← Chapters

ပုံရိပ်ယောင်အစစ်အမှန်....

Vol. 29 Ch. 436

ပုံရိပ်ယောင်အစစ်အမှန်....

Vol. 29 Ch. 436

နတ်ဆိုးကျောက်စိမ်းနေရာ။

လင်းယွမ်က အနက်ရောင်မျှော်စင်ရှေ့သို့ ရောက်လာသည်။

" မင်းရောက်လာပြီလား။ " ကျောက်ရုပ်တု ရှန်းကျိက ထွက်လာပြီး လင်းယွမ်ကို ပြုံးပြလိုက်သည်။

" ဟင် " လင်းယွမ်ကို ခဏကြည့်ပြီးနောက် ကျောက်ရုပ်တု ရှန်းကျိက မယုံကြည်နိုင်ဖြစ်သွားသည်။

" မင်းက အဓိကအဖွဲ့ဝင် ဖြစ်သွားတာလား။ "

အနက်ရောင်မျှော်စင်၏ စောင့်ရှောက်သူအနေဖြင့် သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဖွဲ့ဝင်များ၏ အဆင့်ကို မြင်နိုင်စွမ်းရှိလေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင်ဖြစ်လာရန် နည်းလမ်းဆယ်ခုကျော်ရှိလေသည်။ ထိုနည်းလမ်းများက ကွဲပြားသော ရှုထောင့်များပေါ်တွင် မူတည်ပြီး အခက်ခဲဆုံးမှာ စစ်မှန်သော နားလည်နိုင်စွမ်းကို စမ်းသပ်မှုဖြစ်လေသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင်ဖြစ်လာရန် အဋ္ဌမအလွှာတစ်ယောက်က နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ၃၃၃၃၃ခုကို နားလည်ရန် လိုအပ်လေသည်။

အသက်နှစ်ထောင်ကျော်သာ ရှိသေးသော လင်းယွမ်က ပြည့်စုံသော လေဟာနယ်နိယာမ၊ စကြာဝဠာစွမ်းအားများစွာနှင့် မူလအဆင့် စကြာဝဠာစွမ်းအားကို နားလည်ထားခဲ့သည်။

ထိုသို့သော ပါရမီရှင်မျိုးက နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အထွတ်အထိပ် အချိန်မှာတောင် မကြားဖူးပေ။ ကျောက်ရုပ်တုရှန်းကျိက လင်းယွက နားလည်နိုင်စွမ်းနှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင် စမ်းသပ်မှုကို အောင်မြင်လိမ့်မည်ဟု တွေးခဲ့သည်။ သို့သော် ယခုက အလွန်မြန်လွန်းနေသည်။

ဤနှစ်များတွင် ရှန်းကျိက လင်းယွမ်၏ လေဟာနယ်နိယာမ၊ ပေါင်းစပ်နိယာမ စသည်တို့တွင် တိုးတက်လာပုံကို မြင်တွေ့ခဲ့ရသည်။

ထိုမျှများပြားသော နတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို နားလည်အောင် ကြိုးစားရန် ဘယ်လိုအချိန်ရခဲ့တာလဲ။

သို့မဟုတ် လင်းယွမ်၏ နားလည်နိုင်စွမ်းက သူစိတ်ကူးနိုင်သည်ထက် ကျော်လွန်နေတာလား။ ထိုနတ်ဆိုးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို နားလည်ရန် သူက အချိန်သိပ်မလိုခဲ့ဘူးလား။

ရှန်းကျိက ပြန်လည်တည်ငြိမ်နိုင်စွမ်းမရှိဘဲ အချိန်အတော်ကြာသည်အထိ တုန်လှုပ်နေခဲ့သည်။

" ကျွန်တော် ကံကောင်းသွားတာပါ။ " လင်းယွမ်က ပြုံးလိုက်သည်။

ရှန်းကျိက စကားမပြောနိုင်ဖြစ်သွား၏။ ထိုအရာက ကံကောင်းမှုဆိုလျှင် နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ပါရမီရှင်များက ကံကောင်းမှုကိုပဲ အားကိုးနေကြတာလား။

" ကဲ ဒီအကြောင်းတွေ ဆက်မပြောတော့ဘူး။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။ " မင်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဓိကအဖွဲ့ဝင်ဖြစ်သွားပြီဆိုတော့ သခင်က ကိုယ်တိုင်ဆင့်ခေါ်တာကို ခံယူခွင့်နဲ့ သခင်ရဲ့ လျို့ဝှက်နည်းစနစ်တွေထဲက တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ "

" ဒါပေမယ့် သခင်က ပျောက်နေတာမလို့ မင်း သူ့ကို တွေ့နိုင်မှာမဟုတ်ဘူး။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို စိတ်မကောင်းစွာ ပြောလိုက်သည်။ လင်းယွမ်ကဲ့သို့ ပါရမီရှင်တစ်ယောက်ကို တွေ့လျှင် မျှော်စင်သခင် ဘယ်လောက်ဝမ်းသာမလဲ စိတ်ကူးကြည့်နိုင်လေသည်။

" ဒါကြောင့် မင်းက သခင်ချန်ခဲ့တဲ့ လျို့ဝှက်နည်းစနစ်တွေထဲက တစ်ခုကိုပဲ ရယူနိုင်လိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့တဲ့ လျို့ဝှက်နည်းစနစ်တွေလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က ဘယ်လိုတည်ရှိမှုလဲဆိုတာ လင်းယွမ်က မသိသော်လည်း သာမန်ကြီးမြတ်သူတစ်ယောက်ထက် ပို၍ သန်မာမည်မှာ သေချာလေသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အဓိကအဖွဲ့ဝင် ဖြစ်လာချင်သည့် လင်းယွမ်၏ ရည်ရွယ်ချက်ကလည်း ထိုလျို့ဝှက်နည်းစနစ်များကြောင့် ဖြစ်သည်။

" ဒါက လျို့ဝှက်နည်းစနစ် ခုနှစ်ခုပဲ။ " ကျောက်ရုပ်တုရှန်းကျိက သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

လင်းယွမ်၏ ရှေ့တွင် အလင်းမျက်နှာပြင်တစ်ခု ပေါ်လာသည်။

တစ် - နတ်ဆိုးကျောက်စိမ်း အင်မော်တယ်ခန္ဓာ။ ကျောက်စိမ်းကဲ့သို့ ထာဝရတည်မြဲသော ခန္ဓာကိုယ်၊ ပြည့်စုံအောင် လေ့ကျင့်ပြီးသည်နှင့် အဆုံးမဲ့ကပ်ဘေးများကြောင့် မပျက်စီးနိုင်ပါ။

နှစ် - စိတ်ဝိညာဉ်နတ်ဆိုးခေါင်းလောင်း။ စိတ်ဝိညာဉ်အတွက် ကာကွယ်ရေးလျို့ဝှက်နည်းစနစ်ဖြစ်ပြီး စိတ်ဝိညာဉ်၏ အပေါ်တွင် နတ်ဆိုးခေါင်းလောင်းတစ်ခု စုစည်းကာ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို စုပ်ယူပြီး စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။

သုံး - မဟာလျိုတိုက်ခိုက်ရေးစွမ်းရည်။ တိုက်ခိုက်ရေးလျို့ဝှက်နည်းစနစ်။

လင်းယွမ်၏ ရှေ့တွင် လျို့ဝှက်နည်းစနစ်များ တစ်ခုပြီး တစ်ခု ပေါ်လာသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ လျို့ဝှက်နည်းစနစ်များက သတ္တမအလွှာ သို့မဟုတ် အဋ္ဌမအလွှာများ လေ့ကျင့်နိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။

ကန့်သတ်ထားသော အခြေအနေများမရှိပေ။ ထိုအရာများက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များမဟုတ်ဘဲ လျို့ဝှက်နည်းစနစ်များသာ ဖြစ်သည်။ သို့သော် ၎င်းတို့ကို ပြည့်စုံအောင် လေ့ကျင့်နိုင်သည်နှင့် ကြောက်စရာကောင်းအောင် အစွမ်းထက်နိုင်လေသည်။

နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာဆိုလျှင် ထာဝရတည်မြဲပြီး ကပ်ဘေးများကို ကျော်လွှားနိုင်သည်။ သို့သော် လင်းယွမ်တွင် ရုပ်ခန္ဓာနတ်စွမ်းရည် သွေးပြန်လည်မွေးဖွားခြင်း ရှိသောကြောင့် ထိုလျို့ဝှက်နည်းစနစ်နှင့် အနည်းငယ် ဆင်တူနေသည်။

" သခင်ချန်ခဲ့နဲ့ လျို့ဝှက်နည်းစနစ်တွေက ကိုယ်ပိုင်အားသာချက်တွေရှိတယ်။ တိုက်ခိုက်ရေး၊ ကာကွယ်ရေး၊ အသက်ကယ်နည်းစနစ် စတာတွေပေါ့။ မင်း တစ်ခုကို ရွေးလိုက်ပါ။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဘယ်တစ်ခုကို ရွေးရင်ကောင်းမလဲ။ " လင်းယွမ်က စဉ်းစားနေသည်။

ပထမဆုံး ကာကွယ်ရေးလျို့ဝှက်နည်းစနစ်များကို ဖယ်ထုတ်နိုင်လေသည်။ သူက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ရန် ယွမ်ရှန်းကျင်းရှိသောကြောင့် ကျန်တာမလိုအပ်ပေ။ အဆင့်တူချင်း ရင်ဆိုင်ရသောအခါ လင်းယွမ်က ဘာမှမလုပ်ဘဲ ရပ်နေလျှင်တောင် ရန်သူက သူ၏ ကာကွယ်ရေးကို ထိုးဖောက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် သွေးပြန်လည်မွေးဖွားခြင်းလည်း ရှိသောကြောင့် သူက ထိခိုက်မှုရှိခဲ့လျှင်တောင် ပြန်လည်ကောင်းမွန်လာနိုင်လေသည်။

လျို့ဝှက်နည်းစနစ်များကလည်း အသုံးပြုသူအပေါ်တွင် မူတည်လေသည်။ ထို့အပြင် လူသားမျိုးနွယ်က ကျောထောင်နောက်ခံပေးထားသော လင်းယွမ်ကလည်း အမျိုးမျိုးသော အမွေအနှစ်လျို့ဝှက်နည်းစနစ်များကို လေ့ကျင့်နိုင်လေသည်။ ထိုနည်းစနစ်များက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့သော နည်းစနစ်ခုနှစ်ခုထက် နိမ့်လျှင်တောင် စိတ်ကျေနပ်စရာကောင်းလေသည်။

ထို့ကြောင့် လျို့ဝှက်နည်းစနစ်ခုနှစ်ခုထဲမှ ရွေးချယ်ရာတွင် လက်ရှိသူအလိုအပ်ဆုံးအရာကို ရွေးချယ်ခြင်းက ပိုကောင်းလေသည်။

လင်းယွမ်တွင် ကာကွယ်ရေးနည်းစနစ်များ၊ တိုက်ခိုက်ရေးနည်းစနစ်များနှင့် အသက်ကယ်နည်းစနစ်များ မချို့တဲ့ပေ။

" ကျွန်တော် ဒီလျို့ဝှက်နည်းစနစ်ကို ရွေးချယ်ချင်တယ်။ " လင်းယွမ်က ခဏစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

" ဒီအမွေအနှစ် လျို့ဝှက်နည်းစနစ်လား။ " ကျောက်ရုပ်တုရှန်းကျိက အနည်းငယ် အံ့အားသင့်သွားသည်။

" ပုံရိပ်ယောင်အစစ်အမှန်..."

ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်က အမွေအနှစ်လျို့ဝှက်နည်းစနစ် ခုနှစ်ခုထဲတွင် အရန်လျို့ဝှက်နည်းစနစ်တစ်ခုသာ ဖြစ်သည်။

၎င်းက လူတစ်ယောက်ကို အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြား လွတ်လပ်စွာ ကူးပြောင်းစေနိုင်လေသည်။ ဤနေရာတွင် ပုံရိပ်ယောင်ဆိုသည်မှာ စွမ်းအင်ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်ခန္ဓာနှင့် ဆင်တူလေသည်။

သို့သော် ထိုမျှသာဖြစ်သည်။ ထိုလျို့ဝှက်နည်းစနစ်ဖြင့် သွေးသားခန္ဓာကို စွမ်းအင်ခန္ဓာအဖြစ် ပြောင်းလဲနိုင်လျှင်တောင် တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်ထိ တိုးတက်နိုင်မှာလဲ။ သို့မဟုတ် စွမ်းအင်ခန္ဓာမှ သွေးသားခန္ဓာအဖြစ် ပြောင်းလဲသွားခြင်းက ဘယ်လောက်ထိ ကွာခြားမှုရှိမှာလဲ။

တိုက်ခိုက်ရေးလျို့ဝှက်နည်းစနစ်ကို ရွေးချယ်ခြင်းထက် ပို၍ နိမ့်ကျလေသည်။ ကျောက်ရုပ်တုရှန်းကျိ၏ စိတ်ကူးထဲတွင် လင်းယွမ်က ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်ကို ရွေးချယ်လိမ့်မည်ဟု မတွေးခဲ့မိပေ။

" မင်းသေချာရဲ့လား။ " ကျောက်ရုပ်တုရှန်းကျိက ထပ်မေးလိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင် ချန်ခဲ့သော လျို့ဝှက်နည်းစနစ် ခုနှစ်ခုထဲတွင် ပုံရိပ်ယောင်အစစ်အမှန်မှလွဲ၍ ကျန်သောတစ်ခုချင်းစီက သူတို့၏ နယ်ပယ်တွင် အကောင်းဆုံးများ ဖြစ်သည်။ အနာဂတ်တွင် ကြီးမြတ်သူတစ်ယောက်ဖြစ်လာလျှင်တောင် အသုံးဝင်နေသေးသည်။

" ဒါကိုပဲ ရွေးပါတယ်။ " လင်းယွမ်က လေးနက်စွာ ပြောလိုက်သည်။

ထိုလျို့ဝှက်နည်းစနစ်ကို ရွေးချယ်ရန် လင်းယွမ်က သေချာစဉ်းစားခဲ့လေသည်။ အခြားသူများအတွက် ထိုလျို့ဝှက်နည်းစနစ်က အသုံးမဝင်ဘဲ အခြားခြောက်ခုနှင့်လည်း မယှဉ်နိုင်ပေ။

သို့သော် လင်းယွမ်အတွက် ၎င်းက အသင့်တော်ဆုံး လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။

ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်က သက်ရှိ၏ အနှစ်သာရကို ပြောင်းလဲနိုင်သည်။ ၎င်းက တိုက်ခိုက်ရေးစွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးမည်မဟုတ်ပေ။

သို့သော် လင်းယွမ်တွင် မူလစိတ်ဝိညာဉ်နှစ်ခုရှိလေသည်။ သူက ရုပ်ခန္ဓာနတ်စွမ်းရည်များကို နိုးထပြီး ဘူးသီးခြောက်ထဲမှ အရည်များကိုလည်း စုပ်ယူခဲ့သည်။ ထို့ကြောင့် မူလခန္ဓာကိုယ်နှင့် ထိုက်ယင်၊ ထိုက်ယန်မူလစိတ်ဝိညာဉ်များကြား ကွာဟမှုက ပိုမိုကြီးမားလာခဲ့သည်။

ရုပ်ခန္ဓာနတ်စွမ်းရည်များကို မပြောနှင့် သူ၏ မူလခန္ဓာကိုယ်ထဲမှ မိုင်သန်းပေါင်းများစွာ ကျယ်ဝန်းသော အတွင်းကမ္ဘာနှင့်ပင် မူလစိတ်ဝိညာဉ်နှစ်ခုထက် သာလွန်နေပြီဖြစ်သည်။

ထိုအရာအားလုံး၏ အကြောင်းရင်းမှာ မူလစိတ်ဝိညာဉ်များက သွေးသားမရှိသောကြောင့် ရုပ်ခန္ဓာနတ်စွမ်းရည်များနှင့် ဆန်းကြယ်သော ဘူးသီးခြောက်ထဲမှ အရည်များကို မစုပ်ယူနိုင်သောကြောင့်ဖြစ်သည်။

ထိုကွာဟချက်က အနာဂတ်တွင် ပို၍ ကျယ်ပြန့်လာပေလိမ့်မည်။ ဆင်းသက်ခြင်းအရေအတွက် တိုးလာသည်နှင့် လင်းယွမ်တွင် ရုပ်ခန္ဓာနတ်စွမ်းရည်များလည်း ပိုများလာပြီး ဘူးသီးခြောက်ထဲမှ နောက်ဆုံးအရည်နှစ်မျိုးကလည်း သူ၏ ရုပ်ခန္ဓာနှင့် အတွင်းကမ္ဘာကို အားဖြည့်ပေးဦးမည်ဖြစ်သည်။

All Chapters