← Chapters

အေအဆင့်စွမ်းအားလှိုင်း...

Vol. 29 Ch. 438

အေအဆင့်စွမ်းအားလှိုင်း...

Vol. 29 Ch. 438

" ငါ့ရဲ့ စွမ်းအားက အဆင့်မတက်ခင်ကထက် ပိုများလာပြီ။ " လင်းယွမ်က သူ၏ စိတ်အသိကို အတွင်းကမ္ဘာထဲသို့ ပို့လွှတ်လိုက်သည်။

" လေဟာနယ်အလွှာ တစ်သောင်းကျော်ကို ဖန်တီးပြီးသွားပြီ။ လူသားမျိုးနွယ်မှ မှတ်တမ်းတင်ထားတဲ့ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတွေက အလွှာ ခုနှစ်ခု ရှစ်ခုလောက်ပဲ ဖန်းတီးနိုင်ကြတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အတွင်းကမ္ဘာ၏ အရွယ်အစားကို မပြောနှင့် လေဟာနယ်အလွှာ သောင်းကျော်ရှိသော ကမ္ဘာတစ်ခုက လေဟာနယ်အလွှာ အနည်းငယ်သာ ရှိသော ကမ္ဘာတစ်ခုကို ဖိနှိပ်နိုင်လေသည်။

" ဒါပေမယ့် နဝမအလွှာ၊ ဒသမအလွှာတွေနဲ့ ဘယ်အတွင်းကမ္ဘာပဲဖြစ်ဖြစ် အားလုံးက ပင်မစကြာဝဠာကို မှီခိုနေရတယ်။ ဘာလို့လဲဆိုတော့ သူတို့ကို ထောက်ပံ့ပေးဖို့ သီးခြားအချိန်နိယာမမရှိလို့ပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်နိယာမမပေါင်းစည်းရသေးသော အတွင်းကမ္ဘာများက ပင်မစကြာဝဠာကို မှီခိုနေရပြီး ပင်မစကြာဝဠာ၏ အချိန်နှင့် လိုက်လျောညီထွေစွာ လှည့်ပတ်နေသည်။

လူသားမျိုးနွယ် အလယ်ပိုင်းကြယ်နယ်မြေ။ စောင့်ကြည့်ရေးဗျူရို ၃၆၀၀ တည်ရှိသော ဂြိုလ်တစ်ခုက ထိုနေရာတွင် ရှိနေသည်။ လူသားမျိုးနွယ်မှ သိမ်းပိုက်ထားသော နယ်မြေများအတွင်း မူမမှန်သော စွမ်းအားလှိုင်းများကို စောင့်ကြည့်ခြင်းကို တာဝန်ယူထားသော လူသားစောင့်ကြည့်ရေးဗျူရိုက အလွန်အရေးကြီးသည်။

" နံပါတ် ၂၀၁၃၇၆မှာ မူမမှန်တာမရှိပါဘူး။ "

" နံပါတ် ၃၀၉၁၂၃ မှာ မူမမှန်တာ မရှိပါဘူး။ "

" နံပါတ် ၄၀၂၃၇၁ မှာ မူမမှန်တာ မရှိပါဘူး။ "

စောင့်ကြည့်ရေးဗျူရိုအတွင်း ဝန်ထမ်းများက ကြယ်နယ်မြေအမျိုးမျိုးမှ အချက်အလက်များကို အာရုံစိုက်ပြီး လက်ခံနေကြသည်။

အဖွဲ့ခေါင်းဆောင် ဝမ်ရှင်းကလည်း သူ၏ ရှေ့မှ အလင်းမျက်နှာပြင်ကို ကြည့်ရှုနေသည်။ " အလုပ်ဆင်းဖို့ ဆယ်မိနစ်ပဲလိုတော့တယ်။ "

ထိုအချိန်တွင် ရုတ်တရက် အလင်းမျက်နှာပြင်ပေါ်မှ အနီရောင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။

" နံပါတ် ၇၂၃၁၄၂မှာ အေအဆင့် စွမ်းအားလှိုင်းတစ်ခု တွေ့ရှိပါတယ်။ "

" နံပါတ် ၇၂၃၁၄၂မှာ အေအဆင့် စွမ်းအားလှိုင်းတစ်ခု တွေ့ရှိပါတယ်။ "

သတိပေးချက်ထွက်ပေါ်လာသည်နှင့် စောင့်ကြည့်ရေးဗျူရိုအတွင်း လေထုက တင်းမာသွားသည်။ ဝန်ထမ်းများ၏ အမူအရာများက ပြောင်းလဲသွားပြီး စွမ်းအားလှိုင်း၏ အရင်းအမြစ်ကို စတင်ရှာဖွေလိုက်ကြသည်။ အေအဆင့်စွမ်းအားလှိုင်းက ပြင်းထန်သော အန္တရာယ်တစ်ခု ဖြစ်ပေါ်လာနိုင်လေသည်။

" နံပါတ် ၇၂၃၁၄၂.... နဂါးငွေ့တန်းကြယ်နယ်မြေ...." ထိုကြယ်နယ်မြေနှင့် ပက်သက်သော အချက်အလက်များက အဖွဲ့ခေါင်းဆောင် ဝမ်ရှင်း၏ စိတ်ထဲတွင် ပေါ်လာသည်။

" အေအဆင့် စွမ်းအားလှိုင်းလား။ " အဖွဲ့ခေါင်းဆောင် ဝမ်ရှင်း၏ အမူအရာက လေးနက်သွားသည်။

အေအဆင့်စွမ်းအားလှိုင်းက အလင်းနှစ်ဆယ်ချီသက်ရောက်လေသည်။ ၎င်းက သဘာဝဖြစ်စဉ်ဆိုလျှင် ဂြိုလ်ပေါင်းတစ်ရာကျော် တိုက်မိခြင်းဖြစ်သည်။ သဘာဝဖြစ်စဉ်မဟုတ်လျှင် နဝမအလွှာ မျိုးနွယ်ခြား ဆယ်ယောက်ကျော် ကျူးကျော်လာခြင်းကို ဆိုလိုလေသည်။

" ပထမအဆင့် အသင့်အနေအထားကို ဝင်ရောက်ပါ။ " အဖွဲ့ခေါင်းဆောင် ဝမ်ရှင်း၏ အမူအရာက တည်ကြည်သွားသည်။

ကြီးမားသော ဂြိုလ်ကြီးများ တိုက်မိလျှင် အသက်ဂြိုလ်များကို သက်ရောက်မှုရှိလျှင်တောင် ပြန်လည်ထိန်းချုပ်နိုင်လေသည်။ သို့သော် နဝမအလွှာ မျိုးနွယ်ခြားဆယ်ယောက်ကျော် ကျုးကျော်လာလျှင် ကြယ်နယ်မြေများစွာ သို့မဟုတ် ကြယ်မဟာမိတ်တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်လေသည်။

အဖွဲ့ခေါင်းဆောင် ဝမ်ရှင်းက စောင့်ကြည့်ရေးဗျူရို၏ အထက်အရာရှိများကို ဆက်သွယ်ရန်ပြင်လိုက်ချိန်တွင် ဉာဏ်ပညာနတ်ဘုရား၏ တည်ငြိမ်သော အသံက ထွက်ပေါ်လာသည်။

" နိုင်ငံသား ဝမ်ရှင်း စိုးရိမ်စရာမလိုပါဘူး။ "

" စိုးရိမ်စရာမလိုဘူးလား။ " အဖွဲ့ခေါင်းဆောင်ဝမ်ရှင်းက အနည်းငယ် ကြောင်သွားသည်။

အေအဆင့်စွမ်းအားလှိုင်းတစ်ခုပေါ်တာကို စိုးရိမ်စရာမလိုဘူးလား။ နဝမအလွှာ မျိုးနွယ်ခြားများ ကျူးကျော်လာခြင်းမဟုတ်လျှင်တောင် ဂြိုလ်ပေါင်းများစွာ ပျက်ဆီးနိုင်သော အခြေအနေဖြစ်လေသည်။

" အဲ့ဒီစွမ်းအားလှိုင်းက ငါတို့ လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက် နဝမအလွှာကို တက်လှမ်းလို့ ဖြစ်ပေါ်လာတာပဲ။ ဒါကြောင့် ကြီးမားတဲ့ ပျက်ဆီးမှုမရှိလို့ စိုးရိမ်စရာမလိုပါဘူး။ " ဉာဏ်ပညာနတ်ဘုရားက ရှင်းပြလိုက်သည်။

" ဘာ.... " အဖွဲ့ခေါင်းဆောင် ဝမ်ရှင်းက အံ့အားသင့်သွားသည်။

စောင့်ကြည့်ရေးဗျူရိုရှိ အဖွဲ့ခေါင်းဆောင်အနေဖြင့် မြင့်မားသော ဆင့်ကဲပြောင်းလဲခြင်းစွမ်းအားမရှိသော်လည်း ကျယ်ပြန့်သော ဗဟုသုတတော့ ရှိလေသည်။

အဋ္ဌမအလွှာမှ နဝမအလွှာသို့ တက်လှမ်းခြင်းက အများဆုံး ကြယ်အနည်းငယ်ကို ဖုံးလွှမ်းနိုင်သော စွမ်းအားလှိုင်းများ ဖြစ်ပေါ်စေပေလိမ့်မည်။

သူက နဝမအလွှာ မျိုးနွယ်ခြားများ ကျူးကျော်လာခြင်း သို့မဟုတ် ဂြိုလ်များစွာ တိုက်မိခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ထင်ခဲ့သော်လည်း ဉာဏ်ပညာနတ်ဘုရားက တစ်စုံတစ်ယောက် နဝမအလွှာသို့ တက်လှမ်းခြင်းဖြစ်သည်ဟု ပြောခဲ့လေသည်။

ဉာဏ်ပညာနတ်ဘုရားက ဆက်သွယ်ပြီးနောက် စောင့်ကြည့်ရေးဗျူရိုရှိ သတိပေးချက်များကလည်း ငြိမ်သက်သွားသည်။ ဝန်ထမ်းများကလည်း ထိုအကြောင်းကို စတင်ဆွေးနွေးလိုက်ကြသည်။

" အဲ့ဒီစွမ်းအားလှိုင်းက ဆင့်ကဲပြောင်းလဲသူတစ်ယောက် နဝမအလွှာကို တက်လှမ်းလို့ ဖြစ်ပေါ်လာတာလို့ ဉာဏ်ပညာနတ်ဘုရားက ပြောခဲ့တာလား။ "

" နဝမအလွှာကို တက်လှမ်းတာက ဒီလောက်တောင် ပြင်းထန်တာလား။ "

ဝန်ထမ်းများက ဆင့်ကဲပြောင်းလဲသူတစ်ယောက် နဝမအလွှာသို့ တက်လှမ်းသည်ကို ​မမြင်ဖူးကြသော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကိုတော့ ခံစားမိကြလေသည်။ အဋ္ဌမအလွှာတစ်ယောက်က နိယာမများကို ပြည့်စုံစွာ ပေါင်းစည်းပြီးနောက် သူတို့၏ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ် စသည်တို့ အသွင်ပြောင်းလဲလျှင်တောင် ထွက်ပေါ်လာသော စွမ်းအားက ဂြိုလ်ခုနှစ်ခု ရှစ်ခုကိုသာ သက်ရောက်လေသည်။

သို့သော် သူတို့ ယခုလေးတင် တွေ့ရှိခဲ့သော စွမ်းအားလှိုင်းက အလင်းနှစ် တစ်ဆယ်ကျော်အထိ သက်ရောက်ခဲ့သည်။ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာက ပြိုင်တူ အဆင့်တက်လျှင်တောင် ထိုမျှ ပြင်းထန်နိုင်မည်မဟုတ်ပေ။

" အဋ္ဌမအလွှာကနေ နဝမအလွှာကို တက်လှမ်းတာက ဒီလောက်ကြီးမားတဲ့ စွမ်းအားလှိုင်းကို ဖြစ်ပေါ်စေမှာ မဟုတ်ဘူး။ "

" ဒါပေမယ့် ဉာဏ်ပညာနတ်ဘုရားက ပြောတာဆိုတော့ သေချာတဲ့ အကြောင်းရင်း ရှိလောက်တယ်။ "

ဝန်ထမ်းများက နားမလည်ကြသော်လည်း ဉာဏ်ပညာနတ်ဘုရားကို သံသယမဝင်ကြပေ။

" အဋ္ဌမအလွှာကနေ နဝမအလွှာကို တက်လှမ်းတာ ဘယ်သူဖြစ်မလဲမသိဘူး။ "

" ပြောရခက်တယ်။ ငါတို့ လူသားမျိုးနွယ်မှာ အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတွေ အများကြီးရှိတယ်။ သူတို့က အဆင့်တက်ဖို့ စကြာဝဠာအနှံ့ သွားနေကြတာ။ သူတို့က ဘယ်နေရာမှာမဆို အဆင့်တက်နိုင်တယ်။ "

" ဘာပဲဖြစ်ဖြစ် ငါတို့လူသားမျိုးနွယ်က နောက်ထပ် နဝမအလွှာတစ်ယောက် ရရှိလာပြီ။ ပြီးတော့ သူက သာမန်နဝမအလွှာတော့မဖြစ်နိုင်ဘူး။ "

ဝန်ထမ်းများက စိတ်လှုပ်ရှားနေကြသည်။ နဝမအလွှာသို့ တက်လှမ်းသူက သူတို့မဟုတ်သော်လည်း သူတို့က လူသားမျိုးနွယ်၏ အစိတ်အပိုင်းများဖြစ်ကြသည်။ လူသားမျိုးနွယ် ပိုမိုကောင်းမွန်လာသည်နှင့်အမျှ သူတို့အတွက်လည်း အကျိုးရှိလေသည်။

ကြယ်စကြာဝဠာတွင် မျိုးနွယ်ဆစ်သောင်းက ကြမ်းတမ်းရက်စက်စွာ ယှဉ်ပြိုင်နေကြသည်။ မျိုးနွယ်တစ်ခုက အားမကောင်းလျှင် သူတို့မျိုးနွယ်ဝင်များကလည်း ဆိုးရွားသော ကံကြမ္မာကို ပိုင်ဆိုင်ရပေလိမ့်မည်။

ဥပမာ အထူးသက်ရှိများက အရေအတွက်နည်းသောကြောင့် ဖမ်းဆီးခံရပြီး သူတို့၏ သွေးအဆီအနှစ်မှ သွေးမျိုးဆက်ဆေးရည်ကို ဖန်တီးကြလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ သူတို့က အားနည်းသောကြောင့် ဖြစ်သည်။ အားနည်းခြင်းဆိုသည်မှာ လူသားမျိုးနွယ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။

ဝန်ထမ်းများနှင့်မတူဘဲ အဖွဲ့ခေါင်းဆောင် ဝမ်ရှင်းက အနည်းငယ် တည်ငြိမ်နေသည်။

" နဂါးငွေ့တန်းကြယ်နယ်မြေ...."

အဖွဲ့ခေါင်းဆောင် ဝမ်ရှင်းက အကြောင်းရင်းတစ်ခုခုကြောင့် အံ့ဩစရာများစွာကို ဖန်ဆီးခဲ့သော နဂါးငွေ့တန်းကြယ်သခင်ကို အရင်ဆုံး တွေးမိခဲ့သည်။ နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာသို့ တက်လှမ်းနိုင်မည်မှာ သေချာသော်လည်း အနည်းဆုံး ရာစုနှစ်တစ်ခုတော့ ကြာပေလိမ့်မည်။

သို့သော် အဖွဲ့ခေါင်းဆောင် ဝမ်ရှင်းက ဉာဏ်ပညာနတ်ဘုရားပြောခဲ့သော နဝမအလွှာသို့ တက်လှမ်းသွားသော ဆင့်ကဲပြောင်းလဲသူကို နဂါးငွေ့တန်းကြယ်သခင်ဟုသာ သူက ခံစားနေရသည်။

အံ့ဩဖွယ်ရာများကို ဖန်တီးခဲ့သော နဂါးငွေ့တန်းကြယ်သခင်က နဝမအလွှာသို့တက်ရန် နှစ်တစ်ရာကြာမည်ဟူသည်ကိုလည်း ဆန့်ကျင်ပစ်ပေလိမ့်မည်။

" ငါတို့လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူတစ်ယောက် နဝမအလွှာကို ရောက်တိုင်း ကြေညာလေ့ရှိတယ်။ အဲ့ဒါက လူသားတွေကို စိတ်ဓာတ်မြှင့်တင်ပေတဲ့အပြင် မျိုးနွယ်ခြားတွေကိုလည်း ထိတ်လန့်စေလိမ့်မယ်။ "

" နဂါငွေ့တန်းကြယ်သခင် ဟုတ် မဟုတ်ဆိုတာ အချိန်ကျရင် သိရမှာပဲ။ " ဝမ်ရှင်းက တွေးလိုက်သည်။

တိတ်ဆိတ်သော နေရာတစ်ခုတွင် လင်းယွမ်က သူ၏ ပြောင်းလဲမှုများကို ခံစားနေသည်။ အဋ္ဌမအလွှာမှ နဝမအလွှာသို့ အသွင်ကူးပြောင်းခြင်းက အတွင်းကမ္ဘာကို ပို၍ ခိုင်မာစေပြီး သူ၏ အသက်အနှစ်သာရကို မြှင့်တင်ပေးလေသည်။

" ငါအခု အချိန်ရဲ့ စီးဆင်းမှုကို နည်းနည်းခံစားနိုင်ပြီ။ " လင်းယွမ်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။

နဝမအလွှာတစ်ယောက်က အချိန်နိယာမ၏ လှိုင်းများကို အနည်းငယ် ထောက်လှမ်းနိုင်လေသည်။ အချိန်က အဓိကနိယာမတစ်ခုဖြစ်ပြီး လေဟာနယ်နိယာမထက်ပင် ဖမ်းဆုပ်ရခက်ခဲလေသည်။ နဝမအလွှာအောက်တွင်ရှိသူများက အချိန်နိယာမကို နားလည်ရန်မပြောနှင့် ခံစားရန်ပင် မဖြစ်နိုင်ပေ။

လင်းယွမ်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်နှင့်ပက်သက်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို အတင်းအကျပ်လေ့လာပြီး အချိန်နိယာမကို နားလည်နိုင်သော်လည်း ၎င်းက အလွန်ဒုက္ခများမည့်အရာဖြစ်သည်။

All Chapters