← Chapters

ကံကြမ္မာကို ဖီဆန်သူ

Vol. 13 Ch. 188

ကံကြမ္မာကို ဖီဆန်သူ

Vol. 13 Ch. 188

ရှင်းဝေ့ကျန်းသည် အရှေ့ပိုင်းနယ်မြေသို့ အရှိန်ကုန်မြင့်ကာ ပြေးလွှားနေသည်။

“ရွှီး..”

မိုးကြိုးနဂါးသည် ရှင်းဝေ့ကျန်းအား သူ၏ ပါးစပ်မှ မိုးကြိုးများ ပစ်လွှတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်သည် ပေသုံးဆယ်ခန့်အထိ ရှည်လျားသည်။

မြန်ဆန်လှသည့် မိုးကြိုးများသည် ရှင်းဝေ့ကျန်းထံ ဦးတည်သွား၏။ ရှင်းဝေ့ကျန်းသည် ၎င်းကိုကြည့်ကာ ရင်တွင်းစိုးထိတ်သွားသည်။ ထိုအရှိန်အား သူ ရှောင်ရှားနိုင်စွမ်းမရှိချေ။ ထိုမိုးကြိုးသည် သူ့အား အစမန မကျန်အောင် ဖျတ်ဆီးနိုင်စွမ်းရှိနေ၏။

“ဝုန်း..”

ဟွမ်းသည် ထိုမိုးကြိုးအား ဝင်ရောက်တားဆီးပေးလိုက်ရသည်။ မဟုတ်လျှင် ရှင်းဝေ့ကျန်း ထိုမိုးကြိုးတစ်ချက်နှင့် သေဆုံးသွားနိုင်မည်မှာ ကျိန်းသေပင်။ ရှင်းဝေ့ကျန်းသည် အသက်ကို အမောတကောရှုသွင်းလိုက်ရ၏။

“ရပြီ ခင်ဗျား ဒီနားပဲနေတော့..”

အရှေ့ပိုင်းနယ် မြေသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဟွမ်းသည် ရပ်တန့်ခိုင်းလိုက်သည်။

“ရောင်းရင်းဟွမ်း..၊ ဒီမိုးကြိုးနဂါးကြီးရဲ့ စွမ်းအားက..”

“မပူနဲ့..၊ ခင်ဗျားကို မသေစေဖို့ ကတိပေးပြီးပြီ၊ ကျုပ်ကတိကို တည်အောင်လုပ်ရမဲ့ အချိန်ပဲ..”

ဟွမ်းသည် ရှင်းဝေ့ကျန်းစကားဆုံးသည်အထိ မစောင့်ပဲ ဖြတ်ပြောလိုက်သည်။ သူသည် ရှင်းဝေ့ကျန်း၏ အားနာမှုတွေကို နားမထောင်ချင်သောကြောင့်ပင်။

“ဝေါင်း..”

ထိုမိုးကြိုးနဂါးကြီးသည် သူ၏ လမ်းကို ပိတ်ဆို့ခံလိုက်ရသောကြောင့် ဒေါသထွက်သွားဟန်ရ၏။ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး နောက် သူ၏ ပါးစပ်ကိုဟကာ စွမ်းအင်များကို စုစည်းလိုက်သည်။ မိုးကြိုးစွမ်းအင်များသည် ထိုနဂါး၏ ရှေ့တွင် ဖြစ်တည်လာပြီး ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားလာ၏။ ထိုမိုးကြိုးများ လည်ပတ်ကူးခပ်နေရုံနှင့်ပင် ကောင်းကင်ထက်ရှိ လေဟာနယ်သည် အက်ကွဲစပြုလာခဲ့သည်။

“ရွှီး..”

ကြမ်းတမ်းလှသည့် မိုးကြိုးစွမ်းအင် အစုအဝေးကြီးကို ဟွမ်းထံ ဦးတည်ကာ ပစ်လွှတ်လိုက်တော့၏။

‘ဒီမိုးကြိုးတွေ ရောက်လာမဲ့အချိန်ကို စောင့်လို့မဖြစ်ဘူး..’

ဟွမ်းသည် ကောင်းကင်ထက်သို့ တဟုန်တိုး ပျံတက်သွားကာ ထိုမိုးကြိုးများကို တားဆီးလိုက်၏။

“ဝုန်း..ဝုန်း..”

ဟွမ်းသည် ထိုမိုးကြိုးများအား ထိုးခွဲနေသော်လည်း ၎င်းတို့သည့် ဟွမ်း၏ ခန္ဓာကိုယ်အား တိုးဝင်ကာ ဖျတ်ဆီးနေကြသည်။ သူသည် ပြင်းထန်သည်ဟူသည့် တိုက်ခိုက်မှုများကို ပထမဆုံးအကြိမ် ကြုံတွေ့လိုက်ရခြင်းပင်။ သို့သော် သူတိုက်ခိုက်နိုင်သည့် အနေအထားတွင် ရှိနေသေးသောကြောင့် များစွာစိတ်ပူခြင်းမရှိချေ။

“ဝုန်း..”

ဟွမ်းသည် ဆက်တိုက်ဆိုသလိုပင် ထိုမိုးကြိုး အစုအဝေးကြီးအား ဝိညာဉ်စွမ်းအင်များပါ ထုတ်သုံး၍ ဖျတ်စီးလိုက်၏။

“ဝေါင်း..”

မိုးကြိုးနဂါးသည် ထပ်မံဟိန်းဟောက်လိုက်ပြန်၏။ သူ၏ မိုးကြိုးများ ဖျတ်ဆီးခံရသောကြောင့် ဟွမ်းကို ဆုတ်ဖြဲရန် ဦးတည်လိုက်သည်။

“ဘုန်း..”

သို့သော် ဟွမ်းသည် မြန်ဆန်သည့်အရှိန်နှင့် မိုးကြိုးနဂါးအား ရိုက်နှက်လိုက်၏။

“ဝေါင်း..”

မိုးကြိုးနဂါးသည် ဟွမ်း၏ ရိုက်ချက်ကြောင့် နောက်သို့ အနည်းငယ် ဆုတ်သွားရသည်။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ဟွမ်းသည် အံ့ဩသွားကာ မျက်မှောက်ကြုတ်သွား၏။ သူ၏ ရိုက်ချက်အား ခံနိုင်ရည်ရှိသူကို ပထမဆုံး ကြုံတွေ့လိုက်ရခြင်းပင်။ သူသည် အားကုန်သုံးကာ တိုက်ခိုက်ခဲ့ခြင်း မဟုတ်သော်လည်း ထိုရိုက်ချက်နှင့်ပင် အဆင့်သုံးကုန်းမြေ၏ ထိပ်သီးများ သေဆုံးလုနီးပါး ဖြစ်သွားနိုင်၏။ သို့သော် ထိုနဂါးသည် နောက်သို့ အနည်းငယ်သာ ဆုတ်ခွာ သွားရလေသည်။

မိုးကြိုးနဂါးသည် သူအား ထိုးနှက်လိုက်ခြင်းကို အလွန်ပင် ဒေါသထွက်သွားဟန်ရကာ သူ၏ အမြှီးနှင့် ဟွမ်းကို ရိုက်နှက်လိုက်သည်။

“ဘုန်း..”

ဟွမ်းသည် သူထံ နဂါးအမြှီးရောက်လာချိန်တွင် သူ၏ လက်နှစ်ဖက်နှင့် ထိုအမြှီးကို ဆွဲဖမ်းလိုက်ပြီးနောက် ခါယမ်းပစ်လိုက်၏။

‘မိုးကြိုးစွမ်းအင်ကနေဖြစ်တည်လာတဲ့ နဂါးတောင် ဒီလောက်အစွမ်းထက်နေတာ၊ ရှင်းဝေ့ကျန်းကို သေဆုံးစေချင်တဲ့သူက ကံကြမ္မာကြယ်မျိုးနွယ်ကို သတ်ဖြတ်ခဲ့တဲ့ သူနဲ့ တစ်ယောက်တည်းလား..၊ ဒီလောက်စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ ဖြစ်တည်မှုကဘာလဲ..၊ ဖြစ်နိုင်တာက..အဲ့ဒီတုန်းက မျက်ဝန်းပိုင်ရှင် ရှိတဲ့နေရာက တည်ရှိမှုတစ်ခုခုနဲ့ သက်ဆိုင်နေလား..၊ ဒါပေမဲ့ ဒီမိုးကြိုးစွမ်းအင်တွေက အဲ့ဒီတုန်းကထက် ကြမ်းတမ်းလွန်းနေတယ်..’

ဟွမ်း၏ စိတ်တွင် တစ်ခဏအတွင်း မေးခွန်းများစွာ ပြည့်နှက်နေပြီးနောက် ဖြစ်နိုင်ချေတစ်ခုကို ခန့်မှန်းမိသွားသည်။ သို့သော် အတည်ပြုနိုင်ခြင်းမရှိသေးချေ။ ထို့နောက် ထိုမိုးကြိုးနဂါးကို ဆက်လက်တိုက်ခိုက်လိုက်၏။

“ဝေါင်း..”

မိုးကြိုးနဂါးသည် ထပ်မံဟိန်းဟောက်လိုက်ပြန်၏။ သို့သော် ဟွမ်းသည် သူ၏ အထက်တွင် ရုတ်တရက် ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းအား ပြင်းထန်သည့် ကန်ချက်ကို ထုတ်ဖော်လိုက်သည်။

မိုးကြိုးနဂါးသည် နာကျင်မှု မခံစားရသည့်အလားပင်။ သူသည် ဟွမ်း၏ တိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို ခံစားနေရ၏။ သို့သော်လည်း ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်နေနိုင်သည်။

“မင်း ဘယ်လောက်အထိ မာကျောနိုင်မလဲ ကြည့်ချင်တယ်..”

ဟွမ်းသည် ယခုမှ သူ၏ ပြိုင်ဘက်နှင့် တွေ့ဆုံခွင့်ရသည့်အလားပင်။ အားရပါးရတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

မိုးကြိုးနဂါးသည် ထိုသို့တိုက်ခိုက်ရန် မလိုလားသည့်ပုံပင်။ သူ၏ အမူအယာသည် အရူးတစ်ကောင် သူ့လမ်းအား တားဆီးထားသောကြောင့် မဖြစ်မနေ တိုက်ခိုက်မှု ပြုလုပ်နေရခြင်းဖြစ်သည်။

မိုးကြိုးနဂါးသည် စိတ်မရှည်တော့ပေ။ သူ၏ ခန္ဓာကိုယ်တွင် မိုးကြိုးများ ‘တရွှီးရွှီး’ နှင့်ပေါ်ထွက်လာကာ ဟွမ်းထံ ထပ်မံပစ်လွှတ်လိုက်သည်။

ဟွမ်းသည် သူ၏ ခန္ဓာကိုယ်အတွင်း မိုးကြိုးစွမ်းအင်များ ဝင်ရောက်လာသည်ကို ခံစားမိသွားသည်။ ထိုမိုးကြိုးစွမ်းအင်များသည် သူ၏ သွေးကြောများအား ဖျတ်ဆီးပစ်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုမိုးကြိုးများသည် ဟွမ်း၏ သွေးကြောများကို ဖျတ်စီးလိုက်နိုင်ခြင်းမရှိသည့်အပြင် ဟွမ်း၏ ၎င်းတို့အား သွေးကြောများက ပြန်လည်ဝါးမြိုသွားခဲ့သည်။

ထိုအချင်းအရာကြောင့် ဟွမ်းကိုယ်တိုင်ပင် အံ့ဩမှုများစွာပေါ်ထွက်လာသည်။

နတ်ဘုရားကုန်းမြေတွင် သူ၏ ခန္ဓာကိုယ်တွင်း စွမ်းအင်များ ဝင်ရောက်သည်အထိ ဖိအားပေး တိုက်ခိုက်နိုင်သူမရှိခဲ့ချေ။ သို့သော် ထိုမိုးကြိုးနဂါးသည် လုပ်နိုင်ခဲ့သည်။ ထိုနဂါး၏ စွမ်းအားကို လျော့တွက်၍ မရတော့ပေ။

နောက်တစ်ခုသည် သူ၏ သွေးများပင်။ ထိုသို့ ဝါးမြိုနိုင်စွမ်းရှိသည်ကို မသိခဲ့ချေ။ ထို့ကြောင့် သူ့တွင် ရဲတင်းသည့် အကြံပေါ်ထွက်လာသည်။

“မင်းရဲ့ သားကောင်က ရှင်းဝေ့ကျန်းမလား၊ ဒါပေမဲ့ ငါ့ရဲ့သားကောင်က မင်းပဲ..”

ဟွမ်းသည် ထိုစကားကို ရေရွတ်လိုက်ရင်း စိတ်ဓာတ်များ တက်ကြွလာသည်ဟု ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ထိုနဂါးကို ရှု့ဒေါင့်ပေါင်းစုံမှ ထပ်မံတိုက်ခိုက်လိုက်သည်။

တစ်ရက်ကြာ ရိုက်နှက်ပြီးနောက်တွင် မိုးကြိုးနဂါးသည် စွမ်းအင်များ ပါးလွှာလာ၏။ ထို့ကြောင့်ပင် သူ၏ ခန္ဓာကိုယ်သည် ထွင်းဖောက်လုမတက် ကြည်လင်လာပြီး အရွယ်အစားသည် ငါးရှဉ့်တစ်ကောင်စာလောက်ပင် ကျန်ရှိတော့၏။

“ဘုန်း..”

ဟွမ်းသည် အားပြင်းပြင်းနှင့် ရိုက်ချလိုက်၏။ မိုးကြိုးနဂါးသည် နဂါးပုံပင် မပေါ်တော့ပဲ မိုးကြိုးစွမ်းအင် အရင်းအမြစ် အသွင်ပြောင်းလဲသွားရတော့သည်။

“ငါ့အပိုင်ပဲ..”

ဟွမ်းသည် ကြည်နူးသွား၏။ သူ၏ သွေးကြောများသည် စွမ်းအင်များကို ဝါးမြိုနိုင်စွမ်းရှိသောကြောင့် ထိုမိုးကြိုးစွမ်းအင်ကိုသာ ဝါးမြိုလိုက်ပါက သူသည် မိုးကြိုးစွမ်းအင် ကျင့်ကြံသူ ဖြစ်လာနိုင်ပြီဖြစ်သည်။

ထို့နောက် မိုးကြိုးအရင်းအမြစ် ကိုသူ၏ သူ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ သိမ်းဆည်းလိုက်၏။

သို့သော် ထိုသို့ သိမ်းဆည်းလိုက်သည်နှင့် တပြိုင်နက် ကောင်းကင်သည် တုန်လှုပ်သွားသည့် အသွင်ဖြစ်ပေါ်လာသည်။ ခဏကြာပြီးနောက် ကောင်းကင်ထက်တွင် ဖိအားများစွာပါဝင်သည့် စာလုံးတစ်ခုပေါ်ထွက်လာသည်။

“ကံကြမ္မာကို ဖီဆန်သူ..”

ထို့နောက်တွင် ထိုစာလုံးများသည် စုဝေးလာပြီး ကြီးမားသည့် လက်ဝါးတစ်ခုအသွင် ဖြစ်တည်လာသည်။ ထိုလက်ဝါးသည် အချိန်နှောင့်နှေးခြင်းမရှိပဲ မြန်ဆန်စွာ ဟွမ်းထံ ဦးတည်လာသည်။

‘ငါ့ကိုပြောတာလား၊ ရှင်းဝေ့ကျန်းသေဆုံးရမဲ့ အရေးကို စွက်ဖက်လိုက်လို့လား..၊ မပြီးနိုင်တော့ဘူးလား..’

ဟွမ်း စိတ်ရှုပ်သွား၏။ သူသည် ထိုမိုးကြိုးနဂါးကို မော့ရွှယ်အာ အဆင့်တက်ချိန်က ထွက်ပေါ်လာခဲ့သည့် မျက်ဝန်းပိုင်ရှင်နှင့် တူညီသည့်နေရာမှဟု တွေးထင်လိုက်သည်။

မျက်ဝန်းပိုင်ရှင်သည် မတည်ရှိသင့်သည့် တည်ရှိမှုများ ထွက်ပေါ်လာမည်စိုး၍သာ ကပ်ဘေးဖန်တီးပြီး စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။ မျက်ဝန်းပိုင်ရှင်၏ စကားအရ သူတို့သည် သန္ဓေဆိုးများပေါ်ထွက်လာမည်ကိုသာ စောင့်ကြည့်ခြင်း ဖြစ်ကြသည်။

“ဒါမှမဟုတ် အဲ့ဒီနေရာက နတ်ဘုရားကုန်းမြေက ကျင့်ကြံသူတွေရဲ့ ကံကြမ္မာကို ထိန်းချုပ်ထားတာလား..”

All Chapters