← Chapters

ရွှေ့ပြောင်းခြင်း

Vol. 13 Ch. 192

ရွှေ့ပြောင်းခြင်း

Vol. 13 Ch. 192

“ငါ စီစဉ်ထားတဲ့ အစီအစဉ်မှန်သမျှကို ခဏတိုင်း ဖျတ်ဆီးခံနေရတယ်လို့ သံသယ ဝင်မိတယ်..”

ဟွမ်းသည် ဟွမ်းယွီ အိမ်တော်အတွင်း ထိုင်နေရင်း အတွေးများ စွာဝင်ရောက်နေသည်။

သူသည် ထျန်းယွမ်ကုန်းမြေရှိ ကျင့်ကြံသူများကို လင်းရှန်နယ်မြေ ကောင်းမွန်စွာလည်ပတ်လာနိုင်ချိန်မှ ခေါ်ယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော် လက်ရှိခြေအနေတွင် ထိုသို့ ဖြစ်ခွင့်မရတော့ချေ။

ထို့အပြင် ရွှေရောင်သစ်ပင်ငယ်လေးကြောင့် လင်းရှန်နယ်မြေတွင် တွေ့ကရာကျင့်ကြံသူများ ခေါ်သွင်း၍ မရနိုင်တော့ချေ။ အကြောင်းမှာ လင်းရှန်နယ်မြေသည် အထွတ်ထိပ်နယ်မြေတစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆမိသွားသောကြောင့်ပင်။

‘နောင်မှာ ငါ့အစီအစဉ်တွေကို မလွဲမချော်အောင် စနစ်တကျ ချမှတ်ရမယ်’

ထိုအရာများကို စဉ်းစားမိရင်း သူ၏ စိတ်သည် တင်းကြပ်လာ၏။ ကောင်းကင်ထက်မှ လက်ဝါးကြီးအားပင် မကြောက်မရွံ့ တိုက်ခိုက်နိုင်သော်လည်း လောကအရေးများစဉ်းစားလိုက်ချိန်တွင် သူ၏စိတ်များ ရှုပ်ထွေးလာရသည်။

“စီနီယာ..ကျုပ်တို့ စာရင်းလုပ်ပြီးပါပြီ”

ဟွမ်းစိတ်ရှုပ်နေစဉ် ထိုက်ဟုန်ကျွင်းနှင့် ချီမင်ယောင်သည် သူ၏ အတွေးများကို နှောက်ယှက်လိုက်သည်။

“စီနီယာ ခန့်မှန်းထားသလိုပဲ၊ အချို့ အဖွဲ့အစည်းနဲ့ ကျင့်ကြံသူတွေက ဒီကုန်းမြေက ထွက်ခွါဖို့ စိတ်မဝင်စားကြဘူး..”

ထိုက်ဟုန်ကျွင်းသည် အလိုမကျစွာ ဆိုလိုက်၏။ ဟွမ်းသည် ဤကုန်းမြေမှ ထွက်ခွါလိုသည့် ကျင့်ကြံသူများကို ခွဲခြမ်းခိုင်းလိုက်သည်။ ဟွမ်းသည် သတ်မှတ်ချက်များကို ပြတ်ပြတ်သားသား ထုတ်ဖော်ထား၏။

အဆင့်သုံးနယ်မြေသို့ ထွက်ခွာလိုသူများသည် သူ၏ လက်အောက်တွင် ရှိနေရမည်ဖြစ်သည်။ ထို့အပြင် သူ့လက်အောက်တွင် မနေလိုလျှင်လည်းရ၏။ သို့သော် ထိုသို့ ထွက်ခွာသူအား မည်သည့် ကာကွယ်မှုမျှ ပေးအပ်တော့မည် မဟုတ်သလို ပြန်လည်ဝင်ရောက်လိုလျှင်လည်း လက်ခံမည် မဟုတ်ပေ။

ထို့အပြင် ဤနေရာရှိ သလင်းကျောက်များသည် အသုံးဝင်တော့မည်မဟုတ်ပဲ ပြန်လည်ကြိုးစားရှာဖွေရတော့မည်ဖြစ်သည်။ ထို့ကြောင့် ဤနေရာရှိ အဆင့်မြင့် အင်အားစုများဖြစ်စေ၊ အဆင့်နိမ့် ကျင့်ကြံသူများ ဖြစ်စေ အားလုံးတပြေးညီတည်း ဖြစ်သွားမည်ဖြစ်၏။

ထျန်းယွမ်ကုန်းမြေတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျင့်ကြံသူ သုံးပုံတစ်ပုံခန့် သေဆုံးခဲ့ရသည်။

နတ်အင်ပါယာအဆင့်ရောက်နေသူများအားလုံး ထွက်ခွာကြမည်ဖြစ်သည်။ မိစ္ဆာနယ်မြေမှ ကျင့်ကြံသူများသည် ပြောစရာပင်မလိုချေ။ ချီမင်ယောင်၏ အမိန့်အတိုင်း မလွဲမသွေလိုက်နာကြသည်။

သို့သော် အခြားနယ်မြေသုံးခုသည် မတူညီပေ။ ထိုက်ရွှမ်ဂိုဏ်းတွင် ကျင်းဝူတောက်နှင့် ရှဲ့လန်သည် ထွက်ခွာခြင်း ပြုမည်မဟုတ်ပေ။ သူသည် ထိုက်ရွှမ်ဂိုဏ်းအား ထိန်းသိမ်းလိုခြင်းဖြစ်၏။ သို့သော် တပည့်ဖြစ်သူ ရှောင်ထျန်း အား ထိုက်ဟုန်ကျွင်းနှင့် လိုက်ပါစေရန် အမိန့်ပေးလိုက်သည်။

ထို့ကြောင့် ထိုက်ဟုန်ကျွင်းနှင့် တပည့်အချို့သာလိုက်ပါခဲ့သည်။

ချီယင်းအိမ်တော်ရှိ ချုးထန်သည်တော့ လိုက်ပါရန် ရွေးချယ်ခဲ့၏။ သူ့အနေနှင့် ချုးယွီဟွာနှင့် တွေ့ဆုံကာ ပြောစရာအချို့ရှိနေသည်။ ရှင်းယန်၏ ဖခင်ဖြစ်သူ လုချောင်းယန်တို့သည်လည်း လိုက်ပါရန် ဆုံးဖြတ်ခဲ့ကြ၏။

သို့သော်လင်းယွမ်နယ်မြေ၏ အခြားဂိုဏ်းနှစ်ခုသည် လိုက်ပါလိုခြင်းမရှိခဲ့ချေ။ ဟွမ်းသည် မလိုပါလိုလျှင် အတင်းကြပ် ခေါ်စရာမလိုကြောင်းပြောကြားခဲ့သည်။

သူတို့သည် ထျန်းယွမ်ကုန်းမြေ၏ ပြသနာအရင်းအမြစ်သည် ရှင်းဝေ့ကျန်းမှန်း သိရှိပြီးဖြစ်၏။ ထို့ကြောင့် ရှင်းဝေ့ကျန်း မရှိတော့လျှင် ပြသနာသည် ပြေလည်သွားမည်ဖြစ်ပြီး နတ်အင်ပါယာများ မရှိတော့သောကြောင့် သူတို့သည် ထိပ်သီးများဖြစ်လာနိုင်မည်ဖြစ်သည်။

ထို့အပြင် အခြားနယ်မြေတွင် ချို့တဲ့စွာ နေထိုင်ရမည့်အစား ဤကုန်းမြေတွင် ချမ်းချမ်းသာသာနေထိုင်လိုကြ၏။ သို့သော် သူတို့မသိသည်မှာ ဟွမ်းသည် ဤတစ်ကြိမ်သာ အခွင့်အရေးပေးခဲ့ခြင်းပင်။ နောက်ထပ် ထျန်းယွမ်ကုန်းမြေနှင့် ပတ်သတ်သည့် ကိစ္စများကို ဂရုစိုက်တော့မည် မဟုတ်ချေ။

မြောက်ပိုင်းနယ်မြေတွင်လည်း ဟေးချုံးနှင့် တပည့်အနည်းငယ်သာ လိုက်ပါရန် ဆုံးဖြတ်ခဲ့သည်။

ဗဟိုကုန်းမြေတွင် လင်းအိမ်တော်သည် ထိပ်ဆုံးက စာရင်းပေးသွင်းခဲ့၏။ ထို့အပြင် ပန်းပဲပညာရှင် ကျုးကောသားအဖသည်လည်း ထွက်ခွာလိုကြသည်။

ထွက်ခွါလိုသူများအား စာရင်းပြုစုပြီးနောက်တွင် ကျင့်ကြံသူဦးရေသည် သောင်းဂဏာန်းပင် မပြည့်ချေ။ စုစုပေါင်း ငါးထောင်ခန့်သာရှိပြီး ခန့်မှန်းထားသည်ထက်ပင် နည်းပါးလေသည်။ သို့သော် ထိုအရာက ဟွမ်းအတွက်အဆင်ပြေသွား၏။ သူသည် လူများပြီး ပွဲမစည်သည့် အကြောင်းအရာမျိုး မလိုလားချေ။

“အဆင်ပြေတယ်..၊ အားလုံးကို စုစည်းထားလိုက်တော့ နောက်သုံးရက်နေရင် ထွက်ခွာမယ်..”

တစ်လခန့်ကြာပြီးနောက်တွင် မော့ရွှယ်အာသည် အစီအရင်ကို ပြီးပြည့်စုံစွာတည်ဆောက်မှု ပြီးစီးပြီဟု လင်းရှန်နယ်မြေမှ သတင်းပေးပို့ခဲ့သည်။

ထို့ကြောင့် ဟွမ်းသည် ထျန်းယွမ်ကုန်းမြေမှ အစီအရင်ကို လည်ပတ်စေရန် ဝိညာဉ်စွမ်းအင်များ သုံးစွဲလိုက်၏။

နယ်ပယ်ဖြတ်ကျော်ခြင်း အစီအရင်တည်ရှိသည့် မြေပြင်တွင် အလင်းတန်းများ တောက်ပလာသည်။ အစီအရင်သည် ပို့ဆောင်ရန် အဆင်သင့် ဖြစ်နေ၏။ သို့သော် ထိုစဉ်က ဟွမ်းတို့အတွက်သာရည်ရွယ်၍ တည်ဆောက်ခဲ့ခြင်း ဖြစ်သောကြောင့် အစီအရင်ကို ကြီးကြီးမားမား တည်ဆောက်ခဲ့ခြင်း မရှိချေ။

ထို့ကြောင့် လက်ရှိတွင် အနည်းငယ်စီသာ ရွှေ့ပြောင်းရမည်ဖြစ်သည်။ ထျန်းယွမ်ကုန်းမြေမှထွက်ခွာလိုသူများ အသင့်ဖြစ်နေကြပြီဖြစ်၏။ ထို့ကြောင့် ရွှေ့ပြောင်းမှုကို စတင်လိုက်တော့သည်။

လူငါးထောင်ခန့်အား ပြောင်းရွှေ့ရန် တစ်လနီးပါး အချိန်ယူခဲ့ရလေသည်။ ထိုအချိန်တွင် ဟွမ်းရှန့်နန်းတော်သို့ သွမ့်မုယီသည် ချန်ကန်းဂိုဏ်းတပည့်များနှင့်အတူ ရောက်ရှိလာခဲ့၏။

ကျန်းမျိုးနွယ်သို့ သွားရောက်ရန် အချိန်နီးကပ်နေပြီဖြစ်သည်။ သို့သော် ဟွမ်းသည် ဟွမ်းရှန့်နန်းတော်သို့ မရောက်ရှိသေးချေ။

ချုးယွီဟွာသည် ထိုကိစ္စအား လင်းရှန်းနယ်မြေသို့ ဝင်ရောက်၍ ဟွမ်းနှင့် တိုင်ပင်လိုက်သည်။

“ယွီဟွာ..၊ ကျန်းမျိုးနွယ်ဆီ အကြီးအကဲဝမ် နဲ့တပည့်တွေကိုပဲ လွှတ်လိုက်..၊ မင်းနဲ့ ရွှယ်အာက ထျန်းယွမ် ကျင့်ကြံသူတွေကို စီစဉ်ဖို့အတွက် နေခဲ့၊ ပြီးတော့ ဂိုဏ်းချုပ်သွမ့်မုယီကို မြူနှင်းတောင်ခြေမှာ မြို့တစ်ခု တည်ဆောက်မယ်ဆိုတဲ့ အကြောင်းကို အသိပေးလိုက်..၊ ကျုပ်က ဒီမှာ ရှိတဲ့ ကိစ္စကို ရှင်းပြီးတာနဲ့ ပြန်လာခဲ့မယ်..”

ဟွမ်းသည် လင်းရှန့်နယ်မြေအား အသံပို့လွှတ်ကာ အစီအစဉ်များကို တရစပ် စေခိုင်းလိုက်သည်။

‘ဒီကို အားလုံးရောက်ရှိလာပြီမဟုတ်ဘူးလား၊ စီနီယာအစ်ကိုက ဘာလုပ်ဖို့ ကျန်သေးတာပါလိမ့်..’

ချုးယွီဟွာသည် နားမလည်နိုင်ဖြစ်သွားသော်လည်း ဟွမ်း၏ အစီအစဉ်များကို တသွေမတိမ်းဆောင်ရွက်လိုက်၏။

သူမသည် ဝမ်မုန့်ယွင်ကို ကျန်းမျိုးနွယ်သို့ သွားရောက်ရမည်ကို အသိပေးလိုက်သည်။ ဝမ်မုန့်ယွင်သည် ထိုကိစ္စကို လက်ခံလိုက်၏။

ထို့နောက် ချုးယွီဟွာသည် သွမ့်မုယီကိုကြည့်ကာ မြူနှင်းတောင်ခြေတွင် မြို့တစ်ခုတည်ဆောက်လိုကြောင်း ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ ဒီနယ်မြေကို နန်းတော်သခင်မ လိုအပ်သလို စီမံလို့ရပါတယ်..”

သွမ့်မုယီသည် ထိုမျှအထိပင် သဘောကောင်းစွာဆိုလိုက်၏။ သူသည် ဤနယ်မြေအား ဟွမ်းကို အမှီပြုရန် စိတ်ကူးထားခဲ့သည်။ မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲကို ရိုက်နှက်လိုက်ချိန်ကတည်းက ဟွမ်းအပေါ် သူ၏ အမြင်သည် အဆင့်တိုးလာခဲ့၏။

ထို့အပြင် ချုးယွီဟွာကို ကြည့်ရင်း အံ့သြနေမိသည်။ အဆင့်ငါးအထွတ်ထိပ် ရောက်ရှိနေပြီး သိမ်မွှေ့လှပသည့် အမျိုးသမီးတစ်ဦးဖြစ်နေ၏။ ထို့အပြင် နောက်ထပ်သူမနှင့် တန်းတူစွမ်းအားရှိနေသည့် အနီရောင်မျက်စံများနှင့် မိန်းမပျိုလေးလည်း ရှိနေသည်။

ဟွမ်းရှန့်နန်းတော် တည်ထောင်စတွင် သူမတို့အား ခေါ်ဆောင်လာခြင်းမပြုခဲ့သည်ကို အံ့ဩမိနေ၏။

‘အဆင့်ငါး ရောက်နေကြတဲ့ သုံးယောက်..’

သူ့အတွက် ပို၍အံ့ဩစရာကောင်းသည်မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်က အဆင့်လေးတွင်သာရှိသည့် အကြီးအကဲသည် အဆင့်ငါးကနဦးအဆင့်ပင် ရောက်ရှိနေပြီဖြစ်၏။

‘နန်းတော်သခင်က ဖုံးကွယ်ထားတဲ့ အင်အားတွေပေါ့..’

အဖွဲ့အစည်းသစ်တစ်ခုတွင် အဆင့်ငါး သုံးဦး ရှိနေသည်က ထိတ်လန့်ဖွယ်ရာသတင်းပင်။ သွမ့်မုယွီသည် ဟွမ်းရှန့်နန်းတော်နှင့် ပို၍ဆက်ဆံရေးကောင်း ရရှိရန် ဆုံးဖြတ်လိုက်တော့သည်။

‘သခင်မတဲ့လား..’

ချုးယွီဟွာသည် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီးနောက် ဝမ်မုန့်ယွင်အား စိမ်းစိမ်းဝါးဝါးကြည့်လိုက်မိ၏။ ထိုအမျိုးသမီးသည် သူမအား အချွန်နှင့် မ သွားခဲ့သည်။ သို့သော်လည်း ထိုကိစ္စများ ဘေးချိတ်ကာ သွမ့်မုယီအား ကျေးဇူးတင်စကားဆိုလိုက်၏။

သွမ့်မုယီသည် ထိုသို့ မလိုအပ်ကြောင်းပြောပြီးနောက် ဝမ်မုန့်ယွင်တို့နှင့်အတူ ကျန်းမျိုးနွယ်သို့ ဦးတည်သွားတော့သည်။

All Chapters