← Chapters

နတ်ဝိညာဥ်နှင့်မွေးဖွားလာသူ

Vol. 13 Ch. 181

နတ်ဝိညာဥ်နှင့်မွေးဖွားလာသူ

Vol. 13 Ch. 181

ကျောင်းရုံသည် လျှပ်တပြတ်နှင့် ကျောက်ဝမ်အာ၏အနားရောက်သွားကာ သူမ၏ လည်ဂုတ်အား ဖမ်းဆုပ်လိုက်၏။

“ကျွန်မကို လွှတ်..”

ကျောက်ဝမ်အာသည် ကြောက်လန့်တကြားနှင့် အော်ဟစ်နေ၏။

“မိစ္ဆာသူတော်စင်ဂိုဏ်းကို လိုက်လာရင် မင်းအတွက် အခွင့်အရေးကောင်းတွေအများကြီးရရှိလိမ့်မယ်..”

ကျောင်းရုံသည် သူမ အော်ဟစ်နေသည်ကို ဂရုမစိုက်ပဲ ဆိုလိုက်၏။

“ငါ့သမီးကို လွှတ်စမ်း..”

ကျောက်ယီချင်းသည် ဒဏ်ရာများကို ဂရုမစိုက်ပဲ ထရန်ပြင်လိုက်၏။ သို့သော် သူရရှိထားသည့် ဒဏ်ရာများသည် များပြားလွန်းသောကြောင့် လှုပ်ရှားရန်ပင် မလွယ်ကူတော့ချေ။

“ဒီကလေးမလေးကိုသာ အသာတကြည် ထည့်ပေးလိုက်ရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး..”

ကျောင်းရုံသည် ကျောင်ဝမ်အာကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ ထွက်ခွာသွားရန်ပြင်လိုက်သည်။ ဤလူများကို ဂရုမစိုက်သော်လည်း နောက်ထပ် ရောက်ရှိလာမည့်သူများနှင့် အလုပ်ရှုပ်ခံ၍ ရင်မဆိုင်ချင်တော့ပေ။

“ငါ့သမီးကို ထားခဲ့စမ်း..”

ကျောက်ယီချင်းသည် အော်ဟစ်နေသော်လည်း သူ၏ လက်တစ်ဖက် မြောက်တင်ရန်ပင် ခက်ခက်ခဲခဲရုန်းကန်နေရ၏။

ကျောင်းရုံသည် ထိုအသံများကို ဂရုမစိုက်တော့ချေ။ သူ၏ တံစဉ်းနှင့် လေဟာနယ်ကို ထိုးခွဲလိုက်၏။

“ဘာဖြစ်တာလဲ..”

“ရွှီး..ရွှီး..”

သူသည် ဆက်တိုက်ပင် လေဟာနယ်ကို ဆုတ်ဖြဲနေသော်လည်း လေထုသည် တုပ်တုပ်မျှပင် မလုပ်ချေ။

“ဘယ်ကောင်လဲကွ..၊ ငါ့လမ်းကို ပိတ်နေတာ..”

ကျောင်းရုံသည် ပတ်ပတ်လည်လည်ကို အာရုံခံနေရင်း ရှာဖွေလိုက်သည်။ သို့သော် မည်သည့် အရှိန်အဝါမျှ ရှာဖွေ၍ မရသော်လည်း တည်ငြိမ်လွန်းသည့် အသံတစ်ခုသည် သူ၏နားတွင်းဝင်ရောက်လာ၏။

“အခြားကုန်းမြေရဲ့ ကျင့်ကြံသူက ငါ့ရဲ့ နယ်မြေအတွင်းမှာ ပြန်ပေးဆွဲမှု ကျုးလွန်နေတာကို လက်ပိုက်ကြည့်မနေနိုင်ဘူး..”

“ဘယ်သူလဲကွ..”

ကျောင်းရုံသည် မျက်မှောင်ကြုတ်သွားကာ လေသံအမြင့်နှင့် အော်ဟစ်လိုက်၏။

ထိုအချိန်တွင် သူ၏ ရှေ့ရှိလေဟာနယ်သည် အက်ကွဲလာကာ အဖြူရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

“နန်းတော်သခင်ဟွမ်း..”

သွမ့်မုလီသည် ခဲရာခဲစစ် အသံထုတ်ဖော်လိုက်ရ၏။ သူသည် မလှုပ်ရှားနိုင်သော်လည်း ဟွမ်း၏ ရောက်ရှိလာမှုကြောင့် ပျော်ရွှင်သွားသည်။

“ခင်ဗျားအဲ့ဒီကလေးမလေး ကိုလွှတ်ပေးမယ်ဆိုရင်၊ အကောင်းအတိုင်း ပြန်သွားခွင့်ပေးမယ်..”

ဟွမ်း၏ လေသံသည် အနိမ့်အမြင့် အတက်အကျမရှိပေ။

ကျောင်းရုံသည် သတိထားသည့် အနေအထားသို့ရောက်ရှိသွား၏။ ထိုလူငယ်သည် လေဟာနယ်ကို ခွဲကာ ထွက်ပေါ်လာသော်လည်း မည်သည့်စွမ်းအားမျှ ပေါ်ထွက်နေခြင်းမရှိပေ။

သို့သော် သူသည် မိစ္ဆာသူတော်စင်ဂိုဏ်းမှ ရောက်ရှိလာသူဖြစ်သည်။ ထို့ကြောင့် အလျော့မပေးပဲ ဆိုလိုက်၏။

“ကျုပ်က မိစ္ဆာသူတာ်စင်ဂိုဏ်းရဲ့ အကြီးအကဲတစ်ဦးပဲ၊ ဒါကြောင့် ကျုပ်ရဲ့လမ်းမှာမပိတ်ဖို့ပြော..ချင်တယ်”

“ဂျွတ်..”

ကျောင်းရုံ၏ စကားပင် မဆုံးလိုက်ချေ။ ကျောက်ဝမ်အာကို ဖမ်းဆုပ်ထားသည့် လက်တစ်ဖက်သည် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်ကို တွေ့လိုက်ရ၏။ တစ်ဖက်ရှိ ထိုလူငယ်၏ လက်တွင် ကျောက်ဝမ်အာ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။

“အား..”

ကျောင်းရုံသည် စက္ကန့်အနည်းငယ်ကြာမှ နာနာကျင်ကျင် ဟစ်အော်လိုက်ရ၏။ သူသည် ဘာဖြစ်သွားသည် မှန်းပင် သေချာမသိလိုက်ရချေ။ ဟွမ်းသည် သူ၏ လက်တစ်ဖက်အား ဖြတ်တောက်သွားခဲ့သည်။ ဟွမ်း၏ လှုပ်ရှားမှုပင် မမြင်လိုက်ရချေ။ ကျောင်းရုံသည် ဒေါသတကြီး ဟစ်အော်လိုက်၏။

“မင်း..သေချင်နေတာလား..”

“နောက်ထပ် ခြိမ်းခြောက်မယ်ဆိုရင် ခင်ဗျားရဲ့ ခန္ဓာကိုယ်က အကောင်းအတိုင်းရှိမှာမဟုတ်တော့ဘူး..”

ဟွမ်းသည် ကလေးမလေးအား အောက်သို့ချပေးရင်း ဆိုလိုက်၏။

ကျောင်းရုံသည် ချေပပြောဆိုချင်သည့် စကားများကို ပြန်လည်မျိုသိပ်လိုက်ရ၏။ ထိုလူငယ်သည် စိတ်ဆက်လွန်းပြီး အပြောနှင့် အလုပ်ညီဟန်ရသည်။ ထို့ကြောင့် ထပ်မံစိန်မခေါ်ရဲတော့ချေ။ သူ၏ စိတ်တွင် ဟွမ်းအား တေးမှတ်ထားလိုက်သည်။ ထိုလူငယ်၏ တိုက်ခိုက်မှုကိုပင် မသိရှိလိုက်သောကြောင့် သူဆန့်ကျင်နိုင်သည့် သူ မဟုတ်ဟု တွေးမိသွား၏။

“ကျုပ်ကို သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”

ကျောင်းရုံသည် ထွက်ခွာသွားရန် လေဟာနယ်ကို ခွဲလိုက်၏။ ဤအကြိမ်တွင် လေဟာနယ်သည် ပိတ်ဆို့တားဆီးထားခြင်း မရှိသောကြောင့် လွယ်လွယ်ကူကူနှင့်ပင် အက်ကွဲသွားသည်။ သူသည် ပြတ်တောက်သွားသည့် လက်တစ်ဖက်ကို ကိုင်ကာ လေဟာနယ်အတွင်း ဝင်ရောက်တော့မည့်အချိန်တွင် ဟွမ်း၏ အသံကို ထပ်မံကြားလိုက်ရ၏။

“ဒီအတိုင်းထွက်သွားတော့မလို့လား..”

“ကျုပ်ကို ထွက်သွားခွင့်မပေးဘူးလား..”

ကျောင်းရုံသည် အခြေအနေတင်းမာလာနိုင်သောကြောင့် သူ၏ ခန္ဓာကိုယ်တွင် ဝိညာဉ်စွမ်းအင်များ တိတ်တဆိတ်လည်ပတ်စေလိုက်သည်။ ထိုလူငယ်အား အနိုင်ရနိုင်ချေ မည်မျှရှိမည် မသိသော်လည်း သတ်ဖြတ်မှုကို လည်စင်းခံကာ စောင့်မနေနိုင်ချေ။

“ခင်ဗျားကြောင့် ပျက်စီးသွားတဲ့ ရှန်းလော်မြို့ရဲ့ အဆောက်အဦးတွေနဲ့ ထိခိုက်ထားတဲ့ သူတွေအတွက် လျော်ကြေးမပေးတော့ဘူးလား”

ဟွမ်းသည် လေးလေးနက်နက် ပြောဆိုလိုက်၏။ သူသည် ရှန်းလော်မြို့၏ ပျက်စီးဆုံးရှုံးမှုများနှင့် ကျောက်အိမ်တော်၏ နစ်နာမှုကို မကြေးအေးပေးနိုင်ပေ။

ကျောင်းရုံ “...”

ကျောင်းရုံသည် စိတ်အေးသွားပြီး သိုလှောင်လက်စွပ်တစ်ခုကို ထုတ်ယူလိုက်ကာ ဟွမ်းထံ ပို့ဆောင်လိုက်သည်။ ထို့နောက် မချင့်မရဲနှင့်မေးလိုက်၏။

“ကျုပ်ထွက်သွားလို့ရပြီလား..”

“ထွက်သွား..”

ဟွမ်းသည် သိုလှောင်လက်စွပ်ကို ဖမ်းယူလိုက်ပြီး နောက်ထိုလူ့အား ဂရုမစိုက်တော့ချေ။ ထို့ကြောင့် ကျောင်းရုံသည် အလျှင်အမြန်ပင် ထွက်ခွာသွားတော့၏။

ဟွမ်းသည် သွမ့်မုလီအနားသို့ ရောက်ရှိလာပြီး ဆေးပုလင်း နှစ်ခုကို ထုတ်ပေးလိုက်သည်။ သူ၏ တပည့်များ ဖော်စပ်ထားသည့် ဝိညာဉ်စွမ်းအင် ပြန်လည်ဖြည့်တင်ခြင်းဆေးလုံးနှင့် အနာကျက်ဆေးလုံးများပင်။

“ကျေးဇူးတင်ပါတယ် နန်းတော်သခင်ဟွမ်း..”

သွမ့်မုယီသည် ဆေးလုံးများကြောင့် အနည်းငယ်သက်သာလာပြီးနောက် ဦးညွှတ်လိုက်သည်။

“မလိုပါဘူး..”

ဟွမ်းသည် ခေါင်းခါယမ်းကာ ဆိုလိုက်သည်။ သူသည် အဖွဲ့အစည်းတစ်ခု ဦးဆောင်ထားသည်မို့ အနီးအနားရှီ မြို့ငယ်များကို ကာကွယ်ပေးရခြင်းသည် ဖြစ်သင့်၏။

“နန်းတော်သခင်၊ မိစ္ဆာသူတော်စင်ဂိုဏ်းကအကြီးအကဲကို ဒီတိုင်းလွှတ်လိုက်တာ အဆင်ပြေပါ့မလား..၊ နောက်ကျ ပြသနာများလာနိုင်တယ်..”

သွမ့်မုယီသည် စိတ်ပူစွာပြောလိုက်သည်။ ထိုအကြီးအကဲ၏ ရည်ရွယ်ချက်သည် ကောင်းဟန်မရှိချေ။ နောင်တွင် ဒုက္ခပေးလာနိုင်မည်မှာ ကျိန်းသေပင်။

“ကျုပ်က ပြသနာ မရှိတော့မှာကိုပဲ စိုးရိမ်တာ..”

ဟွမ်းသည် လေးလေးနက်နက်ဆိုလိုက်၏။ ထိုလူသည် သူ၏ ဟွမ်းရှန့်နန်းတော်အား ကြေငြာ ပေးနိုင်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

သွမ့်မုယီ “...”

‘ဘယ်လိုအတွေးအခေါ်နဲ့မို့ ပြသနာရှာပြီး နာမည်ရချင်နေတာတုန်း..’

သွမ့်မုယီသည် မှင်သက်နေသောကြောင့် ပြန်လည်ချေပနိုင်စွမ်းမရှိတော့ပေ။

“ဝမ်အာ ဘာမှ မဖြစ်သွားဘူးမလား..”

ဝမ်ရူယင်သည် ဆေးလုံးများကြောင့် သက်သာလာပြီး ကျောက်ဝမ်အာထံ အပြေးသွားလိုက်၏။ သူမ၏သမီးငယ်လေးအား စေ့စေ့စပ်စပ်စစ်ဆေးနေသည်။ ကျောက်ဝမ်အာ ဒဏ်ရာမရရှိသည်ကို တွေ့ရှိပြီးမှ စိတ်အေးသွား၏။

“ဒီက အကြီးအကဲကို ကျေးဇူးတင်ပါတယ်..”

ကျောက်ယီချင်းသည် ဖြစ်ပျက်သည်များကို တွေ့မြင်ခဲ့ရသည်။ ထို့ကြောင့် ဟွမ်းအားကျေးဇူးတင်စကားဆိုလိုက်၏။ ထိုလူငယ်အား ကျန်းကျာ့နယ်မြေတွင် မတွေ့ရှိဖူးပေ။ ထို့ကြောင့် သိချင်စိတ်ဖြင့်မေးမြန်းလိုက်သည်။

“အကြီးအကဲက ဘယ်သူများပါလည်း”

“မြူနှင်းတောင်တန်းက ဟွမ်းရှန့် နန်းတော်ရဲ့သခင်ပဲ”

သွမ့်မုယီသည် ရှင်းပြပြောဆိုလိုက်၏။ ကျောက်ယီချင်းသည် ဇဝေဇဝါဖြစ်သွားသည်။ ဟွမ်းရှန့်နန်းတော်ကို မကြားဖူးခဲ့ချေ။ သို့‌သော် သွမ့်မုယီသည် အသေအချာရှင်းပြလိုက်၏။

“နတ်ဝိညာဥ်နဲ့မွေးဖွားလာတဲ့ ကလေးမလေး..”

ဟွမ်းသည် ကျောက်ဝမ်အာကို ကြည့်ရင်း ရေရွတ်လိုက်၏။

“အဲ့ဒါဘယ်လိုအရာမျိုးလဲ နန်းတော်သခင်..”

သွမ့်မုယီလည်း မကြားဖူးသည့်အရာတစ်ခုကို ကြားလိုက်ရသည့်အလား အံ့ဩစွာမေးလိုက်၏။

“နတ်ဝိညာဥ်နဲ့ မွေးဖွားလာကြတဲ့ သူတွေက ကျင့်ကြံမှုအဆင့်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်တယ်၊ နှစ်အနည်းငယ်နဲ့ ထိပ်တန်း ပါရမီရှင်တစ်ဦးဖြစ်လာနိုင်တယ်..၊ သူမကို ခေါ်သွားချင်တာ မဆန်းဘူး”

ဟွမ်းသည် ရှင်းပြလိုက်၏။ ဤလောကကြီးတွင် သဘာဝက ထူးခြားဆန်းကျယ်စွာ ပေးအပ်ထားသည့် အရာများနှင့် မွေးဖွားလာသည့် သူများရှိသည်။ ကျောက်ဝမ်အာသည်လည်း ထိုထူးခြားသူများထဲမှ တစ်ဦးပင်။

ထို့အပြင် ဖျတ်စီးခြင်းနတ်ဆိုးနှလုံးသားပိုင်ရှင် မော့ရွှယ်အာ၊ ဓားသန္ဓေခန္ဓာကိုယ်ပိုင်ရှင် ပိုင်ကျန့်ယွီနှင့် အမှောင်ဝိညာဉ်ပိုင်ဆိုင်သူ လျှိုမင်ယွမ်တို့ လည်းရှိနေသည်။

All Chapters