← Chapters

ထူဆန်းသည့် သစ်ပင်ငယ်

Vol. 13 Ch. 189

ထူဆန်းသည့် သစ်ပင်ငယ်

Vol. 13 Ch. 189

ရှင်းဝေ့ကျန်းကို ကယ်တင်ရုံနှင့် ကံကြမ္မာကို ဆန့်ကျင်သူဟု နာမည်တပ်ခံရခြင်းသည် အဓိပ္ပါယ်မရှိလှချေ။ သေရေးရှင်ရေးမှ သူကယ်တင်ဖူးခဲ့သည်သူ များစွာ ရှိပြီးဖြစ်သည်။ ထိုအချိန်များတုန်းက ဤသို့အရာမျိုး မကြုံဖူးခဲ့ချေ။

ဟွမ်း၏ စိတ်တွင် အတွေးမျိုးစုံဝင်ရောက်နေပြီး ဖြစ်နိုင်ချေများကို တွက်ချက်နေသည်။ သို့သော် ကောင်းကင်ထက်မှ လက်ဝါးသည် သူ့အား ထပ်မံ တွေးတောခွင့်မပေးတော့ချေ။

ထိုလက်ဝါးသည် ထျန်းယွမ်ကုန်းမြေသို့ ကျဆင်းလာပါက ထျန်းယွမ်ကုန်းမြေသည် အစိတ်စိတ်အမွှာမွှာကြေမွသွားနိုင်၏။

ဟွမ်းသည် တားဆီးရန် ဦးတည်သွား၏။ သူသည် တိုက်ရိုက်ရင်ဆိုင်ရန် ကြိုးစားလိုက်သည်။ ထျန်းယွမ်ကုန်းမြေပေါ်သို့ ကျဆင်းခွင့် မပေးချေ။

“ဘုန်း..”

ဟွမ်း အပြင်းအထန်နှင့် ဝိညာဉ်စွမ်းအင်များကို လည်ပတ်ကာ တားဆီးလိုက်သည်။

သူ၏ လက်နှက်ဖက်နှင့် ထိုလက်ဝါးကြီးအား တားဆီးထားသည်။ ဟွမ်းသည် သူ၏ လက်များတွင် ထုံကျဉ်မှုကို ခံစားမိသွား၏။

ထိုလက်ဝါးကြီးသည် ကြမ်းကြမ်းတမ်းတမ်းဖိချ လိုက်သော်လည်း ဟွမ်းသည် ကြံ့ကြံ့ခံရပ်တည်နေသည်။

ထို့ကြောင့် လက်ဝါးကြီးကို နောက်သို့ အနည်းငယ် ပြန်ဆုတ်သွား၏။ ထို့နောက် လက်ဖဝါးအတွင်း ရွှေရောင် အလင်းလှိုင်းများဖွဲ့စည်းလာခဲ့သည်။

‘ရှင်းဝေ့ကျန်းအတွက်နဲ့ ဒီကုန်းမြေတစ်ခုလုံး ဖျတ်စီးတော့မှာလား’

ဟွမ်းသည် ထိုစုစည်းထွက်ပေါ်လာသည် အလင်းစွမ်းအင်စက်လုံးကြီးကို ကြည့်ကာ ရေရွတ်လိုက်မိ၏။ အလင်းစက်လုံးအား သူတားဆီး၍ ရနိုင်သော်လည်း သူသည် နည်းစနစ်များ အသုံးမပြုနိုင်ချေ။ ထို့ကြောင့် သူတားဆီးလိုက်လျှင်တောင် ထိုစွမ်းအင်များ ပြန့်ကျဲသွားပြီး ထျန်းယွမ်ကုန်းမြေပေါ်သို့ ကျဆင်းသွားမည်မှာ ကျိန်းသေပင်။

ထိုအရာသည် အဓိပ္ပါယ်မရှိလှချေ။ ဟွမ်းမည်သို့ပင် တွေးတွေး အဖြေထွက်မလာတော့ပေ။ ထို့ကြောင့် သူသည် ထိုစွမ်းအင်စက်လုံးအား မည်သို့တားဆီးရမည်ကို တွေးတောနေ၏။

သို့သော် သူ၏ လုပ်နိုင်စွမ်းသည် အကန့်အသတ်ရှိနေ၏။ ရွှေရောင်စက်လုံးကြီးသည် ထျန်းယွမ်ကုန်းမြေပေါ်သို့ တန်းတန်းမတ်မတ်ကျဆင်းလာခဲ့သည်။

ဟွမ်းသည် ထိုရွှေရောင်စက်လုံးကို အလေးအနက်ကြည့်ရင်း သူ၏ စွမ်းအင်များကို လည်ပတ်စေလိုက်သည်။ ထိုအချိန်တွင် သူ၏ ဆံနွယ်များသည် နီဆွေးလာခဲ့ပြီး လေထုကိုပင် ဖျတ်စီးလိုသည့် အရှိန်အဝါသည် ထွက်ပေါ်လာ၏။ ဟွမ်းသည် မာန်ဟုန်သွင်းလိုက်ပြီးနောက် ဟေးယန်နှင့် ရွှမ်းလုံကို ထုတ်ဖော်လိုက်သည်။

ထို့နောက် ဟေးယန်သည် အနက်ရောင်မီးတောက်များအဖြစ် ပြောင်းလဲသွား၏။ သူသည် ဟွမ်း၏ခန္ဓာကိုယ်တွင် တောက်လောင်လာကာ ဟွမ်း၏ အရှိန်အဝါသည် ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။

အဆင့်သုံးကုန်းမြေ၏ ထိပ်သီးများ ဤနေရာတွင်ရှိပါက ဟွမ်း၏ ထုတ်ဖော်ထားသည့် အရှိန်အဝါနှင့်ပင် လောင်ကျွမ်းကာ သေဆုံးသွားနိုင်သည်။

ဟေးယန်နည်းတူ ရွှမ်းလုံသည် သူ၏ မူလအသွင်ပြောင်းလဲတော့မည့်အချိန်တွင် ဟွမ်းသည် ထူးဆန်းသည့် အရာကို တွေ့ရှိလိုက်ရ၏။

ထိုအရာသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသည့် မင်္ဂလာကောင်းချီးသစ်ပင်ငယ်လေးပင်။

ထိုသစ်ပင်ငယ်လေးထံမှ ရှေးဟောင်းအငွေ့အသက်များ ထွက်ပေါ်နေပြီး ရွှေရောင်စက်လုံးထံသို့ ဦးတည်သွားလိုက်သည်။

“ရွှီး..”

သေးငယ်သည့် သစ်ပင်ငယ်လေးသည် သူ့ထက် အဆပေါင်းထောင်ချီ ကြီးမားသည့် ရွှေရောင်စက်လုံးကြီးအား တွန်းလှံနေသည်မှာ မယုံနိုင်ဖွယ်ပင်။ ထို့နောက် ၎င်း၏ သေးငယ်သည့် သစ်ရွက်လေးနှစ်ခုသည် ထိုစွမ်းအင်များအား တစ်ခဏ အတွင်း စုပ်ယူသွားသည်။

“ဒါက..”

ဟွမ်းပင် ထိုသစ်ပင်ငယ်လေး၏ လုပ်နိုင်စွမ်းကို ကြည့်ကာ အံ့ဩသွား၏။ ထိုသို့ ထူးဆန်းမှုမျိုးမကြုံဖူးခဲ့ချေ။

ရွှေရောင်စက်လုံးသည် သစ်ပင်ငယ်လေး၏ စုပ်ယူမှုကြောင့် ပျောက်ကွယ်သွားပြီ ဖြစ်၏။ သို့သော် သစ်ပင်ငယ်လေးသည် မရပ်တန့်ပေ။ ကောင်းကင်အား အုပ်မိုးထားသည့် လက်ဝါးကြီးထံ ဆက်လက် ဦးတည်လိုက်သည်။

သစ်ပင်ငယ်လေးသည် ထိုလက်ဝါးကြီးထံရောက်ရှိသွားချိန်တွင် ဟွမ်း၏ မြင်ကွင်းမှ ၎င်းတို့သည် ပျောက်ကွယ်သွားကြ၏။

‘ဒီသစ်ပင်က..၊ ကောင်းကင်ရဲ့ ပြင်ပက လာခဲ့တာလား..၊ ဒါဆို ယောင်အာတို့ တွေ့ခဲ့တဲ့ ခေါင်းတလားထဲက မိန်းကလေးဝိညာဉ်ကရော..’

ဟွမ်းသည် ယနေ့တွင် မကြုံစဖူး အတွေးပေါင်းများစွာ တွေးနေခဲ့ရသည်။ သူသည် ရိုးရှင်းသည့် ဘဝနှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း ခရမ်းလမျိုးနွယ် ပျက်စီးချိန်မှစ၍ ထူးဆန်းသည့် အရာများကို ကြုံတွေ့လာရ၏။

“ရွှီး..ရွှီး..”

ခနအကြာတွင် ကောင်းကင်ကြီးသည် မူလအတိုင်း ကြည်လင်သွား၏။ ကောင်းကင်အား ဖုံးအုပ်ထားသည့် လက်ဝါးကြီးလည်း မရှိတော့ချေ။ ထိုအချိန်တွင် သစ်ပင်ငယ်လေးသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာခဲ့ပြီး ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်း ပြန်လည်ဝင်ရောက်သွားသည်။

ဟွမ်းသည် သူ၏ ဝိညာဉ်ပင်လယ်အတွင်း တိတ်တဆိတ် ရှိနေသည့် သစ်ပင်ငယ်လေးကို စစ်ဆေးကြည့်လိုက်၏။ သို့သော် မည်သူပြောင်းလဲ မှုမျှ မတွေ့ရချေ။

“ဒီသစ်ပင်ငယ်လေးက ဘာလုပ်လိုက်လို့ လက်ဝါးကြီးက နောက်ဆုတ်သွားတာလဲ..”

ဟွမ်းသည် ထိုသစ်ပင်ငယ်လေးနှင့် ဆက်သွယ်ကြည့်ရန် ကြိုးစားလိုက်သော်လည်း မတုံ့ပြန်ချေ။

ဟွမ်း သက်ပြင်းသာချလိုက်ပြီးနောက် ရှင်းဝေ့ကျန်းထံသို့ ဆင်းသက်လိုက်သည်။

“ရောင်းရင်းဟွမ်း..၊ အဲ့ဒါကြီးက..”

ရှင်းဝေ့ကျန်းသည် အထိတ်ထိတ်အလန့်လန့်ဖြစ်နေသည်။ သူ့အား သတ်ဖြတ်ရန် မိုးကြိုးနဂါးတစ်ကောင်စေလွှတ်ခြင်းခံရသည်။ သို့သော် ဟွမ်းကြောင့် ထိုမိုးကြိုးနဂါးအား ဖြေရှင်းနိုင်ခဲ့သော်လည်း ကောင်းကင်ပင် ဖုံးလွှမ်းထားသည့် လက်ဝါးကြီး ထွက်ပေါ်လာခဲ့ပြန်၏။ သူ့အား မည်သူက သတ်ချင်နေသနည်း။

“ဘယ်သူမှန်း အတိအကျ မသိပေမဲ့ ရှင်းဝမ်ကျဲရဲ့ အိမ်မက်က လွဲချော်သွားလို့ ဒီကစ္စတွေ ဖြစ်လာတာ..”

ဟွမ်းသည် သူ၏ အတွေးများ စုစည်းပြီးနောက် ကောက်နုတ်ချက်ကိုပြောလိုက်၏။ ရှင်းဝေ့ကျန်းတွင် မည်သည့် ထူးခြားချက်မျှ မရှိပေ။ ထို့အပြင် သူ့အား သတ်ဖြတ်လိုသူသည် ဤမျှအထိ အားစိုက်ထုတ်ရန်ပင် မလိုအပ်ချေ။ ထို့ကြောင့် ထူးခြားသည့် ကံကြမ္မာကြယ်မျိုးနွယ်ဖြစ်သူ ရှင်းဝမ်ကျဲ သာဖြစ်နိုင်ချေရှိသည်။

ဟွမ်း နားမလည်သည်က ကံကြမ္မာကြယ်မျိုးနွယ်အား တစ်ချိန်တည်း သတ်ဖြတ်နိုင်ခဲ့သည့်သူ၊ ဤအရာများကို ပြုလုပ်နေသည့် နောက်ကွယ်မှသူကိုပင်။

အတိတ်က ဟွမ်းသည် မှတ်ဉာဏ်ပျောက်ဆုံးသူ ဖြစ်နေသောကြောင့် သူ၏ အတိတ်အား စူးစမ်းချင်ခဲ့သည်။ နောက်တွင် ကံကြမ္မာကြယ်မျိုးနွယ်သည် အနာဂတ်နှင့် အတိတ်ကို ခန့်မှန်းသိရှိနိုင်သည်ဟု သိရှိခဲ့၏။

ထို့ကြောင့် သူသည် ကံကြမ္မာကြယ်မျိုးနွယ်ရှိရာသို့ သွားရောက်ခဲ့သည်။

“အဘိုးကြီး ကျုပ်ရဲ့ အတိတ်ကို ကြည့်ပေး..”

ဟွမ်းသည် မောက်မောက်မာမာနှင့် ဆိုလိုက်၏။

ကံကြမ္မာကြယ်မျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူ ရှင်းဝူဟန်သည် သူ၏ နှုတ်ခမ်းများ တဆက်ဆက်တုန်ယင်သွားသည်။ သူ၏ ဆွတ်ဆွတ်ဖြူနေသည့် မုတ်ဆိတ်များကို သပ်လိုက်ရင်း ဟွမ်းကို မာန်မဲလိုက်၏။

“လူငယ်လေး အတိတ်ကို မှန်းဆ ကြည့်ရှုတယ်ဆိုတာ ပုံပြင်စာအုပ်ကို ပြန်လှည်ကြည့်သလို လွယ်တယ်များထင်နေလား..”

“ခင်ဗျားတို့ တောင်းဆိုချင်တာကိုပြောလိုက်..”

ဟွမ်း၏ လေသံသည် မလျော့ကျပဲ ရှင်းဝူဟန်ကို ကြည့်ကာ ဆိုလိုက်၏။

“မင်း..”

“စိတ်ထိန်းပါ..ဒုတိယအကြီးအကဲ..”

ကံကြမ္မာကြယ်မျိုးနွယ်၏ ဒုတိယအကြီးအကဲဖြစ်သူသည် ဟွမ်းအား ထရိုက်လုမတက်ပင် ဒေါသထွက်နေ၏။ ကျန်ရှိသည့် အကြီးအကဲ ငါးဦးသည် ဝိုင်းဝန်း ဆွဲထား၍သာ။

အခြားအကြီးအကဲ ငါးဦးသည် ဒေါသထွက်နေကြကာ ချက်ချင်းရိုက်နှက်ပစ်ချင်သည်။ သို့သော်လည်း ထိုလူငယ်ကို ဆန့်ကျင်သည့် နတ်ဘုရားကုန်းမြေမှ အင်အားစုများသည် ရိုက်နှက်ခြင်းခံခဲ့ရသည်။

ထိုအင်အားစုများ၏ ဘိုးဘေးများပင် မကျန် ထိုလူငယ်၏ ရိုက်နှက်မှုအောက်မှ မလွတ်မြောက်ခဲ့ကြဟု ကြားဖူးနေ၏။ သူတို့ကဲ့သို့ အင်အားနိမ့်ကျ သူများသည် ထိုလူငယ်အား ဆန့်ကျင်နိုင်စွမ်းမရှိချေ။

“ငါတို့က ကျင့်ကြံသူတွေရဲ့ အတိတ်နဲ့ အနာဂတ်ကို လက်လွတ်စပယ် ကြည့်လို့မရဘူး”

ရှင်းဝူဟန်သည် ခေါင်းယမ်းကာဆိုလိုက်၏။ သူတို့သည် ထိုသို့အရာများကို ကြည့်ရှုမိပါက နိမ့်ကျသည့် ကျင့်ကြံသူအတွက်ဖြစ်စေ ထိုကြည့်ရှုမှုအတွက် ထိုက်သင့်သည့် တန်ဖိုးများ ပေးအပ်ကြရသည်။

ထို့ကြောင့် ကံကြမ္မာကို ကြည့်ရှု့ခြင်းထက် သူတို့ထံ အလိုလို ပေါ်ပေါက်လာသည့် ရှေ့ပြေးနိမိတ်များကိုသာ စောင့်ကြည့်တက်ကြသည်။ ထို့ကြောင့် ဟွမ်း၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်၏။

ထို့နောက် ဟွမ်းသည် မည်သည့် နည်းလမ်းသုံးကာ တောင်းဆိုပါစေ ရှင်းဝူဟန်သည် ငြင်းဆန်မှုသာ ပြုလုပ်လိုက်သည်။

ဟွမ်းသည် စိတ်ဓာတ်ကျသွား၏။ ထိုခေါင်းမာသည့် အဘိုးအိုတစ်သိုက်သည် ချော့၍လည်းမရ၊ ခြောက်၍လည်း မကြောက် အခက်တွေ့သွားသည်။

All Chapters