← Chapters

ဟွမ်းရှန့်နန်းတော်သခင်ဘယ်မှာလဲ

Vol. 13 Ch. 194

ဟွမ်းရှန့်နန်းတော်သခင်ဘယ်မှာလဲ

Vol. 13 Ch. 194

ဝမ်မုန့်ယွင် အသွင်အပြင်ကို ကြည့်ရှု့မိရင်း ထိုလူများ၏ နှလုံးသားများ ခုန်ပေါက်သွားသည့်အလား ခံစားလိုက်ရသည်။ ဝမ်မုန့်ယွင်သည် သူတို့အား ဆွဲဆောင်ခြင်း မရှိသော်လည်း အလိုလိုပင် ညို့ယူခံနေသည်အလား မှင်သက်နေကြ၏။

ထိုလူများ၏ အကြည့်ကြောင့် ဝမ်မုန့်ယွင်သည် မျက်မှောင်ကြုတ်သွားသည်။ သူမသည် ထိုလူများအား ဂရုမစိုက်သော်လည်း ထိုကဲ့သို့ ရိုင်းရိုင်းစိုင်းစိုင်း အကြည့်များသည် သူမအား စိတ်ကျဉ်းကြပ်စေ၏။

“အဟမ်း..”

သွမ့်မုယီသည် ချောင်းဟန့်ကာ ထိုလူများအား သတိဝင်စေလိုက်၏။ ထိုလူများသည် အဆင့်အမြင့်ဆုံးမှ အဆင့်လေး တွင်သာရောက်ရှိနေကြသည်။ ဝမ်မုန့်ယွင် ဒေါသထွက်လာလျှင် သူမ၏ လက်ချက်နှင့် အသက်ပျောက်သွားနိုင်ပေမည်။

ထိုအခါမှ ထိုလူများသည် အို့တို့အမ်းတမ်းဖြစ်သွားပြီး ရှက်ရွံ့သွားကြ၏။ သူတို့ထဲတွင် အိမ်ထောင်သည်များပင် ပါဝင်ကြသော်လည်း ဝမ်မုန့်ယွင်၏ ဆွဲဆောင်မှုရှိသည့် အသွင်ကြောင့် နစ်မြောသွားခဲ့ကြသည်။

နေ့ဝက်ခန့်ကြာပြီးနောက်တွင် ရင်ပြင်ရှိ စင်မြင့်တစ်ခုထက်တွင် ပုံရိပ်နှစ်ခု ဝင်ရောက်လာသည်။

တစ်ဦးသည် အကြီးအကဲကျန်းရွှမ်ထုံဖြစ်ပြီး နောက်တစ်ဦးသည် တတိယအကြီးအကဲဖြစ်သည့် ကျန်းလောင်ဟုန် ဖြစ်သည်။

“ပါဝင်မဲ့ လူငယ်တွေ စင်ပေါ်တက်ခဲ့ပေးပါ..”

ကျန်းလောင်ဟုန်သည် စင်မြင့်ထက်မှ ကြေညာသံပေးလိုက်၏။ ထို့ကြောင့်မြို့နယ်အသီးသီးမှ လူငယ်များသည် စင်ပေါ်သို့တက်ရောက်လာကြသည်။ ထိုနည်းတူ ပိုင်ကျန့်ယွီနှင့် လျှိုမင်ယွမ်သည် လင်းယိုဟန်နှင့်အတူ စင်မြင့်ပေါ်တက်ရောက်သွား၏။

“ကျန်းမျိုးနွယ်ရဲ့ လျှို့ဝှက်နယ်မြေအကြောင်းကို သိတဲ့လူလည်းရှိမယ်၊ မသိသေးတဲ့သူတွေလည်း ရှိတာကြောင့်မလို့ ရှင်းပြပေးမယ်..”

ကျန်းလောင်ဟုန်သည် လူငယ်များကို ကြည့်ရင်း လျှို့ဝှက်နယ်မြေအကြောင်းရှင်းပြလိုက်၏။

ထိုနယ်မြေတွင် အဆင့်တစ်၊ အဆင့်နှစ်ပုံရိပ်ယောင်သားရဲများစွာ ရှိပြီး ထိုသားရဲများကို သုံးရက်တာ တိုက်ခိုက်သတ် ဖြတ်မှုများ ပြုလုပ်ရမည်ဖြစ်သည်။ သို့သော် လျှို့ဝှက်နယ်မြေအား အဆင့်သုံးကျင့်ကြံသူများ ဝင်ရောက်နိုင်ခြင်းမရှိသော်လည်း ထိုနေရာတွင် အဆင့်သုံးသားရဲ ရှိနေခြင်းပင်။

ထို့ကြောင့် ကျန်းလောင်ဟုန်သည် အသေးစိတ်မှာကြားကာရှင်းပြလိုက်၏။ နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်နှင့် သုံးရက်မပြည့်မချင်း ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိပေ။ ထို့အပြင် နယ်မြေအတွင်း သေဆုံးလျှင်ကယ်ဆယ်မှုပြုလုပ်ပေးနိုင်ခြင်းမရှိချေ။

“ဒါကြောင့် မင်းတို့ လျှို့ဝှက်နယ်မြေထဲမဝင်ခင် သေချာဆုံးဖြတ်ဖို့လိုတယ်..”

ကျန်းလောင်ဟုန်သည် ရင်ပြင်တွင် စုဝေးနေသည့် လူငယ်များအား ရွေးချယ်စေလိုက်သည်။ လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ပြီးချိန်မှ ပြန်လည်ထွက်ခွာလိုလျှင်မဖြစ်နိုင်တော့ပေ။

လူငယ်အချို့သည် တွန့်ဆုတ်သွား၏။ သူတို့သေဆုံးသွားပါက ပြန်လည်ရှင်သန်နိုင်စွမ်းမရှိပေ။ ထို့နောက်အချို့သော လူငယ်များသည် နောက်ဆုတ်ကာ လက်လျော့လိုက်ကြသည်။ ထို့ကြောင့် လျှို့ဝှက်နယ်မြေအတွင်းသို့ ဝင်ရောက်လိုသည့် လူငယ်သည် တစ်ထောင်ခန့်သာရှိတော့၏။

“လူငယ်မျိုးဆက်တွေက ဆုတ်ယုတ်လာပြီ..”

ထိုအချိန်တွင် ကျန်းလီယွီ့သည် အကြီးအကဲများရှိရာစင်မြင့်ပေါ်သို့ ရောက်ရှိလာသည်။ သူမနှင့်အတူ အမျိုးသမီးတစ်ဦးလည်း လိုက်ပါလာ၏။

ထိုအမျိုးသမီးသည် ကျန်းရော့လင်ဖြစ်သည်။ ကျန်းရော့လင်သည် စတုတ္ထအကြီးအကဲဖြစ်သည့် အပြင် ဒုတိယအကြီးအကဲဖြစ်သူ ကျန်းရွှမ်ထုံ၏ မွေးချင်းညီမတစ်ဦးလည်းဖြစ်၏။ သူမ၏ အသွင်အပြင်သည် မြင်တွေ့ရသူတိုင်း၏စိတ်အား အေးချမ်းသွားစေသည်။ သူမ၏ သိမ်မွှေ့မှုသည် ချုးယွီဟွာနှင်ပင် ယှဉ်နိုင်စွမ်းရှိ၏။ ထို့အပြင် ခန္ဓာကိုယ်အချိုးအစားသည်လည်း ဝမ်မုန့်ယွင်ထက် အနည်းငယ်သာ လျော့ကျပေသည်။

“ဒါက သူတို့ရဲ့ရွေးချယ်မှုပဲလေ အပြစ်ပြောလို့ရဘူး အစ်မကြီး..”

ကျန်းရော့လင်သည် ကျန်းလီယွီ့ အားတရားချ လိုက်၏။ ကျန်းလီယွီ့သည်တော့ ခေါင်းသာ အသာယာခါယမ်းလိုက်သည်။ သူမတို့နှစ်ဦးသည် ညီအစ်မဝမ်းကွဲတော်စပ်ကြသော်လည်း ကျန်းလီယွီ့သည် ကျန်းရော့လင်ထက် များစွာ အသက်ကြီး၏။ ထို့အပြင် သူမသည် ကျန်းရော့လင်အား ငယ်စဉ်ကတည်းက ထိန်းကျောင်းလာသောကြောင့် အခြားသူများထက်ပင် ပို၍ရင်းနှီးကြလေသည်။

ထိုအချိန်တွင် စင်မြင့်ထက်မှ ကျန်းလောင်ဟုန် အသံသည် ထပ်မံပေါ်ထွက်လာ၏။

“ဆုံးဖြတ်ချက်ချပြီးတဲ့ လူငယ်တွေက အကြီးအကဲရွှမ်ထုံ အနားက မှတ်ကျောက် ပေါ်မှာ လက်တင်ပြီး စာရင်းသွင်းလိုက်ပါ..”

ထိုအချိန်တွင် လူငယ်များသည် ကျန်းရွှမ်ထုံ၏ နားဘေးတွင် ကြီးမားသည် ကျောက်ပြားကြီးတစ်ချပ်စိုက်ထူထားသည်ကို တွေ့လိုက်ရ၏။

သူတို့သည် ထိုကျောက်ပြားပေါ် လက်တင်လိုက်ချိန်တွင် သူတို့၏ နာမည်များသည် ထိုကျောက်ပြားပေါ်တွင် အစီအရီ ပေါ်ထွက်လာသည်။

ထို့အပြင် သူတို့၏ နာမည်ဘေးတွင် ‘သုံည’ ဆိုသည့် ဂဏာန်းတစ်ခုလည်း ထွက်ပေါ်နေသည်။ ထိုအရာသည် သူတို့ လျှို့ဝှက်နယ်မြေတွင် သတ်နိုင်မည့် ပုံရိပ်ယောင်သားရဲ အရေအတွက်ကို ဖော်ပြခြင်းဖြစ်သည်။

‘ဒီလို နည်းစနစ်မျိုးက အတော်လေး မိုက်တာပဲ..”

ပိုင်ကျန့်ယွီတို့သည် ထိုအရာကို မှင်သက်စွာ ကြည့်နေမိ၏။ ထို့နောက် အားလုံးစာရင်းသွင်းပြီးသည့်နောက်တွင် ထိုကျောက်ပြားကြီး၏ ရှေ့တွင် အလင်းလွှာတစ်ခုပေါ်ထွက်လာသည်။

“မင်းတို့ အခုကစပြီး ဝင်ရောက်လို့ရပြီ..၊ နောက်သုံးရက်အထိ အသက်ရှင်နေသေးရင် လျှိုဝှက်နယ်မြေက သူ့အလိုလို ထုတ်ပေးလိမ့်မယ်..”

ကျန်းရွှမ်ထုံသည် လူငယ်များကို ကြည့်ကာ ထိုအလင်းလွှာအတွင်း ဝင်ရောက်စေလိုက်သည်။

လူငယ်များသည် ချက်ချင်းပင် ထိုအလွှာအတွင်း ဝင်ရောက်လိုက်ကြသည်။ သူတို့သည် ရှေ့ဆက်တိုးရန် ဆုံးဖြတ်ပြီးဖြစ်၏။ ထို့ကြောင့် တွေဝေမနေတော့ချေ။

ကျန်းရွှမ်ထုံသည် လူငယ်များ အားလုံးဝင်ရောက်သွားပြီးနောက် အကြီးအကဲစင်မြင့်သို့ တက်လာခဲ့သည်။

“ရွှမ်ထုံ..၊ ဟွမ်းရှန့်နန်းတော်သခင်က ဘယ်မှာလဲ..”

ကျန်းလီယွီ့သည် ကျန်းရွှမ်ထုံ စင်မြင့်ပေါ်သို့ ရောက်ရောက်ချင်း မေးခွန်းထုတ်လိုက်၏။ သူမသည် ဤရင်ပြင်တွင် အဆင့်ငါး ရောက်နေသူအချို့မှ လွဲ၍ အခြားအစွမ်းထက်သူများကို မတွေ့ရှိချေ။

ကျန်းရွှမ်ထုံသည် သွမ့်မုယီ အနီးနေရာယူထားသည့် ဝမ်မုန့်ယွင်ကို ညွှန်ပြလိုက်၏။

“ဟွမ်းရှန့်နန်းတော်သခင်က အမျိုးသမီးလား..”

ကျန်းလီယွီ့သည် မျက်မှောင်ကြုတ်သွား၏။ သူမသည် နန်းတော်သခင်သည် လူငယ်အမျိုးသားဟု သိရှိထားခဲ့ပြီးဖြစ်သည်။ ထို့နောက်သူမ၏ အကြည့်များသည် ရင်ပြင်ရှိလူများအား စိတ်ဝင်တစားကြည့်ရှုနေသည့် ကျောက်ဝမ်အာ ထံကျရောက်သွား၏။

“သူမက ဟွမ်းရှန့်နန်းတော်ရဲ့ အကြီးအကဲပါ..”

ကျန်းရွှမ်ထုံသည် ရည်လည်အောင်ရှင်းပြလိုက်ရ၏။

“ဟမ့်..ဟွမ်းရှန့်နန်းတော်က အတော်မောက်မာတဲ့ပုံပဲ..၊ ဒါမှမဟုတ် ကျန်းမျိုးနွယ်ကို မျက်လုံးထဲ မထည့်တာလား..”

ကျန်းလီယွီ့သည် ဒေါသအချောင်းချောင်း ထွက်လာခဲ့၏။ ထိုအရာသည် ကျန်းမျိုးနွယ်အား မထီမဲ့မြင်ပြုချင်းပင်။ အကြောင်းမှာ ဤသို့ အခမ်းအနားတွင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်ဖြစ်သူကိုယ်တိုင် တက်ရောက်ရမည်ဖြစ်သည်။

ထိုအရာသည် ကျန်းမျိုးနွယ်အပေါ် ထားရှိရမည့် လေးစားမှုဖြစ်ပေ၏။ ထို့ကြောင့်ပင် ဤနေရာတွင် ဂိုဏ်းချုပ်များနှင့် အိမ်တော်ခေါင်းဆောင်များ သာရှိနေခြင်းဖြစ်သည်။

“နန်းတော်သခင် မတက်ရောက်နိုင်တာက အကြောင်းအရင်းရှိပါလိမ့်မယ်..”

ကျန်းရွှမ်ထုံသည် ကျန်းလီယွီ့ဒေါသမထွက်စေရန် ဖျောင်းဖျလိုက်၏။ သို့သော် သူ၏ စကားပင် သူယုံနိုင်စွမ်းမရှိပေ။ ကျန်းလီယွီ့၏ အထင်သည် မှန်နိုင်ချေရှိသည်။ အကြောင်းမှာ ထိုနန်းတော်သခင်ဖြစ်သူသည် အမှန်ပင် မောက်မာလွန်းသောကြောင့်ပင်။

“တည်ထောင်တာ တစ်နှစ်လောက်သာ ရှိသေးလို့ပဲ..တော်သေးတယ်၊ မဟုတ်ရင် ကျန်းမျိုးနွယ်တောင် ရှိတယ်လို့ထင်ပါ့ဦးမလား..၊ အဲ့ဒီ ဟွမ်းရှန့်နန်းတော်ကို မဖိနှိပ်နိုင်ရင် ကျန်းမျိုးနွယ် ဂုဏ်သိက္ခာကျလိမ့်မယ်..”

ကျန်းလီယွီ့သည် ဒေါသတကြီးဆိုလိုက်၏။

“ဒါက..”

ကျန်းရွှမ်ထုံသည် စောဒကတက်ရန် ကြံရွယ်လိုက်သော်လည်း ကျန်းလီယွီ့သည် မာန်မဲလိုက်၏။

“တော်စမ်း..၊ ချုးပိုင် ငါစုံစမ်းခိုင်းထားခဲ့တာတွေအကုန် သိရပြီလား..”

“ဟုတ်ကဲ့..၊ ကျုပ်အားလုံးကို တိတိကျကျစုံစမ်းခဲ့ပါတယ်..”

ကျန်းချုးပိုင်သည် သူ၏ စုံစမ်းသိရှိရသမျှကို ကျန်းလီယွီ့ထံ တင်ပြလိုက်သည်။

‘နန်းတော်သခင် ဘယ်များရောက်နေတာလဲ..’

ထိုအဖြစ်အပျက်များကို ကြည့်ရင်း ကျန်းရွှမ်ထုံသည် သက်ပြင်းချလိုက်ရ၏။

နန်းတော်သခင်ဖြစ်သူသည် အဘယ်မျှရောက်မနေချေ။ သူသည် ကျန်းအိမ်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် သူသည် အကြပ်အတည်းကို ရင်ဆိုင်နေရ၏။

All Chapters