ဂုဏ်ပြုခံရခြင်း....
Vol. 29 Ch. 442
နဂါးငွေ့တန်းပင်မကြယ်။
ထိုက်ယင်မူလစိတ်ဝိညာဉ်က ဆန်းကြယ်သော ဘူးသီးခြောက်မှ အရည်ကို လျင်မြန်စွာ စုပ်ယူနေသည်။ သူ၏ သွေးပြန်လည်မွေးဖွားခြင်းစွမ်းရည်အပေါ် ကျွမ်းကျင်မှုက မူလခန္ဓာကိုယ်နှင့် အတူတူပင်ဖြစ်သည်။
ထို့ကြောင့် ဘူးသီးခြောက်ထဲမှ အရည်ကို စုပ်ယူနှုန်းက အလွန်လျင်မြန်လေသည်။ တစ်လမပြည့်မီ သူက ငါးရောင်မြောက်အရည်ကို စုပ်ယူပြီး မူလခန္ဓာကိုယ်၏ တိုးတက်မှုကို လိုက်မီသွားသည်။
" ငါ့ရဲ့ ခွန်အားက..." လင်းယွမ်က ပြုံးလိုက်သည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်၏ အတွင်းကမ္ဘာက မိုင် တစ်ဘီလီယံမှ နှစ်ဘီလီယံ အရွယ်အစားသို့ ရောက်နေပြီး မူလခန္ဓာကိုယ်နှင့် ကွာခြားခြင်းမရှိတော့ပေ။
လေဟာနယ်နိယာမကို အပြည့်အဝ နားမလည်မီ သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများက မပြည့်စုံသေးသောကြောင့် မူလစိတ်ဝိညာဉ်နှစ်ခု၏ အခြေခံ အတွင်းကမ္ဘာက မူလခန္ဓာကိုယ်ထက် ပို၍ သေးငယ်ခဲ့သည်။ ထိုက်ကျိမူလစိတ်ဝိညာဉ်အဖြစ် ပေါင်းစည်းမှသာ မူလခန္ဓာကိုယ်၏ အခြေခံအတွင်းကမ္ဘာနှင့် တူညီသွားလေသည်။
အခြေခံအတွင်းကမ္ဘာဆိုသည်မှာ ဘူးသီးခြောက်၏ မြှင့်တင်ခြင်းမရှိသော အတွင်းကမ္ဘာဖြစ်လေသည်။ လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ပြီးနောက် သူတို့၏ အတွင်းကမ္ဘာများကို မိုင်ဆယ်သန် အမြင့်ဆုံကန့်သတ်ချက်အထိ ချဲ့ထွင်နိုင်ခဲ့လေသည်။
" အခု ငါ့ရဲ့ မူလခန္ဓာကိုယ်၊ ထိုက်ယင်မူလစိတ်ဝိညာဉ်နဲ့ ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က တူညီတဲ့ ခွန်အားရှိနေပြီ။ မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွားကြားမှာ ကွာခြားမှုမရှိတော့ဘူး။ " လင်းယွမ်က ရေရွတ်လိုက်သည်။
ယခု သူ၏ ခန္ဓာကိုယ်သုံးခုလုံးကို မူလခန္ဓာကိုယ်ဟု သတ်မှတ်နိုင်လေသည်။ လူသားမျိုးနွယ်၏ ကိုယ်ပွားစွမ်းရည်ကို ကိုယ်ပွားဟု ခေါ်ရခြင်းမှာ ကိုယ်ပွား၏ ခွန်အားက မူလခန္ဓာကိုယ်ထက် နိမ့်ကျသောကြောင့် ဖြစ်သည်။
ထို့အပြင် ကိုယ်ပွားသေဆုံးလျှင် မူလခန္ဓာကိုယ်က မထိခိုက်သော်လည်း မူလခန္ဓာကိုယ် သေဆုံးလျှင် ကိုယ်ပွားလည်း သေဆုံးသွားပေလိမ့်မည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်၊ ထိုက်ယင် မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့ထဲမှ နှစ်ခုသေဆုံးသွားလျှင်တောင် ကျန်တစ်ခုက ပြန်လည်စုစည်းနိုင်လေသည်။
အလယ်ပိုင်ကြယ်နယ်မြေရှိ ဂြိုလ်တစ်ခု၏ အထက်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" နောက်ဆုံးတော့ ရောက်ပြီ။ "
လူသားမျိုးနွယ်၏ ပိုင်နက်က အလွန်ကျယ်ပြောလွန်သောကြောင့် လင်းယွမ်က နဂါးငွေ့တန်းကြယ်နယ်မြေမှ အလယ်ပိုင်းကြယ်နယ်မြေသို့ ရောက်ရန် တစ်နှစ်နီးပါး ကြာသွားခဲ့သည်။ ထိုတစ်နှစ်နီပါးတွင် လင်းယွမ်က ရပ်နားခြင်းမရှိဘဲ ခြေတစ်လှမ်းလျှင် အလင်းနှစ် ၅၃၀နှုန်းနှင့် သွားနေခဲ့ခြင်းဖြစ်သည်။
" အလယ်ပိုင်းကြယ်နယ်မြေမှာ ငါ မဟာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုလို့မရတော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အတိအကျပြောရလျှင် လေဟာနယ်ဖြတ်ကျော်ခြင်းနည်းလမ်းမှန်သမျှ တားမြစ်ထားခြင်းဖြစ်သည်။ အလယ်ပိုင်းကြယ်နယ်မြေက လူသားမျိုးနွယ်၏ အဓိကနေရာဖြစ်လေသည်။
လင်းယွမ် ရောက်လာပြီးနောက် အောက်မှ ဂြိုလ်ပေါ်မှ ပုံရိပ်တစ်ခု ပျံသန်းလာသည်။
" ဟားဟား နဂါးငွေ့တန်းကြယ်သခင် ငါမင်းကို စောင့်နေတာ။ " ထိုပုံရိပ်ကလည်း နဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ဖြစ်ပြီး လင်းယွမ်ကို ကြိုဆိုရန် တာဝန်ယူထားသူဖြစ်သည်။
" တကယ်တော့ ငါ နဂါးငွေ့တန်းကြယ်သခင်နဲ့ မကြောသေးခင်ကပဲ တွေ့ခဲ့သေးပါတယ်။ " ခရမ်းရောင်ဆံပင်နှင့် ဆင့်ကဲပြောင်းလဲသူက လင်းယွမ်ကို ပြုံးပြလိုက်သည်။
" ငါနဲ့တွေ့ခဲ့တာလား။ " လင်းယွမ်က စိတ်ရှုပ်သွား၏။
" ငါ့နာမည်က ရှီလန်ပါ။ ငါက စစ်မြေပြင် B0001 ကို တာဝန်ယူထားတာလေ။ " ရှီလန်က ရှင်းပြလိုက်သည်။
သူက လင်းယွမ်ကို ကြည့်ပြီး စဉ်းစားလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က မျှော်လင့်ထားတာထက် စောပြီး ရောက်လာတာပဲ။ သူက မဟာရွှေ့ပြောင်းခြင်းစွမ်းရည်ကို ဆက်တိုက် အသုံးပြုနေခဲ့တာလား။ "
ပုံမှန်အားဖြင့် နဝမအလွှာသို့ ယခုမှ ရောက်လာသော ဆင့်ကဲပြောင်းလဲသူတစ်ယောက်က အထူးသဖြင့် ပြည့်စုံသော လေဟာနယ်နိယာမကို ကျွမ်းကျင်ပြီးနောက် စိတ်လှုပ်ရှားပြီး ပင်ပန်းမှုကို ဂရုမစိုက်ဘဲ မဟာရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုနေပေလိမ့်မည်။
" နားလည်ပါပြီ။ " လင်းယွမ်က ရုတ်တရက် နားလည်သွားသည်။
စစ်မြေပြင် B0001 ကဲ့သို့ အလတ်စား ရှေးဟောင်းစစ်မြေပြင်များကို နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက စောင့်ကြပ်နေကြသည်။ လှုပ်ရှားခြင်းထက် မျိုးနွယ်ခြားများ၏ နဝမအလွှာများ လှုပ်ရှားခြင်းကို တားဆီးရန်ဖြစ်သည်။
သို့သော် အရေးကြီးသော အချိန်များတွင် လှုပ်ရှားနိုင်လေသည်။ ဥပမာ ထျန်းယုမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်နှင့် ယှဉ်နိုင်သော ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလျှင် ရှီလန်က လုပ်ကြံသတ်ဖြတ်နိုင်လေသည်။
သူက ပြန်လည်ရှင်သန်လာနိုင်လျှင်တောင် အနည်းဆုံးတော့ သူ၏ ကြီးထွားနှုန်းကို ဖိနှိပ်နိုင်လေသည်။ ကြီးမြတ်သူများက သူတို့၏ ဆွေးမျိုးများကို ပြန်လည်ရှင်သန်စေလျှင်တောင် လူများစုပြီးမှ ပြန်လည်ရှင်သန်စေလေသည်။
" သွားကြမယ်။ ငါ့နောက်ကလိုက်ခဲ့ပါ။ အခမ်းအနားက ပြင်ဆင်ပြီးနေပြီ။ " ရှီလန်က ပြုံး၍ ပြောလိုက်သည်။
သူတို့၏ အောက်မှ ဂြိုလ်က ပြောင်းရွှေ့ခြင်းဂြိုလ်တစ်ခုဖြစ်ပုံရပြီး အလယ်ပိုင်းကြယ်နယ်မြေကို ဝင်ရန် ထိုဂြိုလ်ကို ဖြတ်သန်းရလေသည်။ အလယ်ပိုင်းကြယ်နယ်မြေက လေဟာနယ်ရွှေ့ပြောင်းခြင်းများကို တားမြစ်ထားပြီး လေဟာနယ်လမ်းကြောင်းများ တည်ထောင်ထားသည်။
သူတို့၏ အောက်မှ ပြောင်းရွှေ့ခြင်းဂြိုလ်တွင် အလယ်ပိုင်းကြယ်နယ်မြေ၏ နက်ရှိုင်းသော နေရာသို့ ဦးတည်သော လေဟာနယ်လမ်းကြောင်းတစ်ခုရှိလေသည်။
လင်းယွမ်နှင့် ရှီလန်တို့က ပြောင်းရွှေ့ခြင်းဂြိုလ်ပေါ်သို့ ရောက်သွားကြသည်။
" နဂါးငွေ့တန်းကြယ်သခင် နဝမအလွှာကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ "
ဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် လူသားများနှင့်အတူ မျိုးနွယ်ခြားများလည် ရပ်နေကြပြီး မျိုးနွယ်ခြားအရအေတွက်က တစ်ဝက်လောက် ရှိနေသည်။
" နဂါးငွေ့တန်းကြယ်သခင် နဝမအလွှာကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ "
" နဂါးငွေ့တန်းကြယ်သခင် နဝမအလွှာကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်။ "
လင်းယွမ်ကို အားလုံးက ဂုဏ်ပြုလိုက်ကြသည်။
" မျိုးနွယ်ခြားတွေ အများကြီးပဲ။ " လင်းယွမ်က ပတ်ဝန်းကျင်ကို လျင်မြန်စွာ တစ်ချက် ဝှေ့ကြည့်ပြီး အနည်းငယ် အံ့ဩသွား၏။
" အဲ့ဒီမျိုးနွယ်ခြားတွေက လူသားမျိုးနွယ်ထဲ သစ္စာခံထားသူတွေနဲ့ လူသားမျိုးနွယ်ထဲ ဝင်ရောက်ထားသူတွေပဲ။ " ရှီလန်က ဘေးမှ ရှင်းပြလိုက်သည်။
စကြာဝဠာထဲရှိ အထွတ်အထိပ်မျိုးနွယ်များ၏ မဟာမိတ်အဖွဲ့များကလည်း သူတို့ကို ဗဟိုပြုပြီး ဖွဲ့စည်းထားကြသည်။ ရည်ရွယ်ချက်မှာ ခွန်အားအားလုံးကို စုစည်းပြီး အခြားမျိုးနွယ်များနှင့် ယှဉ်ပြိုင်ရန်ဖြစ်သည်။
ထို့ကြောင့် လူသားမျိုးနွယ်ကလည်း အထွတ်အထိပ် မျိုးနွယ်တစ်ခု ဖြစ်သောကြောင့် သဘာဝအတိုင်း မဟာမိတ်အဖွဲ့ကြီး ရှိဘေသည်။ ၎င်းကို လူသားမျိုးနွယ်မဟာမိတ်အဖွဲ့ဟု သိကြလေသည်။
လူသားမျိုးနွယ်၏ မဟာမိတ်အဖွဲ့ကို လူသားများက ဦးဆောင်ပြီး အင်အားကြီးမျိုးနွယ် ၁၈၂ခု၊ သာမန်မျိုးနွယ် ၆၃၁၃ခုတို့ဖြင့် ဖွဲ့စည်းထားသည်။
" သွားစို့။ ငါတို့ လေဟာနယ်လမ်းကြောင်းဆီသွားကြမယ်။ ထာဝရစမ်းချောင်းက ပင်မကြယ်မှာရှိတယ်။ လေဟာနယ်လမ်းကြောင်း ဆယ်ခုကျော်ကို ဖြတ်ကျော်ရလိမ့်မယ်။ "
လင်းယွမ်နှင့် ရှီလန်တို့က လေဟာနယ်လမ်းကြောင်းဆီသို့ ဦးတည်သွားကြပြီး ဂြိုလ်ပေါ်မှ ထွက်ခွာသွားကြသည်။
" ပြီး ပြီးသွားပြီလား။ " ဂြိုလ်ပေါ်မှ မျိုးနွယ်ခြားများနှင့် လူသားများက နောက်ဆုံးတွင် စကားပြောလာကြသည်။ သူတို့က လွန်ခဲ့သော လအချို့က နဂါးငွေ့တန်းကြယ်သခင်ကို ဂုဏ်ပြုကြိုဆိုရန် လေ့ကျင့်နေခဲ့ရသည်။
" အမ လျိုချင်း အဲ့ဒီနဂါးငွေ့တန်းကြယ်သခင်က ထူးချွန်တဲ့လူ ဖြစ်ရမယ်။ " မျိုးနွယ်ခြားတစ်ယောက်က လူသားအမျိုးသမီးတစ်ယောက်ကို မေးမြန်းလိုက်သည်။
မျိုးနွယ်ခြားများက လူသားမျိုးနွယ်နှင့် ပူးပေါင်းထားလျှင်တောင် ကန့်သတ်ချက်များ ရှိနေသေးသည်။ သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွင်း VRကမ္ဘာကို အသုံးပြုခွင့်မရှိကြသောကြောင့် အချက်အလက်များ ပိတ်ဆို့ခံရပြီး နဂါးငွေ့တန်းကြယ်သခင်အကြောင်း မသိကြပေ။
သို့သော် သူတို့က သူ့အကြောင်း မသိကြသော်လည်း ယခုကဲ့သို့ ခမ်းနားစွာ ဂုဏ်ပြုကြိုဆိုရသောကြောင့် နဂါးငွေ့တန်းကြယ်သခင်က သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်သည်မှာ ထင်ရှားလေသည်။
ထိုဂြိုလ်ပေါ်တွင် အလယ်ပိုင်းကြယ်နယ်မြေသို့ နေ့တိုင်း ဝင်ထွက်သွားလာနေသော လူသားများ သို့မဟုတ် မျိုးနွယ်ခြားများ ပုံမှန်ရှိလေသည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်ကို ကြိုဆိုရန် လအချို့ကတည်းက အခြားသူများ၏ သွားလာမှုများကို ရပ်တန့်ခဲ့ပြီး နဂါးငွေ့တန်းကြယ်သခင်ကို ဂုဏ်ပြုရန် စောင့်ဆိုင်းနေခဲ့ရသည်။
အလယ်ပိုင်းကြယ်နယ်မြေ၏ အစွန်တွင် ပြောင်းရွှေ့ခြင်းဂြိုလ်များစွာ ရှိသော်လည်း ရည်ရွယ်ချက်တစ်ခုတည်းအတွက် ထိုကဲ့သို့ သီးသန့်ထားရှိခြင်းက သာမန် နဝမအလွှာဆင့်ကဲပြောင်းလဲသူတစ်ယောက် လုပ်နိုင်သည်ထက် ကျော်လွန်နေသည်။
အမလျိုချင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က ဂုဏ်တစ်ခုပဲ။ "
မျက်စိတစ်မှိတ်အတွင်း လင်းယွမ်နှင့် ရှီလန်တို့က ဒုတိယပြောင်းရွှေ့ခြင်းဂြိုလ်သို့ ရောက်လာကြသည်။
" ဒီလေဟာနယ်လမ်းကြောင်းက..." လင်းယွမ်က အနည်းငယ် အံ့ဩသွားပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။ " ဒီလိုတည်ငြိမ်တဲ့ လေဟာနယ်လမ်းကြောင်းကို တည်ထောင်ဖို့ တော်တော်ကုန်ကျခဲ့မှာ သေချာတယ်။ "
လေဟာနယ်လမ်းကြောင်းတစ်ခုကို တည်ထောင်ရန် အလွန်လွယ်ကူလေသည်။ သာမန်အဋ္ဌမအလွှာ အထွတ်အထိပ်တစ်ယောက်ပင် ဖန်တီးနိုင်လေသည်။
လေဟာနယ်လမ်းကြောင်း၏ ခက်ခဲသောအပိုင်းက တည်ငြိမ်အောင် ထိန်းချုပ်ခြင်းဖြစ်သည်။ ပင်မစကြာဝဠာက အလိုအလျောက် ပြန်လည်ကောင်းမွန်နိုင်စွမ်းရှိလေသည်။ ကြီးမြတ်သူတစ်ယောက် ဖန်တီးထားသော လေဟာနယ်အက်ကြောင်းမဟုတ်သရွေ့ အခြားလေဟာနယ်အပျက်အစီးများက မူလအခြေအနေသို့ တဖြည်းဖြည်း ပြန်ရောက်လာနိုင်လေသည်။
ထို့ကြောင့် တည်ငြိမ်သော လေဟာနယ်လမ်းကြောင်းကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းနိုင်ရန် အချိန်တိုင်း စွမ်းအားများ ထောက်ပံ့နေရလေသည်။
ထို့ကြောင့် အလယ်ပိုင်းကြယ်နယ်မြေတွင်သာ လေဟာနယ်လမ်းကြောင်းများ တည်ရှိနေခြင်းဖြစ်သည်။ လူသားမျိုးနွယ်၏ နယ်မြေအတွင်း ၎င်းတို့ကို ဖန်တီးရန် ကုန်ကျစရိတ်က အလွန်ကြီးမားသောကြောင့် ဖြစ်သည်။