့်ပြီး ဒေါသနှင့် မိန်ယန်ပိုင်ထံ လှည့်ကြည့်လိုက်ကြတော့၏။ မိန်ယန်ပိုင်တစ်ယောက် မျက်နှာနီရဲကာ၊
“ ငါ သတိလက်လွတ်ဖြစ်သွားခဲ့တယ် ... စုရီဟာ တောင်တွေရဲ့စွမ်းအားနဲ့ ဝင်္ကပါတစ်ခု ဖွဲ့စည်းနိုင်ဖို့ မမျှော်လင့်ထားမိဘူး။ ”
-ဟု ရှင်းပြလိုက်၏။
သူသည် ဝင်္ကပါပညာရပ်တွင် ယုံကြည်မှုအပြည့်ရှိသော်လည်း ပြိုင်ဘက်၏ ပါးရိုက်ခြင်းခံလိုက်ရချေပြီ။
နှလုံးသားထဲ ဖော်မပြနိုင်သော အရှက်တရားများ ဝင်ရောက်လာ၏။ သို့တိုင် အံကြိတ်လျက်၊
“ ဒါပေမယ့် စိတ်မပူပါနဲ့ အားလုံး ... ဒီလူသတ်ကွင်းကနေ လွတ်မြောက်သွားပါပြီ။ ”
-ဟု ကတိပေးလိုက်သည်။
“ ဂျိန်း ... ။ ”
ထိုစဉ် သူ့စကားဆုံးသည်နှင့် မိုးခြိမ်းသံများစွား ကြောက်မက်ဖွယ် မြည်ဟည်း လာတော့သည်။
“ မြန်မြန် ငါ့နောက်လိုက်ခဲ့ ... ။ ”
တုန့်ဆိုင်းမနေဝံ့တော့ဘဲ မိန်ယန်ပိုင်တစ်ယောက် ထိတ်လန့်စွာဖြင့် ရတနာများထုတ်ယူကာ လွတ်မြောက်စေရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။
အချိန်အနည်းငယ် ကြာပြီးနောက် တောင်ကြားလမ်းမှ ဆုတ်ခွာနိုင်ခဲ့၏။ သို့သော် လူတိုင်းဒဏ်ရာနှင့် မကင်းခဲ့ချေ။
သွေးအလိမ်းလိမ်း၊ ဖုန်အလိမ်းလိမ်းဖြင့် သနားစရာပေပင်။ မိန်ယန်ပိုင်သည်လည်း အသက်ပြင်းပြင်းရှူလျက် အဆုံးတွင် ရယ်ချလိုက်တော့သည်။
“ ဟား ဟား ဟား ... ။ ”
“ အစ်ကိုမိန် ... မင်းဘာရယ်တာလဲ ငါတို့လွတ်ပြီလား။ ”
မိန်ယန်ပိုင်က ချင်းယွင်အမေးကို မဖြေခင် အားရအောင်ရယ်ပြီး တောင်ကုန်းငယ်တစ်ခုထံ ညွှန်ပြလိုက်သည်။
“ ဒီကောင်က အဲဒီလောက်လည်း အရည်အချင်းမရှိသေးပါဘူး တကယ်ဆို အဲဒီနေရာမှာ နောက်ထပ်ဝင်္ကပါတစ်ခုကို ခင်းထားသင့်တယ် ဒါဆို ...
... မီးပင်လယ်ကနေ ဆုတ်ခွာလာတဲ့ ငါတို့အတွက် ဘယ်လိုလုပ် လွတ်မြောက်နိုင်ချေ ရှိတော့မှာလဲ။ ”
“ ဂျိန်း ... ။ ”
သို့သော် မိန်ယန်ပိုင် စကားမဆုံးခင် နောက်ထပ်မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး သတ်ဖြတ်ခြင်း ရောင်ဝါသည် ထိုအရပ်မှ ထွက်ပေါ်လာတော့၏။
“ အစ်ကိုမိန် ... ။ ”
“ ပြေး ... ။ ”
မိန်ယန်ပိုင်က ချင်ချင်း အမိန့်ပေးလိုက်တော့သည်။ ဤတစ်ကြိမ်၌ လူတိုင်း ဆံပင်များပင် ရှုပ်ပွကုန်ကာ လူရုပ်မပေါ်တော့ချေ။ ထိုစဉ်။
“ ဟား ဟား ဟား ... ။ ”
“ အစ်ကိုမိန် ... မင်းရယ်ပြန်ပြီ။ ”
ချင်းယွင်က ထိတ်လန့်တကြားနှင့် ဆက်၍ထွက်ပြေးရန်ပြင်၏။
“ ဟား ဟား ဟား စိတ်မပူနဲ့ ... သူသာ ကျွမ်းကျင်သူဆိုရင် ... ဒီအချိန်မှာ ဝင်္ကပါတစ်ခု ထပ်ဆင့် ရောက်လာသင့်နေပြီ ... ငါတို့ ... ”
“ ဂျိန်း ... ။ ”
မိန်ယန်ပိုင်တစ်ယောက် သူ့ကိုယ်သူ မျက်နှာပြန်ရစေရန် စုရီအပေါ် လှောင်ပြောင်လို သော်လည်း အဆုံးတွင် အရိုက်ခံရဆဲဖြစ်၏။
ဤတစ်ကြိမ်၌ ချင်ယွင်နှင့်ကျန် သုံးယောက်သည် သူ့ကိုပင် မစောင့်တော့ဘဲ မှုန်နေအောင် လှည့်ပြေးသွားချေပြီ။
“ အစ်ကိုယန် မြန်မြန် ဒီလမ်း ... ။ ”
***