← Chapters

ကျောက်ယီချင်း၏ တောင်းဆိုမှု

Vol. 13 Ch. 182

ကျောက်ယီချင်း၏ တောင်းဆိုမှု

Vol. 13 Ch. 182

ထိုအထဲတွင် လျှိုမင်ယွမ်နှင့် မော့ရွှယ်အာတို့သည် လောကကြီး၏ တားမြစ်ချက်များကို ပိုင်ဆိုင်ထားကြသူများဖြစ်၏။ သူတို့သည် လမ်းမှားသို့ရောက်ရှိသွားရန် လွယ်ကူသလို လောကကြီးတွင် သူတို့အကြောင်း ပေါ်ပေါက်သွားပါက သုတ်သင်ခံရမှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

ပိုင်ကျန့်ယွီနှင့် ကျောက်ဝမ်အာတို့သာ ကောင်းမွန်သည့်ဘက်ခြမ်းမှ ထူးခြားမှုများကိုရရှိထားသည်။ သူတို့သည် သဘာဝ၏ မြောက်စားမှုကို ရရှိထားသူများဖြစ်ပြီး လမ်းမှားရောက်ရန်ခက်ခဲ၏။

“နတ်ဝိညာဥ်နဲ့လား..”

ကျောက်ယီချင်းသည် တီးတိုးရေရွတ်မိလိုက်၏။ သူသည် ကျောက်ဝမ်အာ၏ ထူးခြားမှုကို သိရှိသော်လည်း နတ်ဘုရားအရိုးဖြစ်သည်ကိုတော့ မသိရှိခဲ့ပေ။ ကျောက်ဝမ်အာ မွေးဖွားလာစဉ်ကတည်းက နတ်အင်ပါယာအဆင့်သို့ရောက်ရှိနေပြီး ယခုထိ ကျင့်ကြံမှုမပြုရသေးသော်လည်း အဆင့်နှစ်သို့ ရောက်လုနီးပါးဖြစ်နေခဲ့သည်။

ထိုအရာများအား ယခုမှပင်ရှင်းရှင်းလင်းလင်း သိရှိသွားပြီဖြစ်သည်။ သို့သော် ဟွမ်း၏ နောက်ဆက်တွဲစကားကြောင့် ကူရာကယ်ရာမဲ့သွား၏။

“နောက်ဆိုရင် သူမကို ခေါ်ယူချင်တဲ့သူတွေ ဒီထက် များပြားလိမ့်မယ်၊ အဲ့ဒီအထဲကမှ သူမရဲ့ နတ်ဝိညာဥ်ကို ထုတ်ယူချင်တဲ့သူတွေလည်းပါလိမ့်မယ်”

“နန်းတော်သခင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အကြံပေးပါ”

ကျောက်ယီချင်းသည် ထိတ်လန့်တုန်လှုပ်သွားပြီး ဟွမ်းထံ အကြံတောင်းခံလိုက်သည်။ မိစ္ဆာသူတော်စင်ဂိုဏ်းကိုပင် မတားဆီးနိုင်ခဲ့ရာ အခြားအင်အားစုများသာ ထပ်မံရောက်ရှိလာလျှင် သူ၏ သမီးငယ်လေးအား ကျိန်းသေ လက်လွတ်ရတော့မည်ဖြစ်သည်။

မွန်မြတ်သည့်ဂိုဏ်းများဆိုလျှင် ပြသနာမရှိပေ။ သို့သော် မိစ္ဆာသူတော်စင်ဂိုဏ်းကဲ့သို့ ရက်စက်တက်သည့် ဂိုဏ်းများစွာလည်းရှိနေသည်။ ထိုဂိုဏ်းများသည် သူမ၏ နတ်ဝိညာဉ်အား ထုတ်ယူကြမည်မှာ ကျိန်းသေပင်။

“အကောင်းဆုံးအကြံကတော့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အင်အားကြီး ဂိုဏ်းတစ်ခုဆီ ဝင်ခိုင်းလိုက်ပြီး အကာအကွယ်ယူလိုက် ဒါပေမဲ့ လောကကြီးရဲ့ လှည့်ကွက်တွေက ရက်စက်တယ်၊ နောက်ထပ်ရွေးချယ်စရာကတော့ သူမရဲ့ နတ်ဝိညာဉ်ကို ဖျတ်စီးလိုက် ထပ်ပြီးကျင့်ကြံနိုင်မှာမဟုတ်တော့ပေမဲ့ သူမသက်တမ်းစေ့နေသွားလို့ရမယ်..”

ဟွမ်းသည် ဖြေရှင်း၍ရသည့် နည်းလမ်းနှစ်ခုကို ပြောပြလိုက်၏။ ဤလောကကြီးသည် ရက်စက်မှုများနှင့် ပြည့်နှက်နေသည်။ ကိုယ်ကောင်းစားရေးအတွက် တစ်ပါးသူကို နင်းချေရန် ဝန်မလေးကြပေ။ ထို့နောက် ကျောင်းရုံထံမှ ရရှိထားသည့် သိုလှောင်လက်စွပ်ကို ကျောက်ယီချင်းထံ ပစ်လွတ်လိုက်ကာ ဟွမ်းသည် လေဟာနယ် ခွဲ၍ ထွက်ခွာသွားတော့သည်။

“နှုတ်ဆက်ပါတယ် နန်းတော်သခင်..”

သွမ့်မုယီနှင့် သွမ့်မုလီသည် နှုတ်ဆက်လိုက်ကြ၏။ သွမ့်မုယီသည် ယခင်က ဟွမ်းစိတ်တိုင်းကျ ထွက်ခွာသွားသည်ကို အမြင်စောင်းခဲ့သော်လည်း ယခုတွင် မည်သို့မျှ သဘောမထားတော့ပေ။ ထိုလူငယ်တွင် မောက်မာနိုင်သည့် စွမ်းရည်ရှိနေ၏။

ကျောက်အိမ်တော်ခေါင်းဆောင်သည်တော့ တွေဝေမှုများနှင့် ပြည့်နှက်နေသည်။ သူ၏ သမီးသည် ကောင်းချီးခံ ကလေးငယ်တစ်ဦးဖြစ်သော်လည်း နောက်ဆက်တွဲတွင် ပြသနာများစွာရောက်ရှိလာတော့မည်။ သူသည် ပြသနာများကို မကြောက်ရွံ့သော်လည်း ယနေ့ကဲ့သို့ သူ့တွင်ရှိသည့် စွမ်းအားနှင့် မဖြေရှင်းနိုင်မည်ကိုတော့ စိုးရွံ့နေ၏။

ဟွမ်းအကြံပေးခဲ့သည့် နည်းလမ်းနှစ်ခုတွင် ဒုတိယနည်းလမ်းအား မည်သို့မျှ မပြုလုပ်နိုင်ပေ။

သူ့သမီး၏ ဘဝတက်လမ်းကို မဖျတ်စီးချင်ပေ။ သို့သော် မွန်မြတ်သည့် ဂိုဏ်းများဆိုလျှင်တောင် ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်ကို မမက်မောဟု တပ်အပ်မပြောနိုင်ပေ။

“ခေါင်းဆောင်ကျောက် ခင်ဗျား ပထမ နည်းလမ်းကို ရွေးချယ်မယ်ဆိုရင် ဟွမ်းရှန့်နန်းတော်ကို ဝင်စေဖို့ကို အကြံပေးတယ်”

သွမ့်မုယီသည် ကျောက်ယီချင်း တွေဝေနေသည်ကိုကြည့်ကာ ဝင်ရောက်ပြောဆိုလိုက်သည်။ သူသည် ယခုအဖြစ်အပျက်အား ဟွမ်းလာရောက်ကူညီသည့် အပေါ်တွင် အမြင်ကောင်းများ ပိုမိုတိုးပွားလာပြီဖြစ်၏။

ထို့အပြင် လူအများတပ်မက်နိုင်သည်ဟု ဆိုခဲ့သော်လည်း ဟွမ်းသည် စိတ်ဝင်စားဟန်ပင်မရချေ။ သူ၏ တာဝန်အရ လာရောက်ကူညီပေးပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဟွမ်းရှန့် နန်းတော်တည်ထောင်ထားသည်မှာ တစ်နှစ်ပင် ဤကုန်းမြေတွင် ကျော်ကြားလာနိုင်သည်ဟု ထင်မိနေသည်။

“ဂိုဏ်းချုပ်သွမ့် ကျုပ်ကို နန်းတော်သခင်ဟွမ်းအကြောင်း အသေးစိတ်ပြောပေးလို့ရမလား..”

ကျောက်ယီချင်းသည် သွမ့်မုယီတို့အား အိမ်တော်အတွင်း ဖိတ်ခေါ်လိုက်သည်။

တစ်ဖက်ရှိ လေဟာနယ်အတွင်းတွင် ကျောင်းရုံသည် အမြန်နှုန်းမြင့်ကာ မိစ္ဆာသူတော်စင်ဂိုဏ်းသို့ ဦးတည်နေသည်။

“သခင်မကို အမြန်သတင်းပို့ရမယ်..၊ အဲ့ဒီလူ ကျိန်းသေပေါက် သေလိမ့်မယ်..”

ကျောင်းရုံသည် သူ၏ ပြတ်တောက်သွားသည့် လက်တစ်ဖက်အား ပြန်လည်ဆက်ရန် ကြိုးစားနေသော်လည်း လုံးဝပင် မဆက်နိုင်တော့ချေ။ ထို့ကြောင့် သူ၏ အမုန်းတရားများ ပိုမိုပြင်းထန်လာသည်။

ဟွမ်းသည်တော့ သက်တောင့်သက်သာပင် သူ၏ ထိုင်ခုံတွင် ပြန်လည်ရောက်ရှိနေ၏။ သူသည် ကျောက်ဝမ်အာ၏ နတ်ဝိညာဉ်အကြောင်းကို တွေးမိနေသည်။

‘အဲ့ဒီတုန်းက မိန်းကလေး ပြန်ပြီးမွေးဖွားလာတာလား၊ ဒါမှမဟုတ် အခြားတစ်ယောက်လား..’

ဟွမ်းသည် အတိတ်တွင် နတ်ဝိညာဉ်မွေးဖွားလာသူတစ်ဦးကို တွေ့ရှိဖူး၏။ ထို့ကြောင့် ကျောက်ဝမ်အာကို တွေ့မြင်ပြီး နတ်ဝိညာဉ်ပိုင်ဆိုင်သူမှန်း သိရှိခဲ့သည်။

‘မဖြစ်နိုင်ဘူး၊ သူမရဲ့ စိတ်ဝိညာဉ်ပါ လောင်ကျွမ်းပြီးသေဆုံးသွားခဲ့တာလေ’

သူ၏ အတွေးများ ရှုပ်ယှက်ခတ်နေ၏။ ထိုစဉ်က နတ်ဝိညာဉ်ပိုင်ဆိုင်သည့် မိန်းကလေးအား သူမ၏ နတ်ဝိညာဉ်ကို တပ်မက်သူများ၏ လက်တွင် သေဆုံးခဲ့ရသည်။ သို့သော် သူမသည် အခြားသူထံ အရောက်မခံခဲ့ပေ။ သူမ၏ နတ်ဝိညာဉ်ကို ကိုယ်တိုင်ဖျတ်စီးကာ စိတ်ဝိညာဉ်ပင် လောင်ကျွမ်းသွားခဲ့ရသည်။ သာမန်သေဆုံးမှုများတွင် ပြန်လည်မွေးဖွားနိုင်သော်လည်း စိတ်ဝိညာဉ်ပါ ပျက်စီး၍ သေဆုံးသူများသည် ပြန်လည်မွေးဖွားနိုင်ခြင်းမရှိတော့ချေ။

ထို့နောက် သူ၏ ခေါင်းကိုခါယမ်းလိုက်ကာ အတွေးများကို ပယ်ဖျတ်လိုက်၏။ အတိတ်က နတ်ဝိညာဉ်ပိုင်ရှင်ဖြစ်စေ၊ လက်ရှိကလေးမလေး ကျောက်ဝမ်အာ ဖြစ်စေ သူနှင့် မသက်ဆိုင်ပေ။ သူ့ထံတွင် ဖုံးကွယ်ထားရသည့် ထူးခြားသည့် ခန္ဓာကိုယ်ပိုင်ရှင် နှစ်ဦးရှိနေပြီးဖြစ်သည်။ ထိုနှစ်ဦး၏ ခန္ဓာကိုယ်များ လောကအတွင်းသို့ ပေါ်ထွက်သွားပါက များပြားသည့် အမဲလိုက်သူများနှင့် ရင်ဆိုင်ရဦးမည်ဖြစ်၏။

နောက်ရက်တွင် ဟွမ်းသည် တိတ်တဆိတ် အကြမ်းရည်သောက်နေချိန်တွင် ဟော်ကျန်း၏ သတင်းပေးပို့မှု ရောက်ရှိလာသည်။

“အရှင်..ကျောက်အိမ်တော်ခေါင်းဆောင်တဲ့ နန်းတော်ထဲဝင်ခွင့်တောင်းနေတယ်..”

“ဝင်ခွင့်ပြုလိုက်..”

ကျောက်ယီချင်းသည် ကျောက်ဝမ်အာ၏ နူးညံ့သည့်လက်ငယ်လေးကို ကိုင်ဆွဲထားကာ ဟောခန်းမအတွင်း ဝင်ရောက်လာသည်။ နန်းတော်တစ်ခုလုံး၏ ရိုးရှင်းသည် အပြင်အဆင်ကြောင့် မှင်သက်သွား၏။ ခမ်းနားမှု မရှိခြင်းကြောင့် မဟုတ်ပေ။ မိစ္ဆာသူတော်စင်ဂိုဏ်း၏ အကြီးအကဲထက်ပင် စွမ်းအားကြီးမားသူသည် ထိုမျှ ရိုးရှင်းစွာ နေထိုင်တက်သူဟု မထင်ထားခဲ့သောကြောင့်ပင်။

“နန်းတော်သခင် ကျုပ်တို့အိမ်တော်ကို ကူညီပေးခဲ့တဲ့ အချိန်က အသေအချာ ကျေးဇူးမတင်လိုက်ရတာကို ခွင့်လွှတ်ပါ..”

ကျောက်ယီချင်းသည် ဦးညွှတ်ကာဆိုလိုက်၏။

“လိုရင်းကိုပြော..”

ဟွမ်းသည် စကားပလ္လင်ခံနေသည့် အရာမျိုးကို မနှစ်သက်ပေ။

“ကျုပ်ရဲ့ သမီးလေးကို ဟွမ်းရှန့်နန်းတော်ကို ဝင်ရောက်စေချင်လို့ပါ..”

ကျောက်ယီချင်းသည် ဝေ့ဝိုက်မနေတော့ပဲ ဆိုလိုက်၏။

“ကျုပ်ရဲ့ နန်းတော်က ကာကွယ်ပေးနိုင်မယ်ထင်လို့လား..”

ဟွမ်း၏ လေသံသည် အနည်းငယ် မြင့်နေသည်။ ထိုလူရောက်ရှိလာကတည်းက ဤသို့ပြောမည်မှန်း သိရှိထားပြီးဖြစ်၏။

“အမှန်အတိုင်း ပြောရရင် ဟုတ်ပါတယ် နန်းတော်သခင်၊ ကျုပ်သမီးကို ကျုပ်မှာ ကာကွယ်ပေးနိုင်စွမ်းမရှိဘူး၊ သူမရဲ့ နတ်ဝိညာဉ်ကို ဖျတ်စီးပစ်ရမဲ့ လုပ်ရပ်ကိုလဲ မလုပ်နိုင်ဘူး၊ ဒါကြောင့် နန်းတော်သခင့် ဆီမှာအပ်နှံချင်လို့ပါ..”

ကျောက်ယီချင်းသည် ဦးညွှတ်ထားဆဲဖြစ်ကာဆိုလိုက်သည်။ ကျောက်ဝမ်အာအတွက် အကာကွယ်ပေးနိုင်မည့်သူ လိုအပ်နေ၏။

“ကျုပ်နဲ့ တစ်ကြိမ်ပဲ တွေ့ဖူးပြီး ခင်ဗျားသမီးကို အပ်နှံရလောက်တဲ့အထိ ယုံကြည်မှုက ဘယ်ကလာတာလဲ”

ဟွမ်း၏ အမူအယာမပြောင်းလဲပဲဆိုလိုက်သည်။

“နန်းတော်သခင်က ကျုပ်တို့ အိမ်တော်ကို လာရောက်ကူညီပေး ကတည်းက နန်းတော်သခင်မှာ မကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူးလို့ ကျုပ်ယုံကြည်ခဲ့တာပါ..”

ကျောက်ယီချင်းသည် လေးလေးနက်နက်ဖြေလိုက်၏။ ဟွမ်း၏ စွမ်းအားကို ကိုယ်တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ ထို့အပြင် သွမ့်မုယီ၏ အကြံပြုချက်ကြောင့်လည်း ပါဝင်၏။

သို့သော် ဟွမ်းသည် ထပ်မံ ပြောဆိုလိုက်၏။

“ကျုပ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် ရှိမယ်ဆိုရင်ရော..”

All Chapters