← Chapters

ကျန်းမျိုးနွယ်

Vol. 13 Ch. 191

ကျန်းမျိုးနွယ်

Vol. 13 Ch. 191

‘အဲ့ဒီတုန်းက သူတို့မြင်တွေ့လိုက်ရတဲ့ အရာကဘာများဖြစ်မလဲ..၊ သူတို့မှာ ခုခံလိုစိတ်မရှိတာကြောင့် အဲ့ဒီနေရာကတည်ရှိမှုက အေးအေးချမ်းချမ်း အဆုံးသတ်ပေးလိုက်တာလား..’

လက်ရှိတွင် ဟွမ်းသည် များစွာသည့်စဉ်းစားမှုများကို ပြုလုပ်နေသည်။ ထိုစဉ်က ရှင်းဝူဟန်အပါအဝင် အားလုံးသည် သေဆုံးရန် အသင့်ဖြစ်နေသည့် မျက်နှာထားများနှင့်ပင်။ ထို့ကြောင့်ပင် အပြာရောင်အလင်းတန်းများသည် ညင်သာစွာ ပျောက်ကွယ်ခွင့်ပြုလိုက်ခြင်းနှင့် တူနေသည်။

သို့သော် ရှင်းဝေ့ကျန်းအား ကြမ်းကြမ်းအဆုံးသတ်ရန် ပြုလုပ်ခဲ့သည်။ ရှင်းဝေ့ကျန်းသည် ဟွမ်း၏ ကယ်တင်မှုကြောင့် သေဆုံးရမည်ကို ငြင်းဆန်လိုက်မိခြင်းဖြစ်နိုင်၏။

သူသည် ထိုသို့ ကူညီရခြင်းအကြောင်းအရင်းမှာလည်း ကံကြမ္မာကြယ်မျိုးနွယ်ကြောင့်ပင်။ ရှင်းဝမ်ကျဲသည် တစ်ဦးတည်းသော မျိုးဆက်ဖြစ်၏။ ထို့ကြောင့် သူ့အတွက် အရေးပါသည့် အရာများကိုပင် ကာကွယ်ပေးရန် ဆုံးဖြတ်ခဲ့သည်။

“ခင်ဗျား အားလုံးကို အသိပေးဖို့ပြင်ဆင်လိုက်..”

ဟွမ်းသည် ရှင်းဝေ့ကျန်းကို ခိုင်းစေလိုက်သည်။ သူသည် ဟွမ်းယွီအိမ်တော်တွင် ရောက်ရှိနေ၏။ ကြမ်းတမ်းလှသည့် တိုက်ပွဲများကြောင့် ထျန်းယွမ်ကုန်းမြေ၏ နေရာအတော်များများသည် ပျက်စီးမှုများစွာ ကြုံနေရသည်။

ထိုပျက်စီးမှုများထဲ ဟွမ်းယွီအိမ်တော်လည်း မလွတ်မြောက်ပေ။ တော်သေးသည်က သူတို့ ထျန်းယွမ်ကုန်းမြေမှ မထွက်ခွာခင် တည်ဆောက်ထားခဲ့သည့် နယ်ပယ်ဖြတ်ကျော်ခြင်း အစီအရင်တွင် အကာကွယ်များစွာ ပြုလုပ်ထားခဲ့ခြင်းကြောင့်

သူသည် သစ်ပင်ငယ်လေးက မည်သို့ လုပ်ဆောင်လိုက်သည်ကို မသိရသော်လည်း ရှင်းဝေ့ကျန်းတို့အား ထျန်းယွမ်ကုန်းမြေတွင် မနေစေလိုတော့ပေ။

သွေးဘိုးဘေး၏ အန္တရာယ်လည်း ရှိနေသေးသည်။ ထိုလူပျက်အဘိုးအိုအား ဂရုမစိုက်သော်လည်း ရှင်းဝေ့ကျန်းတို့ ဆန့်ကျင်နိုင်သည့် အနေအထားမဟုတ်သေးပေ။ ဟွမ်းသည် ထိုသွေးမျိုးနွယ်အတွက် အစီအစဉ်များ ချမှတ်ပြီးဖြစ်၏။

ထို့နောက် သူသည် ရွှေရောင်သစ်ပင်ငယ် အတွင်း သူ၏ စိတ်ဝိညာဉ်ပို့လွှတ်လိုက်ကာ မော့ရွှယ်အာကို ပြောဆိုလိုက်၏။

“ရွှယ်အာ..မြူနှင်းတောင်ခြေမှာ ထျန်းယွမ်ကုန်းမြေနဲ့ ချိတ်ဆက်မဲ့ နယ်ပယ်ဖြတ်ကျော်ခြင်း အစီအရင်ကို တည်ဆောက်လိုက်..”

လင်းရှန်နယ်မြေတွင် ကျင့်ကြံနေသည့် မော့ရွှယ်အာသည် ဟွမ်း၏ စကားကို လက်ခံလိုက်၏။ ဟွမ်း၏ လေသံသည် တည်ငြိမ်သည်ဟု ခံစားမိသော်လည်း အနည်းငယ် အလောကြီးနေသည်ဟု ခံစားမိသည်။ ထို့ကြောင့် ချက်ချင်း လင်းရှန့်နယ်မြေမှ ထွက်ခွာလိုက်၏။

ထို့အပြင် သူမအား ကူညီရန် ချုးယွီဟွာလည်း လိုက်လာခဲ့သည်။ သူမတို့သည် အကြောင်းအရာများကို သေချာ မသိရှိသော်လည်း ဟွမ်း၏စကားကို လိုက်နာခဲ့ကြ၏။

ထို့နောက် ထိုမိန်းကလေးနှစ်ဦးသည် မြူနှင်းတောင်အောက်သို့ ဆင်းသွားခဲ့ကာ နယ်ပတ်ဖြတ်ကျော်ခြင်း အစီအရင်ကို တည်ဆောက်လိုက်ကြသည်။ မော့ရွှယ်အာသည် အဆင့်ငါးသို့ ရောက်ရှိပြီးချိန်တွင် ထိုအစီအရင်ကို လျှင်မြန်စွာပြုလုပ်လာနိုင်၏။

ထို့အပြင် သူမသည် ဤအစီအရင်ကို ထျန်းယွမ်ကုန်းမြေတွင် တည်ဆောက်ခဲ့ပြီးဖြစ်သည်မို့ ယခုတွင် ကျွမ်းကျွင်စွာ ပြုလုပ်နိုင်ပြီဖြစ်သည်။

သူမသည် အစီအရင်အတွင် လိုအပ်သည် အလံများ၊ အစီအရင် ကျောက်ပြားများကို ဦးစွာ ရေးဆွဲ၏။ ချုးယွီဟွာသည် သူမ နားလည်ထားသည့် အစီအရင် ကျောက်ပြားများကို ကူညီရေးထွင်းပေးနေသည်။ သူမတို့နှစ်ဦးသည် တက်ညီလက်ညီနှင့် အစီအရင်ကြီးတစ်ခု တည်ဆောက်နေတော့၏။

တစ်ဖက်ရှိ ကျန်းမျိုးနွယ်၏ အိမ်တော်တွင် မျိုးနွယ်ခေါင်းဆောင်နှင့် အကြီးအကဲနှစ်ဦး တို့သည် ဆွေးနွေးနေကြ၏။

“ကျောက်အိမ်တော် ကလေးမလေးရဲ့ အခြေအနေကို သိခဲ့ရပြီလား..”

သက်လတ်ပိုင်းအရွှယ် အမျိုးသမီးကြီးသည် အကြီးအကဲနှစ်ဦးအား မေးခွန်းထုတ်လိုက်၏။ သူမသည် ကျန်းမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သူ ကျန်းလီယွီ့ ဖြစ်သည်။ သူမ၏ ပုံစံသည် အသက်ငါးဆယ်ဝန်းကျင်ခန့်အရွှယ်တွင်ရှိနေသော်လည်း ယခင်က လှပခဲ့သည်မှာ ကျိန်းသေပင်။ ကျင့်ကြံသူများသည် သူတို့၏ ရုပ်ရည်ကို ထိန်းသိမ်းနိုင်စွမ်းရှိသော်လည်း သူမသည် ထိန်းသိမ်းထားခဲ့ခြင်းမရှိချေ။

ကျန်းမျိုးနွယ်သည် ကျောက်အိမ်တော်၏ အကူအညီကြောင့် သွားရောက်ခဲ့သော်လည်း ထိုပြသနာအား ဖြေရှင်းပြီးသွားပြီ ဖြစ်ကြောင်းသာ ပြောဆိုခဲ့၏။ ထို့အပြင် မည်သည့်အရာမျှ ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် ကျန်းမျိုးနွယ်၏ စိတ်ဝင်စားမှုသည် ပိုမိုမြင့်တက်လာခဲ့၏။

သက်ရှိများ၏ သဘာဝသည် ဖုံးကွယ်ထားလေလေ ပို၍သိချင်လေလေ။

“သတင်း ရခဲ့ပါပြီ၊ ကျောက်အိမ်တော်က လုံးဝနှုတ်ဆိတ်နေပေမဲ့ ကျုပ်နည်းလမ်းမျိုးစုံနဲ့ စုံစမ်းခဲ့ပါတယ်..”

အကြီးအကဲတစ်ဦးသည် ဆိုလိုက်၏။ သူသည် အကြီးအကဲချုပ် ကျန်းချုးပိုင်ဖြစ်ပြီး ကျောက်ဝမ်အာနှင့်ပတ်သတ်သည့် သတင်းများကို စုံစမ်းခဲ့သူဖြစ်သည်။

“အကြောင်းစုံပြော..”

ကျန်းလီယွီ့သည် စိတ်ရှည်ဟန် မရတော့ပဲ ပြောစေလိုက်၏။

“ဒီလိုပါ..၊ ကျုပ်စုံစမ်းရခဲ့သလောက် အဲ့ဒီကလေးမလေးက ထူးခြားတဲ့ နတ်ဝိညာဥ်နဲ့ မွေးဖွားလာပြီး ငယ်စဉ်ကတည်းက နတ်အင်ပါယာအဆင့်ရောက်နေပြီ၊ ဒါပေမဲ့ ကျောက်ယီချင်းက ဟွမ်းရှန့် နန်းတော်ကို အပ်လိုက်တယ်တဲ့..”

ကျန်းချုးပိုင်သည် သူသိသမျှပြောလိုက်၏။

“ဟွမ်းရှန့်နန်းတော်က ဘယ်အဖွဲ့အစည်းလည်း..”

ကျန်းလီယွီ့သည် စဉ်းစားရ ခက်ခဲဟန်နှင့် မေးခွန်းထုတ်လိုက်၏။ ထို့ကြောင့် ကျန်းချုးပိုင်သည် ရှင်းပြလိုက်သည်။

“တည်ထောင်တာ တစ်နှစ်တောင်မပြည့်သေးတဲ့ အဖွဲ့အစည်းလေးမို့လား..”

ကျန်းလီယွီ့သည် မျက်မှောင်ကြုတ်သွားကာ ဆိုလိုက်၏။ ကျောက်ယီချင်းသည် သူ၏ သမီးကို ဟွမ်းရှန့်နန်းတော်တွင် အပ်နှံ့ခဲ့သည့် အကြောင်းအရင်းကို နားမလည်ချေ။

“အဲ့ဒီနန်းတော်သခင်က သူတို့ကျောက်အိမ်တော်ကို ကူညီခဲ့တယ်လို့ပြောတယ်..”

ကျန်းချုးပိုင်သည် ထပ်မံပြောဆိုလိုက်၏။

“ဟမ့်..၊ အခုချက်ချင်း ကျောက်အိမ်တော်ကိုသွား ငါ့တို့ကျန်းမျိုးနွယ်က သူမအတွက် မြင့်မားတဲ့အဆင့်အတန်းတစ်ခုပေးမယ်..၊ ပြီးရင် ဟွမ်းရှန့်နန်းတော်ကိုသွား ကျောက်အိမ်တော်က ကလေးမလေး လမ်းမှား မရောက်သွားအောင် ငါ့တို့ မျိုးနွယ်ကို ခေါ်ခဲ့..”

ကျန်းလိယွီ့သည် ကျိုးကြောင်းဆီလျော်မှု မရှိသည့် စကားကို ဆိုလိုက်၏။ သူမသည် ကျောက်ဝမ်အာကို ကျန်းမျိုးနွယ်သို့ ခေါ်ဆောင်ချင်သွားသည့် အတွက်ပင်။

“စိတ်ချပါ၊ မျိုးနွယ်ခေါင်းဆောင်..”

ကျန်းချုးပိုင်သည် ထိုကိစ္စဆောင်ရွက်ရန် စိတ်အားထက်သန်သွား၏။

ကျန်းလီယွီ့သည် တိတ်တဆိတ် အတွေးနက်သွားသည်။

‘နတ်ဝိညာဉ်လား..၊ ငါသာ အဲ့ဒီအရာကို..’

“ဟွမ်းရှန့်နန်းတော်ဆိုရင် အပြစ်မပြုကြတာ ကောင်းလိမ့်မယ်..”

တိတ်ဆိတ်နေသည့် အကြီးအကဲ၏ စကားကြောင့် ကျန်းလီယွီ့၏ အတွေးများ ပြတ်တောက်သွားသည်။ ထိုအကြီးအကဲသည် ဟွမ်းရှန့်နန်းတော်အား အသိအမှတ်ပြုရန် သွားရောက်ခဲ့သည့် အကြီးအကဲကျန်းရွှမ်ထုံဖြစ်၏။

“ဒီလို ထူးခြားတဲ့ ကလေးမကို ငါ့တို့ကျန်းမျိုးနွယ်ကပဲ မြေတောင်မြှောက်‌ပေးနိုင်မှာလေ၊ အဲ့ဒီလို အဖွဲ့အစည်းလေးက လုပ်ပေးနိုင်မယ်ထင်လို့လား၊ ပြီးတော့ ငါတို့ ကျန်းမျိုးနွယ်က အဲ့ဒီလို အဖွဲ့အစည်းလေးကို ကြောက်ရွံ့နေရမှာလား..”

ကျန်းချုးပိုင်သည် အကြီးအကဲကျန်းရွှမ်ထုံကို မာန်မဲလိုက်၏။

‘ကျန်းမျိုးနွယ်မှာ ဒီလိုကောင်ရှိနေတာကို မယုံနိုင်ဘူး..’

ထို့အပြင် ကျန်းရွှမ်ထုံ၏ စိုးရွံ့နေဟန်ကို ကြည့်ကာ စိတ်ပျက်သွားသည်။

“မိစ္ဆာသူတော်စင်ဂိုဏ်းကအကြီးအကဲတောင် ထွက်ပြေးခဲ့ရတာလေ..နန်းတော်သခင်ကို သာမန်ကျင့်ကြံသူတစ်ဦးဖြစ်မယ်ထင်လို့လား..”

ကျန်းရွှမ်ထုံသည် မေးခွန်းထုတ်လိုက်၏။ ဤနေရာတွင် ဟွမ်း၏ စွမ်းအား ခံစားဖူးသူမှာ သူတစ်ယောက်သာရှိသည်။ ထို့အပြင် မျိုးနွယ်ခေါင်းဆောင်ပင် အဆင့်ခြောက်တစ်ဦးသာဖြစ်၏။

“တော်တော့..အငြင်းမပွားနဲ့တော့..၊ အဲ့ဒီ ဟွမ်းရှန့်နန်းတော်ကို လေ့ကျင့်ရေးနယ်မြေ ဖွင့်လှစ်မဲ့အချိန် လာရောက်ဖို့ ဖိတ်ခေါ်ထားလိုက်..”

ကျန်းလီယွီသည် အကြီးအကဲနှစ်ဦးကြား ဖျန်ဖြေလိုက်၏။

ထို့အပြင် မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲကို ထွက်ပြေးစေသည် ဟူသည်ကျန်းရွှမ်ထုံ၏ စကားကြောင့် သူမသည် အနည်းငယ်ချင့်ချိန်လိုက်ခြင်းဖြစ်သည်။

‘အဲ့ဒီလူက အဆင့်ခြောက် အထွတ်အထိပ်မှာ ဖြစ်လောက်မယ်’

သူမသည် တိုက်ရိုက်တွေ့လိုခြင်းဖြစ်သောကြောင့် သူမ၏ အစီအစဉ်အား ပယ်ဖျတ်လိုက်၏။ သို့မှသာ ဟွမ်း၏ စွမ်းအားကို ကိုယ်တွေ့ မြင်နိုင်မည်ဖြစ်သည်။

“ကျုပ် ဟွမ်းရှန့်နန်းတော်ကို အသိမှတ်ပြုတဲ့အချိန်ကတည်းက ဖိတ်ခေါ်ထားခဲ့ပါတယ်..”

ကျန်းရွှမ်ထုံသည် ထိုနေ့ကတည်းက ဟွမ်းအားပြောကြားခဲ့ပြီးဖြစ်သည်။ ကျန်းလီယွီ့သည် ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်၏။ ထို့နောက် သူတို့၏ အစည်းအဝေးကို ရပ်နားလိုက်ကြ၏။

‘နတ်ဝိညာဉ်လား..’

ကျန်းလီယွီ့သည် အကြီးအကဲနှစ်ဦးထွက်ခွာသွားပြီးနောက် သူမ၏ မျက်ဝန်းသည် မှေးကျဉ်းသွားသည်။ ခဏအကြာတွင် ထိုနေရာမှ ပျောက်ကွယ်သွားတော့၏။

All Chapters