← Chapters

ချီခွန်ကြယ်သခင်၏ ဒုက္ခ....

Vol. 29 Ch. 440

ချီခွန်ကြယ်သခင်၏ ဒုက္ခ....

Vol. 29 Ch. 440

ပင်မကြယ်၏ ခန်းမထဲတွင် လင်းယွမ်နှင့် ထိုက်ယင်မူလစိတ်ဝိညာဉ်တို့က မျက်နှာချင်းဆိုင် ထိုင်နေကြသည်။

" အခု ငါတို့ ပုံရိပ်ယောင်အစစ်အမှန် နည်းစနစ်ကို စမ်းကြည့်လို့ရပြီ။ " လင်းယွမ်က စိတ်လှုပ်ရှားနေ၏။

ပုံရိပ်ယောင်အစစ်အမှန်က သက်ရှိ၏ အနှစ်သာရကို ပုံရိပ်ယောင်မှ အစစ်အမှန်၊ အစစ်အမှန်မှ ပုံရိပ်ယောင်သို့ ပြောင်းလဲပေးခြင်းဖြစ်သည်။

ထိုက်ယင်မူလစိတ်ဝိညာဉ်က စိတ်ဝိညာဉ်ခန္ဓာဖြစ်သောကြောင့် ပုံရိပ်ယောင်ဟု ခေါ်ဆိုနိုင်ပြီး ပုံရိပ်ယောင်အစစ်အမှန်၏ အကူအညီနှင့် သွေးသားခန္ဓာကို ရရှိနိုင်ပြီး လင်းယွမ်၏ နတ်စွမ်းရည်နှင့် ရတနာမြှင့်တင်မှုများကို မျှဝေနိုင်ပြီဖြစ်သည်။

" စမယ်။ " လင်းယွမ်က သူ၏ ရှေ့မှ ထိုက်ယင်မူလစိတ်ဝိညာဉ်ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ပုံရိပ်ယောင်အစစ်အမှန် နည်းစနစ်ကို စတင်အသက်သွင်းနေပြီဖြစ်သည်။ သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က ဆူပွက်လာပြီး သေးငယ်သော အမှုန်လေးများအဖြစ် တဖြည်းဖြည်း ပြောင်းလဲနေသည်။

" အားလုံးအဆင်ပြေတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ထိုက်ယင်မူလစိတ်ဝိညာဉ်က ကျရှုံးခဲ့လျှင်တောင် ၎င်းက မူလစိတ်ဝိညာဉ်တစ်ခုသာ ဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်း ပြန်လည်စုစည်းနိုင်သည်။

" အသွင်ပြောင်းတာပြီးဖို့ လဝက်လောက်တော့ ကြာလိမ့်မယ်။ " လင်းယွမ်က ခန့်မှန်းလိုက်သည်။

သက်ရှိ၏ အနှစ်သာရကို ပြောင်းလဲရန် အချိန်များစွာ လိုအပ်ပြီး အထူးသဖြင့် ပုံရိပ်ယောင်မှ အစစ်အမှန်သို့ ပြောင်းလဲသည့်အချိန်တွင် ဖြစ်သည်။

" ထိုက်ယင်မူလစိတ်ဝိညာဉ်ရဲ့ အကျိုးသက်ရောက်မှုကို အရင်ဆုံးကြည့်ရမယ်။ အဆင်ပြေရင်တော့ ထိုက်ယန်မူလစိတ်ဝိညာဉ်ကိုလည်း အသွင်ပြောင်းလို့ရပြီ။ "

ယခုအချိန်တွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်အတိုင်း အသွင်ပြောင်းလဲနိုင်မလားဆိုတာ သူမသိသော်လည်း ဖြစ်နိုင်ခြေများလေသည်။

" ဒီကိုလာခဲ့။ " လင်းယွမ်က ထိုက်ယင်မူလစိတ်ဝိညာဉ်ကို သူ၏ အတွင်းကမ္ဘာထဲသို့ ခေါ်ဆောင်ပြီး သူ၏ စိတ်အသိကလည်း ဆင်းသက်သွားသည်။

" အခု အတွင်းကမ္ဘာက ပိုပြီးသက်သောင့်သက်သာဖြစ်လာပြီ။ " လင်းယွမ်က ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးကို တစ်ချက်ကြည့်လိုက်သည်။ လေဟာနယ်အလွှာများကို ဖန်တီးပြီးနောက် သူ၏ အတွင်းကမ္ဘာက အစသ်အမှန်ကမ္ဘာနှင့် ပို၍ တူလာသည်။

သို့သော် လက်ရှိတွင် အတွင်းကမ္ဘာက အချိန်နိယာမ၏ ပံ့ပိုးမှုမရှိဘဲ ပင်မစကြာဝဠာ၏ အချိန်နိယာမအပေါ်တွင်သာ မှီခိုနေရသည်။

" အာ..." လင်းယွမ်က အတွင်းကမ္ဘာကို လှည့်ပတ်ကြည့်နေပြီး ကမ္ဘာသစ်ပင်တွင် ရပ်တန့်သွားသည်။

ယခု လင်းယွမ်က နဝမအလွှာ ဖြစ်နေပြီဖြစ်သောကြောင့် သူ၏ အတွင်းကမ္ဘာထဲမှ လေဟာနယ်အလွှာများကို တစ်ချက်ကြည့်ရုံနှင့် ရင်းနှီးစွာ သိနိုင်လေသည်။ ကမ္ဘာသစ်ပင်၏ ပင်စည်က ပင်မလေဟာနယ်အလွှာတွင် ရှိသော်လည်း အမြစ်များက လေဟာနယ်အလွှာများစွာကို ထိုးဖောက်နေပြီး မတူညီသော အလွှာများမှ စွမ်းအားများကို စုပ်ယူနေသည်။

" ကမ္ဘာသစ်ပင်မှာ ဒီလိုစွမ်းရည်မျိုးရှိလိမ့်မယ်လို့ မထင်ထားမိဘူး။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။

လေဟာနယ်အလွှာများကို ကျွမ်းကျင်ပြီး ဝင်ရောက်ခြင်းက နဝမအလွှာများ တတ်နိုင်သော စွမ်းရည်တစ်ခုဖြစ်ငည်။ အဋ္ဌမအလွှာအချို့က ၎င်းကို လုပ်ဆောင်နိုင်သော်လည်း အပေါ်ယံမျှသာ ဖြစ်သည်။

" အံ့ဩစရာတော့မရှိပါဘူး။ ဒါက ကြယ်၁၁ပွင့် ရတနာပဲကို။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်နှင့်သာ ပက်သက်ခြင်းမရှိခဲ့လျှင် ကမ္ဘာသစ်ပင်ကို ရယူနိုင်မည်မဟုတ်ပေ။ နဝမအလွှာ သို့မဟုတ် ဒသမအလွှာသို့ ရောက်လျှင်တောင် မဖြစ်နိုင်လုနီးပါပင်။

ပင်မစကြာဝဠာတွင် ကမ္ဘာသစ်ပင်က အလွန်ရှားပါးလေသည်။ ကမ္ဘာအပြင်ဘက်မှ ပြင်ပအင်အားစုဖြစ်သော နတ်ဆိုးကျောက်စိမ်းမျှော်စင်က လွန်ခဲ့သော အတိတ်တွင် ကြီးကျယ်ခမ်းနားခဲ့သောကြောင့် ကမ္ဘာသစ်ပင်တစ်ပင်ကို ရရှိခဲ့ခြင်းဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကြာသွားခဲ့သည်။ လင်းယွမ် နဝမအလွှာသို့ တက်လှမ်းခဲ့သည့်အကြောင်းကို နတ်ဘုရားသုံးပါးက အတည်ပြုခဲ့ပြီး လင်းယွမ်၏ သဘောတူညီချက်နှင့်အတူ လူသားမျိုးနွယ်၏ နာမည်ဖြင့် တရားဝင်ကြေညာခဲ့သည်။

ကြေညာချက်ကို ထုတ်ပြန်လိုက်သည်နှင့် လူသားမျိုးနွယ်၏ အဓိကဒေသငါးခုအပြင် ပတ်ဝန်းကျင်ရှိ မျိုးနွယ်ခြားများဆီသို့ပင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး အထွတ်အထိပ်မျိုးနွယ်များက သတင်းကို အရင်ဆုံး ရရှိခဲ့ကြသည်။

အင်းဆက်မျိုးနွယ်နယ်မြေ။

ကြီးမားသော အင်ဆက်မျိုးနွယ်အသိုက်တစ်ခုက ကြောက်စရာကောင်းစွာ လည်ပတ်နေသည်။

" ဘယ်သူလဲ။ နဂါးငွေ့တန်းကြယ်သခင်ကို လုပ်ကြံဖို့ တာဝန်ယူထားတာ ဘယ်သူလဲ။ "

" အစက နဂါးငွေ့တန်းကြယ်သခင်က ဆဋ္ဌမအလွှာတောင် မရှိသေးဘူး။ ဒီလောက် လုပ်ကြံဖို့ လွယ်နေတာကို ဒီနေ့အထိ ကြီးထွားခွင့်ပေးခဲ့တာလား။ နဝမအလွှာထိ ရောက်အောင်လား။ အနာဂတ်မှာ ဒသမအလွှာကို ရောက်သွားရင်ရော။ "

ထိုအင်းဆက်မျိုးနွယ်အသိုက်မှ ထုတ်လွှတ်နေသော စိတ်ဝိညာဉ်လှိုင်းများက အလွန်ဒေါသထွက်နေသည်။

သူတို့က ယခင် နဂါးငွေ့တန်းကြယ်သခင်ကို သတိမထားမိခဲ့လျှင် အခြေအနေက တစ်မျိုးဖြစ်သည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က အင်းဆက်မျိုးနွယ်နှင့် အခြားမဟာမိတ်မျိုးနွယ်များ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့ပြီး သူတို့က ကျိန်စာသတ်ဖြတ်ခြင်းစွမ်းရည်ကိုပင် အသုံးပြုခဲ့ကြသည်။

​သူတို့က ပစ်မှတ်လွဲသွားရုံနှင့် လက်လျှော့ခဲ့ကြတာလား။ ပစ်မှတ်လွဲတော့ ထပ်မရွေးနိုင်ဘူးလား။ အဆိုးဆုံးအနေဖြင့် ကြီးမားသော တန်ဖိုးကို ပေးဆပ်ပြီး ထိုကြယ်ခုနှစ်လုံးလှိုဏ်ဂူစမ်းသပ်မှုမှ ရွှေရောင်သင်္ကေတပိုင်ရှင်အားလုံးကို ကျိန်စာတိုက်သတ်ဖြတ်ပစ်ရုံသာ ဖြစ်သည်။

" အရှင်...."

" ဒီကိစ္စကို တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ်ဖန်ယုံက ကိုယ်တာဝန်ကို မယူရဲဘဲ ကိုယ်ကိုကိုယ် သတ်သေသွားပါပြီ။ " တစ်စုံတစ်ယောက်က တင်ပြလိုက်သည်။

" ကိုယ့်ကိုကိုယ် သတ်သေသွားတာလား။ " အင်ဆက်မျိုးနွယ်အသိုက်က တိတ်ဆိတ်သွားသည်။

" ငါ့သားက နဝမအလွှာ ဆင့်ကဲပြောင်းလဲသူဖြစ်သွားတယ်။ " လင်းချောင်ချန်က ပျော်ရွှင်စွာ ဆူညံနေသော ကန်လန်ကြယ်ကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

နှစ်များတစ်လျှောက် လင်းယွမ်နှင့် ပက်သက်သော သတင်းများက တစ်ခုပြီး တစ်ခု ရောက်လာပြီး တစ်ခုထက် တစ်ခုက ပို၍ ကြောက်စရာကောင်းလာသည်။

လင်းချောင်ချန်က နဝမအလွှာ၏ အဓိပ္ပါယ်ကို ကောင်းကောင်းမသိလျှင်တောင် ၎င်းက လူသားမျိုးနွယ်၏ ထောက်တိုင်တစ်ခုဖြစ်ပြီး ထိုအဆင့်ရှိ သက်ရှိများက သာမန်လူများရှေတွင် ပေါ်မလာသည်ကို သိထားလေသည်။

" မစ္စတာလင်း ခင်ဗျားမှာ တကယ်ထူးချွန်တဲ့ သားတစ်ယောက်ရှိနေတာပဲ။ " အုပ်ချုပ်သူစုန်ဝူယန်က အံ့အားသင့်သော အမူအရာနှင့် ရှိနေသည်။ တစ်ချိန်က သူလေးစားခဲ့သော ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်က ယခုတော့ ကြောက်စရာကောင်းသော နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သွားခဲ့သည်။

လင်းယွမ်က နဝမအလွှာသို့ တက်လှမ်းသွားသောကြောင့် ကန်လန်ကြယ်တစ်ခုလုံး ပျော်ရွှင်ကြရလေသည်။ အရေးကြီးသော အကြောင်းရင်းမရှိဘဲ သူတို့၏ ဂြိုလ်မှ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် ထွက်ပေါ်လာခြင်းကို ရိုးသားစွာ ဂုဏ်ပြုကြခြင်းဖြစ်သည်။

လူသားမျိုးနွယ်၏ နယ်မြေများက ကျယ်ပြန့်ပြီး အဆင့်မြင့်အသက်ဂြိုလ်များက မရေတွက်နိုင်အောင် ရှိလေသည်။ သို့သော် သမိုင်းတစ်လျှောက်မှာ ဘယ်သူမှ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို မထွက်ပေါ်လာဖူးပေ။

ယခုတော့ ကန်လန်ကြယ်က ၎င်းကို လုပ်နိုင်ခဲ့ပြီ။ အမှန်တော့ ကန်လန်ကြယ်တစ်ခုတည်း ဂုဏ်ပြုနေခြင်းမဟုတ်ဘဲ လီမင်ကြယ်စနစ်တစ်ခုလုံးကလည်း ပျော်ရွှင်နေကြသည်။

" အကိုက အရမ်းအံ့ဩစရာကောင်းတာပဲ။ " လင်းယိကလည်း ထိုသတင်းကိုကြားလိုက်ရပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ သူမ၏ အကိုနှင့် ယှဉ်လျှင် သူမက သာမန်သာဖြစ်သည်။

" ငါတို့ညီငယ်လေးက နဝမအလွှာကို ရောက်သွားပြီလား။ "

ချီခွန်မျိုးနွယ်၏ VR ကမ္ဘာတွင် တောင်ထိပ်သခင်များက စုစည်းပြီး စကားပြောနေကြသည်။ သူတို့က ထိုတုန်လှုပ်ဖွယ်ရာသတင်းကို ရရှိခဲ့ပြီး မှင်သက်နေခဲ့ကြသည်။

" ငါ ဇူကောက နဝမအလွှာ ဆင့်ကဲပြောင်းလဲသူရဲ့ စီနီယာအကိုကြီး ဖြစ်လာတဲ့အထိ ကံကောင်းလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ "

တောင်ထိပ်ဇူကောက ခံစားချက်များနှင့် ပြောလိုက်သည်။

" ငါတို့က အခုထိ ဆဋ္ဌမအလွှာပဲ ရှိသေးပြီး ငါတို့ရဲ့ ညီငယ်လေးက နဝမအလွှာ ဖြစ်သွားပြီ။ " ငါးယောက်မြောက် တောင်ထိပ်သခင်က ပြောလိုက်သည်။ သူက မနာလိုစိတ်တော့ မရှိပေ။ ကွာခြားမှုသေးငယ်လျှင် မနာလိုဖြစ်နိုင်သော်လည်း သူတို့ကြား ကွာဟမှုက ကြီးမားလှသောကြောင့် လေစားမှုနှင့် အံ့ဩရုံသာ တတ်နိုင်လေသည်။

" အဲ့ဒီတုန်းက ညီငယ်လေးကို ငါလက်အောက်ကို ခေါ်ဖို့တောင် စဉ်းစားခဲ့ဖူးတယ်။ " ဆယ့်နှစ်ယောက်မြောက် တောင်ထိပ်သခင်ကလည်း ခံစားချက်များနှင့် ပြောလိုက်သည်။

" ငါ့တပည့်က နဝမအလွှာကို ရောက်သွားတာလား။ " ချီခွန်ကြယ်သခင်ကလည်း ထိုသတင်းကို ရရှိခဲ့သော်လည်း များစွာ အံ့ဩခြင်းမရှိခဲ့ပေ။

ဤနှစ်များတွင် ချီခွန်ကြယ်သခင်က လင်းယွမ်၏ လုပ်ဆောင်မှုများကြောင့် အံ့ဩရသည်မှာ အကျင့်ဖြစ်နေပြီဖြစ်သည်။ နဝမအလွှာမပြောနှင့် လင်းယွမ်က ဒသမအလွှာကို တက်လှမ်းသွားလျှင်တောင် များစွာ မအံ့ဩနိုင်ဟု ခံစားမိလေသည်။

" အစတုန်းက ငါ့တပည့်ထက် အရင် နဝမအလွှယကို တက်နိုင်မယ်လို့ ထင်ခဲ့တာ။ " ချီခွန်ကြယ်သခင်က သက်ပြင်းချလိုက်၏။

သူလည်း ပေါင်းစပ်နိယာမများကို နောက်ဆုံးအဆင့်ထိ ရောက်နေပြီး နဝမအလွှာနှင့် နီးကပ်နေပြီ ဖြစ်သည်။ ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်အချို့သာ ကြာပေလိမ့်မည်။

" မဖြစ်ဘူး။ ငါ ဒီတစ်ခါ တံခါးပိတ်ကျင့်ကြံရင် နဝမအလွှာကို တက်လှမ်းရမယ်။ မဟုတ်ရင် ငါ့တပည့်ကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူး။ "

လူသားမျိုးနွယ်တွင် တပည့်က ဆရာကို ကျော်လွန်သည်မှာ မရှားသော်လည်း ချီခွန်ကြယ်သခင်က သူ၏ ဂုဏ်သိက္ခာကို ဂရုစိုက်နေဆဲ ဖြစ်သည်။ မူလတွင် လင်းယွမ်က အဋ္ဌမအလွှာ တားဆီးမရသူများကို သတ်ပစ်ခဲ့သော်လည်း သူ၏ အသက်အနှစ်သာရက အဋ္ဌမအလွှာတွင်သာ ရှိနေသေးသည်။

ထို့ကြောင့် ချီခွန်ကြယ်သခင်က လင်းယွမ်နှင့် တွေ့ဆုံချိန်တွင် မျက်နှာမပူခဲ့ပေ။ သို့သော် ယခု လင်းယွမ်က နဝမအလွှာကို တက်လှမ်းသွားပြီဖြစ်သည်။

" ဒီတစ်ခါ ကျင့်ကြံတာ နှစ်နှစ်ဆယ် ကြာလိမ့်မယ်။ နှစ်နှစ်ဆယ်ကြာပြီးရင် ငါ နဝမအလွှာကို တက်လှမ်းရမယ်။ အဲ့အချိန်ကျရင် ငါတပည့် ရှေ့မှာ သိပ်တော့ မျက်နှာမပူရတော့ပါဘူး။ " ချီခွန်ကြယ်သခင်က တံခါးပိတ်ကျင့်ကြံရန် စီစဉ်နေသည်။

သူက နောက်နှစ်နှစ်ဆယ်အတွင်း ကြီးမားသော ကိစ္စမရှိလျှင် သူ့ကို မနှောက်ယှက်ရန် သတိပေးခဲ့သည်။

" နဝမအလွှာ ငါ ချီခွန်လာပြီ။ " ချီခွန်ကြယ်သခင်က မျက်လုံးများ မှိတ်လိုက်သည်။

All Chapters